Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ရုံးပိတ်ရက် အပျင်းပြေ

black chawMarch 3, 20121min66219

ရုံးပိတ်ရက် ဆိုရင် ရွာထဲမှာ လူနည်းလေ့ရှိပါတယ်။ လူနည်းတော့ ပျင်းစရာကောင်းတယ်လို့လည်း ညည်းတတ်ကြပါတယ်။ အဲဒီအတွက် အပျင်းပြေ သတင်းလေးတွေ ဖတ်ဘို့ တင်ပေးလိုက်တာပါ။ ရုံးပိတ်ရက်မှာဖတ်ဖို့ အပျင်းပြေပေါ့ဗျာ။ ပေါ့ပေါ့ပါးပါး ဖတ်ပြီး ပျင်းနေတဲ့ စိတ်လေးတွေ နည်းနည်းလောက် ထွက်ပေါက်ရတယ်ဆို ကျေနပ်ပါပြီခင်ဗျာ။

ရုပ်ရှင်သရုပ်ဆောင် ဖွေးဖွေး ရဲ့ သူငယ်ချင်း ဂျပန်မလေး ဝမ်းလျှောခြင်း။ (Sunday weekly)

Facebook ပေါ်က သတင်းလို့ဆိုပါတယ် ကျောင်းဒကာ။ ရုပ်ရှင်သရုပ်ဆောင်ဖွေးဖွေးရဲ့ သူငယ်ချင်း ဂျပန်မလေးတစ်ယောက် ဟာ ဟိုတယ်ကြီးတစ်ခုမှာတည်းရင်း ပုဇွန်ဟင်း အစားမှားလို့ ဝမ်းလျှောတော်မူပါသတဲ့ဗျာ။ တော်တော် ဆိုးတဲ့ပုဇွန်။ သေတာတောင်နည်းသေးတယ်။ ဘယ့်နှယ့် ဂျပန်မလေးကိုမှ သွားလုပ်ရတယ်လို့။ မသကာ မြန်မာဝန်ထမ်းကို ပါးရိုက်ခဲ့တဲ့ ဂျပန်ကောင်ထီးဆိုရင် တော်သေးရဲ့။ ခုတော့ သူလေးခင်ဗျာ ရေခြားမြေခြားမှာ ဝမ်းလျှောတော်မူလို့ ဆေးရုံကြီးတစ်ခုမှာ တက်ရောက်ကုသခဲ့ရရှာပါတယ်တဲ့ ကျောင်းဒကာ။ စိတ်မကောင်းလိုက်တာဗျာ။ မင်းသမီးလေး ဖွေးဖွေး ခဗျာလည်း တော်တော်လေး အလုပ်ရှုပ်သွားပုံရပါသတဲ့ ဗျာ။
ဟင်း…ဟင်း… သိတယ်လေ။ အဲဒါသတင်းလားလို့ ခင်ဗျားမေးတော့မယ်ဆိုတာ။ ရေးတတ်ရင်သတင်းဖြစ်တယ်ဆိုတာ အဲဒါကိုပြောတာ မှတ်ထား။ ဟေးဟေး နေဦးဗျ သတင်းရင်းမြစ်က ဖွေးဖွေးရဲ့ အဒေါ်ထံက သိရတယ်ဆိုတာလေး မေ့တော့မလို့ ။

မီမီဝင်းဖေတို့အဖေ ဟီးရိုးဖြစ်သွားခြင်း (Sunday weekly)

ဒါရိုက်တာဝင်းဖေကို ခင်ဗျားသိမယ်ထင်ပါတယ် ကျောင်းဒကာ။ လက်ရှိ အမေရိကားမှာ နေတာပါ။ လူသွားလမ်းကလေးတို့ နှင်းဆီနီအိပ်မက် တို့ ရိုက်ခဲ့တဲ့ ဒါရိုက်တာပါ။ မျက်မှန်တို့ ချက်ကြီးအတွက်အရက်တို့ ဦးနှောက်ထဲရောက်ပုရွက်ဆိတ်တို့ ရေးတဲ့ ဝတ္ထုတိုရေးဆရာပါ။
နေရင်းထိုင်ရင်း သူကြီးတို့ အမေရိကားမှာနေတဲ့ ဒါရိုက်တာ ဝင်းဖေတစ်ယောက် ဟီးရိုးထဖြစ်တယ်ဆိုလို့ စိတ်ဝင်စားသွား သလား ကျောင်းဒကာ။ ဒီလိုပါဗျာ။ မြန်မာဒါရိုက်တာအကျော်အမော် ရင်တွင်းဖြစ် မောင်မျိုးမင်းက ဆရာကြီးဝင်းဖေကို သူ့ဘဝရဲ့ ဟီးရိုးအဖြစ် လေးစားအားကျခဲ့တဲ့အကြောင်း ပြောသွားတာပါ။ မောင်မျိုးမင်းရဲ့ အပြောကဒီလိုပါတဲ့ဗျာ။

