မဟာဗျူဟာမြောက် ပြာလဲ့သော သမုဒ္ဒရာ
ထိပ်ဆုံး ဝန်ခံထားချင်တာတော့ ဒီအကြောင်းတွေ ရေးချင်တဲ့ စိတ်တော့ ဖြစ်ခဲ့ဖူးပါတယ်…
ဒါပေသိ ..အော်ရီဂျင်နယ် စာအုပ်ကို ကျနော် ဖတ်ဖူးခဲ့တာမဟုတ်…
ကျနော် ဖတ်ဖူးခဲ့တာ ၂၀၀၈နှစ်ရောက်တော့မှ အဆိုပါ စာအုပ်ထဲက အကြောင်းအရာတွေ
ခြုံငုံသုံးသပ်ထားတဲ့ case-studies တွေ ဖတ်ဖြစ်တာပါ ….။
ဟုတ်ပါတယ် ..ကျနော် ဆိုလိုချင်တာ ..Blue Ocean Strategy ပါ..။
ဟိုတရက် ဘဘဘလက်က ရေးဖို့ တာဝန်ပေးလာတော့ …ဟုတ်ကဲ့ရေးပါ့မယ်ပေါ့….။
ကျနော်ခပ်ပေါ့ပေါ့ ပြောထားလိုက်မိတယ်… ဒါပေသိ …သိတော်မူသည့်အတိုင်း …
business models တွေ know-how တွေဟာ အချိန်နဲ့ တပြေးညီ ပြောင်းနေတာဆိုတော့
သည်ကနေ့ လက်ခံထားတဲ့ Blue Ocean Strategy ဟာ မူလ ပုံစံမဟုတ်တော့တာ တွေ့ရ
ပါတယ်…။
ပြောရရင်တော့ …သဂျီးတို့ အမေဒစ်ကင်န် က လူလည်ဂျီးတွေပေါ့ဗျာ …
နာမည်ကျော် Who Moved My Cheese? 1998 ကိုတောင် I moved your cheese တို့
Moving with the chese တို့ လိုက်ထုတ်ပြီး ဝေဖန် ပြင်ဆင် critisize လုပ်ကြသေးတာရယ်.
သည်တော့ .. ကမာ္ဘ့ဥပဒေသ .. နာမည်ကျော် အဆိုအမိန့်များကို ချက်ကြလက်ကျ
သမ နိုင်ပြီး ကိုယ်ပိုင် မော်ဒယ်တခု တင်သွင်းနိုင်ပါက ..ကမာ္ဘကျော်အံ့ ….
(ကြပ်ပေးတာ ..မယုံနဲ့ ….)
ကဲပါဗျာ ..Blue ocean ကိုပဲ အလွယ်လေး ရေးကြည့်ပါဦးမယ် …. ။
မောင်ဂီ့တယောက် စမ်းချောင်းထဲမယ် .. အထမ်းနဲ့ ..ရွှေရင်အေး လှည့်ရောင်းသတဲ့ …။
၁နှစ်၂နှစ် လုပ်စားလာတာ ကိုယ့် ပိတ်သတ်နဲ့ကိုယ် ပုံမှန်လေးရောင်းရ ..ပုံမှန်လေး
ဝင်ငွေရ ..မဆိုးဘူး ဆိုတဲ့ အနေအထား …။ အဲ့… တိုက်ခန်းတွေ ပိုဆောက်လာကြ လူတွေ
ပိုပြောင်းလာကြတော့ လူဦးရေတိုးတာနဲ့ အတူ ပိုတောင် ရောင်းကောင်းလာနိုင်မယ့်
အနေအထားတွေ မြင်ရလေရဲ့ဗျာ…။
Chances always come along with risks. ခက်တာက … သည်အခွင့်အလမ်းကို
မောင်ဂီ တယောက်ထဲ မြင်တာ မဟုတ်ဝူးလေ…။ ကြည့်မြင်တိုင်က မုန့်လက်ဆောင်းသည်
ခပ်ကင်းကင်း ဆိုတဲ့ ဆြာကလည်း မြင်သတဲ့ …။ သူသည်သာ စမ်းချောင်းကြည့်မြင်တိုင်
မားကတ်ကို လွှမ်းမိုးနိုင်မယ်ဆိုရင် ဆိုတဲ့အတွေး ဆိုပါတော့ …။ သိတဲ့အတိုင်း လမ်း၂ဆလောက်
ပိုလျောက်လိုက်ရင် (ဝါ) လူငှားတယောက်လောက် ဆွဲခန့်လိုက်ရင် ရောင်းအား ဘယ်လောက်
တက်လာမယ်..ဘယ်လောက် ပိုကိုက်လာမယ် ဆိုတာ သူမြင်ပါသတဲ့ ….။ အဲ့သည့်မှာပဲ
ဒန်အိုး၂လုံးနဲ့ ထမ်းပိုးပြေးဝယ်ပြီး သူ့ယောက်ဖ ကိုရင်စည်သူကို စမ်းချောင်းဒေသ အရောင်း
ကိုယ်စားလှယ်တော် ခန့်အပ်လိုက်ပါတော့တယ်ဗျာ…။
တချိန်တည်းမှာပဲ … ရခိုင်မုန့်တီသည် အီးတီနဲ့ ရှောက်သီးသုတ် လှည်းဆြာ ပေါက်ဖော်တို့ဟာ
လူနေထူထပ်တဲ့ ဒီဒေသကို မျက်စိကျကြသတဲ့ …။ ထမ်းပိုး-၃ချောင်းနဲ့ လှည်း၁လှည်း ..
ဇာတ်လမ်းကတော့စပြီ ….။
သည်အထိဖြစ်စဉ် ကို သုံးသပ်ရရင် ထိပ်ဆုံး မောင်ဂီ့ တယောက်တည်း ရောင်းနေတုန်းက
Blue Ocean အေးဆေး … ။ တော်ရုံလေး လုပ်.. ဆက်ဆံရေးလေး သာမာန်လောက်ကောင်းရုံ..။
စာစကားနဲ့ ရေးပါဆို အောင်မှတ်ရယုံလောက်နဲ့ အိုခေတယ်ပေါ့ဗျာ … အဲ့…Growing market
မို့ လို့ ပိတ်သတ်တွေနဲ့အတူ ပြိုင်ဖက်တွေပါ ပေါများလာတဲ့အခါ… ဒန်တန့်တန် …..။
ကြည့်မြင်တိုင် မုန့်လက်ဆောင်းသည် ခပ်ကင်းကင်း က ပိုကောင်းတဲ့ ပေါင်မုန့်ကို သုံးပြီး
…….တိမ်လိုမြင့်သွားလိုက် တိမ်လို ပြိုလဲလိုက် ….စေညွှန်ရာလွင့်ခဲ့ …အချစ်ရဲ့ လေညှင်းနဲ့ ..
