Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

သီတဂူ သုမေဓာဆေးရုံ အလှူ၊ မင်္ဂလာနှစ်ပတ်လည်နှင့် ကျနော်၏ အမှတ်တရအလွဲများ (၃)

ဆူး says:

ယပ်တောင် ရိုက်မယ် ဆိုပြီး စိတ်ကူး ရခဲ့တာကို အကောင် အထည်ဖော် ခဲ့ပါတယ်။ သဂျီးလိုဂိုကို ယူပြီး အကောင်အထည်ဖော် ခဲ့တယ်။ ပြီးတော့ သေချာပေးပြီး အပ်လိုက်ပါတယ်။ ယပ်တောင်က တခါ အပ်ရင် ၁ပတ် အတွင်းရမယ် ဆိုလို့ ယပ်တောင် အပ်ခဲ့ပြီး နောက် တနေ့မှာ ယပ်တောင်အပ် လက်ခံတဲ့ ကောင်မလေးက ခရီးထွက်လို့ သူများနဲ့ လွှဲခဲ့တယ် ဆိုလို့ စိတ်က တော်တော်လေး ကသိကအောက်နဲ့ စိတ်ထဲမတင်မကျ.. အပ်ပြီးသား ပြန်သွားယူမယ် ဆိုတော့လည်း မကောင်းဘူးလေ.. ဒါနဲ့ ကောင်မလေးက ၃ရက် ခရီးထွက်သွားပြီး သူ ပြန်မလာခင် နေ့မှာမှ သူ လွှဲထားခဲ့တဲ့ သူက ယပ်တောင် စာရိုက်ဖို့ လုပ်ပါတယ်။ ပြီးတော့ ယပ်တောင်ကို နောက်ထပ် ၂ပတ်လောက်နေမှ ရပါမယ် ဆိုလို့ စိတ်ထဲ တော်တော် ဒေါကန်ခဲ့ရပါတယ်။

သူချိန်းတုန်းက ၅ရက် ၅ရက်ပြည့်ဖို့ ၂ရက် အလိုမှ ၂ပတ်နေမှ ရမယ် ဆိုတော့ မှီတယ် ဆိုရင် မအပ်တော့ဘူး တခြားမှ အဆင်ပြေပြေ လုပ်ပေးနိုင်တဲ့ ဆီမှာ အပ်ပါမယ် ဆိုပြီး ပြတ်ပြတ်သားသား ပြောလိုက်တော့မှ.. နာရီပိုင်းအတွင်း နောက်ထပ် ၂ရက်နေရင် ရပါမယ် ဆိုပြီး လာပြန်ပြောတယ်။ သူတို့ဟာ သူတို့ ပေးထားတဲ့ ဒီဇိုင်းစာရွက်ကို စကန် ဖတ်တယ်ပြောတယ်။ အလွဲက အဲဒီ စကန်ဖတ်တဲ့ နေရာမှာ လွဲတာ ဖြစ်ပါလိမ့်မယ်။ ဒေါင်းရဲ့ ခေါင်းနေရာက အရစ်ကလေး လိုဂိုမှာပါတာ မဟုတ်ဘူး ထင်ပြီး ဖြတ်ပလိုက်တာလည်း ဖြစ်နိုင်တယ်။ လက်ထဲကို အဲဒီ ယပ်တောင် ရမှမြင်တော့ မရတော့ဘူး။ ထပ်ပြီးပြောရရင်လည်း ထ သတ်ရုံမှတပါး မရှိတော့လို့ ကိုယ့်ဒေါသ ကိုယ်သာသိမို့ ကြိတ်မှိတ်ပြီး စိတ်လျော့လိုက်ရတာပါ။

… …

ရန်မထောင်ချင်တော့ပါဘူး ကိုရွာစားရယ်.. အလွဲ ထဲမှာ အဲဒီ ကား ကိစ္စ လည်း ပါသေးတယ်။ အဲကွန်းဖွင့်လို့ ရဖို့ ဆိုရင် ဒီဇယ်ကားမှ ဖွင့်ရမယ်။ အဲကွန်းဖွင့်မယ် ဆိုရင် ၆နာရီ ကို ၅ဂါလံဖိုး ၁၂နာရီကို ၁ဝဂါလံဖိုး ထပ်ဆောင်း အပိုပေးရမည်တဲ့။ ဂတ်စ်ကား ဆိုရင်တော့ အဲကွန်း ဖွင့်မရပါဘူးတဲ့။ ခရီးသွားတဲ့ အချိန် အားလုံး အေးအေးဆေးဆေး သွားနိုင်အောင် အဲကွန်း ဖွင့်ခိုင်းမယ် ဆိုပြီး ဒီဇယ် ကား ငှားခဲ့ပါတယ်။

ဒီဇယ်ကား ငှားခ တနေ့စာ ၂ သိန်း ၃သောင်းကျပ်၊ ဂတ်စ်ကား ငှားခ တနေ့စာ ၂သိန်း ၁သောင်း ၅ထောင်ကျပ်

ဒီဇယ်ကား ဈေးပေးပြီး ငှားလိုက်ရတဲ့ ကားကတော့ ဂတ်စ်ကား ဖြစ်နေမှန်း ကားသမားကို အဲကွန်းမောင်းဖို့ ပြောလိုက်မှ သိရပါတော့တယ်။

