9 ရေထဲမှ အလည်ရောက်နေတဲ့နန်းမြို့ရိုးအရိပ်
“မန်းလေးက ရှေးအမွေ အမှတ်လေး”
မန်းလေးကျုံးပါတ်ပါတ်လည်ကို ရောက်တိုင်း ကြုံတိုင်းဓါတ်ပုံတွေရိုက်ပါတယ်။
အဲတော့ရိုက်တာတွေများတော့ မမှတ်မိဘူးဖြစ်ပြန်ရော။
အစကတော့ စဉ်ထားတဲ့အတိုင်းထဲ့ရင်း ကော်နက်ရှင်နှိပ်စက်တော့
ကမောက်ကမ။
အဲတော့ အပိုင်းလေးတင်ပေးလိုက်ပါတယ်။
ထပ်သွားရင် မှတ်မိအောင်တင်ပေးတယ်သဘောထားလိုက်ပါနော်။
ကိုပေါက်လမ်းသလားရင်းလက်ဆော့လို့ ရလာတဲ့ အတွေးပါးပါးလေး။
(28-2-2012)
Post Views: 466
16 comments
water-melon
February 29, 2012 at 9:16 am
ပုံ ၁၂ က ကျွန်တော်ရိုက်ချင်နေတာကြာပြီ
၂၆ လမ်းပေါ်ကလေ
အဲဒီအပင်က ဘယ်ချိန်ကြည့်ကြည့် ဝါထိန်ထိန်လေးနဲ့ အရမ်းလှတယ်နေတာ
ကူးသွားတယ် ဘဘလေးပေါက်။
Moe Z
February 29, 2012 at 11:37 am
လေးပေါက်ရေ ကိုယ်တိုင်လာကြည့်ဦးမယ်
125 တစ်စီးအဆင်သင့်လုပ်ထားပေးနော် 😀
ကိုပေါက်(မန္တလေး)
February 29, 2012 at 2:52 pm
125 ဘာလုပ်မှာလဲ။
မောင်ပေ က သူစီးနေတဲ့ ကလစ် ရယ် ဒို ရယ် နှစ်စီးတောင်ပေးထားမှာတဲ့။
မိုးစက်ကလေးသာ လာဘို့လိုတော့တယ်။
မန်းလေးသားတွေကတော့
အဆင်သင့်ဘဲဟေ………………….
နဘဂခ စိတ်ကောက်နဲ့နော်………………….
Moe Z
February 29, 2012 at 3:05 pm
အာ .. လေးပေါက်ကလည်း ကလစ်တော့မသိဘူး
ဒိုကတော့မိုးစက်အရပ်နဲ့မမီဘူး စီးစေချင်ရင်တော့ လမ်းရှင်းထား
ပြီး ဆေးရုံကားပါခေါ်ထား 😀 😀
pooch
February 29, 2012 at 9:02 pm
စူပါကပ်နဲ့ စကူဖီတော့ ရှိတယ်စီးချင်ရင် ကိုယ့်ဖာသာကိုယ်တယောက်ထဲစီးနော် အမက သိပ်မမာလို့ တယောက်တစီး စီးကြတာပေါ့ ။ ခင်လည်း ခင်တယ်လေ ။
စီးလည်း စီးမယ်လေ နော်။ 😀
Moe Z
March 1, 2012 at 8:57 am
မမပူးချ် … ဘာလဲ မိုးစက်ကိုအထင်သေးတယ်လား
သူငယ်ချင်းတွေကတော့ အနောက်ကလိုက်ရရင် ဘုရားစာရွတ်ပြီးလိုက်တယ်
မမပူးချ်လည်း ကုသိုလ်ရချင်ရင် မိုးစက်နောက်ကထိုင်လိုက် 😀
inz@ghi
February 29, 2012 at 10:02 pm
ဘယ်ရောက်သွားလဲ အဲ့သည့် ….နဘဂခ ….
စီးဘူးဗျို့ .. ….စီးဘူး…ဆိုင်ကယ်တော့ ….
ကျေးကျေးပါ လေးပေါက်ရယ်…
😀
အဟမ်း …ဘာ …
ဆေးရုံကားခေါ်ထားတဲ့ …အောက်က တယောက် ..မန့်ချက်က လန်ထွက်နေတယ်….
မောင်လေးရယ် ….ကျောက်ကပ်၁လုံး ဘယ်ဈေးအောက်မေ့လို့တုန်း ….
