ခွေးနေရာမရသလိုမျိူးဖြစ်နေတဲ့ ပညာမရှင်

phone_kyawApril 8, 20121min2705

ပညာရှင်ဆိုတာကို ကျနော်လေးစားပါတယ်။ သူတို ့ဟာ တိုင်းပြည်အတွက်မရှိမဖြစ်တဲ့ လူတွေဖြစ်ပါတယ်။ နေရာတိုင်းမှာ ပညာရှင်တွေလိုအပ်နေပေမဲ့ ပညာရှင်ဟာ ကိုယ်တတ်ထားတဲ့ အထူးပြုကျွမ်းကျင်တဲ့ ဘာသာရပ်အပေါ်မှာ အငြိမ်မနေပဲ ဟိုကူးဒီကူးဖြစ်နေတာကို ကျနော်က ခွေးနေရာမရတဲ့ ပညာရှင်လို ့သတ်မှတ်ချင်ပါတယ်။

ဘာ့ကြောင့်ဒီစကားကိုပြောလဲဆိုေ

တာ့ မသိတဲ့လူတွေဟာ နိုင်ငံခြားတက္ကသိုလ်က မာစတာဘွဲ ့နဲ ့ပါရဂူလို ့ခေါ်တဲ့ PhD ရတဲ့လူတွေကို အထင်တွေစွတ်ကြီးတဲ့ထုံးစံရှိပါတယ်။ ဒီအထဲမှာ ကျနော်လည်းပါပါတယ်။ နိုင်ငံခြားတိုင်းပြည်တွေမှာ PhD ဘွဲ ့နဲ ့မာစတာရတိုင်း အာလုံးသိဖို ့တက်ဖို ့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး။ ဒါ့ကြောင့် မသိပဲ အထင်ကြီးတဲ့သူတွေကော၊ ကိုယ့်ကိုယ်ဟုတ်လှပြီလို ့ထင်နေတဲ့ ဆရာသမားများကိုလည်း သတိပေးချင်လို ့ဒီစာကိုရေးပါတယ်။

ယနေ ့နိုင်ငံရေးအပြောင်းအလဲတွေမှာ ပညာရှင်လို ့ပြောလို ့မရတဲ့ ၊ ပညာမရှင်တွေ ဝင်ရောက်စွတ်ဖက်နေပါတယ်။

သူတို ့က ဒီဘွဲ ့တွေကို ဘယ်လို ရလဲဆိုတာကို နည်းနည်းလောက်ရှင်းပြချင်ပါတယ်။ သာမန်ပြည်သူတွေဟာ ကိုယ့်ရဲ  ့ချွေးနည်းစာလေးတွေနဲ ့နိုင်ငံခြားတက္ကသိုလ်တွေမှာ ပညာတွေသင်ယူကြတယ်။

သူတို ့ရည်ရွယ်ချက်က တိုင်းပြည်အတွက်ဆိုတဲ့ ကြီးကြီးကျယ်ကျယ် စကားလုံးလည်းမစဉ်းစားပါဘူး။ စကောလားရှစ်ရဖို ့အတွက် လျှောက်လွှာထဲမှာ လိမ်ပြီးတော့လည်းမရေးကြပါဘူး။

အဓိက သူတို ့ရည်ရွယ်ချက်က ဘွဲ ့ကောင်းကောင်းရရင်အလုပ်ကောင်းကောင်းရမယ်။ အလုပ်ကောင်းရင် ဝင်ငွေကောင်းမယ်။ ငါချမ်းသာမယ်။ အင်မတန်ကို ရိုးစင်းတဲ့ ရည်ရွယ်တစ်ခုပါ။

နောက်ဆုံး သူတို ့တွေဟာ နိုင်ငံခြားတက္ကသိုလ်ကြီးတွေကနေ ဘွဲ ့တွေရပြီး လုပ်ငန်းခွင်ကို ဝင်ကြပါတယ်။ ဖြစ်သလို ဘဝကို စတင်ရုန်းကန်ကြတယ်။ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ပြီး လုပ်ငန်းအတွေ ့အကြုံရအောင် လေးငါးဆယ်နှစ် ကျိူးစားရုန်းကန်ကြပါတယ်။ နောက်ပိုင်း အတွေ ့အကြုံများလာတော့ PhD ဆိုတဲ့ ဘွဲ ့ကို အသက်လေးငါးဆယ်မှာ ရကြတယ်။ နောက်ဆုံး ဒီဘွဲနဲ ့သုတေသနလုပ်ငန်းတွေအပေါ်မှာ အာရုံစိုက်ပြီးလုပ်ကြပါတယ်။ ဒါက သာမန်အရပ်သားတွေရဲ  ့စဉ်းစားချက်။