နူးညံ့တဲ့ မုန့်လက်ဆောင်း… လို့ သီချင်း အော်ဆိုပြီး ဈေးကွက်ကို ဖောက်ပါသတဲ့ …..။
မောင်ဂီ့လည်း အရင်လို ရိုးရိုးကြီး သွားနေလို့ မရတော့တဲ့အနောက် … နွယ်ပင့်ချစ်ချစ် နာမည်ပါတဲ့
ရောင်စုံကျောက်ကျော ပြောင်းသုံးကာ ကိုယ်တိုင်လည်း လူရိုင်းခေါင်းစွပ် စွပ်လို့ ..အရောင်များနဲ့
ကခုန်ခြင်း ဆိုပြီး တန်ပြန်ပါသတဲ့ …။ ပြိုင်ဆိုင်မှု ကတော့ ပြင်းထန်လာပြီနော …။ သည်အချိန်….
ထုတ်ကုန်အမျိုးအစားအနေနဲ့ တိုက်ရိုက်မတူညီပေမယ့် … အဆာပြေ စားစရာ မုန့် ဆိုတဲ့
category ထဲ အကျုံးဝင်နေလေတော့ … (အစားထိုး အသုံးချပစ္စည်း အမျိုးအစားဖြစ်လေတော့)
ရှောက်သီးဆေးပြားသည် အဲ့လေ ..ရှောက်သီးသုတ်သည် ကပေါက်ဖော်က ဂျာနယ်လက်ပွေ့ရောင်းတဲ့
ကိုဘလက် ကို ဘီအီးတိုက် စည်းရုံးပြီးသကာလ …word-of-mouth နဲ့ သွားပါတော့တယ်…။
အဲ့သည့်ကစလို့ ကိုဘလက်တယောက်ဟာ .. ဂျာနယ်လာဝယ်-လှန်လှော ဖတ်ရှုသူတွေကို အသစ်ရောက်တဲ့
ရှောက်သီးသုတ် ဘယ်လိုကောင်းကြောင်း ချီးမွမ်းခန်းဖွင့် တတ်ပါသတဲ့ …
ရခိုင်မုန့်တီသည် အီးတီကလည်း မခေပါဘူး … တလောလေးက စမ်းချောင်းထဲနေတဲ့ တောင်ပေါ်သူမင်းသမီးလေး
တလက် သူ့ ရခိုင်မုန့်တီကို ဝယ်စားဖူးကြောင်း ကွမ်းယာသည် ဒေါ်ကြီးမိုက်ကတဆင့် … ဘယ်မင်းသမီးတောင်
စားတဲ့ မုန့်တီ ဟ ဆိုပြီး ဖွပါတော့တယ်… influencer ကို buzz နဲ့ ရောသုံးတဲ့ အနေအထားပါ….။
သည်လိုနဲ့ သန်ရာ သန်ရာ ..ရင်ဆိုင် ယှဉ်ပြိုင် အနိုင်နွှဲနေရင်းနဲ့ … Red Ocean Strategy အသွင် ဖြစ်လာပါ
တော့တယ်…။ M. Porter နှစ်ပေါင်းများစွာကတည်းက ပြောသွားတာပါ… (ဝေဖန်သူတွေ ကယနေ့ခေတ်
ဆီလျှော်မှုမရှိတော့ လို့ ..ပြောပေမယ့် မြင်သာအောင် ဒါလေး ကိုသုံးပါ့မယ်..) Porter’s Five Force, Force Field Analysis ကြိုက်သလို ခေါ်နိုင်ပါတယ်…။
ဈေးကွက်ကို ခွဲခြမ်းစိတ်ဖြာကြည့်ရင် … အင်အားစု ၅ခုရှိပါသတဲ့ ..
၁။ အတွင်းဆုံးဖြစ်တဲ့ ဈေးကွက်အတွင်း ရှိပြီးသား အချင်းချင်း ပြိုင်ဆိုင်မှုပါ…
အထက်ပါ ဈေးသယ်တွေ ပြိုင်ကြတဲ့ သုံးကြတဲ့ နည်းတွေ ကိုကြည့်ရင် သိနိုင်ပါရဲ့ဗျာ..
၂ ။ မူရင်း ထုတ်ကုန်ပစ္စည်း ထုတ်လုပ်သူတွေရဲ့ Power ဖြစ်ပါတယ်…
ဥပမာ ဈေးကွက်ထဲမှာ ရှောက်သီး ဈေးတက်ရင် ပစ္စည်းပြတ်ရင် …ကပေါက်ဖော် နားကားမှာဖြစ်ပါတယ်…။
တချို့သော လုပ်ငန်းတွေရဲ့ သဘောဟာ ထုတ်လုပ်သူ ကို အလွန်အမင်းမှီခိုနေရတာ ရှိတတ်ပါတယ်…။
၃။ စားသုံးသူတွေရဲ့ Power ဖြစ်ပါတယ်…။
စားသုံးသူ ကို အလေးမထားတဲ့ ဘယ်လုပ်ငန်းမဆို customer is king ဆိုတဲ့ ခေတ်ရောက်ရင်
သေမှာ မြေကြီးလက်ခတ် မလွဲပါပဲ ..။ခေါက်ဆွဲသုတ်သယ် ကိုဝတုတ်ဖြစ်ပါတယ်…
ဇီဇာကြောင်တဲ့ အာပျိုဂျီးဒေါ်ဆူး နဲ့ ..ရွံတတ်တဲ့ ဟို မူလတန်းဆြာမ လေး ဝယ်စားတုန်းက
လက်မဆေးဘဲ ဇိကနဲ ဇိကနဲ ….(ဟိုက် ရေးမိပြန်ပဟ..)နယ်ပေးလိုက်လို့ …အဲ့သည့်အိမ်တွေကို
နောက် မရောင်းရတော့ တာ ကိုယ်တွေ့ဖြစ်ပါတယ်…။
၄။ အသစ်ဝင်လာမယ့် ထုတ်ကုန်တွေ နဲ့ အတားအဆီးများ…။
တူရ ဆိုတဲ့ ရွှေရင်အေးသယ် အသစ်တယောက် ရောက်လာမယ် ဆိုပါစို့ …. မိတ်ဟောင်း တွေရှိတာ… ။
သည်အရပ်သည်ဇာတ်ကို သိတာ လမ်းကျွမ်းတာ ..စတဲ့အနေရာတွေမှာ မောင်ဂီ့ ကို မယှဉ်နိုင်ပါဘူး …။
သူဝင်လာဖို့အတွက် အတိုင်းအတာတခုထိ အတားအဆီးဖြစ်စေမှာ မလွဲပါဘူး ..
