Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အလောင်းတော် ကဿပ ၈

ဆူးApril 25, 20121min76028

တောင်ခြေ ကားရပ်နား စခန်းမှာတော့ အသင့်စောင့်ဆိုင်းနေသော ကားကြီးမှ လူစုံသည့်အခါ မုံရွာမြို့သို့ ပြန်လည် ထွက်ခွာခဲ့ပါတယ်။ လမ်းတလျှောက်မှာတော့ အလောင်းတော် ကဿပ သွားသည့် လမ်း အတွက် အပိုင်းတခုလျှင် တခု အလှူခံမဏ္ဌပ်များဖြင့် အလှူခံနေသည်များကိုလည်း တွေ့ရှိရပါသည်။ အလှူခံမဏ္ဌပ်တွေမှလည်း ခရီးသွားကားများကို မုန့်များဖြင့် တည့်ခင်း ဧည့်ခံကြပါတယ်။ ကားရပ်လိုက်လျှင် အလှူခံတဲ့ ကောင်လေး ကောင်မလေးများမှ ထိုရွာမှ ထွက်သော ဇီးသီးများ၊ အကြော်အလှော်များ (ပဲကပ်ကြော် ကြက်သွန်ကြော်) လက်ဖက်နဲ့ အကြော်များ၊ မြေပဲပြုတ်များ၊ ထန်းရည် အချို သောက်ရည် ရေနွေးကြမ်း စသဖြင့် အမျိုးစုံလင်အောင် ပန်းကန်များ ခွက်များဖြင့် ထည့်ပြီး စိတ်ကြိုက် လက်နှင့် ပါသလောက် နှိုက်ယူခွင့်ပြုကာ ကျွှေးမွှေးဧည့်ခံကြပါတယ်။ ထို ဓလေ့သည်လည်း အလွန်ပင် ချစ်စရာကောင်းလှသည်ဟု မြင်မိပါတယ်။ အပြန်လမ်း မုံရွာမြို့သို့ မရောက်ခင် ရွာတွေ ဖြတ်သန်းခဲ့ရာတွင် အိမ်တိုင်း လိုလို၏ ရှေ့တလင်းပြင်တွင် ဇီးသီးများ နေလှမ်းကာ အခြောက်ခံနေကြသည်ကို တွေ့ရပါသေးတယ်။ ကားဖြတ်သွားရာ တလျှောက် ဇီးသီးများ၏ မွှေးကြိုင်သော ရနံ့များမှာလည်း မစားရသော်လည်း ခံတွင်းတွင် အလိုလို သွားရည်များ စိုစွတ်လာသလို ခံစားရပါတယ်။ မနက်အသွား ခရီးစဉ်သည် မိုးမလင်းခင် ဖြစ်သည့် အတွက် အပြန်မှ မြင်ရသည့် မြင်ကွင်းသည် အလွန်ပင် ကြည်နူးဖွယ်ကောင်းလှပါတယ်။ အပြန်လမ်း တလျှောက် ထန်းပင်များ လယ်ကွင်းများ နှင့် လမ်းတလျှောက်တွင်လည်း များပြားလှတဲ့ ဇီးပင်ကြီးများနှင့် လှပျိုဖြူ ရွာသူလေးများ ဇီးသီးကောက်နေပုံမှာလည်း အလွန်ပင် ဆွဲဆောင်မှု ရှိလှသည့် မြင်ကွင်း တစ်ခု ဖြစ်ပါတယ်။ ကားလမ်းတစ်လျှောက် သဘာဝကျတဲ့ ရှုခင်းများကို ငေးမောခံစားရင်း မုံရွာ ဟိုတယ် ရောက်ရှိပြီး ခရီးစဉ် အဆုံးသတ်သွားခဲ့ပါသည်။

အလောင်းတော် ခရီးစဉ် ကို အဆုံးသတ်ပါပြီ။
အတွေ့အကြုံလေးတွေ မှတ်မိသလောက် ဖလှယ်ရေးသား ပေးလိုက်ပါတယ်။
အားလုံးပဲ ရွင်လန်း ချမ်းမြေ့ကြပါစေ။

