Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဟိုတယ်တခုရဲ့ဝန်ဆောင်မှု့

မြသဲ ( 17082011 )February 5, 20121min34811

ကျွန်မ မင်္ဂလာဆောင်တစ်ခု သွားတယ်။ ကမ္ဘ္ဘ္ဘ္ဘ  ာအေးဘုရားလမ်းပေါ်က နာမည်ကြီး ဟော်တယ်တခုပေါ့။ မင်္ဂလာဆောင်လဲရောက်ရော ရန်ကုန် မင်္ဂလာဆောင် တို့ထုံးစံ သီချင်းနာထောင်၊ ဟိုကြည့်ဒီကြည့်၊ တဝိုင်းထဲထိုင်တဲ့လူတွေကို မသိလဲပြုံးပြပေါ့။ ဒီလိုနဲ့အလုပ်ရှုပ်နေလိုက်တာ ၁ နာရီနီးနီးကြာတော့ မင်္ဂလာဆောင် တခုရဲ့ အရေးအကြီးဆုံးအပိုင်းနဲ့ မင်္ဂလာအရှိဆုံးအချိန်ရောက်လာတာပေါ့။ မင်္ဂလာအခန်းအနားမှုးက မင်္ဂလာအချိန်ကျရောက် ပြီဖြစ်ပါသောကြောင့် မင်္ဂလာမောင်နှံ ခမ်းမတွင်းကြွရောက်ပါဘာညာပေါ့။ အခါတော်ပေးသီချင်းကိုလဲ အဆိုတော်က မင်္ဂလာကျက်သရေအပေါင်းနဲ့ဆိုနေတာပေါ့။ ခဏနေတော့ ပန်းကြဲကောင်မလေး ဦးဆောင်လို့ ဗန်းကိုင်၊ သတို့သားသတို့သမီး၊ အရံ၊ နှစ်ဘက်မိဘစုံလင်စွာနဲ့ခန်းမတွင်းဝင်လာတာပေါ့။ ဒီအချိန်က မင်္ဂလာဆောင်တခုရဲ့ Tempo အမြင့်ဆုံး အချိန်ပေါ့။ အကုန်လုံးကလဲအာရုံစိုက်ပြီးဝိုင်းကြည့်။ သတို့သားသတို့သမီးကလဲအလှတွေအစွမ်းကုန်ပြပြီး ဂုဏ်ယူဝင့်ကြွားစွာနဲ့လျှောက်လာကြ တာပေါ့။ ဗွီဒီယို၊ ဓါတ်ပုံဆရာတွေကလဲတကွက်မှအလွတ်မပေးပဲအသေးစိတ်ရိုက်နေကြတာပေါ့။ အဲဒီအချိန်မှာပဲဗြုန်းဆိုမီးပျက်ပါလေရာ။ အဆိုတော်နဲ့တီးဝိုင်းက လဲတန်းလမ်း၊ ပန်းကြဲကောင်မလေးကလဲဆက်ကြဲရမှာလားမကြဲရဘူးလားပေါ့။ ဗွီဒီယို၊ ဓါတ်ပုံဆရာတွေရဲ့ မီးဆလိုက်တွေကလဲပျက်ပေါ့။ အဲဒါနဲ့ရပ်ရပ်ဆိုပြီး အကုန်လုံးလမ်း လည်ခေါင် မှာအတွဲလိုက်ကြီးရပ်ကုန်ကြရောပေါ့။ ဟိုတယ်ကလူတွေလဲဟိုပြေးဒီပြေးပေါ့။ မီးပျက်တာမဟုတ်ပဲ တီးဝိုင်းနဲ့ ဗွီဒီယို၊ ဓါတ်ပုံဆရာတွေ၊ ဆလိုက်တွေ ဆွဲတဲ့လိုင်းကမနိုင်လိုဘရိတ်ကာပြုတ်ကျတာတဲ့။ ၅ မိနစ်လောက်ကြာမှမီးပြန်လာလို့ အခါတော်ပေးကလဲရပ်သွားတဲ့နေရာကနေဆက်ဆို၊ သတို့သားသတို့ သမီးကလဲဆက်လျှောက်နဲ့စင်ပေါ်ကိုရောက်သွားကြတယ်။ ကျွန်မစဉ်းစားတာကဘာလို့ဒီလိုအရေးကြီးတဲ့အချိန်မှဖြစ်ရတာလဲ။ မီးတွေဝိုင်းဆွဲလို့ မနိုင်တာ ဆိုရင်အစကတဲကနိုင်အောင်ဘာလို့မလုပ်ထားတာလဲ။ ဘာလို့တကဲ့အရေးအကြီးဆုံးအချိန်ကျမှဖြစ်ရတာလဲ။ မင်္ဂလာပွဲအတွက်နှစ်ပေါက်ကြိုပြီး ဘိုကင်လုပ် ရတဲ့ဟိုတယ်ကြီးကဒါမျိုးဖြစ်လို့ရသလား ဆိုတာကိုကျွန်မစဉ်းစားလို့မရပါဘူး။ သူများမင်္ဂလာယူနေတဲ့အချိန်မှာမှမတော်တဆပါ sorry ဆိုပြီးဖြစ်လို့ရလား။ နာမည်ကြီးဟိုတယ်ရဲ့ဝန်ဆောင်မှု့ဆိုတာဒါပဲလားလို့အပြန်မှာတလမ်းလုံးစဉ်းစားလာခဲ့မိပါတယ်။

