ဘယ်မှာ ဘာယူလာပြီး လှူရမလဲတဲ့

ကထူးဆန္းApril 27, 20121min35446

http://www.tripadvisor.com/ShowTopic-g294190-i9408-k5360622-Where_to_bring_your_Medical_School_Other_supplies-Myanmar.html

Where to bring your Medical/School/Other supplies ”
Apr 24, 2012, 10:48 PM

this is a thread (spurred by utahlover) to post your information or thoughts about where to bring much-needed school, medical, or ‘other’ supplies to donate to clinics, buddhist temples, schools, or other spots while you’re visiting Myanmar. Solid information (or even good ideas) are welcome…

To start, I would ask you to consider visiting Burmakids.com and see if you can bring school supplies to the Yangon school or the new Bagan school, or perhaps even sponsor a child.

Tripadvisor မှာ မြန်မာနိုင်ငံ လာလည်ရင်း ဆေး (သို့) လိုအပ်သော ပစ္စည်းများကို ဆေးရုံ ဆေးခန်း ဘုန်းကြီးကျောင်း ၊ ကျေုာင်း (သို့) လူသင့်သော နေရာများကို လူနိုင်ရန်အတွက် ဘယ်မှာ ဘာ တွေ လိုအပ်လည်း ဆိုတာ မေးထားတဲ့ ပိုစ်လေး တွေ့မိလို့ပါ.

အဝေးကနေ သယ်လာရမှာ ဆိုတော့ အမှန်တစ်ကယ်လိုအပ်တဲ့ ပစ္စည်း (သို့) ဆေး ဘဲဖြစ်စေချင်ပါတယ် ။ ပြီးမှ ပြန်ရောင်းစား ရတာမျိုး ၊ အသုံးမလို ပိုလျှံတာမျိုးလည်း မဖြစ်အောင် ဘာတွေ ဘယ်မှာ (လိပ်စာလေးပါ တိတိကျကျ) လိုအပ်ပါတယ်ဆိုတာ သွားရေးပေးကြပေးပါလို့ ။ သိသူများ လည်း ဒီ ရွာ မှာလည်းရေးထားခြင်းအားဖြင့် အခြားနိုင်ငံခြားရောက် မြန်မာများ ပြန်လာတဲ့ အခါ လူချင်ရင်လည်း လူနိုင်သလို သူတို့ သူငယ်ချင်းများကိုလည်း ပြန် အကြံပြုနိုင်ကြဖို့ ဘာတွေ ဘယ်မှာ လိုအပ်ပါသည် ဆိုတာလေး မှတ်တမ်းလေး ပြုစုပေးပါလို့ တိုက်တွန်း မေတ္တာရပ်ခံ ပါရစေ။
ကျွန်တော် ရွာထဲရောက်ကာစ ရွှေပြည်သာ ဘက်မှာ မယ်သီလရှင်တစ်ပါး ဦးစီးတဲ့ ဆေးခန်း အလူလိုအပ်တာ ဖတ်မိတာ သတိရမိပါတယ် ။ ဒေါက်တာမိုးသီတာ ရေးတာလားဆိုတာတော့ သေခြာ မမှတ်မိပါ ။ အဲ့ဒီလို ဆေးခန်းတွေ ရဲ့ လိပ်စာ၊ လိုအပ်တဲ့ဆေး၊ မိဘမဲ့ ကလေးစောင့်ရှောက်ရေး မှာ အမှန်တစ်ကယ်လိုအပ်မဲ့ အရာ လိပ်စာလေးများ စုစည်း ထားပေးနိုင်ရင် အသုံးဝင်မလားလို့ပါ။
လူချင်သူကို လမ်းညွှန်ပေးခြင်းဟာလည်း ကောင်းမြတ်သော အလူတစ်ခုဘဲ မဟုတ်ပါလား ခင်ဗျာ။။။

46 comments

  • ဦးဦးပါလေရာ

    April 28, 2012 at 12:26 am

    ဆေးဝါးက အများအပြားယူခွင့်ရဘို့လဲ သိပ်မသေချာဘူး။ မြန်မာနိုင်ငံမှာ ဆေးဝါးမှတ်ပုံတင်ထားတာကိုသာ ကုန်စည်အနေနဲ့ (အခွန်ကောက်ပြီး)လက်ခံတယ်လို့ထင်တယ်။
    ပစ္စည်းဆိုလဲ အနဲအကျဉ်းကလွဲရင် အင်ပို့ပါမစ်လိုလိမ့်မယ်။
    အကောင်းဆုံးကတော့ ငွေသာလှူပါ။
    ငွေယူလာတာ အသေချာဆုံးပါ။
    ဒေါ်လာတသောင်းအောက် ကြေငြာစရာလဲ မလိုတော့ပါဘူး….။

