Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မြစ်ထဲမှာဘုတ်စီးလို့ရပြီ

မြသဲ ( 17082011 )February 13, 20121min73928

ဟိုတနေ့ကရွာထဲမှာပြောနေကြတဲ့ရန်ကုန်မြစ်ထဲမှာ မော်တော်စီးချင်ကြတဲ့ရွာသူရွာသား အပေါင်းတို့ကိုဒီပိုစ့်ကလေးနဲ့ဆန္ဒ  ဖြည့်ပေးလိုက်ပါတယ်။ ဒီပုံလေးကတော့ ဟိုနေ့တုန်းက ဗိုလ်တထောင်ဆိပ်ကမ်းရောက်တုန်း ရန်ကုန်မြစ်ထဲမှာစီးလို့ရတဲ့ အပျော်စီးမော်တော်လေးကပ်ထားတာမြင်လို့ မေးကြည့်လိုက်တော့ မြစ်ဝကို အပျော်စီးတဲ့ဘုတ်ကလေးလို့သိရပါတယ်။ ၃ ထပ်ပါပါတယ်။ တပါတ်ကို ၃ ရက်ထွက်တယ်လို့သိရပါတယ်။ တယောက်ကို ၃၀၀ဝ ကျပ်ပေးရတယ်လို့လဲသိရပါတယ်။ ည ရ နာရီထွက်ပြီး ပင်လယ်ဝထိသွားတယ်လို့လဲသိရပါတယ်။ မြစ်ထဲကိုလှေစီးချင်ကြတဲ့ သူများစုပြီးအပျော်စီးလို့ရပါတယ်။ ဆိပ်ကမ်းရုံးမှာလက်မှတ် ဝယ်လို့ရတယ်လို့လဲ သိရပါတယ်။ အသေးစိတ်သိရရင်တော့ ထပ်ပြောပေးပါ့မယ်။ ဇင်ယော်လေးတွေလဲအစာကျွေးလို့ရပါတယ်။

 

 

28 comments

  • ပုသိမ်သူ

    February 13, 2012 at 9:38 pm

    ကွန်မကောင်းလို့မနက်မိုးလင်းကတဲကတင်တာ။ အခုညမှ ၄ ပုံပဲရတယ်။ နောက်မှကျန်တာလေးတွေထပ်တင်ပေးပါမယ်။

  • koyinmaung

    February 13, 2012 at 10:06 pm

    တယ်မိုက်ပါလား……
    ဓါတ်ပုံတွေထပ်တင်ပါအုံး

  • padonmar

    February 13, 2012 at 11:50 pm

    စီးချင်စရာပါပဲ။
    ၃၀၀ဝ ဆိုတာလည်းဈေးလေးမဆိုးပါဘူး။ပုံလေးတွေလည်းလှပါတယ်။
    လူဘယ်နှစ်ယောက်ဆန့်လဲ။

    • ပုသိမ်သူ

      February 14, 2012 at 7:59 am

      လူ ၁၀၀ဝ လောက်ဆံ့တယ်ပြောတယ်။ သိပ်တော့မသချာဘူး။ ဒါပေမဲ့ ၃ ထပ်ဆိုတော့တော်တော်တော့ဆံ့မှာပါ။

      • htoosan

        February 14, 2012 at 8:58 am

        ပုသိမ်သူ .. သုည တစ်လုံးများပိုသွားလား … ၁၀၀ဝ ဆိုရင်တော့ စီးရဲဘူး . လိုင်းကားထက် ဆိုးသွားမယ် .. ဝီစီမူတ်ခံထိနေဦးမယ် … 🙄 😀

        • ပုသိမ်သူ

          February 14, 2012 at 9:45 am

          ကျွန်မလဲမသိဘူး။ အဲဒီနားက နောင်နောင်သည်ကိုမေးကြည့်ရတာ။ သူကပြောလို့ ၁၀၀ဝ ဆိုတာ။ ကျွန်မတို့ကတော့မဖြစ်နိုင်ဘူးထင်တယ်လို့ပြောခဲ့သေးတယ်။ သူကတော့ ၃ ထပ်တောင် အမရဲ့ဆိုပြီးပြန်ငြင်းနေတာ။ ဆိပ်ကမ်းကအမတစ်ယောက်ကိုသေချာအောင်မေးခိုင်းထားတယ်။ သိရရင်ထပ်ပြောပါမယ်။

  • water-melon

    February 14, 2012 at 8:11 am

    ဆိုမာလီဓားပြရန်ကရော ကင်းလား :mrgreen:
    တော်ကြာ သများစီးတုန်း ဖမ်းသွားရင် ဒုက္ခ
    သင်္ဘောကတော့ အပျံစားဘဲ
    တိုက်တန်းနစ်လိုတော့မဟုတ်ပါဘူးနော့ 😀