သိတော်မူသည့်အတိုင်း အောက်ကြေးနဲ့ လိုက် ဆော်ရင်တောင် အမြဲတစေ မှန်ကန်မှာမဟုတ်ပါဘူး ..။
အပြန်အလှန်အားဖြင့် မောင်ဂီ့ အတွက်လည်း .. တခါတရံ မုန့်ဖတ်ချဉ်တာ .မသန့်ရှင်းတာ .. ဝန်ဆောင်မှု
မမြန်ဆန်တာ ..ဒါတွေကို မပြင်နိုင်ရင် ..ရေရှည်မှာ ကိုယ်ပဲ
နားပြန်ကားဖို့ ရှိတယ်ဆိုတဲ့ အချက်ပေး ခေါင်းလောင်းသံ ဖြစ်ပါရဲ့..။
၅။ အစားထိုးပစ္စည်းများရဲ့ ပါဝါ…။
ဟုတ်ကဲ့ ..မီးပွိုင့်ထိပ်မှာ အဖြောင်ယူ ဆိုတဲ့ လက်ဖက်ရည်ဆိုင် အကြီးကြီး တခု လာဖွင့်ပါတယ် …
စမူစာ နံပြား ပူတီ ဆိုရင် ကီလားအချက်ဆြာလေး လုလင် အီကြာကွေး ပေါက်စီ ဆိုပါက တီလုပ်ဆြာ
ကိုရင်မောင် နဲ့ရှမ်းခေါက်ဆွဲ ထမင်းချဉ် မိုင်ဆွန်ခ ဆိုပြီး အင်အား အစုံအလင် နဲ့ ပွဲထွက်လာတယ်..ဆိုပါစို့ ….။
ကျုပ်တို့ အထမ်းသမား လှည်းဆြာ တွေ ရောင်းတဲ့ ပစ္စည်းတွေကို အစားထိုးမယ့် သွယ်ဝိုက် ပြိုင်ဖက်တွေ ဖြစ်ပါတယ်…။
သည်ကြားထဲ ရာသီပေါ် မချစ်ဆု ရောင်းတဲ့ ချစ်ရင်ထူးတို့ တွေ ..ဒူးရင်းသီး နဲ့ ကျွဲကောသီး ဆိုက်ဂျဲရိုးနဲ့ဖြန့်တဲ့ ဝါးတားမဲလုံး .. ။ပျားလိမ္မော်နဲ့ တရုတ်ဆီးသီးလက်လီရောင်းသူ ကိုကိုကမ်း တို့ကို ထည့်တွက် ကြည့်မယ် ဆိုရင်ဖြင့် … မလွယ်ဝူးနော..
ဆိုင်တွေနဲ့ ယှဉ်မယ်ဆို ..သူတို့သည် service, convenience ဖြစ်မှု ပိုင်း နေရာထိုင်ခင်းပိုင်း သာပေမယ့်
ကျုပ်တို့ တွေက ပိုမို mobile ဖြစ်လေတော့ …. မိုးရွာတဲ့နေ့တွေ နဲ့ သိပ်ပူတဲ့နေ့တွေမှာ ကျုပ်တို့ ဈေးကွက်အသာစီး
ရလေ့ရှိပါတယ်… သည်လောက်ဆို …
အဆာပြေ မုန့်ရောင်းတဲ့ လောက ရဲ့ Red Ocean ကို မြင်နိုင်မယ် ထင်ပါတယ်ဗျာ …။
အထက်မှာ ရေးခဲ့တဲ့ ပါဝါ-၅မျိုးရဲ့ … မျှချေကို ယူပြီး USP(Unique selling point) ကိုဆွဲထုတ်နိုင်ဖို့
တကယ်အရေးကြီးပါတယ်…။ why should i buy from you ပဲ ပြန်ပြောချင်ပါတယ်…။ ပြိုင်ဖက်ကို အပုတ်ချတာ
ဝေဖန်တိုက်ခိုက်တာ ..ချောက်တွန်းတာ ခေတ်မရှိတော့ဘူးပဲ မှတ်ပါတယ်…
(ဒါမှမဟုတ် မလုပ်ကောင်းဘူးပဲမှတ်ပါတယ်…)
ဘယ် ဘစ်ဇနက်စ် စာအုပ်မှာမှ သူတပါး စီးပွားကို သတ်တဲ့နည်း မပါပါဘူး … ဒါပေမယ့် ကိုယ်ခံပညာများလိုပေါ့…
ကိုယ်မခံရအောင် ကာကွယ်ရင်း ..ကာကွယ်ရင်း … (အဟီး … ပြောလော့ဘာဘူးအေ…)
ပြိုင်ဆိုင်မှုပြင်းထန်တာ ကောင်းပါတယ်… ယှဉ်ပြိုင်ရင်း ကြိုးစားရင်း ပိုကောင်းတဲ့ မနက်ဖြန်ကို သွားတယ်ပဲ မြင်ပါတယ်…
ပြိုင်ဘက် ဆိုတာ ပြိုင်ဖို့ ဖက်ထားကြတဲ့ သူငယ်ချင်းကောင်းလို့ မြင်ကြည့်ရင် ပိုလှမလားပဲ …ပြိုင်ဘက်ကို သတ်ရင်
ကိုယ်ပါ သေတတ်ပါတယ်…။ တခါက လူတိုင်းမသုံးတဲ့ ..ဆေးဝါးဆန်တဲ့ ..အလှကုန်အမျိုးအစားတစ်မျိုး ဖြစ်ပါတယ်…
သူတို့ဟာသူတို့ သုံးတဲ့လူကလည်းနည်း ထုတ်တဲ့လူကလည်း အေးဆေး ..ကိုယ့်ရှယ်ယာလေးကိုယ် စားပြီးနေနေတာ..
သည်ထဲကတယောက် လောဘတက် ပြီးသကာလ ပလိန်းကြီး Red Ocean ထပြောင်း ပြိုင်ဘက်တွေ လိုက်သတ်….
သေသွားတဲ့ ပြိုင်ဘက်တွေက သူတို့ ရှယ်ယာတွေကို အလှကုန်ထုတ် လုပ်ငန်းကြီးတွေကို ပြန်ရောင်းစားပြီး
အထုပ်ပိုက်ထွက်သွားကြ….။ ဈေးကွက် တခုလုံးအနေနဲ့ မကြီးပေမယ့် dorminent လုပ်ထားနိုင်ရင် စားရတယ်
ဆိုတာ မြင်လာတဲ့ big players တွေဟာ နောက်ဆုံးမှာ အဆိုပါ ခပ်စွာစွာ Red Ocean ဆြာသမားကို ပြန်သတ်ပြီး …
သူတို့ ပိုင်တဲ့ ကွင်း လုပ်ပစ်သွားတဲ့ …သာဓကလေး ဖတ်ဖူး နာဖူးပါရဲ့….။
ကျနော့် ခံယူချက်ကတော့ လောကမှာ Blue Ocean ဆိုတာ မရှိပါဘူး(ရှိလည်းခနပေါ့) ..နေရာတိုင်းဟာ Red Ocean ပါ…
နောက်ပိုင်း Purple Ocean ဘာညာ ..အယူအဆသစ်တွေ ထွက်လာပေမယ့် … အရိုးဆုံးဟာ အဆန်းဆုံးဖြစ်တတ်လို့…
Strategy, Framwork, Road Map, Cycle, ဒါတွေထက်စာရင်.. မိမိ ကိုယ့်ကိုကိုယ် ပဲ ကောင်းအောင်ကြိုး ခြင်းကသာ ..