ကားငှားပေးတဲ့ တာဝန်ခံကတော့ ဗိုလ်ကြီးစိန်ဖေ ဖြစ်ပါတယ်။ အစကတော့ တိုင်မယ် တောမယ်နဲ့ စိတ်ထဲ ဖြစ်မိပေမဲ့ ပြီးသွားပြီမို့ ပိုက်ဆံ ၁သောင်းခွဲ ပြန်တောင်းလို့ ရလည်း အလုပ်ရှုပ်တာ အသွားအပြန် ဆီဖိုးနဲ့ ကိုယ့်လက်ထဲ ကိုင်ထားပြီး ဘာမှ မထူးတော့ဘူးမို့ မတောင်းတော့ပဲ နေလိုက်တော့မယ်လို့ တွေးလိုက် ပါတော့တယ်။ တောင်းစေချင်ရင်တာ့ ဘောက်ချာ ချလန်တွေ အခုထိ ရှိနေပါသေးတယ်။

အဲဒီလို အဲဒီလို မဆူးခမျာ ဒေါသထွက်စရာ အလွဲကလေးများနဲ့ ဒုက္ခခံ စီစဉ်မှုတွေ ရှိခဲ့ကြောင်း ဒီပို့စ်ထဲမှာ အသိအမှတ်ပြုပါတယ်။

ဒီလောက် ခေါင်းစားပေးခဲ့လို့လည်း ကျနော်တို့ သုမေဓာဆေးရုံခရီးဟာ  ပျော်ရွှင်စရာ အလှူခရီးလေး ဖြစ်ခဲ့ပါတယ်။ အဲကွန်း မဖွင့်လည်းပဲ အလုပ်ရှုပ်တဲ့ ယပ်တောင်လေးတွေ ကိုယ်စီ ခတ်လို့ အေးမြခဲ့ပါတယ်။ ကားမှာတပ်ထားတဲ့ ဗွီစီဒီကြီး ဖွင့်မရလည်း အရေးမကြီး..။ ကားနောက်ပိုင်းမှာ ဂေဇက်တီးဝိုင်းက အန်ပလပ်ဂ် လိုက်ဖ်ရှိုး ဆိုနေကြတာ။ အားလုံး ဝင်ဟဲလို့ ပိုပျော်စရာ ကောင်းတယ်။ မုန့်တွေ စားလိုက်၊ မနိုကျွေးတဲ့ ကောက်ညှင်းပေါင်းလေး လွေးလိုက်၊ ခေါရပ်စ်လေး ဝင်ဟစ်လိုက်နဲ့ ဟုတ်နေတုန်းမှာ အန်ပလပ်ဂ် မဟုတ်တော့ဘဲ မြန်မာသီချင်းကြီးသီချင်းခန့်ဘက် လိုင်းပြောင်းသွားတယ်..။ ဂစ်တာကြိုး ပြတ်သွားလို့ ဂစ်တာအိုးကို ခေါက်ပြီး ဇာတ်မင်းသားလေး မောင်ကမ်းဝေးရဲ့ တစ်ပါးသွား ဖျော်ဖြေမှု နဲ့သာ ခရီးဆက် ခဲ့ရပါတော့တယ်။

ကားနောက်ပိုင်းက အန်ပလပ်ဂ် ရှိုး

သီဆိုပျော်မြူးနေတုန်းမှာ မဆူးကဖုန်းလာပေးသေးတယ်။ ဟိုး အော်ဇီ နိုင်ငံကနေ တကူးတက ဆက်လာတဲ့ ဦးကြီးFR ဆီကဖုန်းတဲ့။ သိတဲ့အတိုင်းပဲ ရွှေပြည်ကြီး ရဲ့ကွန်ယက်၊ ဟလို ကြားလား.. ဟလို.. ကြားလားနဲ့. . ကောင်းကောင်းကို ပြောရတယ် မထင်။ ကွန်မင့်တွေထဲမှာ ဖတ်ခဲ့ရတာတွေအရ ရွာသားတွေ အံ့ဩအောင် တိတ်တိတ်လေးပေါက်ချလာမယ့် ဦးကြီးFRရဲ့ အစီအစဉ် မဖြစ်လိုက်လို့ ဖုန်းနဲ့ပဲနှုတ်ဆက်ကာ အလှူငွေထည့်ရတာတဲ့။ ဦးFR ရဲ့ အလွဲ ပေါ့ ..။

နောက် သူကြီးပါးလာတဲ့ ကံစမ်းမဲကို တပျော်တပါး ဖောက်ကြ၊ လိုက်ပါလာတဲ့ ရွားသူားတွေ အားလုံးရှေ့ထွက် မိတ်ဆက်ကြပြီး မနက်စာ စားမယ့် ကျောင်းရောက် ပါတယ်။ ကျောင်းက ဆရာတော်ကို လှူဖွယ်ပစ္စည်းကပ်တော့ ဂီဂီရဲ့ မှောက်ထိုး ရိုက်ချက်ဆရာတော်လန့်သွားပုံ ကင်မရာအထုတ်နောက်ကျလို့ မှတ်တမ်း မတင်လိုက်နိုင်ဘူး..။

လက်တန်းပေါ်ကရိုက်၊ ဘေးကရိုက်၊ နောက်ကရိုက်
အရီးလတ် အတွက် မနက်စာ မုန့်ဟင်းခါး

မနက်စာ မုန့်ဟင်းခါး စားသောက်ပြီး ထွက်လာတော့ ပန်းတနော်မြို့ထဲ ဖြတ်သွားတုန်း ဆင်အကနဲ့ အလှူခံလှည့်လာတာ ကြုံတယ်..။ လေပန်းကောင်းနေကြတဲ့ လေးပေါက်နဲ့ ဓာတ်ပုံဆရာတွေကို ရိုက်ကောင်းမယ့်ဂွင် မလွဲရစေချင်တာ နဲ့ လက်တို့..။ ကိုယ်တိုင်လည်း သားကို ချီပြီးပြ၊ ဓာတ်ပုံလည်း ရိုက်ပေါ့။