“ဆရာက ဘက်စုံတော်တယ်။ အားလုံးသိတယ်။ ပထမဆုံးရိုက်တဲ့ ကားမှာ အကယ်ဒမီရအောင်ရိုက်နိုင်တယ်။ ဦးမျိုးက ၁၈ ကား မြောက်မှာမှ အကယ်ဒမီရတယ်။ အဲဒါကြောင့် ဦးမျိုးက ဆရာ့ထက် ၁၈ ဆ ညံ့တယ်။ ဆရာက မန္တလေး ပန်းချီကျောင်းမှာ ကျောင်းအုပ်လုပ်ခဲ့တယ်။ သူက ကိုယ်ပိုင်ဟန်၊ ဗမာ့ဟန် သီးသန့်ကို ထွက်နေတာ။ ပညာလည်းတတ်တယ်။ စာအရေးအသား။ ရုပ်ရှင်တင်ဆက်တာတွေအားလုံးကောင်းတယ်။ စီးပွားရေးအရမြတ်ဖို့ ရည်ရွယ်ပြီးတော့ မရိုက်ဘူး။ သူရိုက်တဲ့ ရုပ်ရှင်ကားတွေက ပရိသတ်ကြိုက်တာနည်းတယ်”
“ဦးမျိုးတို့ သူ့လိုမျိုးမလုပ်နိုင်ခဲ့ဘူး။ ကိုယ်ကြိုက်တဲ့ကား ကိုယ်မရိုက်ရဲခဲ့ဘူး။ ပရိသတ်ကြိုက်မယ့်ကားကို ရွေးရိုက်ခဲ့ရတယ်။ ဆရာက အခုတော့ နိုင်ငံခြားရောက်သွားတာ ကြာပြီ။ အရင်က RFA မှာလုပ်တယ်။ အခု VOA မှာလုပ်နေတယ်။ ဆရာက သူ့လမ်းစဉ်ကို မလိုက်ဖို့ဆုံးမတယ်။ အောင်မြင်မှုရခဲ့ပေမယ့် အခြေအနေအရ လမ်းကြောင်းပြောင်းသွားတယ်။ ဆရာရိုက်ခဲ့တဲ့ “သံမဏိလိပ်ပြာ” ရုပ်ရှင်ဆိုရင် နှစ်ခါရုံတင်တယ်။ တင်တိုင်းရုံလူမပြည့်ဘူး။ တင်တိုင်း ဦးမျိုးသွားကြည့်တယ်။ ဦးမျိုးပန်းချီဆွဲတယ်။ ဆရာ့ကိုအားကျလို့။ ပြင်ပပုဂ္ဂိုလ်တွေကိုတော့ သိပ်အားကျတာမျိုးမရှိဘူး။ ဆရာက လုံးချင်းဝတ္ထုသိပ်မထွက်ဘူး။ ဝတ္ထုတိုလေးတွေပဲ ထွက်တယ်။ ဆရာ့အတွေးက သီးခြားခွဲထွက်ပြီး အနုပညာတိုင်းကို ဖန်တီးနိုင်တာကို အားအကျဆုံးဖြစ်လို့ လေးစားခဲ့ရတဲ့ ဘဝရဲ့ ဟီးရိုးဖြစ်တယ်”

ဒီနေရာမှာတော့ မောင်မျိုးမင်း ရဲ့ ပြောစကားတွေကို စိတ်ရှည်လက်ရှည် ပြန်ရိုက်တင်ပေးလိုက်ပါတယ်ဗျာ။ ဆရာဝင်းဖေက ကျွန်တော် အကြိုက်ဆုံး ဝတ္ထုတို ရေးသူ တစ်ယောက်ဖြစ်နေလို့ ပါ။

အားကစား မြှင့်တင်ခြင်းသည် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်နေခြင်းဖြစ်ပါသည်
အားကစား ရည်မှန်းချက်သည် မြန်မာ့ အားကစား ကမ္ဘာကို လွှမ်းရမည်

မြတ်သောမောင် ရဲ့ အဘိုး၊ ဖြိုးကြီးတို့ ယုဇနတို့ ရဲ့ အဖေ ဟင်္သတ မြင့်ငွေရဲ့ မာစတာပိစ်လို့တောင် ပြောလို့ရတဲ့ သီချင်းလေးခင်ဗျ။ ဗိုလ်ချုပ်ခင်ညွန့် ခေတ်ကောင်းစဉ်က ကျင်းပခဲ့တဲ့ အမျိုးသားအားကစားပွဲတော် တွေမှာဆို ဒီသီချင်းရဲ့ အောင်မြင်မှုက လေးဖြူကိုလည်း မမှုပါဘူး။ ဇော်ဝင်းထွဋ်ကိုလည်း ယှဉ်ရဲပါတယ်ဆိုရလောက်အောင် တီဗီထဲမှာ အမြင်ကတ်စရာကောင်းလောက်အောင်ကို ကျော်ကြားခဲ့တဲ့ သီချင်းပါ။ ခေါင်းစဉ်က အာရှမြန်မာ ဆိုလား။ စာသားတွေကိုလည်း အပေါ်မှာထုတ်နှုတ်ပြထားတာ ကြည့်လိုက်ပါဦး။ သေသွားမယ် ဘာမှတ်လဲ ဆိုတဲ့ စာသားမျိုးတွေဗျ။ အဲ…အဲ…တစ်ခုရှိတာက အဲဒီသီချင်းပေါ်လာကတည်းက မြန်မာဘောလုံးအသင်း အရှေ့တောင် အာရှမှာ အောက်ကရေရင် ထိပ်ဆုံးနားရောက်သွားတော့တာပါပဲဗျာ။ စာသားတွေကပဲ စီးသွားလေသလား။ ထားပါတော့။
အဲဒီ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ရဲ့ ဥက္ကဌက MAX စီးပွားရေးလုပ်ငန်းစုမှ ဦးဇော်ဇော် ဖြစ်ပါတယ်။ သူ့လက်ထက်မှာ မြန်မာဘောလုံးအသင်းကသာ မအောင်မြင်တာပါ။ မြန်မာဘောလုံးသမားတွေကတော့ မြင့်မားတဲ့ လစာ၊ မြင့်မားတဲ့ ဘဝအာမခံချက်တွေနဲ့ အောင်မြင်တဲ့ ဘဝကို ပိုင်ဆိုင်နေကြတာ အားလုံးအသိပါ။ အခုပဲကြည့် တစ်လတာ အကောင်းဆုံးဆုရတဲ့ ကစားသမားကို ကျပ်ငွေ ဆယ်သိန်းတဲ့။ နည်းပြကို ကျပ်ငွေငါးသိန်းတဲ့။ ဆုကြေးတွေ မက်မောလောက်အောင်ပေးနေတာ ကျေနပ်စရာပါ။ အောင်မြင်မှုကတော့ ဒီတစ်ခါ ဆီးဂိမ်းကို စောင့်ကြည့်ကြတာပေါ့။ ဒီတစ်ခါ ဆီးဂိမ်းမရလည်း နောက်တစ်ခါ ဆီးဂိမ်းရှိသေးတာပဲ ကျောင်းဒကာရယ်။ တစ်နေ့ တစ်လံပေါ့။ ရွှေတံဆိပ်ဘယ်ပြေးမလဲ ဗျာ။ ဟင်း…ဟင်း…ဟင်း။
ဦးဇော်ဇော်ကို Sunday weekly က အင်တာဗျူးထားတဲ့အထဲက နည်းနည်းလေးဆို နည်းနည်းလေးလောက် ထုတ်နှုတ်ပြချင်ပါတယ်ဗျာ။