    • ပုသိမ်သူ

      February 14, 2012 at 8:15 am

      ဖမ်းသွားလဲမိုက်တယ်။ တချိုသဘောင်္သားတွေဆိုအဲမှာတအိုးတအိမ်တောင်ဖြစ်နေဆိုပဲ။ လူပျိုကြီးတွေစွန့်စားသင့်တယ်ထင်တာပဲ။ ( အချွန်နဲ့မလိုက်ပြီ )။
      တိုက်တိုင်းတော့နစ်မယ်မထင်ပါဘူး။ ချက်ကောင်းတိုက်မှပါ။ ဟီဟိ

  • weiwei

    February 14, 2012 at 9:08 am

    တစ်ခါလောက်တော့ စီးကြည့်ချင်သေးတယ် … ပင်လယ်ဝအထိပဲဆိုတော့ ခဏလေးပဲ စီးရပြီး ၃၀၀ဝ ပေးရမှာ မတန်သလိုပဲ …. လူ ၁၀ဝ လောက်တင်မယ်ဆိုတော့လဲ တော်တော်ကြပ်မယ့်ပုံပဲ …
    ပင်လယ်ဝကို စက်လှေနဲ့သွားဖူးတယ် … လှိုင်းနဲနဲရှိတယ် …

  • kyeemite

    February 14, 2012 at 9:56 am

    ဓပုံလေးတွေကောင်းပါတယ်..မြားလဲစီးချင်ထှာ..

  • MaMa

    February 14, 2012 at 10:07 am

    စိတ်ဝင်စားတယ်။ ဘယ်လို စုံစမ်းရမလဲ သိချင်တယ် ပုသိမ်သူရေ။
    နောက်တစ်ခါ ရွာ့အစည်းအဝေးပွဲ လုပ်ဖို့ နေရာတွေ့သွားပြီ 😀
    (ပြီးမှ သဂျီးဆီကို ဘီလ်တင်ရမယ်။)

  • awra-cho

    February 14, 2012 at 10:11 am

    လန်း လှချည် လား။ နှစ်ယောက်တည်း ပဲ စီးချင်ပါတယ် ဗျာ။

    • Thel Nu Aye

      February 14, 2012 at 2:33 pm

      ရတယ်။ ကြိုက်သလောက်စီးကျသလောက်ရှင်း။ ဟင်းဟင်းဟင်း

      • windtalker

        February 14, 2012 at 8:26 pm

        အဲ့ရောက်မှ
        သဲနုလေး ကို အကူအညီတောင်းဦးမယ်နော
        ပုံမြင်တာနဲ ့တင် စီးချင်လို ့ပါကွယ်

  • jujuma

    February 14, 2012 at 10:50 am

    တစ်ယောက် ၃၀၀ဝ ဆိုတော့ မဆိုးဘူးနော်..
    စီးဖူးတယ်ရှိအောင်တော့ သွားစီး မှပဲ …
    ကျေးဇူးနော် ခုလိုပုံလေးတွေတင်ပေးလို့ ….

  • စိန်ပေါက်ပေါက်

    February 14, 2012 at 10:54 am

    ပုံတွေကြည့်ပြီး
    ဘုတ်ထဲမှာမြစ်တောင် စီးချင်လာဘီ

  • Arkar11

    February 14, 2012 at 12:31 pm

    TNA ရေ..သတင်းမှားနေပြီထင်တယ်နော်….အဲဒီ ဘုတ်က လူ၂ဝ – ၃ဝ ထက်ပိုဆံ့မှာမဟုတ်ဘူး…ပြီးခဲ့တဲ့နှစ်ထဲကတွေ့ဖူးတာ…အဲဒီတုန်းက လူတွေအနားကပ်ကြည့်ကြလို့
    အပေါ်မတက်အောင် crime scene လိုပဲကြိုးနဲ့ကာထားလို့ တက်ကြည့်လို့မရခဲ့ဘူး…
    ရန်ကုန်ကသူဌေးကြီးတစ်ယောက်ရဲ့ private ဘုတ်ပါ… အရင်တုန်းကတော့ စဉ့်အိုးတန်းဆိပ်မှာ
    ၃၀၀ဝ ပေးဆီးရတဲ့ အပျော်စီးသဘေ်ားရှိတယ်…နာဂစ်မိသွားလို့အခုမရှိတော့ဘူး…
    အသေးစိပ်သိလို့ရှိရင် ပြောပြပါအုံး..တကယ်စီးလို့ရတယ်ဆိုရင် သွားစီးချင်လို့ပါ…

