Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဖြစ်နိုင်ပါ့မလား…….နော်

အညာတမာApril 22, 20121min33212

ရွာထဲကိုမရောက်ဖြစ်တာလည်း ၂ ပတ်လောက်ရှိပြီ။ တိတိကျကျပြောရရင်တော့ သင်္ကြန်ရုံးပိတ်ရက်တွေ စကတည်းက ဆိုပါစို့။ ဒါကြောင့်မို့ သဂျီးခဗျာင်္း ဒီပို့စ်ဟာ တစ်ခြားးလူတွေ ရေးပြီးသားဆိုရင်တော့ Discard လုပ်ပေးပါခဗျားင်္။ သေချာတာကတော့ ကော်ပီပေ့စ် မဟုတ်ရပါဘူး။ ကျွန်တော်သိထားသမျှ သတင်းအချက်အလက်တွေကို အခြေခံပြီး စဉ်းစားရေးထားခြင်းဖြစ်ပါတယ်။

သတင်းတွေအရတော့ ဧပြီလ ၁ ရက်နေ့မှာကျင်းပခဲ့တဲ့ ကြားဖြတ်ရွှေးကောက်ပွဲမှာ အနိုင်ရခဲ့ကြတဲ့ လွှတ်တော်အသီးသီးက ကိုယ်စားလှယ်တွေဟာ ၂၃ ဧပြီ ၂၀၁၂ တနလာင်္နေ့ကစပြီး လွှတ်တော်တက်ရမှာ ဖြစ်ပါတယ်။ (ဒါပေမယ့် NLD ပါတီရုံးချုပ်တွင် ဧပြီလ ၂ဝ ရက်နေ့ နေ့ လည်ပိုင်းက ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် နေပြည်တော်၌ ဧပြီလ ၂၃ ရက်နေ့တွင် စတင်ကျင်းမည့် လွှတ်တော်အစည်းအဝေးများသို့ NLD မတက်ရောက်ရန် ရာခိုင်နူန်းပိုများကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းကပြောဆို) လွှတ်တော်ဆိုလို့ လွှတ်တော်အကြောင်း နည်းနည်း ပြောချင်ပါတယ်။ ၂၀၀၈ ခု ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ လွှတ်တော် (၃) ရပ်ရှိတယ်ဆိုတာကိုတော့ အားလုံးသိပြီးသားဖြစ်မှာပါ။ အဲဒီလွှတ်တော် (၃) ရပ်ကတော့……….

(၁) အမျိုုုးသားလွှတ်တော်၊

(၂) ပြည်သူု့လွှတ်တော်၊ နဲ့

(၃) တိုင်းဒေသကြီးလွှတ်တော်၊ (သို့) ပြည်နယ်လွှတ်တော်၊ ဆိုပြီး ရှိပါတယ်။         ယခုလက်ရှိလွှတ်တော်အသီးအသီး မှာ၂၀၁ဝ ပြည်လုံးကျွတ် ရွှေးကောက်ပွဲအရ လွှတ်တော်အမတ် အရေအတွက် ၁၅၄၂ ဦးရှိပါတယ်။ အဲဒီအမတ်အရေအတွက်တွေကို လွှတ်တော်အလိုက် ခွဲခြားလိုက်မယ် ဆိုရင်…..