မပြောင်းလဲတဲ့ အမှန်တရား ဖြစ်မယ် ထင်ပါကြောင်း…
မနေ့ကဖြစ်ပါသည်..။ နာမည်ကျော် ေြမာင်းမြဒေါ်ဝေဝေက သူ၏ ၁၅ဆိုင်မြောက် ဆိုင်ခွဲ ဆိုင်းဘုတ်တင် အခမ်းအနား
အဖြစ် မိတ်ဆွေတွေကို အခမဲ့ မုန့်ဟင်းခါးနှင့် တည်ခင်း ဧည့်ခံလျက်ရှိ၏။ မုန့်ဖတ်စက်ရုံပိုင်ရှိင် သာထိန်းမဂျီး
မာမားသည် ဆိုင်၏ ထိပ်ဆုံးစားပွဲ၌ ဒေါ်ဝေဝေနှင့်အတူ စကားလက်ဆုံကျလျက်ရှိသည်…။ ဒါ့ပုံမှတ်တမ်းဆြာ မှော်ဆြာ၏
နောက်ဖက်မှ ဝိုင်းတွင်ကား .. အကြော်လက်ကားသွင်းသူ အန်တီ ဝေါင်း နှင့် ငံပြာရည်ကုန်သည် လေးပေါက်တို့ ထိုင်နေ၏ ။
ဆိုင်နီးနားချင်းလည်းဖြစ် အရွယ်လည်း မတိမ်းမယိမ်း တူသော ကချင်သွေးဆေးကြက်သားပေါင်းဆိုင်ရှင် ရိုစ့်အား ..
ယိုးဒယားသင်္ဘောသီးထောင်းသည် ခိုင်ခိုင်မှ ..အိမ်ကလူကို တစ်စစီလုပ်ပစ်ချင်စိတ်အပေါ်အခြေခံပြီး သူမ၏ ဘစ်ဇနက်မော်
ဒယ်ကို တည်ဆောက်ထားကြောင်း ပြောပါသည်…။ စီဂျေကြီး ကိုထူးဆန်း က ဝါသနာတူ ဦးဖက်တီးအား ကိုဘလက် ဆီမှ
ဝယ်သည့် ဂျာနယ် အချပ်ပို ပါမလာကြောင်း မကျေမချမ်း ဆိုနေ၏ ။ ကိုဘလက်ကတော့ မုန့်ဟင်းခါး အရသာခံစားရင်း
…ဒီဆိုင်လေးသာစည်ကားလာပါက ..ဆိုင်ရှေ့နားလေးတွင် သူ့တူမ မယ်ပု ကို ဂျာနယ်၁ဗန်းနှင့် လာထိုင်ခိုင်းမည် တွေးနေပါသည်….။ သူမသိသောအချက်သည်ကား သူ့ဂျာနယ်တိုက်ပိုင်ရှင် ကိုခိုင်သည် အခြားနာမည်ကျော် ထုတ်လုပ်သူ
ကိုကိုကြောင်ကို ယှဉ်နိုင်ရန်အတွက် …သမားရိုးကျ လက်ပွေ့သမားတွေထက် ..လပေးနှင့် door-to-door အရောင်းသမများကို
ရှေ့လမှ စပြီး စမ်းသပ် သုံးဆွဲရန် ဆန္ဒရှိနေခြင်းပင်ဖြစ်ပါတော့ သတည်း…။
တကယ်တော့ ကျနော်တို့အားလုံး ဈေးရောင်းနေကြပါ၏။ ဈေးကွက် အနေအထားအရ ..တခါတရံ ရောင်းသူ..
တခါတရံ ဝယ်သူ ။ တခါတရံမှာ supplier တခါတရံမှာ consumer …..။ သည်လိုပါပဲဗျာ ….
မောဘီ
တော်သေးဘီ
ခင်တဲ့
ဂီ
37 comments
kotun winlatt
April 26, 2012 at 1:13 pm
ရောင်းသူဝယ်သူ ကြည်ဖြူတဲ့အခြေအနေမှာ…
ရောင်းနိုင်ဝယ်နိုင်ကြသူတွေဖြစ်နိုင်ကြပါစေ…။
ရောင်ခြည်ခ
April 26, 2012 at 1:16 pm
ဒီဘက်မှာတော့ အင်တာနက်ဆိုင်တွေကအရမ်းများတော့ ဆက်ဆံရေးကောင်းတဲ့ဆိုင်မှ လူရှိတယ်၊ အဲ့ဒါကြောင့် အင်တာနက်ဆိုင် လူနည်းသွားရင် ဘာကြောင့်လဲ ဆက်ဆံရေးမကောင်းလို့လား၊ ကွန်နက်ရှင် မကောင်းလို့လား၊ စသဖြင့်ပေါ့ စုပြီး ဆွေးနွေးပွဲလေးလုပ်ပြီး တိုင်ပင်ဖြစ်ကြတယ်၊ တကယ်တော့ ဝန်ဆောင်မှု့က အဓိကဖြစ်လာတယ်လို့ထင်ပါတယ်၊ တစ်ခါကပေါ့ ကျနော် ခိုတောင်မုန့်တီစားချင်တာနဲ့ မုန့်တီသည်တွေ့တော့ မုန့်တီတစ်ပွဲဆိုပြီး ဝယ်လိုက်တယ်၊ အဲ့ဒီမှာ မုန့်တီသည်က မုန့်ပြင်ခါနီးမှာ သူ့ထမီစနဲ့ လက်ကိုသုတ်လိုက်တယ်၊ ပြီးတော့ မုန့်တီကို ပြင်ပေးတယ်၊ အဲ့ဒီကတည်းက သူ့ရှေ့မှာ မုန့်တီကို လွှင့်မပစ်ချင်လို့ ဒီတိုင်းလေးဝယ်လာပြီး လမ်းကျမှ အမှိုက်ပုံးထဲထည့်လိုက်တယ်၊ အဲ့ဒီမုန့်တီသည်ဆီကလည်း ဘယ်တော့မှ ဝယ်မစားဖြစ်တော့ဘူး၊ … 🙂
Moe Z
April 26, 2012 at 1:35 pm
မနေ့ကပဲ ဝန်ထမ်းတစ်ချို့အတွက် ယူနီဖောင်းချုပ်ပေးဖို့အထည်ဆိုင်တွေရောက်ခဲ့တယ်
ပထမတစ်ဆိုင်က ကျဉ်းတယ် အထည်စတွေမစုံဘူး
ဒုတိယတစ်ဆိုင်က အခင်းအကျင်းပုံစံကောင်းတယ် ပိတ်စတွေစုံတယ်
ဆက်ဆံရေးမကောင်းဘူး သဘောကျတဲ့အထည်စတွေ့ပေမယ့် မဝယ်ပဲပြန်ထွက်လာတယ်
