ရတနာပုံမန္တလေးကတော့ ၂၀၁၂ မဟာသင်္ကြန်အတွက် ပြင်ဆင်နေပြီနော်…………….

၁ 26ဘီလမ်းပေါ်ကဆောက်လုပ်ဆဲမဏ္ဍပ်တစ်ခု
၂ ပထမ မဏ္ဍပ်နဲ့သိပ်မကွာတဲ့နေရာက နောက်တစ်ခု
3 ဒီမှာတော့ သင်္ကြန်ရေကစားဘို့လက်မှတ်တွေရောင်းနေပြီနော်
4 ဆောက်လက်စ ကျုံးဘေးက နောက်ထပ်မဏ္ဍပ်တစ်ခု
5 အမြဲတမ်းလူစည်ကားတဲ့ အဆိုတော်နာမယ်ကြီေးတွလာတတ်တဲ့မဏ္ဍပ်ပါ
6 မန္တလေးမြို့တော်ဝန်မဏ္ဍပ်
7 ဒီနှစ်ကတော့မဏ္ဍပ်တွေက ပေါမှပေါ တစ်ခုနဲ့တစ်ခုဆက်နေပါတယ်
8 ဒီမဏ္ဍပ်ကတော့ 26ဘီလမ်းမှာပါဘဲ အယ်လ်ပိုင်းနားမရောက်ခင်ပေါ့

 

9 ဒီမဏ္ဍပ်နာမယ်က ခပ်ဆန်းဆန်းနော်........................
10 ဒါကတော့ 69လမ်းလောက်မှာရှိတဲ့မဏ္ဍပ်ပေါ့
11 ထနောင်းပင်အရိပ်ကြီးကအေးနေတာဘဲ တရေးတမောအိပ်ချင်စရာ

 

           “ရတာနာပုံရွှေမန္တလေးကတော့ 2012 မဟာသင်္ကြန်ကိုကြိုနေပြီနော်………….”

 

ဒီနေ့မနက်ပိုင်း အလုပ်ကိစ္စနဲ့ နန်းရှေ့ဘက်ကိုသွားရပါတယ်။

26ဘီလမ်းအတိုင်းအရှေ့ဘက်ကိုသွားတော့ လမ်း80အကျော်ကစပြီး

သင်္ကြန်အတွက်မဏ္ဍပ်တွေ ဆောက်နေကြတာကိုတွေ့ရပါတယ်.။

ဟိုနေ့က ဂျာနယ်ထဲမှာလဲ ဒီသင်္ကြန်မှာခါတိုင်းထက် မဏ္ဍပ်အရေအတွက်ပိုများတယ်

ဆိုတာကို သိရပါတယ်။

ကျနော်လဲသွားနေရင်းက အမှတ်တရဓါတ်ပုံတစ်ပုံလောက်ရိုက်မယ်ဆို ရိုက်လို်က်ပါတယ်။

နောက်တော့ မထူးပါဘူးဆိုပြီး………….ဆက်တိုက်လမ်းလျှောက်ရင်း မဏ္ဍပ်တစ်ခုပြီးတစ်ခု

ရိုက်လိုက်ပါတော့တယ်။

ကဲ …………ရွာသားများ အားပေးလိုက်ပါအုံး။

 

 

 

ကိုပေါက်လမ်းသလားရင်းလက်ဆော့တော့ရလာတဲ့စနက်ရှော့

(5-3-2012)

 

46 comments

  • Khaing Khaing

    April 4, 2012 at 1:56 pm

    လေးပေါက် ဟိုနားကဟိုမဏ္ဍပ်မှာ မီးရှိမှာနော် ဒါ့ပုံလာရိုက်လှည့်ပါ …. ရေစိုချင်လာကွယ် ဒို့ရှိတယ် မဏ္ဍပ်တိုင်းမှာရှိတယ်တို့ရှိတယ် ………..

    လေးပေါက်ရေ လေးပေါက်ပုံတွေမှာ အန်စာတုံးအပ်မန္တလေးဂေဇက်ပါနေတယ်ချင့် …….. ဘာပြုလို့လဲ ရှင်းပြပါဦးနော် ………..