28 comments

  • မဟာရာဇာ အံစာတုံး

    April 25, 2012 at 4:11 pm

    ဇီးသီးကြောင်းပြောမှ ရွာကိုတောင် ပြန်လွမ်းသွားပြန်ပြီ …
    ရွာမှာဆို ဘယ်အပင်က ခူးစားစား အလကားပဲ .. 😀
    တောရွာတွေမှာ နေထိုင်ပေမယ့် သူတို့ရဲ့ ဖော်ရွေမှု၊ ကျွေးမွေးဧည့်ခံမှုတွေကတော့ အန်တီဆူး ပြောတဲ့အတိုင်းပဲ ချစ်စရာ ကောင်းလှပါတယ် ….
    ခုလို အတွေ့အကြုံကို ရှဲပေးတဲ့အတွက်လည်း ရှဲရှဲပါလို့ ….။

  • ဝက်ပေါက်

    April 25, 2012 at 4:19 pm

    အပြန်ကျတော့ ပုံလည်း မပါတော့ဘူး ဘယ်မှ ထပ်မဝင်တော့ဘူးလား :(:

    • ဆူး

      April 25, 2012 at 4:22 pm

      ဘယ်မှ မဝင်ဖြစ်တော့ဘူး။
      တောထဲမှာ ကားပျက်လို့ တောလမ်းမှာ ငုတ်တုတ်မေ့သွားတဲ့ အချိန်ကြာသွားလို့ ထပ်ဝင်ဖို့ အဆင်မပြေတာနဲ့ မဝင်ဖြစ်တော့တာပါ။
      ပုံတွေကတော့ ဒါအကုန်ပါပဲ။

  • တညင်သား

    April 25, 2012 at 4:40 pm

    ရွှေဘ တောင်လဲ မရောက်ခဲ့ဘူးပေါ့ ကျောက်သားတခုထဲကို ဆင်းတုတော် ထုထားတာတွေ လက်ရာမြောက်စွာ ကြည့်ရှု့ဖူးမျော်နိင်တယ်လေ…

    • ဆူး

      April 25, 2012 at 6:08 pm

      ဆူး လည်း အဲဒီနေရာက ရောက်ဖူးချင်ပါတယ်။

  • amatmin

    April 25, 2012 at 5:45 pm

    အလောင်းတော် ကဿပ ခရီးစဉ် အခန်းဆက်ကြီးပြီးတော့ကာ..
    ပန်းတနော်အလှူခရီး…ဇာတ်လမ်းရှည်ကြီး ကိုပြန်မျှော်နေပါ့မယ် ဗျ..
    ဒါနဲ့ လှပျိုဖြူ ရွာသူလေးတွေက စွဲဆောင်မှုရှိအောင် ဘယ်လိုများ ဆီးသီးကောက်သလဲတော့
    သိချင်သေး.. 🙂

    • ဆူး

      April 25, 2012 at 6:11 pm

      အမတ်မင်း ဆိုတဲ့ အတိုင်း နမိတ်ပြ မေးခွန်းတွေ မေးနေတယ်။
      ကိုယ်တိုင် သွားကြည့်ပါလား။
      သူတို့လေးတွေ ပျော်နေကြတာ ကြည့်ပြီး မုဒိတာ ပွားလို့ ရတာပေါ့။

  • aye.kk

    April 25, 2012 at 6:20 pm

    ဆူးရေ..
    စာသားလေးတွေခံးစားဖတ်ပြီး..
    အညာကိုပြေးပြီးမျက်ဝန်းထဲမြင်ယောင်လာမိတယ်..။
    ဇီးသီးပင်အောက်အမြဲရောက်တတ်တဲ့ငယ်ငယ်ကဘဝကို..
    ပြန်လွမ်းသွားမိပါတယ်။

    • ဆူး

      April 26, 2012 at 9:23 am

      အညာမှာ ဇီးသီးတွေက သိပ်ချိုတာပဲ.. အရမ်းလည်း လတ်ဆတ်တယ်.. နေပူပူမှာ ဇီးသီး အချိုလေး စားရတဲ့ အရသာ တော်တော် ကောင်းတယ်။
      အရိပ်အောက်မှာ ဇီးသီးအချိုလေးဝါးပြီး နေရတာကိုက ဇိမ်ရှိတယ်။

