Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ထိုင်း မှ မြန် မာ ပြည် သူူတွေဒုက္ခ

ကမ္ဘာ့ ဆိုးရွားယုတ်မာ ရက်စက်ဆုံး မုဒိမ်းမှုနှင့် လူကုန်ကူးမှုဒဏ်ကို
မြန်မာနှင့် မွန်မလေးများ ခံစားနေရ

ရရက်ဇူလိုင် ၂၀၀ရ မနက်၃နာရီမှာ ပင်လယ်စာ စက်ရုံမှ အချိန်ပို အလုပ်
ဆင်းပြီး အတူတူ ပြန်လာတဲ့ မြန်မာမိန်းကလေး ၅ယောက်ကို ဒေသခံ ရဲကပါ
မနိုင်လို့ လက်လျှော့ထားရတဲ့ ထိုင်းမာဖီယား ဂိုဏ်းဝင် ၁ဝ ယောက်က လိုက်လံ
ဖမ်းဆီး ရာမှာ ၄ယောက်ထွက်ပြေး လွတ်မြောက် သွားပြီး အလုပ်သမားလက်မှတ်
တရားဝင် လက်ဝယ် ရှိသူ အသက် ၂၂နှစ် အရွယ် မိန်းကလေး တစ်ယောက် အဖမ်းခံ
ခဲ့ရပါတယ်။ သူမကို ဖမ်း မိရာ လယ်ကွင်း ထဲမှာပင် အဓမပြုကျင့် ခဲ့ကြပြီး
နောက် သူတို့ဂိုဏ်း တည်ရှိရာ တိုက်သို့ ခေါ်ဆောင် သွားကာ ကျန်ဂိုဏ်သား
လေးယောက် က ထပ်မံ စော်ကားကြပြန်သည်။
သူမသည် ၈ရက် ဇူလိုင်တွင် အားကုန် ကြိုးစားပြီး ၄ထပ်တိုက်ပေါ်မှ ခုန်ချပြီး
ထွက်ပြေး လွတ်မြောက် လာခဲ့ရာ မဟာချိုင် ခရိုင်ရှိ ဇီဝိချိုင်ဆေးရုံတွင်
တက်ရောက် ဆေးကုသ ခံနေခဲ့ ရသည်။ သူမကို ဖမ်းဆီး ခေါ်ဆောင်ခဲ့ရာ တိုက် ခန်း
တွင် မိန်းကလေး အယောက် ၂ဝ ခန့်လည်း ဖမ်းဆီးခံ ထားရ ကြောင်း၊ သူမအဖမ်းခံ
ထားရ ချိန် တိုတောင်း သောကြောင့် ၊ ထိုမိန်းကလေးများ မည်သည့်လူမျိုးများ
ဖြစ်သည်ကို မသိခဲ့သော်လည်း အ များစု မှာ မွန်နှင့် မြန်မာမ လေးများ
ဖြစ်ကြောင်း၊ ထိုမိန်းကလေးများ အားလုံးကို အဝတ်ဆင် မပေး ထား ကြောင်း၊
ထိုမိန်းကလေးများနှင့် သူမကို လိင်စိတ်ကြွဆေးများ အတင်း တိုက်ကျွေးပြီး
လူမဆန်စွာ အနိုင်ကျင့်ခဲ့ကြောင်း၊ အနိုင်ကျင့်ရင်းလည်း နင်တို့ ခွေးမတွေ
ငါတို့က နင်တို့ မွန်နဲ့ မြန်မာတွေကို ခွေးလောက်ပဲ သဘောထားတယ် စသည်ဖြင့်
ရိုင်းစိုင်းလွန်းစွာ ပြောဆို ကြိမ်းမောင်း ခဲ့ကြောင်း၊ နင် တို့ကို
လေ့ကျင့်ပေးပြီးရင် လှေတွေဆီ ရောင်းစားမှာ ဟုလည်း ပြောခဲ့သေးကြောင်း
ရဲသို့အကြောင်း ကြား ခဲ့သော်လည်း မည်သည့် အရေးယူမှုမှ မပြုလုပ် ခဲ့ကြောင်း
သတင်းကြား သိရပါသည်။

