တမ်းတခြင်း

 

 

သူငယ်ချင်းတွေနဲ့ကွဲနေတာ သုံးနှစ်ကျော်လို့ လေးနှစ်ထဲရောက်လာပြီ။ တစ်ချို့နဲ့အဆက် အသွယ်ရပြီး၊ တစ်ချို့က စာမလာ သတင်းမကြား။ ကျောင်းပြီးလို့ ကိုယ့်လမ်းကိုယ်လျှောက်ပြီ ဆိုကတည်းကမတွေ့ရ၊ မမြင်ရ၊ မကြားရတော့။ ကို်ယ်ဖြစ်ချင်တာကို ဖြစ်အောင်လုပ်ကြမည်ဟု ရည်ရွယ်ထားတဲ့သူတွေချည်းစု နေကြတဲ့ သူငယ်ချင်းတွေပေါ့။ ဒါပေမယ့် လမ်းခုလတ်မှာ ပန်းတိုင်မရောက်ပဲ လမ်းချော်တဲ့သူတွေ၊ လမ်းမှားတဲ့သူတွေလည်းရှိတယ ်လေ။ လူချင်းမတွေ့ရင် တောင် ဖုန်းနဲ့ဖြစ်ဖြစ် စာနဲ့ဖြစ်ဖြစ် နှစ်သိမ့်လိုက်ရတာချည်း။ တစ်ခြားတော့မဟုတ်ဘူး။ အိမ်ထောင်ကျသွားကြလို့ပါ။ ပညာရေသောက်ချိန်တုန်းကတော့ ဘာလုပ်လိုက်မည်၊ ဘာရရမည် လို့ လေကြီးမိုးကြီးပြောခဲ့ကြသူ တွေပေါ့။ စိတ်အလိုလိုက်မှုတွေများပေမ ယ့်လည်း အဲဒီအချိန်တုန်းက သူငယ်ချင်းတတွေ တစ်ဦးနဲ့တစ်ဦး ဖေးမလို့ ပျော်ရွှင်ခဲ့ရတာပဲများတာပါ ။ စကားဝိုင်းဖွဲ့မိတိုင်း ကျောင်းပြီးရင်ဘာလုပ်မှာလဲ စကားက အချိန်တိုင်းကို နေရာယူခဲ့တာပေါ့။ ကိုယ်ပိုင်လုပ်ငန်းလုပ်ချင ်တဲ့သူတွေက ခုတော့လည်း အခြေအနေအရပ်ရပ်ကြောင့် ပြောတဲ့အတိုင်းဖြစ်ဖူးလ။ တစ်ချို့က အိမ်ထောက်ကျ ၊ တစ်ချို့က နိုင်ငံခြားထွက်၊ တစ်ချို့က ယောင်ခြောက်ဆယ် အမျိုးမျိုး အဖုံဖုံစုံတဲ့ သူငယ်ချင်းတွေလေ။ အခုနေပြန်ဆုံကြရင် တစ်ယောက်ချင်းစီရဲ့ ရင်တွင်းကစကားတွေ နေကုန်ရင်တောင်ပြောလို့ ကုန်မှာတောင်မဟုတ် ဘူး။ ဒါပေမယ့်လည်းဖြစ်နိုင်မယ်မ ထင်ပါဘူး။ အတိတ်ကိုပြန်တွေးရင် လွမ်းစရာတွေချည်းရယ်။ ကျောင်းစဖွင့်ရင်ပျော်လို့ ရွှင်လို့၊ ကျောင်းပြီးသွားရင် ဝမ်းနည်းလို။ ဘာသညာသာရကာပွဲတွေနဲ့ ရှုပ်နေတာတွေကိုလည်း သတိရပါသေးတယ်။

