ဘယ်လိုလုပ်ရပါ့
စနေနေ့က ကျွန်မအပြင်ထွက်ဖြစ်တယ်။ ရန်ကုန်ဆေးရုံကြီးအရေးပေါ်နားလောက်ကျတော့ကားတွေပိတ်နေတာနဲ့ ရှေ့ကိုလှမ်းကြည့်လိုက်တော့ Rescue ကားနဲ့မီးသတ် ရဲ ဘော်တွေ ဆေး ၁ ရှေ့မှာတွေ့လိုက်တာနဲ့ဘာဖြစ်လဲမသိဘူးဆိုပြီး ဆက်သွားကြည့်လိုက်တော့ သံရုံးကားရယ်၊ Taxi ရယ်၊ ကုန်တင်ကားရယ် တိုက်ထား တာတွေ့ ရတယ်။ Taxi ကတော့တော်တော်ဆိုးဆိုးဝါးဝါး ရှေ့ပိုင်းတခုလုံးပျက်စီးသွားတာတွေ့ရတယ်။ ဒရိုင်ဘာကတော့အခြေအနေဆိုးတယ်ပြောတယ်။ Taxi ကကျော်တက်ပြီး သံရုံးကားကို မျက်နှာချင်းဆိုင်တိုက်ပြီး ဒိုင်နာကိုဆက်တိုက်တာတဲ့။ ဘာတွေအဲလောက်လောကြီးနေလဲမသိဘူး။ ကျွန်မလဲဆက်ထွက်လာခဲ့ တယ်။ နောက်တနေ့ တနင်္ဂနွေမှာအပြင်ထပ် ထွက်တော့ တာမွေလေး ရဲတန်လျားနားမှာ ခရီးသည်တင်ဘတ်စ် ကားတစ်စီးလမ်းဘေးထိုး ကျပြီးအုတ်တံတိုင်းကိုတိုက်ထားတာတွေ့ရပြန်ရော။ ကရိန်းတွေနဲ့ရှေ့နောက်ဆွဲ ပြီးလမ်းပေါ်ပြန်တင်နေရတာတွေ့ခဲ့ရတယ်။ ဒဏ်ရာရမှု့အခြေအနေတော့မသိခဲ့ရပါဘူး။ ဒီနေ့မနက် တနင်္လာနေ့မနက်စောစောမှာ ဝင်းထဲကဝန်ထမ်းတယောက်ကလာပြော တယ်။ ဝန်ထမ်းတယောက်ရဲ့သမီးမနေ့က ကားတိုက်ခံရတာပွဲချင်းပြီးဆုံးသွားတယ်တဲ့။ စံပြဈေးနားမှာ ကျူရှင်ကနေပြန် လာပြီးအိမ်ပြန်မလို့ မှတ်တိုင်မှာ ကားစောင့်နေတုန်း ၈၈ ဘတ်စ်ကားက ဘရိတ်ပေါက်ပြီးဝင်တိုက်တာ အဲဒီကောင်မလေးပွဲချင်းပြီးဆုံးသွားတယ်တဲ့။ အီကို တတိ ယနှစ်ကျောင်းသူလေးပါ။ တခြားသူတွေလဲ လက်ပြတ် နားရွက် ပြတ်တွေဖြစ်ကုန်တယ်တဲ့။ ကျွန်မလဲတော်တော်ကိုလန့်သွားတယ်။ Taxi တွေ၊ ဘတ်စ်ကားဒရိုင်ဘာတွေ ကဒီလိုပဲအထိန်းအကွတ်မရှိ ရမ်းရမ်းကားကားမောင်းနေတာဘာ့ကြောင့်လဲလို့စဉ်းစားမိတယ်။ သူတို့ရဲ့ရမ်းကားမှု့ဟာ တနေ့ထက်တနေ့ပိုပိုဆိုးလာတယ်လို့ထင်မိတယ်။ အရေးယူမှု့တွေမရှိတော့ဘူးလား လို့လဲတွေးနေမိတယ်။ ဒါတွေကိုဘယ်လိုပြုပြင်ကြမလဲ။ ပြုပြင်လို့ကောရနိုင်ပါအုံးမလားလို့တောင်သံသယဖြစ်မိတယ်။ အသိတ ယောက်ပြောသလိုပဲ “အခုတလောအပြင်ထွက်ရတာ ရှေ့တန်းသွားနေရသလိုပဲ။ အသက်နဲ့အိမ်ပြန်ရောက်မှပဲငါပြန်ရောက်ပြီလားလို့တွေးမိတယ်။ ဘတ်စ်ကား စီးရတာလဲမလွယ်၊ လမ်းလျှောက်ရတာလဲမလွယ်ဘူးတဲ့။” ကြောက်စရာတဖြည်းဖြည်းကောင်းလာသလိုပဲ။ လမ်းဘေးရပ်နေတာတောင်စိတ်မချရတော့ တဲ့အခြေ အနေဖြစ်နေတာ ဘယ်သူ့ကိုပြောရမှာလဲ။ ဘယ်သူ့ကိုအားကိုးရမှာလဲလို့အကြိမ်ကြိမ်စဉ်းစားမိပါတယ်။
