Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဆက်လက် မောင်းနှင်နေပါသည်

စဆရ ႀကီးApril 12, 20121min41911

ကျွန်တော်သည်ကား ဘဝကားကြီးကို တအိအိဖြင့် မောင်းနှင်နေပါသည်။ လူအများတင်စားဆိုကြသော ဘဝရထားမဟုတ်ပဲ ဘဝကားဟုဆိုရခြင်းမှာ တစ်ဦးတည်းပိုင်ဟု ယူဆနိုင်သောကြောင့်ဖြစ်သည်။ ရထားဆိုသည်မှာ လူအများကြီးကို ပုံစံတူဘဝများ ဖန်တီးပေးနေသလိုဖြစ်သည်ဟုထင်သောကြောင့်ဖြစ်သည်။ အမှန်တော့ လူသားတစ်ဦးချင်းစီတိုင်းတွင် ကိုယ်ပိုင်ဘဝပုံစံတစ်ခုစီရှိလေသည်။

ကျွန်တော်သည်ကား ၁၉၈၃ မော်ဒယ်ကားတစ်စီးကို ပိုင်ဆိုင်ထားလေသည်။ ကားဂိုဒေါင်မှ ထုတ်ပြီးနောက် မပြည့်မစုံ ထိန်းသိ်မ်းစောင့်ရှောက်မှုများဖြင့် မောင်းနှင်လာရလေသည်။ သွားရမည့် နေရာသည်ကား ယမမင်းဆိုသည့်အရပ်သို့ဖြစ်သည်။ ထိုနေရာသည် ကျွန်တော်မောင်းနှင်နေရာဖြစ်သည်။ ဂိုဒေါင်အတွင်းမှ ထွက်လာပြီးနောက် ပါတ်ဝန်းကျင်တွင် မြင်မြင်သမျှ ဆိုင်းဘုတ်များ၊ အဖြစ်အပျက်များကို ငေးမောကြည့်ရင်း တစ်ရွေ့ရွေ့ဖြင့် ခရီးဆက်လာခဲ့သည်။ မိုင်တိုင်အမှတ် ၁၉၈၈ တွင် လူအများ သတ်ဖြတ်နေကြသည်ကို ယာဉ်လမ်းကြောပိတ်ဆို့နေသဖြင့် ရပ်ပြီးကြည့်ခဲ့ဖူးသည်။ ကားများပေါ်တွင် အနီရောင်ဝတ် ဦးရည်းပြောင်ပြောင်များမှ သေနတ်များမြှောက်ကာ ကြွေးကြော်သံများ ကြွေးကြော်ကာ မောင်းနှင်ထွက်ခွာသွားကြသည်ကို မြင်ခဲ့ရသည်။ သို့နှင့် ဆက်လက်ထွက်ခွာလာရာ မိုင်တိုင်အမှတ် ၁၉၈၉ အရောက်တွင်မတော့ လမ်းစည်းကမ်း၊ မောင်းနှင်ပုံများကို ပို့ချပေးနေသည့် ဘဝထိန်းရဲများထံတွင် လေ့လာဆည်းပူးရသည်။ ကျွန်တော်မောင်းနှင်ရမည့်ခရီးမှာ အဝေးကြီးပေမလား၊ တစ်ခါဖူးမျှ မမောင်းနှင်ဖူးသော ဘဝဟိုင်းဝေးလမ်းကြီးတွင် မောင်းနှင်ရမည်ဖြစ်သည့်အတွက် ဆောင်သင့်၊ ရှောင်သင့်သည်များကို သေချာလေ့လာ မှတ်သားရလေသည်။ တစ်မှတ်တိုင်ရောက်လိုက်၊ လမ်းညွှန်ဆိုင်းဘုတ်များကိုဖတ်လိုက်နှင့် ၁၉၉၅ မှတ်တိုင်လောက်ထိ မောင်းပြီးသောအခါ ကျွန်တော်သည်ကား အင်ဂျင်နီယာ တက္ကသိုလ်လမ်းခွဲသို့ဟူသည့် လမ်းမကြီးအတိုင်း မောင်းနှင်လာတော့သည်။ ကားလေးကလဲ အတော်ကောင်းနေသဖြင့် အတော်လေးလဲ ခရီးတွင်ခဲ့ပါသည်။ ဂီယာတစ်ဆင့်ခြင်းဆီ ပြောင်းထိုးရင်း နီးသထက် နီးလာသဖြင့် သွားလိုရင်းသို့ ရောက်ကာနီးလေပြီဟု အတော်လေးလဲ စိတ်ကျေနပ်ခြင်း ဖြစ်မိတော့သည်။ ရောက်ကာနီးတွင်မှ မျက်လုံးတစ်စုံ အတန်ငယ် မှုန်ဝါးလာသဖြင့် ပါဝါအတော်အတန်ပါသော မျက်မှန်တစ်လက်ကို ကောက်တပ်ခဲ့ရသည်ကိုလဲ အမှတ်ရသေးတော့သည်။