SUNDAY – မြန်မာဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ရာထူးကို ဘယ်အချိန်ထိ လုပ်ဖို့ စဉ်းစားထားလဲ။
ဦးဇော်ဇော် – ဘောလုံးပရိသတ်တွေ တာဝန်ပေးထားတဲ့ အချိန်ထိ လုပ်ပေးသွားမှာပါ။ လက်ရှိအချိန်မှာ ဘောလုံးဥက္ကဌ နေရာအတွက် ကျွန်တော့်ထက်တော်ပြီး ပိုလုပ်ပေးနိုင်မယ့်သူ ရှိလာရင် ဒီနေရာကနေ အချိန်မရွေး ဆင်းပေးမယ်။

ဇ လေးကတော့ မသေးဘူးဗျ။ ရဲရဲဝံ့ဝံ့ကို စိန်ခေါ်နေတော့တာပါပဲ။ သူ့ထက်ပိုလုပ်ပေးနိုင်တဲ့လူရှိရင် အချိန်မရွေးဆင်းပေးမယ်တဲ့ ခင်ဗျာ။
အဲဒီလို သတ္တိမျိုးမှ ကြိုက်တာ။
သူ့အင်တာဗျူးဖတ်ပြီး တွေးကြည့်မိပါတယ် ကျောင်းဒကာ။
ဦးဇော်ဇော် ဘောလုံးဥက္ကဌ လုပ်နေတာ သူ့ထက်တော်တဲ့လူ မရှိသေးလို့ ပါတဲ့။
လက်ရှိအချိန်မှာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကို ဦးဆောင်ဖို့ ဦးဇော်ဇော်က အတော်ဆုံးဆိုတာလေး…အဲဒါ။
အင်း ဖြိုးကြီးတို့ အဖေ သီချင်းလေးပဲ ပြန်ညည်းလိုက်တာ ကောင်းပါတယ် ကျောင်းဒကာ။ လိုက်ဆိုကြည့်ဗျ။ ဆိုလို့တော်တော်ကောင်းတယ်။ ဖြစ်တာမဖြစ်တာ ကိုယ့်အလုပ်မှ မဟုတ်တာနော့။

အားကစားမြှင့်တင်ခြင်းသည် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်နေခြင်းဖြစ်ပါသည်
အားကစားရည်မှန်းချက်သည် မြန်မာ့အားကစား ကမ္ဘာကိုလွှမ်းရမည်

အိုဘာတဲ့တုန်း။ ကြိတ်ထားကောင်လေးရေ ကြိတ်ထားဟ။

မဲထည့်ပြီး မှ ခရီးသွားပါ (Sunday weekly)

မောင်မျိုးမင်း (ရင်တွင်းဖြစ်) နဲ့ ညီညွတ်ခြင်းနှင်းဆီ အဖွဲ့သူားတွေ ဧပြီလ ၁ ရက်နေ့မှာ စင်္ကပူကို သွားရောက်ဖျော်ဖြေကြ မှာ အားလုံးသိပြီးဖြစ်ပါလိမ့်မယ်။ ဗိုလ်ချုပ်ရုပ်ရှင် အတွက် ရန်ပုံငွေရှာဖို့ ဖြစ်ပါတယ်။ သို့သော် သူတို့က စိတ်ကြီးပါတယ်ခင်ဗျာ။ အဲဒီနေ့မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ကိုယ်တိုင်ကိုယ်ကျ မဲပေးပြီးမှ လေယဉ်ပေါ်တက်ကျမှာပါ တဲ့ ခင်ဗျာ။ သာဓု ပါဗျာ သာဓုသာဓုပါ။ သူတို့အဖွဲ့ ညီညွတ်ခြင်းနှင်းဆီ လို့ အမည်ပြောင်းလိုက်တာနဲ့ ပတ်သက်ပြီး ဒါရိုက်တာ မောင်မျိုးမင်း ကဒီလိုပြောပါတယ်ခင်ဗျာ။

“ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပတ္တိ ရုပ်ရှင်ရိုက်ကူးဖို့ အတွက် ရန်ပုံငွေရှာတဲ့ နေရာမှာ ရုပ်ရှင်သရုပ်ဆောင်မောင်နှမတွေ ညီညီညွတ်ညွတ်နဲ့ ရန်ပုံငွေရှာချင်လို့ နာမည်ပြောင်းလိုက်တာ”

ညီညွတ်ခြင်း နှင်းဆီ အဖွဲ့မှာ မင်းသမီး မိုးယုစံ၊ မေကဗျာ၊ ဖူးစုံ တို့ ဖြစ်ပြီး လူရွှင်တော် မိုးမိုး၊ ကျော်ကျော်ဗို၊ ထွန်းထွန်း၊ ရဲလေးတို့ နှင့် အဖွဲ့ခေါင်းဆောင် မောင်မျိုးမင်း(ရင်တွင်းဖြစ်) ဦးဆောင်သွားမှာဖြစ်ပါတယ်။ သူတို့ဟာ ပြင်သစ်၊ နော်ဝေ၊ ဂျာမနီ နိုင်ငံတွေမှာလည်း သွားရောက်ဖျော်ဖြေကြဦးမှာပါတဲ့ ခင်ဗျာ။

သိန်းနိုင်ဦး ရဲ့ မားကက်တင်းမာယာ (Sunday weekly)