  • htoosan

    April 28, 2012 at 6:42 am

    ဦးဦးပါလေရာရေ .. တစ်နိုင်တစ်ပိုင် မျိုး လူချင်ကြတာပါ ။ နေရာ လိပ်စာလေးတွေပါ အလွယ်တကူညွှန်နိုင်အောင်လို့ သိသော သူများရေးပေးစေချင်ပါသည်။ ဦးကျော်သူတို့ နာရေးကူညီမှု့ အသင်းလိပ်စာ ။ဖုန်း ။ အီးမဲ ကအစ စသည်ဖြင့်ပေါ့နော်။

  • htoosan

    April 28, 2012 at 9:42 am

    ပုဂံပြည် ဗူးဘုရားနားက ဓမ္မောတဿဆေးခန်းလေး

    Standard House Golf and accessories store
    အမှတ် ၆ ပြည်လမ်း ၆မိုင်ခွဲ ပါ။
    International Busuness Center အင်းလျားကန် ရှေ့ မှာရှိပါတယ်။
    ဓမ္မာရုံလမ်း အနီးပါ။
    ဖုန်းက 527638 ပါ။

    ဒေါက်တာလှထွန်းဆီလည်း ဒါရိုက် ဆက်သွယ်လို့ရပါတယ်။
    rtmdoctor@hmcmail.com

    ကျေးကျေးပါ ဦးဘလက်။ အန်တီ ပဒုမ္မာ ပိုစ်မှ ကူးတင်ပါသည် ။
    လိပ်စာလေးများ နှင့် လိုအပ်ချက်များ တစုတဝေးနဲ့ တစ်နေရာထဲ၊ ပို့စ် တစ်ခုထဲမှာ အလွယ်တကူကြည့်လို့ ရစေချင်တာပါ ။ Directory လို အလွယ်တကူ ညွှန်းနိုင်အောင်လို့ရည်ရွယ်ခြင်းဖြစ်ပါသည်။

  • etone

    April 28, 2012 at 11:03 am

    ကိုထူးဆန်းရေ …. ဆေးနဲ့ပတ်သတ်လို့ ကျွန်မကြုံခဲ့ဖူးတဲ့ အဖြစ်ပျက်မျိုး ကြုံခဲ့ဖူးလို့ ပြောပြပါမယ် ။
    အတွေ့ကြုံနဲ့သာ ပြောပြမှာပါ … တခြား အဓိပ္ပါယ်ကောက်မလွဲစေချင်ပါဘူး … ။
    ကျွန်မရဲ့ဧည့်သည် … မြန်မာနိုင်ငံကို ကူးချည်ပြန်ချည်လုပ်နေတဲ့ ဂျာမဏီကလူဆို … သူ့မိန်းမက ဟိုနိုင်ငံရဲ့ ဆေးရုံတစ်ခုမှာ ဒါရိုက်တာ အဖွဲ့ဝင် ၊ ရှယ်ယာရှင်တစ်ဦးပေါ့ … စာအုပ်တွေလည်းရေးသားပြီး ၊ ကျန်းမာရေး အတိုင်ပင်ခံလည်း လုပ်သတဲ့…. ဆေးလှူချင်ပါတယ် … ဆေးရုံတွေနဲ့ ချိတ်ဆက်ပေးပါလို့ပြောတော့ … အသုံးတည့်မတည့် … ဆေးကောင်စီကို ပြဖို့ ….. နမူနာ ယူလာခိုင်းတာ … …. ယူလာတဲ့ ဆေးတွေကို ကြည့်ပြီး …. နောက်တစ်ခါ ယူမလာပါနဲ့တော့လို့ ပြောကိုလွှတ်ရတော့တယ် … ။

    ဆေးတွေအများစုက သူတို့ ဘာသာစကားနဲ့ရေးသားထားတဲ့အပြင် ….ဒိတ်လွန်နေတာတွေလည်း ပါတယ် … ပြောရလျှင် …ပလစတာလောက် .. ပတ်တီးလောက်သာ အသုံးတည့်လှတာမို့ … ဟမ်းကယ်ရီလုပ်ပြီး ဘာမှ ယူမလာပါနဲ့လို့ ပြောလိုက်ရတယ် …. ။ တကယ့် စေတနာရှိလို့ … အရည်သွေးပြည့်မှီတဲ့ ..လိုအပ်တဲ့ဆေးမျိုးယူလာလျှင်တော့ ကျေးဇူးတင်မိမှာပါ … ။ ကိုယ့်ပြည်တွင်းက ဆေးရုံတွေမှာလည်း .. ဆင်းရဲနွမ်းပါးသူတွေ လာတဲ့အခါ … ထည့်သုံးပေးနိုင်မှာလေ … အခုလို ဒိတ်အောက်တာတွေ စံချိန်မမှီတာတွေ …. ဟိုမှာသုံးလို့ မရတဲ့ဟာတွေ သယ်လာတာတော့ … အရမ်းစိတ်ဆိုးတယ် … ။ ကျန်ကျောင်းအိတ်နဲ့ နှစ်လုံးစာလောက် တစ်ခါ လာလျှင် သယ်သယ်လာတယ် … ကာစတန်ကို ဘယ်လိုဖြတ်သလဲတော့ မသိပေမယ့် …. သူယူလာတွေ ဒီက ဆေးရုံတွေမှာ သွားပြန်လှူလို့လည်း မရပဲ … အမှိုက်သာသာအိမ်ရှုပ်တာပဲ အဖတ်တင်တယ် … ။ အခုဟာက မကောင်းကျောင်းပို့ဆိုသလိုပါပဲ .. သူတို့စိတ်ထဲ သူတို့နိုင်ငံမှာ ဒိတ်လွန်တာတွေ မသုံးပေမယ့် … ဒီနိုင်ငံကတော့.. ဒိတ်လွန်လည်း သုံးမယ်လို့ တထစ်ချယုံကြည်နေပုံပါပဲ .. ဒိတ်တွေက တစ်လ နှစ်လလောက်လွန်ပေမယ့် …. ဒီလို ဆေးမျိုးဆေးရုံသွားလှူလို့ … ဘယ်ကောင်းပါ့မလဲ ….. ။ အမုန်းခံပြီး မသယ်လာနဲ့တော့ အပိုပဲ လို့ ပြောပစ်လိုက်ရတော့တယ် … ။