နောက်ဆုံးတစ်ဆိုင်က အထည်တွေအမျိုးအစားစုံတဲ့အပြင် သူတို့ဆီမှာ တစ်ခါတည်းချုပ်လို့ရတယ်
ဆက်ဆံရေးကကောင်းလွန်းတယ် မဝယ်ပဲနဲ့ကို ပြန်မထွက်ချင်လောက်အောင်ပဲ
အဝတ်အစားကို ချုပ်မဝတ်ပဲရယ်ဒီမိတ်ဝတ်နေကြပေမယ့်
အဲဒီမှာ ပွဲတက်အဝတ်အစားတစ်စုံလောက်ချုပ်ချင်စိတ်ဖြစ်မိတယ်
ပြီးတော့ ထုံးစံအတိုင်း မိတ်ဆွေသူငယ်ချင်းတွေကို လိပ်စာကဒ်လေး လက်ဆင့်ကမ်းလိုက်တာပေါ့ 🙂
(မနေ့တည်းက အဲဒီဆက်ဆံရေးကျဲတဲ့ဆိုင်အကြောင်းကို အတင်းပြောချင်နေတာ)
weiwei
April 26, 2012 at 1:50 pm
အခုတလော မုန့်ဟင်းခါးမရောင်းပဲ ဦးနှောက်ဖောက်ရောင်းကြည့်တာ အတော်အဆင်မပြေဖြစ်နေတယ် …
ဘရင်းဒက်ဖြစ်ပြီးသာ မုန့်ဟင်းခါးပဲ ရောင်းတာအေးပါတယ် .. 😛
Wow
April 26, 2012 at 2:49 pm
အန်တီဝေရေ အကြော်လာပို့မယ်…
အကြေတွေပြန်ပေးလို့မရဘူးနော်… လေးပေါက်ဆီကော ငံပြာရည်မှာဦးမလား…
😛
Moe Z
April 26, 2012 at 3:27 pm
ဆီသန့်ဗူးတော့ ထည့်မကြော်ပါဘူးနော် 😀
Wow
April 26, 2012 at 4:48 pm
ရှုးတိုးတိုး…
လျှောက်မပြောရဘူးအေ့… ဒါမျိုး…
😛
Inz@ghi
April 26, 2012 at 10:39 pm
ရေသန့်ဗူး လုပ်ပါ
ဇီးညလေး ရယ်…
အာဟိ .. ဒက်ဂလောက်
Moe Z
April 27, 2012 at 12:31 pm
ဪ .. ဆီသန့်ဗူးတွေ ဒီလောက်ကြော်ငြာနေတာကိုကွယ်
အနားမှာ အဲဒီဗူးတွေထောင်ထားလိုက် မသိရင်ဆီသန့်နဲ့ကြော်တယ်ပေါ့
ရေသန့်ဗူးကမှ ရေမစစ်ရင်ဆီတွေထပေါက်နိုင်သေး
amatmin
April 26, 2012 at 2:02 pm
ဥပဒေသ..အနေနဲ့ ခဏတာ ဘလူးအိုးရှင်း အတွင်း ပျော်မွေ့နေခြင်းထက်..
နောင်ကြုံရမည့် အနီရောင်သွေးခြယ် တိုက်ပွဲအတွက်..ပြင်ဆင်ထားမှုုသည်သာ..
အကောင်းဆုံးခံစစ်နှင့် အသင့်တော်ဆုံး တို်က်စစ်ဖြစ်ကြောင်း သိမှတ်သွားပါ၏..။
မဆိုင်တာ မန့်မိရင်တော့ ဆောရီးပါ ကိုဂီေ၇.. 🙂
Inz@ghi
April 26, 2012 at 10:54 pm
ဟာ … မဟုတ်တာ ကိုမတ်ရယ်..
ကိုယ့်ဆြာရေးချလိုက်တာက ကျနော် ပြောလိုတဲ့ ဆိုလိုရင်းပဲဟာ…
အားပေးတာ ကျေးကျေးပါဗျို့…
manawphyulay
April 26, 2012 at 2:15 pm
အင်း ရောင်းသူဝယ်သူ အသံတူတွေ ကြည့်မြင်တိုင်မြို့နယ်မှာ ခြေချင်းလိမ်နေပြီ ကိုယ့်ဈေးကွက်ဘက်ကို ကူးမလာအောင် ဗေဒင်ဆရာနဲ့ ယတြာလေးဘာလေး လုပ်ထားဦးမှပဲ။ နို့မို့ဆို ဈေးကွက်လာလုနေလို့ ငတ်နေဦးမယ်…. ဟေး လက်ပွေ့ရောင်းသမားတွေ တွန်းလှည်းနဲ့ရောင်းသမားတွေ အထမ်းသမားတွေလည်း စည်ပင်က အခွန်ကောက်နေတယ်နော် သတိထားကြဦး…. 😛
kai
April 26, 2012 at 2:30 pm
မုန့်ဟင်းခါးဆိုလို့.. ရွာသူမမမိတ်ဆက်ပေးလို့.. ခေါ်လို့ရလိုက်တဲ့.. မြောင်းမြဒေါ်ချိုကြော်ငြာဝင်မယ်ဗျာ…
ဘီလူးစီး(blue Sea)စီး.. သရဲစီးစီး.. ဘေးချိပ်လိုက်မယ်..။ 😆
မြောင်းမြဒေါ်ချိုမုန့်ဟင်းခါး.. အယ်လ်အေလာမယ်ဗျို့..။ ယူအက်စ်တဝှမ်းမှာ.. အယ်အေတမြို့ပဲ..
တခြားပြည်နယ်ကလူတွေ.. လက်ဆင့်ကမ်းပါ.. အသိပေးပါ..။ လာစားပါ..။
ဗိုက်ကလေး
April 26, 2012 at 3:12 pm
ပဲကြော်နဲ ့ တစ်ပွဲလောက် ပေးဘာ
မုန် ့ဟင်းခါးဘိုးကို ပွိုင့်ထဲက နှိမ်လို်က်ဘာ အဒေါ်ရီး
MaMa
April 26, 2012 at 6:13 pm
လေထဲကပဲ စားရပြီး ကိုယ်ရမယ့် ပွိုင့်လေး အနှိမ်ခံနေရဦးမယ်နော်။ 😀
zarzarhtwe
April 27, 2012 at 4:38 am
လေယာဉ်တနေလုံးစီးပြီးလာစားရမှာဆိုတော့….
