Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဖရဲပြောတဲ့ လူဘုံလောက

water-melonJanuary 30, 20121min61627

သမီး အဖေ အလုပ်မှာ

ဟိုတစ်လောက ကျွန်တော့်သူငယ်ချင်းတွေနဲ့ ထမင်းစားနေတုန်း ဘေးဘီကို အကဲခတ်ကြည့်တော့

အသက် ၅ဝ ကျော် လူကြီးတစ်ယောက်နဲ့ ခပ်ငယ်ငယ်ကောင်မလေး တစ်ယောက်ဗျ။ ကောင်မလေးက ခပ်ချောချောလေးပေါ့။ ကျွန်တော်က အဲဒီလူကြီး သမီးထင်နေတာ။ ဒါပေမဲ့ သူတို့နှစ်ယောက်ဆက်ဆံရေးက အဖေနဲ့သမီးဆက်ဆံရေးထက်ပိုနေတယ်။ ဒါနဲ့ ကျွန်တော်သိလိုက်ပြီ အငယ်နေမှာ။ ကောင်မလေးနှယ် ကိုယ့် အဖေအရွယ်ကြီးကို ဘာလို့များ ကြိုက်ရတာလဲ။ အဓိက ကငွေပေါ့ဗျ။ ထားပါတော့ ဒီခေတ်ကြီးထဲမှာ ငွေမက်တာမဆန်းတော့ပါဘူး။ ဒါနဲ့ ကျွန်တော်တို့လည်း ထမင်းစားကြတာပေါ့။ အဲဒီအချိန် ဟိုလူကြီးဖုန်းက ထမြည်တယ်။ ကျွန်တော်လည်း နားစွင့်နေတာပေါ့။ ကျွန်တော် အဲဒီလူကြီး ပြောတဲ့စကားကို ကြားပြီးတော့ အရမ်းရယ်ချင်တာဗျ။ စာဖတ်သူတွေလဲ ကျွန်တော်နေရာမှဆို တော်တော်ရယ်မှာဘဲ။ ကျွန်တော်ကြားလိုက်တဲ့ အသံက “ အော် သမီးလား အဖေ အလုပ်မှာ ညနေပြန်လာမယ်တဲ့”။ ကျွန်တော် ရယ်လည်းရယ်ချင်၊ ဘိုးတော်ကြီးနှယ် ကိုယ့်မှာ သမီးလေး တစ်ယောက်လုံးရှိတာ အငယ်ထားရက်တယ်နော်။ အဲဒီကောင်မလေးနေရာ တခြားလူကြီးနဲ့ သူ့သမီးဆို ဘယ်လိုခံစားရမလဲ။

အဲဒီနေ့က ထမင်းလည်း ဝဝမစားခဲ့ပါဘူး။ အတွေးများစွာနဲ့ ဖရဲခေါင်းထဲ ရစ်ခိုးနေတယ်။

@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@

စေတနာလူတိုင်းနှင့်မတန်

တစ်နေ့က လမ်း ၈ဝ ကအပြန် ကြည်ပြာအလှကုန်ဆိုင်ကနေ ကောင်မလေးနှစ်ယောက် 125 Kenbo ရုပ်ဆိုးကို စီးပြီးထွက်လာတယ်။ သူတို့က ဆိုင်ကယ်ကို ဒေါက်လဲမဖြုတ်ဘူးဗျ။ အကွေ့ဆိုရင် ဒေါက်နဲ့ထိပြီး ဆိုင်ကယ်လဲနိုင်တယ်ဗျ။ ကျွန်တော်ကလည်း ကူညီပါ့ရစေဆိုပြီး သူတို့ဆိုင်ကယ်နောက်က လိုက်ပြီး ဟွန်းတီးတာပေါ့ဗျာ။ ကျွန်တော်ကို လှည့်ကြည့်တယ်ဗျ။ ဒါနဲ့ကျွန်တော်လည်းပြောမလို့ရှိသေး ဆိုင်ကယ်မောင်းထွက်သွားတာဗျာ ကြက်ပျောက်ငှက်ပျောက်ဘဲ။ ကိုယ့်ရုပ်ကဘဲတော်တော်ဆိုးနေတာလား

ဘာလို့မောင်းထွက်သွားမှန်းတော့မသိ။ အဲကြောင့် အဲဒီနေ့က စပြီး ဘယ်သူကိုမှ မကူညီတော့ပါဘူးဗျာ။

