ခြံခတ်ခံထားရတဲ့ အကြောင်း
ဒီစာကိုရေးနေတာကြာပြီ……။ စိတ်တိုင်းမကျတာနဲ့ထားထားတာ….။ ဒါပေမဲ့ ကိုယ်က ပရိုမဟုတ်ဘူးလေ…။ ပြီးပြည့်စုံတဲ့ စာတစ်ပုဒ်ဖြစ်မှတင်ရမယ်ဆို ပြောဖို့က နောက်ကျသွားမယ်ထင်တယ်…။ ကိုယ့်စာဖတ်မိတဲ့သူတွေ ပြင်ဆင်ဖြည့်စွက်ခွင့် ဝေဖန်ခွင့်ပေးလိုက်ချင်တယ်….။ ခေတ်အလွဲများနဲ့ ဆက်စပ်နေတယ်…။ ဒီတော့ကာ မျိုးဆက်တစ်ဆက်ကနေ တစ်ဆက် အဆင်ပြေပြေ နေနိုင်ဖို့ ဘာတွေ ပြုပြင်ထားနိုင်ခဲ့သလဲ….။ ပြန်တွေးကြည့်ရအောင် ….။ လက်ဆင့်ကမ်း ယူကြရမဲ့ မျိုးဆက်ကကော သူတို့ ရောက်ရှိနေတဲ့ အချိန်နဲ့ ကိုက်ညှိပြီး ဘာတွေ ပြင်ဆင် လက်ခံကြမလဲ…။ ဘာမှမပြင်ဆင်ပဲ အစဉ်အလာ အဟောင်း အတိုင်းသာ ဆက်လက် သုံးမယ်ဆိုရင် အစဉ်အလာ ဓလေ့ ထုံးစံရဲ့ ခြံခတ်ထားခြင်း ခံနေရမှာပဲ…။ တွေးကြည့်ပါ…။ တွေးကြည့်ကြပါ…။ ဘာမှအတွေးပဲ အချိန်တွေ ကုန်လာခဲ့တာ… . နေဝန်းနီတို့ တစ်တွေ နှစ်ပေါင်းထောင်ချီနေပါပြီ…။ အစဉ်အလာ ဓလေ့ ထုံးစံတွေကို မပြုမပြင်ဘဲ ဒီအတိုင်း ဆက်လက်သုံးစွဲနေမယ်ဆိုရင်တော့ ဘယ်တော့မှ ရှေ့ကိုရောက်လာမယ်မထင်မိဘူး…။ နောက်ကျနေမြဲ နောက်ကျနေဦးမှာပဲ…။ အစဉ်အလာ ထုံးတမ်းစဉ်လာတွေကို ပြင်ခွင့်မရအောင် ပိတ်ဆို့ထားတဲ့ စကားတွေကတော့ ဘာတဲ့ ရှေးထုံးလည်းမပယ်နဲ့တဲ့…။ ပြီးတော့ရှိသေးတယ်…။ မိဘစကား… နားထောင်ငြားက သံပြားကျောက်စောင်း ………… ဘာဖြစ်တယ်ဆိုလား..။ ဒါပေမဲ့ ဆရာနန္ဒာသိန်းဇံရဲ့ ဗုဒ္ဓပညာ ရွှေညဝါ မှာ တစ်ခါ ဟောပြောသွားတာကတော့ မိဘ စကားသာနားထောင်နေရင် သိဒ္ဓတ္ထ တောင် ဘုရားဖြစ်မှာမဟုတ်ဘူးဆိုပဲ….။ သူ့နေရာလေးနဲ့ သူတော့ ရှိပေမပေါ့…။ ကြာတော့ကြာခဲ့ပါပြိ…။ ဒီလို ခြံခတ်ပတ်လှောင်ခြင်းခံထားရတာက….။ ဘာသာရေးကစလို့ လူမှုရေး ပညာရေး အို အတော်များများ မှာ ထွက်ပေါက်မရှိအောင် ဘာပြီးရင် ဘာလုပ် ……။ ဘာလုပ်ရင်ဘာဖြစ်မယ်နဲ့ ပုံသေနည်းအတိုင်းသွားနေကြတာက စိတ်ညစ်စရာကောင်းလှပါပြီ….။ ဘယ်သူက များ ဒီအစဉ်အလာတွေကို ဦးဆောင်းဖြိုဖျက်ခဲ့လေမလဲ….။ တွေးကြည့်လို့မရ….။ အားလုံးဟာ သိုးတွေလို (သိုးတွေဟာ ရှေ့က အကောင်သွားရာနောက် ကျန်တဲ့သိုးတွေကလိုက်လေ့ရှိပါတယ်…။ ရှေ့က အကောင်က ချောက်ထဲကျသွားလည်း နောက်က သိုးကောင်က ရပ်မနေဘူး ဆက်လိုက်တာပဲတဲ့….။ ဒါကြောင့် တစ်ခေတ်က ကဗျာဆရာ မောင်လေးအောင်က “ သိုးတွေဟာ ကဗျာ မရေးဘူး”လို့ ဖွဲ့ဆိုဖူးလေရဲ့…။ ) ရှေ့ကလူလုပ်သမျှ ဘာမျှ ဆန်းစစ်ခြင်းမရှိလိုက်လုပ်နေကြတာ ……….။ သူတို့ရဲ့ အတ္တ ဥခွံထဲကနေပြီး လိုဏ်သံပါအောင် အော်ဟစ်နေကြတာတွေဟာ ဘာမှအဓိပ္ပါယ် ရှာမတွေ့လေတော့……. အင်းဒီလိုနဲ့သာ နောက်ကျကျန်ရစ်ခဲ့တာ ကြာပါပြီ….။ ကဲ…. ဘာသာရေးဘက်က ခြံခတ်ထားတာတွေ လိုက်ကြည့်လိုက်ပါဦး…..။ လူများစုကဗုဒ္ဓ ဘာသာ ဆိုတော့ ဗုဒ္ဓ ဘာသာ ဟာ ခြံခတ်ထားသလားမေးရင်တော့ မဟုတ်ဘူးပေါ့ဗျာ ….။ ဒါပေမဲ့ အင်မတန်ကျယ်ဝန်း နက်ရှိုင်းတဲ့ ဘာသာ အယူဝါဒမှာ အစဉ်အလာဆိုရိုးတွေနဲ့ ခြံခတ်ထားလိုက်ပုံများ …..။ သုတ္တန်တွေ ဝိနည်းတွေ အဘိဓမ္မာတွေနဲ့ ကျယ်ကျယ်ဝန်းဝန်း ရှိနေပါရက်ကယ်နဲ့ အလှူအတန်းနဲ့ ရှေ့တန်းတင်ထားပြီး ခြံခတ်ထားလိုက်ကြတာ….။ ကျွန်တော်တို့ လူမျိုးတွေကိုက ပုံပြင်တွေ ဒဏ္ဍာရီတွေနဲ့ ခွဲခြားလို့ မရပါ ဆိုတဲ့ စကားအတိုင်း…။ ဘယ်ဒဏ္ဍာရီ ဘယ်ပုံပြင် ဘယ်သူက ဘာလုပ်ခဲ့တာလိုက်ကြည့် လိုက်ရင် မြန်မာလူမျိုးတွေရဲ့ အမြင့် ဆုံး ရည်မှန်းချက် ဦးတည်ချက်က ဘာကိုသွားတွေ့ရသလဲဆိုတော့ ဘုရားတည်ဖို့နဲ့ ကျောင်းဆောက် လှူဖို့ ကလွဲရင် ကျန်တာ သိပ်မတွေ့ရသလောက်ပဲ….။ ရှင်းပါတယ်….။ မိမိတစ်ကိုယ်ရည် ကောင်းစားဖို့ မျှော်လင့်ချက်တွေ အပြည့်နဲ့ လှူတဲ့ အလှူရယ် နိမ္ဗာန် ရောက်တယ်ဆိုတဲ့ ရှေးဆရာတွေရဲ့ လမ်းညွှန်ချက်တွေပေါ့….။ ဒါကလွဲပြီး ဇရပ်ဆောက်လုပ်တာလောက်ပဲ အမြင့်ဆုံးရှိတယ်…။ “ ကုသိုလ်ကောင်းမှု တွေ ရမရတော့ မသိဘူး လှူတော့ လှူနေကြတာပဲ “ ဆိုတဲ့ စကားအတိုင်းပဲ….။ သားစဉ်မြေးဆက် ပြောစမှတ်တွင်အောင် ကမ္ဗာည်း ကျောက်စာတွေရေးထိုးလို့ရယ်ပေါ့လေ….။ ဒီလိုလှူတန်းနိုင်မှ ဘာသာဝင် ပီသ သလို …………….