ရွာသူရွာသားများသို့ပေးစာ…1။ကိုယ်ကောင်းစားရေး အားထုတ်ပေးပါ။

ဇောက် ထိုးApril 30, 20121min25112

သူကြီးနှင့်တကွရွာသူရွာသားအားလုံးကိုခင်မင်လေးစားစွာဖြင့်စာရေး လိုက်ပါတယ်။ ရွာသူရွာသားအားလုံးကျန်းမာကြတယ်မဟုတ်လား။ကျွန် တော်ရွာမှာတုန်းကသိခဲ့တာက အများအကျိုးဆောင်ရွက်ရမယ်အများ ကောင်းစားရေးကိုလုပ်ရမယ်လို့နားလည်ခဲ့ပါတယ်။ ခုတော့အဲလိုမဟုတ်ပဲ ကိုယ်ကောင်းစားရေးကိုလုပ်ရမယ်ဆိုတဲ့အသိအမြင်တွေရလာခဲ့ပါတယ်။ ဒါလေးကိုရွာသူရွာသားတွေကိုစာရေးပြီးအသိပေးတာပါ။ ကိုယ်ကောင်းစားရေးမလုပ်ပဲ အများကောင်းစားရေးဆိုတာ လုပ်လို့မရပါဘူး။ကိုယ်ကောင်း စားရေးမလုပ်ပဲအများကောင်းစားရေးလုပ်ခဲ့မယ်ဆိုရင်…အဲဒီအများ ကောင်းစားကောင်းစားရေး ကောင်းတဲ့ အကျိုးဖြစ်ထွန်းမှုတွေနည်းမှာပါ။
ကျွန်တော်တို့ ရွာမှာ သီးနှံတွေစိုက်တာဟာ..ကိုယ်ကောင်းစားဖို့… ကိုယ့်မိသားစုကောင်းစားဖို့စိုက်တာဆိုပေမယ့်…. အဲဒီသီးနှံကထွက်တာ တွေကို..မြို့ပို့ပြီး တနိုင်ငံလုံး …ကောင်းစားဖို့ဆောင်ရွက်လိုက်တာပဲ မဟုတ်လား။
လမ်းဘေးမှာ ကိုယ့်စားဝတ်နေရေးအတွက် ဓာတ်ဆီလေးရောင်းနေတာ လဲ ကိုယ့်အတွက်ရောင်းတာလို့ဆိုရပေမယ့် အနားကဖြတ်သွားသူတွေ ဆီပြတ်ရင် အဆင်ပြေအောင်ဆောင်ရွက်ပြီးသားဖြစ်မနေဘူးလား။ တကယ်တော့ ကိုယ်ကောင်းစားရေးလုပ်လိုက်တာနဲ့ အများကောင်းစား ရေးဆိုတာ အလိုလိုလုပ်ပြီးသားဖြစ်သွားပါတယ်။
ကျွန်တော်တို့ရွာထဲက ကိုကြီးကြောင်ဆိုရင်…အမြဲတမ်းသောက်စားမူးရူး နေတယ်။ ညညဆိုဆူညံနေလို့တရွားလုံးစိတ်ညစ်ကြရတယ်။ တခါတလေ ရဲစခန်းပါ အလုပ်ရှုပ်တယ်။ ဒါဟာ ကိုကြီးကြောင်က သူကောင်းစားရေးပါ မလုပ်တော့ အများကောင်းစားရေးလဲမလုပ်သလိုဖြစ်နေတာပေါ့။ ဟော ခုတော့ ကိုကြီးကြောင် အရက်ဖြတ်သွားပြီ။ သူ့ဘဝကောင်းစားဖို့ သူကိုယ်သူကောင်းစားဖို့ဆိုပြီး အရက်ဖြတ်လိုက်တာမဟုတ်လား။ ဒါပေမယ့် တကယ်တော့ သူလဲကောင်းသွားသလို…ပတ်ဝန်းကျင်လဲ ကောင်းသွားတာပါပဲ။ နောက် ရပ်ရွာလဲ ကောင်းသွားတယ်။နောက် ရဲစခန်းက ရဲတွေပါ အားလုံးကောင်းသွားတယ်မဟုတ်လား။ ဒါကြောင့် ကိုယ်ကောင်းစားရေးကို ကျိုးစားကြပါ။ ကိုယ်ကောင်းစားဖို့အားထုတ်ကြ ပါ။ အဲ….အသိမှားနဲ့ကိုယ်ကောင်းစားရေးလုပ်မိရင်တော့လဲ ဒုက္ခရောက် တတ်တယ်နော်….
ကျွန်တော်တို့ရွာမြောက်ပိုင်းက ကိုဗိုက်ကလေးဆိုရင်…သူကောင်းစားဖို့ ဆိုပြီး ဈေးဆိုင်လေးထောင်.. အရက်လေးချက်ရောင်းနဲ့လုပ်လာတယ်။ အဲ အသိမှားဦးစီးတော့ ဈေးကိုတင်သင့်တာထက်တင်ပြီးအမြတ်တွေ အများကြီးယူတော့ သူ့ဆိုင်ဘယ်သူမှမဝယ်တော့ဘူး။ ဒါဟာ များများ အမြတ်တင်ရင် သူများများကောင်းမှာလို့ထင်တဲ့ အသိမှားကြောင့်… သူ့ဈေးဆိုင်ပြုတ်သွားခဲ့ရတယ်မဟုတ်လား။ အသိမှန်နဲ့ဆိုရင် ငါကောင်း စားဖို့ ငါ့ဆိုင်ရောင်းကောင်းဖို့ သူများထက်ပစ္စည်းတွေကောင်းပြီး သူများထက် ဈေးနှုံးတွေချိုသာမယ်။ ဆက်ဆံရေးတွေပြေပြစ်မယ်ဆိုရင် .. ဒါမှ မှန်ကန်တဲ့ ကိုယ်ကောင်းစားဖို့အသိဖြစ်မှာနော်…ကဲ ရွာသားတို့ရေ စာရှေသွားပြီး…နောက်ဆုံးကျွန်တော်ပြောချင်တာကတော့ ကိုယ်ကောင်းစားရေးကို များများလုပ်ကြပါ။ဒါဟာ ကျွန်တော်မြို့ကြီးမှာ ဘဝတက္ကသိုလ်က သင်နေရတဲ့ လူ့ငြိမ်းချမ်းတိုးတက်ရေး ဘာသာရပ်က သင်္ခန်းစာကို ရွာသားတွေကိုပြောပြတာပါ။ ကျွန်တော်ကိုလဲ ရွာသူရွာသား တွေက စာပြန်ကြပါဦးလို့…..
သူကြီးနှင့်တကွ ရွာသူရွာသားအားလုံးကျန်းမာကြပါစေ……….
ပုံ……ဇောက်ထိုး