အလဟသတ် ဆိုင်ကယ်စီးပြီး မဖြုန်းချင်ပါနဲ့ကွယ် ….
စဉ်းစားဦးလေ. …နော….
…
ထိပ်က ပိတ် မန့်သွားပါသည်…
ဟီဟိ…
😀
ခင်တဲ့
ကအင်ဂျီး…
မောင်သန်းထွဋ်ဦး /အတိသဉ္ဖာ နာဂရချစ်သူ
February 29, 2012 at 10:34 pm
ကိုပေါက်ရေ ကျနော်တို ့ကျတော့မခေါ်ဘူးပေါ့။ဒီလောက်လာချင်နေတာ။
မန္တလေးကို ကျနော့်ဆိုင်ကယ်ယူလာမလားလို ့။ကိုပေါက်တို ့လိုက်ပို ့ပေးမယ်
ဆိုရင်လာလည်မယ် မတ်လမှာ။
ကိုပေါက်(မန္တလေး)
February 29, 2012 at 4:43 pm
ကလစ်က မန်းလေးမှာအစီးများတယ်
အော်တိုဂီယာ။
ဒိုကတော့ အခုခေတ်ကောင်မလေးတွေလဲစီးနေကြပြီ.
နောက်ကသာထိုင်လို်က်ပါအေ……………………….
koaung
February 29, 2012 at 6:22 pm
ပုံ၂,၇၊၉၊၁၀၊၁၂၊၁၃၊၁၄ လှတယ်ဗျိုး ၂,၊၉၊၁၃ အကောင်းဆုံးပဲဗျိုး
မဟာရာဇာ အံစာတုံး
February 29, 2012 at 6:37 pm
လေးပေါက်ရေ ..
ဒီပုံတွေလည်း အကုန်လုံး ကြိုက်သဗျ ..
လေးပေါက် ရိုက်ချက်တွေကတော့ .. ရှယ်တွေဂျီးပဲ .. 😀
ကိုပေါက်(မန္တလေး)
February 29, 2012 at 9:57 pm
ကျနော်ရိုက်တာ ကြောင့်လှတာမဟုတ်ဘူး။
နဂို်ရ်ရှိမှ နဂိုင်းထွက်တဲ့။
စကတည်းကလှပြီးသားတွေလေဗျာ။
MaMa
February 29, 2012 at 10:12 pm
ပုံလေးတွေ လှလိုက်တာ ကိုပေါက်ရေ။
ဒါပေမယ့်…. မန်းလေးလာလည်ရင်….
ဒိုလည်း မသိ၊ ကလစ်လည်း မသိ၊ ဆံညှပ်လည်း မသိ…. 😆
ကိုပေါက်(မန္တလေး)
February 29, 2012 at 10:36 pm
ရပါတယ် မမရေ ရွာသူများအတွက် နန်းမတော်မယ်ပု ရွာသားများအတွက်ဆိုရင် ဘောကွမ်းမောင်ပေ
တို့နဲ့ ကိုပေါက်က စီစဉ်ပေးပါမယ်။
လူသာ အရင်လာခဲ့ပါ။
မောင်သန်းထွဋ်ဦး /အတိသဉ္ဖာ နာဂရချစ်သူ
February 29, 2012 at 10:51 pm
သေချာတယ်ဆိုရင်တော့ မတ်လဆယ်တန်းစာမေးပွဲပြီးရင် လာလည်မှာနော်။
တကယ်ပြောတာလား ကိုပေါက်ရေ။ဖုန်းနံပါတ်တော့ ကိုပေက မှတ်ထားတယ်ပြော
တာဘဲ။ကိုပေါက်တို ့ကိုပေတို ့ဖုန်းတွေပေးလဲမသိပါလား။လာရင် ဘယ်လို ဆက်သွယ်
ရမှာတုန်းဗျ။
ကိုပေါက်(မန္တလေး)
March 1, 2012 at 8:46 am
ကိုနာဂ ရ ရေ
လာခါနီးရင်သာပြောလိုက်။
အဆင်ပြေအောင်စီစဉ်ပေးပါမယ်။
ကျနော် ဖုန်းကတော့ မန်းဂေဇက် အလှူပေါက်ပေပုအသင်းမှာပါတယ်လေ။.
အချိန်မရွေးလာခဲ့ပါ။
လေမဟုတ်ပါ မယုံရင်ကိုချောမေးကြည့်။