။ ဒီလို အလှူ အတန်းတွေကို စေ့ဆော်ခဲ့သူတွေကတော့ ရှေးမြန်မာ ဘုရင်များနဲ့ သံဃာ တစ်ချို့ရဲ့ တာဝန်မကင်းဘူးလို့ ပြောရမှာပဲ….။ ရှင်ဘုရင်က ရှေ့က လုပ်ပြ ပြည်သူတွေက အားကျ…။ သူ့ထက်ငါ သာရေး အတွက်လုံးပမ်းရင်း တစ်ရွေ့ရွေ့ ချီတက်လာလိုက်ကြတာ…..။ လူဦးရေ နည်းပါးတုန်း မိုးလေ ဝသလေးမှန်နေတုန်းကတော့ သိပ်မသိသာသေးပါဘူး….။ ဒီဘက်ရာစုကိုလည်းရောက်လာရော….. အလှူတွေရဲ့ ပုံသဏ္ဍာန်တွေက တော်တော်ကြီး အရုပ်ဆိုးလာတာပဲ….။ ကိုယ့်ဖို့ကိုယ် ရည်မှန်းပြီး လှူတဲ့ အလှူတွေဟာ အလှူခံပုဂ္ဂိုလ်နဲ့ အပ်စပ်သလား မအပ်စပ်ဘူးလား မစဉ်းစားတော့ပါဘူး…။ တစ်ယောက်က ဘယ်ကိုယ်တော်ကို ဟန်းဖုန်းလှူတယ်ဆို နောက်တစ်ယောက်လည်းလိုက်လှူ ……။ ဒီကိုယ်တော်တွေက ကော……….။ ဘုရားရှင်လက်ထက်ကလို အလှူ ကို ငြင်းပယ်ခြင်းဆိုတာမရှိ…။ လာလှူသမျှ အားလုံး နိမ္ဗန်န ပစ္စယော လုပ်ပေးလိုက်တာချည့်ပဲ…..။ သိနေတဲ့ ဆြာတော် တစ်ပါးကို လျှောက်မေးကြည့်တော့လည်း
“ ဒီလို ဒကာရေ….။ ကိုယ်က မအပ်စပ်တာဆိုပြီး လက်မခံဘဲ ငြင်းပယ်လိုက်ရောဗျာ…။ နောက်ဆွမ်းခံရဖို့တောင် ခပ်ခက်ခက် အဲဒိတော့ လာလှူရင်လက်ခံ သူတို့ ကျေနပ်အောင် သုံးပြလိုက် နောက်တော့ ပျက်သွားပြီဆိုပြီး စွန့်ပစ်လိုက်ပေါ့”
တဲ့….။ တစ်ကယ်တော့ အလှူခံ ပုဂ္ဂိုလ် ရဲ့ အကျိုးစီးပွားကို ရှေးရှူ လှူတန်းတာကသာ မြင့်မြတ်တဲ့ အလှူဆိုတာ သဘောပေါက်အောင် မပြောတာလား….။ ကိုယ့် ဆီလာမဲ့ လာဘ်လာဘ နည်းမှာစိုးလို့ ဒီအတိုင်းထားလိုက်ကြတာလားတော့ ကာယကံရှင်တွေပဲ သိပါလိမ့်မယ်….။ အလှူရှင်ရဲ့ အနာဂါတ် အကျိုး စီးပွားကို ရှေ့ရှု လှူလိုက်တဲ့ အလှူတွေကတော့ ဘာတွေရ ကြသလဲတော့ မသိဘူး…။ တိုင်းပြည်မှာ ဆင်းရဲမွဲတေမှုက ဆထက်တံပိုးတိုးလာတော့တာပဲ…..။ ကိုယ့်ထက်ဆင်းရဲ မွဲတေတဲ့ သူတွေကိုကေ ာ အလှူခံ စာရင်းထဲမှာ ထည့်သွင်းပြီး မလှူတန်းသင့်ဘူးလား….။ မလှူဒါန်းကောင်းဘူးလား…။ စောစောက ဘုရားတည်ကျောင်းဆောက်နေတာလောက် သံဃာတွေကို လှူနေတာလောက် ကုသိုလ်မရလို့လား….။ သေချာ ဝေဖန်ဆန်းစစ်ကြပါဦး …။
ဆင်းရဲနွမ်းပါးလို့ အဝတ်မပါတဲ့ ကလေးတွေ အမှိုက်ပုံ ဖြဲနေရင် ဒီအတိုင်းကိုယ်နဲ့ မဆိုင်သလိုကြည့်နေကြတယ်…။ ကျောင်းစာသင်ခန်းထဲ ရှိနေရမဲ့ အရွယ်တွေ ကျောင်းဆက်မနေနိုင်ရင် အထက်က မဟာအလှူရှင်တွေဟာ ကိုယ်နဲ့ မဆိုင်သလို သူတို့ အလုပ်မဟုတ်သလို တုံဏိဘာဝေနဲ့…။ ကံ ဆိုတာကို ကြီးကို ပုံချလိုက်ပြီး ပေယျာကန် သဘော ထားလိုက်ကြတော့တာပဲ …။ ဆေးရုံဆေးခန်းတွေမှာ ဆေးပစ္စည်းမလုံလောက်တာ မလောက်ငှ တာ တွေ့ရင် အုပ်ချုပ်တဲ့သူတွေ အပြစ်ပြောဖို့ ဝန်ထမ်းတွေ ခိုးလွန်းလို့ ဆိုတာမျိုးတွေ ပြောဖို့ ဝန်မလေးသလောက် အဲဒိနေရာတွေမှာ လှူမဲ့ ဒါန်းမဲ့သူမရှိသေးတာ အမြင်ပဲ…။ အဲဒိအလှူတွေမှာက ရေစက်ချပေးမဲ့လူမရှိလို့နဲ့တူရဲ့ နော့….။ ကတ္တရာလမ်းပေါ် သံဘီးတပ်ထားတဲ့ နွားလှည်းမောင်သွားတာလည်း တစ်ဒုန်းဒုန်း တစ်ဒိုင်းဒိုင်း နားထောင်ကောင်းနေကြ…။ တားဆီမဲ့သူ သက်ဆိုင်ရာကို တင်ပြမဲ့သူမရှိ…။ လမ်းပျက်တော့ ဘာညာ ပြောကြပြန်ရော….။
သံဃာတော် အတော်များများကလည်း (အားလုံးတော့ မဟုတ်ပါလေ…။ ရာခိုင်နှုန်းအတော်များများတော့ ရှိနေပါပြီ) သူ့ကျောင်း ငါ့ကျောင်း မုတ်ဦးပြီးဖို့ အရေး အလှူခံ တွင်တွင်ကြီးထွက်နေကြလေရဲ့…။ ဆွမ်းစားဆောင်သွပ်မိုးဖို့ အရေး ….။ ဘုရားတည်ဖို့အရေး တွင်တွင်ကြီး အလှူခံနေကြရတာနဲ့ မအားလပ် ကြရှာလေတော့ ကလေး သူငယ်တွေ ဖြစ်ချင်တိုင်းဖြစ် နေတာ ကျန်းမာရေး ကိစ္စ ကိုယ်ထူကိုယ်ထ လုပ်ဖို့ရာ က သတိမရရှာတော့ဘူး…။ ထုံးစံအတိုင်း အလှူ ဒါန ရဲ့ အကျိုးသွားလေး ဟောလိုက် အလှူခံလိုက်…။ ဘာလှူလိုက်လို့ ဘယ်နတ်ဘုံရောက်မှာ ပြောဟောလိုက်နဲ့…။ နောက်ဆုံးတော့လည်း ဘုရားတည်ကျောင်းဆောက် ဖို့ နိမ္ဗာန်အကျိုးမျှော်လို့ နှိုးဆော်ကြရင်းနဲ့ ဘာသာရေးခုတုန်းလုပ်ပြီး ခြံခတ်ထားလိုက်ကြလေသတည်းးး ပေါ့ဗျာ……။
ရေးပြီးတော့ လည်း အဆဲခံရမှာ စိုးလို့ တင်ရမှာ မဝံ့မရဲ ဖြစ်နေတာ …။ winterkoe ရဲ့ ပို့ စ်လေးတွေတာနဲ့ အဖော်ရပြီဆိုပြီး ပြန်ရှာ တင်လွှတ်လိုက်တာ………။ သူ့ပို့လေးက ဒီမှာလေ…….
