Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဘဝအတွက် အရေးပါသော အလုပ်ရွေးမယ်ဆိုရင်….

koyin sithuMay 29, 20121min77325

လူဆိုလို့ ဖြစ်လာပြီဆိုရင် ကျွန်တော်တို့နဲ့အတူတူ မဖြစ်မနေ ဘဝကို လက်တွဲလျှောက်ဖို့ ပါလာတာကြီးက အလုပ်ဆိုတာပါပဲ။ လူတို့နေထိုင်ရာ ဒီကမာ္ဘကြီးမှာ အလုပ်မျိုးစုံရှိသလို အလုပ်နဲ့ ပတ်သက်တဲ့ စကားပုံတွေကလည်း အများကြီးပေါ့ဗျာ။ အလုပ်ဟူသမျှ ဂုဏ်ရှိစွ၊ အလုပ်မရှိသော သူသည် ဘဝမရှိနိုင်၊ အလုပ်ဖြင့်ဘဝကို တည်ဆောက် စသည်သဖြင့်ပေါ့….။ ကျွန်တော်တို့ ရွာထဲမှာလည်း ရွာသူား ကိုယ်စီ အလုပ်အကိုင်နဲ့ စီးပွားရေးလုပ်ကိုင်နေသူများရှိသလို၊ အခုထက်ထိ အလုပ်ရွေးချယ်သူများလည်း ရှိကောင်း ရှိကြပါလိမ့်မယ်။ တကယ်တော့ အလုပ်ဆိုတာ လူ့ဘဝမှာ အရေးကြီးဆုံး အရာတစ်ခုပါ။ လွယ်လွယ်လေး ပြီးပြီးရော ရွေးချယ်လိုက်လို့ မရသလို ပေါ့ပေါ့တန်တန်သဘောထားလို့လဲ မရပေဘူးပေါ့ဗျာ။ ထိုကြောင့် ကျွန်တော့်အနေနဲ့ အဘမင်းသိင်္ခရေးသားခဲ့တဲ့ ဖြစ်ချင်တာဖြစ် မောင်ဘချစ် ဇာတ်လမ်းမှ ဦးဂွမ်တီက အလုပ်ရွေးချယ်မှု ပုံစံ၊ သဘောထား၊ အတွေးအမြင်တို့ကို ကောက်နှုတ်ပြီး ပြန်လည်တင်ပြပေးလိုက်ပါတယ်။ ကျွန်တော့်အတွက် အလွမ်းပြေဖြစ်သလို၊ စာဖတ်သူ ရွာသူားများအနေနဲ့လည်း ဖတ်အပြီးမှာ အကျိုးတစ်ခုခုပွားမိမယ်လို့ ယုံကြည်မျှော်လင့်ပါတယ်။ ပြီးနောက် မဟာဘုတ်ဗေဒင်အလာ နေ့နံအလိုက် အကျိုးပေးသော လုပ်ငန်းများကို ကျွန်တော်က ရိုးသားစွာ ဖော်ပြပေးလိုက်ပါ့မယ်…။ …………

အလုပ်အတွက် အလောသုံးဆယ် မလုပ်စမ်းပါနဲ့ကွ။ အထူးသဖြင့် အသက်မွေ ဝမ်းကြောင်းအလုပ်ကို ရွေးချယ်တော့မယ်ဆိုရင် စဉ်းစဉ်းစားစား လုပ်စမ်းပါကွ။ လူတွေဟာ ခြောက်လ တစ်နှစ်လောက် ဝတ်ရမယ့် လုံချဉ်ကလေးတစ်ထည်လောက် ဝယ်ဖိုပဆိုရင် သေသေချာချာ ရွေးတော့တာပဲ။ အသားကောင်းရဲ့လား အဆင်ကောင်းရဲ့လား၊ သေသေချာချာကို ရွေးတော့တာပဲ။ တကယ်ကတော့ လုံချဉ်အရွေးမှားလို့ ဘာမှ ဒုက္ခမရောက်ဘူးကွ။ အသက်မွေးဝမ်းကျောင်းအလုပ်ကို အရွေးမှားရင် တစ်သက်လုံး ဒုက္ခရောက်တော့တာပဲ။ ဒါကြောင့် တစ်သက်လုံး လုပ်ရမည့် အလုပ်ကို သေသေချာချာ ရွေးပြီး စဉ်းစားပြီးမှ လုပ်ရတယ်ကွ။ ငါ့ဆီမှာနေပြီး အေးအေးဆေးဆေး စဉ်းစားစမ်းပါ မောင်ဘချစ်ရာဟု ပြောလေ၏။

“ထမင်းစားဖို့ အလုပ်တစ်ခုခုတော့ လုပ်ရမယ် မဟုတ်လားဗျဟု မောင်ဘချစ်က မေးမြန်းရာ ဦးဂွမ်တီက…

