တပ်မတော်က သင့်ကိုအလိုရှိသည်
ကိုယ့် နီးစပ်ရာပတ်ဝန်းကျင်တွင် ဝင်လိုသည့်သူများရှိခဲ့လျင် ကျေးဇူးပြုပြီးဆက်သွယ်ပေးပါ facility ကောင်းမွန်
စွာပေးပါမည် ။ ပင်၂ပန်း၂ လုပ်စရာမလိုပါ – training သင်တန်း ၃ လသာအနည်းငယ်ပင်ပန်းမည်။
ရှေ့တန်းမထွက်ရပါ သင်တန်းကျောင်းတွင်သာနေရမည်.. ကျောင်းမပြီးသေးက ကျောင်းဆက်ထားပေး
မည်.. ထိုက်သင့်သောလစာ ခံစားရမယ်
ဆက်သွယ်ရန်လိပ်စာ-
koyotesoe85@gmail.com
19 comments
NK
March 12, 2012 at 3:27 pm
သားကောင်းစစ်သည် တစ်ယောက်ဖြစ်ချင်ရင် တပ်မတော်ထဲကိုဝင်လိုက်ပါ
Thel Nu Aye
March 12, 2012 at 3:44 pm
စစ်သားက ရှေ့တန်းမထွက်ရပါဆိုတော့ဘာလုပ်ရမှာလဲဟင်။ တိုင်းပြည်ကာကွယ်ရေးလုပ်ဖို့ ဘယ်သူလုပ်ရမှာလဲ။ နောက်ပြီးတော့စစ်သားတယောက်က ၃ လလေ့ကျင့်ရုံ နဲ့သားကောင်း စစ်သည်ဖြစ်ကောလား။ နောက်စစ်သားဆိုတာ facility ကောင်းမွန်ဖို့လိုပါသလား။ တောထဲမှာမြေကြီးပေါ် မှာတောင်လိုအပ်ရင်အိပ်နိုင်ရတာမဟုတ်ဘူးလား။ facility ကောင်းမွန်မှု့ဆိုတာဘာများပါလိမ့်။
memeseku
March 12, 2012 at 5:27 pm
လူလိမ်……မုန်းတယ်… အာဟိ
ဘယ့်နဲ. MG မှာ လာပြီးတပ်သားလာရှာရတယ်လို့… ကိုယ်တော်ရယ်… ကန်တော့ဆွမ်းပါ…
🙂 🙂
ဆူး
March 12, 2012 at 5:31 pm
တကယ်ကြီးလားဟင်.. နောက်တာလား.. အတည်လား..
မဟာရာဇာ အံစာတုံး
March 12, 2012 at 6:32 pm
ဒါ ……..
နာနဲ့ ဆိုင်ဘူး ထင်တယ် …..
😀
ငပွကြီး
March 12, 2012 at 8:45 pm
တပ်မတော်သားကောင်းတစ်ယောက်က…
၃ လ သာ training လုပ်ရမယ်
ပင်ပင်ပန်းပန်း လုပ်စရာမလို
ရှေ့တန်းထွက်စရာမလို
ဟုတ်ပါ့မလားမောင်ရုပ်ဆိုးရယ် စားပွဲထိုးတစ်ယောက်တောင် ၃ လလောက် training ပေးတာစိတ်တိုင်းမကျဘူး
နှိင်ငံတာဝန်ထမ်းမယ့် စစ်သားတစ်ယောက်က အဲဒီလောက်နဲ့တော့မဖြစ်နှိင်ဘူးထင်တယ် အဲလောက်နဲ့ဆိုရင် ၆ ၃ မကျတဲ့ စစ်သားလောက်ဘဲဖြစ်လာမှာပါ..
ဒါဆိုရင် တပ်မတော်ကြီး တစ်ခုလုံးလဲ ၆ ၃ မကျတွေဖြစ်ကုန်မှာပေါ့
ကြားဖူးတာတစ်ခုက စစ်ဗိုလ်တွေရာထူးတက်ဖို့ တစ်ယောက်ကို စစ်သားဘယ်နှယောက်ရှာပေးရတယ်ဆိုလို့ ရှာနေတာလား ဒါမှမဟုတ် နောက်နေတာလား
နေဝန်းနီ
March 12, 2012 at 10:52 pm
စစ်ဗိုလ်တွေ ရာထူးတက်ဖို့တင်မဟုတ်ဘူး…။ ထွက်ချင်တဲ့သူတွေ ပင်စင်မြန်မြန်လိုချင်တဲ့သူတွေကလည်း စစ်သားဝယ်ပေးရသေးတယ်တဲ့…။ ဒီအတိုင်းစုနိုင်တဲ့သူက တစ်ယောက်ကို တစ်သိန်းလောက်ရတယ်..။ စာရင်းပေးလိုက်ရုံပဲ..။ သူ့ဖာသာသူပြန်ထွက်ပြေးပြေးမပြေးပြေး …။ စုတဲ့သူနဲ့မဆိုင်ဘူး……..။
သရဲ ပြေး ဘီလူး ငို
March 12, 2012 at 8:54 pm
ဟုတ်ရယ် . ၆၃ မကျပဲ ၆၁ ဖြစ်ဖို့များတယ် ၊
အယ် . ဝင်ပြောနေမိပြန်ပြီ ၊
ကျုပ်နဲ့ ဘာမှ မဆိုင်ပါလား ။
MTY
March 12, 2012 at 9:30 pm
အလကားနှောက်နေတာနေမှာပါ။
ဒါမှမဟုတ်လှောင်နေတာ။
kyeemite
March 13, 2012 at 9:59 am
ကာကွယ်ရေးအူးစီးဂျုတ် နေရာလစ်လပ်ရင်တော့
ပြောလေ ..