ဗိုလ်ချုပ်အောင်ဆန်း ရုပ်တူပြိုင်ပွဲ လျှောက်လွှာရှင် ကိုသိန်းနိုင်ဦးက စစ်ကိုင်းတိုင်း ရေဦး ကတဲ့ ခင်ဗျ။ ယူထားတဲ့ ဘွဲ့က B.E (Electronic)။ အလုပ်အကိုင်ကတော့ ကျူရှင်ဆရာပေါ့ဗျာ။ သူနဲ့ အင်တာဗျူးထားတာလေး Sunday seekly မှာပါလာပါတယ်။ ထုံးစံအတိုင်း မေးထားတာ အတော်စုံပေမယ့် အမြီးကျက်အမြီးစား ခေါင်းကျက် ခေါင်းစားလုပ်လေ့ရှိတဲ့ ကျွန်တော်က ကျက်တဲ့အပိုင်းလေးရွေးပြီး ဖေါ်ပြပေးလိုက်ချင်ပါတယ်။ ဖတ်ကြည့်ပေးပါဗျာ။

Sunday – ဗိုလ်ချုပ်အောင်ဆန်းနဲ့ တူအောင် ဘယ်လိုမျိုး လေ့ကျင့်ခဲ့တာတွေ ရှိသလဲ။
သိန်းနိုင်ဦး – ဒါကတော့ လွယ်ပါတယ်။ ကျွန်တော်က ကျောင်းဆရာလေ။ ကလေးတွေကို စာသင်တဲ့ အချိန်မှာ အမြဲ ဗိုလ်ချုပ်လို ဟန်ပန်၊ လေယူလေသိမ်းနဲ့ သင်ခဲ့တာပါ။ သူတို့ကလည်း ပျင်းလာရင် ဆရာဗိုလ်ချုပ်ပုံစံလုပ်ပြပါဦးဆိုရင် ကျွန်တော်က တစ်ခါတည်း မိန့်ခွန်းပြောပြတော့တာပါ။ ဗိုလ်ချုပ်မိန့်ခွန်းတွေက အသံနေ အသံထား ဌာန်ကရိုဏ်းကျဖို့ ခက်ခဲတယ်။ ကျွန်တော် အထပ်ထပ် လေ့ကျင့်တဲ့ အကျိုးကျေးဇူးအဖြစ် လုံးဝကို အထစ်အငေါ့မရှိ ပြောလာနိုင်ခဲ့တာပါ။

အင်း… မိန့်ခွန်းကို တူအောင် ပြောနိုင်တာတစ်ခုတည်းနဲ့တော့ မလုံလောက်သေးဘူး ကိုသိန်းနိုင်ဦးရေ။ ဗိုလ်ချုပ်မိန့်ခွန်းက ခင်ဗျားအသံမသုံးပဲ ဗိုလ်ချုပ်ရဲ့ အော်ရီဂျင်နယ်အသံကို သုံးလည်း ဖြစ်တယ်ဆိုတာလေး သတိလေး ပြုပါ။ အရွေးခံစေချင်တဲ့ စေတနာလေး နဲ့ပါခင်ဗျာ။
နောက်ထပ် ကိုသိန်းနိုင်ဦးရဲ့ မားကက်တင်း မာယာလေးတစ်ခုကို တွေ့လိုက်မိတာနဲ့ ဖေါ်ပြပေးဖြစ်ပါတယ်။မားကက်တင်း စပယ်ရှယ်လစ် ဂီဂီ တို့ အတုယူသင့်ယူရမယ့် မာယာပါခင်ဗျာ။ ဖတ်ကြည့်ပါ။

Sunday – လက်ရှိမှာ ရန်ကုန် ကိုရောက်လာပြီး ဘယ်လိုအနေအထားမျိုးနဲ့ ရှေ့ဆက်သွားမလဲ။
သိန်းနိုင်ဦး – ကျွန်တော် လောလောဆယ် ကလေးတစ်ယောက်ကို ကျူရှင်သင်ပေးနေရတယ်။ မြို့ထဲမှာပါ။ သူ့အဖေက ကျွန်တော် ဗိုလ်ချုပ်မိန့်ခွန်းပြောပြတော့ သဘောကျသွားပြီး ကျွန်တော့်ကို တစ်ခါတည်း သူ့သားကို ကျူရှင်သင်ဖို့ အပ်လိုက်တာပါ။

ကောင်းလိုက်တဲ့ မားကက်တင်း မာယာ။ ဗိုလ်ချုပ်မိန့်ခွန်း ပြောပြလိုက်တာနဲ့ ချက်ခြင်း ကျူရှင်သင်ဖို့ အလုပ်ရသွားသတဲ့ဗျာ။
ဒီလိုတောင် တွေးမိတယ် ဂီဂီရေ။
ကိုထက်ဝေး ရဲ့ ပိန်ဆေးကိုသာ ထုတ်ဖြစ်ရင် ကိုသိန်းနိုင်ဦးနဲ့ ကြော်ငြာကြမယ်ဗျာ။
စတော်ရီဘုတ် ရေးရင် ဒီစာသားတွေထည့်ရေးဗျာ။

ခင်ဗျားတို့ ခန္ဓာကိုယ်ကြီးတွေ ဝနေကြတယ် ဟုတ်လား။
ဆရာထက်ရဲ့ ဆေးကို စားကြည့်ကြပါ ဟုတ်လား။
ဆရာထက်ရဲ့ ဆေးကို မစားကြရင်တော့ ဟုတ်လား။
ရုပ်ရှင်သရုပ်ဆောင်ပွင့် လောက်ဖြစ်သွားမယ် ဟုတ်လား။
သက်မွန်မြင့်လောက် ပိန်ချင်ကြတယ် ဟုတ်လား။
ဆရာထက်ရဲ့ ဆေးကို စားကြမှ ဖြစ်လိမ့်မယ် ဟုတ်လား။

မယုံရင် လုပ်ကြည့်ကြဗျာ။ ခင်ဗျားတို့ ကုန်ပစ္စည်းတွေ ကြော်ငြာမယ်ဆို ဗိုလ်ချုပ်လေသံကိုတုပြီး ကြော်ငြာကြည့်ကြ။
ချက်ခြင်း ပေါက်ထွက်သွားမယ် ဟုတ်လား။