    နောက်ပြီး .. အခုခေတ်စားနေတယ် ကိုရီးယား ဆရာဝန်အဖွဲ့ဆိုတာလေ … စက်ရုံတွေမှာ လိုက်ပြီး ဆေးအခမဲ့ဝေပေးတာလေ … ။ နာမည်ခံသာ ကိုရီးယားဆရာဝန်အဖွဲ့ … တကယ်တမ်းတော့ ..ကိုရီးယားက လာတဲ့ နှစ်ယောက်က သီလရှင်ကျောင်းက ပရဟိတ္တလုပ်နေတဲ့ နပ်စ်နှစ်ယောက် နဲ့ ဆေးဝါးရယ်ပဲပါတာ .. ဒီနိုင်ငံက စေတနာ့ဝန်ထမ်း ဆရာဝန် ၊ ဆရာမကြီးတွေ အဖွဲ့လိုက်နောက်ကလိုက်ပြီး ကူညီပေးနေတာ …. ။ ဆေးကတော့ သူတို့ဆေးတွေ … ဒီနိုင်ငံက ဆေးနာမည်တွေနဲ့တွဲမှတ်ပြီးမှ … ဆေးပေးတယ် …. ။ လှူတာတော့ .. အရမ်းလိုက်လှူတယ် ရပ်ကွက်တွေရော … စက်ရုံတွေမှာရော .. ဒါပေမယ့် .. သံသယဖြစ်မိတာက .ဆေးတွေက .. ဘူးနဲ့ပြောင်းထည့်ပြီးသား… ဒါတွေရဲ့ ဘူးခွံ ဒိတ်လွန်မလွန်ဆိုတာ ..ယူလာတဲ့လူကလွဲလျှင် … ဘယ်သူမှ မသိနိုင်ဘူးလေ ..

    မြန်မာနိုင်ငံကို အကူညီပေးတယ်ဆိုတာ … အများကြီးဝမ်းသာစရာ ကိစ္စပါ … ။
    ဒါပေမယ့် .. အသုံးမလိုတာတွေ မကောင်းကျောင်းပို့ လုပ်မှာကိုတော့ … တွေးပူမိတယ် … ။
    စေတနာရှင်တွေ စေတနာ ကွက်အောင် လုပ်တာ မဟုတ်ပေမယ့် …. ရင်ထဲရှိတာလေး ချရေးသွားတယ် … ။
    🙄

    • htoosan

      April 28, 2012 at 11:56 am

      ကျေးဇူးပါ e-tone ရေ ။ခုလိုသတိပေးတာ။ လူအမျိုးမျိုူး စိတ် အထွေထွေပေါ့နော်..
      e-tone မန့်တာ နှစ်ခုထပ်သွားလို့ တစ်ခု ဖျက် လို့ ရရင် ဖျက်လိုက်မယ်နော် ။

  • ဗိုက်ကလေး

    April 28, 2012 at 11:36 am

    လိုအပ်နေတာလေးတွေလဲ တင်ပြကြ..
    ပေးကမ်းချင်တဲ့လူတွေလဲ လာခဲ့ကြ
    ဟုတ်တယ်မလား အူးလေး

    • htoosan

      April 28, 2012 at 12:07 pm

      ဟုတ်ပါတယ် ကိုဗိုက်ရေ .. လိပ်စာလေးတွေ စုပေးထားတော့ ဆန္ဒရှိသူများ အလွယ်တစ်ကူ သွားနိုင်တာပေါ့နော်..လိုအပ်တာသိရင် ပေးချင်သူအနေနဲ့ လည်း ဘာပေးရင်ကောင်းမလဲ စဉ်းစားရသက်သာတာပေါ့။
      ထုံးဘဲဥရေ ကျေးဇူးပါ။ လိပ်စာလေး။ ဖုန်းနဲ့ အီးမဲ ။ web page ပါရှိရင်ပေါ့နော် ။

