Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ကွန်ပြူတာအသက်မွေးမှု ့ပညာအပိုင်း(၁)

zaylayJune 14, 20101min2010

ဒီအကြောင်းလေးကို အခုလိုရေးဖြစ်ရတဲ့အကြောင်းကား ကျွန်တော်တို့သင်ခန်းစာမှာ ကွန်ပျူတာလာတက်ကြတဲ့

လူငယ်တွေကိုကြည့်ပြီး အားမရတာလည်းပါတယ်။ စိတ်မကောင်းလည်းဖြစ်မိတယ်။ တစ်ချို့ကတော့ မိဘက

သင်တန်းတက်ခိုင်းလို့လာတက်တာ။ သူကိုယ်တိုင်ကတော့ ကြိုးစားလိုစိတ် မရှိဘူး။ ဒီအတွက် အားမရဘူး။ တစ်ချို့ကျတော့

ပညာကို လိုချင်တယ်။ ဒါပေမယ့် သူကကိုယ့်ကိုယ်ကို မစီမံတတ်ဘူး။ ကိ်ု်ယ်နှင့်ကိုက်ညီတယ် မကိုက်ညီဘူးမသိရှာဘူး။

ဒီအတွက်သနားတယ်။ တစ်ချို့ကျတော့ အချိန်လွန်နေပြီ။ ဒီအချိန်မှာ သူ့အရွယ်အရ စီးပွားရေးရှာရတော့မယ့်သူက

အခုမှသင်တန်းတက်ဖို့လုပ်တုန်း။ အရင်တုန်းက သင်တန်းမတက်ဖြစ်ခဲ့ရင် အကြောင်းမဟုတ်ဘူး။ ဆိုပါတော့ ငယ်တုန်းက

Programming လုပ်မယ်ဆိုပြီး သင်တန်းပြန်လာတတ်တာ ကုန်ဆုံးသွားတဲ့ ပိုက်ဆံထက် သူအသက်ကြီးလာတာ

ပိုနှမြောဖု့ိကောင်းတယ်။ ဒီအတွက် ကိုယ်ကစိတ်မကောင်း ဖြစ်ရတယ်။ ဒီတော့ကား အခုရေးထားတာကို မိဘတွေရော

ကွန်ပျူတာလောကထဲ ခြေစုံပစ်ဝင်မည့်သူများ သေချာဖတ်ပါ။ ဒါဆို ကိုယ်ဘယ်လိုင်းကို လိုက်နာရမယ်။

ဘယ်လိုင်းနှင့်သင့်တော်တယ်ဆိုတာကို သိသွားပါလိမ့်မယ်။

(၁) Computer Operator

ကွန်ပျူတာကို အသုံးချရုံသက်သက်ဖြစ်တယ်။ နယ်ပယ်ကျယ်ဝန်းသည်။ လူတန်းစားအလွှာအသီးသီး ပါဝင်နိုင်သည်။

ပုံ-၁

(၂) Computer Aided Design (CAD)

ကွန်ပျူတာကို အသုံးပြုပြီး Engineering Drawing ရေးဆွဲရတဲ့လိုင်းဖြစ်တယ်။ ဥပမာအားဖြင့် Auto CAD ဖြစ်ပါတယ်။

Auto CAD ဆိုတာ ဘုံအားဖြင့် ပြောတာဖြစ်ပါတယ်။ တကယ်တော့ Engineering မှာ Frame ပိုင်းဆိုင်ရာ Slab ပိုင်းဆိုင်ရာ

စသည့် နယ်ပယ်တစ်ခုအတွက် အသေးစိတ်ထားသော Software များလည်း ရှိပါသေးတယ်။ Auto CAD တတ်ထားခြင်း

အားဖြင့် ပုံကြမ်းဆွဲခြင်း Draftman အဖြစ်နှင့်လည်း အလုပ်ရနိုင်ပါတယ်။ ဒီထက် အဆင့်မြင့်လာလျှင် Estimate ဖြစ်ရင်ပို