12 comments

  • ထုံးဘဲဥ

    April 30, 2012 at 1:43 pm

    ဗိုက်ဗိုက်ရေ့ တစ်ပိုင်းလောက်ပေးပါအုံး ဂေ့…. 😆

  • ဗိုက်ကလေး

    April 30, 2012 at 1:49 pm

    တားတားတို ့.ငယ်ငယ်က စာသင်ခန်းထဲမှာ အော်ခဲ့ရတာလေး ပြန်အမှတ်ရတယ်
    ဘာတဲ့..
    မိမိကိုယ်ကိုယ် ကောင်းအောင် ကြိုးစားမည်
    မိမိအတန်းကို ကောင်းအောင်ကြိုးစားမည်
    မိမိကျောင်းကို ကောင်းအောင်ကြိုးစားမည်.ကျန်တာတော့ မှတ်မိတော့ဘူး……..အီးဟီး.. 😀

    အူးလေးပြောသလိုပေါ့
    ကိုယ်ကောင်းမှ သူများကို ကောင်းကျိုးပြုနိုင်မှာပါ..
    အရင်ဆုံး ဘာမှလုပ်မနေကြနဲ ့….မိမိကိုယ်ကို ကောင်းအောင်ကြိုးစားကြ
    တစ်ခုရှိတာက
    အူးလေးပြောတဲ့ အရက်သမားကြောင်ကြီး အရက်ပြတ်သွားတာဟုတ်တယ်..
    ဒါပေမဲ့
    အရက်ပြတ်တာ လိုင်းကြောင်ပြီး တစ်ကမ္ဘာလုံးက မိန်းခလေးတွေ ပတ်ကြောင်နေတယ်ဗျာ..
    ကျုပ်နဲ ့ ထုတ်ဆီးတိုးဘက် ရှာရာပိုဗာတောင် အလွတ်မပေးဘူး

    • ဗိုက်ကလေး

      April 30, 2012 at 1:51 pm

      ဟေ့ရောင်
      ဘာတွေသောက်ကြီးသောက်ကျယ်ပြောနေတာလဲ
      ဘီအီးဘိုး အကြွေးဆပ်

    • laypai

      April 30, 2012 at 3:14 pm

      ထုပ်စည်းတိုး ဘက်တင်လား၊ တွတ်တွတ်ထိုး ဘက်ကော မလုပ်ခဲ့ ဘူးလား။

  • တောင်းတဲ့ ဆုနဲ ့ပြည့်လျှက် ကျန်းမာကြပါသည်။
    ကိုယ်ကျိုးအတွက်တော့ မလုပ်ဝံ့ပါ။သေသွားရင်
    သမိုင်းကောင်းဘဲကျန်နေခဲ့ချင်မိလို ့ပါ