19 comments

  • windtalker

    March 3, 2012 at 6:58 pm

    လေးစားရသော အစ်ကိုကြီးသည်လည်း ဂျာနယ်လစ်များနည်းတူ ၊ ဖွေးဖွေးသူငယ်ချင်း ဖြစ်ပုံကို စိတ်ဝင်စားဖွယ် ဖြစ်လာအောင် ရေးစွမ်းနိုင်စွမ်းရှိပေသည် တစ်ကား ။
    လေးစားပါ၏ ။

  • နွေဦး

    March 3, 2012 at 7:11 pm

    အပြင်းပြေရုံမက
    ဗဟုသုတလည်း ရပါတယ်။
    (ကြံကြံဖန်ဖန် တွေးပီးရေးတတ်တာလေး သဘောကျပါတယ်)

  • ခင်ဗျားတို့ ခန္ဓာကိုယ်ကြီးတွေ ဝနေကြတယ် ဟုတ်လား။
    ဆရာထက်ရဲ့ ဆေးကို စားကြည့်ကြပါ ဟုတ်လား။
    ဆရာထက်ရဲ့ ဆေးကို မစားကြရင်တော့ ဟုတ်လား။
    ရုပ်ရှင်သရုပ်ဆောင်ပွင့် လောက်ဖြစ်သွားမယ် ဟုတ်လား။
    သက်မွန်မြင့်လောက် ပိန်ချင်ကြတယ် ဟုတ်လား။
    ဆရာထက်ရဲ့ ဆေးကို စားကြမှ ဖြစ်လိမ့်မယ် ဟုတ်လား။
    ________
    ကိုဘလက်ချောရေ ရုံးပိတ်ရက်မို ့တင်လိုက်တဲ့ပို ့စ်အဖွဲ ့အနွဲ ့က
    ရှယ်ပါဘဲဗျာ။လက်မလေး တစ်ချောင်းထောင်အားပေးသွားပါတယ်။
    ဆရာထက်က သူ ့ဆေးကြေညာပေးလို ့ကျေးဇူးတင်ပါတယ်တဲ့။ဟီးး

  • htet way

    March 3, 2012 at 7:28 pm

    ဆေးကြေငြာတာထက်
    ဆရာဘလက် ရေးအားကောင်းတာ စေတနာထားတာကိုပိုပြောချင်ပါတယ်။
    ဒီလို မျိုး အားစိုက်ဖို့က တော်ရုံ မရဘူး ကျွန်တော်ဆို မရနိုင်ဘူး
    ဒါကြောင့်လေးစားတယ်။
    စာသမားဆိုတာ စေတနာ အဓိကပဲလေ
    ကိုဘလက် ဆထက်တပိုးရေးနိုင်ပါစေသတည်း
    ငြိမ်းချမ်းပါစေ

  • inz@ghi

    March 3, 2012 at 8:01 pm

    မဖတ်ခင် လက်မထောင်ပြီးမှ scroll down ဆွဲချ ဖတ်မိသကိုး …
    ကိုဘလက် ဆိုတဲ့ ဘရန်းက အဝဲယားနက်စ် ..ရီကော့ဂ်နစ်ရှင် း… အဆင့်တွေအားလုံးကို
    ကျော်သွားပြီး …ရီဆိုးနန့်စ် ဆိုတဲ့ အဆင့်ထိ ရောက်နေတာကိုးဗျာ ….

    ဖားတာ မြှောက်တာ မပါပါ …အစ်ကိုရေးရင် ကောင်းမယ်ဆိုတာသိပြီးနေသမို့
    ရဲရဲကြီး ဖတ်ပြီးလက်မထောင်တာ မဟုတ်ဘဲ …
    လက်မထောင်ပြီးမှ ကို ဖတ်တယ်ဗျာ …
    (မဖတ်ရသေးခင် ခေါင်းစဉ်နဲ့ ရည်စူးချက် ကိုက လက်မထောင်သင့်နေပြီး မဟုတ်ပါလား ..)

    ထားတော့ဗျာ …
    ဒါတွေ …
    အောက်ဆုံးပိုင်း က ကိစ္စလေး …နည်းနည်းလေး ပွားခွင့်ပြု …
    ဗိုလ်ချုပ် ရုပ်ရှင် သရုပ်ဆောင်မှာမို့ ဗိုလ်ချုပ် လေကျအတိုင်း ပြောတယ် ဆိုတဲ့ ဆြာလေး….။
    ဘရန်းဒင်းဖြစ်သွားပြီနော …ကိုယ့်ဆြာလေး …တခုလေး သတိချပ်….
    (နည်းနည်း ခပ်ရဲရဲလေး ရေးခွင့်ပြုပါဗျာ …အနှီဆြာသမားလေး ဖတ်မိရင်လည်း
    နားလည် နိုင်အောင်ပါ…)

    ဗိုလ်ချုပ် မိန့်ခွန်း ပြောပြကြည့်လိုက်တာနဲ့ သဘောကျပြီး ကျူရှင်ဆြာ ခန့်တယ် ဆိုတဲ့စကား…
    အကောင်းမြင်သူများ – ဗိုလ်ချုပ် နဲ့ တကယ် တူတဲ့ သရုပ်ဆောင်မှုတွေကို မြင်ရတော့မယ် …. အောင်မြင်ပါစေကွယ်
    အဆိုးမြင်သူများ – ထွီ ..ဗိုလ်ချုပ် ရုပ် – အသံ တူတာ … (တူအောင်ကျင့်ထားတာ)ကို အသုံးချပြီး ခုတောင် လုပ်စားနေပြီ ကြည့် …
    ကျနော့်အမြင် – ဆြာလေးပြောသလို ဗိုလ်ချုပ်လေသံအတိုင်း မိန့်ခွန်းပြောပြလို့ ဆြာလေးကို ခန့်တယ်ဆိုတာမှန်ရင်
    ဆြာလေးဟာ …ငါဟာ ငါမဟုတ် …ဆိုတဲ့ သီချင်းထဲကလို ဖြစ်နေပြီဆြာလေး …
    ဂိုက်လုပ်တယ်နော ..အောင်အောင် လုပ် … ထူးချွန်အောင်လုပ် .. ထို့ထက်ပို ရရင် ပြောင်မြောက်အောင်လုပ်ဗျာ…
    ခင်ဗျားပုခုံးပေါ်ခင်ဗျား ကိုယ်တိုင် တင်ပေးလိုက်တဲ့ … ဝန် တခုဖြစ်သွားလို့ပါ …

