Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

“မန်းလေးတောင်……………….သွားကြည့်ရအောင်”

1 ကျနော်တွေ့ဘူးသမျှ စက်လှေခါးထဲမှာ အမြင့်ဆုံးအမတ်ဆုံးဆိုတဲ့မန်လေးတောင်က စက်လှေခါး
2အပေါ်စီးကမြင်ရတဲ့ မန်းလေးတောင်စက်လှေကား
3 စက်လှေကားအထပ်ကနေမြင်ရတဲ့ မြူတွေုဆိုင်းနေတဲ့မြင်ကွင်း

4 အရှေ့ဘက်ရိုးမတောင်ခြေအထိ မြူတွေထနေတဲ့မြင်ကွင်း
5ရွက်ဝါတွေခြွေချတော့မယ့် သစ်ပင်တွေကြားကမြင်ရတဲ့ မန်းလေးရီဆော့ ဟိုတယ်
6 မန်းတောင်ရဲ့ အနောက်တောင်ဘက်မြင်ကွင်း
7 အနောက်မြောက်ဘက် ဂေါက်ကွင်းပါမြင်ရတဲ့နေရာ
8 ကျုံးကိုမြင်နေရတဲ့နေရလေးပါ
9 တိုင်းရင်းဆေးကျောင်းရယ် လယ်ကွင်းတွေရယ် ............................မြင်နေရတဲ့နေရာ နေသာရင် ကမင်းကွန်းက ပုထိုးတော်ကိုတောင်ဒီနေရာကနေမြင်ရပါတယ်
10 ဘုရားဖူးလာတဲ့ တိုင်းရင်းသားတွေ
11 မရှိမဖြစ်မြွေကြီးနှစ်ကောင်.............မန်းလေးတောင်ရဲ့သင်္ကေတ
12 သူတို့ကလဲရိုက် ကျနော်ကလဲရိုက်(အလည်လာတဲ့နိုင်ငံခြားဧည့်သည်)
13 မန်းလေးတောင်က စေတီ အမြင့်ဆုံးလို့ပြောနိုင်ပါတယ်
” မန်းလေးတောင် မြွေကြီးနှစ်ကောင်သွားကြည့်ရအောင်”

 

မန်းလေးတောင်နဲ့ပါတ်သက်ရင် ငယ်က အော်ဆိုခဲ့တဲ့သီချင်းလေးတပုဒ်ကတော့ အခုချိန်

အထိအမှတ်တရ။

“မန်းလေးတောင်မြွေကြီးနှစ်ကောင်သွားကြည့်ရအောင်”ဆိုတာလေးပေါ့။

နောက်”မန်းမြေတောင်ပေါ်မှာလေ ပျော်စရာမို့သွားကြစို့လေ”

ဆိုတာကလည်းထင်ရှားတဲ့သီချင်းတပုဒ်ပါဘဲ။

ဖေဖော်ဝါရီလဆန်းရက်တစ်ရက်မှာတော့ မန်းလေးတောင်ကိုဆိုင်ကယ်နဲ့တက်ဖြစ်ပါတယ်။

မန်းလေးတောင်အတက်လမ်းက တကယ်တမ်းပြောရရင် မတ်ပါတယ်။

ပိုဆိုးတာက တစ်ဆစ်ချိုးအကွေ့က ခေါက်ကွေ့ရတော့ အန္တရာယ်များပါတယ်။

ကိုယ့်ရှေ့က မောင်းတဲ့ယာဉ်က ကြောက်နေရင် နောက်ကလူက ဒုက္ခရောက်ပါတယ်။

မေမြို့တက်ရတာထက်ပိုခက်ခဲပါတယ်။

တောင်ပေါ်ရောက်ခါနီး လမ်းတစ်ဝက်မှာ ယာဉ်ဝင်ခ 200ကျပ်။

တောင်ပေါ်ရောက်တော့ ယာဉ်အပ်ခ300။

မြန်မာငွေသုံးရာကုန်ရင်မန်းလေးတောင်ပေါ်ကို ရောက်ပါတယ်။

ဆိုင်ကယ်တစ်စီးကို လူနှစ်ယောက်တက်တော့ တစ်ယောက်250နူန်းပေါ့။

ဓါတ်ဆီဘိုးကတော့ အသွားအပြန်တစ်ကွာတ ဆိုတော့800လောက်တော့

ကုန်ပါတယ်။

မန်းလေးတောင် မှာဓါတ်လှေကားရှိပေမယ့် အခါကြီးရက်ကြီးမှ ဖွင့်ပါတယ်။

စက်လှေကားကတော့ အမြဲဖွင့်တယ်ထင်ပါတယ်။.