@@@@@@@@@@@@@@@@@@@@@@@@@@@@@@@

အချစ်နဲ့ရန်ပွဲ

ကျွန်တော် ရတနာပုံ တက်ခဲ့တဲ့ ၃ နှစ်အတွင်းမှာ ရန်ပွဲတွေကြည့်ဖူး သလို ဖြစ်လည်းဖြစ်ဘူး၊

ခံလည်းခံဘူးပါတယ်။အများစုအတော်များများက မိန်းမကိစ္စကြောင့် ဖြစ်တာများတယ်ဗျ။ ကျွန်တော်ကတော့

မိန်းမကိစ္စနဲ့တော့ သိပ်မဖြစ်ဘူးဗျ။ ဒေါင့်မကျိုးရင် ရိုက်တယ်၊ကြပ်တယ် ဒါက ကျွန်တော် ကျွမ်းရာပေါ့ဗျာ။

ကျွန်တော်သိတဲ့ကောင်တွေကတော့မဟုတ်ဘူးဗျ၊ သူလိုက်နေတဲ့ကောင်မလေးကို နောက်တစ်ယောက်ကလိုက်ရင် အဲဒီကောင်ကို ကြပ်တယ်၊နားမထောင်ရင်ရိုက်တယ်။မလွယ်ဘူးဗျ။

ကျွန်တော်တို့ယောက်ျားတော်တော်များများက တစ်ကိုယ်ထဲဆို ကိစ္စမရှိပေမဲ့၊ ချစ်သူ (သို့မဟုတ်) ဘေးမှာကောင်မလေးပါလာရင် မြောက်ကြွမြောက်ကြွနဲ့ဗျ။ ယောက်ျားအချင်းချင်းလမ်းမှာတိုက်သွားတယ်ဆို

ဆေားရီး မတော်လို့ဆိုပြီး ပြောလို့ရတယ်။ အဲဒီနေရာမှာ ကောင်မလေးဖြစ်ဖြစ် ချစ်သူပါလာရင် ပိုဆိုးတယ်ဗျ စော်ရှေ့ဆိုတော့နည်းနည်းထောင်တာပေါ့။ ဘာလဲ မင်းက ရင့်တာလား ဆိုပြီး ပြောတဲ့ကောင်က ရှိသေးတယ်။

ဘာလိုဘဲ ဖြစ်ဖြစ် မိန်းမတွေက မကောင်းဘူးဗျ။ မရှိမကောင်းရှိမကောင်းပေါ့ဗျာ။ ကျွန်တော်ကတော့ ချစ်သူနဲ့ သူငယ်ချင်း ဘယ်ဟာရွေးမလဲ မေးရင် သူငယ်ချင်းဘဲရွေးမှာ။ အချစ်မလိုချင်ဘူးလားမေးရင် လိုတော့လိုချင်တယ်။ ဒါပေမဲ့ သူနဲ့အချိန်မကုန်နိုင်တာခက်တယ်ဗျ။ သူငယ်ချင်းတွေနဲ့ လည်လိုက် စားလိုက် တော်ကီလေးပြောလိုက်နဲ့က ပိုကောင်းတယ်ဗျ။