14 comments
Khaing Khaing
March 12, 2012 at 3:12 pm
ဟုတ်တယ် မမသဲနုအေးရေ…. သမီးတို့လည်း တစ်နေ့တစ်နေ့ရုံးလာရတာ ခပ်လန့်လန့်…. ကိုယ့်ကားကမှန်လည်း သူများတွေကမဆင်ခြင်ရင် ကိုယ်ပဲခံရမှာလေ…. သမီးဆိုလမ်းကူးရင် ကားတွေအား လုံးရှင်းမှကူးတယ်….. သမီးက ကားမှမဟုတ်ဘူး …. သင်္ဘောစီးရမှာ လည်းကြောက်တယ်…. ဟိုးတစ်လောက သံတွဲလေဆိပ်မှာ လေယာဉ်လမ်းချော်တာကြားတော့လည်း လေယာဉ်ပျံစီးရမှာလဲကြောက်တယ် …. နောက်တစ်ခုက မုတ္တပင်လယ်ထဲမှာလည်း ဆရာဝန်လင်မယားလေ ဘုတ်စီးတာ ဘောတံတားကိုတိုက်မိပြီး ဆရာဝန်ကသေသွားတယ်တဲ့… ရေလမ်းခရီးလည်းကြောက်တယ် … သူများတွေကပြောပါတယ် ဘာမှကြောက်စရာမလိုဘူးတဲ့ သူ့ကံနဲ့သူလာတာတဲ့…. အခုဆို နေပြည်တော် အမြန်လမ်းကိုသွားရမှာလည်းကြောက်တယ်….
Thel Nu Aye
March 12, 2012 at 3:30 pm
အောင်မယ်လေး။ တွေးကြည့်ရင်တော့အားလုံးကြောက်စရာချည်းပဲပေါ့ညီမရယ်။ သတိဝီရိယထားပြီးတော့တော့သွားရမှာပေါ့။ အသက်ကိုညဏ်စောင့်တဲ့။ ဒီလိုပဲတွေးရတော့မှာပေါ့ညီမရယ်။
htoosan
March 12, 2012 at 3:44 pm
ဘယ်သူ့ကိုအားကိုးရမှာလဲ
ကိုယ့်အားကိုယ်ကိုးပါ။
Thel Nu Aye
March 12, 2012 at 4:12 pm
ဥပဒေကိုအားကိုးချင်တာပေါ့။ အခုဟာကရမ်းချင်တို်င်းရမ်းနေတာကိုထိမ်းမဲ့လူမရှိဖြစ်နေတာ။ ကိုယ့်အားကိုယ်ကိုးလို့မရတဲ့အခြေအနေပါ။
htoosan
March 12, 2012 at 9:19 pm
အဲ့ဒါကြောင့် ကိုယ့်အားကိုယ်ကိုးပါပြောရတာပေါ့ ။ 😀 😀
ဥပဒေ ဘက်တော်သားတွေက အားမကိုးရလို့လေ … 😀
စည်းကမ်းပျက်တာတွေ ရနိုင်သလောက်ရိုက် .. တင် .. ဂီပြောနေကြ အဝဲနက်ကြီး ဖြစ်အောင်လုပ်ရမှာ..
အခုဆိုလမ်းလေးတွေက လည်း အရင်ကထက်စာရင် နဲနဲကောင်းနေတော့ နင်းကန်မောင်းကြပြီး ကိုယ့် အရှိန် ကိုယ်မထိန်းနိုင်ဖြစ်ကြတယ် လေ။
ဟိုနား ဒီနား မီးလုံးကွဲ မှန်ကွဲဆိုတာလည်း မတွေ့တဲ့ နေ့ မရှိသလောက်ဘဲ…
moe minthar
March 12, 2012 at 6:47 pm
မသဲနုအေးရေ…….
အခုတလောအပြင်ထွက်ရတာ…….ရှေ ့ ့တန်းကိုသွားနေရသလိုပဲဆိုတဲ ့
စကားကိုအရမ်းကြိုက်တယ်ဗျာ……………..။
မသဲနုပြောသလိုပဲလေအသက်ကိုဉာဏ်စောင် ့ပဲလေ………….။
မဟာရာဇာ အံစာတုံး
March 12, 2012 at 6:56 pm
အင်း …
တော်ဒေးဒယ် …
နာက ပန်းကန်ပြားပျံနဲ့ သွားလာနေရတာမို့ ..
ဟိုအမကြီးလဲ ဘီလို လုပ်ရမှန်း မသိရင် တားရဲ့ ပန်းကန်ပြားပျံနဲ့ လိုက်ခဲ့ပေါ့ ….
