သင်္ခါရရဲ့မြင်ကွင်း
ဒီနေ့လည်းစကားစပ်လို့ပြောရအုံးမယ်..ဗျ
ကျွန်တော်ဒီနေ့ဘုန်းတော်ကြီးတစ်ပါးဈာပနကိုလိုက်ပို့တယ်။
ဆရာတော်ဘုရားကြီးဟာဒက္ခိဏာရာမဘုရားကြီးတိုက်ကလေ
တပည့်သာဝကသံဃာတော်တွေနှင့်ဆွေမျိုးမိတ်ဆွေအပေါင်းသင်းတွေက
ဆရာတော်ဘုရားကြီးရဲ့အဂ္ဂိဈာပနကိုနောက်ဆုံးပူဇော်ခြင်းဖြင့်လိုက်ပူဇော်
ခြင်းဖြင့်လိုက်ပူဇော်ကြတယ်…။ ကျွန်တော်တို့လိုလူငယ်တွေရဲ့စိတ်အလိုကတော့ပျော်စရာပဲပေါ့
လူအများကြီးနဲ့ပျော်ပျော်ပါးပါးကြီးလိုတွေးမိသေးတယ်။
သံဝေဂယူစရာဖြစ်ပေမဲ့သံဝေဂမယူဖြစ်ဘူးလေ…
မာဃလုင်ဝေယျဝစ္စဗျောအဖွဲ့ကလည်းသံဝေဂတီးလုံးတွေနဲ့မြိုင်မြိုင်ဆိုင်ဆိုင်
သားတော်ရဓမ္မစင်္ကြာအသင်းကလည်းသံဝေဂတရားသံတွေရွတ်ဖတ်လို့
လူငယ်တစ်ယောက်ရင်ထဲမှာဘယ်လိုဖြစ်နေပါလိမ့်ပျော်စရာလား
သာယာသံသောအသံတစ်ခုပင်လား..ခွဲခြားဖို့ရာမလွယ်ကူ….
အပေါင်းသင်းသူငယ်ချင်းတွေနဲ့ကားပေါ်မှာဟေးလိုက်ဟားလိုက်
စီးချက်ဝါးချက်ဖြစ်နေလိုက်တာဆရာတော်ဘုရားများထပြီးမြင်လိုက်ရင်တော့
အင်း…..လွယ်လ်ိမ့်မယ်မထင်၊ ပြေးရဖို့သာဖြစ်လိမ့်မယ်ဗျ..။
“ငါကတော့သူတို့များသံဝေဂရပါစေတော့လို့”ပြောလိမ့်မယ်ထင်တယ်ဗျ..။
စိတ်ဆိုတာမှန်ရခက်သားဗျ…သိပ်မကြာခင်မှာ ဆရာတော်ဘုရားရဲ့
အလောင်းတော်ထုတ်လာတော့…ဝုန်း….ဝုန်း…ဆိုတဲ့ဗုန်းဖောက်သံကြား
တော့ရင်ထဲမှာတုန်သွားတာပဲ…။ ဧကန်တွေ့ရမည့်သေဘေးကြတော့
တွေးပြီးမကြောက်မိဘဲ သူ့အလုပ်သူလုပ်နေသော ဗုန်းသံကိုတော့
ကြောက်နေမိတယ်.။ ကျွန်ဖျက်ကနဲ့တွေးမိလိုက်တယ်လေ
အော်…ငါလည်းတနေ့သေရမှာပါလားလို့…။
သိပ်မကြာလိုက်ပါဘူး ကျွန်တော်တို့ကားရပ်ထားတဲ့ဘေးနားက
လ္ဘက်ရည်ဆိုင်က အဆိုတော် မီးအိမ်ရှင် သီချင်းဖွင့်လိုက်တော့
ခုနသံဝေဂရမလိုစိတ်လေးပျောက်က သံစဉ်ရဲ့နောက်သို့လိုက်မိပြန်ပါကော
ဒီနေရာမှာ သင်္ခါရ သဘောတရားတွေဖြစ် ပျက်နေလိုက်တာ
မသိလိုက်မိဘူး..အသိဉာဏ်ကနည်းသေးတာကိုး…။
ဒါနဲ့ ကျွန်တော်တို့ကားလေး ဘုရားကြီးရှေ့မုခ်ကနေရှေ့ထွက်
ပြီးတောင်မြင့်သုဿာန်ဘက်သို့ဖြည်းဖြည်းချင်းမောင်းနေတဲ့အချိန်
ဝီ….ဝီ…ဆိုပြီးအုတ်ဩဆွဲသံတွေကြရပြန်တော့ကိုယ့်ကားတွေဆီက
တော့မဖြစ်တန်ရာဆိုပြီးလိုက်ကြည့်မိတယ်…။
သူတို့မှာလည်းကျွန်တော်တို့လိုပါလား…။
ကားတန်းကြီးကအရှည်ကြီးနဲ့ဒါပေမဲ့သူတို့ကသေတဲ့လူဟာလူသား
ဖြစ်ဖြစ်များတယ်ဘာလို့လဲဆိုတော့ ပို့တဲ့သူတွေကလူတွေကများတယ်လေ
ကျွန်တော်တို့ကသံဃာတော်တွေသူတို့မှာလည်းကျွန်တော့်လိုဖြစ်နေတဲ့သူ
တွေပါတယ်ဗျ..နောက်ကားတွေပေါ်မှာဟေးလိုက်ဝါးလိုက်ဘာသံဝေဂဖြစ်
နေပုံမပါဘူး။ သူငယ်ချင်းအုပ်စုထင်ပါတယ်..စကားတွေတပြောပြောနဲ့
ကွမ်းလေးကလည်းပါသေး..သူတို့ကြည့်ရတာမှပိုပျော်စရာကောင်းသေး..။
ခုတော့ကျွန်တော်မပျော်နိုင်တော့ဘူးလေ…..