အဲဒီလို စိတ်ကူးမျိုးဟာ တော်တော့်ကိုသနားစရာ ကောင်းတဲ့ စိတ်ကူးမျိုး ကိုယ်လူရဲ့။ ထမင်းစားဖို့လောက်သာ ရည်ရွယ်ပြီး အလုပ်လုပ်တဲ့ လူဟာ ဘယ်မှာ ထူးချွန်မှာလဲကွ။မင်းတစ်ခု စဉ်းစားကြည့်စမ်း။ မင်းလဲပဲ ရွှေကျီး မင်းကုမ္ပဏီမှာ ငွေကိုင်စာရေး လုပ်ခဲ့တာပဲ။ ဘာများ အမြတ်ထွက်ခဲ့သလဲ။ဒါကြောင့် တစ်သက်လုံး လုပ်ရမယ့် အလုပ်ကို ရွေးချယ်တော့မယ်ဆိုရင် ကိုယ်နဲ့ ကိုက်ညီတဲ့ အလုပ်မျိုးကို ရွေးချယ်ရမယ် ကိုယ့်လူဟု ပြန်ပြောလေ၏။

အဲဒီလို ရွေးချယ်ဖို့ဆိုရင် ဝါသနာကို အရင်းခံပြီး စဉ်းစားရမှာလား ဦးဂွမ်တီ…..

အဲဒါလည်း ပြောရဦးမယ်.. ဝါသနာတစ်ခုတည်းနဲ့လည်း မရွေးနဲ့ဦး။ ဝါသနာဆိုတာက တော်တော် ထူးဆန်း တယ်က။ ဒုက္ခရောက်မယ့် အလုပ်ကိုမှ ဝါသနာပါတာမျိုး ရှိသေးတယ်ကွ။ ဥပမာကွာ အဂ္ဂိရတ်ထိုးတာတို့ ၊ ဘီးလိယက် ထိုးတာတို့ ဝါသနာပါတယ် ဆိုပါတော့ကွာ။ အဲဒီ ဝါသနာကလည်း အသက်မွေး ဝမ်းကျောင်း ဖြစ်အောင် လုပ်ဖို့ မလွယ်ဘူးကွ။ ဒါကြောင့် ဝါသနာ တစ်ခုတည်းနဲ့လည်း မဆုံးးဖြတ်ရဘူးကွ။

ဒီလိုဆိုရင် ကျွမ်းကျင်တဲ့အလုပ် ကိုယ်လုပ်နိုင်တဲ့ အလုပ်ကို ဦးစားပေးပြီး ရွေးချယ်ရမှာလား။

ဒီလိုလည်း မဟုတ်သေးဘူးကွ။ ကျွမ်းကျင်တာ တစ်ခုတည်းနဲ့လည်း ရွေးချယ်လို့ မရပြန်ဘူး။ ကျွမ်းကျင်တာက ကျွမ်းကျင်တာ ဖြစ်ပြီး အောင်မြင်တာက အောင်မြင်တာကွ။ မတူဘူး။ ဥပမာကွာ ကောလိပ် လှေလှော်အသင်း ဝင်ထားပြီး လှေလှော်လေ့ကျင့်ထားတဲ့ ကျောင်းသားတစ်ဦးဟာ လှေလှော် ကျွမ်းကျင်တာပေါ့ကွာ။ အဲဒါနဲပဲ သူဟာ ကောလိပ်ကျောင်းက ထွက်တဲ့အခါ လှေလှော်စားရတော့မှာလားကွ။

ဒီလိုဆိုရင် အသက်မွေးဝမ်းကြောင်းအလုပ်ကို ဘယ်လိုများ ရွေးချယ်ရမှာလဲ ပေါက်ဖော်ကြီးရယ်…

ကဲ.. သေသေချာချာ နားထောင်ပေတော့ကွ။

  • လူတစ်ရာမှာ တစ်ယောက်လောက်တောင် ဟန်ကျပန်ကျ ဖြစ်ခဲတဲ့ အောင်မြင်တဲ့ အနုပညာအလုပ်။ ဥပမာ ဘိုင်စကုတ်မင်းသားအလုပ်တို့။ စာရေးဆရာ အလုပ်တို့။ ဂီတသမားအလုပ်တို့။ ကြော်ငြာ ကိုယ်စားလှယ် အလုပ်တို့ စတဲ့ အလုပ်မျိုးတွေကို မရွေးချယ်ရဘူးကွ။ ဒီအလုပ်မျိုးတွေက အောင်မြင်ရင်တော့ အလွန် အင်မတန်ကောင်းပါတယ်။ မအောင်မြင်ရင် ရေစုံမျှောမယ့် အလုပ်မျိုးတွေက။ ဒါကြောင့် ကြပ်ကြပ် ရှောင်ပါ။

 