ဒါကြောင့် ရွာထဲက စီနီယာ ဂျုနီယာအကုန်လုံးကို ကျွန်တော်ခင်တယ်။

နားမည်။              ။

27 comments

  • အာချိတိုမိုတို လီဂျင်ဖရဲသီး

    January 30, 2012 at 9:13 am

    ဒီပို့စ်က မန်းလေးဂဇတ်မှာ နောက်ဆုံးပို့စ်ပါ
    ဘာလို့လဲ ဆိုတော့ ကျွန်တော် အစ်မ ခင်လတ်ရေးတဲ့
    “CAT Army “အာဏာသိမ်း” ခြင်း နောက် သတင်းစာရှင်းလင်းပွဲ “ကိုဖတ်ပြီး ကိုယ့်ကိုကိုယ် အားငယ်သွားတာ အမှန်ပါဘဲ။ ကျွန်တော်တို့လို့ မတတ်တခေါက်ဝင်ရေးတဲ့ လူတွေအတွက် စိတ်ထဲမှာ တစ်မျိုးဖြစ်သွားတယ်။ ကျွန်တော် မန်းလေးဂဇတ်ကို ချစ်တယ်မြတ်နိုးတယ်
    ကိုယ်ရေးတဲ့ စာတစ်ကြောင်းက စာဖတ်သူကို အကျိုးရှိစေချင်တယ်။ ကျွန်တော် မန်းလေးဂဇတ်မှာ အားကျတဲ့သူတွေ အများကြီးပါ။ အရမ်းလည်း လေးစားတယ်။ စာအရေးအသား ဘာကြောင့်တော်တော်ကောင်းရတာလဲ။ ကျွန်တော် လေ့လာတယ်။ ဆည်းပူးတယ်။
    ကိုသစ်မင်း။ ။သူရဲ့စကားတစ်ခွန်းက အရမ်းလေးနက်ပါတယ်။ စာအရေးအသားတော်တော်ကောင်းတယ်။
    ကိုကြောင်ကြီး။ ။သူရဲ့ ကွန့်မန့်တိုင်းက ကဗျာတွေကာရံတွေနဲ့ အရမ်းလေးစားတဲ့ကဗျာ ဆရာကြီး
    ကိုပေါက်ဖော်။ ။ ရွာထဲက ကျွန်တော် အချစ်ဆုံး တစ်ယောက်ပါ သူရဲ့ ကွန့်မန့်တိုင်းက ပျော်စရာကောင်းပါတယ်။ အတည်ပေါက်နဲ့ နောက်တတ်သလို၊ ပျော်ပျော်ရွှင်ရွှင်နဲ့ နေတတ်သူကြီးပါ။ အပြင်မှာလည်း ပျော်တတ်မယ်ထင်တယ်။
    ကိုပေါက်။ ။ရွာထဲက ပင်တိုင် ဓာတ်ပုံဆရာကြီးပါ။ ကျွန်တော်တို့မရောက်ဖူးတဲ့ နေရာတွေကို ဓာတ်ပုံရိုက်ပြီး တင်ပြလို့ အရမ်းကျေးဇူးပါ လေးပေါက်။

    ရွာသူရွာသားအားလုံးနဲ့ သူကြီးကို အရမ်းခင်တယ်။ မိသားစုလို မြတ်နိုးတယ်။
    အားလုံးနှုတ်ဆက်ပါတယ်။ 😥

    • ကြောင်ကြီး

      January 30, 2012 at 10:24 am

      ဒီလောက်သွားချင်နေရင် တားဘူးဟေ့…သွားသွား..။ နေအုံး..ဒါနဲ့..နင် အသင်းဝင်ကြေးရော ပေးသွားရဲ့လား…။

  • စိန်ပေါက်ပေါက်

    January 30, 2012 at 10:42 am

    သွားချင်နေသပ ဆိုလဲ မတားရက်ပါဘူး
    ပွိုင့်လေးတွေတော့ စိန်ပေါက်ပေါက်ကို လွှဲပေးခဲ့စေချင်ပါတယ် 😆
    လဂါးနောက်ဒါ.
    တွားပါနဲ ့..
    မန်းလေးဖိုက်တာ မေပေါင်တစ်ယောက်လုံးချိနေတာ..
    ဘာမှအားငယ်နဲ ့..

    နင်ပေါမှ နာလဲ အားနယ်လာဘီ..
    ရွှတ်..
    အဲတာ..
    အရီးလေး ခင်လတ် မကောင်းဒါ
    😆

  • manawphyulay

    January 30, 2012 at 10:55 am

    ဘာလိုဘဲ ဖြစ်ဖြစ် မိန်းမတွေက မကောင်းဘူးဗျ။ မရှိမကောင်းရှိမကောင်းပေါ့ဗျာ။ ကျွန်တော်ကတော့ ချစ်သူနဲ့ သူငယ်ချင်း ဘယ်ဟာရွေးမလဲ မေးရင် သူငယ်ချင်းဘဲရွေးမှာ။

    ဒီလိုတော့ မပြောပါနဲ့ကွ။ မိန်းမတွေမကောင်းဘူးလို့ ဘယ်လိုကြောင့် ပြောရတာလဲ မင်းတွေ့ခဲ့ဖူးတဲ့သူကြောင့်ထင်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူငယ်ချင်းဆိုတာလည်း အယောက် ၁၀ဝ မှာ ကိုယ့်ပေါ်ကောင်းတဲ့သူငယ်ချင်းတစ်ယောက်ရှိနေရင်ကောင်းပါတယ်။