Shwe Tike Soe
March 13, 2012 at 11:11 am
တမီးရော စစ်သမီးလုပ်လို.ရလားဟင် ကျန်တဲ့ အတတ်ပညာတော့မသိဘူး ခံစစ်တော့တတ်တယ်…. တမီးတို.က စစ်တပ်တပ်ရင်းတစ်ရင်လောက်ကတော့ အာဟိ….
ယောင်္ကျားပါတဲ့ဟေ့ …………… 😀
ahnyartamar
March 13, 2012 at 11:15 am
all are nonsense
FattyCat
March 13, 2012 at 3:05 pm
ကျွန်ုုပ်အား တပ်မတော်မှအလိုုရှိသော်လည်း တပ်မတော်အား ကျွန်ုုပ်မှ အလိုုမရှိတော့ပြီ…
Thel Nu Aye
March 13, 2012 at 8:52 pm
မိုက်တယ် ဖက်ဖက်ကက်ကွ။ ရေရေလည်လည်ထိတယ်။ ကွက်တိကိုဂွပ်ကနဲ့ထိတာပဲ။
cobra
March 13, 2012 at 3:28 pm
အော်ခက်ပါလား စစ်သားရှာစရာရှားလို့ဒီမှာမှလာရှာရတယ်လို့။
မဖြစ်နိုင်တာဗျာ….
ခင်ဗျားတောထဲလာပီးငါးလာရှာနေတာလား
မဖြစ်နိုင်ပါဘူးဗျာ။
zar ni
March 13, 2012 at 7:17 pm
ဗိုလ်ဂျုတ်မှူးကြီးရာထူးရရင်တော့ချက်ချင်းဝင်မှာ…
လစာတောင်မယူပါဘူး…(ဗိုလ်မှူးနေရာရရင်တော်ပြီ)
zar ni
March 13, 2012 at 7:17 pm
ဗိုလ်ဂျုတ်မှူးကြီးရာထူးရရင်တော့ချက်ချင်းဝင်မှာ…
လစာတောင်မယူပါဘူး…
Foreign Resident
March 13, 2012 at 7:26 pm
ကို NK ရဲ့
စစ်သားရှာတာ ၊ နေရာမှားနေတယ်ထင်ပါ့ ။
ဒီလို Internet ပေါ်တက်ပြီး
Web Page ပေါ်မှာ ရေးနေ ဖတ်နေကြတဲ့ သူတွေက ၊
အကြမ်းဖျင်းအားဖြင့် ၊ အနည်းဆုံးပေါ့နော် ၊
ပညာ အသင့်အတင့်တတ်ပြီး ၊ စဉ်းစား ဆင်ခြင်ဉာဏ် လဲ ရှိပြီး ၊
အမှား အမှန် နှင့် အကောင်း အဆိုး ကို ခွဲခြားနိုင်ကြသူတွေ များတယ်ဗျ ။
အဲဒီတော့ ၊ ဒီလို လူမျိုးက စစ်ဗိုလ် စစ်သား ဘယ်လုပ့် ပါ့ မလည်းဗျာ ။
နေရာမှားနေတယ် ခင်မျ ။
ပညာ မတတ်တဲ့ နေရာလေးတွေ ၊ သွားရှာပါလားဗျာ ။
ဒါနှင့် စကားမစပ် ၊
စစ်သား တစ်ယောက်ရဲ့ ပေါက်ဈေးက တစ်သိန်း မကတော့ဘူးထင်တယ် ။
အဘ ကြားတာကတော့ သုံးသိန်းလောက် ရှိတယ်လို့ကြားတယ် ။
zar ni
March 13, 2012 at 7:29 pm
နေစမ်းပါဦး…ခင်ဗျားကလစာမယူရင်ဘာနဲ့စားမှာလဲ..