ပြောချင်တာလေးတွေပြောပရစေတော့
ကျနော်တို့ နိုင်ငံမှာ စာနယ်ဇင်းလွတ်လပ်ခွင့်ရတာဝမ်းသာစရာပါ နိုင်ငံတော်ကိုအပြုသဘောမျိုးနဲ့မှားအျမှန်တွေကိုဝေဖနထောက်ပြခွင့်တွေရပါတော့မယ်လေ အရင်အစိုးရလက်ထက်ကဆိုရင်ပေါ့ အားလုံးသိ့ကြတဲ့အတိုင်း ဘယ်မှအတိမ်းစောင်းမခံ ခပ် သဲသဲပြောရမယ်ဆိုရင်တောင် မှားတာနဲ့သေဒဏ်ဆိုတာမျိုးကိုး အခုချိန်ခါမှာဆိုရင်ဘဲ မဂ္ဂဇင်း ဂျာနယ်တွေမှာ အရင်ကထက်စာရင်အများကြီး ရေးခွင့်ရလာတာတွေ့ရမှာပါ နိုင်ငံတော်သမ္မတကြီးကိုကျေးဇူးတင်စရာပါ စာလဲရှည်နေပါပြီ ဖတ်ရတဲ့သူကိုလဲအားနာလှပါတယ် ပြောခွင့်ရပြီဆိုတော့လဲပြောရတော့မှာပေါ့ ဒီပို့လေးကိုဖတ်ပြီးတော့ ဒါမျိုးတွေကတော့အများကြီးပါလို့တော့ ကောက်ချက်မချလိုက်စေချင်ပါဘူး
ဘာလို့လဲဆိုတော့ အခုရေးပြမဲ့မြို့လေးကနေပြီးတော့ဒီလိုအရေးအသားမျိုးတွေ ရေးခဲ တွေ့ရခဲလို့ပါဘဲ
မော်လမြိုင်ကျွန်းမြို့လေးပါ အလွန်အေးချမ်းသာယာပါတယ်မြို့နေလူထုကလဲရိုူသားသူများလှပါတယ် မြို့ပေါ်ကိုရောက်လာတတ်တဲ့အမှုထမ်း အရာထမ်းများကိုလဲ လေးစားချစ်ခင် ဆွေမျိုးညီအကိုမောင်နှမလိုမျိုးကူညီရိုင်းပင်းတတ်တဲ့ စိတ်ဓာတ်လဲ မြို့နေလူထုမှာအပြည့်အဝရှိ့ပါတယ် ဒါမေမဲ့ဗျာ အခွန်ဦးစီးဌာနက ဒုတိယဦးစီးမှုးဆိုသူရဲံ့လုပ်ရပ်ကတော့များလှပါတယ် အဖြစ်ကဒီလိုပါ လွန်ခဲ့တဲ့ 2011 /11လပိုင်းလောက်ကပါ မြို့မရပ်ကွက် (၇) ရပ်ကွက်မှာရှီ့တဲံ ဓျေးသည်များထံကိုသွားပြီးတော့
အခွန်ကောက်ခံတာပါစုစုပေါင်း ရ ဦးခန့်လောက်ရှီ့ပါတယ် သူဟာ အိတ်တလုံးကိုဆွဲလို့ ဓျေးဆိုင်တဆိုင်ကိုဝင်လိုက်ပါတယ် ပြီးတော့ဆိုင်ရှင်ဆိုသူကု်မေးပါတယ် ဆိုင်ရှင်မှန်ကန်ရင် သူဟာအခွန်ဦးစီးဌာနမှ ဒုတိယ ဦးစီးမှုး ဘယ်သူ ပါဆိုပြီးဝန်ထမ်းကတ်ကိုပြပါတယ်
တနေ့လျှင်ရောင်းအား ဘယ်လောက်ရှီ့သလဲ ဆိုင်ဖွင့်တာဘယ်လောက်ကြာပြီလဲ တနေ့ဝင်ငွေဘယ်လောက်ရှီ့လဲမေးမြန်းပါတယ် ဒီမေးခွန်းတွေကတော့ပြသနာမရှီ့ပါဘူး ဒါကတော့ သူတို့ဌာနရဲ့လုပ်ထုံးလုပ်နည်းဘဲနေမှာပါ ခက်တာက မနေ့တနေ့ကမှဖွင့်တဲ့ဆိုင် လေးတွေကို ၂၀၀၉/ ၂၀၁၀/၂၀၁၁ ခုနှစ်တွေအတွက် သုံးနှစ်ပေါင်းပြီးအခွန်ဆောင်ခိုင်းတာပါ
တနှစ်စာအတွက်ကို ၅၀၀၀ဝ နှုံးနဲ သုံးနှစ်စာ ၁၅၀၀၀၀ ပါ လက်လုပ်လက်စားနဲ့ ဓျေးသည် အလတ်စားလေးတွေပါ ဘယ်လိုမှဒီငွေကီုတခါတည်းမပေးနိုင်ကြပါဘူးဒီမှာတင်သူကစကားစလာပါတယ်
ဒီငွေကရုံးမှာတရားဝင်ဆောင်ရမှာပါ တရားဝင်မဆောင်နိုင်ဘူးဆိုရင် သူကို ၂၅၀၀၀ ပေးလိုက်ပါ သူတာဝန်ယူပါတယ်ဆိုပြီး တောင်းပါတယ် တဦးလျှင် ၂၅၀၀ဝဖြစ်ပါတယ်
ဒါနဲ့ဘဲဓျေးသည်များက ပထမသူပြောတဲ့ငွေထက်စာရင်အများကြီးသက်သာတယ်ဆိုပြီးပေးလိုက်ကြပါတယ်