  • marblecommet

    April 25, 2012 at 9:00 pm

    အားကျလိုက်ထှာအေ
    သူများတွေခရီးသွားကြတာဂို
    သများတို့များ …ရန်ကုန်မြို့ကို
    တစ်ဖဝါးမှ မစွန့်ခွာနိုင်တဲ့ဘွပါ……

    • ဆူး

      April 26, 2012 at 9:04 am

      ပန်းတနော် သွားမယ်လေ.. ပျော်ပျော်ပါးပါးပေါ့.. Day trip အစစ်ပဲနော်.. မနက်မိုးလင်းကနေပြီး မိုးလုံးလုံးချုပ်မှ ပြန်ရောက်မှာပဲ။

  • surmi

    April 26, 2012 at 1:03 am

    ဆီးသီးဆားရေစိမ် ထားတာ ၊အဲဒီဒေသဘက်ကလာတာလားဘဲ
    တမျိုးတဖုံစားကောင်းတယ် ။ သွားချင်စိတ်တော.ပေါက်သွားပြီ
    တနေ.တော. ….သွားဖြစ်အောင်သွားဦးမယ် ။
    ကလေးတွေကငယ်နေသေးတော. စိတ်သွားတိုင်းကိုယ်မပါဘူးလေ ….။

    • ဆူး

      April 26, 2012 at 9:08 am

      သဘာဝ တောဓလေ့ကိုလည်း သေချာ မြင်နိုင်တယ် ဦးဆာမိရဲ့..

  • Ma Ei

    April 26, 2012 at 9:41 am

    ဆူးရေ…
    အဲ့ဒီ လမ်းတစ်လျှောက်မှာ ဇီးသီးနံ့လေးတွေကြောင့် အပန်းပြေခဲ့ရပါတယ်…
    မီးသွေးအိတ်တွေကို စက်ဘီးနဲ့မြို့ကိုသယ်ပို့နေတာလဲ တွေ့ခဲ့ရတယ်…
    အတော်ကောင်းတဲ့ မီးသွေးတွေပါ..ချွင်ချွင်နဲ့ကိုအသံထွက်တယ်…
    ပင်ပန်းပေမဲ့ ထူးခြားတဲ့ဘုရားဖူးခရီးမို့ ဆူးရဲ့ Post လေးတွေဖတ်ပြီး
    ထပ်သွားချင်မိပြီ…

    • ဆူး

      April 26, 2012 at 1:11 pm

      ဆူးလည်း သွားရတာ သဘောကျတယ်။
      သဘာဝ အလှတရားတွေ သဘာဝအတိုင်း ခံစားရတယ်လို့ တွေးမိတယ်။

  • mocho

    April 26, 2012 at 12:47 pm

    ဆူးရဲ့ အလောင်းတော် ကဿပ ခရီးသွား အခန်းဆက် ကို ဆောင်းပါးရှည် ဖတ်သလို အေးအေးဆေးဆေး အစအဆုံး ပြန်ဖတ်ဖြစ်တယ်။ ကိုယ်မရာက် ဖူးသေးတဲ့ ဒေသ အကြောင်းကို ဓါတ်ပုံတွေနဲ့ ခုလို ဝေဝေဆာဆာ ဖတ်ရတဲ့ အတွက် ကျေးဇူးပါ။
    မုံရွာ ဟိုတယ် ရဲ့ တရက် တည်းခိုခ၊ မုံရွာကနေ အလောင်းတော် ကဿပ ကို ကားခ စင်းလုံးငှား ဘယ်လောက်၊ ခရီးသည် တင် ကားရှိရင် ဘယ်လောက် ၊ဆိုတာ သိရင် ပြောပြ ပေးပါအုံး။