လမ်းခွဲသို့ ၂၀၀ဝ ဟူသော မှတ်တိုင်ကို အနည်းငယ်မျှ ကျော်လွန်ပြီးရောက်သောအခါ သွားတော့မည်ဟု ကွေ့မည်ကြံကာရှိသေး ဆီကုန်သွားသဖြင့် လမ်းခွဲတွင် အချိန်အတော်ကြာ ရပ်တန့်နေခဲ့ရလေသည်။ လောင်စာဆီ ရလိုရငြား အနီးအနားပါတ်ဝန်းကျင်တွင် လိုက်ရှာပါသော်ငြား မည်သို့မျှရှာမရသောကြောင့် ကျွန်တော့်ကားသည်ကား ကိုးလိုးကန့်လန့်ဖြင့် နောက်ပြန်လှည့်မရ၊ ရှေ့ပြန်တိုးမရနှင့် တစ်ဝှီးဝှီးကျော်ဖြတ်တက်သွားသော ကားများကိုသာ ဝမ်းနည်းပက်လက်ဖြင့် ကားထိုးရပ်ပြီး ကြည့်နေရတော့သည်။
များမကြာမီမှာပင် သဘောကောင်းသော ကားတစ်စီးမှ ရှေ့မိုင်တိုင်အနည်းငယ်အကွာတွင် ဆီအရောင်းဆိုင်ရှိသည်ဟုဆိုကာ ဆွဲခေါ်သွားသောကြောင့် အလုပ်သမားလမ်းမကြီးအတိုင်း အနည်းငယ်မျှ လိုက်သွားပြီး မိုင်တိုင်အမှတ် ၂၀၀၄ သို့ရောက်သည့်တိုင်အောင် ကျောင်းဆရာလမ်းချိုးလေးအတိုင်း ကွေ့လိုက်၊ ပြစက်မောင်းလမ်းသွယ်လေးထဲ ချိုးဝင်လိုက်၊ စက်ရုံလမ်းမသို့ ကွေ့ကောက်ဝင်လိုက်၊ ဆန်ပွဲရုံစာရေး လမ်းကြားထဲ သွားလိုက်နှင့် နောက်ဆုံးတွင်မတော့ တပ်မတော်သား လမ်းမကြီးအတိုင်း မောင်းနှင်လျက်သားဖြစ်တော့သည်။ ထိုတော့မှ ဆီရသဖြင့် သွားလိုသည့် လမ်းခွဲကို ပြန်လှမ်းကြည့်လိုက်ရာ ပြန်လည်မမှတ်မိနိုင်အောင် ဖြစ်သည့်အတွက် ရောက်လက်စလမ်းအတိုင်း ဆက်မောင်းလာခဲ့ရာ ကွန်ပျူတာ ဒီဇိုင်းဆရာ ရပ်ကွက်သို့ ရောက်သည်အထိဖြစ်သည်။

