Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ကိုယ့်အတွေးနဲ့ ကိုယ် (အားကစာ:/ဟိုတယ်ခရီး ဝန်ကြီး)

ကထူးဆန္းMarch 24, 20121min40410

၂၀၁၃ ဒီဇင်ဘာ ၁၁ မှ ၂၁ အထိ ဆီးဂိမ်းပြိုင်ပွဲကို နေပြည်တော်၊ရန်ကုန်၊မန္တလေး ၊ငွေဆောင်တို့ တွင် ကျင်းပပြုလုပ်မည်ဖြစ်သည်။ တစ်နှစ် ကျော်ကျော်သာ ကျန်တော့သည်။ အားကစားကွင်းများဆောက်ရမည် ။ အားကစား ရွာများဆောက်ရမည်။ ဖွင့်ပွဲ ပိတ်ပွဲတွေကို အင်ဒိုနီးရှားထက် သာ အောင် လုပ်ပြမည်ဟုလည်း လေကျယ်လာခဲ့ သောကြောင့် ၎င်းတို့ထက်သာလွန်အောင် လုပ်ရတော့မည် ။ အားကစား သမားများ ကိုလည်း ရှာဖွေ လေ့ကျင့်မွေးထုတ်ပေးရဦးမည်။ လုပ်ရမှာတွေ အပုံ အပင်။ ဘတ်ဂျတ်တွေ လည်း အဖြတ်ခံရသော်လည်း ဘယ်လောက်တောင် သုံးစွဲ ဦးမည်မသိ။ အားကစား ဝန်ကြီးဌာန မှ ဦးဆောင် ဆောင်ရွက်ရပေမည်။ အားကစားဝန်ကြီးဌာန မနားမနေ အလုပ်လုပ်မှဖြစ်ပေမည်။

မြန်မာ နိုင်ငံသည် CNN ၏ ကမာ္ဘလှည့် ခရီးသည်များ သွားရောက်ရန် စိတ်ဝင်စားမှု အကောင်းဆုံး ကမ္ဘာအဆင့် ၁ဝ အတွင်း ဝင်ရောက်ခဲ့ကြောင်းဖော်ပြမှုများရှိခဲ့သည် ။ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်မှု မှစတင်ကာ မြန်မာနိုင်ငံ ၏ ကမ္ဘာမှ အသိအမှတ်ပြုလောက်အောင် မထင်မှတ်သော ပြောင်းလဲ လုပ်ဆောင်မူများ ၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး လာရောက်မှုများ ကြောင့် မြန်မာ့ ခရီးသွားလုပ်ငန်းသည် မျှော်လင့်ချက်များစွာဖြင့် ထွန်းတောက်နေပေသည်။ သို့သော် အခြေခံ လိုအပ်ချက်များပြည့်စုံမှု မရှိ ။သယ်ယူပို့ဆောင်ရေး တည်းခိုရန်နေရာ လုံလောက်အောင် မရှိ ။ ကျွမ်းကျင် ဝန်ထမ်းများမရှိ ။ တစ်နှစ်ငါးသိန်းတောင် မဝင်သေး ။ ဟိုတယ်များ လောက်ငမှု မရှိဖြစ်ရသည်။ ထိုသည်ကိုသိလျက် ဟိုတယ် ဝန်ကြီး မှ ခရီးသည် ၁.၅ သန်း မျှော်မှန်းချက်ထားရန် ပြောကြားခဲ့သည်။ ထိုသူများ ဘယ်မှာ သွားနေမည်နည်း ။ အိမ်များတွင်လည်း ဥပဒေ အရ ဆိုလျှင် နေခွင့်မရှိ။ လောလောဆယ်ဖြေရှင်းလိုလျှင် အိမ်များတွင် နေခွင့် ပေးရမည် ။ ထိုအခါ ဥပဒေပြင်ဖို့လိုလာပြီ။ ဟိုတယ်များ အမြန်ဆောက်ရမည် ။ ထိုံကြောင့် ဟိုတယ် ဇုန်များ အမြန်ဖော်ရမည်။ကားများ အမြန်သွင်းရမည်။ လိုအပ်သော ဥပဒေများထုတ် နိုင်အောင် အဆိုပြုရမည်။ ဝန်ထမ်းများကြွမ်းကျင်မှု့ ရှိရန်မွေးထုတ် လေ့ကျင့်ပေးရမည်။ ဟိုတယ် ဝန်ကြီးဌာန လည်းမနားမနေ အလုပ်လုပ်မှဖြစ်ပေမည်။