    • ဆူး

      April 26, 2012 at 1:19 pm

      ရန်ကုန်ကနေ မုံရွာကို အဝေးပြေးကားနဲ့ သွားပါ။
      ကားခတော့ သေချာ မသိလှဘူး။
      မုံရွာမှာတော့ ဟိုတယ်တွေ ပြည်တွင်းက လူတွေ ဆိုရင် ၁ည ကို ၂သောင်း ၃သောင်း လောက်ပဲ ဖြစ်ပါလိမ့်မယ်။
      မုံရွာကနေ အလောင်းတော်ကဿပ သွားတဲ့ ကားတွေကတော့ တယောက်ကို ၁၂၀၀ဝ ကျပ် ယူပါတယ်။
      ပထမနေ့ မုံရွာကို ညကားနဲ့ သွားပြီး မုံရွာရောက်တဲ့ အခါ ရွှေစည်းခုံ ဘုရားကို ကားသို့မဟုတ် ဆိုင်ကယ် တခုခု နှင့် ရောက်အောင် သွားပြီး လက်မှတ်ဖြတ်လိုက်ပါ။
      ပြီးလျှင် ဘုရားစုံ လျှောက်လည်ပါ။
      ညနေပိုင်း ဟိုတယ် ရှာပြီး ည အိပ်ဖို့ အတွက် အခန်းယူလိုက်ပါ။၃ရက်
      အလောင်းတော် ကဿပ ခရီးစဉ် ကားက ည ၂နာရီလောက် ဟိုတယ်မှာ လာခေါ်ပါလိမ့်မယ်။
      ပြီးလျှင်တော့.. အလောင်းတော် ကဿပ ကို သွားပြီး ညနေပိုင်းလောက် မုံရွာကိုပြန်ရောက်ပြီး ဟိုတယ်မှာ တညအိပ်ပြီး မနက် ဟိုတယ်က check out လုပ်ပြီး အထုတ်တွေ တင်ပြီး ကားငှားပြီး ဆက်လည်ပါ။ ပြီးလျှင်တော့ ညကားနဲ့ မုံရွာကနေ ရန်ကုန် ပြန်လာခဲ့ပါ။
      ရန်ကုန်ကို မနက် မိုးလင်းခါနီး ပြန်ရောက်ပါမယ်။
      ၃ရက် ခရီးဖြစ်ပါသည်။ အလောင်းတော် ကဿပ မှ အပြန်နောက်နေ့ကို မလည်ပဲ ပြန်မည် ဆိုလျှင် ၂ရက် ခရီးနဲ့ ရပါတယ်။

  • ရောင်ခြည်ခ

    April 26, 2012 at 12:56 pm

    ဆူးရေ.. အလောင်းတော်ကဿပ အခန်းဆက်ပို့လေးကို မျှဝေပေးလို့ ကျေးကျေးပါနော်၊ သွားနိုင်အောင် ကြိုးစားဦးမယ်…

  • Tin Tin

    April 26, 2012 at 1:15 pm

    ဆူးရေ..
    အလောင်းတော်ကဿပဘုရားဖူးခရီးစဉ် တလျှောက်လုံးရဲ့အတွေ့အကြုံကို
    စေတနာပါပါနဲ့ ပြောပြပေးလို့ကျေးှဇူးပဲနော်..
    တခါမှမရောက်ဖူးသေးဘူး..သွားဖြစ်အောင်တော့ကြိုးစားလိုက်အုံးမယ်…
    ဒါပေမဲ့ ဆင်ကိုတော့မစီးချင်တော့ပါဘူး…

  • sugar sugar

    April 26, 2012 at 2:14 pm

    မဆူးရေ ပန်းတနော် Trip မလိုက်ရလို့စိတ်မကောင်းဖြစ်ရပါတယ်
    လကုန်ရက်မို့ မလှူလိုက် ရလို့လဲ စိတ်မကောင်းဖြစ်ရပါတယ်
    အချိန်မရွေးလှူလို့ရနိုင် မယ့် ရန်ပုံငွေ အဖွဲ့လေးများရှိရင် ကောင်းမယ်လို့တွေးမိပါတယ်
    အခုလို အလောင်းတော်ကဿပ ပုံတွေကို ကိုယ်တိုင်ဖူးရသလိုတင်ပေးတဲ့အတွက်
    မဆူး တစ်ယောက် ၊စိတ်သွားတိုင်းကိုယ်ပါလို့ စိတ်ချမ်းသာကိုယ်ချမ်းသာရှိပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်