ကျောင်းလစ်ပြီး ခေါင်ရည်သောက်ကြလို့ ကထိကကို ကားနဲ့ပြန်အပို့မှာ ကားမောက်တာ၊ (ကံကောင်းလို့မသေ သံချောင်းတို့ အဖေ ဖြစ်တော့မလို့လေ ) ဒါကို ဆရာမက ခွင့်လွှတ်ကြည်ဖြူတော့ အားလုံးမျက်ရည်ဝိုင်းခဲ့ရတ ာတွေ၊ အနီးကပ်သင်တန်းတစ်ရက်တက်ပြ ီး ကျန်တဲ့ ကိုးရက်ဆေးရုံမှာပဲ အချိန်ကုန်ခဲ့တာတွေကို ပြန်တွေးရင် ရင်ဖိုစရာလား ငိုစရာလား။ တမ်းတမိပြန်ပါတယ်။ တစ်ချို့ဆို စားမေးပွဲတောင် ဆေးရုံမှာဖြေခဲ့ရတာတွေဟာ အမှတ်ရစရာတွေပါ။

ဆေးရုံကဆင်းပြီး ဆိုင်ကယ်ထပ်မှောက်တဲ့အခါ ပြောစမှတ်တွင်ခဲ့တဲ့ သူငယ်ချင်းကိုလည်း ပြန်တွေ့ချင်တယ်။ ဘယ်သူအိမ်ထောင်အရင်ကျမလဲလု ိ့လောင်းခဲ့တဲ့ သူငယ်ချင်းမလေးကိုလည်းလွမ် းတယ်။ အဲဒီနှစ်တွေတုန်းက သူငယ်ချင်းတွေဒီလိုဖြစ်တော ့ ဆေးရုံကိုချောင်းပေါက်မတတ် သွားလို့ အိမ်ကငြူစူခဲ့တာတွေ၊ လိုအပ်တာတွေဝယ်ပေးရင်း ကျူရှင်ခတွေပြောင်ကုန်တာတေ ွ ၊ ဆေးရုံပေါ်မှာ လူနာစောင့်ရင်း ပျော်ပျော်ပါးပါးလုယက်စားေ သာက်ခဲ့တာတွေ၊ ညဖက်လူနာစောင့်များနေလို့ ဆရာဝန်တွေကဩချခဲ့တာတွေကို ပြန်တွေးကြည့်ရင်လည်း ကြည်နူးသလိုလို လွမ်းသလိုလို။ သူငယ်ချင်းတွေကြောင့်လည်းရ ဲစခန်းရောက်ခဲ့ဖူးတာပဲ။ ဒါပေမယ့် အပြစ်ယူဖို့နေနေသာသာ ဖေးမချင်နေတာက အရင်ရယ်ပါ။

တတိယနှစ်ရောက်တော့ ဆရာမတွေရဲ့တာဝန်ပေးချက်အရ အာစရိယ ပူဇော်ပွဲမှာ ကန်တော့ချိုးလေးတိုင်ပေးပါ ၊ တစ်ယောက်က ကျေးဇူးတင်စကားပြောပေးပါ၊ တစ်ယောက်က အနောင်ဇာလုပ်ပေးပါလို့ တာဝန်တွေအသီးသီးပေးအပ်ချင် ကိုခံရတယ်။ တကယ်တမ်းပွဲရက်ကြတော့ မေ့ပြီးတစ်ဖွဲ့လုံး ကျောင်းနောက်ဆုံးရက်ဆိုတော ့ နှုတ်ဆက်တဲ့အနေနဲ့ ခေါင်သွားသောက်နေကြတယ်လေ။ မိန်းကလေးတွေကလည်း သူတို့အစီအစဉ်နဲ့ သူတို့ပေါ့။ တစ်ကွဲစီ၊ တစ်ခြားစီ။ ပွဲချိန်က(၃)နာရီ။ ကျောင်းကိုပြန်ရောက်တာ (၂)နာရီ။ တစ်ဖွဲ့လုံးကိုလိုက်ရှာကြတ ဲ့ ဆရာမတွေမှာ ခေါင်းကိုမီးတောက်လို့။ ဒီအဖွဲ့ကိုပဲပြောထားတော့ မီးတောက်တာ ဆရာမတွေအလွန်လည်း မဟုတ်ပါဘူး။ ပြောရမယ့် စကားတွေ၊ တိုင်ရမယ့် ကန်တော့ချိုးတွေ၊ ကြေငြာရမယ့် အစီအစဉ်တွေကိုလည်း အချိန်ကပ်မှ ရတယ်လေ။ တစ်ကွဲတစ်ပြားစီဖြစ်နေတဲ့ သူငယ်ချင်းတွေကို စုရတာနဲ့ မူးနေတာတွေလည်း ကြက်ပျောက် ငှက်ပျောက်။ ဝါးရုန်းသုံးကားဖြစ်ကုန်တဲ ့ အဲဒီအချိန်ကို ပြန်မြင်ယောင်ကြည့်ရင် ခုထိရယ်ရမလို ငိုရမလို။ အမောတကော အိမ်ပြန် ရေမိုးချိုးပြီးကျောင်းကို ပြန်ရောက်တော့ (၃) နာရီထိုးဖို့ (၁၅)မိနစ်အလို။ ပွဲစချိန်နီးတော့ ကျောင်းသားတွေကလည်း စုံစုံညီညီပေါ့။

