Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မယောင်ရာ ဆီမလူးကြနဲ ့

phone_kyawFebruary 8, 20121min26910

ရုပ်ရှင်အကယ်ဒမီပေးပွဲကို တီဗွီကနေတိုက်ရိုက်ထုတ်လွှင့်တာကိုကြည့်ရတာ ပျော်စရာကောင်းတယ်။ အရောင်အသွေးစုံလင်လှတဲ့ အီစီကလီမလေးတွေရော၊ ပညာရှင်တွေရော၊ ရုပ်ရှင်မင်းသားမဟုတ်တဲ့ ဝန်ကြီးတွေကော အားလုံးကို စုံလင်စွာ တွေ ့ရတယ်။ ကြည်ပြီးတော့ ကျနော် နိဂုံးချုပ်ကြည့်တယ်။

ငါ့အတွက် ဘာများ ရလဲ။ ဒီလိုမျိူးအကယ်ဒမီပေးပွဲကို ကြည့်တဲ့ အတွက် ဗဟုသုတရလား၊ ပညာရလား၊ ပျော်ရွှင်မှုရလား၊ စိတ်ချမ်းသာမှုရလား စသဖြင့်…ဘာများရလဲလို ့တွေးမိနေတယ်။

စိတ်ထဲမှာတော့ မင်းသမီးချောချောလေးတွေကို ကြည့်ရတာတော့ မဆိုးဘူးလို ့ပြောချင်တယ်။ ဒါတော့ ရတယ်။ ပြီးတော့ ခဏပဲ ခံတယ်။ ရတဲ့ဟာက ပျောက်သွားတယ်။

ဒီလိုမျိူး အရည်မရ အဖတ်မရ အကယ်ဒမီးပေးပွဲကိုတောင် တီဗွီမှာတိုက်ရိုက်လွှင်တယ်ဆိုရင် ဘာ့ကြောင့်များ လွှတ်တော်တွင်းမှာ ဆွေးနွေးနေတာကို တိုက်ရိုက်မလွှင့်တာလဲ။ ဒီမိုကရေစီနိုင်ငံတွေမှာတော့ တိုက်ရိုက်လွှင်တာတင်မကဘူး စိတ်ဝင်စားတဲ့ပြည်သူကတောင် စိတ်ပါရင် လွှတ်တော်ထဲမှာ သွားပြီး နားထောင်လို ့ရတယ်။ ဥပမာ အမေရိကန်၊ ဩစီ နဲ ့ ယူကေကို ကြည့်ပါ။

တခြားတိုက်ရိုက်လွှင်သင့်တဲ့ အရာတွေလည်း အများကြီးရှိတယ်။ ဥပမာဗျာ မီးလောင်တာ၊ ရေးကြီးတာ၊ အပစ်အခတ်ရပ်စဲရေးလက်မှတ်ထိုးတာ…စသဖြင့် ဒီလိုမျိူး နိုင်ငံနဲ ့လူမျိူးအတွက် အရေးကြီးတဲ့ သတင်းတွေကို မလွှင့်သင့်ဘူးလား။ အကယ်ဒမီပွဲကပဲ အရေးကြီးဆုံးလား။ ဝန်ကြီးတွေ ဖွန်ကြောင်ဖို ့ အကယ်ဒမီပေးပွဲတက်တာလား။

လက်ရှိအစိုးက တကယ်တမ်း မှု တွေပြောင်းနေပါတယ်ဆိုရင် ကျနော်ပြောတဲ့အရာတွေလည်း ပြောင်းသင့်နေပြီ။ ဒု-သမ္မတက မင်းသားလား။ သူ ့မိန်းမ မင်းသမီးလား။ နောက်ပြီး ဦးကျော်ဆန်းက ဟာသမင်းသားလား။ မဆီမဆိုင် ကိုယ့်နေရာနဲ ့ကိုယ်မနေပဲ မယောင်ရာဆီလူးပြီး ဝင်ပါနေတာကို မျက်စိနောက်လို ့ပါဗျာ။ တခြားနိုင်ငံက အကယ်ဒမီပေးပွဲတွေမှာ ဝန်ကြီးလည်းမတွေ ့ဘူး။ သမ္မတလည်းမတွေ ့ဘူး။ ဝန်လေးလည်း မတွေ ့ဘူး။ သူတို ့ကိုတွေ့တဲ့နေရာက တကယ်ဒုက္ခတွေ ့နေရတဲ ့နေရာတွေမှာ ကူညီပေးနေတာကိုပဲ တွေ ့တယ်။ ဒါ့ပေမဲ့ မြန်မာပြည်ကတော့ သူများထက်ထူးပြီး နဖူးမှာ ဟိုဟာတက်ပေါက်နေသလိုပဲ။ ဒါ့ကြောင့် ဒါတွေလည်းပြောင်းတော့။

