Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

စိန်ပေါက်ပေါက်သို့အိတ်ဖွင့်ပေးစာ

mg mgFebruary 23, 20121min69724

ရေးချင်တာတော့ သူကြီးဆီကိုတိုက်ရိုက်ရေးချင်တာပါ၊ ဒါပေမယ့် ကိုယ်ကအသစ်ဆိုတော့ ဘာများဖြစ်သွားမလဲဆိုပြီး စိုးရိမ်လို့လက်အငှါးတပ်တာပါ။ စိန်ပေါက်ပေါက်၊ ကျေးဇူးပြုပြီး နာမည်လေးပြောင်းပေးပါလား။ ကျနော်က နာမည်တွေ့ရင် စာလိမ်/ပြောင်းပြန်ဖတ်တာ အကျင့်ပါနေလို့ပါ။ စိန်ပေါက်ပေါက်-ဆိုတော့ အဲ-အဲ ။
လမ်းညွှန်စာရေးပေးတာ ကျေးဂျူးကမ္ဘာပါ။ မဟုတ်ရင် ဘာလုပ်လို့ လုပ်ရမှန်းမသိဘူး၊ ဒါတောင် မေ့မေ့သွားလို့ ခဏခဏပြန်ကြည့်နေရတယ်။ ဒါထက်နဲနဲလေးအသေးစိပ်ရေးပေးရင် ပိုကောင်းမလားလို့။ နောက်တစ်ခုက အသစ်သမားတွေ ပို့စ်တင်တဲ့အခါ လိုအပ်ချက်(ဥပမာ=ခေါင်းစဉ်မပါခြင်း-စသည်) များရှိခဲ့လျင် ဘယ်လိုလုပ်ပါ-စသည်ဖြင့် ကွန်မန်းလေးများဝိုင်းပေးနိုင်ကြလျင် ကျေးဇူးတင်စရာဖြစ်မလားလို့၊ နောက်ပြီး ရေးတဲ့အခါမှာ မြန်မာလိုလေး အတတ်နိုင်ဆုံးဖေါ်ပြပေးစေချင်ပါတယ် လိပ်စာဆိုလျင် ကန်စွန်းရွက်၊ ပေါက်ပေါက်ဆုပ် (စိန်ပေါက်ပေါက်မဟုတ်) လောက်ပဲသိလို့ပါ။ နောက်တစ်ခု(ခု-ခုနိုင်လွန်း-သူများမပြောခင်ကြိုပြောတာ) စာမျက်နှာလက်ယာဘက်က မိုင်ပွိုင့်(အဲဒါတောင် အဘိဓာန်မှာခေါင်းနောက်အောင်လိုက်ရှာထားရတာ) အောက်တစ်ကြောမှာရှိတဲ့ လိပ်လိုရေးထားတဲ့ စာများကိုမျှားညွှန်လိုက်ရင် သူ့ရဲ့မြန်မာပြန်အဓိပါယ်လးပေါ်လာအောင် လုပ်ပေးလို့ရလျင်သိပ်ကောင်းမှာပဲ အဲဒါဆို လိပ်လိုလဲတွေ့ရ မြန်မာလိုလဲသိရဆိုတော့ ပိုပြီးအကျိုးများမလားလို့ပါ၊ ကြားဖူးတာပြောရလျင် ဂျပန်တွေက တစ်ခြားဘာသာနဲ့ရေးထားတဲ့ အသိပညာအတတ်ပညာပိုင်းဆိုင်ရာ အကြောင်းအရာတွေကို သူတို့ဘာသာအဖြစ်ပြန်ဆိုကြတယ်လို့ ကြားဖူးပါတယ်၊(ကြားဖူးတာပြောပါတယ်)။ နောက်ပြီး ရွာသူ/သားတွေ အသစ်တိုးပွါးလာတော့ ရွာလည်းစည်စည်ကားကားရှိတာပေါ့၊ အဲဒီလိုအသစ်ရောက်လာတဲ့ရွာသားတွေထဲကျနော်တို့လို လိပ်လိုမတတ်တဲ့ နလပိန်တုံးတွေအတွက် ပိုအဆင်ပြေနိုင်မလားလို့ပြောကြည့်တာပါ၊ နောက်တစ်ခါ(ဒီတစ်ကြိမ်တော့-မခုတော့ဘူးခါလိုက်ပြီ) သူကြီးတို့ရဲ့စည်းကမ်းချက်ထဲက “အလဘ-သလာဘ”ဆိုတဲ့ အသုံးအနှုံးပါ အမှန်က အလာပ သလာပ တစ်ချို့နေရာတွေမှာ အလ္လာပ သလ္လာပ-လို့ ရေးတယ်ထင်ပါတယ်။ ဆရာလုပ်ခြင်းမဟုတ်ပါ ကိုယ်သဘောကျကြင်လည်တဲ့ရပ်ရွာ အမှားကင်းစေချင်တဲ့ စေတနာသန့်သန့်ပါ။