https://myanmargazette.net/115744/arts-humanities/comment-page-1#comment-190806
နေဝန်းနီ
21 comments
mgwalone
April 19, 2012 at 11:06 pm
စဉ်းစားဖို့ကောင်းတဲ့ အချက်ပါ။ ဒါနတွေ၊ သီလတွေ ခဏထားပြီး လက်တွေ့ကျတာလေးကို တွေးကြည့်လို့ ရပါတယ်။ ပြည့်စုံတဲ့ ၊ လှူသူပေါတဲ့ မြို့ကြီးက ဘုန်းကြီးကျောင်းတွေမှာ လှူမလား၊ ဒါမှမဟုတ် ဆင်းရဲ နွမ်းပါးတဲ့ တောကျောင်းကလေးမှာ လှူမလား။
ရွှေရောင်တဝင်းဝင်းရှိတာကို ထပ်ပြီး ရွှေချမလား၊ ဒါမှမဟုတ် ဆင်းရဲနေကြတဲ့၊ မပြည့်စုံကြတဲ့ လူမှုအသိုင်း အဝိုင်းမှာရှိတဲ့ လိုအပ်ချက်တွေ ကို လိုက်ပြီး ဖြည့်မလား။
နံမည်ပေါ်အောင်လှူချင်တဲ့သူက များနေသလိုပါပဲ။
pooch
April 20, 2012 at 12:38 am
လက်ခံပါတယ် အဘနီ ။ ဆိုလိုရင်းကိုလည်း သဘောပေါက်ပါတယ်။အဘနီရဲ့ ဖြစ်စေချင်တဲ့ စေတနာကို နားလည်ပါတယ်။
သိပ်တော့လည်း စိတ်မပူပါနဲ့ အဘနီ။ နောက်များမကြာမီ နောက်မျိုးဆက်က ပညာမြင့်ပြီး အခြေတင့်လာရင် အလိုလို ဒီထဲက မကောင်းတဲ့ ဓလေ့တွေ ထုံးစံတွေကို လူငယ်တွေက အလိုလို ပယ်သွားပါလိမ့်မယ်။ လူငယ်တွေကို အထိုက်အလျောက်တော့ ယုံလိုက်ပါ။ အတိုင်းအတာ တခုထိလောက် စောင့်ကြည့်လိုက်ပါအုန်း။
အခုခေတ် ပရဟိတတွေ အစိမ်းရောက် လှုပ်ရှားမှုတွေမှာ လူငယ်တွေ အတော်များများ နေရာယူထားပါတယ်။ လူကြီးပြောတိုင်း နားထောင်တတ်တဲ့ ယုံတတ်တဲ့ လူငယ်တွေလည်း မဟုတ်တော့ပါဘူး။ သူတို့ လုပ်ရမှာကို သူတို့ သိပါတယ်။
kai
April 20, 2012 at 4:11 am
အလှူ၏ ကြီးကျယ်မြင့်မြတ်ပုံ
မြတ်စွာဘုရား ဟောကြားတော်မူသော ဝေလာမပုဏ္ဏားကြီးအလှူနှင့် စပ်လျဉ်း၍ အလှူတစ်ခုထက် တစ်ခု ကြီးကျယ်မြင့်မြတ်ပုံကို အောက်ပါအတိုင်း နှိုင်းယှဉ်ခဲ့ပါသည်။
-ဆင်၊ မြင်း၊ ကျွဲ၊ နွား၊ စားဖွယ်ပစ္စည်း ၈၄၀၀ဝ စီ လှူသော အလှူထက် သောတာပန်တစ်ဦးကို လှူပါက ကြီးမြတ်ကြောင်း။
-သောတာပန် ၁၀ဝ ကို လှူသည်ထက် သကဒါဂါမ်တစ်ဦးကို လှူပါက ပိုမြတ်ကြောင်း။
-သကဒါဂါမ် ၁၀ဝ ကို လှူသည်ထက် အနာဂါမ်တစ်ဦးကို လှူပါက ပိုမြတ်ကြောင်း။
-အနာဂါမ် ၁၀ဝ ကို လှူသည်ထက် ရဟနာ္တတစ်ပါးကို လှူသူက ပိုမြတ်ကြောင်း။
-ရဟနာ္တ ၁၀ဝ ကို လှူသည်ထက် ပစ္စေကဗုဒ္ဓါတစ်ပါးကို လှူသူက ပိုမြတ်ကြောင်း။
-ပစ္စေကဗုဒ္ဓါ ၁၀ဝကို လှူသည်ထက် သမ္မာသံဗုဒ္ဓ ဘုရားရှင်ကို လှူသူက ပိုမြတ်ကြောင်း။
-ဘုရားတစ်ဆူကို လှူသည်ထက် ဘုရားအမှူးထားသည့် သံဃာကို လှူသူက ပိုမြတ်ကြောင်း။
-ဘုရားအမှူးပြုပြီး သံဃာကို လှူသူထက် ကျောင်းတစ်ဆောင်ကို လှူသူက ပိုမြတ်ကြောင်း။
-ကျောင်းတစ်ဆောင် လှူသူထက် ဘုရား၊ တရား၊ သံဃာ (သရဏဂုံ ၃-ပါး) ကို ကိုးကွယ်ဆည်းကပ်သူက သာလွန်မြင့်မြတ်ကြောင်း။
-ဘုရား၊ တရား၊ သံဃာကို ကိုးကွယ်ဆည်းကပ်သူထက် ငါးပါးသီလကို စောင့်ထိန်းသူက ပိုမြတ်ကြောင်း။
-ငါးပါးသီလကို စောင့်ထိန်းသူထက် ပန်းတစ်ရှုပ် နမ်းခို်က်မျှ မေတ္တာစိတ်ကို ပွားများပါက ပိုမြတ်ကြောင်း။
-မေတ္တာပို့သ ပွားများသူထက် လက်ဖျစ်တတွတ်မျှ အနိစ္စသညာကို ပွားများသူက အမြတ်ဆုံး ဖြစ်ပါသည်။
(ဓမ္မမိတ်ဆွေ ရေးသားသော လူ့ပြည်မှအပြန် စာအုပ်မှ ကောက်နှုတ်ချက်) သစ္စာတရားများစုဝေးရာမှ ကူးယူဖော်ပြပါသည်
kai
April 20, 2012 at 4:12 am
ဒါနအမျိုးမျိုး
အလှူဒါနသည် အမျိုးအစားအားဖြင့် များပြားစွာရှိရာ အဓိကအားဖြင့် သုတ္တန်ဒေသနာနည်းအရ ဒါန၊ ဝိနည်းဒေသနာနည်းအရ ဒါန၊ အဘိဓမ္မာဒေသနာနည်းအရ ဒါနဟူ၍ သုံးမျိုးရှိသည်။
သုတ္တန်ဒေသနာနည်းအရ ဒါနမှာ ဆယ်မျိုးရှိသည်။ ၎င်းတို့မှာ –