ပြသာနာကတော့ သူငယ်ချင်းမလေးထုံးထားတဲ့ ဆံထုံးကလည်း လျော့တီးလျော့ရဲ။ ကန်တော့ချိုးတိုင်မယ့်ကောင ်ကလည်း မူးချိန်ကမပြေသလိုလို။ ကျွန်တော်ကလည်း ချွေးတွေချွဲနှစ်လို့ ဆွပ်လာတဲ့ ရေးမွှေးနံ့အလည်း မမွှေးတော့။ အစီအစဉ်ကဒီလို။

သူငယ်ချင်းမလေးက အစီအစဉ်ကြေငြာမယ်။ ပြီးရင် အစီအစဉ်အတိုင်း ကန်တော့ချိုးတိုင်ပြီး ဆရာ/ဆရာမတွေကိုကန်တော့မယ်.။ ဆရာမတွေက ဆုံးမဩဝါဒစကားတွေ ချီးမြှင့်ပြောကြား ပေးမယ်။ လှူဖွယ်ကန်တော့ဖွယ်ရာတွေနဲ ့ ကန်တော့ကြမယ်။ နောက်ဆုံးပိတ်ကတော့ တတိယနှစ်ကျောင်းသားတစ်ယောက ်က ကျေးဇူးတင်စကားပြောကြားပေး ရမယ်။ ဒီလိုပေါ့။ ဆရာမတွေကလည်း သူတို့ တပည့်တွေကို ယုံကြည်မှတော့ ကျွန်တော်တို့ကလည်း တတ်သည့်ပညာမနေသာဆိုသလို အစွမ်းတွေထုတ်ပြရတော့တာပေါ ့။ လောလောနဲ့ ကျောင်းရောက်တော့ ကန်တော့ချိုးစာရွက်နဲ့ ကျေးဇူးတင်စကားပြောဖို့ရေး ထားတဲ့စာရွက် မှားပြီးဆွဲခဲ့မိပြန်တယ်။ ကန်တော့ချိုးတိုင်ရမှာက ကျွန်တော်။ ကျေးဇူးတင်စကားပြောရမှာက ဇော်ထွန်း။

ပွဲစပါပြီ။ တစ်ခါမှတည်တည်ငြိမ်ငြိမ်မေ နဖူးသော ချမ်းချမ်းက ဒီပွဲမှာ ဆိုက်ကြီး ဂိုက်ကြီးဖမ်းနေ တာကိုကြည့်ပြီး ကျွန်တော့်တို့ တစ်ဖွဲ့လုံး ပြုံးစိ ပြုံးစိ။ သူမကတော့ မင်ကြီးနဲ့ရယ်ပါ။ မင်ကောင်းလွန်းလို့ အစီအစဉ်တေါကြိုတင်ဖတ်ကြားေ နရာက မှားကြေငြာမိတယ်လေ..။ ပထမဆုံးအကြိမ် ဆရာမမျက်လုံးပြူးပါတယ်…။ ကြေငြာပုံက ကန်တော့ချိုးတိုင်ရမယ့်သူေ နရာမှာ ဇော်ထွန်း ၊ ကျေးဇူးတင်စကားပြောရမယ့်သူ က ျွန်တော်လို့ မှားကြေငြာမိပါရော။ အဲဒီမှာ ဂွကျကုန်တာပေါ့။ စာရွက်တွေလဲရ မှေးငေါ့ရ ဘာရနဲ့ ကုန်းကုန်းကွကွတွေဖြစ်နေတာ ကိုကြည့်ပြီး ဆရာမ ဒုတိယအကြိမ် မျက်လုံးပြုးရပြန်ပါတယ်။