24 comments

  • water-melon

    February 23, 2012 at 6:09 pm

    စိန်ပေါက်ရေ
    နင့်ကိုရှာနေတယ်အေ့
    ညည်းကြည့်ရှင်းလိုက်တော့
    ခဏလေး မောင်မောင်ရေ စိန်ပေါက် ချီးပန်းနေလို့ အိမ်သာတက်နေတယ်
    ခဏနေလာလိမ့်မယ်
    အစ်ကိုက သူ့ဆရာပါ 😀

    • Shwe Tike Soe

      February 23, 2012 at 7:14 pm

      ကောင်မနော် နင် ညည်း သိပ်မကဲနဲ. ဟိုအသစ်ကလေး လန်.ပြေးသွားအုံးမယ်….
      ကြိုးရှည်ရှည်နဲ. လှန်ထား….
      ငါတို.အလှူငွေကောက်ရမယ့်တစ်ယောက် လျော့အောင်မလုပ်နဲ.

      • ချစ်ရင်ထူးနှစ်

        February 23, 2012 at 11:49 pm

        လန့်မပြေးလောက်ပါဘူးဗျာ ဘဏ္ဍာရေးဝန်ကြီး ကလဲ
        သူက ဒီရွာမှာ ပျော်လို့တဲ့
        ဒါနဲ့ ရွာထဲမှာ သန်းခေါင်စာရင်း မကောက်သေးဘူးလားဗျ
        ရွေးကောက်ပွဲ အတွက် သူများတွေတော့ ပြင်နေကြပြီ

    • Harumoto

      February 23, 2012 at 10:37 pm

      အီးပန်းနေတာမဟုတ်ဘူးတော့..
      ဝမ်းချူထားတာ…
      ဆရာဘဲ ဝမ်းချူလိုက် ဆိုပြီး…ဆိုပြီး..
      ညာစားလိုက်တယ်….အီး…

  • ဖရဲမ ပေါက်ကျော်မကို ထိန်းထားနော်
    အဲသကောင်မက အသစ်လေးတွေဆိုရင် ဆွဲစားချင်နေတာ။

  • အမှားလေးကိုထောက်ပြတယ်ဆိုတော့လဲ မောင်မောင်ရေ ကိုစိန်အစားကျေးဇူးတင်
    တယ်ပြောပါမယ်။ကျေးဇူး
    ဒါနဲ ့ကိုစိန်ပေါက်ပေါက်က ဝမ်းသွားနေတယ်ပြောတယ်။ဆေးခန်းကပြန်လာရင်ပြော
    လိုက်မယ်နော်။စိတ်ချ။သိလား။

  • ကိုရင်မောင်

    February 23, 2012 at 7:20 pm

    ပေါက်ကျော်မတယောက်အီးပါလို့မပြီးသေးဘူးလား?….

  • htet way

    February 23, 2012 at 7:38 pm

    မြန်မာစာ မြန်မာစကား
    ရေးထုံးကိစ္စ သေချာရေးပြရင်ကောင်းမယ်
    သောကြာကို သောက်ကြာလို့ အသံထွက်တာဘာကြောင့်
    စကြဝဋ္ဌာ ကို စက်ကြာဝဋ္ဌာလို့ ဖတ်တာဘာကြောင့် ဆရာလေးရေးပြရင် ပိုကောင်းမယ်
    နောက် ခသံ ကို ဥပမာ မြင်ချင်တွေ့ချင်လွန်းလို့ ဆိုတာကို အဆိုတော်က
    မြင်ချင်တွေ့ချင် မှာ ခသံနဲ့ ထွက်တာ မှားနေတာ ဟို အယ်ဆိုင်းဇီဆိုလား
    လာချင်ရင် အနီးလေးဆိုတာ ခသံထွက်နေတယ် ဆောင်းပါးတစ်ပုဒ်လောက်ရေးရင်
    ကျေးဇူးပါ။ အကို က မြန်မာစာရေးတတ်ဖတ်တတ်ပါ အင်္ဂလိပ်စာတော့ သိပ်မတတ်ဘူး
    နောက်စိန်ပေါက်ပေါက်လို ဆရာသမားကို ချီးကျူးတယ် ပို့စ်တိုင်းဖတ်တယ်
    ဖရဲတို့ နာဂရချစ်သူတို့ တကယ်လေးစားတယ်ဆရာလေးမောင်မောင်ကိုလည်းကြိုဆိုတယ်
    လေးစားတယ်။ဒါကြောင့် မောင်မောင်ရဲ့စာတွေဖတ်တယ်