    ခင်မင်စွာဖြင့်
    Khaing Khaing

  • အံစာတုံး

    April 4, 2012 at 2:20 pm

    ဆောရီးပါ … လေးပေါက်ရေ့ ..
    အဟဲ …
    အနော် ကလိပြီး ပြန်မဖျက်မိလို့ …
    အခု ပြန်ပြင်လိုက်ဦးမယ်နော် …

    လေးပေါက်တစ်ယောက် ဒီလိုအချိန် မတင်ဘူးမှတ်လို့ …
    အဟဲ … 😀

    သဂျီး ဝါးတားမတ်က ယူဆာ တစ်ယောက်တည်း အတွက်မှ ဟုတ်ဘဲနဲ့ …
    အကုန်လုံးအတွက်ကို ဖြစ်နေတာကိုး …
    သဂျီးကိုလည်း တောင်းပန်ပါတယ်လို့ …..

    • အံစာတုံး

      April 4, 2012 at 2:49 pm

      လေးပေါက်ရေ …
      ပြင်ပြီးသွားပြီဗျ …
      အေးဆေး တင်လို့ရပြီ ..
      အရင် အတိုင်း နီးနီး ဖစ်သွားပါပြီလို့ … 😀

  • TTNU

    April 4, 2012 at 2:33 pm

    ကိုပေါက်ရေ..
    ပုံ(၈)မှာမာမီကမယ်။ 😉

    • ဖားသက်ပြင်း

      April 4, 2012 at 2:45 pm

      စိုင်းစိုင်းခင်လှိုင် ရဲ့ သီချင်းနဲ့လား ဟင်င်င်င်
      😀

      ဒက်ဂလောက်…ဒက်ဂလောက်…

      • Diamond Key

        April 4, 2012 at 3:42 pm

        ဟုတ်ဖူး ………… အခုတစ်လော ထီသည်တွေကအစ နေရာတိုင်းမှာ ခေတ်စားနေတဲ့ ကိုဇော်ဝမ်း သီချင်းနဲ့ 😛
        ” အမေစု ပြန်လာပြီ …………….. ” နဲ့ပါ :mrgreen:

        • မိုင်ဆွန်ခ မင်္ဂလာတရာ;အော...........

          April 4, 2012 at 10:11 pm

          အမေစုပြန်လာမယ်ဆိုတာက… လားရှိုးသိန်းအောင်ဆိုတာမဟုတ်လားဗျ….
          ဦးသော့ရဲ့…. သီချင်းတူနေရင်တော့မသိဘူးပေါ့နော်…..

        • Diamond Key

          April 5, 2012 at 10:49 am

          အမှန်ပြင်ပေးလို့ ကျေးကျေးပါ တောင်ပေါ်သားရေ 😀

  • Moe Z

    April 4, 2012 at 2:38 pm

    လေးပေါက်ရေ မမပူးချ်တစ်ယောက်ဒီပုံတွေကြည့်ပြီး ရိပ်သာဝင်ဖြစ်ပါ့မလားပဲနော် 😀

  • ကိုအံဇာတုန်းရေ ကျနော်က မန်းလေးဂေဇက်အတွက်ရိုက်ပြီးတင်တာပါ။
    အားလုံးကြည့်ရအောင် ကျနော့်ပုံတွေကြည့်သူမှာ ဓါတ်ပုံကိုအပြည့်အဝခံစားရအောင်
    ဘာအမှတ်အသားမှမလုပ်ဘဲတင်တာပါ။
    အခုခေတ်မှာဖိုတိုရှော့နဲ့ နံမယ်ထိုးရတာဆိုတာကျနော်လဲသိပါရဲ့။။.။

    အခုတော့ ကျနော့်ပုံမှာ ခင်ဗျားနာမယ်တွေလာထိုးတာကတော့ မလုပ်သင့်ဘူးလို့ထင်ပါတယ်။
    တစ်ခုတော့ရှိသပေါ့ သူကြီးနဲ့ မန်းလေးဂေဇက်ဝက်ဆိုက်က ဓါတ်ပုံတွေကို အံဇာတုံးလက်ကို ဝကွက်အပ်ထားတယ်ဆိုရင်တော့ မပြောတော့ပါဘူး။
    အဲတော့ ကျနော်တို့ကျနော်တို့သဘောလုပ်ချင်ရာလုပ်လိုက်ရုံပါဘဲကိုအံဇာတုံးရေ။

    လေးပေါက်ရေ လေးပေါက်ပုံတွေမှာ အန်စာတုံးအပ်မန္တလေးဂေဇက်ပါနေတယ်ချင့် …….. ဘာပြုလို့လဲ ရှင်းပြပါဦးနော် ………..