    တကယ်လို့ ….ခင်ဗျားလေး ပိန်းခဲ့မယ်ဆိုရင် …ခင်ဗျားနဲ့တင်မပြီးတဲ့ အင်းမေ့ချ် တခုဖြစ်လို့ ပါပဲ …
    ခင်ဗျား အောင်မြင်မယ်ဆိုရင်ရော ….. စိတ်တော့ မရှိနဲ့ ကိုယ့်ဆြာလေး ..ကလေးတယောက်ကို အောင်မြင်စွာ
    စာပြနိုင်တာဟာ ကမာ္ဘသိတဲ့ခေါင်းဆောင်တယောက်ရဲ့ အင်းမေ့ချ်ကို ဘယ်လိုမှ ထပ်ပေါင်းတန်ဖိုး မဝင်နိုင်တာ
    အမှန်ပဲ ….

    သည်တော့ အဆိုးမြင်သမားများ ..ကြားနေဝါဒသမားများ ဝိုင်းသမခံထိမယ့် ဗိုလ်ချုပ်နာမည်နဲ့
    လုပ်စားတာပါကွာ ဆိုတာမျိုး ရှောင်နိုင်ပါစေဗျာ …(မခေတဲ့ခင်ဗျား …ပညာရေးနောက်ခံနဲ့….
    ခင်ဗျား ရပ်တည်ဖို့ မခက်ပါဘူး …)

    နောက်ဆုံးတခုကတော့ … ရုပ်တူတယ် …အသံတူတယ်…..မွေးနေ့ဘာညာ သာဒကာ ပါ တိုက်ဆိုင်ဦး
    တူဦးတော့ …. အခြေခံကျကျတူဖို့ လိုနေတာ တခုက …

    သူ ……
    ဘာတွေဖတ်ခဲ့သလဲ …
    သူ……..
    ဘယ်လိုလူတွေ ကြုံခဲ့သလဲ….
    သူ……..
    ဘယ်လို စနစ်တွေ ဖြတ်သန်းခဲ့သလဲ..
    သူ……..
    ဘယ်လို ဘဝတွေ မြင်ခဲ့သလဲ ….
    သူ……..
    ဘယ်လို ခံစားသီကုံးခဲ့သလဲ ……

    ဒါတွေကို အရင်းတည်လို့ …
    အောက်ပွတ်သက်သက်ဖြစ်တဲ့ မိန့်ခွန်း ဆိုတဲ့ စကားလုံးတွေကို
    အပေါ်ယံ လို့ပြောနိုင်မယ့် လေသံ စကားလုံးအသုံးအစွဲ စတာတွေ ဖြည့်စွက်တာထက်…
    သူဖတ်ခဲ့ ဝတ်ခဲ့ စားခဲ့ မြင်ခဲ့ ကြားခဲ့ …ခဲ့ …ခဲ့…
    အားလုံးကို ဈာန်ဝင်စားနိုင်မယ်ဆိုရင်ဖြင့် …. ..

    ရုပ်ရှင်ထားဦး
    အနည်းဆုံးတော့ … ဟောသည်လောကမှာ ခင်ဗျားဟာ သူနဲ့ အတူဆုံး …
    သူ့အကြောင်း အသိဆုံး ..သူ့လို ကျင့်ကြံပြုမူ အနေထိုင်နိုင်ဆုံး ….
    အချုပ် ပြောဆို …သူနဲ့ သွေးမတော်သားမစပ်ပေမယ့် …သူနဲ့ အနီးစပ်ဆုံးသော
    သူ့အကြောင်း အထူးကျွမ်းကျင်သူ ပါရဂူ တယောက် အဖြစ် ရပ်တည်နိုင်မယ်ဖြစ်ကြောင်းပါ …။

    ခင်တဲ့…
    ဂီ

  • MaMa

    March 3, 2012 at 9:51 pm

    မင်္ဂလာပါ-
    တံခါးစောင့်ကြီး ရာထူးတိုးပြီး စွယ်စုံရ စာရေးဆရာ ဖြစ်သွားလို့……..
    ရေးတတ်ရင် သတင်းဖြစ်ဆိုတာလေး မှတ်သားသွားပါတယ်။
    🙂

  • ကိုချောရေ
    အောက်ဆုံးက မာကက်တင်းကို အကြိုက်ဆုံးဘဲ။
    အခုမှ သူရဲကောင်းတွေဘဲ တွေ့နေရတယ်ဗျာ။

  • padonmar

    March 3, 2012 at 11:22 pm

    ဖတ်ရင်းဖတ်ရင်းပြုံးပြီး
    ပြုံးရင်းပြုံးရင်းဖတ်သွားပါသည်။

  • kai

    March 4, 2012 at 4:42 am

    ဆရာဝင်းဖေက ကျွန်တော် အကြိုက်ဆုံး ဝတ္ထုတို ရေးသူ တစ်ယောက်ဖြစ်နေလို့ ပါ။

    ကိုရင်ဘလက်ချောကို ဂုဏ်ပြုပြီး.. ဒီညတော့.. မန္တလေးဂေဇက်မှာပါတဲ့.. ဆရာဦးဝင်းဖေအင်တာဗျုးတင်ပေးဦးမယ်..။ တော်တော်တောင်နှစ်ပေါက်ကြာနေပြီ..။
    ညိုခက်ကျော်က ဗျုးထားတာလေ..။

  • kyeemite

    March 4, 2012 at 8:24 am

    ကိုဘလက်ရေ အားရပါးရဖတ်သွားပါတယ်..

