‘သစ်ထူးလွင်’ webside တွင်ပါရှိသော ‘ထိုးကျွေးလိုက်ရသောနွမ်းကြေဘဝများ’ ဆောင်းပါးအတွက်ထင်မြင်ချက်
အနှိပ်ခန်း၊ဖာခန်း၊KTV၊Beauty Sloon စတဲ့
ဒီလုပ်ငန်းတွေကတော့ အမြဲမသွေရှိနေမှာပါပဲ။လွန်ကျုးမလာအောင်
ထိန်းချုပ်နိုင်ရင်တော့ကောင်းမယ်ထင်ပါတယ်။ဒီလုပ်ငန်းတွေဘယ်အချိန်
ကစပြီး အကြီးအကျယ်ပေါ်ပေါက်ခဲ့တာလဲ။၈၈ မတိုင်ခင်ကတော့မရှိခဲ့ပါဘူး။
လက်နက်ကိုင်အဖွဲ့အစီးတွေနဲ့ ငြိမ်းချမ်းရေးယူပြီးနောက် ငြိမ်းချမ်းရေး
အမည်ခံ တိုင်းရင်းသားတွေနဲ့ နောက်ကွယ်က လိုင်စင်မဲ့ တရုတ်တွေ
နည်းအမျိုးမျိုးနဲ့ ဝင်ရောက်လာပြီးကတည်းက ဖောဖောသီသီပေါ်ပေါက်
ခဲ့ပါတယ်။ဒီလုပ်ငန်းတွေရော မူးယစ်ဆေးဝါးတွေရော လိုင်စင်မဲ့တရုတ်တွေပါ
မန္တလေးမြို့ကို ဗဟိုပြုပြီး ပြန့်နှံ့ခဲ့ပါတယ်။ဖိုးခင်ညွန့်ကြီးရယူခဲ့တဲ့ ငြိမ်းချမ်းရေး
ရလာဒ်ကဒါတွေပဲလား။ဆွေစဉ်မျိုးဆက်ဇယားမရှိတဲ့ လိုင်စဉ်မဲ့တရုတ်တွေကတော့
တို့တိုင်းပြည်ထဲမှာ ၁ သန်းလောက်ရောက်ရှိနေပါပြီ။တရားခံတွေကတော့
ဖိုးခင်ညွန့်အစ တပြည်လုံးဘုရားတွေ ရွှေဆေးသုတ်တဲ့ ဦးသန်းရွှေအလယ်
လဝက အရာရှိကြီးများအဆုံး ဖြစ်လိမ့်မယ်ထင်ပါတယ်။ငြိမ်းချမ်းရေး
လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ကျေးဇူးတွေပဲပေါ့။အမယ်..တရုတ်ကြီး
များကတော့ နိုင်ငံသားကတ်အနီ ပုံစံ ၁ဝ အစစ်တွေကိုင်လို့ မန်းလေး
အစ မြစ်ကြီးနားအလယ် ရန်ကုန်အဆုံး မြို့လယ်ကောင်တိုက်ကြီတွေနဲ့
ကားကောင်းကြီးတွေစီးလို့ သူဌေးကြီးတွေ ပြုံးလို့ပေါ့။ဒါတွေလားကွဲ့ ငြိမ်းချမ်းရေးရဲ့
အရသာ။တိုင်းပြည်မှာတော့ ကျောက်စိမ်းတွေလဲကုန့်ပြီ။ကျွန်းသစ်တွေလဲ
မရှိတော့ဘူး။သဘာဝဓာတ်ငွေ့လဲ ပြောင်ပြီ။။လျှပ်စစ်ကနတ္ထိ။ဗမာတွေရော