(၁) အန္နဒါန = ဆွမ်း ထမင်း အစားအစာအလှူ၊
(၂) ပါနဒါန = သောက်ရေ အဖျော်ယမကာအလှူ၊
(၃) ဝတ္ထဒါန = အဝတ် အထည် သင်္ကန်းစသည်အလှူ၊
(၄) ယာနဒါန = ဖိနပ်စသော ယာဉ်အလှူ၊
(၅) ဂန္ဓဒါန = နံ့သာခဲ နံ့သာတုံး အမွှေးတိုင်အမျိုးမျိုးအလှူ၊
(၆) မာလာဒါန = ပန်းမျိုးစုံအလှူ၊
(၇) ဝိလေပနဒါန = နံ့သာပျောင်း နံ့သာအရည်အမျိုးမျိုးအလှူ၊
(၈) သေယျာဒါန = ညောင်စောင်း အင်ပျဉ် အိပ်ရာ နေရာ အမျိုးမျိုးအလှူ၊
(၉) အာဝါသဒါန = ကျောင်း ဇရပ် သိမ် ဓမ္မာရုံစသည် အမျိုးမျိုးအလှူ၊
(၁၀) ပဒီပေယျဒါန = ဆီမီးစသည်အမျိုးမျိုးအလှူ
တို့ဖြစ်ကြသည်။
ဝိနည်းဒေသနာနည်းအရ ဒါနမှာ လေးမျိုးရှိသည်။ ၎င်းတို့မှာ –
(၁) စိဝရဒါန = သင်္ကန်းအလှူ၊
(၂) ပိဏ္ဍပါတဒါန = ဆွမ်းဘောဇဉ်အလှူ၊
(၃) သေနာသနဒါန = ကျောင်း အိပ်ရာ နေရာအလှူ၊
(၄) ဘေသဇ္ဇဒါန = ဆေးပစ္စည်းအမျိုးမျိုးအလှူ
တို့ဖြစ်ကြသည်။
အဘိဓမ္မာဒေသနာနည်းအရ ဒါနမှာ ခြောက်မျိုးရှိသည်။ ၎င်းတို့မှာ –
(၁) ရူပဒါန = အဆင်းအမျိုးမျိုး ရူပါရုံအလှူ၊
(၂) သဒ္ဒဒါန = အသံအမျိုးမျိုး သဒ္ဒါရုံအလှူ၊
(၃) ဂန္ဓဒါန = အနံ့အမျိုးမျိုး ဂန္ဓာရုံအလှူ၊
(၄) ရသဒါန = စားဖွယ် သောက်ဖွယ် အမျိုးမျိုးရသာရုံအလှူ၊
(၅) ဖောဋ္ဌဗ္ဗဒါန = သင်္ကန်းကျောင်းစသော အထိအတွေ့အမျိုးမျိုး ဖောဋ္ဌဗ္ဗာရုံအလှူ၊
(၆) ဓမ္မဒါန = တရားဟောပြောခြင်း၊ သင်ကြားပို့ချခြင်းစသော အသိဉာဏ်အမျိုးမျိုးပေးသည် ဓမ္မာရုံအလှူ
တို့ ဖြစ်ကြသည်။
သုတ္တန်ဒေသနာနည်းလာ ဒါနမှာ အလှူခံပုဂ္ဂိုလ်ကို ရွေးချယ်မူ မရှိဘဲ သာမန်အားဖြင့် ဟောကြားတော် မူခဲ့သည်။ ဝိနည်းဒေသနာနည်းလာ ဒါနမှာ သီလဝန္တပုဂ္ဂိုလ်အားသာ ရွေးချယ်လှူ၍ ဟောကြားတော်မူခဲ့သဖြင့် သုတ္တန်နည်းလာ ဒါနထက် ပို၍ အကျိုးကြီးမားသည်။ အဘိဓမ္မာနည်းလာ ဒါနမှာ အာရုံခြောက်ပါး၌ ပညတ်အားဖြင့် နှလုံးမသွင်းဘဲ ပရမတ်အားဖြင့်သာ နှလုံးသွင်းလှူဒါန်းရသဖြင့် လွန်ကဲမွန်မြတ်သောဒါနဖြစ်၍ သုတ္တန်ဝိနည်းလာ ဒါနတို့ထက် အကျိုးကြီး၏။
သို့သော်လည်း အလှူခံပုဂ္ဂိုလ်၊ လှူဖွယ်ဝတ္ထု၊ စေတနာ၊ ဤသုံးဖြာ စင်ကြယ်ပြည့်စုံလျှင် မည်သည်ဒါနမမဆို ကြီးမားသော အကျိုးကို ပေးစွမ်းနိုင်၏။
ဒါနသည် အလှူရှင်၊ အလှူခံ၊ လှူဖွယ်ဝတ္ထု၊ လှူပုံအခြင်းအရာ၊ လှူဒါန်းသည့်အချိန်အခါ၊ လှူကြောင်း စေတနာစသည်ကို အကြောင်းပြု၍ ၂-ပါးတွဲ၊ ၃-ပါးတွဲ စသည်ဖြင့် ပိဋကတ်တော်တို့၌ လာရှိသည်။
၂-ပါးတွဲဒါနများ
ဆွမ်းသင်္ကန်းကျောင်း ဆေးအားဖြင့် ပစ္စည်းလေးပါးကို ပေးလှူခြင်းသည် အာမိသဒါန ဖြစ်၏။ ဘုရားဟောတရားတော်ကို သူတပါးတို့အား ဟောပြောပြသ ဆုံးမခြင်း၊ စာပေးရေးသားထုတ်ဝေခြင်း၊ သင်ကြားပို့ချပေးခြင်း စသည်တို့သည် ဓမ္မဒါန ဖြစ်၏။ တရားတော်ကို ပေးလှူခြင်းသည် မသေရာမှန် အမြိုက်နိဗ္ဗာန်ကို ပေးလှူသည်နှင့် တူ၏၊ ဒါနအားလုံးထက် ဓမ္မဒါနက သာလွန်မွန်မြတ်၏။
လှူဖွယ်ဝတ္ထုနှင့် အလှူခံပုဂ္ဂိုလ်တို့ကို ကောင်းဆိုးယုတ်မြတ်ရွေးချယ်၍ လှူဒါန်းမူသည် ဝိစိတဒါနမည်၏။ အမျိုးဘာသာ သာသနာတော်အတွက် အမှန်တကယ် လိုအပ်သော ပညာရေး ကျန်းမာရေး လူမူရေးစသော ကိစ္စရပ်များကိုလည်း ရွေးချယ်၍ လှူဒါန်းသင့်သည်။ ရွေးချယ်စိစစ်၍ လှူဒါန်းခြင်းကိုသာ ဘုရားရှင်တို့ ချီးမွမ်းတော်မူကြ၏။ ထိုကဲ့သို့ ရွေးချယ်မူမရှိဘဲ သာမန်လှူဒါန်ခြင်းသည် အဝိစိနနဒါနမည်၏။
ဝဋ်ဆင်းရဲဖြစ်သော လောကီစည်းစိမ်ချမ်းသာကို တောင့်တ၍ လှူအပ်သော အလှူသည် ဝဋ္ဋနိဿိတဒါန မည်၏။ ထိုဆင်းရဲကင်းရာနိဗ္ဗာန်ကို တောင့်တ၍ လှူအပ်သော အလှူသည် ဝိဝဋ္ဋနိဿိတဒါနမည်၏။