    • water-melon

      February 24, 2012 at 7:33 am

      အမလေး မောင်မောင်ရယ်
      လေးစားတယ်လို့ပြောလို့ စိတ်ထဲတစ်မျိုးဖြစ်သွားတယ်ဗျ
      လာရေးလည့်ပါနော်
      ကျွန်တော်တို့ရွာသားတွေက ကြိုဆိုပါတယ်။
      လေးစားမိတာကိုတော့ မခံယူဝံပါဘူးဗျာ
      ကျွန်တော်လည်း အခုမှ တက်သစ်စ အဆိုတော် မှားလို့ တက်သစ်စလေးဘဲရှိသေးတာပါ
      ရွာထဲမှာ ကျွန်တော်ထက်တော်တဲ့သူတွေ အများကြီးဗျ
      ကြိုဆိုပါတယ်နော့်။

  • အော် ဆရာထက်ရယ်…..ခုလိုဆရာ့ထင်မြင်ချက်လေးကြားရတော့ အားတက်ရတာ အမှန်ပါဗျာ။
    ဆရာထက်စာတွေကိုလဲအမြဲအားပေးဖတ်ရှုပါတယ်။တိုင်းရင်းဆေးဟာ ခက်ခဲနက်နဲတယ်ဆိုတာ
    သိပါတယ် ဆရာထက်ရေ။အဲဒါကြောင့်လဲ သမားကောင်းတစ်လက်မို ့လေးစားတာပါနော့်။

  • Thel Nu Aye

    February 23, 2012 at 9:02 pm

    ကဲဒေါ်စိန်ပေါက်ပွဲတောင်းနေပြီ။ တပွဲလောက်။ အဲဘာလဲတော့မသိဘူး။

  • mg mg

    February 23, 2012 at 9:30 pm

    ဝင်ပြီးမန်းကြတဲ့ သူငယ်ချင်းများကို အထူးပဲကျေးဇူးတင်ပါတယ်၊ “အရူးဘုံမြှောက် ချီးခြောက်ကောက်စား”တဲ့ ကိုထက်ဝေးရေ ခင်ဗျားပြောတဲ့ စကြာဝဠာ တို့ သောကြာတို့ဆိုတာ ပါဠိစာနဲ့အနည်းငယ်ဆိုင်နေတဲ့အတွက် ပါဠိစာဖတ်နည်းဆိုပြီး ပို့စ်လေးတစ်ခုကျနော်ရေးကြည့်ပါဦးမယ်။ နောက်တစ်ပိုဒ်ဖြစ်တဲ့“ချင်”ကို အရသာတွေထဲက“ချဉ်”လို့ အသံထွက်တဲ့အကြောင်းကတော့ မြန်မာစာအသံထွက်ဖြစ်တဲ့ ဘယ်ပုဒ်ဘယ်ပုဒ်တွေရဲ့နောက်က စာလုံးကို ဘယ်လိုအသံထွက်ဆိုတဲ့အကြောင်း ဆရာတစ်ယောက်ပြောတာမှတ်ဖူးပါတယ်၊ ကျနော်လဲသေသေချာချာတော့ မသိသေးဘူး လေ့လာပြီးအခွင့်သာလျင်ရေးကြည်ချင်ပါသေးတယ်။ ကိုစိန်ပေါက်ပေါက်ကြီး ဘယ်လိုဖြစ်တာလဲဗျ သူ့အားကိုးခါမှ မပြီးသေးဘူးလား၊ ပြောင်းဖူးရိုးစို့ထားဗျာ။