    ခင်မင်စွာဖြင့်
    အဲဒါကတော့ သူကြီးမေးမှရတော့မှာပါဘဲ။

    • အံစာတုံး

      April 4, 2012 at 7:14 pm

      လေးပေါက်ရေ ..
      ကျနော် တောင်းပန်ပါတယ်ဗျာ …
      ကျနော်က အဲဒီလိုလည်း ရည်ရွယ်တာ မဟုတ်ပါဘူး …
      ကျနော် စမ်းကြည့်နေတဲ့ အချိန်နဲ့ လေးပေါက် ပုံတင်တဲ့အချိန် တိုက်ဆိုင်သွားလို့ပါ …
      ကျနော် ဝါးတားမက် ထည့်တယ်ဆိုတာကလည်း ကျနော့် ပုံမှာ ဘယ်လို ပေါ်မလဲ သိချင်လို့ စမ်းကြည့်တာပါဗျာ …
      အံစာတုံးက ဖွက်ကျားပါ လေးပေါက်ရေ …
      လေးပေါက် အကယ်၍များ ကျေနပ်ခြင်း မရှိခဲ့ဘူးဆိုရင်
      ကျနော် အံစာတုံး ဒီဂေဇက်က နှုတ်ထွက်ပေးပါ့မယ် …..
      လေးပေါက် စိတ်မဆိုးဖို့၊ ကျေနပ်ပေးဖို့ ကျနော် တောင်းပန်ပါတယ် ခင်ဗျာ …။

  • Diamond Key

    April 4, 2012 at 3:47 pm

    အဟေးဟေး ……………ကိုပေါက် နာမယ်ကြီးလာရင်တော့ ………. ဒီလိုပဲပေါ့ဗျာ 😀
    စိတ်ချိုးပါနဲ့ ………… နာမယ်ကြီးလာရင် ဒီလိုပဲ ဖြစ်တပ်ပါတယ် 😛
    သဂျီးဆိုက် မလုံခြုံတော့တာ …………. တိတွားပြီ :mrgreen:

  • ကိုသော့ရေ နာမယ်ကြီးတာမကြီးတာက အရေးမကြီးပါဘူးဗျ။
    ကိုယ့်ဟာမဟုတ်မှန်းသိရဲ့နဲ့ဝင်ပြီးလက်ဆော့။
    နောက်မှ တောင်းပန်လိုက်။
    အလုပ်ခံရတဲ့သူက မကျေနပ်ဘူးပြောပြန်ရင်လဲ သဘောထားမကြီးရာ ခံစားချက်နုရာရောက်။
    ကျေနပ်ပါတယ်လို့ပြောရအောင်က လဲ အောင့်သီးအောင့်သက်။
    အင်တာနက်မှာ အားလုံးကို ဗဟုသုတရစေချင်လို့ တင်ပါတယ်ဆိုမှာ
    သူများလုပ်ချင်သလိုဝင်အလုပ်ခံရဘို့လည်စင်းပေးရသလိုဖြစ်နေပြီ။
    နည်းပညာတိုးတက်တာ ကောင်းပါ၏။
    နည်းပညာကို အသုံးချတတ်ခြင်းသည်လည်း ကောင်းပါ၏။
    သို့သော် နည်းပညာကို အသုံးချလို့ တစ်ပါးသူရဲ့ ပိုင်ဆိုင်မူ့ကိုထိခိုက်စေတာတော့မကောင်းဘူးထင်ပါ၏။
    ဒီလိုအဖြစ်အပျက်ကသူများ ခြံထဲမှအလေ့ကျပေါက်နေတဲ့မြက်ကို ဝင်ရိတ်တဲ့ကိစ္စမဟုတ်ဘူးလေဗျာ။
    စိတ်လေပါ၏။။

    • Foreign Resident

      April 4, 2012 at 7:24 pm

      တစ်ခါလောက်ကတော့ သည်းခံပေးလိုက်ပါ ဦးပေါက်ရယ် ။
      ဟိုကလည်း သူလက်ဆော့မိတာ တောင်းပန်နေပြီပဲ ။
      ရွာသူားချင်းမို့ သည်းခံပေးလိုက်ပါ ဦးပေါက်ရယ် ။

    • uncle kyaw

      April 6, 2012 at 6:13 pm

      ဖစ်ရမယ် ဖစ်ရမယ် အံဇာတုံးက လက်တည့်စမ်းထည့်လိုက်တာ …ကိုပေါက် …ပေါက်သွားပြီ..မီးလောင်ရာ လေပင့်တာတော့ ဟုတ်ဖူးနော်…ဝင်ကြည့်လိုက်တော့ မျက်စေ့ တွေလည်ကုန်တာတော့ အမှန်ပဲ….ကွန်းမန့်တွေ မြင်လိုက်မှ ချင်းတွားဒယ်…ဖစ်တတ်ပါတယ်ဂျာ…အချင်းချင်း နားလည်လိုက်ကြရအောင်ပါ..