သူတို့ထဲကနဲနဲ လူရည်လည်သူတယောက်ကတော့ ထိုသူ့ထံမှ ငွေရရှိ့ကြောင်း စာတစောင်တောင်းထားလိုက်နိုင်ပါတယ် ထိုစာထဲမှာလဲ သူကအပြီအပြင်ကိုရေးပေးသွားတာပါသူရဲ့ ရာထူးနှင့်ဌာန လက်မှတ်အကျအနကိုရေးပေးသွားတာပါ ဒါနဲ့ဘဲတလလောက်ကြာတော့ မြို့နယ် အခွန်ဦးစီးဌာနမှ အခွန်ဦးစီးမှုးနဲ့လာရောက်တွေ့ဆုံရန် နို့တစ်စာရောက်လာပါတယ်ဒါနဲ့ဘဲ ဓျေးသည်များဟာသွားရောက်တွေဆုံကြပါတယ် ယခု ဦးစီးမှုးဆိုသူကတော့အမျိုးသမီးပါ သူနဲ့တယောက်ချင်းတွေ့ဆုံရပါတယ် သူမကတော့ဒီလိုစမေးပါတယ်
အခွန်ဆောင်နိုင်မလား မဆောင်နိုင်ဘူးဆိုရင် စာရေးမလေးနှင့်ညှီ့နိုင်းလိုက်ပါ ဒါဘဲပြောပါတယ်စားနောကကြောင်းပါးကြီးနဲ့တူပါတယ်။
စာရေးမနဲ့ညှိနိုင်လိုက်တဲ့အခါကြတော့မှ ဦးစီးမှုးအားတဦးလျှင် ၃၀၀၀၀ စာအိ်တ်ထဲထည့်ပြီးကန်တော့ခိုင်းပါတယ် ဒါနဲ့ဘဲဓျေးသည်လေးများဟာပေးလိုက်ကြရပြန်ပါတယ်
အဖြစ်ကလေးကတော့ဒါပါဘဲ ခေတ်တွေ စနစ်တွေပြောင်းနေပါပြီ သူတို့ကတောင်းလို့ကောငိးတုန်းရှီ့ပါသေးတယ် အဲ့ဒီမြို့လေးမှာ ဒီထက်မကတဲ့ လဒ်စားမှုတွေရှီ့နေပါသေးတယ် နောက်များမှ စုံစမ်းရေးသားဖော်ထုတ်ပါအုံးမယ်
4 comments
ကောင်းမြတ်သူ
February 3, 2012 at 12:50 pm
ပြောသာပြော…ပြောသာပြော…နောက်မဆုတ်နဲ့
aungnng87
February 3, 2012 at 1:50 pm
ဟီဟိ…ဖတ်ရတာကောင်းတယ်။ နာမည်လေးတွေနဲ့ပါပြောပြပေးရင်ပိုကောင်းမယ်။ တောင်းရဲတဲ့သူတွေကတောင်းရဲရင် ရေးရဲတဲ့သူတွေရှိတယ်ဆိုတာပြရမယ်။ စစ်ဆေးရမဲ့သူတွေလည်း ကိုယ့်တာဝန်ကိုယ်ကျေပွန်ကြပါလို…..
စိန်ပေါက်ပေါက်
February 3, 2012 at 3:13 pm
အဲတာတွေ အမှန်တွေပါဗျာ…
ကျနော့်ဘော်ဒါတစ်ယောက် လက်ဘက်ရည်ဆိုင်ဖွင့်ထားတာမို ့ စီပင်တွေ ရိတ်တာ အသိဆုံး
ပြောပြန်ရင်လဲ ဒေါ်စိန်ပေါက်လွန်ရာကျမယ်..
အဲတော့ အူးပဲ ကျန်တာဆက်ပေါလိုက်တော့
windtalker
February 3, 2012 at 8:19 pm
ကျွန်တော် တို ့နိုင်ငံဟာ ဒီမိုကရေစီ အစစ်မဖြစ်သေးပါဘူး ခင်ဗျာ ။
စာနယ်ဇင်းလွတ်လပ်ခွင့်ပေးလိုက်တာ အရမ်းကောင်းပါတယ် ။ လာဘ်ပေးလာဘ်ယူ စနစ်ဆိုတာမျိုးက ၊ မနက်ဖန် ဒီမိုကရေစီ ၊ သဘက်ခါ လာဘ်ပေးလာဘ်ယူ လုံးဝကင်းပြီ ဆိုတဲ့ အမျိုးမဟုတ်ပါဘူး ။ အားလုံးဘဲ ဝိုင်းဝန်းပြုပြင်ရမယ့် ကိစ္စမျိုးလို ့ထင်ပါတယ် ။ ဟူး….ကျုပ်လဲ ဒီရက်ပိုင်းအတွင်း အခွန်ဦးစီးမှူးနဲ ့သွားတွေ ့ရဦးမယ် ။ ဝင်ငွေခွန် အမောင့် မထွက်လာခင်တုန်းက သူတောင်းတဲ့ ပိုက်ပိုက် ပေးခဲ့ပေမယ့် ၊ တစ်ကယ် တရားဝင်ထွက်လာသော သူ ပြောခဲ့တဲ့ အမောင့် မဟုတ်ဘူး ဖြစ်နေတယ် ။ မောတယ်ဗျာ