အဲဒီမှာ ဖွစရာ.. ထူးချင်တဲ့ ကိုအရင့်ရောင်က ဆင်ကြီးနဲ့ တွဲရိုက်ပေးဖို့ ဦးပေါက်ကို ပြောပြီး ဆင်နှာမောင်းလေး အပီအပြင်ကိုင်ကာ စတိုင်ထုတ်လိုက်တယ်။ ဆင်ကိုယ်ထဲက လူကလည်း သူ့လက်ကို ရှောင်လိုက်တယ်..။ လွတ်သွားတော့ အရင့်ရောင်ကြီး နှာမောင်းကို လိုက်ဖမ်းပြန်တယ်၊ ဆင်အကသမားကလည်း ထပ်ရှောင်တယ်။ လေးပေါက်တော့ အမိအရ ရိုက်လိုက်နိုင်လား ပြောတတ်ဘူး အရင့်ရောင်နဲ့ ဆင်ကြီးက ဖမ်းဟယ်.. တိမ်းဟယ်နဲ့ လမ်းလယ်ကြီးမှာပေါ့ဗျာ.. 😆  ဆင်ကတဲ့လူ ဘာလို့ အသေအလဲ ရှောင်တာလဲ သိလား..။ သူ့ဆင်နှာမောင်းမှာ ဆုချထားတဲ့ အစိမ်း၊ အနီ အတန်ကြီးတွေ ချိတ်နဲ့တွယ်ထားတယ်လေ.. ပုံထဲမှာကြည့် ပါလား..။ ကိုအရင့်ရောင်ကြီး ဖြုတ်မှာကြောက်လို့ ရှောင်ပုံရတယ်ဗျို့.. သွတ် သွတ်

ဆင်အက ကို ငုတ်တုတ် ချောင်းနေတာ ဘယ်သူတုန်း

ကားပြန်ထွက်တော့ ကျနော်လည်း သားတော်မောင်နဲ့ ရှင်းရသေးတယ်။ ဆင်ကြီး ယူလာခဲ့ရမယ်အတင်း လုပ်နေလို့ဗျာ..။အဲဒီနောက် မြို့ထဲက ကျိုက်ထီးရိုးပုံတူ ဘုရားကိုဝင်ဖူးတော့လည်း လူအုပ်တွေ့တာနဲ့ ဝင်ကြည့်တာ။ ခေတ်အမီဆုံး သူတောင်းစားတီးဝိုင်းပေါ့။ အန်းဒရိုက် ဖုန်းတွေနဲ့ သံစုံတီးဝိုင်းကြီးတီးပြီး သနားကြပါခင်ဗျာ.. အစ်ကိုကြီးတို့ အစ်မကြီးတို့ပေးမှ ကမ်းမှ စားရမယ့် ဘဝပါ အော်ပြီး ပျော်ပျော်ကြီး ဖျော်ဖြေနေလိုက်ကြတာ..။ တကယ့်လူတွေ 😀

စေတနာ ရှိသလောက်လေး ပေးကမ်း သွားကြပါအုံး

ဒီလိုနဲ့ ပန်းတနော်မြို့က ထွက်လာပြီး မြန်မကြာ အစုကြီးကျေးရွာကို ရောက်ခဲ့ပါတယ်..။ ကျနော်တို့ ကားကြီး ရွာထဲ ဆူဆူညံညံ (စာဥရေ ငါပြန်လာဘီဟေ့..၊ ဂွက်ထော်ရေ. . နေကောင်းလား အော် လာကြတာကိုး) ဝင်လာတာကို အထူးအဆန်း ကြည့်ကြတယ်။

အစုကြီးကျေးရွာ အဝင် သုမေဓာလမ်းဘေး ရှုခင်း

ဆေးရုံရှေ့မှာလည်း အုံးအုံး ကျက်ကျက် ကြိုစောင့်နေကျတာ.. မင်းသားမင်းသမီးတွေ လာတာကျလို့။ အံမယ် တိုးတိုးနဲ့ ပြောကြသေးတယ်.. ဟယ် ရဲတိုက်တော့ ရဲတိုက်..။ ဟော ဆုံသင်းပါ.. အဲဒါ ဆုံသင်းပါ။ ဟာ ဘရိတ်ကီလည်း ပါတယ်ကွ..တဲ့။

နေပူထဲကရောက်လာကြတော့ စီစဉ်ထားတဲ့နေရာမှာ ဝင်နား၊ အချိုပွဲတွေဝါး..။ ချွေးတိတ်တော့ နေ့လည်စာ ထပ်စား.. ဟဲ ဟဲ မနာလို မဖြစ်ကြနဲ့နော်။ မနိုရဲ့ ကင်ချီလက်ရာတောင် အဆစ်ပါသေး။

အလှူပွဲက နေ့လည်စာ

ဗိုက်ဝတော့ ဆေးရုံပတ်ကြည့်၊ မှတ်တမ်းတင်။ ဓာတ်ပုံဆရာ တွေလည်း အလျှိုလျှို လစ်ထွက်သွားတာ အလှူတရားနာတော့ တော်တော်စုလိုက်ရသေးတယ်။