  • alinsett

    April 4, 2012 at 7:27 pm

    ဒီနှစ် သင်္ကြန်..မှာ..ဘယ်နေရာ မှာမှ သတင်းဆိုး..မကြားချင်ပါဘူး။

  • ရွှေ မင်း သား

    April 4, 2012 at 7:59 pm

    ALPINE မဏ္ဍပ် တွင် နာမည်ကျော်အဆိုတော် ကျား (၆) ဦး၊ မ (၆) ဦး နှင့် တက်သစ်စအဆိုတော် (၅) ဦးပါဝင်ပါမယ်။ R ဇာနည်၊ စိုင်းစိုင်းခမ်းလှိုင်၊ ကောင်းမြတ်၊ ဟန်ထွန်း၊ ဖိုးကာ၊ ခန့်စည်သူ၊ ထွန်းအိနြာဗို၊ ဖြူဖြူကျော်သိန်း၊ ဝိုင်းစုခိုင်သိန်း၊ No အဖွဲ့၊ ခိုင်သင်းကြည်၊ ခင်လေးနွယ် နှင့်အတူ The Tree Music Band ဖြစ်ပါကြောင်း

  • moe moe

    April 4, 2012 at 8:39 pm

    အော် လေးပေါက်ကိုကြိုတင်ခွင့်တောင်းရအုံးမယ် ကျွန်တော်ရိုက်တင်မယ်လို့စဉ်းစားတဲ့နေရာ(၂)ခုရှိတယ်။
    ပထမ တစ်ခုက ရဲရွာရေအားလျှပ်စစ်စက်ရုံသွားတဲ့လမ်းက “ဒီးဒုတ်ရေတံခွန်”
    ဒုတိယ တစ်ခုက ကျုံးဘေးမှာဆောက်နေတဲ့မဏ္ဍပ်တွေ ဒါတွေအားလုံးလေးပေါက်ကတင်လိုက်ပြီ။
    မန္တလေးသားချင်းမို့လို့လားမသိဘူး။ အကြံကတော့အတူတူပါပဲလားဗျာ…! နောက်ထပ်ကျွန်တော်တင်ဖို့ စဉ်းစားထားတာရှိသေးတယ်။တူ/မတူတော့စောင့်ကြည့်ရမှာပဲ။ကျွန်တော်ကလူသာငယ်တာလက်နှေးတယ်
    လေးပေါက်ကတော့လူကြီးဆိုပေမဲ့သွက်လိုက်တဲ့လက် မန္တလေးမြို့ ကယာဉ်ထိန်းရဲကြီးတွေကြနေတာပဲ။

  • Khin Latt

    April 4, 2012 at 9:20 pm

    ကိုပေါက်ကြီးရေ

    ပုံတွေ ကြည့်ပြီး တူးပို့ သံတွေ ကြားနေပြီ။
    ဒီနှစ်တော့ မန်းသင်္ကြန် ကို ကိုပေါက် ဦးဆောင်ပြီး ဝိုင်းတော်သားတွေ လက်စွမ်း နဲ့ တွေ့ရတော့ မှာမို့ ဝမ်းသာလှတယ်ဗျို့။

    ကိုပေါက် ပုံတွေထဲ မှာလက်စွမ်းပြ သွားမိ ဖြစ်သွား တဲ့ လက်အငြိမ် မနေနိုင်တဲ့ မျောက်ကလေး ကို ဗွေယူမနေပါနဲ့ လို့။ 😉
    သူ့အရွယ် က အဆန်းမြင်ရင် စမ်းချင်တာပါဘဲ။
    ဒီလို စမ်းရင်း တစ်ချိန်တော့ သူလဲ ဆရာကြီး ဖြစ်သွားမှာပါ။
    ဆရာကြီး မဖြစ်ခင်တော့ အမှားအယွင်း တွေကြားမှာ အအော်အငေါက် ခံကြရစမြဲ
    ပေါ့။
    ဒါကို သူလဲ ဒူပေဒါပေခံတတ်ရမှာပါ။
    ဒါမှ အောင်မြင်မှု ရမှာမို့ ပါရမီဖြည့်တဲ့ သဘောနဲ့ခွေးလွှတ်ပေးလိုက်ပါ ဗျာ။
    ဆရာကြီး ဖြစ်လာတဲ့ တစ်နေ့ ကိုပေါက် ကြီးပုံတွေကို သူလက်ကမြင်း မိတာ အမြဲသတိရနေမှာပေါ့။

