This is Myanmar Social Media website. We use cookies to enhance your browsing experience, serve personalized ads or content, and analyze our traffic. By clicking "Accept All", you consent to our use of cookies.
Customize Consent Preferences
We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.
The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ...
Always Active
Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.
No cookies to display.
Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.
No cookies to display.
Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.
No cookies to display.
Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.
No cookies to display.
Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.
35 comments
weiwei
March 30, 2012 at 8:27 am
သူကြီးတစ်ခါပြောဖူးတာလေးသတိရလို့ …
အဝတ်မပါတဲ့ပုံတွေ အထူးသဖြင့် ကလေးတွေကိုတရားဝင်ဖော်ပြခွင့်မရှိဘူးလို့ ပြောဖူးတယ် …
မာမီဖရဲရိုက်တုန်းက မော်ဒယ်ဂဲလ်ကို အဖွားကြီးလို့မထင်ခဲ့ရဘူး … အခု မာမီပေါက်ဖော်ကောင်လုပ်မှပဲ အဖွားကြီးမှန်းသိရတော့တယ် …

အရီးလတ်ရေ … အခုတော့ ငြင်းအုန်းမလား …
Khin Latt
March 30, 2012 at 6:11 pm
အခု ဒေါ်မြလေး နဲ့ ရုပ်ရော၊ အသံရော တူတာ တွေ့ကြပြီ မဟုတ်လား။
ဟင်း ကပေါက်နော် ….
မပြောတော့ဘူး၊ မပြောတော့ဘူး၊ ပြောကို မပြောချင်တော့ဘူး။
ဆူး
March 30, 2012 at 8:40 am
မာမီဖရဲ ရဲ့ အလှစစ် ကို အခုတော့ သေချာ တွေ့သွားပြီ။
၃ယောက် ပေါင်းပြီး တော်တော် လက်ဆော့ခဲ့ကြတာပဲ..
မန်း ကို လာလည်ရင်တော့ လိုက်ပို့ဖို့ မမေ့ကြနဲ့နော်။
ကြော်ညာတွေ ဝေထားတာ ဖတ်ပြီး တော်တော် အားကျ နေပြီနော်။
ဖားသက်ပြင်း
March 30, 2012 at 8:44 am
ရောင်းတဲ့ ပုံတွေအတွက်ဆိုရင်တော့…
အဆိုပါပုံ ဖော်ပြခွင့်အတွက် မော်ဒယ်ရီလိစ် .. အဒတ် ရီလိစ် ..ချိုင်း ရီလိစ်
တွေ လိုအပ်ပါကြောင်း…
ဘာမှမဖြစ်ရင်တော့ ဘာမှမဖြစ်ပါကြောင်း…
တခါတခါမှာ ကန်းဒစ် ဖိုတိုဂရပ်ဖီ နဲ့ ကော်ပီရွိုက် ကြားက နယ်နမိတ်က
ပြောရခက်ပါကြောင်း..
ဒီအပိုင်းကို သများလည်း သေသေချာချာ လေ့လာာထားဖို့ လိုမှန်း
နှဖူးမှ ချွေးစများကို သုတ်ကာ…အဟုတ်ကြီး သဘောပေါက်နေပါကြောင်း..
အာဟိ…
ပုံ
နှူးဘာ ဒုံပတ်သမား..
ဂီ
Mon Kit
March 30, 2012 at 8:48 am
ကိုပေါက် ရေချိူးဆင်းချိန် ပုံတွေကြည့်ပီး မွန်ကစ်တို့ အညာမြေ မုန်းချောင်း မန်းချောင်းကို သတိယမိတယ်… ဟိ!!! မီးတို့လဲ အဲလို ရေချိူးခဲ့တာ…..
