“ဘုရင်တစ်ပါး၏ချစ်ခြင်းတရား” (အပိုင်း ၁၁)

SonnyMay 20, 20125min2428

“ဘုရင်တစ်ပါး၏ချစ်ခြင်းတရား” (အပိုင်း ၁၁)

11
Paris
အခန်း(၁၁)
ပဲရစ်မြို့

For the next thirty years the Duke and Duchess lived in Paris.
They gave parties and traveled around the world, but they never
went back to Buckingham Palace.

မြို့စားနဲ့ မြို့စားကတော် တို့ ဟာ နှစ်ပေါင်းသုံးဆယ် တိုင်တိုင် ပဲရစ်မှာ နေထိုင်ခဲ့ကြပါတယ်။
ကမာ္ဘတဝှမ်း ခရီးတွေအတူသွား ပါတီပွဲတွေကျင်းပကြပါတယ်။ ဒါပေမဲ့လည်း သူတို့တွေ
ဘယ်တော့မှ ဘာမင်ဂမ် နန်းတော်ကို ပြန်မသွားတော့ကြပါဘူး။

When King George died in 1952 and Queen Mary died in 1961,
Edward returned to Windsor for a few days. But Wallis stayed
in France. “It’s your family,” she said. “Not mine.”

ဘုရင်ကြီးဂျော့ ၁၉၅၂ မှာနတ်ရွာစံသွားပြီး ဘုရင်မကြီးမယ်တော်ကြီးမေရီကတော့ ၁၉၆၁ မှာကံတော်ကုန်သွားတဲ့အချိန်မှာတော့အက်ဒဝပ်က ဝင်ဆာရဲတိုက်ကြီးကိုပြန်
သွားခဲ့ပါသေးတယ်။ ဝေါလစ်ကတော့ ပြင်သစ်မှာပဲနေခဲ့ပါတယ်။ သူကပြောတယ်
“ဒါ ရှင့်ရဲ့မိသားစု အရေးပဲ။ ကျမအရးမှ မဟုတ်တာပဲ။ သွားရမှာပေါ့။”

But then in 1966, The Duke and Duchess met Queen Elizabeth
(the daughter of King George) at a small party in London.
After thirty years it was time to forget the past.
Elizabeth kissed the Duchess and touched her arm.
Then she returned to the Duke and said: “Wallis is
so beautiful, uncle. You’re a lucky man.”

ထိုနောက်..၁၉၆၆ ခုနှစ်မှာ တော့ မြိုစားနဲ့ မြို့စားကတော်တို နှစ်ဦး ဘုရင်ကြီး ဂျော့ချ ရဲ့
သမီးဖြစ်သူ ဘုရင်မကြီး အဲလစ်ဇဘက်(သ)ကိုပါတီပွဲလေးတစ်ခုမှာသွားဆုံဖြစ်သွားပါတယ်။
နှစ်ပေါင်းသုံးဆယ်ပဲကြာခဲ့ပြီပဲအတိတ်ကမနှစ်မြို့ဖွယ်ရာတွေကို ပြည်ဖုံးကားချသင့်ပါပြီ။
အဲလစ်ဇဘက်(သ) က မြိုစားကတော်ကိုအနမ်းနှင့်နှုတ်ဆက်ပြီး လက်မောင်းကိုကိုင် နှစ်သိမ့်ပါတယ်။
ပြီး မြို့စား အက်ဒ်ဝပ် ကို “ဦးလေး…ဝေါလစ် ကလှ လိုက်တာရှင်…ဦးလေးက တကယ့်ကံထူးရှင်ပါပဲ..”

“That day Elizabeth was very kind to us,” Edward wrote later.
“But why couldn’t my mother or my brother say those words to me?”

အက်ဝက်ကရေးသားမှတ်ထားပါတယ်။
“အဲဒီပါတီပွဲမှာဆုံတဲ့နေကတော့ အဲလစ်ဇဘက်(သ) ကတော့ ကျွန်ုပ်တို့ဇနီးမောင်နှံ အပေါ်မှာ
တော်တော်လေးကို ကြင်ကြင်နာနာ ခင်ခင်မင်မင်ပါ။ ဒါပေမင့်..ဘာကြောင့်များ
ကျူပ်ညီတော်နဲ့ မယ်တော်တို့က တော့ ဘာကြောင်များ မခေါ်နိုင် မပြောနိုင်ဖြစ်ရတာပါလိမ့်”

On BBC television in 1969 the Duke and Duchess spoke about
their life together.
၁၉၆၉ ခုနှစ် မှာ ဘီဘီစီ အသံလွှင့် ဌာနကနေ မြို့စားနဲ့ မြို့စားကတော်တို့ကို သူတို့ဘဝဖြတ်သန်းမှု့တွေကို တွေ့ဆုံမေးမြန်းပါတယ်။

“Do you argue?” someone asked them.