    ခင်မင်စွာဖြင့်
    ကိုလတ် 🙂

  • ရတယ် အံဇာတုံးရေ ဗြုန်းဆိုတော့စိတ်တိုသွားမိတယ်။
    ကိုယ်ကအလုပ်ကိစ္စနဲ့သွားရင်း ဒီပုံတင်ချင်လို့ကို 66လမ်းကနေ မြို့တော်ခန်းမထိ လမ်းလျှောက်ပြီးရိုက်လာ။
    ပြီးတာနဲ့အမြန်တင် ပြန်ကြည့်ရော မင်းနာမယ်နဲ့ဖြစ်နေတော့ စိတ်တိုသွားတာပေါ့။
    ကျနော်က ပုံတွေပေါ်မှာနာမယ်တွေထင်သာမြင်သာရေးထားတာ
    ဘောင်ခတ်တာတွေကိုသဘောမကျဘူး။

    ဒါကကျနော့်ကိုယ်ပိုင်ခံစားချက် အဲတော့ကျနော့်ပုံတွေမှာ ဘာအမှတ်အသားမှမလုပ်ဘူး။
    အဲဒါကို ပုံမှာစာတန်းကြီးပါတော့ စိတ်တိုသပေါ့။
    ပြီးပြီးသားထားလိုက်ပါတော့။
    ကျနော့်အတွက်နဲ့တော့ဘယ်ရွာသူရွာသားမှ မထွက်စေရပါဘူး။
    အံစာတုန်းံလဲဒီလောက်လေးနဲ့ထွက်ဘို့မလိုပါဘူးကွာ။
    ကြာတော့ ကိုပေါက်လဲ ငပွကြီးနဲ့တူတူလာသလိုပါဘဲ။
    ပင်ကိုယ်စိတ်က မဟုတ်မခံထဲမှာပါတာကိုးဗျ။

    • Khaing Khaing

      April 5, 2012 at 1:17 pm

      အမလေးလေး တောင်းပန်ပါတယ်ချင့် မီးမီးက ကြားကပဲတောင်းပန်ပါတယ် ……. ကိုကြီးအံ နဲ့ လေးပေါက်ရေ ….. မီးစိတ်ထဲမှာဘယ်လိုမှမရှိပါဘူး ဒါ့ပုံတွေကိုလည်း လေးပေါက်ရိုက်ထားမှန်း သိပါတယ် …….. ကိုကြီးအံကလည်း စာလေးတွေ စမ်းလုပ်တတ်မှန်းမသိလို့ပါ မီးကသူများ အမှားကို ထောက်တာမဟုတ်ပါဘူး မီးစိတ်ထဲ လေးပေါက်နဲ့ကိုကြီးအံ သားအဖလို့ထင်လို့ပါ …. အဖေရဲ့လက်ရာကို သားက မှတ်ကျောက်တင်ထားတယ် ဝင်လက်တော့ထားတယ်လို့ပဲ ရိုးရိုး တွေးပြီးနောက်မိတာပါ သင်္ကြန်မှာပျော်ရွင်ပါစေလေးပေါက်နဲ့ကိုကြီးအံ မီးကိုပဲ အပြစ်တင်ပြီး မုန်းလိုက်ပါနော် ……. မီးဒီရွာထဲကထွက်ပြီး ဇရပ်ထဲမှာ အကီးလေးတွေနဲ့သွားကဲပေးပါ့မယ် … လေးပေါက်နဲ့ကိုကြီးအံ မုန်းရင် တစ်ခြားရွာသား အသစ်ကလေးတွေကိုချစ် ချင်လို့ပါ …….. နော်လို့ … နော်လို့ (ချွဲပစ်သောအသံနဲ့ဖတ်ရန်)
      သင်္ကြန်ကျလို့ ရေပက်တယ် ဘာဖြစ်သလဲကွယ် စိတ်မဆိုးကြေနော် …….