အင်း တခုခုတော့ တခုခုပဲ (မောင်လုလင် စိတ်ထဲ ဘာတွေးနေပါလိမ့်)

ပြောရအုံးမယ်..။ ဘုန်းဘုန်းတရားဟောတာနာနေတုန်း တိတ်ဆိတ်နေချိန်ပေါ့။ သားတော်မောင်က ထပြောတယ်။ သားသား အီးပေါက်တယ်တဲ့။ အားနာလိုက်တာဗျာ..။ ဘုန်းဘုန်းက ဆေးရုံအတွက် ကြိုးပမ်းရပုံ ပြောပြ၊ မန်းဂေဇက်က ခုလိုလာလှူတာလည်း ဝမ်းသာတယ်။ ဘယ်ကလာ လှူလှူ စိတ်မဆိုးပါဘူးလို့ ပြောတော့ သူ့အမေကို သား ကပ်ပြီးမေးသေးတာ။ ဦးတော်ဘုရားက ဖေ့ဖေ့ကို ပြောနေတာလားတဲ့။ မာန်မဲတတ်တဲ့ သူ့အဖေကို ဘုန်းကြီးက စိတ်မဆိုးဖို့ တရားချနေတယ် တွေးလားမသိ။

ဆရာတော်ဘုရားရဲ့ အနုမောဓနာ တရား

ရေစက်ချ အမျှဝေကြတော့ မျိုးကြီးသံနဲ့ ရှေ့ကဆိုသွားတဲ့ အမျိုးသမီးကြောင့် ရီချင်ရသေးတာ..။ နောက် ရေစက်ခွက်ပေးထားတဲ့ ဦးပေါက်ရဲ့ အလွဲလေး..။ ကိုင်း.. ရေစက်ချကြပါလို့.. ဘုန်းကြီးက သတိမပေးလို့တဲ့ (မန္တလေးနယ်နဲ့ မတူလို့ပေါ့နော်) အမျှဝေတော့မှ ရေစက်ခွက် ကိုင်လိုက်ရတယ် ဆိုတာ အလှူအပြီးပြောလို့ သိရတယ်။ အစီအစဉ်အရ ရွာလူကြီး တစ်ယောက်က ကျေးဇူးတင် စကားပြောပြီး အလှူရှင်တွေဆီက အကြံပေးစကား ပြောပါဆိုတော့လည်း ဦးပေါက်ပဲ ပြောရတာပေါ့။

အကြံပေးပါဆို ကျေးဇူတင်စကားပဲ ပြောသွားတဲ့ ဓာတ်ပုံဆြာကြီး

အဲဒီမှာ ဆုံသင်းတုံရဲ့ AKKO က ဘယ်ကတည်းက ကြည့်မရတဲ့ အမတ်မင်းနဲ့ ကိုဖက်တီးကတ်ကို အဖွဲ့သားများကိုယ်စား ပြောပေးပါဆိုပြီး ထ ချောက်တွန်းသေးတယ်..။ အားလုံးကလည်း ဟုတ်တယ် ပြောပါဆိုတော့ အမတ်မင်းခမျာ ထပြောတယ်..။ ဖက်တီးကတ်ကြီးကတော့ သတ္တိကောင်းတယ်.. ဘယ်လိုမှ ပြောခိုင်းလို့မရဘူး။ ပျော်စရာ အမှတ်တရတခုပေါ့နော်။

လွှတ်တော်မတက်ဘဲ အလှူမှာ ကဲသူရဲ့ ကျေးဇူးတင်စကား

အဲဒီနှစ်ယောက်ပဲ လွဲကြပုံပြောအုံးမယ်။ ပြန်ခါနီး ဆေးရုံ အဝင်ဝမှာ မနိုဗွီတူမ အငယ်ဆုံးလေးနဲ့ အဖွဲ့ကျပြီး ရှေ့ကထွက်သွားတဲ့ သားက သူ့အမေမမြင်တော့ ရှာတာပေါ့။ အဲဒါ အမတ်မင်းက သားမေမေ ပြန်သွားပီလို့  စလိုက်တာ အော်ငိုပါလေရောဗျာ..။ တလမ်းလုံး ပျော်လာတဲ့ ကလေးကို ဘယ်သူငိုအောင်လုပ်တာလဲ ဆိုကြတော့ လွှတ်တော်မတက်တဲ့ အမတ်ကြီး မျက်နှာငယ်လေးနဲ့ ကလေးချော့ရတယ် သားသားကို ပြောတာမဟုတ်ဘူး.. မမကို ပြောတာနော် တိတ် တိတ် တဲ့။ သမ္မတကြီးသိရင် ငြိမ်းချမ်းရေး အဖွဲ့ခေါင်းဆောင်လုပ်ခိုင်းမှာ အသေအချာပဲ ဟဲ ဟဲ။ တခါ ကားပေါ်တတ်ခါနီးလေးတင် ကျနော်တို့ မိသားစုကို ဒေါ်အိတုံက သူ့ပို့စ်အတွက် မှတ်တမ်းတင်တာ နောက်မှာ ဖက်တီးကတ်ကြီးက ကင်မလာနဲ့ မဆန့်အောင် လာရပ်နေတာပေါ့။ အင်း မိသားစုပုံ ရိုက်နေပါတယ်ဆို.. ကျနော့်မှာ သားတယောက် အရဂါး ကောက်ရသလိုပေါ့ဗျာ :lol:။ ပြောသေးတယ် သူက ဒီအမေက ဒီသားမွေးရရင် သေရချည်ရဲ့တဲ့.. ဟုတ်ပ။ :mrgreen:

ရှောက်သီးဆေးပြားလည်း ရောင်းတယ်

ဒီလိုနဲ့ အလှူပွဲကြီးပြီးလို့ အပြန်ခရီးကို အောင်မြင်စွာ ထွက်ခွာခဲ့ကြတယ်.။ ကားပေါ်မှာ အမတ်မင်းက ရှောက်သီးဆေးပြားတွေ၊ အချိုရည်တွေလည်း ရောင်းသေးတာပေါ့နော်။ ပန်းတနော် မြို့ထဲဝင်တော့ ဒေသထွက် သင်ဖျာတွေ တဆိုင်မှာ ဝင်ဝယ်ကြပါတယ်။ .. တော်တော်များများ အားပေးခဲ့ကြပါတယ်။ ရွာစားကျော် လွဲပုံပြောအုံးမယ်။ ကျနော်လိုချင်တဲ့ မိသားစုအိပ်ဖျာက တဖက်ချောဆို ၁၂၀၀ဝကျပ်၊ နှစ်ဖက်ချောဆို ၁၉၀၀ဝ ကျပ် ဆိုတာနဲ့ နှစ်ထပ်ပါမယ့် ၁၉၀၀ဝ တန် ဝယ်တယ် ဆိုပြီး ရွေးခဲ့ပါတယ်။ ကျနော့်အတွေးက ဟိုဘက်ဒီဘက် အချောက နှစ်ထပ်ချုပ်လို့၊ တဖက်ချောဆို တစ်ထပ်ပဲ ပါမယ်လို့တွေးပြီး သေချာမကြည့်ဘဲ ဝယ်လိုက်တာပါ။ တကယ်က သင်ဖျာ မှန်သမျှ နှစ်ထပ်ပါ.. ကြမ်းတာ ချောတာပဲ ကွာတာပါ။

ဒီဂနေ့တော့ တွက်ချေကိုက်ဘီ.. ဟီ ဟိ

အပြန်ခရီးက မိုးနတ်မင်းရဲ့ အလှူဂုဏ်ပြု မိုးဖွဲလေးကြောင့် အေးအေးမြမြ ရှိခဲ့ပါတယ်။ ရန်ကုန်ရောက်တော့ မမတို့ ကျွေးတဲ့ ခေါက်ဆွဲကြော်စားလို့ ညစာလည်း စိတ်အေးခဲ့ရဲ့။ ဒါတောင် ပါဆယ်နှစ်ထုပ် အတင်းထည့်ပေးလို့ ယူခဲ့ရသေးတယ်။ ရွာသားတွေနဲ့ လမ်းခွဲပြီး နေပြည်တော်ကို ပြန်ရောက်တဲ့ အထိ အမှတ်တရ အလွဲလေးတွေနဲ့ အလှူခရီးကို တသသ ဖြစ်နေပါတော့တယ်။

ဪ.. မေ့တော့မလို့။ အလှူသွားတဲ့ခရီးမှာ ကျနော်တို့ ရွာသူ/ရွာသားတသိုက်ကို သားသားက ဘယ်လိုကင်ပွန်းတပ်တယ်မှတ်လဲ?.. အလုပ်ရှုပ်တဲ့ လူတွေ တဲ့။ ကဲ မှတ်ထားကြနော် :mrgreen:

 

29 comments

  • Khin Latt

    May 7, 2012 at 4:17 am

    လာပြီဟေ့ မုန့်ဟင်းခါး။ 😀
    ကျေးဇူးပါဘဲ အလုပ်ရှုပ်တဲ့ ဖေဖေ ရယ်။

    ဆင်ကြီး ယူလာခိုင်းတဲ့ သားလေး ကြည့်ရတာ စကား အတော်တတ်ပုံ ရတယ်။
    သူ့မေမေ ကြည့်ရတာတော့ အေးအေးလေး မို့ အမေတူ သားလေးတော့ မဖြစ်နိုင်ဘူး။
    ဒီတော့ကာ
    (- Member တဦးသည် အခြားMemberအပေါ် ပုဂ္ဂလိကဆိုင်ရာ.. မှတ်ချက်/ထင်မြင်ချက် ပေးရန် လုံးဝ(လုံးဝ)အခွင့်မရှိ….)

    ဆုံသင်းတုံ လေးက တကယ်ဘဲ ချစ်ဖို့ ကောင်းသကိုး။
    ဂေဇက် မင်းသား၊ မင်းသမီး တွေက အဲဒီ မင်းသား/မင်းသမီးတွေ ထက် ပိုလှမှာပါ အေ။
    ဘရိတ်ကီ ဆိုတာကတော့ ဘယ်သူ့ပြောတယ် မသိ၊

    ဓာတ်ပုံ နဲ့ စာ တွေ ကို ညဂျူတီချိန်မှာ (မအိပ်ဘဲ ;-)) အပင်ပန်းခံ တင်ပေးနေသမို့ တကယ် ဘဲ ကျေးဇူးပါကွယ်။
    ကိုယ်ပါ အဲဒီအလှူနေ့ မှာ ဝင်ပါနေရသလို ခံစားရပါတယ်။