  • အသက်မွေး ဝမ်းကြောင်း အလုပ်တစ်ခုကို ရွေးချယ်တော့မယ်ဆိုရင် လနဲ့ နှစ်နဲ့ ချီပြီး လေ့လာစဉ်းစား ပြီးမှသာ ငါ ဘာလုပ်ရမယ်လို့ ဆုံးဖြတ်ပါ။

 

  • အသက်မွေး ဝမ်းကြောင်းအလုပ်အဖြစ် ဗေဒင်ဆရာဆီက ဟောချက်နဲ့ မလုံလောက်ဘူးကွ။ ဗေဒင်ဆရာကတော့ ကမ္မဇီဝဂြိုဟ်ဟာ ဘယ်ဂြိုဟ်ဖြစ်လို့သာ ဘာအလုပ်လုပ်လို့သာ ဟောမှာပဲ။ ဒါပေမယ့် သူ့စကားကိုလည်း မယုံနဲ့ဦးကွ။ အဲဒီ ဗေဒင်ဆရာကိုယ်တိုင်က ဘယ်ဂြိုဟ်တွေ ဘာဖြစ်နေလို့ ဗေဒင်ဆရာ ဖြစ်လာတာလဲ ဆိုတာတောင် မစဉ်းစားမိတဲ့ ဗေဒင်ဆရာက များတယ်ကိုယ့်လူ….

 

  • လောကမှာ ငါဟာဖြင့် ဒီအလုပ် တစ်မျိုးတည်းဖြင့် သင့်တော်တဲ့လူလို့ ကိုယ့်ကိုကို မထင်မိလေနဲ့ကွ။ အနည်းဆုံး အလုပ်သုံးလေးမျိုး လုပ်နိုင်စွမ်းတာချဉ်းပဲ။

 

  • အသက်မွေး ဝမ်းကျောင်းအလုပ်ကို ရွေးချယ်ပြီဆိုရင် အဲဒီ အလုပ်က ဝါရင့်ပုဂ္ဂိုဟ်တွေဆီက အကြံ ဉာဏ်ကို မရမကွ။ အဲဒီအချက် (၅)ချက်ကို သေသေချာချာ မှတ်ပြီး အချိန်ယူ စဉ်းစားစမ်းပါ မောင်ဘချစ်ရာဟု ပြောဆိုလိုက်လေတော့၏။

အောက်ပါဖော်ပြထားတာတွေကတော့ နေ့နံအလိုက် အကျိုးပေးမယ့် အလုပ်တွေဖြစ်ပါတယ်။          ဒါကို ဖတ်ပြီး မိမိ ရွေးချယ်ရခက်ခဲနေတဲ့ အသက်မွေးဝမ်းကျောင်းကို လေ့လာနိုင်ပါတယ်။

(၁)-တနင်္ဂနွေသားသမီးများ
အုပ်ချုပ်ရေးအလုပ်။ ကျပန်းအလုပ်။

(၂)-တနင်္လာသားသမီးများ
ခရီးသွားရသောအလုပ်။ ကုန်သည်အလုပ်။

(၃)-အင်္ဂါသားသမီးများ
စာပေ ၊ စက်ဘက် ။ စစ်ဘက် ၊ ဆေးဘက်။

(၄)-ဗုဒ္ဓဟူးသားသမီးများ
အနုပညာ-အလှပညာလုပ်ငန်း။

(၅)-ကြာသပတေးသားသမီးများ
ပညာနှင့်ပတ်သက်သောအလုပ်။

(၆)-သောကြာသားသမီးများ
ခရီးဝေးသွားရသောအလုပ်။

(၀)-စနေသားသမီးများ
ဝန်ထမ်းအလုပ် ၊ လခစားအလုပ် ၊ နိုင်ငံရေးအလုပ်။

25 comments

  • ကိုရင်စည်သူ

    May 29, 2012 at 12:20 am

    ဘာရယ်ညာရယ်မဟုတ်ပါဘူးဗျာ.. အဘအလွမ်းပြေအနေနဲ့ ဖြစ်ချင်တာဖြစ် မောင်ဘချစ်
    ဝတ္ထုဖတ်ရင်းနဲ့ အလုပ်နဲ့ ပတ်သက်တာလေးတွေ့လို့ ရေးလိုက်တာပါ။ ခုခေတ် ၁ဝကျော်သက်
    လူငယ်လေးတွေ အလုပ်အကိုင်ရွေးချယ်ရာမှာ အရမ်းပေါ့ပေါ့လေးတွေးပြီး လုပ်နေကြတယ်။
    အလုပ်တစ်ခုမကောင်း တစ်ခုပြောင်းနဲ့ အချိန်တန်တော့ အလုပ်နဲ့ ပတ်သက်တဲ့ ပညာလည်း အဖတ်မတင်၊
    ဝင်ငွေလည်း အဖတ်မတင်နဲ့ အချိန်ကုန် အသက်ကြီးသွားတာ ကျွန်တော် ပတ်ဝန်းကျင်မှာ
    မြင်နေရလို့
    အလုပ်တစ်ခုခုကို သေချာရွေးရမယ်…
    ထိုအလုပ်ကို စွဲစွဲမြဲမြဲ ကြိုးစားလုပ်ကိုင်သွားရမယ်။
    ကိုယ့်အလုပ်ကို ကိုယ်အမြဲသစ္စာရှိနေရမယ်ဆိုတာလေး သိစေချင်ရယ်ပါ။
    မိမိလုပ်ကိုင်နေတဲ့ လုပ်ငန်းတိုင်းမှာ အောင်မြင်တိုးတက်ကြပါစေ
    ဆုတောင်းလိုက်ပါတယ်။