သားငါး ကြက်ဝက်များကို သတ်ဖြတ်၍ ကျွေးမွေးလှူဒါန်းသော ဒါနသည် အပြစ်နှင့်တကွ ဖြစ်သောကြောင့် သာဝဇ္ဖဒါနမည်၏။ သတ္တဝါများ၏ အသက်ကို မသတ်မူ၍ ကိုယ်တိုင်သတ်ဖြတ်မူ ကင်းရှင်းသော ဒါနမျိုးသည် အပြစ်မရှိသောကြောင့် အနဝဇ္ဖဒါနမည်၏။ အကုသိုလ်ကင်းသောဒါန၊ အပြစ်မရှိသောကြောင့် အနဝဇ္ဖဒါနမည်၏။ အကုသိုလ်ကင်းသောဒါန၊ အကုသိုလ်မကင်းသောဒါန တို့ကို ဆိုလိုသည်။
ကိုယ်တိုင်ကိုယ်ကျ ပြုုလုပ်လှူဒါန်းအပ်သော ဒါနသည် သာဟတ္ထိကဒါန မည်၏။ သူတပါးကို စေခိုင်း၍ လှူဒါန်းအပ်သောဒါနသည် အာဏတ္တိကဒါန မည်၏။
ယုံကြည်မူသဒ္ဓါတရားဖြင့် လှူဖွယ်ဝတ္ထုကို ကောင်းကောင်းမွန်မွန် ပြုပြင်စီရင်၍ အလှူခံပုဂ္ဂိုလ်ကို ရိုသေလေးစားစွား ပေးလှူခြင်းသည် သက္ကစ္စဒါနမည်၏။ ယုံကြည်မူမရှိဘဲ လှူဖွယ်ဝတ္ထုကိုလည်း မပြုမပြင်၊ အလှူခံပုဂ္ဂိုလ်ကိုလည်း မရိုမသေမလေးစားဘဲ ပေးလှူခြင်းသည် အသက္ကစ္စဒါနမည်၏။
လှူဒါန်းရာ၌ ကံ ကံ၏အကျိုးစသည်တို့ကို သိမြင်၍ လှူဒါန်းခြင်းသည် ဉာဏ်နှင့် ယှဉ်သည့်အတွက် ဉာဏသမ္ပယုတ္တဒါန မည်၏။ ကံ ကံ၏အကျိုး စသည်တို့ကို မသိမမြင်ဘဲ လှူဒါန်းမူသည် ဉာဏ်နှင့်မယှဉ် သောကြောင့် ဉာဏဝိပ္ပယုတ္တဒါနမည်၏။
သူတပါး တိုက်တွန်းနိူးဆော်၍ ပြုလုပ်အပ်သော ဒါနသည် သသင်္ခါရိက ဒါနမည်၏။ မိမိ၏ ပင်ကိုစေတနာ သဒ္ဒါတရားဖြင့် ထက်သန်စွာ လှူဒါန်းအပ်သောဒါနသည် အသင်္ခါရဒါနမည်၏။
ကျောင်း သင်္ကန်း ဆွမ်း ဆေး စသော ဝတ္ထုပစ္စည်းများကို လှူဒါန်းခြင်းသည် ဝတ္ထုဒါနမည်၏။ သတ္တဝါဟူသမျှတို့ကို ကယ်ဆယ်သောအားဖြင့် ဘေးမဲ့ပေးခြင်းသည် အဘယဒါနမည်၏။
အမြဲတည်နေမည့် ဘုရား တန်ဆောင် ကျောင်း ဇရပ် ရေတွင်း ရေကန် လမ်းတံတား စသည်တို့ကို ဆောက်လုပ်လှူဒါန်းခြင်းသည် ထာဝရဒါန မည်၏။ ခေတ္တခဏမျှသာ သုံးဆောင်ရသော ဆွမ်း သင်္ကန်း စသည့်ပစ္စည်းများကို လှူဒါန်းခြင်းသည် အထာဝရဒါနမည်၏။
နေ့စဉ်ဘုရားရှိခိုးခြင်း၊ ဆွမ်း ရေချမ်း ပန်း ဆီမီး ကပ်လှူခြင်း၊ ဆွမ်းလောင်းခြင်း စသည်ဖြင့် အမြဲမပြတ် အာစိဏ္ဏကံဝတ်ထား၍ ပြုလုပ်အပ်သောဒါနသည် နိဗဒ္ဓဒါနမည်၏။ နေ့စဉ်မဟုတ်ဘဲ တတ်နိုင်သည့် အခါမှသာ ပြုလုပ်အပ်သော ဒါနသည် အနိဗဒ္ဓဒါန မည်၏။
ဝါဆိုသင်္ကန်းကို လှူခြင်း၊ ကထိန်သင်္ကန်းကို လှူခြင်း၊ မကျန်းမာသောသူ၊ ဧည့်သည်၊ ခရီးသွားစသည်တို့အား အချိန်အခါနှင့် ကိုက်ညီအောင် ထိုက်သင့်ရာကို စီမံလှူဒါန်းခြင်းသည် ကာလဒါနမည်၏။ အချိန်အခါကို မရွေးချယ်ဘဲ တိုက်ဆိုင်သည်ဖြစ်စေ၊ မတိုက်ဆိုင်သည်ဖြစ်စေ လှူလိုသောအခါ၌ စီမ့လှူဒါန်းခြင်းသည် အကာလဒါနမည်၏။
အကြွင်းအကျန် အညံ့အဖျင်းမဟုတ် အဦးအဖျား အမွန်အမြတ်ဖြစ်သောပစ္စည်းကို လှူဒါန်းခြင်းသည် အနုစ္ဆိဋ္ဌိဒါန(အဂ္ဂဒါန) မည်၏။
ပုဂ္ဂိုလ်ကို သီးခြားသတ်မှတ်ပိုင်းခြား၍ လှူဒါန်းခြင်းကို ပုဂ္ဂလိက ဒါနမည်၏။ အများသံဃာကို ရည်ရွယ်သတ်မှတ်၍ လှူဒါန်းခြင်းသည် သံဃိကဒါနမည်၏။ သံဃာဟူသည် မြတ်စွာဘုရား၏ တပည့်သားတော်ပုဂ္ဂိုလ်အပေါင်းကို ခေါ်သည်။ အရိယာပုဂ္ဂိုလ်ဟူသမျှလည်း ပါဝင်သည်။ မည်သည့်ပုဂ္ဂိုလ်ကိုမျှ အာရုံမထားဘဲ သံဃာအများ အစိုအပေါင်းကိုသာ အာရုံထား၍ လှူဒါန်းမှ သံဃိကဒါန မြောက်သည်။
၃-ပါးတွဲဒါနများ
ဒါနပြုလုပ်ရာ၌ ဆန္ဒစသော အဓိပတိတရားလေးပါးတို့ အားပျော့ယုတ်ညံ့လျက် လှူဒါန်းခြင်း၊ လူချမ်းသာ နတ်ချမ်းသာများကို တောင့်တရည်စူး၍ လှူဒါန်းခြင်းသည် ဟီနဒါနမည်၏။
အဓိပတိတရားလေးပါးတို့ အလတ်စားဖြစ်လျက် လှူဒါန်းခြင်း၊ သာဝကဗောဓိ၊ ပစ္စေကဗောဓိဉာဏ်ကို တောင့်တ၍ လှူဒါန်းခြင်းသည် မဇ္ဈိမဒါန မည်၏။