တိုင်းရင်းသားတွေပါ ဖာတော်တော်ဖြစ်သွားကြပြီ။မူးယစ်ဆေးဝါးတွေရော
တစ်ပြည်လုံးကို ပြန့်သွားတာပဲ။(ရွှေထွန်းကြီး….ဖိုးခင်ညွန့်ကြီး…)
ဆိုတဲ့ ဗိုလ်ချူပ်နှစ်ဦး နှုတ်ခွန်းဆက်ကြတဲ့အသံကို ယခုထိကြားရောင်
နေဆဲပါပဲ။အနှိပ်ခန်းနဲ့ ဖာခန်းတွေလဲ ရှိနေကြဦးမှာပါ။ပျောက်အောင်တော့
မလုပ်ကြပါနဲ့ဦး။သူတို့ပျောက်သွားရင် ခုနကသူဌေးကြီးတွေနဲ့ သူတို့ဆီက
ပညာယူထားတဲ့နိုင်ငံသား သူဌေးကြီးတွေရဲ့ ငွေနဲ့ပေါက်ပြီး ဖျက်စီးမှုကြောင့်
အမျိုးကောင်းသားသမီးတွေ ပျက်စီးကုန်မှာ စိုးရပါတယ်။အခုလဲ ငွေရှင်ကြေးရှင်
တွေကြောင့်မိန်းမကောင်းတွေပျက်စီးနေကြဆဲပါပဲ။အားလုံးဝိုင်းဝန်းပြီးစဉ်းစား
ပေးကြပါဦး။သမ္မတကြီးရေ လိုင်စင်မဲ့တရုတ်ကတော့ ၁ဝ သိန်းလောက်ရှိနေပြီ။
သန်းကောင်စာရင်း အမှန်အကန်ရောရအောင်ကောက်နိုင် ပါ့မလား။
ကြုံတုန်းလေးမေးပါရစေ………….????
6 comments
Gipsy
May 22, 2012 at 9:20 pm
ကဲ…ကဲ.. မေးနေပြီ…
ဖြေနိုင်တဲ့သူများရေ.. ဖြေတော်မူ….။
အတိသဉ္ဖာ နာဂရချစ်သူ
May 22, 2012 at 10:48 pm
ဟိုက်. သစ်ထူးလွင်ဆိုဒ်နဲ ့တွဲပြီး ပြန်ဖတ်ရမယ်ဗျ။
အနှိပ်ခန်းမှာ တော့ ဆီလူးဆိုလား၊ပျော့ဆတ်ဆိုလား
ကိုပေ အကြိုက်ပေါ့။
ဟီးးးးကျနော်လဲ ကြိုက်သပေါ့။
htoosan
May 23, 2012 at 6:27 am
ဖြစ်သမျှ အတင်းစပ်ဟပ်နေကြတာဘဲနော် …
နဲနဲရိုင်းရိုင်းပြောရရင် ဟိုး ကတည်းက ဖာတန်းတွေ ရှိခဲ့တာဘဲ .. ထင်ထင်ပေါ်ပေါ်နဲ့ ခိုးကြောင်ခိုးဝှက်ဘဲ ကွာတာ .. တစ်ချိန်က မန္တလေးကို ဖာပေါ ဖုတ်ထူဆိုပြီး ပြောခဲ့ ကြတာတွေရှိတယ် ။
ကေတီဗွီ ဆိုတာ၊ စက်တွေ က ကမာ္ဘ မှာ ဘယ်အချိန်မှာ ပေါ်လာတာပါလိမ့်….