 

11 comments

  • TNA

    February 5, 2012 at 8:06 pm

    ပေါ်ပြီ။ ပေါ်ပြီ။ ဘာလုပ်လိုက်လဲမသိဘူး။ မြင်ရပြီ။ စာကြောင်းတွေကတော့ကပေါက်တိကပေါက်ချာနဲ့။ တန်းလဲမတန်းဘူး။ ညီညီလေးတန်းအောင်ဘယ်လိုလုပ်ရမလဲ။ ပြောပေးကြပါအုံး။

  • ဟိုတယ်တစ်ခုရဲ ့ဝန်ဆောင်မှုက အဲလောက်ကောင်းနေမှတော့
    ဘုန်းကြီးဆွမ်းကျွေးလေးနဲ ့အကျဉ်းချုံလုပ်လိုက်ရင် ဘာမီးမှကို
    အားကိုးနေစရာမလိုတော့ပီ

  • နေဝန်းနီ

    February 5, 2012 at 9:23 pm

    မြန်မာတွေ အဲဒိ အပို အလုပ်တွေ လုပ်တဲ့ ဓလေ့ စရိုက်ပျောက်သွားတဲ့ နေ့ဟာ ချမ်းသာတဲ့ နေ့ဖြစ်မှာပဲ…။ ဒီကိစ္စ တစ်ခုထဲမဟုတ်ဘူး…။ အပို ပကာသန တွေ ချဲ့ရင်းးကျယ်နေတာတွေ အများကြီး…။ တစ်နိုင်ငံလုံး အဲဒိ အပိုစရိတ်တွေကို စုထားပြီး အကျိုးရှိမဲ့ နေရာတစ်ခုမှာ အသုံးချလိုက်ရရင်……….. အင်း ဆက်ပြောနေရင် သူကြီးက နာ့ ကွန်မြူနစ်လို့ များပြောလေမလားမသိ…………။ လစ်ပြီး ဒီနေရာက ………….