“No, not really,” the Duchess replied. “But there’s one thing
about my husband that I really don’t like. He is always late.
It doesn’t matter if he’s meeting a queen,a president,or a film star.
He can never arrive on time. I don’t know why. I have tried
to change him, but it’s just not possible.

တစ်ယောက်ကမေးပါတယ် “တစ်ယောက်နဲ့တစ်ယောက်အငြင်းပွားဘူးပါသလား”
မြို့စားကတော်ကဖြေပါတယ်.. “ဟင့်အင်း..ဒါပေမဲ့ ကျမ အမျိုးသားပေါ်ကျမ မနှစ်မြို့စရာ
တစ်ခုတော့ရှိပါတယ်။ သူ အမြဲတမ်းနောက်ကျတတ်ပါတယ်။

The Duke smiled and touched her hand. “I know that I’m often late,”
he said. “But on our wedding day, I arrived at the church
twenty minutes before you. I was early and you were late.”

မြို့စားကြီးက ဝေါလစ်မြို့စားကတော် ရဲ့လက်ကိုထိကိုင်ရင်းနဲ့ပြောလိုက်
ပါတယ် “မောင်တော်မကြာခဏနောက်ကျတတ်တာကိုယ့်ကိုယ်ကိုလည်းသိ
တယ်ဒါပေမဲ့ မောင်တော်တို့မင်္ဂလာအခမ်းအနားနေ့ကတော့ ကိုယ်ဘုရားကျောင်း ကို မင်းထက် မိနစ် နှစ်ဆယ်တောင်စောရောက်ပါတယ်။ ကိုယ်ကစောပြီး မင်း နောက်ကျခဲ့တယ်လေ…”

“Yes, that’s true,” the Duchess said. And they both laughed.
“ဟုတ်ပါတယ်ရှင်…မှန်ပါတယ်။” မြို့စားကတော် ဝေါလစ် ကပြောရင် နှစ်
ယောက်သားရယ်လို့မဆုံးနိုင်ဖြစ်ကြရပြန်ပါတယ်။

“You could see real love in their eyes,” one newspaper wrote.
“They were on television, but they forgot about the cameras and
the millions of people who were watching. They were just two people
in love.”
သတင်းစာတစ်စောင်မှာရေးသားဖေါ်ပြထားတာတစ်ခုကတော့…
“သူတို့နှစ်ဦး စလုံးရဲ့စစ်မှန်တဲ့ချစ်ခြင်းမေတ္တာတွေကိုသူ့တို့မျက်လုံးထဲမှာ ဖေါ်ပြနေတာကို
မြင်ကြည့်နိုင်ပါတယ်။ ရုပ်မြင်သံကြားမှာပဲကြည့်ကြည့်သန်းပေါင်းများလှတဲ့လူတွေကြည့်နေကြည့်နေ ဘယ်လောက်ကင်မရာတွေတဖြတ်ဖြတ်ရိုက်နေနေ သူတို့နှစ်ဦးကတော့ သာမန်ပဲ သဘောထားတယ် ဟိတ်ကြီးဟန်ကြီးလုပ်မနေကြဘူး”

The Duchess was famous for her jewellery. “After my husband,”
she once said, “I love jewellery more than anything else in the world.”
And after thirty-five years with the Duke she had hundreds of pieces,
which came from all over the world.
မြို့စားကတော် ဝေါလစ်ကတော့ သူမရဲ့လက်ဝတ်ရတနာတွေနဲ့ထင်
ပေါ်ကျော်ကြားပါတယ်။ သူမတစ်ခါပြောဘူးတာရှိပါတယ်။

