ကွာခြားခြင်း
သာဓု – “လူပျိုနဲ့ လူအို ဘာကွာသလဲ”
ပါပု – “လူပျိုက အိမ်အလုပ်ကို သူ့ဟာသူလုပ်တယ်၊ လူအိုကတော့
မိန်းမခိုင်းလို့ လုပ်ရတယ်”
သာဓု – “မိန်းမဆိုတာဘာလဲ”
ပါပု – “မိန်းမဆိုတာ နှင်းဆီပန်းပဲ၊ ပွင့်ချပ်တွေကို ချစ်သူ
ရည်းစားတွေက ခူးသွားကြတယ်၊ သူယူတဲ့ ယောက်ျားအတွက် ဆူးပဲ ကျန်တယ်”
သာဓု – “မယားငယ်ဆိုတာ ဘာလဲ”
ပါပု – “အိမ်ခန်းထဲမှာ ထားစရာ နေရာမရှိတဲ့ အဖိုးတန် ပရိဘောဂ”
သာဓု – “မိန်းမတစ်ယောက်ထဲ ယူတဲ့စနစ်နဲ့ မိန်းမနှစ်ယောက် ယူတဲ့စနစ် ဘာကွာသလဲ”
ပါပု – “ဘာမှ အကွာဘူး၊ နှစ်ခုစလုံးမှာ မိန်းမတစ်ယောက် ပိုနေတယ်”
သာဓု – “မိုက်တွင်းနက်ပြီး မိန်းမနဲ့ ကွာရှင်းနိုင်သလား”
ပါပု – “မသိဘူး၊ ဒါပေမယ့် မိုက်တွင်းနက်ပြီး မိန်းမတွေကို
တစ်ယောက်ပြီးတစ်ယောက် ကောက်ယူနို်င်တာတော့ အမှန်ပဲ”
သာဓု – “မိန်းမကိုဘာနဲ့ နှိုင်းလို့ ရမလဲ”
ပါပု – “စောင်နဲ့ ၊ ခြုံလိုက်ရင် အိုက်တယ်၊ ဖယ်လိုက်ရင် ချမ်းတယ်”
သာဓု – “အလွန်အကျွံ သတိမေ့ခြင်းဆိုတာ ဘာလဲ”
ပါပု – “နယ်ကပြန်လာတဲ့ ယောက်ျားက ရွှေဆွဲကြိုးကို မယားကြီးကိုပေးပြီး
ညစ်ပတ်နေတဲ့
အဝတ်အစားကို လျှော်ဖွတ်ဖို့ မယားငယ်ကိုပေးခြင်း”
သာဓု – “အကောင်းမြင်သမားဆိုတာ ဘယ်လိုလူမျိူးလဲ”
ပါပု – “အိမ်မှာ ဆေးပေါ့လိပ်တိုကို မြင်တဲ့အခါ မိန်းမလုပ်တဲ့သူ
စီးကရက် ဖြတ်လိုက်ပြီလို့ ကောက်ချက်ချတဲ့ ယောက်ျား”
သာဓု – “ယောက်ျားနဲ့ မိန်းမ သူတို့ရဲ့ပါတနာတွေကို ဘာကြောင့်လဲသလဲ”
ပါပု – “အမျိုးမျိုးခံစားချင်တဲ့အခါ ယောက်ျားဟာ မိန်းမကိုလဲတယ်၊
အဲမိန်းမကတော့ ဘာမှမခံစားရတဲ့အခါမှာ ယောက်ျားကိုလဲတယ်”
သာဓု – “မိန်းမတစ်ယောက်ဟာ မိချောင်းနဲ့ အတူတူနေနိုင်သလား”
ပါပု – “မိချောင်းမှာ ပိုက်ဆံရှိရင်နေမှာပေါ့”
သာဓု – “ငွေသာ ပဓာနဆိုတာ အမှန်ပဲလား”
ပါပု – “မဟုတ်ဘူး၊ အဲဒီငွေရဲ့ အရေအတွက်ကသာ ပဓာန”
သာဓု – “ဘယ်အရာက မိန်းမတစ်ယောက်ကို အလှတိုးစေသလဲ”
ပါပု – “ယောက်ျားတစ်ယောက်ရဲ့ အစာအိမ်ထဲက ဝီစကီနှစ်ခွက်”
သာဓု – “ယောက်ျားတစ်ယောက်ဟာ ဘယ်အချိန်မှာ အင်အားချိနဲ့တဲ့ သဘောကို
ခံစားရသလဲ”