  • အမျိုုုးသားလွှတ်တော်မှာ ၂၂၄ ဦး ရှိပါတယ်။ အဲဒီထဲမှာ ပြည်သူတွေရွှေးကောက်တင် မြှောက်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ် ၁၆၈ ဦး နဲ့ မိုးကျရွှေကိုယ်တော် တပ်မတော်သား ကိုယ်စားလှယ် ၅၆ ဦး ရှိပါတယ်။
  • ပြည်သူလွှတ်တော် မှာ ၄၃၅ ဦး ရှိပါတယ်။ အဲဒီပြည်သူ့လွှတ်တော်ထဲမှာလည်း ပြည်သူတွေရွှေးကောက်တင်မြှောက်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ် ၃၂၅ ဦး နဲ့ ရွှေးကောက် တင်မြှောက်ထားခြင်းမဟုတ်တဲ့ မိုးကျရွှေကိုယ်တော် တပ်မတော်သား ကိုယ်စားလှယ် ၁၁ဝ ဦး ရှိပါတယ်။
  • တိုင်းဒေသကြီးလွှတ်တော် (သို့) ပြည်နယ်လွှတ်တော်မှာ ၈၅၄ ဦးရှိပါတယ်။ အဲဒီလွှတ်တော်ထဲမှာလည်း   ပြည်သူတွေရွှေးကောက်တင်မြှောက်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ် ၆၃၂ ဦး နဲ့ မိုးကျရွှေကိုယ်တော် တပ်မတော်သား ကိုယ်စားလှယ် ၂၂၂ ဦး ရှိပါတယ်။
  • ဒါ့အပြင် ကျွန်တော်တို့တိုင်းပြည်မှာက တိုင်းရင်းသားတွေ ရှိသေးတယ်မို့လား ဒါ့ကြောင့်တိုင်းရင်းသား ကိုယ်စားလှယ် ၂၉ ဦး ရှိပါတယ်။

ဒ့ါကြောင့်လွှတ်တော် ၃ ရပ်မှာ ပြည်သူတွေရွှေးကောက်တင် မြှောက်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ် ၁၁၅၄ ဦး နဲ့ ရွှေးကောက်တင်မြှောက်ထားခြင်းမဟုတ်တဲ့ (မိုးကျရွှေကိုယ်တော်) တပ်မတော်သား ကိုယ်စားလှယ် ၃၈၈ ဦးရှိတာကြောင့် စုစုပေါင်း လွှတ်တော် ကိုယ်စားလှယ် ၁၅၄၂ ဦး ရှိရခြင်းပါ။ ၂၀၀၈ ခု ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်အသီးသီးမှာ တပ်မတော်သား ကိုယ်စားလှယ် ၂၅% ပါရမည်ဆိုတာကြောင့် မိုးကျရွှေကိုယ်တော်များ ၃၃၈ ဦးထိ လွှတ်တော်အသီးအသီးမှာ ဖောင်းပွနေတာဖြစ်ပါတယ်။

နီဒါန်းပျိုးတာနဲ့ နည်းနည်းရှည်သွားပြီး။ ဆက်လက်အားပေးပါအုံး။

ပြီးခဲ့တဲ့ ဧပြီလ (၁) ရက်နေ့က ကျင်းပခဲ့တဲ့ ကြားဖြတ်ရွှေးကောက်ပွဲမှာ NLD က ဒေါ်အောင်ဆန်းစုကြည် အပါအဝင် လစ်လပ်မဲ ဆန္ဒနယ် ၄၅ နေရာမှာ ၄၄ နေရာဝင်ရောက် ယှဉ်ပြိုင်ခဲ့ပါတယ်။ (တကယ်တော့ လစ်လပ်မဲဆန္ဒနယ်က ၄၈ နေရာပါ။ ကချင်ပြည်နယ်မှာရှိတဲ့ မဲဆန္ဒနယ် ၃ နေရာကို လုံခြုံရေး အကြောင်းပြချက်နဲ့ ရွှေးကောက်ပွဲကော်မရှင်က ရွှေးကောက်ပွဲကျင်းပ မပေးခဲ့ပါဘူး။) အဲဒီမှာ အားလုံးသိပြီးဖြစ်တဲ့အတိုင်း NLD က ၄၃ နေရာကို အပြတ်အသတ် အနိုင်ရရှိခဲ့ပါတယ်။ ဒါကြောင့်အနိုင်ရရှိတဲ့ လွှတ်တော်ကိုယ်စားလှယ် ၄၃ ဦးနဲ့အတူ ဒေါက်တာမြတ်ဉာဏစိုးအပါအဝင် တခြားပါတီက လွှတ်တော်ကိုယ်စားလှယ် ၃ ဦး ပေါင်း ၄ ဦးဟာ NLD ကို ပြောင်းလာတာဖြစ်တဲ့အတွက် NLD ဟာ လွှတ်တော်အသီးသီးမှာ ပြည်သူ့ကိုယ်စားလှယ် အရေအတွက် ၄ရ ဦးအထိရှိလာမှာဖြစ်ပါတယ်။ ဒီနေရာမှာ ကျွန်တော် အဓိကပြောချင်တာက ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆွယ်စည်းရုံးရေးခရီးစဉ်တစ်လျှောက်…..ပြီးတော့ ၂၀၁၂ မတ်လ ၁၄ ရက်နေ့ ညပိုင်း ပြည်သူ့ရေဒီယိုနဲ့ ရုပ်မြင်သံကြားအစီအစဉ်မှာ ဟောပြောခဲ့တဲ့ ပါတီရဲ့မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် တွေဟာ အဓိကအချက်ကြီး ၃ ချက်ကိုပဲ အခြေခံပြီး စည်းရုံးဟောပြော သွားခဲ့တာဖြစ်ပါတယ် အဲဒါတွေကတော့……….

