ကျွှန်တော် တေလေလိုလျှောက်သွားတုန်းက
ကျွန်တော်တေလေလိုလျှောက်သွားတုန်းက သစ္စာနီ၏အလူနှင့်အိမ်ကို ကြိုက်ခဲ့သည်။အောင်ဝေး၏ဆင်းရဲတဲ့ အချစ်ကို ရွတ်တတ်ခဲ့သည်။ဘယ်သူပြောလဲတတောလုံး
ကြွေဆိုသောစာသားကို မဆီမဆိုင် ပြောတတ်သေးသည်။ကျွန်တော်တေလေလိုလျှောက်သွားတုန်းကဂေဇက်ဆိုတာမသိပါ အင်တာနက်ဆိုတာ အင်္ဂလိပ်နာမည်လား
ဟုတွေးခဲ့ထင်ခဲ့ပါသည်။ကျွန်တော်မြို့ကလေးက မီးမမှန်ပါ။ကျွန်တော်တေလေလိုလျှောက်သွားတုန်းက ဒီမိုကရေစီဆိုသော စကားရပ် အသံတိတ်နေသေးသည်။
အကျယ်ချုပ်ဆိုသော စကား ၊တိုက်ပိတ်သည်ဆိုသော.. တိုးတိုးကွ ဆိုသော လက်ညိုးတစ်ချောင်းတွေခောတ်စားနေပါသည်။
ကျွန်တော်တေလေလိုလျှောက်သွားတုန်းက ရဲ့ ဝံ့စွန့်စားခြင်းတေးးမှာ ရင်နင့်အောင်ဝေးရဖူးသည်။ငယ်စဉ်က သူငယ်ချင်းကောင်းကို စကားမပြောရဲခဲ့ပါ
(ခင်ဇော်လင်း ခွင့်လွှတ်ပါ)။မကြာခဏခေါ်ယူခြင်းခံရ မေးခံရ ခြင်းကို ကျွန်တော်မုန်းပါသည်။ကျွန်တော်တေလေလိုလျှောက်သွားတုန်းကကောင်မလေးတွေ ဘောင်းဘီတို ဝတ်ပြီး ကဗျာမဆန်တတ်သေးပါ။ မိန်းကလေးက စလို့ ရည်းစားစကားပြောသောခောတ်မရှိသေးပါ။လေဘာတီမမြရင်ကို အင်္ဂလိပ်ကဇာတ်ပွဲ၌
ခြေသလုံးပေါ်အောင်ထမီဝတ်ပြလျှင် ရွှေဒင်္ဂ ါး ပေးမည်ဟုဆိုသောအခါ သီချင်းနှင့်တုံပြန်၍အမျိုးသမီးတို့၏အိန္ဒြေကို ရွှေပေးမရကြောင်းသီချင်းဆိုသောခောတ်ကို ကျွန်တော်မမှီလိုက်ပါ။
ကျွန်တော်တေလေလိုလျှောက်သွားတုန်းက မီးလောင်မူတွေ မဖြစ်ပါ။တယ်လီဖုန်းရောဂါတွေမရှိသေးပါ ။ပြည်သူ့ အသံဆိုတာ ကို နားထောင်သူမရှိပါ။
နာရေးကူညီမူ မဖွင့်ဖြိုးသေးပါ။ညီညွတ်ရေးနှင့် အသက်ရှည်ရှည်ခင်ခင်မင် လက်ရည်တပြင်တည်း…..ဆိုသောသီချင်းကို မိုးရေထဲ ဆိုခဲ့ဖူးသည်။
ကျွန်တော်တေလေလိုလျှောက်သွားတုန်းက ကြိုဆိုရေးကိစ္စ အိပ်မက် မမက်နိုင်သေးပါ။ ယုံကြည်ချက်နှင့် အများအကျိုးအတွက်တာဝန်ထမ်းရွက်သူတွေကို
ရှုးနှမ်းသူဟု လက်ညိုးထိုးနေသောကာလဖြစ်ပါသည်။ဟာသဆိုလျှင် ဇာဂနာပြက်လုံးကို ကြိုက်ကြသောလူတစ်စုသာလက်ဖက်ရည်ဆိုင်မှာ တီးတိုးပြောနေကြပါသည်။
ကျွန်တော်တေလေလိုလျှောက်သွားတုန်းက လုပ်အားပေးနေသောကျေးလက်သားများကိုတွေ့ရပါသည်။စကားပြောသလို သီချင်းဆိုသောအခွေမရှိသေးပါ
ထွေးညိုနဲ့ပြေးကြိုချင်သူများသတင်းနားထောင်နေကြပါသည်။ရေဒီယိုများကျေးလက်၌ခောတ်စားနေ၏။ကျွန်တော်တေလေလိုလျှောက်သွားတုန်းက
စာနယ်ဇင်းလွတ်လပ်ခွင့်မရှိသေးပါ။ လူတစ်ယောက်ကို မကျေနပ်လျှင် လွယ်လင့်တကူပြဿနာရှာနိုင်သော တိုင်စာများပလူပျံနေပါသည် လူ့အခွင့်အရေးဆိုသော စကားရပ်များ မပြန့်နှံသေးပါ။
ကျွန်တော်တေလေလိုလျှောက်သွားတုန်းက………………………………………………………………………………………………………………………………..။
ကျွန်တော်တေလေလိုလျှောက်သွားတုန်းက လာဘ်ပေးရန်မလိုဆိုသောကြေငြာချက်တွေမရှိသေးပါ။ မကျေနပ်လျှင် ရေးပြ တင်ပြ နိုင်သော ဟစ်တိုင်လည်းမရှိသေးပါ။စိတ်အပန်းဖြေစရာ ပိုက်ဆံပေးလျှင်ရနိုင်သော ဘာဘာညာညာတွေလည်း မပေါသေးပါ။