သူတို ့လိုမဟုတ်ပဲ နှဖူးမှာဟိုဟာတက်ပေါက်ပြီး အချောင်လိုက်ချင်တဲ့လူတွေရှိတယ်။

သူတို ့အများစုကတော့ မာစတာနဲ ့PhD ဘွဲ ့တွေကို သူများလုပ်စာနဲ ့ရကြပါတယ်။ ဆိုလိုတာက စကောလားရှစ်နဲ ့ရတယ်။ ဒါ့အပြင် ကိုယ့်ရတဲ့ဘွဲ ့နဲ ့ကိုယ်လုပ်တဲ့အလုပ်က တခြားစီ။ သူတို ့စိတ်ထဲထင်နေတာက PhD နဲ ့မာစတာရမှ လူရာဝင်သလို။ ဒါ့ကြောင့် တခါတုန်းက ကိုနေဝင်းမောင် မသေခင်တုန်းက ဆရာဦးကျော်ဝင်းက ဒီလိုပြောပါတယ်တဲ့။

ကိုနေဝင်းမောင်….ခင်ဗျား PhD ရမှ ဖြစ်မယ်တဲ့…..ဆိုလိုချက်က ဒါမှမရရင် သူ ့ဘဝက ဘာမှသုံးစားလို ့မရသလို ၊ လူတောမတိုးသလိုပဲ။ ခင်ဗျားတို ့စဉ်းစားကြည့်….PhD ဆိုတဲ့ဘွဲ ့က ဘာမို ့လို ့လဲ။ မြတ်စွာဘုရားလို အကုန်လုံး ဒိဗ္ဖစက္ကူညာဏ်(စာလုံးပေါင်းမှားနေတယ်) ရတာမှ မဟုတ်တာ။ ဒီလိုဘွဲ ့ရတဲ့လူဟာ စာလေးသုံးလေးနှစ်ဖတ်နိုင်ရင် ရတာပဲ။

နောက်တစ်ခု ရှိပါသေးတယ်။ အဖြူတွေရဲ  ့ယူဆချက်ကတမျိူးပါ။  Geology နဲ ့ PhD ရတဲ့သူဟာ၊ သမ္မတရဲ  ့နိုင်ငံရေး အကြံပေးဖြစ်ဖို ့သူတို ့မစဉ်းစားပါဘူး။ သူတိုရဲ  ့ ကျွမ်ကျင်မှုဟာ Geology ကလွဲ ့လို ့တခြားမရှိဘူး။

စီးပွားရေးနဲ ့PhD ရတဲ့လူတွေဟာလည်း ဘယ်တော့မှ အပစ်အခတ်ရပ်စဲရေးကိစ္စတွေကို ဝင်ရောက်စွတ်ဖက်လေ့ မရှိဘူး။ ကျနော့်ဆရာ ဒေါက်တာမျိူးညွန် ့လို နေရာတကာမပါဘူး။ နောက်ဆုံးကုန်ကုန်ပြောရရင် ခွေးဟာ ဘယ်တော့မှ မြတ်စားမကျွမ်းကျင်ဘူး (ဆောရီးဆရာရေ…ဆရာ့ကိုပြောတာမဟုတ်ပါဘူး)။

နိုင်ငံတကာမှာ PhD နဲ ့မာစတာဘွဲ ့/ရတဲ့ ဗမာတွေ ထောင်သောင်းတောင်မကဘူးလို ့ထင်ပါတယ်။ ကျနော်တို ့မြို  ့မှာတင် ဗမာ PhD တွေတစ်ပုံကြီးပါ။ သူတို ့က သူတို ့အလုပ်ကို လုပ်ပါတယ်။ လစာစားပြီး သုတေသနနဲ ့စာသင်ကြားရေးအလုပ်ပဲလုပ်ပါတယ်။ သူများတွေလို မတက်ကျွမ်းပဲ နေရာတကာ ဝင်ပြီးလည်းမရွှီးပါဘူး။ဦးတင်မောင်သန်း၊ နော်မေဦး၊ ဦးဟန်ညောင်ဝေနဲ ့ဒေါက်တာဇော်ဦးတို ့လို ့သူတို ့မလုပ်ပါဘူး။ သူတို ့ကြတော့ နိုင်ငံရေးသမားလည်းမဟုတ်၊ သူပုန်လည်းမဟုတ်၊ လော်ဘီသမားလည်းမဟုတ်၊ ပညာရှင်လည်းမဟုတ်ဆိုတော့ သူတို ့ကို ကျနော်ဒီလိုပြောချင်တယ်။ ပါလေရာငပိချက်လို ့။