    စေတနာကောင်းလျှင် ကံကောင်းမည်။
    ကိုရင်စည်သူ (မိုးတိမ်)

  • windtalker

    May 29, 2012 at 12:57 am

    ကိုရင်ရေ ကျုပ်က သောကြာသားပါ
    ခရီးဝေးသွားရတဲ့ အလုပ်က ကျုပ်နဲ့ အဆင်မပြေဘူးဗျ
    ဒါကြောင့် အဆင်ပြေတာလုပ်ရင်း စာဖတ်စာရေးတယ်
    အဲဒါနဲ့ပတ်သက်ပြီး ခရီးသွားရင် စားသောက်စရိတ် အလကားတင်မက သွားစရာကားတို့ ပိုက်ဆံချေးတာတို့ပါ အဆင်ပြေတာကလား။ အခွက်တော့ ပြောင်ရတာပ။

    • ကိုရင်စည်သူ

      May 29, 2012 at 5:54 pm

      ကိုရင်ပေက သောကြာသားဆိုရင် မွေးရပ်မြေမှာထက် တနယ်တခြားမှာ
      သွားအလုပ်လုပ်ပါ။ မွေးရပ်မြေမှာ အဆင်ပြေပေမယ့် ငွေအဖတ်မတင်တတ်ဘူး
      ရသလောက် ပြန်ကုန်လိမ့်မယ်…။ ဒါနဲ့ စကားမစပ်… ဘယ်တော့
      ကိုရင်ကော သောကြာသားကြီး ကိုရင့်ပေဆီ ခရီးဝေလာပြီး…
      မင်္ဂလာထမင်း စားရတော့မှာလဲဟင်… 😀 😀 😀

      • windtalker

        May 30, 2012 at 2:01 pm

        မန်းနီးနောက်ကို လိုက်ရင်း
        လိုက်လေ ဝေးလေ ဖြစ်လာလို ့
        အဟင့်အဟင့်ရွှတ် ဆိုပြီး
        ငိုပြချင်တော့တာပါဘဲ

  • ရဲစည်

    May 29, 2012 at 2:08 am

    ကိုရင်ရေ…
    “အသက်မွေး ဝမ်းကြောင်း အလုပ်တစ်ခုကို ရွေးချယ်တော့မယ်ဆိုရင် လနဲ့ နှစ်နဲ့ ချီပြီး လေ့လာစဉ်းစား ပြီးမှသာ ငါ ဘာလုပ်ရမယ်လို့ ဆုံးဖြတ်ပါ။” ဆိုတာကိုတော့ မထောက်ခံတာ မဟုတ်ပါဘူးဗျာ။လွန်ခဲ့တဲ့ ၁၆နှစ်လောက်က ဘဝပေး အခြေအနေရယ် အချိန်အခါရယ်က စကားပြောနေတော့ အလုပ်(ဝါ) အသက်မွေးဝမ်းကျောင်း အတွက် ဘာမှလည်း ရွေးချယ်ခွင့် မရှိခဲ့ဘူးရယ်။ ကိုရင်ပြောသလို နေ့နံကိုက်လို့လားတော့ မသိဘူးဗျာ သွားလိုက်ရတဲ့ အသွား ဒီနေ့အထိ မနားရသေးဘူး။ အောင်မြင်မှုဆိုတာတက် ဘဝရပ်တည်ရေး လမ်းကြောင်းပေါ် အခုမှရောက်တုန်းလို့ဘဲ ယူဆပါတယ်…..တနေ့နေ့တော့ဖြင့်………………။