ထိုသို့လျှင်မြန်စွာ အကောင်အထည်ဖော်ရမည့် ဝန်ကြီးဌာန နှစ်ခုလုံးကို ကိုင်ထားသူသည် စီးပွားရေးသမား တစ်ဦးတည်းဖြစ်နေသည်ကို တွေ့လိုက်ရသည် ။ထိုသူတစ်ဦး က ဝန်ကြီးဌာန နှစ်ခုကို ဦးဆောင် ပဲ့ကိုင်နေသည် ကို ဆောင်ရွက်နိုင်စွမ်းရှိပါ့မလားဆိုသည့် သံသယ ဖြစ်နေမိသည်။

ထိုဝန်ကြီး ဌာန နှစ်ခုလုံးသည် ယခု အခါ ရေပန်းစားနေသည့် နေရာဖြစ်မည်ဟု ထင်မြင်ယူဆမိပါသည် ။

နေပြည်တော် ဆောက်လုပ်ရေး တော်တော်များများ ရပ်တန့် သွားကြောင်းကြားသိရသော်လည်း အားကစား ကွင်းများက အရှိန် အဟုန်ဖြင့် ဆောက်နေရသည်။

မြေယာ သိမ်းပိုက်မှုများ ရပ်တန့် ရချိန်တွင် ဟိုတယ်ဇုန် အမည်ခံကာ အများပိုင် မြေအား မဖြစ်မနေ ပုဂ္ဂလိကမြေဖြစ်အောင် ဖော်ဆောင်အောင် တွန်းအားပေးနေကြသည်။ ထို နှစ်ခုလုံး၏ အကြီးအကဲ ကား တစ်ဦးတည်းဖြစ်နေသည် ။

အလွဲသုံးစားလုပ်မူများ မဖြစ်ပေါ်ဟု မပြောနိုင် ။ ယခုပင်လျှင် ဟိုတယ် ခရီးအတွက် ချပေးမည့် ကားအရည်အတွက် ခုနှစ်ရာ စာရင်းမတွေ့သေးကြောင်းပြောနေကြပြီ ။ အစီးတစ်ထောင်ခွင့်ပြုထားမှုတွင် စီးရေ သုံးရာခန့်သာ ဟိုတယ် ခရီးဝန်ကြီးဌာနမှ ချပေးခဲ့သည် ဟုသိရှိရသည်။ ကျန် ခုနှစ်ရာခန့် ဘယ်ရောက်မလဲမည်သူမှ မသိ။ ဟိုတယ်ဇုန်အတွက် မြေများချပေးခဲ့လျှင်လည်း ဘာတွေဖြစ်ကြဦးမည် မသိ။ အားကစား ရုံတည်ဆောက်မှုတွင် မည်သူကန်ထရိုက် ယူနေလည်း ဆန်းစစ်သင့်သည်။

ဘာမှ အလွဲသုံးစားတွေ မလုပ်ဘူးထား။ အလွန် အလုပ်များနေရမည့် ဝန်ကြီးဌာန နှစ်ခု အားတစ်ဦးထဲမှ မကို်င်ထားသင့်။ တတ်ကြွမ် နားလည်မည့်သူ နှစ်ဦးမှ ဦးဆောင် ဦးရွက်ပြု သင့်သည်ဟု ကိုယ့်အတွေးနဲ့ ကိုယ်တွေးနေမိပါသည်။

10 comments

  • windtalker

    March 24, 2012 at 1:01 pm

    ဟူး…ဖတ်ရင်းနဲ ့ဖတ်ဖတ်မောရပါကလား ကိုထူးဆန်းရေ ။
    ဆီးဂိမ်းမှာ ရွှေတို ့ရွှေများများရဖို ့၊ တစ်ကမ်ဘာလုံး မကြားဖူးတဲ့ ရခိုင်ရိုးရာ “ကျင်ကိုင်နည်း” ကို ထည့်သွင်း ယှဉ်ပြိုင် ကစားစေမှာတဲ့ဗျာ ။ အဲဒါ အရပ်ထဲမှာ ပြောနေကြတာနော ။ အဲဒါနဲ ့ဝင်ပြိုင်မယ့် နိုင်ငံများက အားကစားဝန်ကြီးတွေ ခင်ဗျာ ၊ ကစားနည်းသစ် ကို ဖုတ်ပူ မီးတိုက် ကျင့်နေကြတယ် ဆိုကလားဘဲ ။ ဆိုတော့… ရွှေတွေ ရွှေမရမှာ ကျုပ်ကဖြင့် လုံးဝ မပူပါကြောင်း ။