နောက်ဆုံး အင်္ဂလိပ်တွေဟာ PhD ကို အသက် ၂၇-လောက်ဆိုရင် ဒီကောင်တွေရကြပါတယ်။ ဥပမာ မိုင်းမှာ ကျနော်တွေ ့ဘူးတဲ့ PhD တွေအကြောင်းကို နဲနဲလောက် ပြောပြချင်ပါတယ်။ သူတို ့တွေဟာ သက်ဆိုင်ရ တက္ကသိုလ်တွေမှာ Lecture လုပ်ပါတယ်။ ကျန်တဲ့အချိန်မှာ Geology အကြောင်းကို မိုင်းတကာလှည့်ပြီး သုတေသနလုပ်ကြပါတယ်။ နေပူမရှောင် မိုးရွာမရှောင် ကွင်းပြင်ထဲမှာ Log သို ့ မှတ်တမ်းတင်ပါတယ်။ ချွေးတွေစိုရွှဲ ညစ်ပတ်ပေကြံပြီးလုပ်ကြတယ်။ သူတို ့တွေကို သန် ့ရှင်းရေးသမားကလည်း အထင်မကြီးဘူး။ သူတို ့ကလည်း အထင်မသေးဘူး။ သူတို ့တွေဟာ PhD လည်းမဖြစ် ဟိုဟာလည်းမဖြစ်တဲ့ မြန်မာပညာရှင်တွေလို စကားလုံးတွေကြီး ဖင် လည်း မရှုး ကြပါဘူး။ PhD ရဲ  ့လစာဟာ ကားပြင်တဲ့လူထက်တောင် နဲပါသေးတယ်။ မယုံရင် ဂွတ်ဂယ်မှာရှာကြည့်ပါ။

အခုတော့ ကျနော်တို ့တိုင်းပြည်ရဲ  ့ငြိမ်းချမ်းရေးဖြစ်စဉ်ပဲကြည့်ကြည့်၊ ဘယ်နေရာပဲ ကြည့်ကြည့် နေရာတကာပါတဲ့ ပညာရှင်မဟုတ်တဲ့ ပညာမရှင်တွေကိုတွေ ့နေရတယ်။ ဘာမှ လုပ်အတွေ ့အကြုံမှမရှိ၊ တက္ကသိုလ်က အလွယ်ကူဆုံးဘွဲ ့ကို၊ အချောင်ရတဲ့ စကောလားရှစ်နဲ ့ယူပြီး လူတက်ကြီးတွေလုပ်နေတာကို ကျနော် လုံးဝကြည့်လို ့မရဘူးဖြစ်နေလို ့ပါ။

ခက်တာက နေရာပေးမှုပြသနာပါ။ နိုင်ငံရေးအဖွဲ ့အစည်းတွေကလူတွေကလည်း နိုင်ငံခြားက ဘွဲ ့များရလာတဲ့လူဆိုရင် အထင်ကိုကြီးသလားမမေးနဲ ့။ ဘုရားပေးတဲ့ တန်ခိုးတော်တွေ ရသလိုလို။  နိုင်ငံရေးခေါင်းဆောင်လို ့ပြောနေတဲ့လူ အများစုကလည်း သင်မှမသင်ဘူးတာ။ ထောင်ထဲနေရင်နေ မနေရင် ဒို ့အရေးအော်ဖို ့ဆိုတဲ့ သင်ကြားမှု ့လောက်ပဲ ရတော့ အမေရိကန်၊ ဩစီ၊ နဲ ့အင်္ဂလန်က ဘွဲ ့များရတဲ့လူဆိုရင် သူ ့ဖထွးနဲ ့မိထွေးများထင်နေလားမသိဘူး။ လူကြီးမင်းတို ့ခင်ဗျား….သူတို ့လည်း ချီးပါရင် ဖင်လှန်ပါရပါတယ်။

နိုင်ငံခြားက PhD နဲ ့မာစကာရတဲ့လူတွေဟာ အများအားဖြင့် သက်ဆိုင်ရာနိုင်ငံတွေမှာ အလုပ်မရဘူး။ ခန် ့လည်းမခန် ့ချင်ဘူး။ ဘာဖြစ်လို ့လဲဆိုတော့ ငပိစားတဲ့လေသံနဲ ့အဆင့်ရှိရှိနေရာတွေနဲ ့ဘယ်လို ့မှ မဖြစ်နိုင်ဘူး။ နောက်ပြီး တကယ်တမ်း တက်ကျွမ်းမှုက မရှိဘူး။ အလုပ်အတွေ ့အကြုံမရှိဘူး။ မယုံရင် Perth မှာ စီးပွားရေးပညာရှင်ဒေါက်မျိူးညွန် ့နဲ ့ စိတ်ပညာရှင် ဒေါက်တာအောင်မြင့်ကိုမေးကြည့်ပါ။

