“သာယာသော ………..စည်ကားသော………အေးချမ်းသော ..လာသင့်သော ပိတ်ချင်းမြောင်”
ပိတ်ချင်းမြောင်ကို အရင်ကရောက်ဘူးပေမယ့် ဓါတ်ပုံမရိုက်တော့ မြင်မြင်သမျှ ကြည့်သာကြည့်လိုက်တယ် အမှတ်တမဲ့ပါဘဲ။
အခုတစ်ခေါက်က စောစောလဲရောက်တော့လူရှင်းတာရယ် ကိုယ်ကလဲ ဓါတ်ပုံရိုက်ချင်တာရယ်ကြောင့် ကိုယ်က သတိထားကြည့်မိတော့မှ
ရိုးသားတဲ့အရပ်ဒေသက ဈေးသည်လေးတွေကိုသတိထားမိပါတယ်။
မီးဖိုပေါ်မှာတင်ထားလို့ အငွေ့တထောင်းထောင်းထနေတဲ့ကောက်ညှင်းထုပ်တွေ၊
ကောက်ညှင်းနည်းနည်းငှက်ပျောသီးမှည့် တစ်ဝက်တိတိပါတဲ့ ငှက်ပျောထုပ်၊
ကောက်ညှင်းကျည်တောက် မြင်သမျှစားချင်စရာ။
မျစ်ချဉ် ၊လက်ဖက်ခြောက်၊စတော်ဘယ်ရီသီးနီနီ၊မက်မန်းဝိုင်၊မက်မန်းသီးဆားစိမ်။
ကြက်သွန်ဖြူ၊ဆတ်သားခြောက် အသည်စုံလို့ပါဘဲ။
ကျနော်အကြိုက်ဆုံးကတော့ ရှမ်းတို့ဟူးသုတ်ပါဘဲ။
တစ်ပွဲမှာသုံးရာ ကောင်းချက်ကတော့ရက်စက်တယ်။
လှိုဏ်ဂူထဲက ဆင်းလာတဲ့ရေတွေကြောင့်ဖြစ်နေတဲ့ရေတံခွန်စမ်းကလဲအေးဆေးလို့သာယာ။
ကဲ သွားသာကြည့်လိုက်ပါတော့……………………….
ကိုပေါက်လမ်းသလားရင်းလက်ဆော့တော့ရလာတဲ့စနက်ရှော့
(24-4-2012)
Post Views: 325
12 comments
windtalker
April 29, 2012 at 10:08 am
ပိတ်ချင်းမြောင်
သိပ်မပျင်းပေါင်
လိပ်ပုလင်းထောင်
အဆိပ်ကင်းကောင်
အတိသဉ္ဖာ နာဂရချစ်သူ
April 29, 2012 at 10:20 am
ကိုပေါက် တောင်ကြီးဖက်က ဓါတ်ပုံတွေတင်ပါအုံးဗျ
ပိတ်ချင်းမြောင် ကို မရောက်ဘူးသေးတော့ ကျေးဇူးပါဗျ
TTNU
April 29, 2012 at 10:31 am
ကိုပေါက်ရေ…
ပုံ(၁၂)၊ (၁၅) သိပ်ကြိုက်။
“ကျနော်အကြိုက်ဆုံးကတော့ ရှမ်းတို့ဟူးသုတ်ပါပဲ။
တစ်ပွဲမှာသုံးရာ ကောင်းချက်ကတော့ရက်စက်တယ်။”
ငါလည်းရက်ရက်စက်စက်ကြိုက်။ 😛 shalut shalut yummy yummy!
လူ ဟား
April 29, 2012 at 11:28 am
အလန်းကလေးတွေလည်း တွေ့လိုက်ရတယ်။ လာမယ်ဗျာ ခရီးစားရိတ် ကိုပေါက် ပိုက်ပိုက်လေး မစ ပါ။
Mလုလင်
April 29, 2012 at 11:33 am
ကောက်ညှင်း ထုတ်က တော့ လွှတ်ကောင်းဗျို ့ … ကျွန်တော် ပိတ်ချင်းမြောင် ကိုရောက်တုန်းက လွန်ခဲ့တဲ့ နှစ်ပတ် က အဲ့ အဝင်လမ်း နားက ဂျုံခင်း ကြီးကို အပေါ်စီးက ကြည့်ရတာ .. လွှတ်မိုက် ကိုးဗျ .. အဝါတစ်ကွက်၊ အစိမ်းတစ်ကွက်၊ အနီတကွက် (မြေကြီးက အလိုလို နီ) တစ်ယောက် ထဲ photo trip ထွက် တာမဟုတ်လို့ … လှ ရင်လှတယ် မှတ်ပြီး မရိုက်ခဲ့ ရပါကြောင်း၊ လွန်စွာ တစ်သသ ဖြစ်ရပါကြောင်း …
မဟာရာဇာ အံစာတုံး
April 29, 2012 at 11:42 am
ဖေဂျီးရေ ..
ပိတ်ချင်းမြောင်က လူတွေ အတော်စည်တာပါပဲလားဂျ …
အဲဒီ ရေတွေထဲမှာ လျှောက်သွားလိုက် ချင်မိသေး ..
ရေတွေထဲမှာ ဆော့ကစားမယ် ..
ပြီးရင် ကောက်ညှင်းပေါင်း ပူပူလေးကို လွေးလိုက်မယ် ..
ဘယ်လောက် မိုက်လိုက်သလဲ .. လို့ ..
ဗိုက်ကလေး
April 29, 2012 at 2:56 pm
ပျော့်စရာကြီးဗျာ..
ထီပေါက်ရင် ဟန်းနီးမွန်းထွက်ဦးမယ် အူးလေးရာ..
ရေလည်သွားချင်တယ်..ဂယ်ပဲ
မဟာရာဇာ အံစာတုံး
April 29, 2012 at 3:06 pm
လူက ဆံဖြူ၊ သွားကျိုးဒေါ့မယ်
ခုထိ ဟန်းနီးမွန်းချင်တုန်းလား တိုဗိုက်ရဲ့ … 😀
ပြီးတော့ တိုဗိုက် ရေလည် သွားချင်နေတဲ့ တကယ့် နေရာက
ဘီအီးဆိုင်မဟုတ်လား …. 😀 😀
ဗိုက်ကလေး
April 29, 2012 at 7:23 pm
သိဘူး.သိဘူး..
များက ပျော့်ပျော့်ပဲ နေချင်တာ 😀
ဆူး
April 29, 2012 at 3:09 pm
တက်လိုက် ကျလိုက် ကိုးနတ်ရှင် နဲ့ ကောက်ညှင်းထုတ် အထိပဲ မြင်ရတယ်။ နောက်နေ့မှ တခေါက် ကျန်တာတွေ ပြန်လာကြည့်မယ်။ ဒါဗြဲ.. ဟွန့်..
Onyx
April 29, 2012 at 7:14 pm
အရင် အရင် နှစ်တွေထက် ပို ပြီး စည်ကားလာဒလယ်နော် ပိုပျော်ဖို့ ကောင်းမှာပဲ
kyeemite
April 30, 2012 at 4:17 pm
ကိုပေါက်ကတော်တော် ရှာဖွေရိုက်လာတာဘဲ
သစ်မင်းတော့သဘောကျတယ်ဗျာ ကျွန်တောင်္ရောက်ရင်တော့ဝယ်ဖြစ်အောင်ဝယ်မယ်..
ဒါနဲ့ကြည့်ရတာ ငြုပ်ဆုံတွေလိုဘဲနော်..ကိုပေါက် ဈေးမေးခဲ့ရင် သိချင်သား…