ကြည့်ဦးလေ..မူးမူးရူးရူးနဲ့ကန်တော့ချိ ုးတိုင်လိုက်တာ ရှေ့စာကြောင်းနောက်ရောက် နောက်စာကြောင်းရှေ့ရောက်နဲ ့ လိုက်တာဆိုနေရတယ် မျက်ခုံးတွေလည်း လှုပ်မှလှုပ်။ အသံကလည်း လျှာလေး အာလေးသံကြီးနဲ့။ ဆရာမကတော့ မျက်လုံးတွေပြုးတထက်ကို ပြုးနေတယ်လို့ထင်တာပဲ။ သူကလည်းနပ်တယ်လေ..။ အစီအစဉ်(၂)အရ ကန်တော့ချိုးတိုင်ပေးပါရန် ကျောင်းသားတစ်ဦးအား လေးစားစွာဖြင့်ပ်ကြားအပ်ပါ သည် လို့လည်းဆိုလိုက်ရော ဇော်ထွန်းက ခပ်တည်တည်နဲ့ထရပ်တယ်။ ဒါတောင်လှဲမလိုလိုဖြစ်သေးတ ယ်။ ဆရာမကတော့ကြည့်နေတော့တာ။ ပြီးတော့ ကျွန်တော်ကတော့ တတိယနှစ် သမိုင်းမေဂျာမှ မောင်နေနေဖြစ်ပါတယ်တဲ့။ စကားဆုံးတော့ ခွီးခွီးနဲ့ ကျိတ်ရယ်သံတွေကြားရတယ်။ ဟုတ်တယ်လေ….သိတဲ့သူတွေများတော့ ဘယ်သူနာမည်ကဘယ်လိုဆိုတာကို တစ်ကျောင်းလုံးသိပြီးသား (အော်ကျောလံတွေကိုး)။
 
မောင်မင်းကြီးသားကတော့ သူ့လေသံနဲ့သူအံဝင်ခွင်ကျပဲ ..။ ဘုန်းကြီးသံလိုလို၊ ဂေါပကအသံလိုလို…။ တစ်ခုပဲရှိတယ် ။ ရှေ့နောက်စာကြောင်းမှားနေတ ာ..။ ပွဲမြန်မြန်ပြီးပါစေလို့ ဆုတောင်းနေရတာလေ..။ လာပါပြီ နောက်ဆုံး အစီအစဉ်။ ကျေးဇူးတင်စကားပြောရမယ့် ကျွန်တော့်အလှဲ့။ သူ့ကမှ နေနေ ဆိုတော့ ကိုက ဇော်ထွန်းလိုက်တာပေါ့ ။ စာရွက်ထဲမှာရေးထားတာအများြ ကီး။ ကျွန်တော့်ပြောလိုက်တာက ခဏလေး။ ပြီးလို့ပြီးမှန်းမသိလိုက် ဘူး။ အဲဒီလိုကိုတော်ကြတာ..။ ဆရာမကတော့ တတိယအကြိမ် မျက်လုံးပြူးသွားတာကိုကြည် ့ပြီး စိတ်ထဲကတော့ စိတ်မကောင်းပါဘူးဆရာမရယ်လု ိ့ ရေရွတ်လိုက်တယ်။ ပွဲပြီးတော့ ပြောလိုက် ဆူလိုက်တဲ့ဆရာမ ခုနေပြန်တွေ့ရင် အရင်လိုဆူပါဦးလား ဆရာမရေ..။

သူငယ်ချင်းတွေကို ပြန်တွေ့ဖို့ အခွင့်အရေးတစ်ခုကိုစောင့်ေ နရုံကလွဲလို့ ဘာမှမတတ်နိုင်တဲ့ အခြေအနေမှာ လွမ်းကြဦးမယ်သူငယ်ချင်းတု ိ့ရေလို့ ပြောလိုက်ပါတယ်..။