ဆိုတော့ ဒီလိုအခြေအနေမျိူးကို မြန်မာနိုင်ငံက ပညာရှင်မဟုတ်တဲ့လူတွေက သိတယ်။ တက္ကသိုလ်ကဘွဲ ့လည်းရရော သူတို ့အလုပ်ရဖို ့အရင်စဉ်းစားရတယ်။ ရှာဖွေရတယ်။ နိုင်ငံခြားမှာက သူတို ့အတွက် မလွယ်ဘူး။ အရမ်းကို ပြိုင်ဆိုင်မှုရှိတယ်။ အလုပ်ရှင်ကလည်း သူတို ့အစား သူတို ့ထက် ဘာသာစကားရော ပညာအရည်အချင်းအရပါ တက်ကျွမ်းတဲ့သူတို ့လူမျိူးတွေကိုပဲ ခန် ့တာများပါတယ်။

နောက်ပြီး ကုမရတဲ့ ရာဂါတစ်ခုရှိသေးတယ်။ ဒီဘွဲ ့ကြီးတွေကို ကိုင်ပြီးတော့ သူတို ့က ဆရာပဲလုပ်ချင်နေတဲ့ရောဂါ။ လူတိုင်းကို သူတို ့လောက်မသိဘူးလို ့ထင်နေတဲ့ရောဂါ၊ စကားပြောရင် ဆရာအသံပေါက်နေတဲ့ရောဂါ။ ရောဂါတွေက များသားပဲ။  နိုင်ငံခြားမှာက သူတို ့ထက်ဆရာတွေချည်းပဲ။ ဒါ့ကြောင့် သူတို ့ဆရာလုပ်နိုင်တဲ့ ဂွင်က မြန်မာပြည်ကတောသားတွေနေတဲ့ ဂွင်ပဲဖြစ်တယ်။ သူတို ့ဆီမှာ အနည်းဆုံး အထင်ကြီးတယ်။ အများဆုံး ငြိမ်းချမ်းရေးစားပွဲဝိုင်းမှာ ပွဲစားလုပ်ခွင့်ရမယ်။ ရှေ  ့ဆုံးတန်းမှာ ခန် ့ခန် ့ကြီးထိုင်ပြီး ရွှီးနိုင်မယ်။ ဒီလိုမျိူးဆိုတော့ သူတို ့က တောသားတွေနေတဲ့တိုင်းပြည်မှာပဲ သူတို ့အတွက်ကိုက်တယ်လေဗျာ။

အဓိကပြသနာက သူတို ့ဒီလိုလုပ်တာကို မသိတဲ့ကောင်တွေကလည်း လက်ခံတာကိုး။ ဆိုတော့ ဒီလိုမျိူးရှိတယ်။ ဒီလိုမျိူးရှိတယ်လို ့ပဲ ပြောချင်တယ်။ အထင်မကြီးကြနဲ ့။ အဓိက အားလုံးက ကိုယ့်ဂွင်နဲ ့ကိုယ့်ပဲ။ ကျနော်လည်း ဒီအတိုင်းပဲ။

ဒီလိုလူမျိုးတွေကို အရပ်စကားနဲ ့မိုက်မိုက်ရိုင်းရိုင်းပြောရရင် ခွေးနေရာမရသလိုမျိူးလို ့ပြောလို ့ရတယ်။

တောင်းပန်သံ။    ။ ကျနော့်အမြင်ပဲဖြစ်ပါတယ်။ ရင်ထဲမှာ ထိသွားရင် တောင်းပန်ပါတယ်။

5 comments

  • chityimhtoo

    April 8, 2012 at 10:30 am

    ခွေးအူတယ်လို့ဘဲသဘောထားပါတယ်။နည်းနည်းလောက်ကြိုးစားပြီးထပ်အူကြည့်ပါလားခဲနဲ့ အထုခံရအောင်..