      ခင်မင်ရင်းနှီးစွာဖြင့်
      Khaing Khaing

  • မိုးမိုးရေ
    ဒီးဒုတ်ရေတံခွန်ကိုနောက်တစ်ခေါက်ထပ်သွားအုံးမှာပါ။
    သင်္ကြန်တွင်းတစ်ရက်သွားမယ်စိတ်ကူးထားပါတယ်။
    အဓိကကတော့ ဂူကိုသွားရိုက်ချင်တာပါ။
    အားလပ်မယ်ဆိုရင်လိုက်ခဲ့ဘို့ခေါ်ပါတယ်။

    ကျနော်က သွားရင်းလာရင်းကြုံသမျှကိုရိုက်တင်လေ့ရှိတော့ တင်တာခြင်းတူချင်တူနိုင်ပါတယ်.
    ဒါကြောင့်လဲ ကိုယ့်ရှေ့ကလူက တင်သွားတာကို တင်ချင်ရင် “…………………..နောက်ကလိုက်ခြင်း”
    ဆိုတဲ့နာမယ်နဲ့ကျနော်ထပ်တင်ပါတယ်။
    ကိုယ်တင်စရာရှိတာကိုသာ တင်ပါ မိုးမိုးရေ။
    ဘာလို့လဲဆိုတော့ နေရာတူပေမယ့် အချိန်မတူ အတွေးမတူ ရာသီမတူ ခလုပ်နှိပ်သူမတူရင်
    ရလဒ်လဲတူမှာမဟုတ်လို့ပါ။
    တင်ပြီးသားဖြစ်ရင်လဲထပ်သာတင်ပါ။
    မတူတဲ့အမြင်တွေကို သေချာပေါက်တွေ့ရမှာမို့လို့ပါ.

  • windtalker

    April 5, 2012 at 8:26 am

    အားပေးခိုင်းပြီးရင် စပွန်ဆာပြန်ပေးပါ Gmပေါက် 🙂

  • ရွှေ မင်း သား

    April 5, 2012 at 9:35 am

    Alpine မန်းသင်္ကြန်မှာ ရေပက်ကစားဖို့ မန်းပျိုဖြူ (၁၅၀၀) ဦးကိုလဲ အခမဲ့ရေကစားခွင့် ပေးအုံးမှာတဲ့ဗျာ..

  • အဲဒီမဏ္ဍပ်ထိုင်ဘို့ မိန်းကလေး1500ကိုရွှေးခြယ်ပြီး အုပ်ချုပ်မယ့်သူကတော့
    …………………………………….?????????

  • နွယ်ပင်

    April 5, 2012 at 10:07 am

    လေးပေါက်ရေ
    ပုံတွေကြည့်ပြီး သင်္ကြန်မန်းလေးကိုတောင် လာချင်တဲ့ စိတ်ဖြစ်သွားပြီ …………

  • Rose Minn

    April 5, 2012 at 11:41 am

    သင်္ကြန်တောင်မန်းလေးလာချင်စိတ်ဖြစ်သွားတယ်လေးပေါက်ရေ။ မြစ်ကြီးနားသွားပြီး ပြန်လာရင်မန်းလေး ဝင်ပြီး လေးပေါက်တို့နဲ့မန်းလေးက MG အဖွဲ့ဝင်တွေ နဲ့တူးပို့တူးပို့ ကချင်စိတ်တောင်ဖြစ်မိတယ်ဗျာ။ လာရင်တွေ့အုံးမယ်နော်။

  • Rose Minn

    April 5, 2012 at 11:47 am

    သင်္ကြန်တောင်မန်းလေးလာချင်စိတ်ဖြစ်သွားတယ်လေးပေါက်ရေ။ မြစ်ကြီးနားသွားပြီး ပြန်လာရင်မန်းလေး ဝင်ပြီး လေးပေါက်တို့နဲ့မန်းလေးက MG အဖွဲ့ဝင်တွေ နဲ့တူးပို့တူးပို့ လုပ်ချင်စိတ်တောင်ဖြစ်မိတယ်ဗျာ။ လာရင်တွေ့အုံးမယ်နော်။

  • etone

    April 5, 2012 at 12:45 pm

    ရန်ကုန်မှာလည်း … တစ်ချို့ မဏ္ဍပ်တွေတောင် … ဆောက်ပြီးကုန်ပြီ …
    လူငယ်တွေအတွက်တော့ ပျော်စရာလို့ဆိုပေမယ့် … သားသမီးရှိတဲ့ မိဘတွေအတွက်ကတော့ ရင်မောရမယ့် အချိန်ရောက်ခါနီး သင်္ကေတတွေပါပဲ … ။