    • စိန်ပေါက်ပေါက်

      January 30, 2012 at 11:26 am

      ထင်လို ့.ထင်လို ့
      စကီလန်းလန်းလေးသာ ရလို ့ကတော့
      ကစိန်ပေါက်…နောက်နေ ့မှလာဂျာ စော်နဲ ့ ချိန်းထားလို ့.ဒိုးပြီ ဆိုပြီး လုပ်မဲ့ လူ
      မယုံစောင့်ကြည့် ဖျဲစိ

  • အာဖျံကွီး

    January 30, 2012 at 11:07 am

    မိန်းမတွေ မကောင်းဘူးဗျ အဆိုကို ကန့်ကွက်ပါရစေ၊ လုံးဝ လုံးဝ ကန့်ကွက်ပါတယ် ၊
    လူချင်းတွေ့ပီး သေသေချာချာ ရှင်းပြချင်လိုက်တာ၊
    ကိုဖရဲ ရေ ခင်ဗျားကထွက်သွားတော့မယ်ဆိုတော့ အနော် လူသစ်က ဘယ် အကိုင်းမှာ
    နားခို နေရတော့မလဲဗျာ ။
    အရပ်ကတို့ရေ ကြည့်တော်မူပီး လုပ်တော်မူကြပါခင်ဗျာ။

    • ကြောင်ကြီး

      January 30, 2012 at 11:22 am

      အာဖျံကွီး အစစ်လား အတုလား။ ချာတူးရေ ကြည့်လုပ်အုံး.. နင်ဘော်ဒါ မသေသေးဘူး နေရာလုတဲ့သူ ပေါ်နေပြီ…။

      • ဆူး

        January 30, 2012 at 3:29 pm

        အတုကြီး ကွန်မန်း နည်းနည်းပဲ ရှိတယ်။
        ချာတူး ရဲ့ ကွီး မဟုတ်ဘူး။

  • အာဖျံကွေး

    January 30, 2012 at 11:41 am

    ဟိုက် အောင်မြတ်လေး ဒ ဒ ဒါစို ချောတီးဘာဂျာ
    အမီတူသူ အချိ ထင်လို့ဘာ ဟီးဟီး
    ကွီးလို့ မရရင်လဲ တုတ်ကွေးး ကွေး လိုုက်ရပါတော့သီ ဂျာ

  • windtalker

    January 30, 2012 at 2:26 pm

    ချသာချ လုပ်သာလုပ်
    နောင်ဖြစ်မှနောင်ရှင်း
    မနိုင်ရင်
    တရုတ်လူမိုက် ငပေါက်ဖော် ကို လေယာဉ်နဲ ့ခေါ်ရိုက်ခိုင်းကွာ

  • char too lan

    January 30, 2012 at 3:29 pm

    ဪ………. ဘော်ဘော်နဲ့ကွန်ဖန်းတောင်မရတေးဘူး သူခမျာကွေးသွားရှာပီ….
    အာဖျံကွီးကမဝင်တာကြာပီ သူ့အကောင့်တောင် ပိတ်သွားပီလားမသိပါဘူး …. 🙁

    • char too lan

      January 31, 2012 at 10:35 am

      ချာတူးရေ
      အာဖျံကွီးအစစ်က password တောင်မကလို. user name တောင်မေ့နေဘီ …
      ရွာထဲဝင်မလို.ကို အသက်လုပီး ကြိုးစားတာမရဘူး ဖြစ်နေတရ် .. လုပ်ကြပါအုံး …
      အီးမေးလ်အကောင့်အသစ်တစ်ခု သပ်သပ်လုပ်ပီး GZ မှာချိတ်ထားတာ ..
      အဲဒါလဲ သုံးနေကျမေးလ် မဟုတ်လို.မေ့နေဘီ ..
      အသစ်တစ်ခုထပ်ပေးကြည့်တော့လဲ … ရဝူးးးး .. ဒဲ့ ….
      ကယ်ကြပါအုံး .. ရွာထဲဝင်မလို. .. ဝင်မရဘူး ..
      ဟင် .. ငါဘယ်ဒူယဲဟင် …??????