  • ဗိုက်ကလေး

    April 8, 2012 at 4:03 pm

    အူးလေးပြောသလို ကိုယ့်ဂွင်နဲ ့ ကိုယ်ပေါ့ဗျာ..
    ဒါပေမဲ့
    သူရို ့ရဲ့ ကြိုးစားသမှုလေးတွေကို အသိအမှတ်ပြုပြီး ခွေးနဲ ့တော့ မနှိုင်းတန်ရာကောင်းပါဘူးလေး အူးဖုတ်ကျော်ရယ်
    မတော်ကြားသွားမှ..မကောင်းရှိလှရော့မယ်..

  • Gipsy

    April 8, 2012 at 7:38 pm

    ဟောဗျာ …
    ပြောရင်းဆိုရင်းနဲ့ တလှည့်ဖေါက်လာပြန်ပီ…
    ကောင်းပါလေ့…
    တချက်တချက်ထဖေါက်
    ဂဘုံးကျော် ဒုတ်ကောက်
    တဖုတ်ဖုတ် ဂေါက်.
    …ငှဲငှဲ…

  • မိုက်ကယ်ဂျော်နီအောင်ပု

    April 8, 2012 at 9:52 pm

    ကျုပ်ဂဒေါ့
    မစ္စတာဖုန်းကျော်ကို ထောက်ခံတယ်
    ဘယ်သူနဲ့မှမတူအောင်ပြောရရင်
    ဗရယ် ( R ) ဖုန်းကျော် ကျဲမှကျဲ 😀 😀 😀

  • ကြောင်ကြီး

    April 8, 2012 at 10:58 pm

    academician နဲ့ practitioner နှစ်လိုင်းရှိတယ်။ သင်ကြားရေးနဲ့ သုတေသနပိုင်းက ပီအိပ်ချ်ဒီနဲ့ မာစတာသမားတွေက အကယ်ဒမစ် ပညာရှင် ဖြစ်ပြီး အဲဒီနယ်မှာ မနေသူအားလုံးကတော့ မူလတန်းထွက်ကနေ ပီအိပ်ချ်ဒီအထိ လက်တွေ့သမား…။ သူ့နေရာနဲ့သူ အသုံးဝင်တယ်။ သို့သော် ပညာရှင်ဆိုတာ အများအားဖြင့် ပညာရေးမှာ ထူးချွန်သူဖြစ်လို့ ပညာဂုဏ်မောက်တယ်….။ ယေဘူယျသတ်မှတ်ချက် လိုင်းမပူးရဆိုပေမဲ့ မြန်မာနိုင်ငံလို ဖွံ့ဖြိုးဆဲ (ပိုဆီလျော်တာ ပြန်လည်ထူထောင်စ) တိုင်းပြည်မှာ စနစ်တကျ သတ်သတ်မှတ်မှတ် မဖြစ်နိုင်ဘူး။ ရတာရှိသလို မရတာလည်းရှိမယ်။ မရတာပိုများမယ်ထင်တယ်။ လုပ်နိုင်သူက လုပ်နိုင်သလောက် တိုးချဲ့လုပ်မှာပဲ။ အချိန်တခုကြာမှ သူ့ထက်တော်သူများ ပေါ်လာပြီး လိုင်းကွဲသွားမယ်။ စီးပွားရေးမှာလည်း ဒီသဘောပဲ။ မိမိလောက် စွမ်းသူများ မရှိရင် (အစွမ်းဆုံးမဟုတ်ပါ) ကိုယ်အားရှိသလောက် ဖြန့်ကားလက်ဝါးကြီးအုပ်တာပဲ… ရှုံးနိုင်ချေမှ မရှိတာကိုး။ စွန့်စားရတာ နည်းသလောက် ရင်းနှီးမြှုပ်နှံမှု များများလုပ်တယ်။ ကြာလာလို့ ပိုအစွမ်းရှိသူများ ဝင်လာတော့မှ ကိုယ်မနိုင်တဲ့ကဏ္ဍများကို အနိုင်ပိုင်းပြန်ဖို့ divestiture ကြိုးပမ်းရတယ်။ မြန်မာပြည်မှာလည်း ဒီသဘောပဲ…. အစကနဦးဖြစ်လို့ လုပ်နိုင်သူက (တချို့လည်း ကိုယ့်ကိုယ်ကို ထင်နေသူ) အစည်းအတားမရှိ လုပ်ပါမယ်၊ ပြသနာမရှိပါ။ ပြိုင်ပွဲပထမအဆင့် ပတ်လည်ပွဲများမှာ လူများတာ ဂုဏ်ယူစရာ အားပေးစရာ ဖြစ်နိုင်ပါတယ်။ တိုင်းပြည်အခြေခံစနစ်မှန်ရင် တဖြည်းဖြည်းနဲ့ လူစစ်သွားပါလိမ့်မည်။။

Leave a Reply