မဟာချိုင်ဒေသသည် ပင်လယ်စာ ထုပ်ပိုးပြင်ဆင်သော စက်ရုံများ ထွန်း ကား ပြီး
စက်ရုံပိုင်ရှင် သူဌေး များသည် ကိုယ်ပိုင် ငါးဖမ်း စက်လှေ များလည်း
ရှိလေ့ရှိကြပြီး ငါးခိုးဖမ်းလှေလည်း များစွာ ပိုင်ဆိုင် လေ့ရှိကြ သည်။
ထပ်မံ စုံစမ်းချက်များအရ ထိုမိန်းကလေးများကို ပင်လယ်တွင်း ငါးဖမ်းစက်လှေ
များ တွင် လှေသားများ ပိုမို အလုပ်လုပ် ချင်စေရန် ပျော်ပါးရန် အပြီး
ရောင်းစား ပေးလေ့ ရှိပြီး ထို လှေ သား များကလည်း စိတ်တိုင်းကျ
ပျော်ပါးပြီးသောအခါ ဝန်ဆောင်မှု မပေးနိုင် တော့သော ထို မိန်းက လေး များကို
ကိစ္စ လက်စဖျောက် ပင်လယ်တွင်း ပစ်ချခဲ့ လေ့ရှိ ကြောင်း၊ အဆိုပါ လူမဆန် သော
အကြမ်းဖက် လူ ကုန်ကူးမှု တွင် ထိုင်း ရဲများ ကိုယ်တိုင် တရားမဝင် ပါဝင်
ပတ်သက် နေကြောင်း သိရှိ ရသဖြင့် မခံမရပ်နိုင် ဖြစ်ပြီး ထိုကိစ္စများကို
အဓိကထား ကူညီသော Pavena foundation သို့ အကြောင်းကြားခြင်း၊
ထိုင်းစစ်ထောက်လှမ်းရေးသို့ တိုင်ကြားခြင်း၊ ထိုင်းနိုင်ငံခြားရေး
ဝန်ကြီးဌာန သို့ တိုင်ကြားခြင်း၊ ထိုင်း လူဝင်မှု ကြီးကြပ်ရေး ရဲဌာနသို့
တိုင်ကြားခြင်း အစရှိသည် တို့ကို ဆက် တိုက် ဆောင်ရွက်ရာ အရေးယူမှု
စတင်ခဲ့ပါသည်။ လူဆိုးများ ထွက်မပြေး နိုင်ရန် ၊ ထိုမာဖီးယားဂိုဏ်း
တည်ရှိရာ ဌာနချုပ်ကို ရဲများက ဝန်းရံထား နေ စဉ် ဘီဘီစီ သတင်း ဌာနမှ သတင်း
ကြေညာ ခဲ့သဖြင့် ဓားစာခံ ထိုမိန်းက လေး များ၏ အသက် အန္တရာယ် စိုးရိမ်ရမှု
အတွက်ရော၊ မာဖီးယား ဂိုဏ်း ချုပ်နဲ့ ဂိုဏ်းသားများကို ထွက်ပြေးခွင့်
ရအောင် သတင်းပေးသလို ဖြစ်ခဲ့ သည့် အတွက် ကြောင့်ပါ သက်ဆိုင် ရာ
လှုပ်ရှားသူများ က အလွန်စိတ် ဆိုး နေခဲ့ကြ ပါသည်။