  • ထုံးဘဲဥ

    April 28, 2012 at 11:55 am

    သများတို့ မန်းလေးမှာဆိုရင် ဗြဟ္မစိုရ် လူမူကူညီရေးအသင်းရှိဒယ်
    ကုသိုလ်ဖြစ်ဆေးခန်းလည်းရှိဒယ် ။ ဆရာဝန်တွေပင့်ပြီး အလကား ကုပေးဒါ
    အီးမဲ နဲ့ ဖုန်းနံပါတ် စုံစမ်းပေးမယ်နော်

  • Onyx

    April 28, 2012 at 2:57 pm

    အားကြီး အားကြီး ကောင်းတယ် သိရင် တင်ပေးမယ်နော်

  • ဗိုက်ကလေး

    April 28, 2012 at 5:01 pm

    ခေါင်းစဉ်က လှူ ဆိုတာလေး သတ်ပုံပြင်ပေးကြပါဦးဗျ

  • htoosan

    April 28, 2012 at 7:55 pm

    မမ မရှိလဲ မလွတ်ပါလား … 😀 😀 ပြင်လိုက်ပါပြီဆြာဗိုက် .. ကျေးကျေးပါ။

    • MaMa

      April 28, 2012 at 8:38 pm

      မမ မရှိလည်း မမရဲ့ ဆရာ/မ တွေက အမြင်ပိုစူးတယ် ဆရာထူးဆန်းရေ့။ :p
      ကျမတို့ အခု အလှူခံနေတဲ့ သီတဂူသုမေဓာ (အစုကြီး) ဆေးရုံကတော့ ခုမှ တည်ဆောက်ဆဲ ဖြစ်ပြီး မလည်ပတ်နိုင်သေးပါဘူး။ ဆေးရုံဖွင့်ပွဲလုပ်ပြီး စတင်လည်ပတ်ရင်တော့ လိုအပ်ချက်တွေ ရှိနေမှာပါ။ အဲဒီအခါကျရင် အလှူခံမယ်နော့။ ကြိုတင်ပြီး ဘွတ်ကင် လုပ်ထားတာ။ 🙂

      • ဆူး

        April 30, 2012 at 9:58 am

        ဆူး တို့ အလှူ လုပ်တဲ့ ဆေးရုံ သီတဂူ သုမေဓာ ဆေးရုံကြီးကို နီးနီးလေးနဲ့ မေ့နေကြတယ်..

        • htoosan

          April 30, 2012 at 11:13 pm

          သီတဂူဆရာတော်ရော၊ မြတောင် (ကျွန်တော်သိတဲ့ မြတောင်ဆရာတော်ဆိုရင်ပေါ့လေ) လိုအပ်ချက်ရှိမှာ မဟုတ်ပါဘူး မမ ရဲ့။ သူဌေး ဒကာတွေ ပေါတယ်လေ။
          မမေ့ပါဘူး ဆူးရယ်။ လိပ်စာ အတိအကျ မတွေ့သေးလို့ပါ။

    • windtalker

      April 28, 2012 at 10:06 pm

      နတ်လမ်းညွှန်ကိုထူးဆန်း ရေ ။ သာဓု သုံးကြိမ် ခေါ်သွားပါတယ် ဗျား ။

  • htoosan

    April 29, 2012 at 6:08 pm

    မနော အလှူ သဂျီး ကောင်းမှု အပိုင်း ၁ http://myanmargazette.net/99660/creative-writing မှ ကူးယူဖော်ပြပါသည် ။

    တည်နေရာ။ ။ (၁) မစိုးရိမ်ကျောင်းလမ်း၊ မြို့ဟောင်းအလယ်ရပ်ကွက်၊ သန်လျင်မြို့။
    (၂) အမှတ်-803/805၊ မဟော်သဓာလမ်း၊ (၁၂)ရပ်ကွက်၊ အရှေ့ဒဂုံ။ဆက်သွယ်လှူဒါန်းရန်
    ဒေါ်သန်းမြင့်အောင် (စာရေးဆရာမ)
    ဖုန်း – ဝ၉ ၉၉ ၂၈၅၄၉၊ ၂၀၅၄၅၁
    ဒေါ်သက်နွယ် (တရားရုံးချုပ်ရှေ့နေ)
    ဖုန်း – ၃၈၈၁၃၂၊ ဝ၉ ၅၀၄၃၉၅၉
    ဒေါ်ထွေးမြင့် (တရားရုံးချုပ်ရှေ့နေ)
    ဖုန်း – ဝ၉ ၉ဝ ၄၂၄၈၈၊ ၂၉၀၉၆၄