ထိုရပ်ကွက်အရောက်တွင်မှ သွားလိုသည့် ဟိုင်းဝေးလမ်းမကြီးသို့ လမ်းညွှန်ဆိုင်းဘုတ်ကြီးကို မြင်မိတော့သဖြင့် အတော်အတန်ခန့် ဆီဖြည့်ပြီးနောက် အရှိန်ပြင်းပြင်းဖြင့် မောင်းနှင်လာတော့သည်။ အင်ဂျင်နီယာတက္ကသိုလ်သို့ သွားလိုသည့် စိတ်ကိုဖျောက်ပြီး နိုင်ငံတစ်ကာ ဟိုင်းဝေးလမ်းမကြီးပေါ်သို့ရောက်လျင် စိတ်ရှိသလောက် မောင်းနှင်နိုင်လေပြီဟု စိတ်ကူးကာ တတ်နိုင်သမျှ မြန်မြန်မောင်းခဲ့လေသည်။ လမ်းခရီးတွင် ဝပ်ရှော့များ များစွာတွေ့သော်လည်း ကားကို ပြင်ဆင်သွားရန် စိတ်မကူးခဲ့မိပေ။ လမ်းတွင်တွေ့သမျှ ကားများကိုသာ ငေးမောကြည့်ရင်း စိတ်ကူးယဉ်ရင်းမောင်းနှင်လာရာ မိုင်တိုင်အမှတ် ၂၀၀ရ အရောက်တွင်မတော့ ကျွန်တော်သည်ကား နိုင်ငံတစ်ကာ အဝေးပြေးလမ်းမကြီးပေါ်သို့ ဘီးချမိပြီဖြစ်သည်။ ဂီယာကုန်ထိုးပြီး လီဗာကို ခပ်ပြင်းပြင်းဖိနင်းပြီး မောင်းလိုက်တော့မဟဲ့ဟု ကြွေးကြော်ထားသမျှများမှာ ထိုတော့မှ လိုအပ်သည့် ပြင်ဆင်မှုများ မလုပ်ခဲ့မိသည်ကို နောင်တရတော့သည်။ အရှိန်ပြင်းပြင်းဖြင့် မောင်းနှင်နေသည့် ဘဝကားများနည်းတူ မမောင်းနိုင်သည့်အတွက် လက်ယာဘက်အစွန်ဆုံးလမ်းကြောမှပင် တစ်ခြားဘဝကားများ ဝင်မတိုက်မိစေခြင်းအလို့ငှာ တစ်ရွေ့ရွေ့ မောင်းနှင်လာရတော့သည်။

သူများတစ်ကာ အားပါးတရ၊ စိတ်တိုင်းကျ မောင်းနှင်နေသည့် လမ်းမကြီးထက်တွင် လိပ်သာသာ မောင်းနှင်နေသော ကျွန်တော့်ကားအား လှောင်ပြုံးပြုံးကြသူများ၊ ရှေ့မှ ယီးတီးယားတား လုပ်ပြသွားသော ကားကြီး၊ ကားလတ်၊ ကားငယ်များကို မခံချင်စိတ်ဖြစ်မိသော်လည်း ကြမ်းပြင်ကပ်နေသည့် လီဗာမှာ ထို့ထက်လဲ ပိုပြီး မနင်းနိုင်တော့သဖြင့် ကားကိုသာ ငယ်သံပါအောင် မောင်းနှင်ရင်း မီးခိုးတစ်လူလူနှင့် နိုင်ငံတစ်ကာ အဝေးပြေးလမ်းမကြီးထက်တွင် တစ်လှိမ့်လှိမ့်ဖြင့်….