ရယ်ဒီမိတ် အခြောက်ထုပ် ထွက်ရင်ပိုကောင်းမယ်
စကားမစပ်
ဘာငါးနဲ့ချက်မှာလဲဟင်
FattyCat
April 26, 2012 at 2:35 pm
ပညာခန်းကိုတော့ မျက်စိထဲမြင်အောင် ညကျမှသေချာထပ်ဖတ်ဦးမယ်…
ဒါပေမယ့် နင်လုပ်မှ အကုန်လုံး ခေါင်းရွက်ဗျတ်ထိုးဈေးသည်တွေဖြစ်ကုန်တော့တယ်…
ခင်တဲ့-
ကြောင်ဝတုတ်
ဗိုက်ကလေး
April 26, 2012 at 3:26 pm
ဘောပေါက်လွယ်အောင် ရှင်းပြခံရရင်းနဲ ့
များတို ့လဲ အူးကြောင်တုုတ်ပြောသလို ဈေးသည်တွေဖြစ်ပါပကောလားဗျာ
ပေါက်ပါပြီ..ထပ်ပေါက်အောင်..ထပ်ဖတ်ရဦးမယ်
kyeemite
April 26, 2012 at 3:38 pm
ကျုပ်ကလဲအရင်အင်းယားဇောင်းမှာ အကြော်ရောင်းလာတာပါ
နာမည်သိပ်ကြီးပေါ့…အင်းယားလာတဲ့အတွဲတွေဆို စားကြလွန်းလို့
ခုံမလောက်လို့ မတ်တတ်တောင်းအားပေးကြတာ..အဲဒီကျုပ်ဆိုင်ဘေးကို
ဆာမိဆိုတဲ့ ကွမ်းယာသယ်ရောက်လာပါလေရော..ကျုပ်ကြည့်တော့
ရောင်းကောင်းလိုက်တာမပြောဘာနဲ့ဗျာ…တစ်နေ့ တစ်နေ့ ကွမ်းရွက်
အချိန်သုံးဆယ်လောက်ကုန်တယ်..ငွေတစ်ရာဘိုးမှာ သုံးယာဆိုတော့
ရောင်းအားကိုတွက်ကြည့်စမ်း…ကွမ်းသမားတွေဆို ဆာမိမှ ဆာမိ..
တကူးတကကို ကားကြီးကားကောင်းတွေနဲ့လာဝယ်ကြတာ..
ဒါနဲ့ ကျုပ်လည်းသူ့အသာချည်းကပ်ပီး..ခင်ဗျားကွမ်းဒီလောက်နာမည်ကြီးနေတာ
ဘာလို့ဆိုင်ခွဲတွေလိုက်မဖွင့်လဲလို..ဆိုတော့..လူယုံရရင်ဖွင့်ချင်ကြောင်း…
ဒီလိုနဲ့ဘဲ….ကျုပ်အကြော်ဆိုင် မဒမ်မိုက်ကိုလွှဲ…ဆာမိကွမ်းယာ(စမ်းချောင်း)
ဆိုပီး သွားဖွင့်ခဲ့တာ…အောင်မြင်လိုက်တာမပြောပါနဲ့..ခုဆို ရန်ကုန်မှာဆာမိ
ဆိုင်ခွဲပေါင်း ၂၅ဆိုင်ဖွင့်ပီးနေပီ..ကျုပ်ရော ကိုဆာမိရော ကိုယ်တိုင်ရောင်းစရာ
မလို..အချိန်တန်ရင် ပါဂျဲရိုးဖားပြုတ်လေး တစ်စီးစီနဲ့ ငွေလိုက်သိမ်းရုံဘဲ..(လေဒီဂီလုပ်မှ
ကျုပ်ကွမ်းယာရောင်းဖြစ်သွားပါဂျောင်း)
Mon Kit
April 26, 2012 at 4:19 pm
အတော်ကောင်းလှတဲ့ မာကတ်တင်းဗျူဟာတွေပါ……. ချီးကျူးတယ်ကွာ….. ရွာထဲက လူတွေနဲ့ တင်းစားဖေါ်ပြသွားတာ….. 😀
MaMa
April 26, 2012 at 6:10 pm
မုန့်ဖတ်စက်ရုံပိုင်ရှိင် သာထိန်းမဂျီး
မာမား ဆိုလို့ ကမာ္ဘ့လူသား သန်း၆၀၀ဝကျော်ထဲမှာမှ မာမားလို့ ခေါ်တဲ့ တစ်ဦးတည်းသောသား တော်ရကျိုး နပ်ပါပေတယ်။ 😀
လုပ်ငန်းတစ်ခုဟာ အမြဲတမ်း ငြိမ်မနေပဲ ကောင်းလိုက်ဆိုးလိုက်ဆိုတဲ့ အခြေအနေတွေကို တွေ့ကြုံတတ်ပါတယ်။
မကောင်းတဲ့ အခြေအနေမှာလည်း ကြံ့ကြံ့ခံပြီး ရေရှည်လုပ်ကိုင်ဖို့ လိုပါတယ်။
ကိုယ့်လုပ်ငန်းနဲ့ ဆက်သွယ်နေသူတွေကိုလည်း အပြိုင်အဆိုင်ရှိမှ ပြောင်းလဲဆက်ဆံမယ့်အစား မှန်ကန်မျှတမှုနဲ့ ထိန်းထားဖို့ လိုပါတယ်။ ဒါတောင် ပြိုင်ဖက်ပေါ်လာတဲ့ အချိန်မှာ အနည်းနဲ့ အများဆိုသလို လှုပ်ခတ်သွားတတ်ပါသေးတယ်။
တချို့လုပ်ငန်းတွေကျတော့ ခေတ်ရေစီးကြောင်းကိုက ပြောင်းလဲလာလို့
ခေတ်နဲ့မညီလို့ ရပ်တန့်လိုက်ရတာမျိုးလည်း ရှိနိုင်ပါတယ်။
ဖြစ်နိုင်ရင်တော့ ကင်းခြေများလေးတွေလို ခြေထောက်လေးတွေ အများကြီး (လုပ်ငန်းတစ်မျိုးတည်းမဟုတ်ပဲ၊ မျိုးကွဲလုပ်ငန်းလေးတွေနဲ့) ခြံရံထားနိုင်ရင်တော့ အကောင်းဆုံးပေ့ါ။
ကိုရင်မောင်
April 26, 2012 at 6:18 pm
ပေါက်စီတွေရမယ်နော် ကြက်သားပေါက်စီ ဝက်သားပေါက်စီ
ပဲပေါက်စီ အရွက်ပေါက်စီ အသားလွတ်ပေါက်စီ (မန်းထုံ)
ပေါက်စီမျိုးစုံရမယ်နော်….