  • Onyx

    April 30, 2012 at 2:24 pm

    နှစ်သီးစားကို ပြောတာပဲ ကောင်းတာပေါ့ ဖြစ်နိုင်ရင် သုံးသီးစားစနစ် ကို မြန်မြန် ရောက်ချင်ပါဘိ ဗျာ

  • ဇောက်ထိုး မိုးမျှော် သခင် ကိုယ်တော်

    April 30, 2012 at 4:13 pm

    ဇောက်ထိုးတော့ လျှောက်တိုးနေပြီ ၊ တိုးပါ တိုးပါ တိုးမှ တိုးတက်မည် ၊
    မတိုးလျှင် တက်မရပါ (ဘတ်စ်ကား) ။

  • မဟာရာဇာ အံစာတုံး

    April 30, 2012 at 8:28 pm

    ကိုကောင်း စားဖို့အတွက်တော့
    အားမထုတ်ပေး ပါရစေနဲ့ဂျာ ..
    ဒီမှာ .. ကိုယ့်ဖို့ကိုယ်တောင် အနိုင်နိုင်ရယ် … 😀
    နောက်ထှာနော် .. စိတ်မဆိုးကြေး ..

    ခင်ဗျားတို့ရွာက ကိုဗိုက်ကလေး ဆိုတဲ့ အရက်ချက်ရောင်းတဲ့ လူကို ..
    ကျုပ် ရေရေလည်လည် သိတာပေါ့ ..
    အဲလူ အရက်က ကောင်းတော့ကောင်းပါတယ် ..
    ဈေးက အဆမတန် ဆိုတော့ ..
    ကျုပ်တော့ တစ်ခါတည်းကို လန်သွားခဲ့တာပါပဲဗျာ … အဟီး … 😀

  • ကြောင်ကြီး

    May 1, 2012 at 8:58 am

    cow စားဖို့ရင် မြက်မွေးပါ..။ ကြောင်ကြီးမအားဘူး ရှာရာပိုဗာလေး ညောင်းလို့ နှိပ်ပေးနေရဒယ်..။

  • pazflor

    May 1, 2012 at 2:03 pm

    ခေါင်းစဉ်လေးကို ဒီလိုလေး ထပ်ဖြည့်ရင်ကောင်းမလားလို ့ပါ “ကိုယ်ကောင်းစားရေးအတွက် မျှမျှတတ အားထုတ်ပေးပါ” (ဥပဒေဘောင်အတွင်းကပေါ့နော်)

  • ဇောက် ထိုး

    May 1, 2012 at 2:18 pm

    ကိုယ်ကောင်းစားဖို့..ကိုယ်ဘဝကောင်းစားဖို့ အတွက် လုပ်ပြီဆိုရင် မျှမျှတတတွေမလိုဘူးလို့ ထင်ပါတယ်ဗျာ။ ဘာကြောင့်လဲ ဆိုရင် မမျှမတလုပ် ရင် သူဘယ်ကောင်းစားတော့မှာလဲ။ ကိုဗိုက်ကလေး ဈေးတင်ရောင်းကြည့်ပါလား။မမျှတ တော့သူ့ဆိုင်ဘယ်သူမှဝယ်မှာမဟုတ်တော့ဘူး။ဒါ မမျှတတော့ ကိုယ်ကောင်းစားရေးကိုမဖြစ်တာ။ ပြောချင်တာက ကိုယ်ကောင်းစားရေးနဲ့ အများကောင်းစားရေးဟာ တွဲနေတဲ့လုပ်ရပ်ဆိုတာကို သိစေချင်တာပါ။ တချို့ ဒီနေ့နာမည်ကြီးသူတွေက အများကောင်းစားရေး အများကောင်းစားရေးဆိုပြီးအော်လွန်းလို့ပါ။ အများကောင်းစားရေးလုပ်တဲ့သူကလဲ သူပါကောင်းစားသွားတာပါ။ ကိုကြောင်ကြီး သူက အားကစားသမားမဟုတ်ဘူးလား။ ကိုကြီးကြောင် ဘာကြောင့် ဆိတ်လစေ့ဆိုပြီးစိတ်ဆိုးနေတာလဲ။သွား..ကိုယ့် အိမ်ကိုပြန်။

  • အလင်းဆက်

    May 1, 2012 at 4:16 pm

    ဇောက်ထိုး….ရဲ ့အဆိုက ဇောက်ထိုး ဖြစ်နေသလိုလို ဆိုပေမယ့်.သေချာ စဉ်းစားတော့လည်း…ဟုတ်သလိုလိုပါပဲလား။

    “” ဇောက်ထိုးသီအိုရီ..””ကို မှတ်သားသွားပါတယ်..။
    ခင်မင်လေးစားစွာ..

Leave a Reply