    ရည်ရွယ်ချက်။ ။ အသက်အရွယ်အိုမင်း၍ ကျန်းမာရေးချို့တဲ့ကာ ခိုကိုးရာမဲ့နေသော ဘိုးဘွားများအား မိသားစုပုံစံဖြင့် ကြင်နာယုယမှုပေးရန်။
    လုပ်ငန်းအစီအစဉ်။ ။ အဖွဲ့ဝင် အလှူရှင်တစ်ဦးမှ လှူဒါန်းသော အသင်းပိုင်မြေနေရာတွင် စေတနာရှင်များ၏ အလှူငွေများဖြင့်
    အဆောက်အအုံဆောက်လုပ်၍ လုပ်ငန်းစတင်ရန်၊ ထိုမှတဖန် အလှူငွေတိုးတက်မှု အပေါ်တွင် အခြေခံ၍ မြေနှင့် အဆောက်အအုံတိုးချဲ့၍ ဆည်းဆာရိပ်ဂီလာနဘိုးဘွားများ ထပ်မံလက်ခံရန်။

  • htoosan

    April 29, 2012 at 6:26 pm

    မြိုင် သီလရှင် သင် ပညာရေးကျောင်း
    အမှတ် ၅၊ ရ ရပ်ကွက် ။ ဗိုလ်ချုပ်အောင်ဆန်းလမ်း ။ ရွှေပြည်သာမြို့

    မိုးပွင့်ဖြူ ၏ အကူအညီလို​သူတွေအများ​ကြီးပါ ( သူတို့အဖွဲ့ဖြစ်ပေါ်လာပုံ )(2)
    http://myanmargazette.net/69334/society-lifestyle/ethnicity-gender-lifestyles-subcultures-morals-values-norms-society-lifestyle မှ ကူးယူဖော်ပြပါသည်။

  • htoosan

    April 29, 2012 at 8:07 pm

    နာရေးကူညီမှုအသင်း၊ အမှတ် ၁၃ (က)၊ ဗိုလ်မှူးဗထူးလမ်း၊ (၄၂) ရပ်ကွက်၊ ဒဂုံမြောက်ပိုင်းမြို ့နယ်၊ ရန်ကုန်

    ဆက်သွယ်ရန်ဖုံး ။အီးမဲလိပ်စာ သိသူများ တင်ပေးပါခင်ဗျာ..

    • kai

      April 30, 2012 at 1:30 am

      ကိုကျော်သူ ၅ရက်နေ့ အယ်လ်အေမှာ အလှူခံပွဲလုပ်မယ်..။
      ကြုံရင် သူတို့လိပ်စာတွေတောင်းထားပေးပါမယ်.။

  • weiwei

    April 29, 2012 at 9:24 pm

    သန်လျင်မှာ နာရေးကူညီမှုအသင်းနဲ့ မေတ္တာရိပ်အခမဲ့ဆေးခန်း ရှိပါတယ် …
    သန်လျင်မြို့က နာရီစင်အနီးမှာပါ … လိပ်စာအတိအကျနဲ့ ဖုန်းနံပါတ်မေးပြီး ကွန်မန့်ပြန်ပေးပါအုန်းမယ် …

    • htoosan

      April 30, 2012 at 10:37 pm

      ကျေးဇူးပါ ကိုစွယ်တော်ရွက် နဲ့ ဒေါ်ဝေဝေရေ။
      http://www.ffssyangon.net/ ကတော့ ဝင်လို့မရဘူး ။
      ဒေါ်ဝေဝေ လိပ်စာလေးရေးပေးပါဦးခင်ဗျာ။ ကျွန်တော် ပိုစ်အဟောင်းတွေ အတတ်နိုင်ဆုံးရှာဖတ်ပြီး လိပ်စာပြန်စုနေတာပါ။

  • Swal Taw Ywet

    April 30, 2012 at 1:24 am

    Dear brother, Ko Htoo San.
    Many thank for your willing to help the others.
    How about 2000 Group?
    One of our MG villagers, Daw May Aye Oo is helping the needy people
    especially for Children.
    2000 Group also need our supports.

    Email address= 2000.donation.group@gmail.com
    Facebook = 2000.donation.group@gmail.com.

    Let’s try our best for our mother land.
    With respect,
    Swal Taw Ywet.

  • ကြောင်ကြီး

    April 30, 2012 at 3:14 am

    တပိုင်တနိုင်ဆိုရင် ဒေါ်မေအေးဦးရဲ့ ၂၀၀ဝ ဂရုကို အားပေးပါဒယ်။ ရွာသူ ဆြာဝန်မဂျီး ဒေါ်ပဒုမ္မာမှတဆင့် ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။ တလ ၂၀၀ဝကျပ်ဆိုရင် မင်န်ဘာဖြစ်နိုင်ဘာပြီ။ အကယ်၍ ကြံ့ဖွတ်အသင်းလို တချိန်မှာ နိုင်ငံရေးပါတီအဖြစ် ကူးပြောင်းမယ်ဆိုရင်လည်း ယခုအချိန်မင်န်ဘာဖြစ်ထားသူများ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ ဆယ်အိမ်ခေါင်းရာထူး သေချာပေါက်ရမည် ဖြစ်ပါသည်။ :mrgreen:

    • Khin Latt

      April 30, 2012 at 3:37 am

      အဲဒီ ဂရု က ကြောင်မရွေး လူမရွေး မန်ဘာ အဖြစ် လက်ခံပါသည်။
      ကြောင်ကြီးကြီး ဖြစ်ပါက ရာအိမ်ခေါင်း ပေးမှာတဲ့။
      ကကြောင် – စိတ်ကူးမလွဲ နဲ့။ ဝင်ပြီးပြီလား။ 😀

      • ကြောင်ကြီး

        April 30, 2012 at 3:57 am

        ိအရီးလတ်
        တည်းဖြတ်
        ကြီးမြတ်
        ပုတီးထပ်
        နီးလျက်
        စီးမကပ်..။

  • Khin Latt

    April 30, 2012 at 3:33 am

    ကထူးဆန်း – အကြံခြင်း တူပါပေတယ်။
    လှူသူတွေ နဲ့ ပြည့်လျှံနေတဲ့ နေရာ တွေ ရှိနေသလို လှူသူရှားပြီး လိုအပ်နေတဲ့ နေရာ တွေ လဲ အများကြီးပါ။
    အဲလို နေရာလေးတွေကို သိထားတော့ ဆက်သွယ်ပြီး လှူနိုင်တာပေါ့။
    ဒီထဲက နေရာလေးတွေလို ကျွန်မလဲ တတ်နိုင်သမျှ လက်ဆင့်ကမ်းပေးပါ့မယ်။

    စကားအတင်းစပ် – အချိန်ကို ဘယ်လိုမှချောက် လို့လဲမရ ချော့လို့လဲ မနိုင်လို့ စီဂျေကြီး ကထူးဆန်း ကို ကျွန်မ တွေ့ချင်ခဲ့ပေမဲ့ မတွေ့နိုင်လိုက်ခဲ့ဘူး။
    ကိုယ့်ထက်ကြီးမှန်း ငယ်မှန်းမသိတော့လဲ ကိုယ်ရှိရာကို လာမတွေ့ခိုင်းရဲတာလဲ ပါပါတယ်။ 😉
    နောက်တစ်နှစ်ပေါ့။ 🙂

    • htoosan

      April 30, 2012 at 10:39 pm

      ကြီးခဲ့မယ်ဆိုရင်လည်း ငယ်တယ်.
      ငယ်တယ်ဆိုရင်လည်း ငယ်တယ် လို့သာ သဘောထားလိုက်ပါ အရီးလတ်ရဲ့ .. 😀

  • kyeemite

    April 30, 2012 at 9:55 am

    ကိုထူးဆန်းရဲ့ ကြိုးစားအားထုတ်မှု့ကို
    လေးစားပါတယ်ဗျာ…ကျွန်တော်လည်း
    အကူအညီလိုနေသူများတွေ့ရင် သတင်းပေးပါ့မယ်..

  • Shwe Tike Soe

    April 30, 2012 at 2:27 pm

    ကိုရင်ထူးဆန်းရဲ. လုပ်ဆောင်ချက်လေးကို သာဓု ခေါ်ပါတယ်ဗျာ….. နောက်လဲ အဲဒီလို မျိုးတွေ စိတ်ချမ်းသာ ကိုယ်ကျန်းမာ စွာနဲ. ဆောင်ရွက်အောင်မြင်နိုင်ပါစေ လို.ဆုတောင်းပါတယ်ဗျာ…… 😀

  • htoosan

    April 30, 2012 at 10:12 pm

    ကျွန်တော်က လှူနိုင်တဲ့ နေရာတွေကို တစ်စုတစ်ဝေးထဲ အလွယ်တစ်ကူ ကြည့်နိုင်အောင် သိနိုင်အောင် စုပေးထားချင်တာပါ ။ သိတဲ့ လိပ်စာလေးတွေ ဆက်သွယ်နိုင်တဲ့ ဖုန်းနံပါတ်တွေကို ရေးပေးစေလိုပါသည်။
    အားလုံးကိုကျေးဇူးတင်ပါသည်။

  • htoosan

    May 3, 2012 at 10:08 pm

    ဒေါ်နန္ဒသိင်္ဂီ (ကျောင်းအုပ်)
    ရွှေစင်မင်း သီလရှင် အမျိုးသမီး ပရဟိတ ပညာရေးကျောင်း
    (၁၃)၊ ညံကွဲရပ်၊ ရပ်ကွက်ကြီး (၁)
    ရွှေမြင်တင်ဘုရားအနောက်ဘက်
    ပြင်ဦးလွင်မြို့
    ဖုန်း – ဝ၈၅-၂၉၆၀၅ ၊ ဝ၉-၄၃၁၂ ၈၄၀၆

    ကိုစွယ်တော်ရွက်၏ 2000 Group ( B- 18 ) သဝဏ်လွှာ (၄၃) by May Aye Oo ။ http://myanmargazette.net/119943/society-lifestyle/ethnicity-gender-lifestyles-subcultures-morals-values-norms-society-lifestyle မှ ကူးယူဖော်ပြပါသည်။