      (အဲဒါလေး ချာတူးအကောင့်ထဲမှာ copy လုပ်ပီးဝင်မန်းပေးစမ်းပါ .. သဂျီးကိုလဲ မေးကြည့်ပေးပါအုံး .. ဘယ်လိုလုပ်ရမလဲဆိုတာ)
      ===============================
      အာဖျံကွီးအစားမန်းပေးတာ အိမ်သာနက် ကနေ အီးမဲ ပို့ပီးမန်းခိုင်းလို့
      ပိုစ့်နဲ့ မဆိုင်တာဝင်မန်းမိလို့ ဆောတီးပါ ရဲရဲရရ်……………. 😉

      • kai

        January 31, 2012 at 1:09 pm

        User= ar phan koee
        eMail = arphankoee@hotmail.com

        အဲဒီအီးမေးလ်ပါ့စ်ဝပ်ပါမသိတော့ဘူးဆိုရင်တော့.. အီးမေးလ်တခုပေးရင်.. ပြင်ပေးလိုက်မယ်..။

  • Khin Latt

    January 30, 2012 at 4:41 pm

    အီ …… ဖရဲသီး လေးရေ –
    အဲလို မလုပ်ပါနဲ့ ဟယ်။ ဝင်ဖတ်လိုက်မိ လို့ တော်သေးသပေါ့။ 😉

    ဖရဲ အဖွား ကို မြင်ကြည့်။ ခလေးတွေကို တစ်ချိန်လုံး ပွစိ၊ ပွစိ လုပ်နေတာ ဟုတ်။
    လိုတာလဲ ရှိ၊ မလို တာလဲရှိ။
    အသက်ကလေး ကရလာတော့ အခုခေတ် ကို ကိုယ့်ခေတ် က အရာ တွေနဲ့ ယှဉ်ပြော။
    အရီး လဲ ဖရဲ ရဲ့ အဖွား လိုပါဘဲ။
    ဆိုင်ဆိုင် မဆိုင်ဆိုင် စွတ်တင် နေတာပါ။
    အခု ဖရဲ တင်တဲ့ Post လိုမျိုးဆို ဘယ်လောက်ကောင်း လဲ။
    စာဖတ်သူတွေ လဲ ပြုံးကြမှာ အသေအချာဘဲ။
    အရီး ဆိုချင်တာ က Post တင်သူ တွေကို မဟုတ် ပါဘူး။ Post တွေ Comment တွေ က တင်ချင် သလို တင်မှာပါ။ လွတ်လပ်ခွင့် ရှိပါတယ်။
    တစ်ခြား အမြင်မတူ တာ လဲ ဝိုင်းပြီး ညှိ လို့ ရပါတယ်။
    အခု လို ဝိုင်းပြီး သဘောထား တွေကို ပြောကြတာ ဘယ်လောက်ကောင်းသလဲ။
    ကိုယ်မကြိုက်တာ ဆို အချက်ကျကျ ပြန်ဆွေးနွေးတတ် တဲ့ အလေ့အကျင့် တွေ ရတာပေါ့။
    အားလုံး ပုံသေ စည်းကမ်း ချည်းအတိုင်း သွားစရာမလိုပါဘူး။
    သို့သော် – Admin အဖွဲ့ က စီစစ်ပြီး ပြန်ဖြုတ် တာခံခဲ့ ရတာတွေများ ရှိခဲ့ကြရင် နားလည် ပေးကြဖို့ ကို သာ ဆိုလိုတာပါ … အပြင်ကစိမ်း ပြီး အတွင်းချို တဲ့ဖရဲသီး လေးရေ့။
    သူကြီး ရဲ့ ကြေငြာချက် လေး ကိုလဲ ဖတ်လိုက်ပါဦးဟေ့။
    စာတွေ ဆက်တင်၊ တွေ ဆက်ပေးဦးနော်။ 🙂