    • Foreign Resident

      February 6, 2012 at 4:59 am

      အဘနီရဲ့
      ရှိတဲ့သူက ရှိသလိုသုံးပါစေလေ ။ တခြားသူတွေလဲ အလုပ်ရတာပေါ့ ။
      တခြားသူကို လှူဖို့ဆိုတာကတော့ သူ့သဘောပေါ့လေ ။

      အဓိကက ကိုယ့်မှာ သုံးလောက် ဖြုန်းလောက် လှူလောက် အောင် ရှိမရှိကို
      အမှန် အတိုင်း မြင်ကြဖို့ပါ ။

  • ချစ်ရင်ထူး

    February 5, 2012 at 9:46 pm

    နေရာတိုင်းမှာ အဲဒီလိုတွေ ဖြစ်နေတာပေါ့နော်
    ကျွန်တော် တို့ဆီမှာတော့ လူကြီးလာမယ့်နေ့ဆိုရင်တော့ မီးမပြတ်တော့ပါဘူး..
    အလိမ်အညာ တွေပေါ့ဗျာ… လူကြီးကို နေ့တိုင်းပဲ လာခိုင်းရမလား ဓါတ်တိုင်မှာပဲ ကြိုးနဲ့ချည် ထားရမလား မသိတော့ပါဘူး …
    ဒါနဲ့ စကားမစပ် mandalaygazettemembers@im.partych.at ကို Add ပေးပါလားဗျာ ၊ လူစုပြီးတော့ ပွါးချင်လို့ပါ၊ လူတော့ တော်တော် လေး ရောက်နေပါပြီ၊
    ကိုမှော် ၊ ကိုပေ ၊ ကိုပေါက်၊ ကိုဂီ၊ ကိုရင်၊ ချစ်သူ၊ မမ၊ဆူး၊နေဝန်းနီ၊ TNA၊ အားလုံးပဲ ကျွန်တော် ဖိတ်ပါတယ်နော်…

    • TNA

      February 5, 2012 at 10:49 pm

      ”ဓါတ်တိုင်မှာပဲ ကြိုးနဲ့ချည် ထားရမလား ”

      ကောင်းသားပဲ။ ချစ်ရင်ထူးဘယ်သူ့ကိုကြိုးနဲ့စချည်မလဲ။ လူရွေးလိုက်လေ။ ပြီးရင်ရွာထဲကလူတွေစုပြီးသွားဖမ်းမယ်။ ရွာသားတွေကကြိုးနဲ့ဝိုင်းချည်ပေါ့။

  • TTCG

    February 5, 2012 at 11:35 pm

    ဘယ်ဟိုတယ်ကို ပြောတာလဲ?
    Sedona လား… Micasa လား… ကရိဝိတ်လား… Sedona ကို ပြောတယ်လို့တော့ ထင်တာပဲ

    မြန်မာနိုင်ငံက သတင်းတွေမှာ ဘာလို့ နာမည်တွေကို အတိအကျ မရေးကြတာလဲ??? ဟိုနားမှာ ရှိတဲ့ ဟိုဟာလို့ရေးလိုက်… ဘာနံနဲ့စ ဘာနံနဲ့ဆုံးတဲ့ မင်းသမီး မင်းသားလို့ရေးလိုက်နဲ့… ပြန်တရားစွဲခံရမှာကို စိုးလို့လား… သတင်းအရင်းအမြစ်ကပဲ မသေချာတာလား… တစ်ဆင့်စကားနားထောင်ပြီးတော့ ရေးနေကြရလို့လား???

    ကိုယ်သာသေချာရင် ဒီ Company ဒီ Organization က ဒီလူက ဒီလိုလုပ်သွားတယ်လို့ ဘာလို့ မရေးရဲကြတာလဲ??? အသားရေဖျက်ပြီးတော့ လျှောက်ရေးတာမှ မဟုတ်တာ… ဖတ်တဲ့လူလည်း သေချာသာသိရင် ဆင်ခြင်စရာ စဉ်းစားစရာ ဆုံးဖြတ်စရာတွေမှာ အဆင်ပြေသွားတာပေါ့ဗျာ