  • ဇောက် ထိုး

    May 29, 2012 at 5:55 am

    ကျွန်တော်က ဇောက်ထိုး ဆိုတော့ ခုစာရေးတဲ့အလုပ်နဲ့ ကိုက်တာပေါ့ နော်..ကိုရင်…

  • ကြောင်ကြီး

    May 29, 2012 at 8:16 am

    လက်တွေ့မှာဒေါ့ နှစ်မျိုးဗဲရှိမယ်ထင်ဒယ်။ ဖြစ်ချင်ဒါ ဇွတ်တိုးလုပ်သူ၊ ဖြစ်သင့်တာ ဦးစားပေးသူ။ ပြောလေ့ရှိဒါတော့ ကိုယ်စိတ်ပါရာလုပ်ပါဗဲ သို့ပေသိ ဒုတိယ အမျိုးအစားဂ အများစု ဖြစ်မယ်။ ဥမပါ ဘီလ်ဂိတ် စတိဂျော့ဗ် မက်ဇူကာဗက်ခ် တို့ဆိုရင် ခံစားမှုဂို ဦးစားပေးရင်း ပေါက်မြောက်သွားသူဒွေ..။ အောင်မြင်လို့ပေါ့ဗျာ လူမသိ သူမသိ ကျဆုံးသွားသူများ အဆရာထောင် ပိုများမယ်ထင်ဒယ်။ အဆိုဒေါ် မက်ဒေါလားလား မသိဘူး ငယ်စဉ်အိမ်ပြေးဘဝနဲ့ ကမာ္ဘကျော်ခဲ့ဒါ.. သူ့လိုမဟုတ်ဘဲ လမ်းဘေးရောက်သွားသူများ ကြတော့ရော..။ တဖက်မှာလည်း ဖြစ်သင့်ဒါ ဦးစားပေးလိုက်ရင်း အခွင့်ကောင်း အခါကောင်း လက်လွတ်ဆုံးရှုံးသွားဂျဒါ တပုံဂျီး….။ ပြန်ချုပ်လိုက်ရင် ဘယ်ဟာဖြစ်သင့်ဒယ်ဆိုဒါ သိလိုက်ချိန်မှာ နှောင်းသွားဘီ။ ယူအက်စ်မှာလိုပေါ့ လခစားလုပ်သူဂလည်း ဆူရှီးလုပ်ငန်းရှင်တွေကိုကြည့်ပြီး ကျောင်းအတက်မှားဂဲ့လေဂျင်း နောင်တရဒယ်… ဆူရှီးပိုင်ရှင်သူဌေးဂလည်း လခစားအမှုထမ်းတွေကိုကြည့်ပြီး အလုပ်ပဲကြုံးရုန်းလုပ်နေဂဲ့မိဒါ စိတ်မကောင်းဖြစ်တယ်။ နှစ်ဖက်စလုံးဂ အောင်မြင်ကြီးပွားနေသူများဂိုဗဲကြည့် ကောက်ချက်ချဂျဒါဂိုး…။

  • etone

    May 29, 2012 at 8:44 am

    ကိုရင်စည်သူရေ ….
    မှန်တာပြောရလျှင် ကျွန်မတို့နိုင်ငံက အလုပ်လုပ်သူတော်တော်များများဟာ အလုပ်ကို စိမ်ပြေနပြေရွေးချယ်ဖို့ အခွင့်ရေးမရကြပါဘူး ။ ဘာလို့လဲဆိုတော့ သူများအလုပ်ကိုဝင်လုပ်ရတဲ့လူတွေဖြစ်တာကြောင့် အလုပ်ရဲ့ လစ်လပ်နေရာပေါ်မူတည်ပြီး လုပ်ခွင့်ရမရဆိုတာမျိုးကွာလို့ပါပဲ ။ ကိုယ့်မှာ လုံလောက်တဲ့အရည်ချင်းရှိစေဦးတော့ လစ်လပ်နေရာမရှိလျှင်လည်း … အလုပ်မရနိုင်တာမျိုးကို ဆိုလိုပါတယ် ။

    နောက်ပြီး အလုပ်မဝင်ခင် ဘယ်လိုပဲ ပြင်ဆင်ပြင်ဆင် … အလုပ်ဝင်တဲ့အခါမှာ ချွတ်ချော်နေတာလေးတွေကတော့ ရှိစမြဲပါ .. သင်ထားတဲ့ ပညာရပ်တွေ ဝင်တဲ့အလုပ်မှာ အသုံးပြုခွင့်မရတာမျိုးတွေလည်း ကြုံတတ်ပါတယ် ။ ဒီတော့ ….. (ကျွန်မအတွေး) အလုပ်တစ်ခုခုက လေ့လာစရာသင်ယူစရာတွေရှိမယ်ဆိုလျှင် …. ဘယ်နေရာမှာမဆို ဝင်လုပ်သင့်တယ်လို့ ထင်ပါတယ် ။မတူညီတဲ့အလုပ်ခွင်မှာ ရသလောက်လေး သင်ယူရပါမယ် ။ ဒါမှသာ အလုပ်ခွင်ကထွက်တဲ့အခါ ကိုယ်ပိုင် လုပ်ကိုင်ဖို့ အတွေ့ကြုံရမှာပါ ။