ကျနော်ကတော့ အတက်စက်လှေခါး။

အပြန်ကျတော့ ခြေလျင်ပါဘဲ။

ဘာလို့လဲဆိုတော့ ထူးဆန်းစွာတာက စက်လှေခါးက အဆင်းမရှိဘဲ အတက်ဘဲရှိလို့ပါ။

မန်းလေးတောင်ပေါ်ရောက်တာနဲ့ကျယ်ပြန့်သောနေရာထိုင်ခင်း

သန့်ရှင်းသောလေကြောင့် လူက လန်းဆန်းလိုလာပါတယ်။

ဆောင်းမနက်မို့မြူမူံမူံ မြင်ရတဲ့မြင်ကွင်းက မူံရီရီ ကြည်နူးစရာ။

အဲတောမန်းလေးတောင်ရဲ့မြင်ကွင်းလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

 

 

ကိုပေါက်ရဲ့စနက်ရှော့မဟုတ်တဲ့လက်ဆော့

(17-2-2012)

 

 

 

 

 

19 comments

  • water-melon

    February 19, 2012 at 7:46 am

    တောင်ပေါ်ရောက်ခါနီး လမ်းတစ်ဝက်မှာ ယာဉ်ဝင်ခ 200ကျပ်။
    တောင်ပေါ်ရောက်တော့ ယာဉ်အပ်ခ300။ ကျန်သေးတယ်လေးပေါက်
    ဖိနပ်အပ်ခက ၂၀ဝကျပ်၊စက်လှေကားခက ၂၀ဝကျပ် ၊ လူများရင် ပိုကုန်တယ်လေးပေါက်။
    စက်လှေကားမစီးရဲဘူး အမြင့်ကြောက်တယ်။

  • kotun winlatt

    February 19, 2012 at 8:39 am

    ကင်မရာပါရင်လည်း ပိုက်ပိုက်ပေးရသေးတယ်မဟုတ်လားးဗျ
    ဒါနဲ့ စက်လှေခါးက ဘာလို့ အဆင်းမရှိတာလဲဟင်….
    ထူးးးဆန်းးးးးးသော စက်လှေကားကြီးပေါ့နော်…..
    မန်းးလေးးးတောင်မှာ တောသားတွေကို ဓာတ်ပုံအတင်းရိုက်ခိုင်း
    တစ်ပုံထဲကို ပုံတွေအမျိုးမျိုးလုပ်ပီး ရိုက်စားလုပ်နေတဲ့
    ဓာတ်ပုံဆြာဒွေရှိနေတေးးးလားးး လေးးးပေါက်ရ…

  • memeseku

    February 19, 2012 at 9:07 am

    အူးပေါက်….changi airport ကဓါတ်လှေခါးကပိုမတ်တယ်ထင်တယ်….ပိုလဲမြင်.တယ် …လာလည်ပါလား….ဒီမှာရိုက်စရာနှက်စရာတွေပေါမှပေါ…စို်င်လဲကောင်းကောင်းပစ်လို့ရတယ် ….စိုင်တိုလေးတွေ….အဟိ..နောက်တာနော်….အူးပေါက်…. ဓါတ်ပုံတွေကိုအမြဲကြည်.ဖြစ်တယ်…ကျနော်.ကင်မလာတော့beach သွားလိုက်တာ..နေမကောင်းဖြစ်ပီးအိပ်ရာထဲလဲသွားပြီ…
    စိတ်မကောင်းထှာ…(နှူးဘာဂိုဏ်းချုပ်လေသံ) 🙂