    ဒါထက် မင်္ဂလာ နှစ် ဘယ်လောက်လဲ။
    ရှေ့နှစ်မှာလဲ ဒီလို ဘဲ ပျော်ရွှင်တဲ့ အကြောင်းအရာလေး ထင်ကျန်ပါစေလို့။ 🙂

    • ရွာစားကျော်

      May 7, 2012 at 9:43 am

      မေလ ၄ ရက်နေ့က ၄ နှစ်ပြည့်ခဲ့ပါတယ် အရီးလက်ခင်ဗျာ

      သားသားက စကားလည်းတတ်မှတတ်၊ အဖေနဲ့ အမေဆီက ချောတာ လှတာတွေချည်း ပေါင်းယူထားလို့ ချစ်စရာ ကောင်းမှကောင်း.. ဟီး.. ချဉ်လိုက်တာ ကိုယ့်ငါးချဉ်က

      အဆိုတော် ဘရိတ်ကီကို တီးဝိုင်းထဲမှာရှာလေ.. ဘော်ဒီရော၊ ဆံပင်ကေရော၊ ဝတ်ပုံစားပုံပါတူတယ်.. ဖွဘီ

  • water-melon

    May 7, 2012 at 7:50 am

    ကိုမတ်က ရှောက်သီးဆေးပြားလည်းရောင်းတယ်
    အဟိ
    ၂ ထုပ်လောက်ဗျို့
    အမှတ်ရပါတယ်ဆိုမှ
    သတိရလိုက်တာ စာဥရယ်
    နောက်လည်းဆုံချင်ပါသေးတယ်

    • ရွာစားကျော်

      May 7, 2012 at 9:53 am

      နင် ယောက်ျားယူလိုက်လေ..
      တရွာလုံး မင်္ဂလာဆောင်ပွဲတတ်ကြမယ်
      အားလုံးနဲ့လည်းတွေ့ရ ဖြဲမလည်း ယောက်ျားရ အာဟ.. အာဟ

  • Inz@ghi

    May 7, 2012 at 8:29 am

    အဲ့အချိန် တုန်းက အားလုံးပါအောင် ရိုက်ချင်လို့ ငါးမျက်စိ တပ်ထားတာဗျ..
    မှောက်မပစ်လို့ မရဘူးရယ်.. အဲ့သည့်ပုံတွေ တင်ပါဦးမယ်လေ…
    ဟီး …ငါးမျက်စိဆိုတော့ သိတဲ့အတိုင်း လူတွေတော့ နည်းနည်းရွဲ့နေလေရဲ့ ..
    lens barrel distortion ကို correct ပြန်လုပ်ရမှာမို့ ..နည်းနည်းစောင့်စေချင်ပါကြောင်း..

    ခင်တဲ့
    ဂီ

    • ရွာစားကျော်

      May 7, 2012 at 10:54 am

      ဂီဂီရဲ့
      ငြုတ်နဲ့ လက်ပံ ကရော ငါးမျက်စိနဲ့ ရိုက်ထားတာလား..
      ပုံလေးတွေ မျှော်နေပါ့မယ်..

      • Inz@ghi

        May 7, 2012 at 1:46 pm

        ငြုပ်နဲ့ လက်ပံက ငါးမျက်စိတော့မဟုတ်ပါ..
        သို့သော် ငါးမျက်စိလောက်နီးနီး ဝိုက်ပါသည်..
        စိုင်ပစ်ဖို့ ဝယ်ထားပီး စိုင်မပစ်ရလို့ ..ကိုလုလင်ကို
        နှုတ်ခမ်းဆူ စိတ်ကောက်ပြီး ပြန်သွားပါဂျောင်း….
        😛
        ခင်တဲ့
        ဂီ

  • အရင့်ရောင်ကို ဆင် က နောက်ပြန်ကန်တဲ့ပုံရှိတယ် သူခွင့်ပြုရင်တင်ပေးမယ် မေးပေးကြပါ

    • ရွာစားကျော်

      May 7, 2012 at 11:38 am

      ခွင့်ကျုတယ် ခွင့်လွှတ်တယ်.. တင်ပေးပါ ဦးပေါက်ခင်ည
      နောက်ဆုံးတော့ ဆင်အကသမားကြီး လှည့်ပြေးရတဲ့ အထိပါလား..

  • water-melon

    May 7, 2012 at 10:28 am

    တင်လိုက် လေးပေါက်
    အဟိ
    ကျွန်တော်ပြောထားပါ့မယ်

  • amatmin

    May 7, 2012 at 10:29 am

    အော်..အလှုမှာ တရားနာချိန်အတွင်းဘေးနားမှာ ညာဘက်က ကိုAKKO နဲ့ ဝဲဘက်မှာ ကိုရွာစားကျော်..
    သူတို့ကိုကြည့်မိတော့ ရုပ်တည်ကြီးတွေနဲ့ ဗျာ.. 🙁
    လုပ်ရက်ကြပါပေ့..ကျနော့မှာသာ ထစ်ထစ်ငေါ့ငေါ့နဲ့ . နောင်ခါ်များတော့ သူတို့နှစ်ဦးနဲ့ ခပ်ဝေးဝေးပဲလှူတော့မယ်.. 🙂

    • ရွာစားကျော်

      May 7, 2012 at 11:42 am

      ဦးမတ်မင်း
      ဘယ်ညာ လွဲနေဘီ။ ထိုင်နေတုန်းမှာ ကျုပ်က ညာဘက်၊ ဒေါက်တာက ဘယ်ဘက်မလား..
      ခုလွဲတာ ကိစ္စမရှိဘူး..
      တောင်ညာစံနဲ့ မြောက်ညာစံ လွဲပြီးသာ မခေါ်မိစေနဲ့.. ခွိ