  • mg mg

    February 23, 2012 at 9:41 pm

    ဝင်ပြီးမန်းကြတဲ့ သူငယ်ချင်းများကို အထူးပဲကျေးဇူးတင်ပါတယ်၊ “အရူးဘုံမြှောက် ချီးခြောက်ကောက်စား”တဲ့ ကိုထက်ဝေးရေ ခင်ဗျားပြောတဲ့ စကြာဝဠာ တို့ သောကြာတို့ဆိုတာ ပါဠိစာနဲ့အနည်းငယ်ဆိုင်နေတဲ့အတွက် ပါဠိစာဖတ်နည်းဆိုပြီး ပို့စ်လေးတစ်ခုကျနော်ရေးကြည့်ပါဦးမယ်။ နောက်တစ်ပိုဒ်ဖြစ်တဲ့“ချင်”ကို အရသာတွေထဲက“ချဉ်”လို့ အသံထွက်တဲ့အကြောင်းကတော့ မြန်မာစာအသံထွက်ဖြစ်တဲ့ ဘယ်ပုဒ်ဘယ်ပုဒ်တွေရဲ့နောက်က စာလုံးကို ဘယ်လိုအသံထွက်ဆိုတဲ့အကြောင်း ဆရာတစ်ယောက်ပြောတာမှတ်ဖူးပါတယ်၊ ကျနော်လဲသေသေချာချာတော့ မသိသေးဘူး လေ့လာပြီးအခွင့်သာလျင်ရေးကြည်ချင်ပါသေးတယ်။ ကိုစိန်ပေါက်ပေါက်ကြီး ဘယ်လိုဖြစ်တာလဲဗျ သူ့အားကိုးခါမှ မပြီးသေးဘူးလား၊ ပြောင်းဖူးရိုးစို့ထားဗျာ။ ပို့စ်ထဲမှာကျန်နေလို့ဗျ ခင်ဗျားပြောတဲ့Visual နဲ ့ HTML မှာ လွယ်တဲ့Visual ကိုကလစ်နှိပ်တာ ခေါင်းစည်းစားသားနေရာပဲရိုက်လို့ရတယ်၊ အောက်ကစာကိုယ်ရိုက်မယ့်နေရာကို ကာဆာချတာ ဘာမှမမြင်ရဘူး၊ အောက်နားကအကွက်ထဲမှာလည်း စက်ဝိုင်းလေးတစ်ခုလည်နေတာဗျာ စိန်ပေါက်ပေါက်အတိုင်းပဲ နာရီဝက်ကျော်ကျော်စောင့်ပေမယ့် လည်လို့ကောင်းတုံး အဲဒါနဲ့ တစ်ဖက်က HTMLကို ကလစ်နှိပ်ကြည့်တော့ရတာနဲ့ အဲဒီကနေဝင်ရေးပြီး ရောက်ရောက် မရောက်ရောက်ပို့လိုက်တာ တော်ပါသေးရဲ့ရောက်သွားလို့ အဲဒါလေးလဲရှင်းပြပေးကြပါဦး။

  • Moe Z

    February 24, 2012 at 8:47 am

    သူ့ကိုများနာမည်ပြောင်းခိုင်းနေသေးတယ်
    ပေါက်ဖော်၊ ပေါက်ကျော်၊ မစာဥ(ရွာသာကြီး)၊ တောက်တဲ့၊ စိန်ပေါက်ပေါက်
    နောက်ဘာကျန်သေးလဲဟင် မာမီပေါက် 😀

    • စိန်ပေါက်ပေါက်

      February 24, 2012 at 10:32 am

      SP ဆိုတာရှိတေးတယ်ဂျ
      😀

      • Moe Z

        February 24, 2012 at 10:36 am

        အင်း SP ကို မြန်မာမှုပြုပြီး ဘာသာပြန်ရရင် ……. 😀

        • စိန်ပေါက်ပေါက်

          February 24, 2012 at 12:30 pm

          ဆာပူ လေ
          ဆူတဲ့အခါ ပူညံပူညံ လုပ်တတ်လို ့ ဆာပူ
          😀

  • စိန်ပေါက်ပေါက်

    February 24, 2012 at 10:32 am

    များ
    အီးပါတာ ကောင်းကောင်းမပါရပါကလား ဟရို ့..ဗဒစ်.ဗျစ်..ဘစ်..

    အူးမောင်မောင်ရေ
    Visual နဲ ့ရေးရာမှာ ခေါင်းစည်းရပြီး Text Body (အမှန်အကန်ရေးတဲ့နေရာ)မှာ လုဒ်ဒင်နဲ ့တွေ ့တာကွန်နက်ရှင်ကြောင့်ပါဗျို ့
    Visual နဲ ့ရေးတဲ့အခါ ပုံတင်နည်း၊စာအမျိုးမျိုးရေးနည်းကို အံချာတုံးရဲ့ နောက်ဆုံးပို ့စ်မှာ လေ့လာကြည့်ပါဗျာ
    Html နဲ ့ဆို ပုံထည့်တာတို ့ စာလုံး အထူတို ့အစောင်းတို ့ အကုန်လုံး အရှိအတိုင်း မပေါ်လို ့…ရှုပ်မှာဆိုးလို ့ပါ..
    ကျွမ်းကျင်သလို တင်ကြပါဂျို ့..