ကောင်းပါမည်။ သင်ဟာ အကြီးတန်းအင်ဂျင်နီယာဖြစ်စေ၊ အငယ်တန်းအင်ဂျင်နီယာဖြစ်စေ၊ အင်ဂျင်နီယာ ဒီပလိုမာရထား

သည်ဖြစ်စေပေါ့ဗျာ။ ပိုကောင်းပါတယ်။ အဲ့သလိုမှမဟုတ်ဘဲ သင့်ရဲ့ဘွဲ့ကတစ်ခြားဆိုရင် တတ်သော်ငြားလည်း သင့်ရဲ့ အလုပ်

ရပိုင်ခွင့်ဟာ အလုပ်ရှင်ပေါ်မှာပဲ မူတည်ပါတယ်။ အကယ်၍ အလုပ်ရသွားသည်ပဲ ထားဦး သင်ဟာ အလုပ်မှာ ပြိုင်ဘက်အင်ဂျင်

နီယာများနှင့် ယှဉ်ဖို့မလွယ်ပါ။ သို့တည်းမဟုတ် ရာထူးနိမ့်ဖြင့် အလုပ်မှာ ကြာရှည်တတ်ပါတယ်။ ဝန်ထမ်းလျော့ခြင်းနှင့် ကြုံ

တွေ့ရပါကလည်း သင်အလျော့ခံရဖို့ များပါတယ်။ လူတိုင်းမှာ အရည်အချင်းကိုယ်စီရှိကြပါတယ်။ ကိုယ့်အရည်အချင်းနှင့်

သင့်လျော်တာကို ရွေးချယ်ပါလို့ ပြောချင်ပါတယ်။ ဒီလိုင်းမှာ မြန်မာပြည်မှာအပြင် နိုင်ငံတကာမှာပါ အလုပ်ရနိုင်ပါတယ်။

ပုံ -၂

(၃) Computer Graphic Designer

သူကကျတော့ ဒီဇိုင်နာပေါ့ဗျာ။ ကွန်ပျူတာကို အသုံးပြုပြီး ဒီဇိုင်းပြုလုပ်တာပေါ့။ ဒါပေမယ့် ဒီနေရာမှာက ဇာထိုးပန်းထိုးဒီဇိုင်း၊

အဝတ်ဒီဇိုင်း စသည်တို့ကို မပြောဘဲ ယနေ့စီးပွားရေးခေတ်ရဲ့ ကြော်ငြာကဏ္ဍမှာ အရေးပါလာတဲ့ ကြော်ငြာဒီဇိုင်နာအကြောင်း

ကိုပဲ ပြောမှာဖြစ်ပါတယ်။ Graphic Designer သင်တန်းဟာ ယနေ့ ၁ဝ တန်းစာမေးပွဲ ဖြေဆိုသူများကြားမှာ အထူးရေပန်း

စားပါတယ်။ Graphic Designer နှင့်အလုပ်ရဖို့က Chance ပိုလည်း များပါတယ်။ နောက်ပြီး ခဲရာခဲဆစ်နှင့်လည်း သင်ကြား

ရတာမျိုးမဟုတ်ပါ။ သင်တန်းတက်ပြီး ဓာတ်ပုံဆိုင်နှင့် ကြော်ငြာလုပ်ငန်းများနှင့် ထုတ်ကုန်များသော လုပ်ငန်းကြီးများမှာ ဒီဇိုင်

နာအဖြစ် အလုပ်ရနိုင်ပါတယ်။ လေ့လာရမယ့် သင်ခန်းစာတွေထဲက အထူးပြုလေ့လာရမှာကတော့ Adobe Photoshop ပဲ

ဖြစ်ပါတယ်။ ၎င်းဘာသာရပ်နှင့် ကျွမ်းကျင်မှုပိုင်းဆိုင်ရာ စာမေးပွဲကိုလည်း ရန်ကုန်မြို့မှာ ဖြေဆိုနိုင်ပြီ။ အောင်မြင်ပါက နိုင်ငံ