အနိုပ်ခန်း တွေ SPA တွေ ကမာ္ဘမှာ ဘယ်အချိန်မှာ ရေပန်းစားလားတာပါလဲ……
MTY
May 23, 2012 at 8:42 am
ရန်ကုန်..မန္တလေး..မှာအရင်ကတည်းကပေါလွန်းလို့(၁၉၅၀)
အခုလက်ရှိနေတဲ့လူတွေအာနာလို့..လမ်း၊ရပ်ကွက်မပြောချင်ဘူး
အင်းတော်ကြီးသား
May 24, 2012 at 7:01 am
ဖာခန်းတွေကတော့ မြို့ကြီးရင်ရှိပါတယ်ကွာ။
မြို့လေးတွေတောင် တစ်ယောက်စ၊နှစ်ယောက်စရှိ တတ်ပါတယ်။
အရင်တစ်ချိန်ကလူတွေက အဲဒီအခန်းတွေသွားရတာ တိတ်တိတ်ကလေးသွားကြပါတယ်။
ဒါတွေကဆင်ခြေဖုန်းတို့ မြို့စွန်မြို့ဖျားတို့မှာရှိတတ်ပါတယ်။
သင်္ဘောဆိပ်၊ကားဂိတ်၊ရထားဘူတာတွေမှာရှိတတ်ပါတယ်။
ရန်ကုန်ကမင်းနေပြည်တော် မြို့ကြီးလွန်းတော့ အခုမြို့လယ်ဆိုတဲ့နေရာတွေမှာ ရှိမှာပေါ့။
ဖာပေါဖုတ်ထူ ပခုက္ကူ ပါ၊ မန္တလေး မဟုတ်ပါဘူး။ ဟိုတစ်ချိန်ာ ဂေါဝိန်ဆိပ်ကမ်းနဲ့ ကျောက်သပိတ်
မှာရှိခဲ့တယ်။ရန်ကုန်ဆိုရင် ပန်းဆိုးတန်းဆိပ်ကမ်း၊တာမွေကျေက်မြောင်း ဖာခြောက်သောင်းလို့လဲ
နာမည်ကြီးခဲ့သေးတယ်။အခုလောက် ပေါ်တင်ကြ အရှက်မကင်းမဲ့သေးပါဘူး။
တိတ်တိတ်လေးခေါ်သွားကြတာပေါ့ကွာ။
သင့်တင့်လျှောက်ပတ်အောင် ပြုပြင်သင့်ကြပါပြီ။
etone
May 23, 2012 at 4:47 pm
ကြားရတာ ရင်နာတယ်ဟေ့ … ။
လူမျိုးခြား နိုင်ငံသား မဟုတ်တာတွေတောင် .. နိုင်ငံသား စိစစ်ရေး ကဒ်ပြား ကိုင်လို့ ရ ၊ လုပ်လို ့ရပြီး (ဘယ်လိုနည်းနဲ ့လုပ်လည်းတော့မသိပေါင်) … မြန်မာနိုင်ငံတွင်းမှာမွေးပြီးနေတဲ့ … မြန်မာနိုင်ငံသား ၊ လူမျိုးခြားတွေတော့ FRC တွေပေးလိုပေး ၊ ့ဒီမှာမွေးတဲ့ မြန်မာတွေတောင် .. NRC ရဖို့ စားပွဲ အဆင့်ဆင့်ကို မျက်နှာ ဇီးရွက်လောက်နဲ့ အဆင့်ဆင့်ဖြတ်ရတာ … ။ မှတ်ပုံတင်တစ်ခုရဖို့ အောက်ကျနောက်ကျ နိုင်တဲ့ နိုင်ငံ ကမာ္ဘမှာ ဘယ်နှစ်ခုများ ရှိမလဲ မသိဘူး .. ။ 😡
ပြောရလျှင် ဒေါကီးတယ် … ။ အလုပ်ကို လက်ကြောတင်းအောင် မလုပ်သေးဘူး ဖောင်ဖိုး 1000ပေးဦး ၊ ရေးခ 1000ပေးဦး ဒါမျိုးတွေ လာတာ … ၊ ဆယ့်ရှစ်နှစ်ပြည့်သွားလဲလျှင်တော့ ဖိုင်အဟောင်းရှာခ 1000ထပ်ပေးပေဦးပဲ …. မဟုတ်လျှင် ဘယ်စားပွဲက စပြီး ဘယ်လို သွားရမလဲမပြောပြပဲ တေမိတွေလို အအလုပ်ပြီး ဒီတိုင်း ထိုင်ကြည့်နေကြတာ … ။