    • ဆူး

      April 27, 2012 at 9:11 am

      ဆုတောင်းလေး အတွက် ကျေးဇူးတင်ပါတယ်။
      အလှူ အတွက် ရေရှည် ရန်ပုံငွေတော့ မလုပ်ပေးနိုင်သေးပါဘူး။
      လုပ်ဖို့လည်း အစီအစဉ် မရှိပါဘူး။
      အလှူမှာ မလိုက်ရ မပါရလို့ စိတ်မကောင်း မဖြစ်ပါနဲ့နော်.. ဒီတခါ မလှူရလည်း နောက်တခါ အလှူကျတော့ ပါလို့ရမှာပါ။

  • kyeemite

    April 26, 2012 at 4:00 pm

    လှပျိုဖြူ ရွာသူလေးများ ဇီးသီးကောက်နေပုံ ဘာလို့မရိုက်ခဲ့ဒါဒုံး..
    ရွာသူဖစ်ပီး ဒီတချက်လိုသွားတယ်ချင့်..ရွာသူမှန်ရင်
    ကင်မဒါကိုအမြဲလည်ပင်းမှာဆွဲထားရဒယ်..ရွာသူမိခိုင်ဆိုကြည့်ပါလား
    အပြင်ထွက်ရင် လင်ကိုသာမေ့မယ်..ကင်မဒါမမေ့ဘူး..

    • ဆူး

      April 27, 2012 at 9:19 am

      ကင်မရာ ကိုင်ပြီး ဓါတ်ပုံရိုက်ရတာ အရမ်းပြင်းလို့ မရိုက်ခဲ့တာပါ။
      ဟိဟိ.. သဘာဝကြီးကို ကြည့်ပြီး ကင်မရာနဲ့ မှတ်တမ်းတင်ဖို့မေ့နေခဲ့တာပါ။

  • TTNU

    April 26, 2012 at 9:47 pm

    ဆူးရေ…
    အလောင်းတော်ကဿပဘုရားဖူးခရီးစဉ်
    တစ်ခုလုံးအောင်မြင်စွာရေးသားပြီးသွားပြီမို့
    Congratulations! နော်။

    • ဆူး

      April 27, 2012 at 9:22 am

      သမီးတို့ ရန်ကုန်မှာ ဒီရက်ပိုင်း အင်တာနက် မကောင်းတော့ ဂျီတော့တောင် ဝင်မရဘူး ဖြစ်နေတယ်။
      ဒီခရီးစဉ်ကို အပိုင်းခွဲပြီး တက်ဖို့ ဒိတ်သတ်မှတ်ပြီး ထားလို့ တက်နေတာ.. မဟုတ်ရင် တော်တော် အဆက်ပြတ်သွားမှာ သေချာတယ်။

  • windtalker

    April 27, 2012 at 10:36 am

    ဪ.. သူဌေးမကြီး ရဲ ့ခရီးစဉ် တစ်ခုပါပေဘဲလား ။ သူဌေးမကြီး ပြုခဲ့တဲ့ ကုသိုလ်ကောင်းမှု ကို သာဓု ခေါ်ပါတယ်ဗျား ။

  • FattyCat

    April 27, 2012 at 11:02 am

    ဓာတ်ပုံလေးများ စိတ်ပါပြီးတင်လာမလားလို့ စောင့်နေတာ…အဟင့်…
    မျက်စိကနေ ကြားပြီး ခံစားသွားပါသည်….

    ခင်တဲ့-
    ကြောင်ဝတုတ်

  • ဗိုက်ကလေး

    April 27, 2012 at 11:06 am

    နောင်လဲ ခုလို ဘုရားများများသွားဖူးနိုင်ပါစေဂျီးဒေါ်ရာ
    သာဓုခေါ်ပါတယ်

Leave a Reply