တကာအသိအမှတ်ပြု လက်မှတ်တွေကို ရရှိနိုင်ပါတယ်။ မိဘတွေဟာ ကိုယ့်သားသမီးတွေကို Graphic Designer ဖြင့်

အသက်မွေးစေချင်ရင် တစ်ခုသတိထားရမှာက ကိုယ့်သားသမီးဟာ သင်တန်းက သင်ပေးတဲ့ သင်ခန်းစာတွေကို ကြေညက်ရုံ

နှင့် မရပါဘူး။ သူ့မှာ Talent ရှိရပါမယ်။ အမြင်ပေါ့ဗျာ။ မဟုတ်ရင် သူ့ရဲ့ဒီဇိုင်းတွေဟာ စွဲမက်မှုရှိမှာ မဟုတ်ပါဘူး။ ဒါကိုမိဘရော

လူငယ်ပါ သိဖို့ လိုအပ်ပါတယ်။ ကျွန်တော်က ဒီဇိုင်နာသင်တန်းဆင်းပြီးပြီ ဒီဇိုင်းဆွဲတတ်တယ်။ လစာ ဒီလောက်လိုချင်တယ်

ဆိုတဲ့ ကိစ္စဟာ အင်မတန်ဂွကျတဲ့ ကိစ္စဖြစ်ပါတယ်။ ဒီလိုပြောလို့ ကျွန်တော်ကို အမုန်းမပွားပါနဲ့ဗျာ။ ကျွန်တော်က လူငယ်တွေ

ကို ဂဃနဏ သိစေချင်လို့ပါ။

ဒီဇိုင်နာတစ်ယောက်ရဲ့ Background Field ဟာ Art ဖြစ်ပါတယ်။ နဂိုကတည်းကိုက ပန်းချီဆရာ ဒါမှမဟုတ် ယဉ်ကျေးမှု

တက္ကသိုလ်ဘွဲ့ရများဟာ အင်မတန်သင့်လျော်ပါတယ်။ ဒီလိုမှမဟုတ်ရင် ကိုယ်က Art နှင့် ပတ်သက်တဲ့ Diploma တစ်ခု

လောက် ယူလိုက်ရင် အလုပ်မှာ ပိုမျက်နှာပန်းလှပါတယ်။ နောက်တစ်ခုပြောပြချင်သေးတာက Graphic Designer

ဖြစ်ချင်သူဟာ သင်တန်းမှာသင်တဲ့ Photoshop ဘာသာရပ်အပြင် (၁) ကာလာပိုင်းဆိုင်ရာ (၂) အလင်းအမှောင်ပိုင်းဆိုင်ရာ

(၃) Layout ပို်င်းဆိုင်ရာ (၄) Character ပိုင်းဆိုင်ရာ စသည်များကိုလည်း လေ့လာရဦးမှာ ဖြစ်ပါတယ်။ ၎င်းတို့နှင့် ပတ်

သက်ပြီး ကွန်ပျူတာ မြန်မာလိုရေးထားတဲ့ စာအုပ်တွေ ထွက်နေပါပြီ။ များသောအားဖြင့် လူတွေဟာ အဲသလို Concept ကို

ပေးထားတဲ့ သီအိုရီဆန်ဆန် စာအုပ်များကို ဖတ်လေ့မရှိပါဘူး။ ဒီလိုလုပ်ရင် ဒီလိုဒီဇိုင်းဖြစ်တယ်ဆိုတဲ့ စာအုပ်မျိုးကိုသာ

ဖတ်လေ့ရှိကြပါတယ်။ ဒါဟာ သိပ်ကို မှားယွင်းပါတယ်။ လက်တွေ့လည်း စမ်းသပ်ဖို့လိုသလို ဒီဇိုင်းပိုင်းဆိုင်ရာ