တကယ်ဆို သိပ်လိုချင်နေလျှင် တစ်ထောင်ဆိုလည်း ပေးမှာပေါ့ ၊ တစ်သောင်းဆိုလည်း ပေးကြမှာပါပဲ .. အလုပ်ကို အလုပ်နဲ့တူအောင်လုပ် အချိန်မဆွဲနဲ့ ၊ ပညာမပြနဲ့ပေါ့ ။ ဘာမဟုတ်တာလေး လုပ်နေရတာကိုပဲ သူတု့ိခမျာ အလုပ်ကြီး အကိုင်ကြီး လုပ်နေရတယ်မှတ်တယ် …. ပိုက်ဆံ ပေးလ၊ျှင် မျက်ခွက်ကတမျိုး မပေးလျှင် တမျိုးနဲ့ … လူဂျီးဆိုတဲ့ ဟာဂျီးကလည်း အခန်းထဲကနေနေပြီး … အေးအေးလူလူပဲ ။ သူ့ရုံးကဟာတွေ ဘယ်လိုနေတယ် … ဘယ်လို ထိုင်တယ်ဆိုတာ … ထွက်တောင် မကြည့်ဘူး … ။ ရုံးလာတဲ့ အချိန် ဆယ်နာရီခွဲ … ဆယ့်တစ်ခွဲနဲ့ ဆယ့်နှစ်လောက်မှာ ထမင်းစားတယ် .. ပြီးရင် တစ်နာရီလောက်မှ အလုပ်ပြန်လုပ်တယ်… ထမင်းစားပြီး စကားဝိုင်းပြောနေကြတယ် … ဘယ်သူလာလာ တောက်ရေးမလုပ်ဘူး … ။ သူတို့ မို့ မျိုကျတယ် … ။ တစ်နာရီလောက် အလုပ်လုပ်ပြီး နှစ်နာရီ၊ နှစ်နာရီခွဲလောက်မှာ တီးတိုင်းမ်းလုပ်တယ် … အဲ့ဒါနဲ့ ကြုံလျှင် … တစ်နာရီလောက်စောင့်ပေတော့ပဲ … ။ လေး နာရီ ကျော်ကျော်လောက်ဆို ပြန်ရော … ။ တစ်ချို့ဆိုသုံးခွဲလောက်ကတည်းက ဘာအလုပ်မှ မလုပ်တော့ဘူး … ပြန်ဖို့ ပြင်နေပြီး အချိန်ကို ထိုင်စောင့်နေကြတယ် … ။
တကယ်ဆို နိုင်ငံဝန်ထမ်းကွာ ၊ တာဝန်ကျေရမှာပေါ့ … ။ သူတို့ကို ဆင်ဖမ်းခိုင်းတာ ၊ ကျားဖမ်းခိုင်းတာ မဟုတ်ဘူး … တာဝန်ကျတဲ့အ လုပ်ကိုပဲ အချိန်မဆွဲ ၊ မြန်ဆန်စွာပြီးအောင်လုပ်ခိုင်းတာ … ။တစ်ယောက်ထဲ မနိုင်မနင်းလုပ်ရတာလည်း မဟုတ်ပါဘူး ။ စားပွဲခုံတွေ အဆင့်ဆင့် … ဖြတ်ပြီးမှ တစ်ယောက်နည်းနည်းစီရေးပြီး လုပ်ကြတာပဲ … ဘောင်အတွင်းကပဲ … အလုပ်လုပ်ခိုင်းတာ .. ဖင်လှည့်ခေါင်းလှည့် မယောင်ရာဆီလူးနေလို့ကတော့ .. နောင်တစ်သက်တောင် တိုးတက်မှာမဟုတ်ဘူး … ။ အဲ့ဒီလို သိမ်ဖျင်းတဲ့ အကျင့်လေးတွေ အရင်ပြင်မှပဲ ရမယ် … ။ 👿