    တစ်ခါတစ်လေတော့လည်း အဖက်ဖက်က စဉ်းစားပြီးမှ ရွေးချယ်ခဲ့တဲ့ အလုပ် ၊ လက်တွေ့လုပ်ငန်းခွင်ဝင်တဲ့အခါ ကတောက်ကစဖြစ်စရာတွေလည်း ရှိတတ်ပါတယ် ။ ဒါကြောင့်လေ .. .အကောင်းဆုံးကတော့ … လေ့လာလို့ရမယ့် နေရာမျိုးမှာ ဝင်လုပ်ပြီး …. တတ်နိုင်သလောက်မခိုကပ်ပဲလုပ်လျှင် ကိုယ်နဲ့သင့်တော်တဲ့ အလုပ်တစ်ခုတော့ဖြစ်လာမယ်ထင်ပါတယ် … ။ 🙂

  • ဦးဦးပါလေရာ

    May 29, 2012 at 11:13 am

    ဆရာကြီးမင်းသိင်္ခကို အစဖေါ်ပေးတာ ကျေးဇူးပါကိုရင်ရေ..။
    ကျုပ်က သူ့ဝတ္ထုထက် သူ့စာကိုကြိုက်တာ။။ သူ့ဇတ်လမ်းထက် သူညှပ်ထည့်တဲ့ အတွေးအခေါ်လေးတွေကိုကြိုက်တာ..။

    အလုပ်ဆိုရာမှာတော့
    ကျုပ်ရဲ့ တဦးတည်းအမြင်သန့်သန့်ကိုပြောရရင်
    တချို့က ကိုယ်နဲ့အဆင်ပြေမယ့်အလုပ်ကို ရွေးချယ်ဘို့ ကြိုးစားတယ်။
    နေပါဦး အဲဒီတော့ ဘယ်အလုပ်က ကိုယ်နဲ့တကယ်အဆင်ပြေမယ်လို့
    ဘယ်လိုလုပ်သိမှာလဲ…။

    အလုပ်ဆိုတာ ( သက်မွေးဝမ်းကျောင်းအလုပ်ဆိုတာ )
    အပြင်ကကြည့်ရင်
    ဇတ်စင်ကို ပွဲထွက်တုန်း ရှေ့ကကြည့်သလိုပဲ
    မင်းသမီးလှလှလေးတွေနဲ့၊ ရာဇပလ္လင်ကြီးနဲ့၊ မူးကြီးမတ်ရာတွေနဲ့၊ စောင်းညှင်းပတ္တရာတွေနဲ့
    ကိုယ်တိုင်တောင် ဝင် က ချင်လာတတ်တယ်..။
    တကယ်လုပ်ကြည့်ရင်တော့
    ဇတ်ထဲလိုက်မိတော့မှ ဇတ်သမားတွေဘဝကို အမှန်အတိုင်းတွေ့ရသလိုပဲ…
    ဇတ်ထဲကတော့လဲ ရုတ်တရက် အလွယ်တကူမထွက်နိုင်ပြန်ဘူးနော…။

    အင်း….
    တခါတလေတော့လဲ
    ကိုယ်က ဘာကိုမှ ထိုင်ရွေးနေတာ မဟုတ်ပေမင့်
    အလုပ်ကကိုယ့်ကိုရွေးသွားတာလဲ
    ရှိတတ်ပြန်ပါတယ် ကိုရင် ငှက်ကြီးရေ…။

    • ကိုရင်စည်သူ

      May 29, 2012 at 6:00 pm

      ဦးဦး ပလာယာရေ…
      ကျနော်တို့ကတော့ ဒီဘုံဘဝမှာ ကြုံသမျှကို
      အကောင်းဆုံး ရင်ဆိုင်ဖြေရှင်းနေရတာပါ။
      ဦးဦး ပလာယာ မန့်သွားတာ တကယ့် လက်တွေ့ဘဝနဲ့
      တစ်ထပ်တည်းကျနေတဲ့အတွက် လက်မနှစ်ချောင်း
      ထောင်သွားပါတယ်ဗျာ…
      တကယ်တော့
      အလုပ်ကပဲ ကိုယ့်ကို ရွေးရွေး
      ကိုယ်ကပဲ အလုပ်ကို ရွေးရွေး
      ကျနော်ကတော့ ကျနော်လုပ်နေတဲ့ အလုပ်မှာ အားသွန်ခွန်စိုက်နဲ့
      ကြိုးစားလုပ်ဆောင်တဲ့ ခံယူချက်တော့ ထားပါတယ်ဗျာ..

      လေးစားတဲ့

  • manawphyulay

    May 29, 2012 at 12:39 pm

    အသက်မွေး ဝမ်းကြောင်း အလုပ်တစ်ခုကို ရွေးချယ်တော့မယ်ဆိုရင် လနဲ့ နှစ်နဲ့ ချီပြီး လေ့လာစဉ်းစား ပြီးမှသာ ငါ ဘာလုပ်ရမယ်လို့ ဆုံးဖြတ်ပါ။

    ဒီနည ်းတော့ အကြံမပေးပါနဲ့ ကိုရင်ရယ်… နှစ်နဲ့ချီပြီး စဉ်းစားနေရင် မိသားစုတွေ ဘာနဲ့သွားစားမလဲ ကိုရင်ရယ် ကြည့်လည်းလုပ်ပါဦး။ သူကျွေးထားမှာကျနေတာပဲ… 😛