မိုင်တိုင်အမှတ် ၂၀၀၈ အရောက်တွင်မတော့ လမ်းပြုပြင်နေသည်နှင့်တိုးတော့သည်။ ဟိုင်းဝေးလမ်းမကြီးရောက်မယ်မှ မရှိသေး၊ လမ်းပြင်နေတာနှင့်တိုးတော့သည်။ နိုင်ငံတစ်ကာ ဟိုင်းဝေးလမ်းမကြီးထက်မှ အသာအယာပြန်ဆင်းကာ ရန်ကုန်လမ်းသွယ်လေးအတိုင်း မောင်းနှင်လာတော့သည်။ ကားစုတ်ကားပြတ်လေးမို့ထင်၊ လမ်းသွယ်လေးထဲတွင် ခုန်ပေါက်နေတော့သည်။

မကြာမီမှာပင် အရှေ့အလည်ပိုင်း လမ်းမကြီးသို့ဟူသည့် ဆိုင်းဘုတ်ကို တွေ့လိုက်ရသဖြင့် ထိုလမ်းမမှ သွားလျင် ကောင်းလိမ့်မည်ဟု တွေးတောမိသဖြင့် ချိုးကွေ့ဝင်လိုက်ပြီး အတော်လေးမောင်းနှင်လာသောအခါ အချိုးအကွေ့များဖြင့် လမ်းမကြီးကို မျက်ဝါးထင်ထင် မြင်ရတော့သည်။ သို့သော် အတော်လေးတော့ ခရီးတွင်ပါ၏။ မောင်းရင်းမောင်းရင်းနှင့် ကျွန်တော့်ကားလေးမှာ ဆီလိုက်လာသည်ပဲပြောရမလားမသိ အတော်လေးကိုပင် ခပ်သုတ်သုတ်လေးပြေးနေပါတော့သည်။

ဪ…

ရေးနေရင်းနှင့်တစ်ခုကျန်သွားသည်။ မိုင်တိုင်အမှတ် ၂၀၁ဝ မှ တက်လိုက်လာသော ဘဝခရီးကြုံ ခရီးသွားဖော်လေးမှာ လမ်းတစ်လျှောက် မောင်းလာရသမျှ ညောင်းညာလာရသမျှ၊ လမ်းတွင်တွေ့ကြုံခဲ့ရသမျှကို မညည်းမငြူနားထောင်ပေးနေသဖြင့်ထင်သည်။ အရင်ကလောက် ပျင်းစရာမကောင်းတော့ပေ။

ဘာပဲပြောပြော ယမမင်းအရပ်သို့ မရောက်ခင်တိုင်အောင်တော့ စကားပြောဖော်လေးရှိနေသဖြင့် မောင်းနှင်နေရသည်မှာ အတော်လေး ပျော်ရွှင်စရာကောင်းလှပေသည်။ သို့သော် မိုင်တိုင် ၂၀၁၁ သို့ရောက်သောအခါ ဆင်းမည်ပြင်လိုက်၊ ကျွန်တော်မှ တားလိုက်၊ မိုင်တိုင် ၂၀၁၂ သို့ရောက်လိုက်၊ ပိုမြန်မည့်ကားနှင့်သွားမည်ပြောလိုက်၊ ကျွန်တော်မှ တားလိုက်နှင့် သနားသဖြင့်ထင်၊ ခုထိတော့ လိုက်ပါနေတုန်းပင်။ မိုင်တိုင်အမှတ် ၂၀၁၃ ထိတိုင်အောင်တော့ ထိုခရီးသွားဖော်လေးကို ဆက်လက်စည်းရုံးထားနိုင်ပါ့မလားမထင်။