  • အာချိတိုမိုတို လီဂျင်ဖရဲသီး

    January 30, 2012 at 6:28 pm

    ကျွန်တော် အစ်မခင်လတ်နဲ့တကွ ရွာသူရွာသားအားလုံးကို တောင်းပန်ပါတယ်
    ကျွန်တော်ပြောချင်တာ အစ်မခင်လတ်လည်း မမှားပါဘူး
    လူတိုင်းလူတိုင်းပုံစံခြင်းမတူသလို
    အတွေးအမြင်တွေလည်းမတူကြပါဘူး
    ကျွန်တော်ရဲ့အမြင်က ကွန့်မန်ဆိုတာ ရွာသူရွာသား အဟောင်းတွေအနေနဲ့သိပ်မစိမ်းပေဘဲ
    ကျွန်တော်တို့လို ရွာသားအသစ်ကတော့ ကိုယ်ရေးတဲ့ ပို့စ်လေးမှာ ကွန့်မန့်မရှိရင် သိပ်အားငယ်တယ်ဗျ။
    ကိုယ်ရေးတာ အသုံးမကြဘူးလို့ ထင်မိတယ်။အနည်းနဲ့အများ “ကြည့်သွားပါတယ်ဗျို့” စာကြောင်းလေးရှိနေရင်တောင် ပျော်နေတတ်တဲ့ ရွာသူရွာသား အသစ်တွေပါဗျာ။
    သူကြီးကိုလည်း အားနာပါတယ်။ရွာထဲက စီနီယာ၊ဂျုနီယာတွေအားလုံးကို လေးစားပြီး အားကြလျက်။

    ရွာသူရွာသားအပေါင်း ချမ်းသာကျန်းမာကြပါစေ။
    လေးစားလျက်
    မောင်ဖရဲသီး

    • Khin Latt

      January 30, 2012 at 7:46 pm

      ကိုဖရဲ
      မပိုမြဲ
      ဂလိုဘဲ
      Post တွေကို ဆက်တင်၊ comment တွေကို ပေးပါဟေ့။
      အရီး လဲ မကြာမကြာဝင်၍ ဗျင်း … စောဒီး … အားပေးပါမည်။ 😀

    • kai

      January 31, 2012 at 1:12 pm

      ဘဲဥနာမယ်ပြောင်းပြီး ..ဝင်ရေးပါကွယ်..။
      ကျုပ်တော့.. နာမယ်တွေရှည်ကြတာ.. အင်မတန်မျက်စိလည်ပါတယ်..။
      တိုတိုပဲ.. ဘဲဥလုပ်လိုက်နော…

      ဖရဲသီးနဲ့တော့. တွဲမစားလိုက်နဲ့ပေါ့…။ 😆

  • ပထမတော့ ပို့စ်ကိုဖတ်ပြီး ရေးမလို့ပဲ
    ဒုတိယတော့ Comment ကိုကြည့်ပြီး ဘာရေးရမှန်းမသိတော့ဘူး
    တတိယတော့ Comment တွေကြောင့် ဝင်ရောက်အားပေးဖို့ ဆုံးဖြတ်လိုက်တယ်
    စတုတ္တတော့ ပို့စ်အကြောင်း နည်းနည်းဝင်ပါမလို့
    နောက်ဆုံးတော့ ………………
    ——————————————————————————-
    ပထမ
    ………………………….

    ဒုတိယ
    …………………………

    တတိယ
    ချစ်စရာကောင်းတဲ့ ဖရဲသီးလေး နင်နဲ့ငါနဲ့ ငါနဲ့နင်နဲ့ နို့ကိစ္စ ပြိုင်ဖို့ရှိသေးတယ် နင်ထွက်ရင် ငါ ……. ( ! _ ! )

    စတုတ္ထ
    ဘာလိုဘဲ ဖြစ်ဖြစ် မိန်းမတွေက မကောင်းဘူးဗျ။ မရှိမကောင်းရှိမကောင်းပေါ့ဗျာ။ ကျွန်တော်ကတော့ ချစ်သူနဲ့ သူငယ်ချင်း ဘယ်ဟာရွေးမလဲ မေးရင် သူငယ်ချင်းဘဲရွေးမှာ။ အဲဒါနဲ့ပတ်သက်လို့ မိန်းမတွေက မကောင်းဘူးဆိုတဲ့ အဆိုကို အကြွင်းမဲ့ ကန့်ကွက်ပါတယ် …. မိန်းမတွေက ကောင်းတဲ့အရာတွေရှိပါတယ် (ဘာတွေကောင်းလဲဆိုတော့ ကိုပေက ဆက်ရှင်းပါလိမ့်မယ် ဤကားစားချပ်) မရှိမကောင်း ရှိမကောင်း ဆိုတာကိုတော့ ထောက်ခံပါတယ် … ထောက်ခံပါတယ် … ထောက်ခံပါတယ် (ဒါနဲ့ပတ်သက်လို့လည်း မဒမ်ပေါက်ကိုရီးယားကိုသွားနေတဲ့အချိန်မှာ လေးပေါက်က ရှင်းပြပါလိမ့်မယ်) …. ချစ်သူနဲ့ သူငယ်ချင်း ဘယ်ဟာရွေးမလဲဆိုတော့ ကျွန်တော်ကတော့ သူငယ်ချင်းချစ်သူ (သို့မဟုတ်) ချစ်သူသူငယ်ချင်းကိုပဲ ရွေးပါမည်ဆိုတဲ့အကြောင်း ……………..