    • ကိုရင်စည်သူ

      May 29, 2012 at 5:06 pm

      မစိတ်ပိစိကွေးရေ… လူတစ်ယောက်က တိုးတက်ချင်တယ်ဆိုရင်
      ခေတ်နဲ့လျော်ညီတဲ့ အတွေးအခေါ် လုပ်ရပ်တွေ မှန်ကန်ဖို့လည်း
      လိုပါသေးတယ်… အလုပ်တစ်ခုကို ဒီခေတ်ကြီးထဲမှာ နှစ်နဲ့ချီပြီးရွေးရင်
      မှားသွားမှာပေါ့ဗျာ… (ကျနော်က အဘစာပေကို ပြန်လည် အစထုတ်ပြီး
      သေချာစဉ်းစားပြီးမှာ လုပ်စေချင်တာပါ။ တစ်ပတ်လည်း ဖြစ်မယ်၊ တစ်လလည်း
      ဖြစ်မယ်၊ နှစ်လလည်းဖြစ်မယ်ပေါ့ဗျာ) ထိုင်စောင့်နေတာထက်စာရင် သင့်တော်တဲ့ အုလပ်လေးတစ်ခု ဝင်လုပ်ပြီး ဖြစ်ပေါ်လာတဲ့ အခွင့်အရေးကောင်းရယ်
      ကိုယ့်ရဲ့ ထက်သန်သော စိတ်ဓါတ်၊ ဝါသနာနဲ့ ပေါင်းစပ်မှ တိုးတက်နိုင်တော့မှာ
      မဟုတ်လားဗျာ..
      လူတစ်ယောက်မှာ အနည်းဆုံးတော့ ဘဝအတွက် Plan ရှိရမယ်.. ရေတိုစီမံကိန်း
      ရေရှည်စီမံကိန်း၊ အဲ့ဒီရည်မှန်းချက်တွေနဲ့ တည်ဆောက်မှပဲ ဘဝဆိုတာ
      ခိုင်မာမယ်လို့ ကျနော်မြင်မိတယ်ဗျာ…

      ကွန်မန့်ပေးသူအားလုံးကို လေးစားချစ်ခင်စွာဖြင့်

  • kyeemite

    May 29, 2012 at 1:09 pm

    ဘာအလုပ်ဘဲလုပ်လုပ် တစိုက်မတ်မတ်ကြိုးစားပီး
    ဇောက်ချလုပ် စိတ်ပါလက်ပါလေ့ကျင်သင်ယူ..
    ဝိရိယကောင်းမယ်ဆိုအောင်မြင် ထူးချွန်နိုင်ပါတယ်..
    ဖော်ရက်စ်ဂန့်ထဲက မင်းသား နမူနာလိုပေါ့…(ကျုပ်အထင်ပါ)

  • eipu

    May 29, 2012 at 1:23 pm

    ယောနသံဇင်ယော်လိုဘဲပေါ့။
    တစိုက်မတ်မတ် ဇွဲလုံ့လထားပြီးလုပ်တော့ နောက်ဆုံးအောင်မြင်မှုဆိုတာရောက်ရှိလာမယ်။

  • sai khunsai

    May 29, 2012 at 1:52 pm

    လူတွေကကိုယ်လုပ်တဲ့အလုပ်ကိုမိမိစိတ်ကြိ ုက်ရွှေးလုပ်တယ်ထင်ကြတယ်နော်
    အမှန်ကအလုပ်ကသူတို ့ကိုရွှေးသွားတယ်လို ့ယုံတယ်

  • ဗိုက်ကလေး

    May 29, 2012 at 5:48 pm

    ကျုပ်က အင်္ဂ ါဆိုတော့ ဆေးဘက်မှာ လုပ်မယ်ဗျာ
    နော်ကိုရင်စိ..

    • ကိုရင်စည်သူ

      May 29, 2012 at 9:30 pm

      အူးဗိုက်.. က အင်္ဂါဆိုတော့ အနေအေးပေမယ့် စိတ်ကြီးမယ့်ပုံဖြစ်မှာနော်..
      အင်္ဂါသား တော်တော်များများက ပြန်မပြော နားမထောင် ကုပ်ကမြင်းဖြစ်တာများတယ်… ဟိ..
      (လေ့လာမိသလောက်ပါနော့)
      ဆေးအလုပ်အပြင် အရက်ချက်စက်ရုံ၊ ဘီယာဆိုင်၊ ဘီအီးဆိုင်
      ဖွင့်မယ်ဆိုလည်း အထူးအောင်မြင်မည် ဖြစ်ပါကြောင်းရယ်ပါ…
      (၁ကယ်ပြောဒါပါ)