    ဆရာလေးမှာ ကလေးတွေ က ၄၀ဝ ကျော်လာလို့မို့ စားရေးသောက်ရေးတောင် တော်တော် အခက်တွေ့နေတယ်။သီလရှင် နဲ့ ကလေး တွေရှိပါတယ်။ အားလုံး မိန်းကလေးတွေချည်းပါ..။ ဆရာလေးက နယ်စပ်မှာ ရောင်းစားခံရမယ့် မိန်းကလေးတွေကို ပြန်ဝယ်ထား၊ ကယ်ထားတာပါ..။။အရေးတစ်ကြီး လိုအပ်နေတာက စားဖို့ ဆန်၊ အစရှိတဲ့ စားသောက်ဖွယ်ရာများ နဲ့ အိပ်စရာ နေရာထိုင်ခင်း.. ပါ

  • amatmin

    May 3, 2012 at 10:44 pm

    CJကိုထူးဆန်းရေ..
    ဒီမှာ လည်းတခုရှိပါတယ် လို့…
    http://myanmargazette.net/89067/society-lifestyle
    ကျောင်းနာမည်ကတော့ ငှက်ပျောကျွန်းကျောင်းပါ ။ သာကေတ အဝိုင်းနားရောက်ရင် လူအတော်များများသိမယ်ထင်တယ်ဗျ..အဝိုင်းကိုရောက်ရင် ဈေးဘက်ကို ချိုးလိုက်ပြီး နဲနဲကျော်တာနဲ့ ရောက်ပါပြီ..လမ်းကတော့ အတော်ဆိုးသဗျ
    (ဂဝံအကြမ်းပဲ ခင်းထားသကိုး) 🙁 ဖုန်းနံပါတ်ကတောမသိပါဗျ..
    ဆရာမကြီးနာမည်က..ဒေါ်စန္ဒာသီရိ
    ၁ဝ ရပ်ကွက်၊ (ဈေးအရှေ့ဘက်) သာကေတ

  • weiwei

    May 7, 2012 at 1:42 pm

    ပရဟိတကျောင်းတိုက်တစ်ခု လိပ်စာပေးချင်ပါတယ် …

    မေတ္တာဝါဒီ(ဟင်္သာတ)ပရဟိတကျောင်းတိုက်၊ ၁၆ ရပ်ကွက်၊ မာလာမြိုင် (၁၀)လမ်းနှင့် ဗဟိုလမ်း၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့။
    ဖုန်း ဝ၁-၅၂၂၃၆၄၊ ဝ၉-၅၄၁၀၅၁၅၊ ဝ၉-၇၃၀၁၃၀၅၀

    မိဘမဲ့ကလေးပေါင်း ၄၀ဝ ကျော်ကို စောင့်ရှောက်ထားတဲ့ ဘုန်းကြီးကျောင်းဖြစ်ပြီး ပရဟိတဆေးခန်းလဲ ရှိပါတယ်။

  • htoosan

    May 8, 2012 at 6:45 am

    ကျေးဇူးပါ အမတ်မင်းနဲ့ ဒေါ်ဝေ ရေ။

  • ရွှေအိမ်စည်

    May 8, 2012 at 2:12 pm

    သွားနေကြနေရာလေးတခုတော့ပေးခဲ ့ချင်ပါတယ်…။
    သွားနေကြဖြစ်လို ့ဆရာလေးရဲ ့စေတနာကိုကူညီပေးစေချင်ပါတယ်။

    ဝိသာခါ
    သီလရှင်သင်(အမျိုးသမီး)ပညာရေးကျောင်း
    81 ရပ်ကွက်
    ဒဂုံဆိပ်ကမ်းမြို ့နယ်
    ရန်ကုန်တိုင်း…

  • htoosan

    May 8, 2012 at 11:35 pm

    ကျေးကျေးပါ ရွှေအိမ်စည်။ လမ်းနံမည် မပါဘဲနဲ့ကော ရလား ၊ သို့မဟုတ် ရောက်ဖြစ်ခဲ့ရင် လမ်းနံမည်လေးပါ မေးပေးပါနော်။ ကျွန်တော်က လိပ်စာတွေ အားလုံးစုစည်းပေးထားခြင်တာပါ ။

    • ရွှေအိမ်စည်

      May 9, 2012 at 12:35 pm

      ကိုထူးဆန်းအတွက်..ရွာပြင်မှာတောင်..ပုံလေးတွေ ကျောင်းလမ်းညွှန်တောင်..တင်ပေးထားပါရဲ ့..
      ရွာပြင်(ဖိုရမ်)မှာဖတ်ကြည့်နော်