ကျွန်တော်တေလေလိုလျှောက်သွားတုန်းကမော်ဒယ်ဂဲတွေမပေါသေးပါ။ကိုယ်ဟန်ပြမယ်တွေ ခောတ်မစားသေးပါ။dancerဆိုသော အကြည့်ရဆိုးသော ကကွက်တွေမပေါ်သေးပါ။
ကျွန်တော်တေလေလိုလျှောက်သွားတုန်းက………………………..။ကျွန်တော်တေလေလိုလျှောက်သွားတုန်းက………………။
မျှော်လင့်ချက်တို့ ပြိုပျက်ခဲ့ရသော ၊ မပြောဝံ့ မဆိုဝံ့သော နေ့ရက်များကို ကျွန်တော်မုန်းပါသည်။
11 comments
MAUNG
March 7, 2012 at 6:06 pm
လန်းတယ် ဗျာ း)
မောင်သန်းထွဋ်ဦး /အတိသဉ္ဖာ နာဂရချစ်သူ
March 7, 2012 at 6:49 pm
ခုတော့ ဆရာထက်က တေလေမဟုတ်တော့ပါဘူး။တစ်ထောင့်တစ်နေရာက နေအမြင့်ပျံနေပီလေ။
ဒါလေးကြိုက်တယ်ဗျာ။
အကျယ်ချုပ်ဆိုသော စကား ၊တိုက်ပိတ်သည်ဆိုသော..
တိုးတိုးကွ ဆိုသော လက်ညိုးတစ်ချောင်းတွေခောတ်စားနေပါသည်။
ကျွန်တော်တေလေလိုလျှောက်သွားတုန်းက ရဲ့ ဝံ့စွန့်စားခြင်းတေးးမှာ
ရင်နင့်အောင်ဝေးရဖူးသည်။ငယ်စဉ်က သူငယ်ချင်းကောင်းကို စကားမပြောရဲခဲ့ပါ
metallic
March 7, 2012 at 7:25 pm
ကျနော်ကတော့
တေလေဘဝထဲမှာရှိနေဆဲလို့
ထင်ပါသည်
alinsett
March 7, 2012 at 7:40 pm
အရမ်းကောင်းပါတယ် ။
အရမ်းကို ကောင်းပါတယ် ။
ဆက်ရေးပါဥိး ။
htet way
March 7, 2012 at 8:39 pm
အားပေးတာကျေးဇူးပါ
ဆက်ရေးပါဆိုရင် အရှုးဘုံမြှောက်…………။
ဆရာတို့ ဖတ်ပေးတာကို က ဝမ်းသာနေရပါကြောင်း
ကျွန်တော်တေလေလို မသွားချင်တော့ပါခင်ဗျား အားလုးံချမ်းမြေ့ကြပါစေ။
surmi
March 7, 2012 at 10:29 pm
ငယ်ဘဝကိုပြန်ခေါ်သွားတဲ. စာစုလေးပါ။
ငယ်စဉ်ကရှိခဲ.တဲ.မိုက်ရူးရဲ သတ္တိတွေ ၊မိုက်မဲတဲ.ဆုံးဖြတ်ချက်တွေ
တခါတလေပြန်သတိယမိတယ် ……။
ဆရာထက်တေလေလိုလျောက်သွားတုန်းက ၊
ကျွန်တော်လည်း ပလက်ဖေါင်း ခေါင်းအုံးနေခဲ.ပါတယ် ….။
အရှုံးတွေနဲ့ ကျွန်တော်
March 7, 2012 at 11:40 pm
အရေးအသားနဲ့ အကြောင်းအရာပိုင်း ကောင်းမွန်ပါတယ် အားပေးသွားပါတယ် ဖောက်ထွက်အတွေးနဲ့ ရေးတဲ့စာလေးတွေ သရော်စာလေးတွေကို နှစ်သက်ပါတယ် ဆက်လက်လို့ အားပေးသွားပါဦးမယ် နောက်များမှာလဲ ထပ်ရေးပေးပါဦး
ကြောင်ကြီး
March 8, 2012 at 9:58 am
ကျနော်တေလေလို လျောက်သွားတုန်းက ကား ရထား လှည်း မြင်း နွား ဘာမှမပေါ်သေးပါ။ အဘယ်ကြောင့်ဆိုသော် ချစ်ချစ်နှင့်ကျနော် နှစ်ယောက်ထဲရှိသည့် ကမာ္ဘတည်စခေတ်ဦး ဖြစ်သောကြောင့်တည်း..။
htet way
March 8, 2012 at 10:35 am
ပို့စ်မော်ဒန်ခောတ်က သစ္စာနီ၏လူနှင့်အိမ်ကို ကြိုက်ခဲ့သည်။
အိမ်မရှိသူတစ်ယောက်က သူငယ်ချင်းအိမ်ကို သွားအိပ်တော့ ခယ်မရောက်နေလို့
အိမ်မှာအိပ်ခွင့်မပေး ငွေနှစ်ရာသာပေးခဲ့သည်။
လမ်းပေါ်ရောက်တော့ မိုးက သည်းသည်းမည်းမည်းရွာနေခဲ့ သည်။
ဆောင်းစရာထီးမပါ။သတိလက်လွတ်ဆုပ်ထားတဲ့ ငွေနှစ်ရာက
မိုးရေကြောင့်စိုရွှဲ…စုတ်ပြဲ။
“အိပ်စရာမရှိတဲ့ ညမှာ မိုးက သိပ်ရွာတာပဲနော်….”