ကျွန်တော့်ကားလေးသည်ကား အတော်လေးကို ချူခြာလှပေသည်မလား၊ အဲကွန်းလဲမပါ၊ သီချင်းသံလဲမသာနိုင်သဖြင့် ထိုသူကိုကား အတော်လေးပင် အားနာလှပေ၏။ သို့သော် ကျွန်တော်သည်ကား တစ်ယောက်တည်းမမောင်းလိုတော့ပေ၊ နှစ်ယောက်ရှိရခြင်းအရသာကို ကောင်းစွာနားလည်နေသဖြင့် ထိုသူအား ကားပေါ်မှ ဆင်းမသွားစေရန် တိတ်တစ်ဆိတ်ဆုတောင်းရင်း ဟိုချိုး၊ ဒီကွေ့ဖြင့် ဟိုင်းဝေးလမ်းမကြီးပေါ်တွင် တစ်အိအိ မောင်းနှင်ရင်း..
မောင်းနှင်ရင်း…

မောင်းနှင်ရင်းနှင့်…

ဆက်လက် မောင်းနှင်နေပါကြောင်း…….။

ရှူံးနိမ့်မှုများနဲ့.. လူ
(ခေတ္တလူ့ပြည်)

11 comments

  • ကြောင်ကြီး

    April 12, 2012 at 8:46 am

    ဘဝ ကား
    ရ ထား
    အလှ မသွား
    နှစ်မ နွား…။
    ဘွတ်အဲ…(မောင်ရှုံး မနက်အလုပ်မသွားခင်နှင့် အလုပ်မှပြန်လာစဉ် အော်မြည်သံ) :mrgreen:

  • Gipsy

    April 12, 2012 at 9:21 am

    ရင်နင့် မွတ်သိပ် ကျဉ်းကြပ် အတွေးတွေ နဲ့ရေးတော့ ဖတ်သူမှာလဲ
    မွန်းကြပ် သလို ဖြစ်မိတယ်…..။
    အင်းပါ…
    နှစ်ယောက်သား ဟိုချိုး၊ ဒီကွေ့နဲ့ တစ်အိအိ ဆက်လက်မောင်းနှင်နိုင်ပါစေဗျာ…။

  • စော်ဘွားလေး မောင်မာန်ခ

    April 12, 2012 at 9:22 am

    ကားပေါ်ကခရီးသည်လေးကိုမဆင်းစေချင်ရင်…
    ထိုင်ခုံခါးပတ်ကို….ပြန်ဖြုတ်မရအောင်သာတပ်ပေးလိုက်တော့ဗျို့…..
    စိတ်ချရအောင်တခါတည်း….ခရီးသည်လေးတွေပါခေါ်တင်လိုက်ပေ့ါ…..
    ခရီးသည်လေးယောက်လောက်ရှိရင်ခရီးမတွင်တောင်ပျော်ပျော်ကြီးမောင်းလို့ရတာပေါ့…..
    အဲတော့ပထမခရီးသည်လေးနဲ့ပေါင်းပြီးနောက်ထပ်ကိုယ်ပိုင်ခရီးသည်နှစ်ယောက်လောက်ထပ်တင်လိုက်ပေါ့..ပထမခရီးသည်လေးလဲနောက်ခရီးသည်လေးတွေကိုအားနာပြီးဘယ်ဆင်းတော့မလဲ…..
    ခရီးဆုံးထိလိုက်ပါ့မယ်ဖြစ်အောင်သာလှုပ်ရှားပေတော့ကိုရှူံးရေ……..
    စကားမစပ်အစ်ကိုက..လင်းခေးသားလား…တောင်ပိုင်းသားထင်တယ်…ဗျ….ကိုရှူံးအရင်ပြောခဲ့တဲ့
    အပြောကိုကြားရတာ….

  • သမိန်ဂီ့

    April 12, 2012 at 9:35 am

    အားပေးသွားပါတယ် ..
    အိပ်ပီလို့ နှုတ်ဆက်သွားတဲ့ ဆြာရှုံးရေ …

    ကိုယ့်ဆြာက ကားကို မူတည်လို့ လမ်းကို အမျိုးမျိုး
    ပြောင်းပြီး မောင်းခဲ့ ရေးခဲ့ပေမယ့်..