MaMa
March 30, 2012 at 8:55 am
ကိုပေါက်ရဲ့ ဒီးဒုတ်လမ်းက ပုံပြင်လေးကို ကြည့်ရှု့ခံစားသွားပါသည်။

အဲအထဲက ကလေးကို ကိုင်မြှောက်ပြီး ရေထဲပစ်ချတဲ့သူကို ကလေးသူငယ် အနိုင်ကျင့်မှုနဲ့ တရားစွဲရမယ်။
ကိစ္စမများချင်ရင် ကူညီပေးမယ်နော်။
ကျေးဇူးတော့ သိတတ်ပါစေ။
Diamond Key
March 30, 2012 at 9:41 am
ကိုပေါက်ပေါ့ မမရယ် … ခလေး ဒိုက်ပစ်တာ ရိုက်ချင်နေတာ ………. ဒိုက်ပစ်လေ ချည်းပြောနေပေမယ့် ………. ဘယ်ကလေးမှ သူ့ကို ဒိုက်ပစ်မပြတော့ ………… ရေထဲက ကလေးကြီးက …….. အရမ်းအားနာလာတာနဲ့ ………….. သူ့ညီမလေးကို လေထဲမြောက်ပေးလိုက်ပါလေတော့ …….. ကလေးမှာ …….. လန့်ပြီး ငိုပါလေရောဗျာ ………..
MaMa
March 30, 2012 at 9:10 am
ပြောဖို့ကျန်ခဲ့လို့။
15 မော်ဒယ်ဂဲဖွားဖွားကို အပေါ်စီးရိုက်ချက်……………… က
ကိုပေါက်စတိုင် အမြင်ဒေါင့်စောင်းစောင်းနဲ့ ရိုက်ထားတဲ့ပုံလေးကို ကြိုက်တယ်။
Shwe Tike Soe
March 30, 2012 at 9:48 am
လေးပေါက်ကလဲ ရေချိုးချင်တာများ ချိုးတာမဟုတ်ဘူး အဝတ်အပိုမပါလဲ ကလေးတွေလိုပဲ ချိုးလိုက်ပေါ့ဗျာ.. ဟိဟိဟိ..
ဘေးမှာလဲ ဓာတ်ပုံရိုက်မယ့်သူက လဲ အသင့်… မင်းအုပ်စိုးလို နာမည်ကြီးသွားမှာဗျ… ဟဟဟ
အသူရာ
March 30, 2012 at 9:58 am
ကိုပေါက်ရေ့ မော်ဒယ်လေးတွေက ဘယ်ကငှားလာတာလဲဗျ
yaungchikha
March 30, 2012 at 10:38 am
ငယ်ငယ်ကတော့ ရွာနားလဲနီးတာနဲ့ ရွှေစာရံဘုရားကို အမျိုးတွေ၊ မိသားစုတွေနဲ့ သွားကြရင်း ဒုဋ္ဌဝတီမြစ်ထဲမှာ ရေဆင်းချိုးဖြစ်ကြတယ်၊ လေးပေါက်ရဲ့ ပုံတွေကြည့်ပြီး ငယ်ဘဝကို ပြန်တမ်းတမိသွားတယ်..