အောင်ဝေးရဲ့ ဆင်းရဲတဲ့ အချစ် .. ခောတ်တစ်ခောတ်နဲ့ ….မြစ်တစ်မြစ်နဲ့ ကဗျာတစ်ပုဒ်။
ပြာမလော့ရေဆန်မုန်တိုင်းထန်တော့ ..ကာရန်မညီ နဒီရိုးမှာ မိုးစုပ်စုပ်ချုပ်။
………………….ဒုက္ခဆိုချိုနဲ့ လား …သားအမိတစ်အုပ်။
ဘဝကို နွမ်းပါးမူတွေနဲ့ စတင်ခဲ့ရတယ် ကျွန်တော်ဟာ အောင်မြင်ခဲ့ ဖူးပါတယ်။
မတရားမှန်းသိလျှက် မပြောဝံ့ မဆိုသာနေ့ရက်တွေ……ငွေနောက်လိုက်သူတွေ
အမှန်တရားက ကျဆုံးခဲ့ရတာတွေ။……ဦးဦးပါလေရာခင်ဗျား….မြို့ပြ ညနေတွေမှာ ဆရာသမားကိုဖုန်းဆက်ပြီး စကားဝိုင်းဖွဲ့ စာပေစကားတွေမှာ နှစ်မျောခဲ့ရတာတွေ အတွက်ကျေးဇူးပါ။
ဂေဇက်က မိတ်ဆွေတွေကိုလည်း ခင်မင်လေးစား ခဲ့ရင်း ဂေဇက်ကို မြတ်နိုးခဲ့ရပါကြောင်း။
စာသင်ခန်းတွေ …ငွေကြေးတွေ နာမည်ကျော်ကြားမူတွေ …နောက် ဆင်းရဲမူတွေ
ငွေကြေး ကြပ်တည်းမူတွေ အနိမ်ခံရတာတွေ ဉာဏ်ရည်နည်းသူတွေရဲ့ ထိုးနှက်ချက်တွေ
အများအတွက် အနှစ်နာခံရခြင်းေတွေ။
တကိုယ်တော်ရွှက်လွင့်ခြင်းတေးမှာ ရင်နှင့်အောင်ဝေးရဖူးပါတယ်။
စာပေသမားတစ်ကြောင့်မို့ မြို့သေးသေးလေးမှာ ..ဝါဒတူသူတွေမဲ့ပြီး အထီကျန်ခဲ့ဖူးပါတယ်။
marblecommet
March 10, 2012 at 2:44 pm
ကျနော်လည်း ထိုနည်းလည်းကောင်းပေါ့ ကိုထက်ရယ်…
ခင်ဗျား အစဖော်လိုက်မှ
ကိုရဲ ရဲ့….
အခြားသော အရာများနှင့်လူ စီးရီးကို
ပြန်ဖတ်မှ ဖြစ်တော့မယ်ဗျို့
ကျနော်ကတော့ ပန်းပွင့်နှင့်လူ ကိုလည်း ကြိုက်တယ်
အိမ်နှင့် လူကတော့
လက်ရှိ ခံစားနေရဆဲ ဒုက္ခသုက္ခ တစ်ခုပေါ့ဗျာ….
ခင်တဲ့…
htet way
March 19, 2012 at 8:35 am
နေစရာကိစ္စက အင်မတန်ခံစားရတဲ့ အချက်ပါ။
သစ္စာရဲ့ အိမ်နှင့်လူကို တအားကြိုက်ခဲ့ပါတယ်။
ပန်းပွင့်နှင့်လူကိုလည်းကြိုက်ပါတယ်။
သစ္စာနီရဲ့ ကဗျာတွေကိုလည်း အရမ်းကြိုက်ပါတယ်ခင်ဗျား။