အဓိပတိတရားလေးပါးတို့ အမြတ်စားဖြစ်လျှက် လှူဒါန်းခြင်း၊ သမ္မာသမ္ဗောဓိ(သဗ္ဗညုတ)ဉာဏ်ကို ရည်သန်တောင့်တ၍ လှူဒါန်းခြင်းသည် ပဏီတဒါနမည်၏။
လောက၌ မိမိကိုယ်တိုင် ကောင်းမွန်သည်တို့ကို သုံးဆောင်၍ အောက်လက်ငယ်သားများအား ယုတ်ညံ့သော ပစ္စည်းတို့ကို ပေးကမ်းသကဲ့သို့ အလှူခံပုဂ္ဂိုလ်တို့အား မိမိသုံးစွဲသော ပစ္စည်းထက်ယုတ်ညံ့သောပစ္စည်းကို လှူဒါန်းခြင်းသည် ဒါနဒါသမည်၏။
မိမိအသုံးဆောင်နှင့် ဆိုးကောင်းယုတ်မြတ်တူညီသော စ္စည်းကို ပေးလှူခြင်းသည် ဒါနသဟာယမည်၏။
မိမိသုံးဆောင်သည်ထက် ပိုမို ကောင်းမွန်သောပစ္စည်းကို ပေးလှူခြင်းသည် ဒါနပတိ၊ ဒါနဇေဋ္ဌက၊ ဒါနသာမိမည်၏။
၄-ပါးတွဲဒါနများ
စီဝရဒါန = အဝတသင်္ကန်းလှူဒါန်းခြင်း၊
ပိဏ္ဍပါတဒါန = ဆွမ်းခဲဖွယ်ဘောဇဉ်လှူဒါန်းခြင်း၊
သေနာသနဒါန = ကျောင်းအိပ်ရာနေရာလှူးဒါန်းခြင်း၊
ဘေသဇ္ဇဒါန = ဆေးပစ္စည်းလှူဒါန်းခြင်း။
၅-ပါးတွဲဒါနများ
ကာလဒါန(၅)ပါး
ဧည့်သည် အာဂန္တုအား လှူဒါန်းခြင်း
ခရီးသွား ပုဂ္ဂိုလ်များအား လှူဒါန်းခြင်း
မကျန်းမာသော ပုဂ္ဂိုလ်အား လှူဒါန်းခြင်း၊
ငတ်မွတ်ခေါင်းပါးသောအခါ၌ လှူဒါန်းခြင်း၊
မိမိလုပ်ကိုင်သော ကောက်ဦး သစ်သီးဦးတို့ကို သီလဝန္တရဟန်းတော်တို့အား ဦးဦးဖျားဖျား လှူဒါန်းခြင်း။
မဟာဒါန(၅)ပါး
ငါးပါးသီလကိုပင် မဟာဒါနကြီးငါးပါးဟူ၍ ခေါ်သည်။ ပါဏာတိပါတ သိက္ခာပုဒ်ကို ဆောက်တည်၍ သီလနှင့် ပြည့်စုံလျှင် ထိုသူသည် သတ္တဝါတို့ကို သတ်ဖြတ်ခြင်းအမူ မပြုလုပ်တော့သဖြင့် အဘယဒါန = သတ္တဝါတို့အား ဘေးကင်းစေခြင်း အမူကို ပြုသည်မည်၏။ ဤနည်းအတူ ငါးပါးသီလကို စောင့်ထိန်းသဖြင့် သတ္တဝါတို့အား ဘေးကင်းစေခြင်းအမူကို ပေးလျှင် သီလအရင်းခံရှိသော ဒါနကိစ္စပါဝင် ပြီးစီးသွားသောကြောင့် သီလငါးပါးကိုပင် မဟာဒါနငါးပါးဟု ခေါ်သည်။
kai
April 20, 2012 at 4:18 am
အဲဒီအပေါ်က.. ဒါနအလှူနဲ့ပါတ်သက်တာတွေကို သေသေချာချာဖတ်ကြည့်ရင်.. မြန်မာပြည်သားတွေ.. ဘာ့ကြောင့်လူမှုရေးအလှူအတန်းမှာ.. အားနည်းကြတယ်ဆိုတဲ့.. အဖြေကို.. တစွန်းတစ. မြင်ရလိမ့်မယ်..
အဓိပါယ်သေသေချာချာလိုက်တတ်ရင်… အဲဒီရှင်းလင်းချက် ၂ခုကလည်း.. တခုကိုတခု ခြေဖျက်နေတာတွေ.. တွေ့ရလိမ့်မယ်..။
ကျုပ်နားလည်သလောက်..
အဲဒါတွေက.. ဂေါတမဘုရားဟောတာပါလို့.. မြန်မာပြည်ကပဲလက်ခံထားတာဖြစ်ပါတယ်..။
(ဝိနည်း၊သုတ္တန်၊ အဘိဓမ္မာ ပိဋကတ်အားဖြင့် သုံးပါးမှာ.. အဘိဓမ္မာက.. ပထမသံဃာယနာတင်တာမှာ.. မပါဘူးလို့.. အထောက်အထားတွေရှိပါတယ်….။)
.. ပိဋကတ်၃ပုံကို.. ထေရဝါဒကပဲ..လက်ခံကြတာပါ..
ဆိုတော့..
ကမ္ဘာ့ဗုဒ္ဓဘာသာဝင်တွေရဲ့.. ၅ ရာခိုင်နှုန်းလောက်တောင် ရှိမဲ့ပုံတော့.. မထင်..။
ရွာစားကျော်
April 20, 2012 at 5:37 am
အလှူနဲ့ပတ်သက်ပြီး ဂေဇက်မှာ တခါဖတ်ဖူးတယ်
မြန်မာတွေ ထမင်းရည်ချောင်းစီးမောင်းတီးလှူတာနဲ့ နိုင်ငံခြားသားတွေ ဂရုဏာ ဖောင်ဒေးရှင်းလုပ်ပြီး လှူတာ ရေရှည်မှာ ဘယ်လို အကျိုးကွာသွားသလဲထောက်ပြထားတာပေါ့
ပို့စ်ခေါင်းစဉ်တော့ အတိအကျမမှတ်မိတော့ပေမယ့် အကြောင်းအရာလေးကို ခုထိမမေ့သေးပါဘူး..
ကျနော် အလှူလုပ်ရင် ဒေဝါဝင်း ရာဇာဝင်းတွေနဲ့ ခမ်းခမ်းနားနား လူဘယ်နှစ်ရာစာ ဟင်းဘယ်နှစ်မျိုး ကျွေးမယ်ဆိုတာမျိုး မဟုတ်ဘဲ အဲဒီထက် လက်တွေ့ရည်ရှည် အကျိုးများတဲ့ ဖောင်ဒေးရှင်းတွေမှာပဲ လှူရမယ်လို့ အသိဝင်စေခဲ့ပါတယ်.. ပိုက်ဆံတွေရှိလာတဲ့တနေ့ ပြေတည်ဦးတို့ ရဲတိုက်တို့လို ဖောင်ဒေးရှင်းတွေ မ တည်ပြီး ထောင်ချင်တဲ့စိတ် အရမ်းဖြစ်နေပါတယ်..