laypai
March 30, 2012 at 10:42 am
ကျုပ်တို့ ငယ်ငယ် က လဲ အဲလို ပဲ ချိုးခဲ့ ရတာ ကို သတိယတယ် ဆြာပေါက် ရယ်။
ရွာ ကမ်း စပ် သောင်ပြင်က ဆင်ခြေလျော ပြေ ပြေ လေး ရေ လယ်ဘက် ကို ဆင်းသွာတာ ဆို တော့ ရေချိုး ရေကူး လို့ တကယ် ကောင်းပေါ့။
မြစ်ဝကျွန်း ပေါ် ဆို ပေမဲ့ ဧရာဝတီ မြစ်ခွဲ ကြီး ကိုး ခု ထဲ က တစ်ခု ဆို တော့ ရေ အတော် ကြည်လင်ပါတယ်။
ခု ပုံ ထဲ က ခလေး တွေ လို ပဲ ဂျွန်း ထိုး၊ ရေ ကူး စုံနေအောင် ကစားပြီး အားရမှ ပြန်တက်ကြ တာလား။
ရေချိုးတာ ချေး ပြောင် မပြောင် တော့ မသိဘူး တခါတလေ မေးစေ့ ၊ နှုတ်ခမ်းတွေ မှာ ရေညှိ တွေ ပေနေတာ ကုန်းပေါ် ရောက်မှ သတိထားမိပြီး နှစ်ခါပြန် ရေ ချိုးခဲ့ ရတာ တွေ လဲ ရှိခဲ့ သေးတယ် ဗျ။
water-melon
March 30, 2012 at 11:13 am
ရွာထဲလူတွေ ဘယ်သူမိုက်လဲကွ
မိုက်ရင် ပုံ၁၈လိုရိုက်ခံရဲလား
လေးပေါက် သားပုံလည်းပါဘူး
Khaing Khaing
March 30, 2012 at 6:03 pm
ဖရဲမ နာနင့်ကိုရှာနေတာ နင့်ပုံက ပုံ 18မှာလေ အဟိ ….. အခုမှ သားပုံမပါဘူး ဘာဘူးနဲ့ စကား လမ်းကြောင်းလွှဲနေတယ် ….. လေးပေါက်ရေ ရိုက်တဲ့ပုံတွေ မကုန်မချင်းတင်ပါ သမီးကိုငြင်းဆဲ နေသလိုပါပဲ ရေတွေ့ရင် မနေနိုင်တဲ့စိတ်ကို ဆွနေတာလား …..
မိုက်ကယ်ဂျော်နီအောင်ပု
March 30, 2012 at 2:23 pm
ဒီလိုတန်ဘိုးရှိတဲ့ရေချိုမြစ်တွေရှိပါလျှက်နဲ့
သူများနိုင်ငံက သစ်သီးဝလံတွေ ဝယ်စားနေရတာ
သိပ်ရင်နာဘို့ကောင်းလိုက်တာ
ကိုပေါက်(မန္တလေး)
March 30, 2012 at 4:13 pm
အမှတ်(18) ပုံကိုတင်ဘို့အတွက်ကျနော်ကလေးကိုပြောပြပါတယ်။
မင်းအုပ်စိုးလိုနာမည်ကြီးသွားအောင်လေးလေးလုပ်ပေးမယ်ဆိုတော့
ဟုတ်……….တဲ့ ဒါကြောင့်တင်ပေးလိုက်တယ်ပါနော်.
Ma Ei
March 30, 2012 at 4:29 pm
ရေလေးတွေ ကြည်နေတာဘဲ…
ရွှေရှာ ကျောက်တူးတဲ့သူတွေနဲ့ မတွေပါစေနဲ့လို့
ဆုတောင်းရမှာဘဲနော်…
intro
March 30, 2012 at 4:41 pm
တကယ် သဘာဝ ကျတဲ့ ပုံကောင်းလေးတွေပါ… ကိုပေါက်ရေ….