  • htoosan

    March 24, 2012 at 1:36 pm

    ဂေါ်လီရိုက်၊ သာရေကွင်းပစ် ။ ဂျင်ပေါက်ပြိုင် ၊ထုတ်စီးတိုး ၊ ကြက်ဖခွပ်၊ခေါင်းအုံးရိုက် တွေလည်း ထည့်ကြရအောင်။။ 😀 😀

  • ဦးဦးပါလေရာ

    March 24, 2012 at 2:02 pm

    “…..အလွဲသုံးစားလုပ်မူများ မဖြစ်ပေါ်ဟု မပြောနိုင် ။…….
    အားကစား ရုံတည်ဆောက်မှုတွင် မည်သူကန်ထရိုက် ယူနေလည်း ဆန်းစစ်သင့်သည်။ ….”

    အင်း….
    ကြားထားတာလေး ထုတ်မပြောပြန်ရင်လဲ
    ရွာထဲကဆိုင်းဆရာက နာမည်အသစ်တခု ထပ်ပေးနေဦးတော့မယ်…။

    အားကစားရွာကို ဆပ်ကန်ထရိုက်ချပေးတော့ မြန်မာကြိတ်သံချောင်းတွေနဲ့ အရေပျော်အုတ်ပုံတွေထိုးပြပြီး အဲဒါတွေသုံးပေးရမယ် ဆိုပဲ။ ပရောဂျက်ထဲမှာ တန်ဘိုးတွက်ထားတာက စက်အုတ်ဘိုးနဲ့ အိန္ဒိယ သံချောင်းဘိုး။
    ကျုပ်အသိကန်ထရိုက်ပေါက်စလေးခမျာ မဆောက်ရဲတာနဲ့ ပြန်ပြေးလာရရှာတယ်။
    ရင်းထားသမျှ ဆုံး …….။

    • ရွာစားကျော်

      March 24, 2012 at 2:51 pm

      ဟုတ်ပ
      အနှီပုဂ္ဂိုလ် ကိုယ့်မိသားစုအရေး၊ ကိုယ့်စီးပွားရေး၊ ဌာနနှစ်ခုအရေး ဘယ်နှစ်ကိုယ်ခွဲပြီးတော့များ စီမံခန့်ခွဲနေပါလိမ့်..

  • kyawtheinmyint 23

    March 24, 2012 at 7:51 pm

    ကျနော်တို့ ငယ်ငယ်က ကစားတဲ့ အခါမှာ မနိုင်တော့ရင် ပြိုင်ဖက်ကို ကိုက်ပစ်လိုက်တယ် အဲဒီလို နည်းလေးကော မထည့်ချင်ဘူလားဟင်။ ဟဲဟဲ နောက်တာနော် စိတ်မဂျျိုးနဲ့။

  • ကြောင်ကြီး

    March 24, 2012 at 9:00 pm

    ဒီကြားထဲ သူ့သားလုပ်သူပါ လွှတ်တော်ငမတ်ဖြစ်သွားရင် လွယ်ဘူး…။ ဒင်းကိုဝိုင်းဖဲ့ဂျပါ….။

  • TheWinner

    March 24, 2012 at 9:24 pm

    အဲဒီလူကြီးက ဟိုတယ်တွေလည်း တလုံးပြီး တလုံးလွှဲယူနေတယ်ကြားတယ်- ဟုတ်လားဟင်-

  • ကိုရင်မောင်

    March 24, 2012 at 9:35 pm

    ချောတိုင်တက်ပွဲလေးလဲကျန်ခဲ့အုံးမယ်….

  • mocho

    March 25, 2012 at 5:23 pm

    သူတို့ သားအဖကတော့ ခုတလောအင်တာနက်မှာ အတော် ရေပန်း စားနေပါလား။

  • အမေရိကန်ငတုံး

    March 25, 2012 at 7:42 pm

    သူတို.အကြောင်းကိုနေပြည်တော်ဆောက်လုပ်ရေးလောက ကလူတွေအကုန်သိတယ်။
    တော်တော်လေးလဲရွံကြတယ်။သစ်ထူးလွင်မှာပါတဲ့သူ.အကြောင်းတွေကအကုန်အမှန်တွေချည်းပဲ။
    ဒီလိုအောက်တန်းစားစိတ်ဓာတ်နဲ.ကောင်ကြီးကဝန်ကြီးဌာနနှစ်ခုကိုတောင်တွဲကိုင်နေရတယ်ဆိုတော့
    ကာ 🙁

Leave a Reply