နှစ်ချောင်းပေါင်းမှတခုဖြစ်တဲ့အီကြာကွေးလဲရမယ်ဗျို့
ကိုကိုဂိနဲ့တွေ့မှဘဲ ဝလဲပေါက်စီသည်ဖစ်ပါပေါ့လား…
TTNU
April 26, 2012 at 9:33 pm
မောင်ဂီရေ…
ရေးချက်က Heavy ပါပဲ။
နားလည်အောင်ရော ရယ်ချင်အောင်ရော ရေးနိုင်စွမ်းပါပဲ။
ရွာစားကျော်
April 26, 2012 at 10:19 pm
ပြာလဲ့လဲ့ ပင်လယ်ဗျူဟာနဲ့
ရွာသူားတွေ မီလျံဘိဇိနက်အထိ ဈေးရောင်း ချီတတ်နေတယ်လား. ဂွတ်ထ…ဂွတ်ထ…
နေဝန်းနီ
April 26, 2012 at 10:20 pm
ဟော့ဒီမှာ ငါက ပဲဆီသန့်နဲ့ကြော်ပြီး အကြော်တစ်ခု ငါးဆယ်နဲ့ရောင်းနေတာကို ဖြဲသီးက စားအုန်းဆီနဲ့ကြော်ပြီး အစိတ်နဲ့လာလုရောင်းနေတယ်…။ ဒင်းကိုဘာလုပ်လွှတ်လိုက်ရမလဲ….။
MaMa
April 27, 2012 at 6:49 am
အာဂါးအာဂါးမှာတော့ ဝါးရင်းတုတ်နဲ့ ရိုုက်လွှတ်တာပဲ၊
ဖြဲသီးကို ပြောတာ မဟုတ်ဘူးနော်။
ဖြေရှင်းနည်းလေး ပေးတာပါ။ 😀
zarzarhtwe
April 27, 2012 at 5:07 am
ရိုးရိုးရှင်းရှင်းနဲ့ နားလည်လွယ်တယ်၊ ဟာသရသလည်းခံစားရပါတယ်
လက်မတချောင်းထောင်သွားပါတယ်။
Khaing Khaing
April 27, 2012 at 10:08 am
ဒီလိုကိစ္စဆို သိပ်ပြောချင်တာ အတော်ပဲ ရင်ဖွင့်လိုက်ဦးမှ …….
လူအများအားပေးနေတဲ့ မြောင်းမြ မုန့်ဟင်းခါးအကြောင်းပြောချင်တာပ … နံမည်ကြီးလို့သွားစားမိပါတယ် စိတ်ထဲတော့သိပ်မကျေနပ်ခဲ့တာအမှန်ပဲ စားတဲ့ဆိုင်ကတော့ တာမွေ မောင်ပြားနားကဆိုင်ရယ် ရွှေတိဂုံဘုရားနားက ကြောင်ကိုခေါ်တဲ့နံမည်နဲ့ကိတ်မုန့်ဆိုင်ရှိတဲ့ နားကဆိုင်ရယ်ပေ့ါ …. ဈေးကလည်းကြီး မုန့်တစ်ပွဲဆို နည်းနည်းလေးပဲပါတာ မုန့်ဟင်းခါးက ၃ ပွဲလောက်စားမှ ဗိုက်ပြည့်တာဗျ … ဘာမှလည်းအစစ်တောင်းလို့မကောင်းဘူး သူ့ဆိုင်ကသူများထက်ကောင်းတယ်ပဲထားပါဦး အဲသည်လောက်အထိတော့ ကပ်စေးမနှဲသင့်ဘူးလေ အမှန်အတိုင်းပြောရရင် အဲဒီမုန့်ဟင်းခါးဆိုင် ၂ ဆိုင်မှာ စားပြီးနောက်ပိုင်း ယနေ့အချိန်ထိ မြောင်းမြဒေါ်ခါးဆိုင်တွေကို ထပ်မစားတော့ဘူး …
နောက်တစ်ဆိုင်က ကျွန်မရဲ့တစ်ကယ့်ကိုယ့်တွေပါ ….. ရန်ကုန်မှာ မုန့်တီဆိုင်တစ်ဆိုင်နံမည်ကြီးနေတယ်ဗျ အဲဒီဆိုင်မှာ တစ်ပွဲကို ၂ဝ ကတည်းကကျွန်မက ဝယ်စားလာတာလေ ဆိုင်ပိုင်ရှင်တွေဆိုကျွန်မနဲ့သိပ်ရင်းနှီးခဲ့တာ အဲဒီဆိုင်ကကောင်းလွန်းလို့ ကျွန်မရဲ့မိတ်တွေအပေါင်းအသင်းတော်တော်များများကို အဲဒီဆိုင်ကို ခေါ်ကျွေးလေ့ရှိခဲ့တယ် အဲတုန်းကဈေးကလည်းတန် လက်ရာကလည်းအလွန်ကောင်းတာဗျ သူကမုန့်တီသက်သက်ပဲရောင်းတာ အခုတော့အစုံကိုရောင်းနေတော့တာပဲ ဈေးကွက်ချဲ့လာတာလေ လက်ရာကလည်း ကျွန်မအရင်စားခဲ့တဲ့ ၂ဝ တန်လက်ရာရဲ့နဲ့တစ်ခြားစီပါပဲ အခုလူတွေကျိတ်ကျိတ်တိုးဝယ်စားနေတာ ကျွန်မမြင်တော့ စိတ်ထဲမကောင်းဘူးဗျာ(မနာလိုတာမဟုတ်) တစ်ကယ်ကောင်းတဲ့တစ်ကယ်တန်တဲ့ လက်ရာကိုသူတို့မစားဘူးခဲ့ကြဘူး ဆိုတဲ့အတွေးနဲ့ပေ့ါ ဆိုင်တွေက နံမည်လေးရလာရင် လက်ရာကအရင်လိုမကောင်းတော့ဘူး လူတန်းစားလည်းခွဲခြားဆက်ဆံလာတယ် ဒါလိုဝန်ဆောင်မှုမျုးိတွေကို ကျွန်မအမုန်းဆုံးပဲ ….