  • ဖိနပ်ကိုဆိုင်ကယ်စတင်းမှာအပ်။
    စက်လှေကားကတော့ ကြိုက်သလောက်ထည့်။
    ဟိုတစ်ခါသွားတော့ ကင်မရာက ငါးရာ။
    ဒီတစ်ခါတော့လာမတောင်းတော့ဘူး။
    ကင်မရာခွန်မပေးရတော့ဘူးလို့တော့ပြောတာဘဲ။
    ဓါတ်ပုံရိုက်စားရော
    ပန်းသည်ရော ရှုပ်ယှက်ခပ် ဒါကတော့ သူ့စီးပွားရေး။
    ဒါတောင်စက်လှေကားအတက်မှာ ကင်မရာမထုတ်တော့ တစ်ယောက်က ဓါတ်ပုံမရို်က်ရဘူးလာလုပ်တယ်။
    ကျနော်ကလဲတောသားနဲ့တူတာကိုးဗျ ကပိုကရိုနဲ့။
    အဲဒီပြောတဲ့လူကို ဘယ်သူက မရိုက်ရဘူးပြောတာလဲလို့မေးတော့ ဘာမှပြန်မဖြေဘူး။
    ကိုပေါက်ကို သံပုရာသီးအကြီးစား မှတ်နေပုံရပါ၏။

    • ချစ်ရင်ထူးနှစ်

      February 19, 2012 at 2:11 pm

      ကိုပေါက် ဘိနပ်ကို Tool Box ထဲ ထည့်ခဲ့လို့ မရဘူးလား၊
      ကိုပေါက်ကို အချဉ်မှတ်နေတာ ဖြစ်မှာပေါ့ အင်းပေါ့လေ လူကို က တောသားရုပ်ဆိုတော့ 🙂
      အလောင်းတော် ဆိုလို့ အထဲကို ဝင်ကြည့်ချင်တာဗျာ…
      အဲဒါကြီးကို ဖွင့်လိုက်ရင် ပြီးရော…
      ခုတော့ အပြင်ကနေပဲ ဖူးရတာလေ..

  • ချန်ဂီတော့လာချင်သား။
    မီမီ စက္ခုရေ။
    ဒီမြန်မာပြည်ထဲမှာကို မနှံ့သေးဘူး။
    အလောင်းတော်ကဿဖ။
    ကျိုက်ထီးရိုး။
    ပင်းတယ။
    ဓါတ်တော်ချိို့င့်။
    အင်းတော်ကြီး။
    မြစ်ဆုံ အများကြီးကျန်သေး၏။

    • zarzarhtwe

      February 20, 2012 at 6:08 am

      ဦးပေါက်ရေ ရွှေစက်တော်(မန်းစက်တော်ရာ) လည်းကျန်နေသေးတယ်လေ

  • အလောင်းတော် ဆိုတာ သေပြီးသားကိုပြောတာမဟုတ်ဘူးလေ။
    နောင်ပွင့်လာမယ့်ဘုရားလို့ ရည်ညွန်းတာရယ်

  • ဆူး

    February 19, 2012 at 5:37 pm

    ဒီကမာ္ဘမှာ နောက်ပွင့်မှာ အရိမေတ္တရ ဘုရား နောက်ဆုံး ပွင့်မှာ..
    အလောင်းတော် ကဿဖ ဆိုတာ ရဟန်း ဖြစ်ပါလိမ့်မယ်။

    အဆင်းမရှိတဲ့ စက်လှေကား အတွက် အကြံ တခု လောက် ပေးချင်ပါတယ်။ အဆင့်လေးတွေ နဲ့ မီးသတ်မှာ လုပ်သလို ပိုက်လုံး တခု စိုက်ပေးထားပြီး လျော ဆင်းလိုက်ရင်ကော.. ဟိဟိ..
    မန်းသားတွေ ဝိုင်းပြီး လိုက်ရိုက်နေအုန်းမယ်။ ပြေးပြီ။