အကယ်ဒမီပေးပွဲကိုတောင် တီဗွီကနေ တိုက်ရိုက်ငွေကုန်ခံပြီး လွှင့်တယ်ဆိုရင် တိုင်းပြည်အတွက် အရေကြီးတဲ့သတင်း၊ ပြည်သူတွေဗဟုသုတနဲ ့ အကျိူးရှိစေမဲ့ သတင်းတွေကိုလည်း တိုက်ရိုက်လွှင့်ပါ။ နေရာတကာ ဝန်ကြီးတွေ မင်းသားမလုပ်ချင်ပါနဲ ့။ မျက်စိနောက်လို ့ပါ။

10 comments

  • kai

    February 8, 2012 at 4:17 pm

    ဖြစ်ပုံက.. အဲဒီရုပ်ရှင်ထူးချွန်ဆုကို.. အစိုးရကကမကထပြု… လုပ်နေတာပဲ..။ ဒါက.. မဆလခေတ်ရဲ့..အမွေတခုလို့ထင်တယ်..။ ဒီတော့..ဝန်ကြီးတွေ..ဝန်ထမ်းတွေ.. ပါရတေ့ာတာပေါ့…။
    ( ရုပ်ရှင်အစည်းအရုံး၊ ဂီတအစည်းအရုံး။ ဆင်ဆာအဖွဲ့..သဘင်.. ဘာညာတွေက.. အစိုးရပိုင်လို့..ယူဆမိပါတယ်.။ -မဟုတ်ရင်ပြင်ပေးပါ)
    ဘယ်ကဘတ်ဂျက်နဲ့လုပ်နေသလည်း.. ဘယ်သူတွေဘယ်လောက်သုံးလိုက်သလည်း.. ထုတ်ပြန်ဖို့ကောင်းပါတယ်..။
    အဲဒီငွေတွေက..လူထုပိုင်ငွေတွေဖြစ်တာမို့(ဖြစ်မယ်ဆိုရင်). နှမြောစရာကောင်းတာတော့ အမှန်ပါပဲ..။

    ပုဂ္ဂလိကအဖွဲ့အစည်းတခုခု.. အသင်းအဖွဲ့တခုခုက. NGO, NPO တို့က… လွှဲယူပြီးလုပ်သင့်တယ်..။ အစိုးရက.. ဘက်ဂျက်ရှာတာမှာ.. . ရုံးအဟောင်းတွ..သမိုင်းဝင်အဆောက်အဦတွေ.. ထုတ်ရောင်းနေတာနဲ့စာရင်.. ဒီလိုအကယ်ဒမီပေးပွဲမျိုး .ပွဲလုပ်ခွင့်ကို.. .လေလံခေါ်ရောင်းသင့်တယ်..။

    လေလံအောင်တဲ့..အဖွဲက….. တီဗီမှာလွှင့်တာ.. ဘာညာ.ကုန်ကျစရိ်ပ်ကာမိအောင်… . ကြော်ငြာကောက်ပေါ့..။ သာမန်အားဖြင့် ဒီလိုပွဲမျိုးက.. လူကြည့်များမှာမို့.. အမြတ်ကျန်မှာ အသေအချာပါပဲ…။

    ဒါကို မလုပ်ရဘူးဆိုပြီး ပိတ်ပင်ရရင်တော့.. လူထုအတွက်မတရားပါဘူး..။
    ဖျော်ဖြေရေးဖြစ်တာမို့.. လူထုအတွက်..ရှိသင့်..ရှိထိုက်တာတော့ အမှန်ပါ..။

    • phone_kyaw

      February 9, 2012 at 4:51 am

      Very good idea Mr Kai. I want Mr San to read this comment and think about it. Very good contribution.