ပညာရပ်များကိုလည်း လေ့လာဖု့ိလိုကြောင်း အထူးမှာကြားဖို့လိုပါတယ်။ ယနေ့ခေတ် တစ်ချို့လူငယ်တွေဟာ ငါကတော့

ဘယ်သင်တန်းတက်ပြီးလို့ ဒီလောက်မှလစာမရရင် မလုပ်ဘူးဆိုပြီး မိဘလုပ်စာကိုထိုင်စားပြီး အရွယ်တဖြည်းဖြည်းကြီးလာတဲ့

သူတွေကို တွေ့ဖူးပါတယ်။ ကိုယ်မှန်းတဲ့လခရမှ လုပ်မယ်ဆိုတဲ့စိတ်က ကောင်းတော့ ကောင်းပါတယ်။ ဒါပေမယ့် အလုပ်ရှင်က

သင်ဒီဇိုင်းဆွဲတာထက် သင်ဆွဲတဲ့ဒီဇိုင်း ဘယ်လောက်စွဲမက်ဖွယ် ကောင်းမလဲလို့ အဓိကထားတာကြောင့် သင့်ကိုယုံကြည်တဲ့

တစ်နေ့ လက်မလွတ်သွားအောင် လစာကောင်းကောင်း ပေးပါလိမ့်မယ်။ အလုပ်ရှင်ဟာ သင့်ထက်ပိုလည်တာကို ဂရုပြုပါ။

ဒါအလုပ်ရှင်တိုင်းပါပဲ။ ဒါကြောင့် ဟိုအလုပ်ကခေါ်နိုး၊ ဒီအလုပ်ကရနိုင်းနှင့် အသက်တွေကြီးလာတတ်ပါတယ်။ ဒီတော့ ကိုယ်က

အတွေ့အကြုံမရှိသေးတဲ့ ဒီဇိုင်နာဆို လစာထက်ကိုယ်ရဲ့တက်လမ်းရှိ မရှိကို ဦးစားပေးကြည့်သင့်ပါတယ်။ တစ်ခါတစ်ရံ အလုပ်

က ပြန်သင်သွားပါတယ်။ ဒီလိုအချိန်မျိုးမှာ ကိုယ်က လစာရော ပညာပါနှစ်ခုရသွားပါတယ်။

ဥပမာတစ်ခုပြောပါ့မယ်။ ကျွန်တော်ဟာ ၂၀၀ဝ ခုုနှစ်တုန်းက လုပ်ငန်းတစ်ခုရဲ့ ပြက္ခဒိန် ကန်ထရိုက်ရပါတယ်။ ကျွန်တော်ဟာ

အဲ့ဒီမတိုင်ခင်တုန်းက အသေးစားဒီဇိုင်းအလုပ်တွေပဲ လက်ခံဖူးတာပါ။ အခုဟာက ပြက္ခ္ခဒိန်တစ်ခုလုံးရဲ့ ဖြစ်စဉ်အားလုံးကိုလုပ်ရ

မှာပါ။ လုပ်ငန်းက ပိုက်ဆံထုတ်ပေးပါတယ်။ ကျွန်တော် ကင်မရာမန်း၊ မင်းသမီး၊ မိတ်ကပ်ဆရာ၊ ရိုက်ကွင်းအားလုံးစီစဉ်ရပါ

တယ်။ ဒါကို အင်္ဂလိပ်လိုပြောရင်

(၁) Pre Production လို့ ခေါ်ပါတယ်။ နောက်တစ်ခုက

(၂) Production ပါ။ ဒါက ရိုက်တဲ့အဆင့်။ နောက်တစ်ခုက

(၃) Post Production ဒီဇိုင်းဆွဲ၊ Layout ချ၊ ပြီးတာနဲ့ ဖလင်ခွဲ၊ ပုံနှိပ်စက်အပ်ပြီး ပြက္ခဒိန်ထွက်တဲ့အထိ အစအဆုံး လုပ်ရတာ