တို့မြန်မာတွေ လှူတတ်ကြပါစေ.. (ခေါင်းစဉ်က အဲလိုထင်တယ်.. စကားစပ်လို့ သကြီးခိုင် အပန်းမကြီးရင် အဆိုပါပို့စ်လင့်ခ် လေး မစပါလားခင်ဗျ)
kyeemite
April 20, 2012 at 9:52 am
ကိုနေဝန်းနီခင်ဗျား..ကျွန်တော်က “ယနေ့မြန်မာပြည်ဆုတ်ယုတ်ပျက်စီးရခြင်း၏လက်သည်တရားခံ…”
ဆိုတဲ့ပို့စ်မှာ..ဒီလိုမန့်ခဲ့ပါတယ်..
kyeemite says:
“အလှူနေရာတွေဟာ..စိတ်မှန်းနဲ့မှန်းချရတာဖြစ်ကုန်လို့..
.. ငွေကြေးတွေဟာ.. မှားယွင်းစွာ စီဆင်းသွားပြီး.. လိုအပ်နေတဲ့နေရာတွေကို.. မဖြည့်တတ်ပဲဖြစ်ကုန်တယ်လို့.. လက်တွေ့ကျကျ မြင်နေရလို့ပါ..။”ဆိုတဲ့..
သဂျီးပြောတဲ့ အဲဒီ အချက်ကိုတော့ ကျုပ်ကြိုက်သဗျို့..
နောက်မှသပ်သပ် ပို့စ်ရေးတင်အုံးမယ်..
အဲကျမှ ကျုပ်ကိုဝိုင်းဆဲတာ ပြုံးပြုံးကြီးခံမယ်ဗျို့..
ဆိုတော့ကာ ကျုပ်ရေးချင်နေတဲ့အကြောင်းအရာကို ခင်ဗျားကဦးသွားတာကိုး..
ကျုပ်ရေးထားပီးသားနဲ့တိုက်ကြည့်တော့လည်း ခင်ဗျားပို့စ်ကပိုထိမိပီး
ပိုပြည့်စုံနေတယ်..ဒီတော့ကာမယ်..ခင်ဗျားကိုသာ ကျေးဇူးတင်လိုက်ပါကြောင်း
လက်မကြီးထောင်ပီးအားပေးလိုက်ပါတယ်ဗျာ..
–
ကြောင်ကြီး
April 20, 2012 at 10:39 am
ရတနာသုံးပါးလှူမှ ကုသိုလ်အကျိုးပေးထူးတယ်လို့ ယုံကြတာမို့ သံဃာတော်များ ဦးဆောင်ပြီး ပရဟိတလုပ်ငန်းများလုပ်တာ အားပေးပါတယ်။ စနစ်တကျ ခေတ်မှီမှီဖြစ်ဖို့ပဲလိုတယ်။ ပရိယတ္တိနဲ့ တွဲလုပ်ကြပေါ့.. အစဉ်အလာဖြစ်သွားရင် မပင်ပန်းတော့ဘူး…။ တကယ်လည်း သံဃာတော်ကို ရည်မှန်းလှူတာမို့ လိုချင်တဲ့ကုသိုလ်ရမယ်၊ အလှူခံသံဃာကလည်း မိမိလုပ်ချင်တဲ့ ပရဟိတာအလုပ်ကို အင်တိုက်အားတိုက် လုပ်နိုင်မယ်။ တခုတော့ရှိတယ်.. ဘုန်းကြီးလက်ထဲ ဝကွက်တော့ မအပ်သင့်ဘူး။ စနစ်တကျဆိုတာ အသင်းအဖွဲ့နဲ့ ညီညာဖျဖျ တိုင်တိုင်ပင်ပင်လုပ်တာကို ပြောဒါ..။
Swal Taw Ywet
April 20, 2012 at 7:31 pm
Totally agreed with U ကြောင်ကြီး,
As for me, I joined and donating to 2000 Group.
( Daw May Aye Oo is one of our MG villagers. )
Because they ( 2000 Group ) are doing well in their field where I could not do.
Just 2000 Kyats for a month, It is just as one time use at Tea shop. Right?
Let’s try our best for our mother land.
With respect,
Swal Taw Ywet.
windtalker
April 20, 2012 at 1:19 pm
အပေါ်က ကိုကြောင်ကြီးပြောသွားတာကို သဘောတူပါတယ် ။ ဘယ်လောက်ဘဲ သီလ သမာဓိအားကောင်းကောင်း ၊ သဒ္ဒါတရားထက်သန်သူများရဲ ့ဝိုင်းလှူကြတဲ့ ငွေပမာဏအရမ်းများလာတဲ့အခါ ၊ အဲဒီပမာဏကြီးဟာ ပူလောင်စွာနဲ ့အပျက်သဘောဖြစ်စေတတ်သလို ပါဘဲ ။
ဦးဦးပါလေရာ
April 20, 2012 at 2:53 pm
အကြမ်းအားဖြင့်တော့ အပေါ်ကဆရာများရဲ့ ပိုစ့်နဲ့ ကွန်မင့်တွေကို သဘောကျပါတယ်။
တခုတော့ရှိတယ်…
ကျုပ်တို့မြန်မာဗုဒ္ဓဘာသာဝင်တွေရဲ့ အလှူဆိုတာက
လှူချင်လို့လှူတာလဲရှိပါတယ်…။
ယူချင်လို့လှူတာလဲရှိပါတယ်…။
အထူးအားဖြင့်တော့ ပျော်ချင်လို့ လှူတာတွေလဲ အများအပြားရှိပါတယ်…။
ပျော်ချင်လို့လှူတဲ့သူတွေအတွက်တော့ သူတို့ပျော်သလိုလှူတာကို သူတို့ရဲ့ ကိုယ်ပိုင်ရွေးချယ်မှု့လို့ပဲ သုံးသပ်ချင်ပါတယ်….။
ဦးဦးပါလေရာ
April 20, 2012 at 3:01 pm
သူကြီး ဇတ်လမ်းစပြန်ပြီ။
(ဝိနည်း၊သုတ္တန်၊ အဘိဓမ္မာ ပိဋကတ်အားဖြင့် သုံးပါးမှာ.. အဘိဓမ္မာက.. ပထမသံဃာယနာတင်တာမှာ.. မပါဘူးလို့.. အထောက်အထားတွေရှိပါတယ်….။)
ဆိုတော့… ဝိနည်း နဲ့ သုတ္တန်တွေကရော လက်ရှိ ပိဋကသုံးပုံထဲကအကြောင်းအရာတွေဟာ ဂေါတမဘုရားကဟောတဲ့အတိုင်းလို့ သူကြီးကယုံကြည်လို့လား။ 😀
kai
April 20, 2012 at 3:29 pm
သုတ္တန်ကိုလည်း.. သိပ်မယုံပါဘူး..
၂၅ရာခိုင်နှုန်းလောက်ကျန်ရင်ပဲ..တော်တော်ကံကောင်းနေပြီလို့ထင်တယ်..
ဝိနည်းကတော့.. မင်းမူးမတ်.. လူတွေသိပ်ပြီးဝင်မရှုပ်တာမို့.. ၅၀-၆ဝလောက် မူရင်းကျန်နေမယ် မှန်းတာပဲ..
အဲဒါကြောင့်.. တချို့.. အဖြစ်တွေကို.. ဝိနည်းကနေ.. ပြန်တိုက်ကြည့်တယ်လေ..