  • blackchaw

    February 19, 2012 at 5:53 pm

    ကိုပေါက်ရေ။
    ကျွန်တော့်အတွေ့အကြုံအရ
    အတက်ပဲ ရှိတဲ့ စက်လှေကားနဲ့ လှေကားထစ်တွေက ပြန်ဆင်းရတာတွေက
    သက်ကြီးရွယ်အိုတွေအတွက် အဆင်မပြေလှပါဘူး။
    ဖြစ်နိုင်ရင် အတက်ရော အဆင်းပါ စက်လှေကားဖြစ်ဖြစ်
    ဓါတ်လှေကားဖြစ်ဖြစ် စီစဉ်ပေးနိုင်ရင် အကောင်းဆုံးပါလို့
    တောင်းဆိုပါရစေခင်ဗျာ။
    🙂 🙂 🙂

    • windtalker

      February 19, 2012 at 9:05 pm

      ကျန်တဲ့ရက်တွေကြ ဘာလို ့မဖွင့်တာတဲ့လဲ ….ဟင်

      • water-melon

        February 19, 2012 at 10:10 pm

        ဟဲ့ ပြောင်ကြီးရဲ့
        ဓာတ်လှေကားက သတ်မှတ်ရက်ထက်ကျော်နေပြီကွဲ့
        သိပ်မခိုင်လို့ 😀

  • နေဝန်းနီ

    February 19, 2012 at 9:42 pm

    မန်းတောင်ခြေက ရတနာပုံရေကူးကန်နဲ့ နိုဗိုတဲလ် ဟော်တယ်ကောရှိသေးလား ? တိရစ္ဆာန်ရုံကလည်းတောင်ခြေနားမှာပဲနော် ဟုတ်လား…။ အဲဒါ့ပုံလေးတွေလည်းလုပ်ပါဦးဂျ………

  • နောက်ပိုစ်တွေမှာ နိုဘိုတယ် ပုံပါလာမယ်လေ။
    ဒါပေမယ့်နိုဘိုတယ်က မန်းလေးရီဆော့ ဖြစ်သွားပြီ ကိုနေရ။
    အိုးဘိုလဲပါလာပါမယ်။
    တိရိစ္ဆာန်ရုံကလဲ ရွှေ့စရာနေရာမရှိလို့ မရွှေ့ဘူး။
    အဲဒါငယ်ငယ်က ဆော့ ခဲ့တဲ့ မန်းရာပြည့်ကွင်းကနေ သတ္တဝါတေထားတဲ့နေရာဖြစ်သွားတာပါဗျာ.

  • ကိုနေရေ ပုံ ငါးနဲ့ ပုံရှစ်မှာ နိုဘိုတယ်ပုံပါတယ်။
    သူ့အနောက်ဘက်က တိရိစ္ဆာန်ဥယျာဉ်။

  • ကိုပေါက်ရေ အကိုကျေးဇူးနဲ ့မန္တလေးကိုရောက်ဖူးချင်လှပီ။သဘောကျတဲ့နေရာလေးက…

    စက်လှေကားကတော့ အမြဲဖွင့်တယ်ထင်ပါတယ်။.
    ကျနော်ကတော့ အတက်စက်လှေခါး။
    အပြန်ကျတော့ ခြေလျင်ပါဘဲ။
    ဘာလို့လဲဆိုတော့ ထူးဆန်းစွာတာက စက်လှေခါးက အဆင်းမရှိဘဲ အတက်ဘဲရှိလို့ပါ။

  • padonmar

    February 20, 2012 at 1:59 am

    အတက်ကလေး စက်လှေခါးရှိတာ လုံးဝ မရှိတုံးကနဲ့စာရင်တော်သေးတာပေါ့။
    တောင်ပေါ်တက်ရတာတော်တော် မောတာ။ အဆင်းကတော်သေးတယ်။
    အဆင်းလေးပါ လှူပေးကြရင်တော့ ရှယ်ပေါ့နော် မန်းလေးသားတို့ရေ။

  • မန်းလေးဂေဇက်အဖွဲ့ကောင်းမူ့ဆိုပြီး တောင်အဆင်းစက်လှေကားလှူနိုင်ရင်
    အတော်ကောင်းမယ်နော်။

Leave a Reply