    • Thel Nu Aye

      February 14, 2012 at 1:28 pm

      မဟုတ်ဘူးထင်တယ်။ စီးလို့ရတယ်တဲ့။ ဘယ်နှစ်ယောက်ဆံ့လဲတော့အတိအကျမသိပေမဲ့ ကျွန်မသွားတာ စနေနေ့။ ဒီနေ့ထွက်မှာလားလို့မေးတော့သာကြာနေ့ကထွက်လို့စနေမှာ မထွက်တော့ဘူးလို့ပြောတယ်။ မမှားလောက်ဘူးမှတ်တာပဲ။ သူတို့ကအတိအကျပြောတာ။ မဟုတ်ပဲနဲ့တော့ပြောမှာမဟုတ်လောက်ပါဘူး။ သေချာမေးထားပါတယ်။ ဆိပ်ကမ်းရုံးမှာလက်မှတ်ဝယ်လို့ရတယ်လဲပြောပါတယ်။

      • Thel Nu Aye

        February 14, 2012 at 1:32 pm

        အခုကတော့လူတွေတက်လို့ရပါတယ်။ ကျွန်မကဓါတ်ပုံရိုက်ချင်နေတာနဲ့ရယ်။ လှိုင်းလှုပ်နေတာရယ်နဲ့မတက်ခဲ့တာပါ။ ဓါတ်ပုံထဲမှာဒီတိုင်းတက်ထိုင်နေတဲ့လူတွေတွေ့နိုင်ပါတယ်။

      • Arkar11

        February 14, 2012 at 4:05 pm

        ရီပလိုင်းပြန်တဲ့အတွက်ကျေးဇူးပဲအမရေ…ရတယ်ဆိုရင်တော့သွားစီးကြည့်လိုက်မယ်….စုံစမ်းလို့ရမယ့်ဖုန်းနံပါတ်ရှိရင်လည်းကျေးဇူးပြုပြီးတင်ပေးပါအုံး…

        • Thel Nu Aye

          February 14, 2012 at 4:32 pm

          အိုကေ။ ထပ်တင်ပေးပါ့မယ်။ ရောင်းကောင်းနေတယ်။ တကယ်ဆိုရင်တော့ဆိပ်ကမ်းကို ကော်မရှင်တောင်းမှဖြစ်တော့မယ်။ ဟီဟိ

  • နွယ်ပင်

    February 14, 2012 at 12:41 pm

    ဓါတ်ပုံလေးတွေကြည့်ပြီး စီးတောင် စီးချင်လာပြီ
    3000 ဆိုတော့ ဈေးကလည်းမဆိုးဘူးပဲ
    ဒါပင်မယ့် လူ 1000 ဆိုရင်တော့ မစီးရဲဘူး ………………

  • ရွာစားကျော်

    February 14, 2012 at 12:53 pm

    ဒီနှစ် မင်္ဂလာနှစ်ပတ်လည်မှာ
    ချစ်သည်းနဲ့ နှစ်ယောက်တည်း ငှားစီးမယ်.. 🙂

  • amatmin

    February 14, 2012 at 1:00 pm

    အမပုသိမ်သူရေ..

    တကယ်စီးလို့ရရင်တော့ .စီးချင်သားးး..
    အပေါ်ထပ်မှာလေတဟူးဟူးနဲ့ ပုလင်းလေး မော့လိုက်ရရင်တော့…
    အို…၃၀၀ဝ နဲ့ရမရ..အဆင်ပြေရင် စုံစမ်းပြီး တင်ပေးပါဦးဗျ..

    • Thel Nu Aye

      February 14, 2012 at 2:38 pm

      မေးထားပါတယ်။ အဲဒီအမလိုက်ဖမ်းနေတာ။ လူကြီးမင်းနဲ့ပဲတွေ့နေလို့။ မှာထားခဲ့ပါတယ်။ သိရရချင်းတင်ပေးပါ့မယ်။

      • etone

        February 14, 2012 at 2:53 pm

        အစ်မသဲနုအေးရေ .. လူစုပြီး တစ်ရက်လောက်သွားစီးရအောင်နော် … ။ ဒါနဲ့ …. အသက်ကယ်ဖို့ ပစ္စည်းတွေရော အဲ့ဒီဘုတ်ပေါ် လူစေ့စာ ပါပါ့မလား တော့ စိုးရိမ်မိတယ် … ။
        သုံးထောင်ဆိုတာကတော့ .. ပေးပျော်ပါတယ် … ညဘက်လေတဖြူးဖြူးမှာ ရေရိုက်ခတ်သံလေးတွေလည်း ကြားနိုင်မယ် … ခဏတာ အမောတွေလည်း ပြေလျှော့စေမယ်ဆိုလျှင် … သုံးထောင်တောင် ပိုတန်နေသေးတယ် … ။ 🙂

        • Thel Nu Aye

          February 14, 2012 at 3:46 pm

          သေချာအောင်မေးပြီးရင်ကျန်တဲ့ပုံတွေနဲ့ထပ်တင်ပါမယ်။ အခုလောလောဆယ်အဲဒီအမက လူကြီးမင်းဖြစ်နေလို့။ မိအောင်ဖမ်းလိုက်အုံးမယ်။

Leave a Reply