      • ဗိုက်ကလေး

        May 30, 2012 at 2:07 pm

        ခင်ဗျား မှန်တာဒွေ လျှောက်ပြောဒယ်.
        ခင်ဗျားကို အူးဗိုက်ကလေး တင်းတွားဘီ..
        ဘီအီးဆိုင်ဖွင့်ရင် ခင်ဗျားကို အကြွေး မသောက်ခိုင်းဒေ့ါဘူး..ဝူး.ဟူး.
        အူးပေကိုပဲ အကြွေးတိုက်တော့မယ်..
        နော်..အူးပေ
        တားကို ဘီအီးဆိုင်ဖွင့်ဖို ့အရင်းနှီး ပုန်းတစ်ရာလောက် ချီးစမ်းဘာ

  • min min san

    May 29, 2012 at 10:01 pm

    Ko yin
    yes you are right! but sometime we have no much opptunity to choose,,,so try our best for what is in our hand first till we reach our interest,,thanks you.

  • နှင်းဆီ ငုံ

    June 22, 2012 at 2:02 pm

    ကိုရင်စည်သူရေ ### ရွေးချယ်ပြီးသားအလုပ်တစ်ခု လျှောက်လှမ်းခဲ့တာ ဆယ်စုနှစ်တစ်ဝက်ကျော်လောက်အရောက်မှ စိတ်ပျက်မိနေရင် ရှေ့ဆက်လျှောက်သင့်သလား?? နောက်ပြန်လှည့်သင့်လား???

    • စစ်ကဲ

      June 22, 2012 at 3:36 pm

      ဲမြန်မာပြည်မှာ ဒီလိုလူတွေတော်တော်များပါတယ်၊ လက်ရှိအလုပ်မှာ တိုးတတ်ဖို့မရှိဘူးလို့မြင်ရင်တော့ အလုပ်အသစ်မှာ ဘဝကို ပြောင်းလဲမြှုပ်နှံလိုက်ပါ

  • သမီး ကြီး

    June 22, 2012 at 2:15 pm

    ကျွန်တော်ကတော့ ကိုယ်ယူခဲ့တဲ့ဘာသာရပ်နဲ့ အခု လုပ်နေတဲ့ အလုပ်နဲ့က တခြားစီပဲ……..
    ရန်ကုန်ရောက်စ လစာကာင်းတယ်လို့ ထင်ရတဲ့ အလုပ်ကို ဝင်လုပ်ရင်းနဲ့ ဒီအလုပ်က မထွက်နိုင်ဘူး..
    ကိုယ့်ဘာသာရပ်နဲ့ကိုက်ညီတဲ့အလုပ်ကလည်း..လစာ က မကောင်း.တော့ အဆင်မပြေပြန်ဘူး……
    အခုချိန်မှတော့ ထမင်းစား ဗိုက်ဝ ဖို့အတွက်….နောက်အလုပ်လည်း..မပြောင်းနိုင်တော့…ဒီမှာပဲ..ဆက်လုပ်နေရတာပါပဲ

  • Nyein Nyein

    June 22, 2012 at 2:28 pm

    ဟင်း……………..(သက်ပြင်းချသည်။) အလုပ်ကို အချိန်ယူပြီးတောင်မစဉ်းစားလိုက်ရပါဘူး။ ကိုယ်ဝါသနာပါရာလမ်းကြောင်းလို့ထင်တာကိုပဲ လိုက်ခဲ့လေတော့ အဲဒါနဲ့ သက်ဆိုင်တဲ့ အလုပ်ကိုပဲလုပ်နေရတာပေါ့။ ငြိမ်းက တနင်္လာသမီးဆိုတော့ ခရီးသွားမယ့်အလုပ်၊ ကုန်သည်အလုပ် လုပ်သင့်တာပေ့ါနော်။ ဒါပေမယ့် ခရီးဆိုလို့ လောလောဆယ်ကို MICT ဝင်းထဲမှာပဲ ဟိုအဆောင်ကူး ဒီအဆောင်ကူးနေရပါတယ်။ 🙁 Programmer ဆိုတာကတော့ ကုန်သည်အလုပ်ထဲမှာ မပါလောက်ဘူးထင်ပါရဲ့နော်။ 🙄

  • mamanoyar

    June 22, 2012 at 2:38 pm

    Nyein Nyein ရေ ” ရွှေးလွန်းလျှင်မရ သေးလွန်းလျှင်မလှ ”
    လဲ ဖြစ်မှာစိုးရတယ်လေ။

    • Nyein Nyein

      June 22, 2012 at 2:53 pm

      ဟုတ်ပါတယ် မမနိုရာရယ်။ အဲဒါကြောင့်မို့လို့လည်း အလုပ်ဝင်လုပ်နေတာပေါ့။ အိမ်ကိုလည်း အားနာလို့ပါ။ ဖြစ်နိုင်ရင်တော့ ကျောင်းဆက်တက်ချင်တာပေါ့လေ……………. သို့ပေမယ့် သို့သော်လည်းပေါ့လေ။

Leave a Reply