“I have never met a more beautiful woman than Wallis,”
Edward wrote, “and I love giving her presents. She has given me
so much happiness. I buy her jewels to say “Thank you”.”
အက်ဒဝပ် ရေးသားခဲ့ဘူးတာရှိတယ်“ဝေါလစ်ထက်ပိုလှတဲ့မိန်းမမျိုးကျွန်တော့်ဘဝမှာ
တစ်ခါမှမတွေ့ဘူးသေးပါဘူး။ ကျွန်တော်သူ့ကို လက်ဆောင်တွေပေးရတာ အရမ်းသဘောကျပါတယ်။ သူကလည်းကျွန်တော်ကိုပျော်ရွှင်မှု့တွေ ဆောင်ကြဉ်းပေးပါတယ်။ သူမကိုတစ်ခုခုကျေးဇူးတင်ချင်တိုင်း လက်ဆောင်လေးတွေပေးပြီးကျေးဇူးတင်လေ့ရှိပါတယ်”

In May 1972 the Duke became ill. When the doctor arrived,
he listened to Edward’s heart and then said: “How many cigarettes
do you have a day, Sir?”
မေလ ၁၉၇၂ မှာ မြို့စားကြီး အက်ဒဝပ် ကျန်းမာရေးချို့ယွင်းပါတယ်။ ဆရာဝန်ရောက်
လာတော့ အက်ဒဝပ်ရဲ့နှစ်လုံးခုန်နှုန်းကိုနားထောင်ကြည့်ပြီး “ခင်ဗျား တစ်နေ့ကို စီးကရက်
ဘယ်နှစ်လိပ်လောက်သောက်သလဲ”

“About forty or fifty,” the Duke replied. “But please don’t ask me
to stop. I’ve smoked for sixty years and I cannot change now.”
“အလိပ်လေးဆယ်နဲ့ငါးဆယ်ကြားသောက်ပါတယ်။ ကျေးဇူးပြုပြီး ကျွန်တော့်ကို ဆေးလိပ်
မဖြတ်ခိုင်းပါနဲ့။ ကျွန်တော်ဆေးလိပ်သောက်တာ အနှစ်ခြောက်ဆယ်တောင်ရှိပါပြီ။
မဖြတ်နိုင်တော့ဘူးနော်..”

That night Edward called Wallis into the room. “I feel very tired,”
he said. “And I’m afraid. I love you.I have been very happy with you,
and you have been a wonderful wife. When I die, I want you to take
my body back to Windsor. Will you do that for me?”
အဲဒီညမှာပဲ..အက်ဒဝပ်က ဝေါလစ် ရှိရာ အခန်းထဲဝင်လာပြီး..ပြောပါတယ် “ကိုယ်အရမ်းမောပန်းတဲ့ဒဏ်ခံစားနေရတယ်။ ဒါပေမဲ့ ကိုယ်မင်းကိုအရမ်းချစ်ပါတယ်။ ကိုယ်မင်းနဲ့အတူရှိခဲ့ရတဲ့အချိန်တွေ မှာ ပျော်စရာတွေချည်းပါပဲ။ မင်း ဟာကိုယ့်ဘဝအတွက် တော့ ဇနီးကောင်းတစ်ယောက်ပါ။ ကိုယ်သေရင်…ကိုယ့်အလောင်းကို ဝင်ဆာရဲတိုက် ကြီးကို
ပြန်သယ်သွားပေးနော်
ကူညီပေးပါနော်…”

“Yes, of course,” she said. And they both began to take cry.
The Duke of Windsor died one hour later with Wallis by his side.
“ရှင်ခိုင်းသမျှ ဖြစ်စေရပါမယ်”
သူတို့နှစ်ဦးသားမျက်ရည်တွေအပြိုင်။ နောက် တစ်နာရီ လောက်မှာဝေါလစ်ဘေးနားမှာပဲ
ဝင်ဆာမြို့စားကြီး အက်ဒဝပ် ဆုံးပါးသွားပါတယ်။

Three days later, a blue aeroplane arrived in Paris. Wallis went back
to England with the Duke’s body and, for the first time in her life,
she entered Buckingham Palace.
သုံးရက်လောက်နေတော့…အပြာရောင် လေယာဉ်တစ်စီးပဲရစ်မြို့ကို
ဆိုက်ရောက်လာပါတတယ်။ ဝေါလစ် အင်္ဂလန်ကို သူ့မြို့စား ခင်ပွန်းရဲ့ အလောင်းနဲ့တူ
လိုက်ပါသွားခဲ့ပါတယ်။ သူမရဲ့ ဘဝမှာ ပထမဆုံးအကြိမ် ဘာမင်ဂမ် နန်းတော်ထဲကို
ဝင်ရောက်ခြေချဖူးခြင်းပါပဲ။