  • ဦးဦးပါလေရာ

    March 4, 2012 at 4:27 pm

    “…ကျွန်တော့်ထက်တော်ပြီး ပိုလုပ်ပေးနိုင်မယ့်သူ ရှိလာရင် ဒီနေရာကနေ အချိန်မရွေး ဆင်းပေးမယ်။…”

    အော် ဦးဇော်တို့က တော်လို့ ဘောလုံးဥက္ကဌဖြစ်တာကိုး….
    (ဒါနဲ့တောင် မြန်မာအသင်းကလဲ အောက်နားကမတက်ဖြစ်နေတာ အားနာစရာကြီးပါလား…)

    ကျုပ်ကလူတော်တွေဆို အထင်ကြီးလေးစားလွန်းလို့
    အိမ်နံရံမှာကပ်ထားမလို့ ဓါတ်ပုံလေးတပုံလောက် လိုက်ရှာဦးမှ …..

  • kai

    March 4, 2012 at 4:30 pm

    ကမ္ဘာကျော်တဲ့သူတွေရဲ့.. ဘဝသမိုင်းလေးတွေကို ပြန်ရိုက်တဲ့.. ကားတွေ.. အမှတ်တရစိတ်ထဲကနေ ပြန်ခေါ်မိတယ်..

    http://www.filmcrave.com/list_genre_movie.php?genre=Biography
    http://goodmovieslist.com/best-movies/best-biography-movies.html

    ကျုပ်ကြိုက်တာတွေဖြစ်တဲ့..
    Rocky
    Schindler’s List
    Elizabeth I
    Gandhi
    Milk
    The Iron Lady

    အဲဒီထဲပါတဲ့.. သူတွေအစားသရုပ်ဆောင်တဲ့.. သူတွေဟာ..သူတို့ကကိုယ်စားသရုပ်ဆောင်ပေးတဲ့.. မူရင်းသူနဲ့. ရုပ်ရည် မတူကြပါဘူး..
    တော်တော်ကွဲပြားကြပါတယ်..။ ဒါပေမဲ့.. သူတို့သရုပ်ဆောင်ကောင်းချက်က.. ကြည့်ရင်း..ကြည့်ရင်း.. မူရင်းသူဖြစ်သွားတော့တာပါပဲ..။

    ဒါပေမဲ့..
    Biography Movie ထဲသုံးတဲ့သူတွေဟာ.. ကမ္ဘာတန်းနာမယ်ရှိသူ မင်းသား/မင်းသမီးတွေဖြစ်နေတာတော့ သေသေချာချာသတိထားမိပါတယ်..။

    အဲဒါလေး… လက်တို့ချင်လို့ပါ..။
    ဆိုတော့..
    ကျုပ်သာဆို..
    ဗိုလ်ချုပ်အောင်ဆန်းကားကို.. ဟောလိဝုဒ်က.. မင်းသားသုံးပြီး.. ဟောလိဝုဒါရိုက်တာနဲ့.(ပိုက်ဆံတတ်နိုင်ရင်).ရိုက်တယ်..။ 😀

  • ငပွကြီး

    March 4, 2012 at 10:16 pm

    (ခင်ဗျားတို့ ခန္ဓာကိုယ်ကြီးတွေ ဝနေကြတယ် ဟုတ်လား။
    ဆရာထက်ရဲ့ ဆေးကို စားကြည့်ကြပါ ဟုတ်လား။
    ဆရာထက်ရဲ့ ဆေးကို မစားကြရင်တော့ ဟုတ်လား။
    ရုပ်ရှင်သရုပ်ဆောင်ပွင့် လောက်ဖြစ်သွားမယ် ဟုတ်လား။
    ကျုပ်ဒီလိုဘဲပြောမယ်..
    သက်မွန်မြင့်လောက် ပိန်ချင်ကြတယ် ဟုတ်လား။
    ဆရာထက်ရဲ့ ဆေးကို စားကြမှ ဖြစ်လိမ့်မယ် ဟုတ်လား။
    ကျုပ်ဒီလိုဘဲပြောမယ်…..)

    နဲနဲ ထပ်ဖြည့်ပေးလိုက်ပါတယ် ကိုဘလောချက် 😀

  • Khin Latt

    March 4, 2012 at 11:01 pm

    ကိုဘချောရေ

    အဝေးကနေပြီး ဒီလို သတင်းလေး တွေဖတ်ရတာ ဘယ်လောက်ဟန်ကျ လိုက်ပါသလဲ။
    ကိုဘချော ရဲ့ ရေးချက်တွေ ကတော့ မရိုးနိုင်အောင်ပါဘဲ။
    အမြဲအားပေးနေပါတယ်၊ ကျေးဇူးလဲ တင်ပါတယ်။

    (၁) “မြတ်သောမောင် ရဲ့ အဘိုး၊ ဖြိုးကြီးတို့ ယုဇနတို့ ရဲ့ အဖေ ဟင်္သတ မြင့်ငွေ” ဆိုတာ အခုမှ သိတယ် ကို ဘချောရေ။

    (၂) မောင်ဇော်ဇော် ကတော့ စကားပြောတတ် ထင်ရဲ့။
    စောစော ကဘဲ Face Book ထဲမှာ
    ~~~
    ဦးဇော်ဇော်က “ဒါဟာ ရည်ရွယ်ချက် ရှိရှိ ပုဂ္ဂိုလ်ရေး အရ တိုက်ခိုက်တာပါ။ ဒါပေမဲ့ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး မလုပ်ခဲ့ပါဘူးလို့ ငြင်းချက်တော့ မထုတ်နိုင်ပါဘူး။ တစ်ခုတော့ သတိထားစရာ ဖြစ်လာပါတယ်။
    ကျွန်တော်တို့ တတွေ ဒီလို မနေထိုင် သင့်ဘူး ဆိုတာကို သိလိုက်ရပါတယ်” ဟု ဆိုခဲ့သည်။
    မူရင်း – http://www.soccermyanmar.com/index.php?option=com_content&view=article&id=14523%3A2012-03-04-05-11-50&catid=102%3Aothers&Itemid=95
    ~~~
    ဘာဘဲဖြစ်ဖြစ် ဒီလို လူမျိုးတွေ အကောင်းဖက်ပါလာရင် အားလုံး အကျိုးရှိနိုင်မယ် လို့ ကျွန်မတော့ ယုံပါတယ်။
    တကယ်တော့ သူတို့ လဲ လုပ်ရည်ကိုင်ရည် ရှိတဲ့ ခေသူမဟုတ် လို့ ပြောလို့ရပါတယ်။
    ဘာက မှန် တယ် ဆိုတာ အသေအချာ နားလည်ပြီး သတ္တိရှိရှိတဲ့ မှန်တဲ့ဘက်မှာ ရပ်ရဲဖို့ တော့လိုပါမယ်။
    ခေတ်ပြောင်းချိန် ဆိုတာကို သတိထားမိ ခဲ့ရင်ပေါ့။ 😉