ပါ။ ဒီနေရာမှာ ဒီဖြစ်စဉ်ကြီး တစ်ခုလုံးအတွက် အမြတ်ငွေထက် တကယ့်ရလိုက်တာပညာပါ။ လူတွေက ဒါတွေကို ဂရုမပြုမိ

တတ်ကြပါဘူး။ ဒီလုပ်ငန်းကသာ ကျွန်တော့်ကို အလုပ်မအပ်ရင် ကျွန်တော်ဒီကွင်းဆက် (ဘာပြီးရင် ဘာလုပ်ရမလဲဆိုတဲ့

ဇာတ်ရည်လည်မှု) ကို ကျွန်တော်ရမှာ မဟုတ်ပါဘူး။ ဒါကို သူများပိုက်ဆံနှင့် ပညာသင်တယ်လို့ ခေါ်ပါတယ်။ ဟုတ်ပါတယ်။

ကိုယ့်ဘာသာကိုယ်ဆို မင်းသမီးငှားဖို့၊ ကင်မရာမန်းငှားဖို့၊ မိတ်ကပ်ဆရာငှားဖို့ ဘယ်သူက ပိုက်ဆံလာထုတ်ပေးမှာလဲ။

ဒါကိုမြင်တတ်ဖို့ လိုပါတယ်။

ဒီနေရာမှာ Professional Graphic Designer ဆိုရင် လုပ်စားတဲ့အဆင့်မို့ ကိုယ့်ဈေးနှင့် ကိုယ်တောင်းနိုင်ပါတယ်။

ကျွန်တော်ဆိုလိုချင်တာက ခုမှသင်တန်းဆင်းပြီး ငါဒီဇိုင်နာဖြစ်ပြီကွဆိုတဲ့ လူငယ်များ အသက်(၃၀)ကျော်လို့ တကယ်တမ်း

လုပ်စားတဲ့ အဆင့်ရောက်မှ ပညာမစုံဖြစ်တတ်ပါတယ်။ ငွေဆိုတာ အသက်ရှင်သရွေ့ ရှာရမှာဖြစ်ပါတယ်။ ဒါကြောင့် အခုမှ

အလုပ်လုပ်ရမယ့် သူများဟာ လစာထက် လုပ်ငန်းခွင် အတွေ့အကြုံကို ဦးစားပေးသင့်ပါတယ်။ တစ်ချို့လူငယ်တွေကမိဘကို

လုပ်ကျွေးဇောနှင့် လစာဒီလောက်ရမှ လုပ်နိုင်မယ်တို့ ရှိကြပါတယ်။ ကျွန်တော်လည်း ငယ်ငယ်တုန်းက ဒီလိုပါပဲ။ ဒါကို မိဘက

သိရင်တားရတော့မှာ ဖြစ်ပါတယ်။ တစ်ချို့မိဘတွေက ဒါကိုဂရုမပြုမိဘဲ ဪငါ့သားလေး မိဘကိုလုပ်ကျွေးရှာတယ်ဆိုရင်

၎င်းလူငယ်ဟာ ရာထူးကြီးတက်ဖို့ ပညာရှာဖို့ အချိန်နည်းသွားတတ်ပါတယ်။ ဒီလောကရဲ့ အနိမ့်ဆုံးလစာနှင့် အသက်ကြီး

လာတတ်ပါတယ်။ ဆိုလိုတာက Professional မဖြစ်သရွေ့ ငွေကိုအသုံးစရိတ်ကြေလောက်အောင်ရှာပြီး မိမိ Professional

ဖြစ်ရေးကိုသာရှေ့ရှုမှာဖြစ်ပါတယ်။ ဒီ Graphic Desinger အလုုပ်ဟာ မြန်မာပြည်မှာရော၊ နိုင်ငံတကာမှာပါအလုပ်ရနိုင်ပါ

တယ်။

ပုံ -၃