    ဒီသတင်းကိုဖတ်တဲ့လူတစ်ယောက်သာ အဲ့ဒီဟိုတယ်မှာ မင်္ဂလာဆောင် Booking ယူထားတာရှိရင်… ဟိုတယ်ကို အပေါ်တင် ကြိုပြောထားလို့ရတာပေါ့ဗျာ… ဟိုနေ့တုန်းက ဟိုလူ့ Wedding မှာ ဒီလိုဖြစ်သွားတယ်… အဲ့ဒီလိုမဖြစ်အောင် ဂရုစိုက်ပေးပါ… ဖြစ်လာရင် ဘယ်လိုဖြေရှင်းပေးမလဲဆိုပြီးတော့ ကြိုညှိလို့ရတာပေါ့…

    • TNA

      February 6, 2012 at 11:13 am

      Sedona ဟုတ်ပါတယ်။ ဟိုတယ်နာမည်မရေးတာက ပူပူနွေးနွေးဖြစ်နေလို့ သတို့သား၊ သမီးတွေအားနာလို့ပါ။ မပြောပဲလဲမနေနိုင်လို့ပါ။

  • htoosan

    February 6, 2012 at 8:46 am

    ဟိုတယ် ဘက် က နေပြောမယ်နော် .. Breaker ကျသွားတာ ဟာ မီးလောင်တာထက်စာရင် အများကြီးတော်ပါတယ် ..
    အဲ့ဒီလို တစ်ခုခု မှားယွင်းပြီဆိုရင် အမြဲတန်း အပစ်တင်ခံရတာ ဝန်ဆောင်မူ့ ပေးသူတွေပါ။ Customer is always right ကို သုံးကြပါတယ် ။
    အများအားဖြင့် ဟိုတယ် ဘက် က ဘယ်လောက် ဘဲ ပြောပြော မီးသုံးစွဲသူများ က လစ်ရင် လစ်သလို ဘာမှ မဖြစ်ပါဘူး ဆိုပြီး သုံးကြပါတယ် ။ ပြော ရင် နားထောင် တဲ့ သူ အလွန်နဲပါတယ် ။
    နောက် အများအားဖြင့် သူတို့ သုံးတဲ့ extension wire ( မီးသမား၊ ဓါတ်ပုံသမားများ၏) တွေက အဖြစ်လုပ်ထားကြပါတယ် ။ ခေါင်းတွေက standard မရှိပါဘူး ။ များသော အားဖြင့် ခေါင်းတောင် မတပ်ဘဲ ဝါယာ ကြိုးထိုးထည့် ကြပါတယ် ။ ဟိုတယ် maintenance သမားတွေက ပြောလည်း ဂရုမစိုက်ကြပါဘူး။
    သူတို့ ဝါယာ လူပ်စိလူပ်စိ က နစ်ပင် သွားပူး ရင် ဘယ်လောက် ခံနိုင်ရည် ရှိတဲ့ ဝန်အားဖြစ်ဖြစ် ပြုတ်ကျ ရပါတယ် ။
    နောက် သူတို့သုံးတဲ့မီးလုံး watt တွေက များပါတယ် ။ အဆင့် မမီတာတွေ လည်းရှိတတ်ပါတယ် ။ အဲ့ဒီ မီးသီးကြွမ်းသွားရင် ရှော့လိုမျိုးလိုဖြစ်ပြီး breaker ပြုတ်ကျတတ်ပါတယ် ..
    နဂို သုံးနေတဲ့ အချိန်မှာ ဘာမှ မဖြစ်ဘဲ သုံးလို့ ရနေပြီးမှ ပြုတ်ကြတယ်ဆိုတာ အဲ့ဒီ အကြောင်းရင်းတွေ ထဲက တစ်ခု ဖြစ်နိုင်ပါတယ် ..
    သို့သော် သနားစရာ maintenance တာဝန်ကျ ကတော့ ဖြေရှင်းချက် ထုတ်ပေဦးတော့ဘဲ..
    ဟိုတယ် က ဘယ်လောက် ဂရုစိုက်ပေးပေး အခန့် မသင့်ရင် ဖြစ်တတ်ပါတယ် … မင်္ဂလာရှင်တွေ ကိုယ်တိုင်က သူတို့ ဓါတ်ပုံ မီးသမား များကို ဟိုတယ် သမားက ပြောတာ လိုက်နာဖို့ ဖိအားပေးထားမှ ပိုကာကွယ်နိုင်မှာ ။ နံမည်ကြီး ဓါတ်ပုံ သမားတွေ ဆို ပို ပြောရဆိုရခက်ပါတယ် ။