    နောက်ဆုံးတော့
    လက်ညောင်းသွားပါတယ် …. 😛

    နောက်ထပ်စာတွေကို မျှော်လင့်နေတဲ့
    အကျဉ်းထောင်က မင်းကောင် …

    • Khin Latt

      January 30, 2012 at 7:49 pm

      ~~ သူငယ်ချင်းချစ်သူ (သို့မဟုတ်) ချစ်သူသူငယ်ချင်းကိုပဲ ~~~
      Hopefully …. It should not be the same gender. jk 😉

  • pooch

    January 30, 2012 at 7:53 pm

    ဖရဲရေ ကျမလည်း အဲ့ဒီလိုခပ်ဆင်ဆင်အဖြစ်မျိုး ခဏခဏဖြစ်ဖူးတယ်။ ကျမ စီးတဲ့ ဆိုင်ကယ်က signal ပြရင် အသံမပေးတတ်ဖူး။ (စူပါကပ်ဆိုရင်တာ့ မြည်တာပေါ့လေ)

    အဲ့တော့ ပိတ်ဖို့ မေ့ရော။ လမ်းကလည်း ရှုပ်တော့ အာရုံက ဘေးတွေရှေ့တွေ ကြည့်နေရတာ ။ သိတဲ့အတိုင်း။ ဘေးက လူများက လာလာအော်သွားကြတယ်။ လမ်းပေါ်က ဆိုင်ကယ်စီးဖော်စီးဖက်တွေ ချစ်ဖို့ကောင်းတာများ ပြောပါတယ်။ မော်တော်ပီကယ်ရှိရင်လည်း အော်သွားကြတာပဲ။ ဟိုဘက်ဒီဘက်လမ်းကို ။ များသောအားဖြင့်ကတော့ ဟွန်းမတီးကြဘူး။ အနားရောက်အောင်မောင်းလာပြီးမှ အော်သွားကြတာ။

    အဲ့ဒီတော့ ကူညီချင်ရင် ကူညီလို့ရပါတယ်။ ဘေးနားထိရောက်အောင် မောင်းသွား။ ပြီးမှ ” ဒေါက်ကျနေတယ်ဗျို့လို့ ” အော်ပေးလိုက်။ ဟွန်းမတီးနဲ့တော့ ။ :mrgreen:

    မရှိမကောင်း ရှိမကောင်းကတော့ ယောက်ျားမိန်းမ အတူတူပါပဲအေ။ မိန်းမတွေမှ မဟုတ်ပါဘူး။ 😛
    သူငယ်ချင်းတွေထဲမှာလည်း စုန်းပြူးသူငယ်ချင်းပါလာရင် ရစ်တတ် ရိတတ်လွန်းလို့ စကားပြောနေရင်းနဲ့ ခဲနဲ့ ထုပစ်ချင်စိတ်တောင် ပေါက်တယ် တခါတခါ ။ ဟီး 😆

  • Thel Nu Aye

    January 30, 2012 at 8:31 pm

    ဟွန်းမတီးနဲ့လေ။ ဒေါက်ဖြုတ်လိုက်အုံးလို့အော်လိုက်လေ။ ဒါမှပါးဆင်းရိုက်သွားမလားပဲ။ ဟီဟိ။