    ဒီခေတ်မှာ … မြို့တော် ဝန်မဏ္ဍပ်ကလွဲလျှင် … တခြားမဏ္ဍပ်တွေမှာ အနောက်တိုင်းယာဉ်ကျေးမှုတွေဖုံးလွှမ်းနေတာမျိုး .. အရက်သေစာသောက်စား ပျော်ပါးနေတာမျိုး … ခိုက်ရန်ဖြစ်ပွားတာမျိုးတွေ အမြဲတစေ ကြုံနေရတတ်ပါတယ် … ။ တစ်ချို့ဆို အမူးလွန်ပြီး ရေအိုင်ထဲ မှောက်လျှက်လဲ …အသက်ဆုံးတဲ့အထိ ဖြစ်တတ်ပါသေးတယ် … (ကိုယ်တွေ့ ) ။
    သင်္ကြန်ရေစိုစိုကြားမှာ အလွယ်လမ်းလိုက်တဲ့ သမီးမိုက်တွေလည်း ဒုနဲ့ဒေးပါပဲ … ။ နေ့ခင်အချိန်တွေ …တည်းခိုခန်းတွေတောင် အကုန်ပြည့်ဆိုပဲ … ။

    အရင်ကတော့ သင်္ကြန်ဆိုလျှင် … တွေးယုံနဲ့ပျော်မိတာပါပဲ … ။ နှစ်တိုင်းလည်း သင်္ကြန် လည်တာမျိုး ၊ မဏ္ဍပ်ထိုင်တာမျိုးလုပ်ခဲ့ပေမယ့် … ပြီးခဲ့တဲ့ နှစ်ကစပြီး .. အိမ်တွင်းအောင်းခဲ့ပါတယ် … အိမ်တွင်းအောင်းတဲ့ အရသာကို သဘောကျမိပြီး ဒီနှစ်လည်း … သင်္ကြန်ထွက်မကဲပဲ အိမ်မှာပဲ … ကျိုးမယ်လို့ တွေးထားလို့ပါပဲ … 😀

  • Thit Sar Lin

    April 5, 2012 at 1:29 pm

    လေးပေါက်ရေ….သင်္ကြန်မှာဘာလုပ်မှာလဲ.ဗျ…
    မဏ္ဍပ်တွေကြည့်ပြီး ကဲတောင်ကဲချင်လာပြီဗျ……ဒေါ်တုံးကြီးကတော့ အိမ်တွင်းပုန်းကုလားမလုပ်မယ်တဲ့
    မယုံပါဘူး…သူ့ချစ်ချစ်ကြီးနဲ့လျှောက်လည်မှာမဟုတ်လား…ညာနဲ့နော်. ကြိုမြင်နေတယ်..
    သိတယ်မဟုတ်လား..အကြားအမြင်တွေရနေတယ်လေ…ခိခိခိခိ(ဒေါ်တုံးရေအကြားအမြင်ရနေတယ်ဆိုတာ ဒေါ်တုံးတယောက်ပဲသိပါစေနော့))

    • etone

      April 5, 2012 at 3:00 pm

      ဟိတ်ကောင် … မင်းတော့ကွာ … ရန်ဖြစ်ချင်ပလားဟေ 😡 ပါ့ဘလစ်ဆိုက်မှာ ဝင်ရေးပြီး တစ်ယောက်တည်း သိပါစေဆိုတာတော့ မဟုတ်သေးဘူးထင်တယ်နော် …
      ချစ်ချစ်နဲ့လျှောက်လည်တာ သင်္ကြန် မဟုတ်လည်း … နေ့တိုင်းလည်လို့ ရတယ် … သင်္ကြန်မှာတော့ အိမ်တွင်းအောင်းပြီး အေးဆေးအနားယူရမယ် …. ။ ခြျွင်းချက်အနေနဲ့ကတော့ …. ချစ်ချစ်ကို အိမ်ခေါ်ထားမယ် .. ဒါဗြဲ :mrgreen:

  • ကျုံးရေသီတာပါတ်ခါဝိုင်း တန်ခူးလရောက်လေတိုင်း သင်္ကြန်ကားလေးနဲ့ရေကစားထွက်ကြမယ်
    အို………….. ကိုကိုတို့ရေကစားထွက်ကြမယ်တဲ့ မလင်းတလင်းရေ

  • ဇွဲမာန်အောင်

    April 5, 2012 at 4:05 pm

    တို့လဲကစားချင်တယ်…….
    ချန်ထားနဲ့ကွယ်……

  • သင်္ကြန်ရေဆိုတာ အန္တရာယ်ကင်း ပက်စမ်းခင်ရယ်……………
    သင်္ကြန်အရွယ်မရွေးပါဝင်လို့ရပါ၏။