      • amatmin

        May 7, 2012 at 1:56 pm

        ဟုတ်ပဗျာ.. ခင်ဗျားရဲ့ အလွဲပို့စ် မှာမှ ဝင်လွဲရတယ်လို့ ..
        လွဲသွားကြောင်းဝန်ခံရင်း လာထားနောက်တဆယ် ပေါ့ ဗျာ.. 🙂

  • FattyCat

    May 7, 2012 at 11:25 am

    ရွာစားကြီးရေ-
    ခင်ဗျားလုပ်မှပဲ ကျုပ်နဲ့ သူရတို့မှာ ဒစ်ဂျစ်တယ်သူတောင်းစားဖြစ်ရတော့ပါတယ်ဗျာ….

    ခင်တဲ့-
    ကြောင်ဝတုတ်

    • ရွာစားကျော်

      May 7, 2012 at 12:19 pm

      ဘာ အထုမှ ကြောက်ပါဘီလဲ
      တူဘဲ အတံဗြဲကြီးနဲ့ တနားကြဘာ တနားကြဘာ အော်တုန်းက အော်ပီးဒေါ့

    • သူရဇော်

      May 7, 2012 at 2:11 pm

      အမယ်လေး ကိုဖက်တီးကပ်ရဲ့ ကျုပ်တို့နှစ်ယောက်သူတောင်းစားလှလှဖြစ်ရပါပကောလား…. ခွိခွိ…..အဲဒီတုန်းကတောင်းတာ တခြားမဟုတ်ပါဘူးဗျာ…………အဲဒီထဲက ဝဝနဲ့လူကြီးက ဗိုက်ဆာတယ်ဆိုလို့ ကူတောင်းပေးတာပါဗျာ…….. ဒါပေမယ့် နာမည်ကတော့ အဆန်းသားလား ဒစ်ဂျစ်တယ် သူတောင်းစားဗျို့……………သူတို့မှာ ကောင်မလေးတွေဝိုင်းနေတာ သတိထားမိကြတယ်မဟုတ်လားဗျို့….

    • ရွာစားကျော်

      May 8, 2012 at 1:38 pm

      ကျနော့်ရဲ့ ပို့စ်ထဲမှာ
      ရွားသူားအားလုံး အလှူခရီးရဲ့ ပျော်ရွှင်မှုတွေ ကူးစက်စေချင်တာရယ်..
      ပိုပြီးတော့ အသက်ဝင်ဖို့ရယ်.. ဓာတ်ပုံလေးတွေနဲ့ပါ ထည့်အားဖြည့်လိုက်တော့ ရွာသူားတချို့ရဲ့ ပုံတွေပါသွားရပါတယ်..
      ဒါ့ထက် ဇာတ်မင်းသားလို့ပြောခံရတဲ့ခံရ၊ သူတောင်းစားနဲ့ အနှိုင်းခံရတဲ့သူ ခံရနဲ့..
      တုံတုံရဲ့ ပို့စ်မှာဖတ်ရလို့ ပိုပြီးတော့ အားနာသွားရပါတယ်..
      ပုံတွေဖျက်ပေးစေချင် ပွင့်ပွင့်လင်းလင်း ပြောနိုင်ပါတယ်ခင်ဗျာ.. boaungdinplp@gmail.com ကို မေးလ်ပို့ပါက ဖျက်ပေးပါမယ်…
      ခင်မင် အားနာစွာဖြင့်
      ရွာစားကျော်..

  • Thel Nu Aye

    May 7, 2012 at 11:53 am

    တဂတဲ။ ဗိုက်ဆာနေချိန်မှဒီပိုစ့်ကိုဖွင့်မိရက်ကြုံတယ်။ ထမင်းကလဲမကျက်သေးဘူး။ မုန့်ဟင်းခါးဝိုင်းကလဲ ဗိုက်ကိုဘယ်လိုမှမနေနိုင်စေတာနဲ့ပဲ အခုပဲအောက်ဆင်းပြီးမုန့်ဟင်းခါးဝယ်စားလိုက်ရပါကြောင်း။ ပိုစ့်ပိုင်ရှင်နေ မုန့်ဟင်းခါးဖိုးပေးပါ။ သများကိုထမင်းကျက်အောင်ထိမစောင့်နိုင်ပဲဗိုက်ဆာအောင်လုပ်လို့။

  • ရွာစားကျော်

    May 7, 2012 at 12:22 pm

    လွန်တာရှိရင် ဝံတာမိပါ မသဲနုအေး ခင်ည
    ရော့ ရော့ မုန့်ဟင်းခါးဖိုး ကျနော် ရှင်းလိုက်တယ်နော်.. 😆

  • သူတို့က အကြံပေးစကားပြောခိုင်းတာသိပေမယ့် ကိုယ်ကအခုမှဒီနေရာရောက်တာ ဘယ်အကြံသွားပေးလို့ရမလဲနော်.
    အဲတော့လဲ ရှာကြံပြီး ပြောရသပေါ့ကွယ်.
    ရွာစားကျော်လေးရယ်……………………………….