  • (တစ်နေ့က လမ်း ၈ဝ ကအပြန် ကြည်ပြာအလှကုန်ဆိုင်ကနေ ကောင်မလေးနှစ်ယောက် 125 Kenbo ရုပ်ဆိုးကို စီးပြီးထွက်လာတယ်။ သူတို့က ဆိုင်ကယ်ကို ဒေါက်လဲမဖြုတ်ဘူးဗျ။ အကွေ့ဆိုရင် ဒေါက်နဲ့ထိပြီး ဆိုင်ကယ်လဲနိုင်တယ်ဗျ။ ကျွန်တော်ကလည်း ကူညီပါ့ရစေဆိုပြီး သူတို့ဆိုင်ကယ်နောက်က လိုက်ပြီး ဟွန်းတီးတာပေါ့ဗျာ။ ကျွန်တော်ကို လှည့်ကြည့်တယ်ဗျ။ ဒါနဲ့ကျွန်တော်လည်းပြောမလို့ရှိသေး ဆိုင်ကယ်မောင်းထွက်သွားတာဗျာ ကြက်ပျောက်ငှက်ပျောက်ဘဲ။ ကိုယ့်ရုပ်ကဘဲတော်တော်ဆိုးနေတာလား

    ဘာလို့မောင်းထွက်သွားမှန်းတော့မသိ။ )
    အဲဒါ့မင်းကို သူတို့ကို လာဖမ်းမယ့်သူမှတ်လို့ထွက်ပြေးတာနေမှာ။
    ရုပ်ဆိုးလို့မဟုတ်ဘူး။
    ပြဿနာရှာမယ့်သူနဲ့တူလို့နေမှာရယ်။

  • (ကောင်မလေးနှယ် ကိုယ့် အဖေအရွယ်ကြီးကို ဘာလို့များ ကြိုက်ရတာလဲ။ အဓိက ကငွေပေါ့ဗျ။ )
    ကိုဖရဲ အဲဒါဈေးကွက်စီးပွားရေးခေါ်ပါတယ်.။
    (ဘာလိုဘဲ ဖြစ်ဖြစ် မိန်းမတွေက မကောင်းဘူးဗျ။)
    ဒါကိုဖတ်ကြည့်ရင် ကိုဖရဲကလူပျိုလေးဘဲဖြစ်ဘို့များပါတယ်။
    ကြော်ငြာတယ်မထင်ပါနဲ့။
    လေးပေါက်ရေးတဲ့ ကိုဘခွေးရဲ့ဒန်ပေါက်ဆိုတာလေးရှာဖတ်ကြည့်ပါ။
    မိန်းမ မကောင်းဘူးဆိုတဲ့မှားနေတဲ့အတွေးတွေလုံးဝပျောက်သွားပါမယ်။

  • အသူရာ

    March 10, 2012 at 9:45 pm

    ဖြဲမရေ…
    သများတို့ကိုခွဲမတွားရဘူးနော် နော် နော်

  • padonmar

    March 10, 2012 at 11:36 pm

    ဖရဲမရေ
    ရွာထဲ လေးလေးနက်နက် ကတ္တရာပုံးတွေ ချည်းပဲ ဆိုရင် ပျင်းစရာကြီး
    ဖရဲတို့ စိန်ပေါက်ပေါက် တို့ မောင်အံ ၊မောင်ပေ၊မောင်ကင်း မြင်ရင် ပျော်လွန်းလို့ အရင်ဦးစားပေးဖတ်ရပါတယ်။
    အန်တီတို့ကို အဲဒီလို ပေါ့ပေါ့ပါးပါးပြုံးလေး ရေးပါဆို ဘယ်ရေးတတ်ပါ့မလဲ။
    မလတ်ရဲ့ ဒီမိုကရေစီဖတ်စာ ထဲကလို လူတိုင်းအရေးကြီးပါသည်။
    ဒါကြောင့် ဖရဲမ ရွာမှ မထွက်ပါနှင့်။(မြို့ရောက်ရင် လူဆိုးလူပေ တွေ စော်ကားသွားမှာ စိုးမိတယ် စိုးမိပါတယ်)

  • မောင်ပေ

    October 24, 2012 at 10:03 pm

    မနေ ့က နေတွေအရမ်းပူလို ့တဲ့
    ဆိုင်ထဲမှာပဲ ကြူတာ ဘူတား
    အုံနာမမ က လာပြီး ခေါ်သွား
    ရတနာပုံထဲမှာ ဆော့ကစား
    ရှော့သွား မော့ထား
    ( စနဲ နဲ ့ဝိုင်းဆု ရဲ ့ သီချင်းအတိုင်း ဆိုပါ )

Leave a Reply