အတွေးတစ်ခုကခေါင်းထဲမှာဝင်လာခဲ့ပြီကိုး..အော်တနေ့ငါတို့လည်းဒီလို
လိုက်ပို့ခံရအုံးပါလားလို့အောက်မေ့မိပါတယ်သေးတယ်….။
တွေးလိုက်ပျက်လိုက်နဲ့ တောင်မြင့်သုဿာန်ထဲသို့ရောက်လာခဲ့ပြီ..။
လန့်စရာတီးလုံးသံတွေ ဆရာတော်ဘုရားကြီးရဲ့ရုပ်ကလာလ်တော်
မီးလောင်နေတာတွေမြင်ပြီး ကြောက်တာလား..သံဝေဂရတာလား
တွေဝေနေတဲ့အတွေးတွေနဲ့ကားလေးနဲ့အတူမျှောပါရင်………။
5 comments
ဇွဲမာန်(အင်းဝ)
January 29, 2012 at 11:08 pm
သင်္ခါရရဲ့ပုံရိပ်လေးတွေကိုမြင်တွေ့နိုင်ပါစေ..။
MaMa
January 30, 2012 at 8:29 am
ဇွဲမာန်ရေ- အဲဒါမှလူ့စိတ် လို့ ပြောရမယ်ထင်တယ်။ 🙁
မျောက်စိတ်က အဖေခေါ်ရလောက်တယ်။
ထိုင်နေရင်းလည်း လူကတခြား စိတ်ကတခြား။
သံဝေဂရဖို့ မြင်နေရတာတောင်မှ စိတ်က ၅ မိနစ်မနားချင်ဘူး။
ဇွဲမာန်(အင်းဝ)
February 2, 2012 at 2:55 pm
ဟုတ်တယ် လူ့စိတ်ဆိုတာ တက်လိုက်ကျလိုက်နဲ့ (ပုထုဇဉ်ကိုပြောတာနော်)
မိုက်ကယ်ဂျော်နီအောင်ပု
February 2, 2012 at 7:52 pm
ကျုပ်အထင်ကတော့ ( ကိုယ့်အမြင်နဲ့ကိုယ်ပါ ) သံဝေဂတရားဆိုတာ
သဘောကိုနားလည်ပေမယ့် အတင်းအဓမ္မလုပ်ယူလို့မရဘူးထင်တယ် ( အထင် )
တစ်စုံတစ်ခုသော အကြောင်းကြောင့် သံဝေဂ စိတ်/ဉာဏ် ကလေး ကိန်းသွားတဲ့
တစ်ဒင်္ဂလေးဟာ တော်တော်တန်းဖိုးကြီးတယ်ထင်တယ်ဗျ ( အထင် )
အဲ့သည်အချိန်လေးကို သတိထားမိတဲ့အခါ ချက်ခြင်းအလုပ်လုပ်ကြည့်ဘို့တိုက်တွန်းပါတယ်
အဆင်ပြေတဲ့နေရာလေးတစ်ခုမှာဗျာ ခန္ဓာကိုသက်တောင့်သက်သာ ထိုင်ပြီး
မျက်လုံးကိုမှိတ်ပြီးအဲ့သည်သံဝေဂဉာဏ်ကလေးကို သုံးသပ်ကြည့်ဘို့ ထပ်မံတိုက်တွန်းပါတယ်ဗျာ
မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့ တစ်ခွန်းတည်းသော အာဂမတော်နဲ့
ဉာဏ်သက်ဝင်သွားကြတာဒီသဘောလေးဘဲဖြစ်မယ်လို့ ထင်မိပါတယ် ( အထင် )
ကျုပ်တို့ကတော့ ခရီးကြမ်းကနေ နှင်လာနေသူတစ်ယောက်လို
ငါ ပြေးနေပါလား ( အို၊နာ၊သေဘေး ) ဆိုတာသိလိုက်တဲ့အချိန်လေးမှာ
ရပ်ဆိုင်းခြင်း ( ငြိမ်သက်စွာ သံဝေဂဉာဏ်ကိုပွားများခြင်း ) ကို ပြုမိသည်ရှိစေဦး
ခရီးကြမ်းကို နှင်းလာခဲ့ရတဲ့အရှိန် ( သံသရာလည်ခဲ့သည့်အကြောင်းများ ) ကြောင့်
မောပမ်းနေ ( စိတ်မငြိမ်သက်ခြင်း ) ဖြစ်နေဦးမှာပါဘဲ
သို့သော် သတိနှင့်ကြည့်လျှင်
ပြေးလွှားခြင်းသဘောမရှိတာလေး တွေ့ရင်လည်း အကျိုးကြီးမယ် ထင်ပါတယ် ( အထင် )
ဆိုတော့ကာ
ဘယ်သူဘာတွေပြောပြော လုပ်ခြင်သလိုလုပ်သည်ရှိစေဦး နေခြင်သလိုနေသည်ရှိစေဦး
သတိကိုထိမ်းသော သမ္မထ သဘောများကို ရိပ်သာများ တွင် သို့မဟုတ်
တစ်ဦးတည်း အဆင်ပြေသည့်နေရာတွင် အလေ့အကျင့်ငှာ ပြုလုပ်သင့်ပါကြောင်း
အတိသဉ္ဇာ နာဂရ ချစ်သူ
February 2, 2012 at 7:54 pm
ကိုဇွဲမာန်ရဲ ့ပုံရိပ်လေးတွေကို တခဏတာဆွဲတွေ ့သွားပါတယ်ဗျာ။
ကျေးဇူးပါနော့။