  • etone

    February 6, 2012 at 9:32 am

    အစ်မရေ … ကြားရတာ … တင်းချင်စရာပါပဲ … ။
    မင်္ဂလာယူနေတဲ့ အချိန် ငါးမိနစ်မီးပျက်ဖို့ မပြောနဲ့ … ငါးစက္ကန့်လောက်မှောင်သွားမှာတောင် မလိုလားကြပါဘူး … အတိတ်နဲ့ နမိတ်နဲ့ အယူသည်းတွေဆို … စိတ်မကောင်းဖြစ်သွားတော့မယ် … ။

    ဆီဒိုးနားဟိုတယ်ဖြစ်မယ်ထင်ပါတယ် … ။ မီးပျက်သွားလျှင် တစ်ဖက်က အော်တိုလင်းတဲ့ မီးလိုင်းမျိုးအရံလုပ်ထားပေးသင့်တယ်လေ … ။ ပြောမယ့်သာပြောတာ … ဆီဒိုးနားကဝန်ဆောင်မှုအခြားအဆင့်တူ ဟိုတယ်တွေနဲ့ … နည်းနည်း ကွာသေးတယ် … ဖုန်းပြောချင်လို့ ဖုန်းလွဲခိုင်းလျှင် ဧည့်သည်နာမည်ပြောတာနဲ့ အခန်းဘယ်မှာ တည်းတယ်ဆိုတာ အင်ကွာရီလုပ်လို့ရခြင်း (ပရိုက်ဗိတ်ဆီကိုထိတယ်လို့ ထင်ပါတယ် … တခြားဟိုတယ်တွေမှာ .. အခန်နံပါတ်ပြောခွင့်မရှိလို့ ပေးမသိပါဘူးတဲ့ ) ၊ အခန်းတွင်းဖုန်းလွဲတဲ့ အခါ … လွဲပြီးလျှင် ပြီးရောဆိုပြီး … ဒီဖုန်းကို အခန်းထဲက လူကိုင်မကိုင်ဆိုတာ .. care မလုပ်ပေးနိုင်ခြင်း … အင်ဖမေးလ်ရှင်း ပေးတဲ့ နေရာမှာ အနည်းငယ် ကြံ့ကြာမှု ရှိခြင်းတွေ ရှိနေတုန်းပါပဲ … ။

    • TNA

      February 6, 2012 at 11:18 am

      ဟုတ်ပါ့ညီမရယ်။ တကယ့်ခေါင်ဆိုတဲ့အချိန်မှဖြစ်တာ။ ခန်းမအလည်တည့်တည့်ရောက်မှဖြစ်တာ။ သူ့နေရာမှာကိုယ်ဆိုလဲဒေါသထွက်မိမှာပဲ။ ဟိုကြည့်ဒီကြည့်နဲ့။ တကယ်ဆိုတာဝန်ရှိသူတယောက် လာပြီးဘာဖြစ်လို့ပါသီးခံပေးပါ၊ဘာလုပ်နေပါတယ်ဆိုပြီးလာပြောသင့်တာဘယ်သူမှလာမပြောဘူး။ မီးလဲပြန်လာရော ကိုယ့်ဟာကိုယ်ဆက်လျှောက်ရတယ်။

Leave a Reply