A week later the Duchess returned to France,and for the next fourteen
years she lived alone in Paris. The big house was dark.
The doors were locked and she did not go out.
တစ်ပတ်လောက်နေတော့ မြို ့စားကတော်ကြီး ပြင်သစ်နိုင်ငံကိုပြန်သွားပါတယ်။
နောက်ထပ် အနှစ် ဆယ်လေးနှစ် လုံးလုံး ပဲရစ်မှာ ဖေါ်မဲ့ အထီးကျန်ဘဝ ကိုဖြတ်သန်းခဲ့တာပါပဲ။
ခန်းနားလှတဲ့အိမ်ကြီး ကလည်း အခုတော့ တိတ်ဆိတ်မှောင်မဲလျှက်ပါ။ ပြူတင်းပေါက်တွေအားလုံးကို
အမြဲပိတ်ထား ပြီး အပြင်ကို မထွက် သလောက်ပါပဲ။

In the afternoons she sat in the dining room with Edward’s love letters.
“They were so beautiful,” she said. “I read them again and again.”
နေ့လည်ခင်းများစွာ ကို အက်ဒဝပ်ရေးခဲ့တဲ့ အချစ်စာအိုစာဟောင်း လေးများ ကို အဖေါ်ပြုရင်း
စားသောက်ခန်းမထဲမှာ အချိန်တွေကုန်ဆုံးခဲ့ရပါတယ်။

But then, in 1986, Wallis became ill. She went to a small hospital
near the house, and a few days later she died. “Without Edward,”
she wrote, “My life was empty.”
သို့ပေမဲ့…၁၉၈၆ မှာ ဝေါလစ ်နာမကျန်းဖြစ်ပြန်ပါတယ်။ သူမ ရဲ့အိမ်နားက ဆေးရုံမထင်မရှားလေးမှာပဲ တက်ရောက်ကုသခဲ့ပါတယ်။ ရက်အနည်းငယ်နေတော့ ဝေါလစ် ဆုံးသွားပါတယ်။သူမရေးခဲ့တဲ့စာတွေ
အရတော့…
“အက်ဒဝပ် မရှိတဲ့ ကျမ ဘဝ ကတော့ထာဝရ ကွက်လပ် လေးတစ်ခုကို မဖြည့်နိုင်သလိုပါပဲ ရှင်….”

She was buried in England next to her husband at Windsor. “It’s a strange thing,” one newspaper wrote.“When they were alive, the Duke and
Duchess could never live in Britain. It was only in death that they
could be there together.”
သူမရဲ့အလောင်းကိုလည်း ဝင်ဆာရဲတိုက်မှာရှိတဲ့ သူမချစ်တဲ့ ခင်ပွန်း အုတ်ဂူလေးဘေးမှာပဲ အတူနေရာ ထား မြုပ်နှံခဲ့ကြပါတယ်။ သတင်းစာတစ်စောင်ရဲ့အဆိုအရရေးသားထားတာလေးတစ်ခုကတော့

“ မြိုစားနဲ့မြိုစားကတော်တို့ဟာ အတူရှင်သန် ရတဲ့ ကာလလေးမှာ မိမိတို့ရဲ့
မွေးရပ် ဗြိတိန် နိုင်ငံမှာအတူ ခြေချခွင့်မရခဲ့ ကြရပေမဲ့..သေခါမှပဲ ခြေချခွင့်ရခဲ့
ရတဲ့အဖြစ်ကတော့ တကယ်ကိုရင်နင့်စရာပါပဲ။” လို့ ရေးသားထားပါတယ်ခင်ဗျာ။

ချစ်ခြင်းအားဖြင့်
ကိုဆန်နီ

8 comments

  • Sonny

    May 20, 2012 at 11:03 am

    မိတ်ဆွေများခင်ဗျား
    ပုံလေးတွေတင်ဖို့ ကြိုးစားပေမဲ့ အဆင်မပြေသေးတာမို့
    ဇာတ်သိမ်းပိုင်း အခန်း(၁၂) နဲ့မှပဲ တင်ပေးလိုက်ပါတော့မယ် ခင်ဗျာ။