  • Davit

    February 8, 2012 at 5:00 pm

    ရေးထားတာ အရမ်းကောင်းပါတယ် ကိုဘုန်းကျော်……….ဆက်လုပ်ဗျာ

  • ပြောပေါင်းများလို့ရိုးနေပါပြိ……………………………………….
    ပြောပေါင်းများလို့ရိုးနေပါပြိ……………………………………….
    ပြောပေါင်းများလို့ရိုးနေပါပြိ……………………………………….
    ပြောပေါင်းများလို့ရိုးနေပါပြိ……………………………………….
    ပြောပေါင်းများလို့ရိုးနေပါပြိ……………………………………….
    ပြောပေါင်းများလို့ရိုးနေပါပြိ……………………………………….
    ပြောပေါင်းများလို့ရိုးနေပါပြိ……………………………………….
    ပြောပေါင်းများလို့ရိုးနေပါပြိ……………………………………….
    ပြောပေါင်းများလို့ရိုးနေပါပြိ……………………………………….
    ပြောပေါင်းများလို့ရိုးနေပါပြိ……………………………………….
    ပြောပေါင်းများလို့ရိုးနေပါပြိ……………………………………….

  • sawluu

    February 8, 2012 at 8:30 pm

    ရှင်နဲ့လိုက်မဲ့ အမည်လေးတခုတော့ ပေးလိုက်ချင်သား…………………….၊
    ရှင်နဲ့လိုက်မဲ့ အမည်လေးတခုတော့ ပေးလိုက်ချင်သား…………………….၊
    ရှင်နဲ့လိုက်မဲ့ အမည်လေးတခုတော့ ပေးလိုက်ချင်သား…………………….၊
    ရှင်နဲ့လိုက်မဲ့ အမည်လေးတခုတော့ ပေးလိုက်ချင်သား…………………….၊
    ရှင်နဲ့လိုက်မဲ့ အမည်လေးတခုတော့ ပေးလိုက်ချင်သား…………………….၊
    ရှင်နဲ့လိုက်မဲ့ အမည်လေးတခုတော့ ပေးလိုက်ချင်သား…………………….၊
    ရှင်နဲ့လိုက်မဲ့ အမည်လေးတခုတော့ ပေးလိုက်ချင်သား…………………….၊
    ရှင်နဲ့လိုက်မဲ့ အမည်လေးတခုတော့ ပေးလိုက်ချင်သား…………………….၊

  • မိုက်ကယ်ဂျော်နီငပွ

    February 8, 2012 at 9:04 pm

    ဗျန်းဗျန်းဗျန်း

  • မိုက်ကယ်ဂျော်နီငပွ

    February 8, 2012 at 9:11 pm

    ဘာဘဲပြောပြောပါ
    ဒီပို့စ်နဲ့ သဂျီးမင်းတရားကြီးရဲ့ ကော်မန့်ဟာ
    သိပ်လိုက်ဖက်လှပါတယ်
    ဒီလိုမျိုး တစ်ခါမျှ နားမလည်မိခဲ့ဘူးပါဘူး

  • sawluu

    February 8, 2012 at 9:23 pm

    မှန်တာပြောရပါသော် ယခုရေးသော ရေးသားချက် အဓိပ္ပါယ် ကောင်းပါ၏ ။

  • kyeemite

    February 9, 2012 at 9:52 am

    ဖြစ်သင့်တာကြာပါပီ..အကယ်ဒမီပွဲ နဲ့ သမ္မတတွေ ဝန်ကြီးတွေဆိုတာ..
    အမြင်မတော် ဆင်တော်နဲ့ခလောက်ဆိုတာလိုဖြစ်နေတာ..
    “ တခြားနိုင်ငံက အကယ်ဒမီပေးပွဲတွေမှာ ဝန်ကြီးလည်းမတွေ ့ဘူး။ သမ္မတလည်းမတွေ ့ဘူး။ ဝန်လေးလည်း မတွေ ့ဘူး။ သူတို ့ကိုတွေ့တဲ့နေရာက တကယ်ဒုက္ခတွေ ့နေရတဲ ့နေရာတွေမှာ ကူညီပေးနေတာကိုပဲ တွေ ့တယ်။“……..အဲဒီအချက်ကအထိရောက် ဆုံးဘဲ ဗျ..ထောက်ခံပါတယ်…

  • kokothandar

    February 9, 2012 at 11:47 am

    ဒါက အကယ်ဒမီ နောက်နှစ်မှာ ရချင်ကြလား လာထား…………………………….လာထား….လာထားလို့ပြော…နေသလို
    ပါဘဲလေ…ဒီကြား မှာ ကို ကျော်သူ လုပ်ရပ်နဲ့ ရပ်တည်ချက်ကလဲ မှတ်သားလောက်ပါပေတယ်
    မြန်မာပြည်မှာ ပြန်ကြားရေးဝန်ကြီးဆိုတာတွေဟာ အရှက်နဲသူတွေများပါတယ်

Leave a Reply