Phaung Phaung
April 20, 2012 at 4:56 pm
အင်း… ကျမ်းတွေလည်းတော်တော်ကြေကြတာပဲနော်…. ဘုန်းကြီးနီးပါးပဲ …ဟီး
လိုက်မမှီတော့ပါဘူး
ငပွကြီး
April 20, 2012 at 4:58 pm
တင်ထားတဲ့ ပိုစ့်ရော အောက်က ကွန်မန့်တွေရော သိပ်ကိုကောင်းတယ်ဗျာ…
ှုဉာဏ်မမှီလို့ ဝင်တော့မပြောတော့ဘူး အားပေးရုံသက်သက်ဘဲပါဝင်သွားပါတယ်
နေဝန်းနီ
April 20, 2012 at 6:42 pm
အိ မ်းးး သူကြီးတို့လည်း မပြောမပြောနဲ့ ပြောလိုက်တော့လည်း ကျွန်တော်တောင်ဘယ်ကစပြောရမယ်မသိဖြစ် သွားရပါတယ်…။ အမှန်က ဒီစာကို ရေးဖြစ်တာ နေးရှား ရဲ့ ဗမာပြည် ဘာလို့ နောက်ကျနေရသလဲ ဆိုတဲ့ ပို့ စ်က နေ ရေးထားတာပါ…။ ဗမာ တွေနောက်ကျနေရတာ အဓိကကတော့ ခြံခတ်ထားခြင်း ခံရလို့လို့ လည်း ကွန်မန့်မှာပေးခဲ့ဖူးပါတယ်…။ ကျွန်တော်ရေးခဲ့ဖူးတဲ့ ငို၍ရယ်၍ မရသောမှာ ဘာသာရေးနဲ့ ပတ်သက်ပြီး ဆက်ဖို့ချိန်နေတာ …။ ငို၍ရယ်၍ မရသောမှာ ကိုရီးယားကားနဲ့စထားတာ …။ နောက် ဆေးကြော်ငြာတွေအကြောင်းကိုတော့ အခုရေးလက်စ နေဝန်းနီပါဆယ်ဆွဲတယ်မှာ တိုက်တိုင်လို့ ထည့်သုံးလိုက်မိပြီ..။ နောက်ဆက်ပြီးပြောချင်တာက အလှူဒါနလုပ်မှ ဘာသာရေးလုပ်တယ်လို့ သတ်မှတ်မှာလား….။ သံဃာတွေ ဝိနည်း ကိုလိုက်နာကျင့်သုံးရသလို လူဝတ်ကြောင်တွေဟာလည်း သီလစောင့်ထိန်းနေနိုင်ရင် မရပေဖူးလား ? နောက် အလှူ ကိစ္စမှာမလိုအပ်တဲ့ ချဲ့ကားမှုတွေ ဓလေ့ထုံးစံဖြစ်နေတာ ဖြုတ်ချဖို့ မစဉ်းစားဖူးလား ? ဥပမာပေါ့ မြင်လွယ်တာပြောကြည့်မယ်…။ သာသနာ့ဘောင် သွတ်သွင်းတဲ့ ရှင်ပြုပွဲမှာ ဖြုတ်သင့်တာတွေ အများကြီးတွေ့နေရတယ်…။ လက်တွေ့ မှာအချိန်ကုန်လူပမ်းပြိး သံသရာ မှာလည်းအကျိုး ရှိဖို့ မသေချာတာတွေ အများကြီးပဲ…။ ဘုရား ရှင်လက်ထက်က သားတော်ရာဟုလာကို အမွေပေးတော့ ကိုရင်ဝတ်ပေးတယ်ပဲ လွယ်လွယ်ပြောကြပါစို့ …။ ဘယ်သူက မောင်ရှင်လောင်းပြင်ပေးပါလိမ့်…။ အဘယ်မင်းညီမင်းသားတွေက ရွှဲ ထိုးကြပါလိမ့် …။ ဘယ်အပင်အောက်သွားပြီးနတ်ပြ ခဲ့ပါသလဲ…။ နှစ်ပြည်ထောင်ရှင်ဘုရင်ရဲ့ မြေးတော်ဖြစ်လေတော့ ဆင်ဘယ်နှစ်စီးပေါ် တင်ပြီး ရှင်လောင်းလှည့်ခဲ့ပါလဲ…။ သူကြီးမင်းဖြေကြည့်ပါဦး …။
နောက်တစ်ခုက လူသေကို သရဏဂုံ တင်လို့ ရမရ …။ မသေခင်က ဥပုသ် သီလ မဆောက်တည်ခဲ့ပဲနဲ့ သေမှ သံဃာ များများနဲ့ သရဏဂုံ တင်လို့ ဘာများအကျိုးထူးမှာပါလိမ့်
ဒါကြောင့်
အစဉ်အလာကို ချိုးဖျက်ဝံ့သူတို့ငဲ့
ငါ့ကိုကူကယ်ဖေးမပါ……။
မြနန္ဒာမပါပဲ သင်္ကြန်မဖြစ်သူတို့ကြားမှာ
ငါမွန်းကြပ်လှချည်ရဲ့……။
လို့ http://myanmargazette.net/114724/creative-writing/poetry-songs မှာ ကဗျာအနေနဲ့ တင်ထားခဲ့တာ…။
blackchaw
April 20, 2012 at 6:47 pm
ကိုနေကြီးရေ။
ဒီရွာထဲကိုရောက်မှ
ကျွန်တော်သိလာတဲ့အသိလေးတစ်ခုက
ကိုနေကြီးအခုပြောတဲ့ အကြောင်းအရာလေးပါပဲ။
လက်ခုတ်တီးပြီး အားပေးသွားပါတယ်။
လက်မလေးလည်း ထောင်သွားပါတယ်ဗျာ။
နေဝန်းနီ
April 20, 2012 at 7:11 pm
ကွန်မန့်ရေးမရဘူးဗျို့ …။ သုံးခါရှိပြီ…။
Duplicate comment detected; it looks as though you’ve already said that!
ဆိုတဲ့ စာတန်းပဲပေါ်လာနေတယ်…။ သူကြီးလုပ်တာလား ? ရွာသူ နှောက်ယှက်တာလားမသိ…။
Swal Taw Ywet
April 20, 2012 at 7:42 pm
Not by သူကြီး nor ရွာသူ.
It was made by Koe Nat Shin ( Connection ).
Need to be patient especially in Myanmar.:smile:
Dear Brother, နေဝန်းနီ,
Thanks for your post.
It is very important high lighting for Myanmar people.
Any way, Let’s try our best for our mother land.
With respect,
Swal Taw Ywet.
ဗိုက်ကလေး
April 20, 2012 at 7:16 pm
နဂိုက သဘောပေါက်သယောင်ရှိပေမဲ့ ဘိုနေကြီးပြောမှ ပို ပေါက်သွားတယ်ဗျာ..
လှူတာကောင်းပါတယ်.
ဒါပေမဲ့..လှူသင့်တဲ့နေရာ၊ပုဂ္ဂိုလ် ရွေးလှူသင့်တယ်
တင့်ခရု ဘိုးနေကြီး တင့်ခရု…ဗဲဒီးဂွတ်ထ်
Swal Taw Ywet
April 20, 2012 at 7:36 pm
Dear Brother, ဗိုက်ကလေး ,
Would you join with us ( 2000 Group )?
In next month, I will come back to my Mother land.
I ‘m thinking to buy some…… for my brothers from MG.
Which one you prefer….Walker or…….
( Just Kidding ) 🙂
With respect,
Swal Taw Ywet.