လူတွေကဆိုင်တစ်ဆိုင်နံမည်ကြီးပြီဆို ဈေးတန်တန်မတန်တန်ဝယ်စား တတ်ကြတယ် …… အမှန်တရားကိုလက်မခံပဲ ဟိတ်ဟန်လုပ်ချင်တယ်လို့ထင်တယ်ဗျ ……
ကျွန်မသိပ်ကြိုက်တဲ့ဆိုင်တစ်ဆိုင်ရှိတယ် အဲဒါကတော့ ကျိုက္ကဆံကွင်းဒေါင့်မှာဖွင့်ထားတဲ့ Lucky Seven ပါပဲ ……. ဝန်ဆောင်မှုအရမ်းကောင်းတယ် ဆိုင်ထဲကိုဝင်သွားတာနဲ့ဘယ်နေရာမှာလွတ်နေတယ်ဆိုတာ ချက်ချင်းကို နေရာချပေးတယ် မှာတဲ့အစားအသောက်ကိုလဲ အချိန်မကြာပဲရောက်လာတတ်တယ် …. စားပွဲထိုးလေးတွေရဲ့ မျက်နှာကအမြဲတမ်းပြုံးရွှင်နေတယ် တစ်နေ့ကျွန်မဆိုင်ထဲထိုင်နေတုန်း ဆိုင်ပိုင်ရှင်ကိုယ်တိုင် တစ်ဆိုင်လုံးကို လှည့်ပတ်ကြည့်ရှုပြီး လိုအပ်တာကို သူကိုယ်တိုင်ဝင်လုပ်ပေးနေတယ် အဲဒီအချိန်မှာ စားပွဲထိုးလေး ၁ယောက်ကို သူဝင်တိုက်မိသွားတယ် အဲဒါဆက်ပွဲထိုးလေးကို သူကအသာလေးဖက်ပြီး တောင်းပန်နေတာကိုတွေ့တယ် အဲဒီအချိန်တူရကလည်း ကျွန်မနားမှာရှိတယ် ကျွန်မတောင်တူရကိုပြပြီး ဆိုင်ရှင်ကိုချီးကျူးမိသေးတယ် …… ဒါဟာ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီပါပဲ …. စီးပွားရေးလောကမှာ လုပ်ငန်းရှင်နဲ့ အလုပ်သမားဆိုတာခွဲခြားလို့ မရပါဘူး လုပ်ငန်းရှင်ကောင်းမှ အောက်လက်ငယ်သားအဆင်ပြေနိုင်သလို အောက်လက်ငယ်သားကောင်းမှလည်း ဒီလုပ်ငန်းကြီးဟာ တိုးတက်အောင်မြင်မှာပါ …
မန့်တာကအတော်ရှည်သွားပြီ နောက်ကြုံမှ ထပ်ဆွေးနွေးပါဦးမယ် ကျွန်မကတော့စာတွေ့တွေမသိဘူး ကိုယ်တွေ့ပဲသိတယ် မှားတာရှိရင်တာ့ တောင်းပန်ပါတယ်နော့ ……..
မဝေဝေရေ မဝေဆိုင်ကိုတော့ ဖွင့်ပွဲတုန်းကလာစားကတည်းကဖော်ရွေလို့ အမြဲလာအားပေးနေပါတယ်နော် …… မုန့်ဟင်းခါးကို အိုးဘဲဥ ငါးဖယ် ၂ခု ဘူးသီးကြော်နဲ့ တစ်ပွဲပေးပါဗျို့ ..
ကျွန်မကတော့ သင်္ဘောသီးကို ဘယ်လိုပဲဖြစ်ဖြစ်ကြိုက်လို သင်္ဘောသီးနဲ့ပတ်သတ်တဲ့လုပ်ငန်းတွေ ဘယ်လိုချဲ့ထွင်ရမလဲပဲစဉ်းစားနေပါဂျောင်း …..
ခင်မင်ရင်းနှီးစွာဖြင့်
Khaing Khaing
blackchaw
April 27, 2012 at 11:22 am
ကျွန်တော်တို့ ရွာသားတွေအကုန်လုံးကို
ခေါင်းရွက်ဗျက်ထိုးဈေးသည်တွေလုပ်ခိုင်းပြီး
အပြာရောင်သမုဒ္ဒရာထဲခေါ်သွားတာ မိုက်တယ်ဗျာ။
ကြုံတုန်း ဂျာနယ်လေး ဝယ်သွားပါဦး အစ်ကို…။
Inz@ghi
May 7, 2012 at 5:15 am
ဒန်တန့်တန်
ဗယာကြော် ဘဘဘလက်
ကြယ်၂ပွင့်ဖြစ်တွားဘီ
ဒက်ဂလောက်..ဒက်ဂလောက်
Khin Latt
May 7, 2012 at 5:18 am
ဝမ်းသာပါတယ်ဗျို့။ 🙂
ဒါ့ပုံလေးတွေ လဲ ရှဲ ပါဦး ဟေ့။
Khaing Khaing
April 27, 2012 at 11:53 am
ကိုဂီရေ ထပ်ချီးကျူးအုံးမယ်ဗျာ ကိုဂီရဲ့ဦးနှောက်ကိုတော့လေးစားတယ် …..မအားတဲ့ကြားက ရအောင်ကို စဉ်းစားပေးခဲ့တဲ့ စေတနာတွေကိုလေ ……. အဟိ ဘာလိုလိုနဲ့ ကိုဂီအကြောင်းပြုကောင်းမှု နောက် ၁ဝ မှတ် …
mocho
April 28, 2012 at 11:35 am
ဂီဂီရေ
ထုံးစံအတိုင်း အဖတ်နောက်ကျတော့ ၊ နောက်ဆုံးမှ မန့်ဖြစ်ပြန်ပြီ။ အမ နဲ့အလှမ်းဝေးတဲ့မားကက်တင်း သဘောတွေကို ဥပမာလေးတွေနဲ့ ရှင်း ပြသွားတာ သဘောလည်း ပေါက်လွယ်သလို ရီလည်း ရီရတယ်။
Inz@ghi
April 30, 2012 at 11:41 am
အင်း …
အကောင်းရေးလည်း နီရဲနေတာပဲ ….
ဟုတ်တော့ ဟုတ်နေပါဘီ ……
ဗျို့ သဂျီး ….
TRIZ တပုဒ်ရေးမယ်ဗျာ..
ပီးရင်တော့ ရေးတော့ဝူး… တော်ဘီ ….
ချဉ်သည်…
မောင်ဂီ့
မြစပဲရိုး
July 18, 2015 at 10:56 pm
{{{
တကယ်တော့ ကျနော်တို့အားလုံး ဈေးရောင်းနေကြပါ၏။ ဈေးကွက် အနေအထားအရ ..
တခါတရံ ရောင်းသူ.. တခါတရံ ဝယ်သူ ။
တခါတရံမှာ supplier တခါတရံမှာ consumer …..။
}}}
မှန်ပါတယ် “Essential ဂီ” ရယ်။
တစ်ခါတစ်ရံ လဲ ဘရုတ်ကာ ပေါ့။ 😉
အဲဒီ အကြောင်း တွေ ကို မထားခဲ့သေးဖူး လို့ ယုံကြည်နေဆဲပါ။
ဒီလို စာတွေ ကို လူ နားလည် အောင် ရှင်းနိုင်ဖို့ ခက်သားပါ။
ပါရမီ ထူးလို့ သာ။
@QUIL@
July 18, 2015 at 11:21 pm
ပင့်ပြီ
ဘယ်ချက် ရိုက်ချမလဲ မဆိုနိုင်
အဲ့ဒါတွေ မထားခဲ့ပါဘူး…
လက်တလော … CMT ကို အရေကျို သောက်နေတယ်ခည..
ရေးဖို့တော့ အစီအစဉ် မရှိသေး…။
(လုပ်စားလို့ ဝ-မှ)
နောက်တာ အတည်။
😀
Ma Ma
July 19, 2015 at 8:02 pm
အင်မတန်ပါရမီရှိသော ……
အရည်အချင်းပြည့်ဝသော …..
သို့သော် ထိုထိုအရာများကို မကြာခဏ ဘေးချထားတတ်သော…. :k: