Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ငတေမာ ပြီးရော ဆိုတဲ့ယုတ်ညံ့တဲ့ စိတ်တွေ ရှက်တတ်ဖို့အချိန်တန်ပြီ

ေရႊဘိုသားJanuary 28, 20121min3635

နေ့တိုင်းရုံးဆင်းရုံးတက် အမြဲကြားရတဲ့အသံက ချစ်ကို တစ်စီးလောက် ဆရာကြီး
တစ်စီးလောက် အဲဒီအသံက ကားဒရိုက်ဘာတွေ ကားစပယ်ယာတွေပြောနေကျစကား
ကားသမားတွေပြောတာဆိုပြီး ကားအရောင်းအဝယ်ပွဲစားတန်းထဲမှာ
ကားအရောင်းအဝယ်အတွက်ပြောတာမဟုတ်ဘူးနော် ခရီးသည်ရဖို့သူ့ထက်ငါအပြိုင်မောင်းရင်း ကျော်တက်ချင်လို့ နောက်ကလာနေတဲ့လမ်းကြောင်းမှန်ကားတွေကို ခွင့်တောင်းကြတာ ဒါနဲ့ပဲ နောက်ကားက ခွင့်ပြုရင်တော်သေးတယ် ခွင့်တောင်းတဲ့ကားကလည်းကျော်ခိုင်းတယ်ထင်ပြီးကျော်
ဟိုကလည်းမကျော်ခိုင်းနိုင်ဘူးဆိုပြီးမောင်းလာလို့ကတော့တိုက်ပြီပဲ ဒါကလည်းခဏခဏကြုံဖူးပါတယ် ကျော်လို့ရပြီဆိုတာနဲ့ ဖော်မြူလာဝမ်းကားမောင်း
ချန်ပီယံအလားစွတ်မောင်းတော့တာပဲ လူများများရမဲ့ကားမှတ်တိုင်တွေရောက်မှ သဘောင်္ကျောက်ချသလိုရပ်ထားပြီး ကွမ်းယာလေးဆင်းဝယ်လိုက်
ကွမ်းယာဆိုင်ကကောင်မလေးတွေနဲ့ စကားလေးပြောနေလိုက်နဲ့ အလုပ်ကိုဖြစ်လို့ ကားပေါ်ကခရီးသည်တွေကို အားနာမယ်တော့မထင်နဲ့
သူတို့ဘဝတူ လုပ်ဖော်ကိုင်ဖက်အချင်းချင်း ယာဉ်လိုင်းချင်းကျော်တက်ပြီး ခရီးသည်ရဖို့လောဘနဲ့ အမြန်မာကျော်မောင်းလာတာ ဘယ်သူသေသေငတေမာပြီးရောဆိုတဲ့ စိတ်နဲ့ကျော်တက်လာတာဗျာ ခရီးသည်တွေက သူတို့အသိမှမဟုတ်တာအားမနာတာမဆန်းတော့ပါဘူး
ခရီးသည်တွေက အိမ်အပြန်နောက်ကျလို့ မိုးချုပ်နေလို့ မောင်းပါတော့ ထွက်ပါတော့လို့တော့မပြောလိုက်နဲ့ လိုင်းကားတွေက ဆောင်ပုဒ်တစ်ခုထပ်တိုးထားတယ်ဗျ
ဘာတဲ့ မြန်ချင်ရင် တက္ကစီငှားစီး ဒီထက်ပိုမြန်ချင်ရင်ကိုယ်ပိုင်ကားဝယ်စီးတဲ့ ဒါက ကားနောက်လိုက်တွေပြောနေကျစကား ကားပေါ်တော့ကပ်မထားပါဘူး
ဘာမှတောင် ပြန်မပြောနိင်တော့ဘူးဗျ စိတ်ထဲက ကြိတ်ပြီးရေရွတ်မိတာတော့ရှိတယ် အခုနေတော့ လုပ်ထားကြအုံးပေါ့ကွာ ငါတို့နိုင်ငံကြီး
စင်္ကာပူလိုဖြစ်ဖို့ စီမံကိန်းဆွဲထားပါတယ် စင်္ကာပူလိုသာ ဖြစ်လာလို့ကတော့ မင်းတို့လုပ်ချင်သလိုလုပ်လို့
မရတော့ပါဘူးလို့ မျှော်လင့်ရင်း စိတ်ထဲကပြောမိတယ်ဗျ ရေရွှတ်ရင်း မသိစိတ်ကလည်း ရှက်စိတ်ကလေးဝင်လာသေးတယ်ဗျ
ဟုတ်တယ်လေ အရင်က ကိုယ့်နိုင်ငံကို အတုယူပြီး တည်ဆောက်တဲ့နိုင်ငံကို အခုကျမှ ကိုယ်ကပြန်ပြီး အတုယူနေရတာ နိုင်ငံသားတစ်ယောက်အနေနဲ့
ရင်နာဖို့ဘယ်လောက်ကောင်းသလဲ ပြောရင်းနဲ့ လိုရင်းမရောက်တော့ဘူး ဆက်ပြောရမယ်ဆိုရင်ဗျာ သူတို့ကားက ရှေ့ကနေ သင်္ဘောကျောက်ချသလို ရပ်ပြီး
ရသမျှခရီးသည်တင်နေတော့ ကားပေါ်ကခရီးသည်တွေလည်း အချိန်တွေကြာ နောက်ကကားတွေလည်း လူမရ သူတို့ပဲအမြတ်ထုတ်တယ်ဗျာ အဲဒါပြောတာပေါ့ ဘယ်သူသေသေ ငတေမာပြီးရောဆိုတဲ့စိတ်ဆိုတာ နောက်က ကားမှီလာပြီဆိုမှ ကားကို ဖော်မြူလာဝမ်းကားမောင်းချန်ပီယံလို ဝေါ ဆိုပြီး မောင်းထွက်ပါလေရော အဲဒါကိုပဲ နောက်က ကားကတော့
သူတို့ကျန်တဲ့ခရီးသည်လေးတင်ပေါ့ အဲဒါကိုပဲ သူတို့က ဖော်မြူလာဝမ်းကားမောင်းပြိုင်ပွဲမှာ ချန်ပီယံဖြစ်သလို ဂုဏ်ကယူလိုက်သေးသဗျ
ပြန်တွေးကြည့်တော့လည်း ဒေါသတွေ လောဘတွေကြောင့် အခုလို မပြိုင်သင့်တာပြိုင်တာပေါ့ အမှန်ဆို ရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာဆိုသလိုလုပ်ရမှာပေါ့ဗျာ
အခုတော့လုပ်ပုံက ကားပေါ်မှာကပ်ထားတဲ့ဆောင်ပုဒ်လေးမှ အားမနာဗျာ သူတို့များ နောက်ကားကကျော်တက်သွားလို့ရတော့ ထွက်လိုက်တဲ့ဒေါသ အချောင်းအချောင်းနဲ့
ဘာတဲ့ ကပ်ထားတဲ့ ဆောင်ပုဒ်လေးကတော့ စိတ်ရှည်သည်းခံ လမ်းကြောင်းမှန် မောင်းရန်မော်တော်ကား ဆိုဘဲ ကိုယ် ကိုယ်တိုင်မှမလိုက်နာဘယ်သူကလိုက်နာမှာလည်းဗျာ
စည်းကမ်းဆိုလို့ နောက်ရှိသေးသဗျ ကားပေါ်တွင် ဆေးလိပ်မသောက်ရ လမ်းပေါ်ကွမ်းတံတွေး မထွေးရ တဲ့ ဘယ်ခရီးသည်မှ ဆေးလိပ်မသောက်ဘူး
ကားမောင်းတဲ့သူတွေပဲ ကားခေါင်းခန်းမှာ အခန့်သားထိုင်သောက်နေကြတာ ကွမ်းတံတွေးကလည်းပြောမနေနဲ့ ရေနဲ့တောင် ပလုတ်ကျင်းပြီးတော့ ထွေးချလိုက်သေးသဗျာ ကားလမ်းတွေပေါ်များ ကွမ်းသွေးတွေရဲနေတာပဲ စင်္ကာပူလိုဖြစ်ဖို့ဆိုရင်တော့ စည်ပင်တွေများများခန့်ပြီး လမ်းတွေအရင် သန့်ရှင်းရေးလုပ်ရမလိုဖြစ်နေပြီ
ဒါတွေက အရင်ကတည်းက နိုင်ငံသားတိုင်း နိုင်ငံကြီးသားစိတ်မွေးပြီး လမ်းပေါ်စည်းကမ်းမဲ့မပြုလုပ်ခဲ့ရင်ဘယ်လောက်ကောင်းလိုက်မလဲ
အဲဒီလို အောက်တန်းစားစိတ်တွေ ငတေမာပြီးရောဆိုတဲ့ စိတ်တွေ ရှက်တတ်ဖို့ ပြုပြင်ဖို့ အချိန်ရောက်နေပါပြီ မလိုလားအပ်တဲ့ မာန်မာနတွေထားပြီး
အချင်းချင်းအပြိုင်မလုပ်သင့်တာတွေ ရပ်ပစ်ဖို့ချိန်တန်နေပါပြီ ရှေ့ကားက ရသမျှခရီးသည် မလာသေးတဲ့ ခရီးသည်တွေကို စောင့်ပြီး ကျောက်ချတင်မနေပါနဲ့ နောက်ကားအတွက်လည်းငဲ့ညှာပြီး ရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာဆိုတဲ့ စိတ်ထားကလေးတွေ မွေမြူဖို့အချိန်ကျရောက်နေပါပြီ။
ဒါက ရန်ကုန်က လူထုအမြဲကြုံနေရတဲ့ ဒုက္ခတွေပါ အဲဒီမကောင်းတဲ့ စိတ်ဓာတ်ကလေးတွေ တစ်ဦးချင်းစီတစ်ယောက်ချင်းစီကနေ တစ်နိုင်ငံလုံးဆီသို့
ပြောင်းလဲဖို့ အချိန်ကျရောက်နေပြီလို့ တိုက်တွန်းချင်ပါတယ်။ ကိုယ် ကိုယ်တိုင်ရော အထက်က ကျနော်တို့ မြန်မာ
စကားပုံလေးနှစ်ခုဖြစ်တဲ့ ဘယ်သူသေသေ ငတေမာပြီးရောဆိုတဲ့ယုတ်ညံ့တဲ့စိတ်ကလေးရယ် ရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာဆိုတဲ့ သူ့ဘက်ကိုယ့်ဘက်
မျှမျှတတဖြစ်စေတဲ့ စိတ်ဓာတ်ရှိတဲ့သူရယ်ဘယ်စကားပုံ နဲ့ကိုက်ညီတဲ့ သူအဖြစ်ခံမလဲဆိုတာ မိမိကိုယ်တိုင်ပဲ ဆုံးဖြတ်ကြပါ ကိုယ် ကိုယ်တိုင်ရော အခုဘယ်စကားပုံလေးနဲ့ ကိုက်ညီတဲ့သူဖြစ်နေသလဲဆိုတာ ပြန်လည်းဆန်းစစ် ကြည့်ကြပါလို့ တိုက်တွန်းချင်ပါတယ်ဗျာ။

ဒီပို.စ်လေးနဲ့ ကိုက်ညီတဲ့ ကားသမားတွေ ဈေးဝယ်နေတဲ့ ပုံလေးတစ်ပုံတင်မလို့ဟာ လိုင်းမရတာနဲ့ မတင်တော့ဘူးဗျာ တင်ချင်လို့မှ မအိတုံဆီကခွင့်တောင်းထားတာ
သူကလည်း သဘောကောင်းပါတယ် သုံးချင်တဲ့နေရာသုံးတဲ့ တော်တော်သဘောထားကောင်းတယ်ဗျ စာရေးသူ ရွာသားအချင်းချင်းဆိုတော့လည်း နားလည်မှုအပြည့်နဲ့
ကိုယ်တိုင်လည်း ရိုက်ဖို့ ကင်မရာမရှိ ဖုန်းကလည်းမကိုင်နိုင် ဆိုတော့ ကော်ပီလေး လုပ်ဖို့စိ်တ်ကူးတာ
ကော်ပီလုပ်ပြီး တင်လို့လားမသိဘူး လိုင်းက ပုံတင်မယ်ဆိုမတက်တော့တာနဲ့ စာပဲတင်လိုက်တယ်ဗျာ

5 comments

  • သည်းခံဖတ်ပြီး ဝေဖန်ပေးရရင်
    ဒီလောက် စုတ်ပြတ်သတ် ပုပ်ပွနံစော် သုံးစားမရတဲ့ လိုင်းကို အံတုရင်း
    ရေးတင်နိုင်တာကိုကတည်းက ဇွဲရှိမှန်းသိပါတယ် ….
    ကားသမားတွေကလည်းဗျာ ပြောရင် တစ်ထောင့်တစ်ည ပုံပြင်တောင် အရှုံးပေးနိုင်လောက်ပါရဲ့
    ရွှေဘိုသားရဲ့ မမြင်ရတာ ကြာပြီဖြစ်တဲ့ စာများကို စောင့်မျှော်ရင်း …………..

  • windtalker

    January 28, 2012 at 9:39 pm

    စိတ်ညစ်ထပြန်ချင်စရာကောင်းလှဖွယ် စုတ်ပြတ်နေသော ကွန်နက်ရှင် ကို ရဲရဲရင်ဆိုင်ပြီး ပို ့စ်တင်ခဲ့သူ ရွှေဂျီးပါတကား ။

  • ရွှေဘိုသား

    January 29, 2012 at 8:24 am

    ဘွဲတွေ တသီတတန်းကြီးနဲ့ ကိုကင်းနဲ့ ကိုပေရေ ဒီပို့စ်လေးရေးပြီးတာကြာပေါ့ လိုင်းမကောင်းလို့
    မတင်ပဲ ဒီတိုင်းထားတာ လေးပေါက်တို့များ ပုံတွေဘယ်လိုတင်လဲစဉ်းစားလို့တောင်မရဘူး ကိုယ်တွေများ ဒါလေးရဖို့ တော်တော်အချိန်ယူရတယ်

  • ကြောင်ကြီး

    January 30, 2012 at 10:13 am

    ကားသမားဘဝ အတော်ကြမ်းပုံရဒယ်ဗျ။ မြို့ပေါ်လိုင်းကား၊ အဝေးပြေးကား ကားသမားတွေရဲ့ ဇာတ်လမ်းတွေက အကြမ်းတမ်း အပေအတေဆုံးတွေထဲမှာပါတယ်။ အလုပ်ကပင်ပန်း၊ ဝင်ငွေကထင်သလောက်မရ၊ မတထောင်သားတွေနဲ့ ထိတွေ့ဆက်ဆံရဆိုတော့ စိတ်ကြမ်းကိုယ်ကြမ်း ဖြစ်ကုန်ကြတယ်ထင်တယ်။ ဒီကြားထဲ စည်းကမ်းမရှိတဲ့ ပတ်ဝန်းကျင်ဆိုတော့ ပိုဆိုးတော့မပေါ့။။ ခက်တယ်ဗျာ၊ ကောင်းကောင်းမွန်မွန် ဖြစ်စေချင်ရင် သူတို့အလုပ်မှာလည်း အဆင့်မှီမှီ ဝင်ငွေကောင်းကောင်း ဖြစ်မှရမယ်ထင်တာပဲ။။။ စဉ်းစားကြည့်ဗျာ နေပူအောက် ချွေးသံတလုံးလုံး လူငွေ့ပင်လယ်ထဲ မိုးလင်းမိုးချုပ် နေ့စဉ်လှုပ်ရှားရုန်းကန် နေရသူမှ ရိုင်းမလာရင် ဘယ်လိုလူမျိုး ရိုင်းသွားမလဲ…။

  • ရွှေဘိုသား

    January 30, 2012 at 11:52 am

    ဦးကြောင်ကြီး ပြောသလိုလည်း ဟုတ်ပါတယ်ဗျာ အရင်ဆုံး အစိုးရက အရင်ပြောင်းလဲပေးရမှာ

Leave a Reply