  • ကြောင်ကြီး

    March 5, 2012 at 12:25 pm

    ဦးဘလက်က နားရက်weekendမှာ ဟိုဟာ မလုပ်ဘူးလား.. သဂျီးကတော့ ဖုံးတောင်ပိတ်ထားသတဲ့… ဖြစ်နေဒါ ဖြစ်နေဒါ……. 🙄

  • TTNU

    March 5, 2012 at 1:48 pm

    ကိုချောရေ…
    မောင်ရင်ရေးနေတဲ့ ချိုပေါ့ကျတွေ ဖတ်ပြီးနေကောင်းသွားပါပြီ။
    သတင်းစုံနေအောင်ရေးနိုင်ပါပေတယ်။
    တီချာတို့ စာဖတ်သူတွေ တောင်မနည်း လိုက်ဖတ်ယူရတယ်။
    မောင်ရင်က ဖတ်အားရော ရေးအားရော ကောင်းလှသကွယ်။

  • blackchaw

    March 8, 2012 at 8:18 pm

    အားပါးပါး ကွန်းမန့်ပေးသူအားလုံး
    ကျွန်တော့်ကို ခွင့်လွှတ်ကြပါခင်ဗျာ။
    ဒီပို့စ်ကို လာလည်ကြတဲ့ ဧည့်သည်တွေကို
    လုံးဝ ဧည့်မခံရသေးတာ အခုမှ သတိပြုမိသွားတာပါ။
    အချိန်တောင်တော် တော်ကြီးလွန်နေပြီဖြစ်လို့
    ကျေးဇူးစကားလေးပြောရင်း နည်းနည်းပဲ ပွားပါရစေတော့ခင်ဗျာ။

    သူကြီးရေ။
    ဆရာဝင်းဖေ အင်တာဗျူးလေး ပြန်ဖေါ်ပြပေးတာ ကျေးဇူးပါခင်ဗျာ။ 😀

    ဂီဂီရေ။
    အဲဒီလောက်ကြီးတော့ အစ်ကိုက မထိုက်တန်သေးပါဘူးဗျာ။
    မည်သို့ပင်ဆိုစေကာမူ ဉာဏ်ရည်နိမ့်သူတို့၏ ထုံးစံအတိုင်း
    အတိုင်းမသိ ကျေနပ် ပီတိဖြစ်သွားပါကြောင်း… 😀

    မပဒုမ္မာရေ။
    ဖတ်ရင်းပြုံးပြီးပြုံးရင်းဖတ်သွားတယ်ဆိုတာကို
    ဖတ်ရင်းပြုံးမိသွားပါတယ် အစ်မရေ။
    အစ်မကို ပြုံးစေနိုင်သော ကျွန်တော် ပဲ ။
    နည်းတဲ့အဆင့်မဟုတ်ဘူး နော့။
    ဖတ်ပြီး မပြုံးကြေး။ 😀

    တီချာနု။
    အေးအေးဆေးဆေး ဖတ်ပါ တီချာကြီးရေ။
    နေကောင်းသွားတယ်ဆိုလို့ ဝမ်းသာမိပါတယ်။

    ကြောင်ကြီး။
    ဦးဘလက်က ပိတ်ရက် ရောက်ရင်
    အရက်သောက်ပြီး မူးမူးနဲ့ ရေးမိရေးရာတွေကို
    လျှောက်တင်မိတော့တာပါပဲ ဗျာ။ 😀

  • blackchaw

    March 8, 2012 at 8:28 pm

    Khin Latt ;
    အစ်မလတ်ရေ။
    စိတ်ပါလက်ပါ ရေးပေးတဲ့ ကွန်းမန့်လေးကြောင့်
    ရေးရတာ အားတက်မိပါတယ်။
    နောက်လည်း အားပေးပါဦးခင်ဗျာ။ 😀

    ကိုငပွကြီး
    ကွန်းမန့်လေးအတွက်ရော ထပ်ဖြည့်ပေးသွားတာအတွက်ရော ကျေးဇူးပါ ဗျာ။ 😀

    ကိုပါလေရာ
    ဦးဇော်ဇော်ပုံ အိမ်မှာကပ်ထား ကိုပါလေရာရေ။
    😀

    အမေရိကန်ငတုံး`
    နာမည်လိုတော့ မတုံးလောက်ပါဘူးဗျာ။
    အပျင်းပြေအဆင့်မဟုတ်ပါဘူးလို့ ရေးသွားတဲ့အတွက် ကျေးဇူးပါဗျာ။
    😀

    kyee mite ၊ ကိုပေါက်
    အားပေးသွားကြတာ ကျေးဇူးပါ ဗျို့။

    MaMa
    ရေးတတ်ရင်သတင်းဖြစ်တယ် ဆိုတာ
    ကျွန်တော်ရေးတာမဟုတ်ပါဘူး မမရေ။
    ဖတ်ခဲ့ဘူးတာလေး မှတ်ထားပြီး ပွားလိုက်တာပါ။ 😀

    မောင်သန်းထွဋ်ဦး
    လက်မလေးတစ်ချောင်းထောင်သွားတဲ့အတွက် ကျေးဇူးပါ ညီလေးရေ။

    နွေဦး
    ကြံကြံဖန်ဖန်တွေးပြီး ရေးတတ်တာလေး သဘောကျတယ်ဆိုတဲ့ စကားလေးအတွက်
    ကျေနပ်သွားပါတယ်ဗျာ။

    ဒေါက်တာမောင်ပေ
    ညီလေးရေ။ သူများရေးတာတွေ လျှောက်ပွားနေတာပါဗျာ။
    အရမ်းကြီး စွတ် လေးစားမနေပါနဲ့။ 😀

Leave a Reply