    • ရွာစားကျော်

      May 7, 2012 at 4:05 pm

      လူကိုယ်တိုင် မတွေ့ဖူးကြသော်လည်း လေလှိုင်းထဲက၊ ရေးသီကြတဲ့ စာလုံးလေးများမှတဆင့် သိရှိခင်မင်ခဲ့ကြတဲ့ မိတ်ဆွေများ.. ဆိုတဲ့ အသုံးအနှုံးကို ကြိတ်ခိုက်နေတာပါ ခင်ဗျ.. 🙂

  • ဆူး

    May 7, 2012 at 2:05 pm

    ကိုရွာစားကျော် ရေ.. အခက်အခဲ ထဲမှာ အဲဒီ ယပ်တောင် ကိစ္စ နဲ့ ကား ကိစ္စက သိပ်ကြီးမားတဲ့ အထစ်အငေါ့ မဟုတ်ခဲ့ပါဘူး။ သူ့ထက် ကြီးတာတွေ ရှိခဲ့ပါတယ်။ စစချင်း ကိုဘုန်းကျော် ရဲ့ ဆူး သို့ ဆိုပြီး မေးတဲ့ ပိုစ်နဲ့ စခဲ့ရတာပါ။ ခရီးထွက်မယ် တရားဝင် ကြေညာ ထားလျက်နဲ့ ခရီးထွက်တဲ့ ရက်မှာ တင်ထားတာ ခရီးက ပြန်လာမှ ဖြေရှင်းခဲ့ရတယ်။
    နောက်ပိုင်း နောက်ပိုင်း ရှိခဲ့ပေမဲ့ အလှူမှာ လှူခဲ့တဲ့ စိတ်နဲ့ အရာရာ အသေးအမွှားလို ဖြစ်ခဲ့ ရပါတယ်။

    အလှူသွားခဲ့တာ အလွန်ပျော်ခဲ့ပါတယ်။
    အလှူမှာ ပါဝင်ခဲ့တဲ့ သူတွေ အားလုံးကိုလည်း ယုံကြည်မှုနဲ့ ပူးပေါင်းပါဝင်မှု အတွက် ကျေးဇူးတင်မိပါတယ်။

    • ရွာစားကျော်

      May 8, 2012 at 3:17 am

      ဟုတ်ကဲ့ မဆူးရေ
      အခက်အခဲတွေရှိမယ်ဆိုတာ တွေးမိလို့လဲ အစ်မဆီက ကျနော်သိသလောက်ကိစ္စလေးတွေ ပို့စ်ထဲထည့်ပြီး တင်ပြတာပါ..
      ခုချိန်ဆိုရင်တော့ ကဘုန်းကျော်လည်း သိရှိနားလည်လောက်ပါပြီ..
      အလှူပို့စ်တွေ ဓာတ်ပုံတွေလည်း တင်ထားတာ အများကြီးဆိုတော့လေ..

  • ဆူး

    May 7, 2012 at 2:16 pm

    ကိုပေါက် အကြံ မပေးပဲ ဆူး တို့ အင်တာနက်က မိတ်ဆွေတွေ စုစည်းပြီး လှူတယ် ဆိုတာ ဘာလဲ ဆိုတာ ရွာက လူတွေ သိအောင် ပြောပြသွားတာ ပိုကောင်းပါတယ်။ အင်တာနက် ဆိုတာ ဘာမှန်းမသိတဲ့ တောက လူတွေကို ရှင်းမပြခဲ့လျှင် သူတို့ ဘယ်လိုလဲ ဆိုတာ သိမှာ မဟုတ်ဘူး။
    ဆူး ကတော့ မိုက်ကိုင်ပြီး ပြောသွားတဲ့ ကိုပေါက် ကို စိတ်ထဲက ကြိတ်ပြီး ချီးမွမ်းမိတယ်။ ဆူး ဆိုရင် ဘာပြောရမှန်း ကို သိမှာ မဟုတ်ဘူး။ ချက်ချင်း စာစီပြီး စကားလုံး လှလှတွေ ပြောနိုင်တာ အလွန်ကောင်းတယ် ဗျို့..

    • Khin Latt

      May 8, 2012 at 3:35 am

      ဒါတောင်မှ ကိုပေါက်က အတွေးပါးပါးလေး မို့သာနော။
      ဒါကြောင့်လဲ မန်းလေး က နာမည်ကျော် ဖြစ်နေတာပါ့။ 🙂

  • manawphyulay

    May 7, 2012 at 2:17 pm

    အင်း ပြန်ကြည့်ပြီး ပြန်သွားချင်နေတယ်။ရှောက်သီးဆေးပြားရောင်းတဲ့သူလည်း ရိုက်လိုက်တာပဲလား…

  • marblecommet

    May 8, 2012 at 4:02 pm

    ဟမလေး ဟမလေး….
    ရွာစားစိန်
    သများလို ရော်ကာကြီးဂိုမှ
    စိတ်ခဏ ဖောက်ပြန်တုန်း
    က္ကန္ဒြေပျက်ယွင်းနေပုံကို
    ကြော်ငြာရက်ပလေတယ်….
    အာဟင့်……

  • windtalker

    May 11, 2012 at 7:20 pm

    နေပြည်တော် ရောက်ရင် “အမိုးကြီး” ဆိုင်မှာ ဆုံမယ်ဗျား ။

    • ရွာစားကျော်

      May 11, 2012 at 7:27 pm

      ဖုန်းခေါ်ဖို့မေ့ပြီး တိတ်တိတ်လေးသာ ပြန်မသွားနဲ့
      နေပြည်တော်ရောက်ရင်ဆက်သွယ်လိုက်..မိုးပေါ်ထိ တက်ကဲမယ် ဟဲ ဟဲ

Leave a Reply