a me
March 30, 2012 at 4:44 pm
ဦးသီး ကလည်း အဲ့လို မရိုက်ပါနဲ့ ရှက်တာပေါ့ သူများတကာ ဟင့် ဆိုးပါ့
ကိုပေါက်(မန္တလေး)
March 30, 2012 at 5:25 pm
အဲဒီဦးသီးကပြောမရဘူး လေးပေါက်လို အလစ်ချောင်းရိုက်ပါဆိုတာပြောလို့ရဘူး။
ပေါ်တင်ကြီးသွားသွားလုပ်တာလေ။
pooch
March 30, 2012 at 5:38 pm
လေးပေါက် ရေက ကြည်နေသေးတာဆိုတော့ သိပ်မပျက်စီးသေးဘူး ဆိုတဲ့ သဘောပေါ့နော်။ ခုနောက်ပိုင်း မြစ်တွေ ချောင်းတွေ ဆို ရေတွေ နောက်နေ တာတို့ အမှိုက်တွေနဲ့တို့ ဟိုဓာတ်ဒီဓာတ်တွေ ပါနေနဲ့ဆိုတော့ ဒီလို ကြည်တဲ့မြစ်လေး ရှိနေသေးတာပဲ ကျေးဇူးတင်ရမယ်။
ဒါနဲ့ အပေါ်စီးက ရိုက်ထားတာ မတော်များ ပြုတ်ကျမယ်ဆို အရှိန်သေးမယ် မထင်ဘူး။ အမြင့်ကြီးလားလို့။
ကိုပေါက်(မန္တလေး)
March 30, 2012 at 5:46 pm
သိပ်မမြင့်ပါဘူး ဆယ်ပေလောက်မြင့်တဲ့ကမ္ဘားအစွန်းလေးက တက်ရိုက်တာပါ။
Khin Latt
March 30, 2012 at 6:26 pm
နယ်ဖက် ကို သွား ရင် ကလေး တွေ က ကင်မလာမြင်တာနဲ့ သူ့ကိုရိုက်ပေးပါ။ ငါ့ကိုရိုက်ပေးပါနဲ့ အတင်းကို မော်ဒယ်လုပ်ချင်ကြတာတော့ အမှန်ဘဲ။
အောက်ဆုံး ပုံကတော့ အင်တာနက်ထဲ မှာ ဒါမျိုး တင်တာ တရားမဝင်ဘူး ကပေါက်ကြီး။
အထူးသဖြင့် ကလေးဖြစ်နေလို့။
ဖယ်လိုက်ရင်ကောင်းမယ်။
“ချရာ”လုပ်တယ် မထင်ပါနဲ့ခင်ည။
ဒီမှာ ကလေးတွေ နဲ့ အလုပ်လုပ်ရတဲ့ နေရာမို့ ဟိုဟာဒီဟာ “ချရာ” လုပ်ခံရတာကို ပြန်မျှတာပါ။
ချိတ်ချိုးနဲ့။ ဟိ
Khin Latt
March 30, 2012 at 6:30 pm
အဲဒီလို နေရာတွေကို တကယ်ဘဲ သွားလည်ချင်လိုက်တာ ကပေါက်ကြီးရာ။
အမြင် နဲ့ ခေါ်သွားတာ ကို သင်းခရုပါ ဗျား။
ကျုပ်လဲ ပြည်ပနေရာတွေ ကို သွားရမှာထက် ကိုယ့်ပြည်ကိုယ့်ရွာက ကျေးလက်ဒေသလေးတွေကို ပိုသွားချင်ပါ့။
padonmar
March 30, 2012 at 6:55 pm
ပုံ ၁၅ အကြိုက်ဆုံး။
alinsett
March 30, 2012 at 7:41 pm
ကိုပေါက်ရေ…သဘာဝ ကျကျ ပုံရိပ်လေးတွေအတွက်…ကျေးဇူးပါပဲ။
မြင်ရတာ..စိတ်ကို တမျိူး.. အေးမြစေပါတယ် ။ မြို ့ပြရဲ ့…..ရှုပ်ထွေးမှုတွေ.ကြားမှာ နေရသူ ကျွန်တော့်အတွက်တော့..ဒီပုံလေးတွေက စိတ်အပြောင်းအလဲ…ကို ဖန်တီးပေးပါတယ် ။