(၁) တရားဥပဒေစိုးမိုးရေး၊

(၂) ပြည်တွင်းငြိမ်းချမ်းရေး၊ နဲ့

(၃) ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊ တို့ဖြစ်ပါတယ်။

အဲဒီ (၃) ချက်ထဲမှာ ပြည်တွင်းငြိမ်းချမ်းရေးကတော့ လက်ရှိ သမ္မတကြီး ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရ အဖွဲ့ဟာလည်း ကြိုးစားပြီးလုပ်ဆောင် နေတာကိုတွေ့ရပါတယ်။ တော်တော်လည်း တိုး တက်နေပြီလို့ ဆိုရမှာဖြစ်ပါတယ်။ (KIA တစ်ဖွဲ့ကလွဲရင်ပေါ့)

NLD ရဲ့ပါတီဥက္ကဋ္ဌလည်းဖြစ်၊ ပြည်သူူအားကိုးတဲ့သူလည်းဖြစ်၊ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ဖို့ဆိုရင် ဘယ်လိုပေးဆပ်မူမျိုးကိုမဆို ပေးဆပ်ရဲတဲ့ သတ္တိရှိတဲ့ သူလည်းဖြစ်၊ တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ သူပြောခဲ့တဲ့စကားကို လွှတ်တော်ထဲရောက်ရင် အကောင်အထည်ဖော်မှာ အသေအချာပါပဲ။ တရားဥပဒေစိုးမိုးရေးနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဖို့ဆိုရင် လွှတ်တော်ထဲမှာ တစ်ခြားပါတီအသီးသီးက ဆွေးနွေးဖော် ဆွေးနွေးဖက် လွှတ်တော်ကိုယ်စားလှယ် တွေနဲ့ ဆွေးနွေးရမှာဖြစ်ပါတယ်။ ပြီးတော့ ပြင်ဆင်ချက် ဥပဒေ၊ နည်းဥပဒေ တွေကို လျှုို့ဝှက်မဲစနစ်နဲ့ အတည်ပြုရမှာဖြစ်ပါတယ်။ အဲဒီမှာ ကျွန်တော်စိုးရိမ်တာက ၂၅% သောမိုးကျရွှေကိုယ်တော်တွေ၊ ဘေးထိုင်ဘုပြောမဲ့ ကြံဖွံ့ (USDP) က ကိုယ်စားလှယ်တွေ၊ တရားဥပဒေအထက်မှာ အမြဲနေချင်ပြီး ယူနီဖောင်းပြောင်းထားတဲ့ အရပ်ဝတ် လွှတ်တော်ကိုယ်စားလှယ်ဗိုလ်ချူပ်ကြီးဟောင်းတွေ ကသာ ကန့်ကွက်မဲတွေထည့်ကြရင်ဖြင့် ဒေါ်အောင်ဆန်းစုကြည် လုပ်ချင်တဲ့ လိုလားတဲ့ ပြီးတော့ ပြည်သူတွေအတွက် အမှန်တစ်ကယ်လိုအပ်တဲ့ ဥပဒေတွေ ဖြစ်လာပါ့မလား၊ ပေါ်ပေါက်လာပါ့မလား၊ ဆိုတာ ကျွန်တော်စဉ်စားရင်းနဲ့ အဖြေမရခဲ့ပါဘူး။