    ပို ့တင်တဲ့အခါ Copy/Paste ဖြစ်တာတို ့၊ခေါင်းစဉ်မပါတာတို ့က စာရေးသူနဲ ့ပဲ ဆိုင်တယ်ဂျို ့.
    မတင်ခင် သေချာလေး စစ်ပြီးမှ Publish လုပ်သင့်ပါတယ်
    ခေါင်းစဉ် မပါပဲ တင်မိသွားရင်
    အဒီပို ့စ်အောက်မှာ ဘယ်ခေါင်းစဉ် ထည့်ပေးပါ ဆိုပြီး ကွန်းမန် ့ပေးခဲ့ရင် သဂျီးလာတဲ့အခါ ပြင်ပေးပါလိမ့်မယ်ဗျာ
    အီးပန်းနေလို ့..ဗျာ..
    တစ်စိတ် ခွင့်လွှတ်ပေးပါ..
    အကုန်နီးပါး နားလည်ကြတာမို ့
    များကို နာမည်ကြီးတပ်ပြီး မကြပ်ပါနဲ ့ အာစိရယ်…
    များကြောက်ချီးပန်းပြီး ဘဒစ်..ဗဒစ်..ဗျစ်..ဗျစ်..ဖြစ်နေလို ့ပါ

  • စနေ

    February 24, 2012 at 11:00 am

    ရွာထဲမှာ နာမည်ပြောင်းပြန်ဖတ်တဲ့သူ ပေါ်လာပြီနော် …
    ရွာသူားများ ကိုယ့်နာမည်ကို ဖတ်ပြီး
    ပြင်သင့်တာ ပြင်ထားကြနော်…. 😀 😀 😀

    • စိန်ပေါက်ပေါက်

      February 24, 2012 at 11:05 am

      အလို..
      စနေဖြစ်သွားပြန်ပြီလား 🙄

      • စနေ

        February 24, 2012 at 11:19 am

        နာမည်ခဏခဏပြောင်းတဲ့ ဒေါ်စိန်ပေါက်ကြီးကို အားကျလို့ နာမည်ပြောင်းလိုက်တာ …. :mrgreen:

  • moe minthar

    February 24, 2012 at 7:19 pm

    ဒေါ်စိန်ပေါက်ကိုဘယ်သူ့မှဆေးမတိုက်ကြဘူးလားဟင်…..
    တနားပါတယ်နော်ယို့……….

  • Khin Latt

    February 24, 2012 at 7:33 pm

    စနေ ပြောမှ တွေးကြည့်မိတယ်။
    သူများ မပြောခင် ကိုယ့်ဟာကို အရင် ကြိုပြောထားမယ်။
    သို့သော် ခေါ်ချင်သလို ခေါ်။
    ကျုပ် ကတော့ မပြောင်းပါ ။ 😀

    ကျုပ် နာမည် အရီးလတ် ကိုများ ပြောင်းပြန် ကြည့် ပြီးကြပြီလား မသိ။ 🙄
    ကိုမောင်မောင် ရယ်။ ကြုပ်ကျက်လိ ပါဦး။

  • kai

    February 25, 2012 at 5:13 am

    အလာပ သလာပ လို့ပြင်လိုက်ပါပြီကွယ်..
    ထောက်ပြတာကျေးဇူးပါ…။

    ကျန်တာကတော့.. စိန်ပေါက်ပြောတဲ့အတိုင်းပါပဲ..။
    လိပ်လိုကတော့.. သတင်းစာမှာတောင်.. မြန်-လိပ် ဖြစ်ဖို့ဝိုင်းပြောနေကြတာ…။
    ယူအက်စ်ဘေ့စ် သတင်းစာတိုက်ဖြစ်တာမို့.. ဒီရွာထဲလာရင်.. အဘိဓာန်လေး ဆွဲထားပေါ့…။
    ဘဝအတွက်.. အကျိုးရှိမှာပါ…။
    ‘ဘာသာမျိုးခြား စာစကားသင်ကြားသင့် သည်မှတ်’တဲ့..

    အဲဒီလို.. 😆

Leave a Reply