  • Green Rose

    May 9, 2012 at 10:59 am

    ကိုထူးဆန်းရဲ့ စိတ်ကူးလေးက ကောင်းလိုက်တာ။
    ဒါပေမယ့် အခုအတိုင်းက အဆင်မပြေဘူးနော်။ လှုလို့ရနိုင်မယ့် လိပ်စာတွေက comment တွေထဲမှာ ဖြစ်နေတယ်။ တစ်စုတစ်စည်းထဲဖြစ်အောင် လုပ်နိုင်ရင် ပိုကောင်းမယ်ထင်တယ်။ Link တွေထဲလည်း ဝင်ကြည့်စရာမလိုအောင်လို့ သီးသန့် Page တစ်ခုပေါ်မှာ ဇယားလေးတစ်ခုနဲ့ တင်ပေးထားရင် အဆင်ပြေမယ်ထင်တယ်။ ဆရာလုပ်တာမဟုတ်ပါဘူးနော်။ MG ကို
    ဝင်ဖတ်တဲ့ ရွာသားပဲဖြစ်ဖြစ်၊ ဧည့်သည်ပဲဖြစ်ဖြစ် အလွယ်တကူ မြင်နိုင်အောင်လို့ပါ။
    လိပ်စာ ရယ် ဘာတွေလိုအပ်တယ် ဆိုတာရယ်ကို အဓိက တင်ပေးထားပြီး လိုအပ်ရင် လိုအပ်သလို Update လုပ်ပေးနိုင်မယ်ဆိုရင် ကောင်းမှာပဲ။
    လေးစားလျှက်
    (Green Rose)

    • htoosan

      May 9, 2012 at 9:00 pm

      ဟုတ်ကဲ့ . ကျွန်တော် အဲ့ဒီလိုပြန်လည်စုစည်းပြီးတင်ဖို့ ရည်ရွယ်ထားပါတယ် Green Rose ရေ ။ အခုကတော့ ရွာသူားများ ရဲ့ အကူအညီနဲ့ လိပ်စာ စုတဲ့ ပထမ အဆင့်ပါ။
      ကျေူးဇူးပါ ထုံးဘဲဥရေ။

  • ထုံးဘဲဥ

    May 9, 2012 at 11:49 am

    ကထူးဆန်းရေ့ မန္တလေးမှာ ဗြဟ္မစိုရ် လူမှုကူညီရေးအသင်းဆိုတာရှိတယ်။
    လိပ်စာက …. ၆၂ လမ်း ၊ ၃၃ x ၃၄ လမ်းကြား ၊ ချမ်းအေးသာစံမြို့နယ် ၊ မန္တလေး။
    ဖုန်းနံပါတ်က…. ဝ၂.၆၆၄၀ဝ ၊ ဝ၂.၃၉၁၄၃ ၊ ဝ၉.၉၁၀၀၁၁၀၀
    ဆိုဒ်လိပ်စာက… http://www.brahmaso.org
    ဂျီမေလ်းက … brahmaso1998@gmail.com
    အဲ့ဒီအသင်းက နာရေးကူညီမှုလည်းလုပ်တယ် ၊ ကျန်းမာရေးကူညီမှုလည်းလုပ်တယ်၊ သဘာဝဘေး ကယ်ဆယ်ရေးလုပ်ငန်းတွေလည်းလုပ်တယ်၊ အခမဲ့ကူညီပေးတယ် ၊ ဆေးဝါးတွေလှူဒါန်းပေးတယ်။
    ဆရာဝန်ကြီးတွေပင့်ပြီး အခမဲ့ကုသပေးတယ် ၊ အခမဲ့ ဆေးပေးခန်းလည်းဖွင့်ထားတယ်။

  • snow white

    July 5, 2012 at 4:47 pm

    ဘာပြောပြော လိပ်စာလေးတွေတော့သိရတာပေါ့ အလှူနေရာနေလေးတွေသိရတယ်။

  • Green Rose

    March 12, 2013 at 12:34 pm

    ကိုထူးဆန်းရေ

    အခုလေးပဲ အသိတစ်ယောက်က သူတို့အုပ်စုလေး အလှူလုပ်ချင်လို့ လှူလို့ရမယ့် နေရာတွေလှမ်းမေးတာနဲ့ ဒီထဲက လိပ်စာလေးတွေ စုပြီးပေးလိုက်ပါတယ်။
    ဒီပို့လေးကိုပြန်ရှာရတာက နည်းနည်းခက်နေလို့ ဖြစ်နိုင်ရင် ဒီလိုပို့စ်လေးတွေကို အလွယ်တကူရှာလို့ရအောင် စီစဉ်ပေးထားရင် ကောင်းမယ်လို့ တွေးမိတယ်။ (သူကြီးနှင့်တကွ သက်ဆိုင်သူများ အလုပ်ရှုပ်ဖို့ပေါ့လေ…..) ဒါဆို နောက်ထပ် လှူလို့ရမယ့်နေရာလေးတွေ ထပ်ဖြည့်ချင်တာမျိုး လုပ်ဖို့လည်း ပိုလွယ်သွားမယ်ထင်တယ်နော်…

    လေးစားလျှက်
    (Green Rose)

Leave a Reply