    ကားနဲ့လမ်း ကို exchange လုပ်ပြီး
    တနည်းပြန်တွေးကြည့်လိုက်ရင် …
    ကိုယ့်ဆြာ ..ကားအမျိုးမျိုးပြောင်းစီးလာခဲ့တာပဲကိုး …
    ဒီအတွေ့အကြုံတွေ တနေ့ ရှယ်အသုံးဝင်လာမှာပါဗျာ…
    😀

    ပျော်ရွှင်ပါစေဗျာ…

    ခင်တဲ့
    ဂီ

  • ကိုရင်မောင်

    April 12, 2012 at 10:54 am

    အးပေးနေပါတယ်ကိုလူရှုံးရေစိတ်တူကိုယ်တူချစ်စရာလက်တွဲဖေါ်နဲ့
    ရာသက်ပန်လျှောက်လှမ်းနိုင်ပါစေလို့နှစ်သစ်ကူးအတာတန်ခူးမှာ
    ဆုတောင်းပေးလိုက်ပါတယ်….ကံကောင်းခြင်းများပိုင်ဆိုင်နိုင်ပါစေ…..
    (ကိုရင်မောင်)

  • Khaing Khaing

    April 12, 2012 at 11:23 am

    ကိုရုံးရေ ……. ကိုရုံးရဲ့ကားပေါ်မှာ လိုက်စီးရင် အိပ်တောင်ငိုက်သွားတယ်ဗျာ … တအိအိနဲ့ဆိုတော့ ……

  • ster

    April 12, 2012 at 2:22 pm

    ဘဝ ခရီးဖေါ်နဲ. နှစ်ပေါင်းများစွာ ပျော်ပျော် ရွှင်ရွှင်၊ ကျန်းကျန်းမာမာ နဲ.ဆက်လျှောက်လှမ်း နိုင်ပါစေ လို. နှစ်သစ်မှာ ဆုတောင်း ပေးပါတယ်။

  • htoosan

    April 12, 2012 at 2:25 pm

    ဒို့လည်းလိုက်မယ် ချန်မထားနဲ့ ကိုရှုံးသွားတော့ ပျင်းလှတယ် ရေးမလို့ ဟာ သူ့ ချစ်ချစ် ပါလာပြီဆိုတော့ ဝေးဝေး နေမလို့ …ခိုင်ခိုင်တစ်ယောက် သူ့ ချစ်ချစ်ကြားလိုက် နှောက်ယှက်ဦးမလို့လား …. 😀

  • ကောင်းမြတ်သူ

    April 12, 2012 at 6:09 pm

    ဟွန့်…….. သူကမှ ကားစုတ်ကလေးနဲ့သွားနိုင်သေးတယ်။ သွပ်ပြားကတော့ ဖိနပ်ဖင်ပြတ်နဲ့ သဲထဲနင်းလိုက်၊ ဗွက်ထဲနင်းလိုက်နဲ့သွားနေရတာ။ တွေ့ရင်တော့ခေါ်တင်အုံးနော်… မောင်းမပြေးနဲ့နော်….နော်လို့

  • zaw min

    April 12, 2012 at 10:06 pm

    မောင်ရုုံးရေ…မောင်ရင့်ရဲ့ ခရီးသွားဖေါ်လေး လမ်းတစ်ဝက်မှ ဆင်းမသွားလေအောင်….လီဗာကိုလည်း အရမ်းမနင်းနဲ…ဂီယာကိုလည်း ခဏခဏမချိန်းနဲ့…အဲယာကွန်းမရှိလည်း ပြဿနာမရှိ…သဘာဝလေညှင်းလေးရအောင် ပူတင်းတံခါးလေးတွေဖွင့်…ကိုယ်ပိုင်သံစဉ်လေးကို ကိုယ်တိုင်သီဆိုရင်း….ဖြည်းဖြည်းနဲ့မှန်မှန်လေးသာ မောင်းပါကွယ်။

Leave a Reply