    အက်ဒဝပ်မရှိတော့တဲ့နောက် ဝေါလစ်စ်ရဲ ့ဘဝလေး မျိုး
    ခံစားနားလည်နိုင်ကြပါစေခင်ဗျာ။

    ချစ်ခြင်းအားဖြင့်
    ကိုဆန်နီ

  • windtalker

    May 20, 2012 at 12:00 pm

    ဘရာသာဆန်ရေ ဖတ်ရင်းနဲ့ အက်ဝပ်နေရာမှာ ကိုယ်တိုက်ရောက်နေသလို ခံစားရတယ်ဗျာ။ နောက်ထပ် ဇါတ်လမ်းတွေလဲ အားတဲ့အခါ ဘာသာပြန်ပေးပါဦးဗျ

    • Sonny

      May 20, 2012 at 1:06 pm

      ညီလေးဝင်းတော့ကာရေ…
      ဖတ်ဖြစ်သားပဲ…ကျေးဇူးတင်ပါတယ်ညီ..
      ချစ်တတ်ရင် ငြိမ်းချမ်းပါတယ်။ အက်ဒဝပ် ကချစ်တတ်တာကွ…
      သူ့အချစ်က ပေးဆပ်ခြင်းသက်သက်ပါ….ညီလေးရေ..
      အချိန်အားရင်အားသလို..ဆက်လက်ချီတက်ဘာသာပြန်မှာပါ..
      ကဗျာလေးတွေလည်းရေးမယ်စိတ်ကူးပါတယ်။
      ငယ်ငယ်ကတော့ two loves ဆိုတဲ့အချစ်ဝတ္ထု Denis Robin ရေးတာဘာသာပြန်
      သေးတယ်။ အခု အဲဒီစာအုပ်လေး က ဘယ်ရောက်နေမှန်းကိုမသိတော့ပါဘူး။
      ဟိုတုန်းကတော့အင်တာနက်မှ မရှိတာပဲလေ။
      ညီ..ကျန်းမာချမ်းသာ..ချစ်တတ်ပါစေ။
      ချစ်ခြင်းအားဖြင့်…ကိုဆန်နီ……..

  • ကိုရင်စည်သူ

    May 20, 2012 at 3:49 pm

    hey.. ko sony! i m so glad to read ur translate post.
    i’llll be waiting ur 12nd episode .
    with the best wishes 🙂

    • Sonny

      May 20, 2012 at 7:19 pm

      ကိုရင်စည်သူ
      မင်္ဂလာပါနော်
      ကြာသွားတာ ပြင်းနေလို့ပါ။
      ဖတ်လိုစိတ်ရှိသေးတာကျေးဇူးတင်လိုက်တာ။
      နေကောင်းတယ်နော်။
      မနက်ဖြန်လောက်တင်လိုက်မယ်။
      It has always been me dragging myself to finish it up.
      It is my mother who pushes me to drop the “i”s and cross the “t”s.
      Here at last final product is soon to be finalized.
      If mistaken, plz forgive me.
      With love,
      Ko Sonny

  • ဗိုက်ကလေး

    May 20, 2012 at 5:41 pm

    ဇာတ်သိမ်းပိုင်းမျှော်၍ အားပေးသွားပါရဲ့ဗျား..

  • Sonny

    May 20, 2012 at 7:23 pm

    ကိုဗိုက်ကလေး
    ကျေးဇူးတင်ပါတယ်။
    တွေ့ရတာဝမ်းသာပါတယ်။
    ကျွန်တော်ငပြင်း ငဆန်နီ…
    မနက်ဖြန်ဆိုရင်ဇတ်သိမ်းပါ ပြီးပါပြီ။
    တွေ့မယ်နော်….
    ချစ်ခြင်းအားဖြင့်…ကိုဆန်နီ…..

  • လက်မထောင်ချောင်းထောင် အားပေးသွားပါတယ်။ဘာသာပြန်အရည်အသွေးကကျနော့်အတွက် အားကျ
    စရာပါဗျ။ကျနော်က ဒီမူရင်းတိုင်းဖတ်လို ့ရပေမယ့် ကျနော်သာ ဘာသာပြန်လိုက်ရင်ဖြင့် အစီအစဉ်မချောနိုင်ပါ။

Leave a Reply