ကျေးဇူးပါ
blackchaw
March 30, 2012 at 7:51 pm
ကိုပေါက်ရေ။

ကွန်းမန့်သာ ဝင်မပေးဖြစ်တာပါခင်ဗျာ။
ကိုပေါက်တင်တဲ့ ပို့စ်တွေအားလုံး ဝင်ကြည့်ဖြစ်ပါတယ်။
ဓါတ်ပုံပိုးရှိတဲ့လူဆိုတော့ ဓါတ်ပုံပို့စ်လေးတွေဆို ပိုကြည့်ဖြစ်ပါတယ်။
ဒီပို့စ်ထဲမှာတော့ ပုံ ၁၅ နဲ့ ပုံ ၁၆ ကို အကြိုက်တွေ့မိပြီး
ပုံ ၁၆မှာ ကလေး နှစ်ယောက်ပုံမပါဘဲ ရေပြင်ဘက်ကို နည်းနည်းပိုယူထားလိုက်ရင်
အရမ်းမိုက်သွားမယ်လို့ ဇွတ်ကြီး ထင်မြင်ချက်ဝင်ပေးခဲ့ပါတယ်ခင်ဗျာ။
koaung
March 30, 2012 at 7:54 pm
လားရှိုးကိုသွားတဲ့ရထားပေါ်ကနေမြင်ရတာဒီမြစ်ကိုး
ကိုပေါက်(မန္တလေး)
March 30, 2012 at 11:12 pm
ကိုလတ်ရေ နက်ဖြန်မနက်ကော်နက်ရှင်ကောင်းရင် အောက်ဆုံးပုံဖျက်ပေးပါမယ်။
ကိုချောရေ အခုပိုစ်က ကလေးတွေရေချိုးတာ အဓိကမို့ ကလေးတွေပါလာတယ်ပါ။
ဒုဋ္ဌဝတီမြစ်က တပုဒ်သတ်သတ်လာပါလိမ့်မယ်။
နက်ဖြန်တော့ တောင်တွေကို ကြည့်လိုက်ပါအုံးနော်………………..
အလင်းစက်နဲ့ကိုလတ်ရေ
မန်းလေးသားရှဲတီးဝိုင်းက ဘိုတောက်သီချင်းလေး အော်ဆိုလိုက်ပါအုံးမယ်
တောပျော် တောပျော် တောမှာဘဲပျော်ပျော်နေချင်တယ်………………….
surmi
March 31, 2012 at 12:40 am
ရန်ကုန်ကပူနေပြီ …
ဓတ်ပုံကြည်.ပြီးရင်ထဲအေးသွားတယ် ။
တခါလောက်တော.ရေလာချိုးချင်သေး ….။
ကိုပေါက်(မန္တလေး)
March 31, 2012 at 8:42 am
ကဲ အများသဘောမကျတဲ့ပုံကလေးဖျက်ပေးလိုက်ပါပြီ။
ကိုပေါက်(မန္တလေး)
March 31, 2012 at 9:46 am
ကိုဆာမိတို့ အပ္ပနားတို့ လာခဲ့လိုက်ပါလာ.
ba gyi
March 31, 2012 at 1:54 pm
ရိုက်တတ်လိုက်တာ ရိုက်တတ်လိုက်တာ နော်—–
သဘာဝလည်းညက်၊မုဒ်လည်းပါ၊ တကယ့်သဘာပါဗျား။
ကဲ ကဲ ဂျိုးဖြူကန်မှ ရေမရလို့ချိတ်ညစ်နေကြသူရွာသား/ရွာသူအပေါင်း၊စိတ်ကူးနှင့်သာ တစ်ဝဂျီးရေ ချိုးကြ ပေရော့ဗျား။
ဗိုက်ကလေး
March 31, 2012 at 2:39 pm
အူးလေးပေါက်ရေ ချိုးရင်ပြောလေ
များ ရိုက်ပြီး ရွာထဲ တင်ပေးချင်လို ့
ကိုပေါက်(မန္တလေး)
March 31, 2012 at 5:41 pm
ကိုယ်နဲ့အတူပါတဲ့လူတွေက ယုံရတာဟုတ်ဘူး လက်ယားနေတဲ့သူတွေချည်းဘဲ။
မင်းအုပ်စိုးထက်ဆိုးသွားမယ်။