  • Ma Ei

    April 5, 2012 at 4:51 pm

    သင်္ကြန်ရေက ကိုယ်နဲ့ မဆိုင်ခဲ့တာ ကြာပြီပေါ့…
    ငယ်တုံးကတော့ညီအမတွေ မဏ္ဍပ်ထိုင်ရေကစားလိုက် ကားနဲ့လည်လိုက်
    မသွားရရင် အိမ်မှာဆူ ငိုရ ရီရ အစုံပါဘဲ…အရင်ခေတ်တုံးက အခြေအနေတွေက
    ရိုးရိုးသားသားပါ…ခုခေတ်ကတော့ ကြောက်စရာကောင်းလာပြီ…

  • a me

    April 5, 2012 at 6:04 pm

    ဦးပေါက်ရာ စိတ်ဝင်စားစရာ မရှိပါဘူးနော် အေမီတို့ ရန်ကုန်ကိုလည်း လာကြည့်ပါနော်

  • မအေမီ သင်္ကြန်မှာ မန်းလေးက သာ………………..
    တော်ပါပြီပြောတော့ပါဘူး။
    မယ်ခိုင်ရေ
    ညည်းပြောမှ ငါ့မှာ ဒူးမနာသားတစ်ယောက်ထပ်တိုးလာပြီအေ့။.
    ပထမမွေးစားသား ရွှေဘိုသားလေး လေကွယ်။
    အားလုံးပြီးသွားပြီ ဒီအကြောင်းမပြောကြစိုနဲ့.
    အံဇာတုံးရေ မခိုင်ကတော့မင်းနဲ့ငါ ဇွတ်ကို သားအဖ တော်ခိုင်းနေပြီ။
    ငါ့ဘက်ကတော့ ကန့်ကွက်စရာမရှိပါ။
    ကဲ ဘယ်လိုလဲဟေ့………………………

  • MaMa

    April 5, 2012 at 11:35 pm

    သူများသင်္ကြန်လို့သာ လိုက်သင်္ကြန်နေတာ။
    အလုပ် ရက်ရှည်ပိတ်တယ် ဆိုတာပဲသိတယ်။
    (ကလေးတွေ ကျောင်းပိတ်လို့ ပျော်သလိုမျိုး အလုပ်မလုပ်ရလို့
    ဦးဏှောက်စား သက်သာလို့ ပျော်တာလောက်ပဲ ရှိတယ်။
    အီတုံးရဲ့ ဦးပါလေရာပိုစ့်မှာ လွတ်လပ်ရေး ကြေညာစာတမ်းလိုမျိုး
    ကိုယ့်စိတ်တိုင်းကျ အပျင်းရောဂါဖြစ်ချင်နေတာ။) 😀
    သင်္ကြန်ဆိုတာ ကိုယ်နဲ့ ခပ်ဝေးဝေးဖြစ်နေတာ ကြာပေ့ါ။

  • ငမျောက်

    April 6, 2012 at 11:47 am

    ကွိ .. ကွိ .. ကွိ ..
    ဖေဂျီး ..
    ပြီးပြီနော် ….
    ဖေဂျီး ကျေပြီဆို သားသား ထွက်တော့ဘူး …
    ရင်လိုပဲ ပျော်ပျော် ပြန်နေဒေါ့မယ် …
    အဲဒါ ဖေဂျီးကို လာပြောဒါ ..

    နောက်အပင် ကူးလိုက်ဦးမယ် ..
    ကွိ .. ကွိ .. ကွိ .. လွှား ……..

    • ဗိုက်ကလေး

      April 6, 2012 at 11:59 am

      သားအဖတွေ ပြေပြေလည်လည်နေကွဲ ့
      ပြေးကြည့်မှ ဒီသားအဖ နှစ်ယောက်ပဲ ရှိဒါ

      • ငမျောက်

        April 6, 2012 at 12:02 pm

        ဟုတ်တဲ့ .. အူးလေး ..
        သား ဒီနေ့ ရွာပြန်မို့ ..
        အဲဒါ အူးလေး မုန့်ဖိုးပေးဦး …
        ကွိ .. ကွိ ..

        • ဗိုက်ကလေး

          April 6, 2012 at 12:05 pm

          ဒယ်ဒီမျောက်ကြီး.အဲလေ..ဒယ်ဒီပေါက်ကြီးဆီကတောင်းလိုက်
          ကွိ..ကွိ..

          ဒယ်ဒီပေါက်.
          နော်ဒါနော်..များဂိုလဲ မုန် ့ဖိုးပေးဦး..တိန်းနှစ်ချယ်လောက်
          😀

  • cum min

    June 22, 2012 at 10:37 am

    ကိုပေါက်….
    အမျိုးတွေများတယ်နော်….
    ဟဲဟဲ…
    အော်..
    ပေါက်..
    ပေါက်..
    ဖောက်..

Leave a Reply