အဲဒါ အန္တရာယ်လည်း ကင်း၊ ဘေးလည်း ရှင်း …
😀
ကိုပေါက်(မန္တလေး)
March 12, 2012 at 10:46 pm
မသွားလဲမရောက်
ရောက်အောင်သွားဘို့ကြတော့…………ခက်ခဲ
အသက်ကို ဖက်နဲ့ဘဲထုပ်ထားလိုက်ပါမယ်၊
unclegyi1974
March 12, 2012 at 11:15 pm
အဓိကကယာဉ်မောင်းတွေမမောင်းတတ်တာ
မတတ်ပဲကားတတ်မောင်ကြတော့လမ်းစည်းကမ်းလည်းမသိ
ဘယ်လိုမောင်းဘယ်လိုယူဆိုတာသင်ပေးသူလည်းမရှိနဲ့
မောင်းလို့ဖြစ်ပါတယ်ဆိုပြီးတက်မောင်းကြသူတွေများလာတာပါ
တလောတုန်းကယာဉ်လိုင်းတခုကယာဉ်မောင်းတွေ
အေမောင်းလိုင်စဉ်အတုတွေနဲ့ဆိုတာဖတ်လိုက်ရတယ်ဟုတ်
Mလုလင်
March 12, 2012 at 11:23 pm
တီတီ သဲနုအေး က အဲ့နား မှာနေတာလား .. ကျွန်တော် လဲ တာမွေလေး မှာ နေတာ။ အဲ့နေ့ က မိုးဖွဲ လေး ကျတဲ့ပေါ့ပေါ့ .. ၂၃ရ ကြီး အုတ်နံရံ ဝင်အောင်းတာ . အောင်မာ.. နောက် ရက်ထိတောင် ကွဲသွားတဲ့ ပိုက် လာမဖာပေးဘူး။ အဲ့ရေပိုက် ကို သုံးနေရတဲ့ သူတွေတော့ .. ရွာပတ်တော့မှာပဲနော့ .. နောက် .. ခပ်ချီးယား မှတ်တိုင် နားမှာ …ဒိုင်နာ တစ်စီး စလစ် ဖြစ်ပြီး ကိုယ့်လမ်းက နေ .. ကျော်ထွက်ပြီး ဆန့်ကျင်ဘက် လမ်း မှာ ဘေးကပ် ရပ်ထားတဲ့ Taxi ကို ဝင်ချိတ်ပြီး အဲ့ Taxi ပေါ် ပိသွားတယ်။ ကံ ကောင်းတာ က Taxi သမား က ကားရပ်ထားပြီး လူက ဈေး ဆင်းဝယ်နေတာ တဲ့။ နီး လို့ ကိုယ်တိုင် ကိုယ်ကျကို သွားကြည့် လိုက်တယ်ဗျို ့။ ပန်းမရှိတဲ့ တာယာ၊ ယိုကျ တဲ့ အင်ဂျင်ဝိုင်၊ အင်္ဂတေ လမ်း၊ မိုး ဖွဲဖွဲ၊ မိုင် 30 အောက် မောင်းရင်ကို ဘာကြောင်တာလဲ .. အလကား ကောင် ဆိုတဲ့ အကြည့်နဲ့ ကြည့်တတ်တဲ့ (company ယာဉ်မောင်း၊ Taxi ယာဉ်မောင်း၊ မောင်းတတ်ခါစ .. ဖိုးမောင်းချင်)၊ ပျက်တတ်တဲ့ မီးပိုင့် … အင်း .. ရင်လေးသေးတယ်။
Thel Nu Aye
March 13, 2012 at 7:19 am
အဲနားကဖြတ်သွားတာ။ နေတာဘုရင့်နောင်လမ်းပေါ်မှာ။ ပိုဆိုး။ အဲဒီလမ်းပေါ်မှာ လမ်းလုံးဝမကူး ရဲပါ။ တခါပဲကူးပြီးနောင်တသက်လမ်းမကူးတော့ဘူးလို့ဆုံးဖြတ်လိုက်တယ်။ အဲလောက် ကိုကြောက်သွားတာ။အဲဒီဘုရင့်နောင်လမ်းကကားတွေရမ်းတာကတော့ ရန်ကုန်မှာအဆိုးဆုံးမှတ် တာပဲ။
ahnyartamar
March 13, 2012 at 11:13 am
Ma Thel Nu Aye……….
I pity you, during 3 days you got three bad things. As Took Pi, “today is unlucky day”……..just joke.
Thel Nu Aye
March 13, 2012 at 1:30 pm
အင်းကိုယ်လွတ်နေတော့ကံကောင်းနေသေးတယ်လို့ပဲပြောရမှာပဲ။
thetnaingoo myanaung
March 13, 2012 at 3:18 pm
လမ်းဘေးရပ်နေတာတောင်စိတ်မချရတော့ တဲ့အခြေ အနေဖြစ်နေတာ ဘယ်သူ့ကိုပြောရမှာလဲ။ ..ကိုယ့်ကိုယ်ကိုပြောပေါ့ဗျာ သတိလေးနဲ့နေလို့….ဘယ်သူ့ကိုအားကိုးရမှာလဲဆိုတော့ ………… ကိုယ့်ကိုယ်ကိုပေါ့ဗျာ ………..ကိုယ့်ကိုယ်ကိုသာအားကိုးရာတဲ့………