ဘာဖြစ်လို့လဲဆိုတော့ NLD ရဲ့ ပြည်သူ့ကိုယ်စားလှယ်က ၄ရ ဦးထဲမို့ပါ။

ရွာသူရွာသားတွေလည်း ဝိုင်းကူပြီး စဉ်းစားပေးကြပါအုံး။

ချစ်ခင်လေးစားစွာဖြင့်၊

အညာတမာ။

22 Apr 2012

12 comments

  • ရဲစည်

    April 22, 2012 at 3:24 pm

    ၁ တရားဥပဒေစိုးမိုးရေး (ဥပဒေဘက်တော်သားတွေက ဆက်လက်စိုးမိုးဖို့ကြံစည်ဆဲပါ 🙂
    ၂ ပြည်တွင်းငြိမ်းချမ်းရေး (သဂျီးတို့ အမေရီးကါးမှာတောင် ဆမာဂဲလ်ဆိုလား လက်နက်ကိုင်တွေ ရှိဆဲဆိုတော့ အပစ်အခတ်လေးတွေ ရှိမယ်ထင်ပ နိူင်ငံရေးယုံကြည်ချက်က နည်းတာကိုး… 🙂
    ၃ အခြေခံဥပဒေပြင်ဆင်ရေး ( ဆိုတော့ကျ အစိုးရတောင် ထုတ်ထားတဲ့ ဥပဒေအကုန် မလိုက်နာနိူင်တော့ကာ အရေးကြီးမှ စာအုပ်ကြီး ပြန်ဖွင့်ပီး အတင်းဆွဲညှိတာဆိုတော့…………..နည်းနည်းတော့ဖြစ်နိူင်ပါတယ် အူးလေးရယ် မစိုးရိမ်ပါနဲ့ 🙂
    ဟိဟိ…အနီလေးတွေ ရပီ….ပကျိပကျိ 🙂

  • kai

    April 22, 2012 at 3:36 pm

    တော်တဲ့ခေါင်းဆောင် ၁ယောက်ရှိရင် အကုန်ဖြစ်ပါတယ်ကွယ်..
    သိပ်တော့လည်း စိတ်မပူနေပါနဲ့..

    မြန်မာပြည်ထဲ အခြေခံဥပဒေဆိုတာ.. ၁၄နှစ်ကြာအောင် သက်တန်း ခံခဲ့ဖူးတာလိုက်လို့..
    1947 Constitution = 1948 to 1962 = ၁၄နှစ်
    1974 Constitution = 1974 to 1988 = ၁၄နှစ်
    1988-2010
    2008 Constitution = ?
    သိသလောက်တော့.. ၁၄နှစ်ပုံသေနည်းပဲ..။ 😆

  • dainan

    April 22, 2012 at 6:21 pm

    ဖြစ်နိုင်ပါ့မလားမစဉ်းစားနဲ့ ဖြစ်အောင်လုပ်နိုင်မယ်လို့ပဲတွေးပါ။ ဘာပဲဖြစ်ဖြစ်အကောင်ဆုံးကဒီတစ်လမ်းပဲရှိတယ်လေ။ ကျွန်တော်တို့က မဖြစ်နိုင်လောက်ဘူးလို့စဉ်းစားနေရင် ကိုယ့်ဘက်ကစိတ်ဓါတ်စွမ်းအားတွေလျော့သွားလိမ့်မယ်။

  • Onyx

    April 22, 2012 at 7:16 pm

    မဖြစ်နိုင်ဘူးဆိုတာထက် ဖြစ်နိုင်သလောက်ကြိုးစားကြမယ်ဆိုတာပိုကောင်းတာပေါ့ ဟုတ်ဘူးလား။

  • windtalker

    April 22, 2012 at 7:36 pm

    ကျွန်တော် က တော့ လာမယ့် ၂နှစ် အတွင်းမှာ ၊ အရင်တုန်းကထက် ပိုမိုကောင်းမွန်တဲ့ ဖွဲ ့စည်းပုံ ဥပေဒေ အသစ်ကို အမေစု အကောင်အထည်ဖော်နိုင်မယ် လို ့ထင်မိပါတယ် ။