ပါပု – “မိန်းမချောတစ်ယောက်က ရှင်အင်မတန်တော်တဲ့ လူပါလားလို့
ချီးကျုးတဲ့အခါမှာ”
သာဓု – “ယောက်ျား ယူတဲ့မိန်းမတစ်ယောက်ရဲ့ လုပ်ရပ်ကိုဘယ်လို အကဲဖြတ်နိုင်သလဲ”
ပါပု – “ယောက်ျားအများကြီးရဲ့ အာရုံစိုက်မှုကို ခံရတဲ့ဘဝကို
ယောက်ျားတစ်ယောက်ထဲရဲ့ အာရုံစိုက်မှုကိုခံရတဲ့ဘဝနဲ့ လဲလိုက်ခြင်းပဲပေါ့”
သာဓု – “မိန်းမတစ်ယောက်ရဲ့ ချို့ယွင်းချက် မှန်သမျှကို သိအောင် ဘယ်လိုရမလဲ”
ပါပု – “သူ့ရဲ့အချစ်ဆုံး သူငယ်ချင်းရှေ့မှာသူ့ကို ချီးမွမ်းကြည့်”
သာဓု – “မိန်းမဖြစ်တဲ့သူကို အံ့ဩအောင် ဘာလုပ်ရမလဲ”
ပါပု – “သူ တစ်ချိန်လုံးပူဆာနေတဲ့ စိန်နားကပ်အစား လက်ကိုင်ပဝါတစ်ထည်
ဝယ်ပေးလိုက်”
သာဓု – “မိန်းမဟာ ဓားပြထက်ပိုကြောက်စရာ ကောင်းတယ်လို့ ပြောကြတယ်၊
ဘာကြောင့်လဲ”
ပါပု – “ဓားပြဟာ ပိုက်ဆံအိတ်ကိုပေးမလား၊ ဒါမှမဟုတ် ဘဝကို
အဆုံးခံမလားလို့မေးတယ်၊
မိန်းမကတော့ နှစ်ခုစလုံးကို တောင်းတယ်”
သာဓု – “ခြောက်လုံးပြူး နဲ့ စက်သေနတ် ဘာကွာသလဲ”
ပါပု – “စကားပြောနေကြတဲ့အခါမှာ ယောက်ျားနဲ့မိန်းမ ကွာသလဲလိုပဲပေါ့”
သာဓု – “ဘီယာနဲ့မိန်းမ ဘာကွာသလဲ”
ပါပု – “ဘီယာက ခင်ဗျားဘယ်အချိန် အိမ်ပြန်မလဲဆိုတာ စိတ်မပူဘူး”
သာဓု – “ရုပ်ချော၊ ဉာဏ်ကောင်း၊ ဂရုစိုက်တတ်ပြီး ပိုက်ဆံလည်း
ချမ်းသာတဲ့ ယောက်ျားကို ယူချင်ရင် ဖြစ်မလား”
ပါပု – “ဖြစ်ပါတယ် ဒါပေမယ့် လင်လေးခါယူရမယ်”
သာဓု – “ ဒါနဲ့ ခင်ဗျားရဲ့ ခွေးကို ဘာဖြစ်လို့ ငထုံကြီး”လို့ နာမည်ပေးရတာလဲ”
ပါပု – “လမ်းမှာ ဒီကောင့်ကို ငထုံကြီးခေါ်လိုက်ရင် ယောက်ျားတွေ
အတော်များများ လှည့်ကြည့်ကြတာ အရသာရှိလွန်းလို့”
သာဓု – “ကိုယ့်မိန်းမနဲ့စကားများကြရာမှ
ာ ကိုယ်က အနိုင်ရတယ်ဆိုရင်
ဘာလုပ်ရမလဲ“
ပါပု – “ရှင်းရှင်းလေးပဲ သူ့ကို တောင်းပန်လိုက်”
သာဓု – “ဆင်းရဲတဲ့မိန်းကလေးကို ပျော်ရွင်အောင် လုပ်နိုင်သလား”
ပါပု – “လုပ်နိုင်တယ်၊ ဒါပေမယ့် ချမ်းသာတဲ့ မိန်းကလေးကို
စိတ်ဆင်းရဲအောင်လုပ်တာ ပိုကောင်းတယ်”
သာဓု – “ပညာနဲ့ အသပြာ ဘယ်ဟာကို ယူသင့်သလဲ”
ပါပု – “ကိုယ့်ဆီမှာ မလုံလောက်တာကို ယူ”