  • နေဝန်းနီ

    April 22, 2012 at 9:24 pm

    ဆရာ ဦးအောင်သင်း စကားနဲ့ ပြန်ပြောရလိမ့်မယ်..။ သမိုင်းကို ပြောင်းလဲစေနိုင်တာ လူတွေအများကြီးမလိုဘူး…။ လက်တစ်ဆုပ်စာရှိရင်ရတယ်…။ ဥပမာ အောင်ဆန်းတို့ လူတစ်စုနဲ့ သမိုင်းကိုပြောင်းလဲပစ်ခဲ့တာ ကြည့်ရင် သိသာတယ်တဲ့…။ အဲဒိလိုဆိုပိုနေတယ်လို့တောင် ဆရာကြီးကပြောနေဦးမလားမသိဘူး…။

  • ရဲစည်

    April 23, 2012 at 12:25 am

    ဆရာနေရေ… ခက်တာက အဲဒီလူပိုတွေကြောင့်ဘဲဗျာ….စိတ်လေဒယ်

  • kyeemite

    April 23, 2012 at 8:26 am

    ကမ္ဘာ့အင်အားကြီး နိုင်ငံတွေရဲ့ အကြီးအကဲတွေလဲ လာသွားကြပီ…
    ပိတ်ဆို့မှု့တွေကို ဖြေလျှော့တန်သလောက်လည်း ဖြေလျှော့နေပီ..
    ဟောအခုလေးတင်ဘဲ ဦးသိန်းစိန် ဂျပန်သွားလည်လို့ ဂျပန်အစိုးရက
    ကြွေးမြီ ဒေါ်လာသန်းပေါင်းသုံးထောင့်ခုနှစ်ရာကျော် လျှော်ပေးလိုက်ပြီ..
    နိုင်ငံတကာကလည်း ရင်းနှီးမှုတ်နှံမှု့တွေ လုပ်ဘို့တာစူနေပီ..
    စတဲ့..စတဲ့..တစ်သက်လုံးမရခဲ့တဲ့ အလားအလာကောင်းတွေကို
    လက်ရှိအာဏာရပါတီကြီးအနေနဲ့ မျက်ကွယ်မပြုဘူးမှတ်ရတာဘဲ..
    အားလုံးအတွက် အလားအလာကောင်းမကောင်းဆိုတာကို
    ခုတောင်းဆိုတဲ့ စကားရပ်ပြင်ဆင်ပေးပါဆိုတဲ့ NLD ရဲ့ပထမဆုံးခြေလှမ်းအပေါ်
    လွှတ်တော်ရဲ့ တုံ့ပြန်မှု့ကိုကြည့်ရမှာဘဲဗျ…လွှတ်တော်လည်းဒီနေ့စပီဆိုတော့ကာမယ်…
    မျှော်…..

  • ဇွဲမာန်အောင်

    April 23, 2012 at 11:53 am

    အကောင်းဆုံးကြိုးစားရင်းနဲ့ အကောင်းဆုံးတွေကိုဘဲ မျှော်လင့်ကြပါစို့။

  • cobra

    April 23, 2012 at 1:12 pm

    ခက်တယ်..ခက်တယ်…
    မလွယ်ဘူးးးးးးးးး
    ဆုတောင်းနေရုံကလွဲပီးဘာမှမလုပ်ပေးနိုင်ဘူး။
    ဒါပေမယ့်လည်း
    ကျွန်တော်တို့နိုင်ငံဖွံ ့ဖြိုးဖို့လမ်းစတွေအများကြီးတွေ ့နေရပါပီ။

  • ဇောက် ထိုး

    April 23, 2012 at 5:36 pm

    ကျွန်တော် ရေးတတ်အောင်သင်နေသူပါ။အားလုံးကျန်းမာကြပါစေ။

  • Patriotic Burma

    April 24, 2012 at 12:02 am

    AS i learned about NLD, they did as much as they can.And Daw Su is also trying to do as much as she can for our people.I think The Military Government is trying to mess things between NLD,Daw Su and the public.As far as I concerned, U Than Shwe is still behind this government.What do you all think?

Leave a Reply