ထို့ပြင် နာမည်သာလိုချင်ပြီး ခေါင်းရှောင်တတ်သော တာဝန်ရှိသူများ ကြောင့်
ဇူလိုင် ၁၃ရက် ထိ ထို မာဖီးယား ဂိုဏ်းကို သူစီးနိုး ငါစီးနိုး နှင့်
ဝင်မဖမ်းရဲဘဲ ဖြစ်နေရာ မနေနိုင်သော မြန်မာအချို့ကြောင့် ဂိုဏ်းဝင်
၃ယောက်ကို လိုက်လံဖမ်းဆီးရာ ထို၃ယောက်ကို ဒေသခံရဲတစ်ဦး၏ နေ
အိမ်ဟောင်းအတွင်း တွင် ဖမ်းဆီးရမိခဲ့ပြီး ထိုအရေးကို လိုက်လံဖော်ထုတ်
ကူညီသူ မြန်မာတစ်ဦး၏ နေအိမ်ကိုဖောက်ထွင်း ခံခဲ့ရပြီး နောက်တစ်ဦး၏
ချွေးမဖြစ်သူ အသတ်ခံခဲ့ရပါသည်။

ဖောက်ထွင်းသူသည် တအိမ်လုံး အ ပြောင် သိမ်းသွားရာ လက်ကိုင်ဖုန်းပါ
ပါသွားပြီး ထိုလက်ကိုင်ဖုန်း နံပါတ် ကို ဆက်သွယ်ရာတွင် ဖောက်တာငါပဲ..
ဘာလုပ်ချင်လဲ.. ဘာဖြစ်ချင်လဲ စသည်ဖြင့် ပြန်လှန် ခြိမ်းခြောက်
သွားကြောင်း သတင်းရရှိပါသည်။ ထို့ပြင် ဆက်ကြေးငွေ ပေးထားသောကြောင့်
ဖမ်းရိုးမရှိသော နယ်တွင် လက် မှတ် မရှိဘဲ တရားမဝင်အလုပ်လုပ်သူများကို
ဖမ်းသည် ဟုဆိုကာ အိမ်ခန်းများအတွင်း ဓာတ်ငွေ့သုံး ပြီး အတင်းဖမ်းဆီးမှုကို
ထူးခြား တိုက်ဆိုင် စွာ ပထမဆုံး ဖမ်းဆီးမှု ပြုခဲ့ရာ တမင် လက်စားချေ
ဖမ်းဆီးခြင်းဟု မြန်မာများက သတ်မှတ် အခဲမကြေ ဖြစ်နေကြပါသည်။

ထို့ကြောင့် မြန်မာ့အရေး ဆောင်ရွက်သူများက နောက်ဆုံး ကြိုးစားသည့်
အနေဖြင့် Pavena foundation သို့ဆက်သွယ်တိုင်ကြားခဲ့ရာ ထိုအသင်း မှ
တည်ထောင်သူ ကိုယ်တိုင် ထိုင်းရဲချုပ်သို့ တိုက်ရိုက်စာတင်အရေးယူမှု
ပြုလုပ်ပေးခြင်း၊ ထွက်ပြေးလွတ်မြောက် တိုင်ကြားသူ မြန်မာမိန်းကလေး
ကိုလည်း အန္တရာယ် ကင်းစေရန် ခေါ်ယူစောင့်ရှောက်ပေးထားခြင်းမျ
ား ပြု
လုပ်ခဲ့ပါသည်။ ထိုအသင်းရဲ့ ခေါင်းဆောင်မှုကြောင့် နောက်ထပ် မာဖီးယား
ဂိုဏ်းသား ၄ ယောက်ကို ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း နောက်ထပ်လည်း
လိုက်လံဖမ်းဆီးမှုများကို ထိထိရောက်ရောက် ပြုလုပ်ပေးနေကြောင်း ရုပ်မြင်သံ
ကြား မှ ထုတ်လွှင့်ကြေညာခဲ့ရာ သတင်းကြားသိရသဖြင့် ပါဗီးနား အသင်းကြီးကို
လွန်စွာ ကျေးဇူး တင်ဖွယ်ရှိလေသည်။

သို့သော် စေ့စပ်သေချာလိုသူ မြန်မာပညာတတ် အလုပ်သမားများက
ကိုယ့်အားကိုယ်ကိုး ဆက်လက် စုံစမ်းရာ ထိုအဖမ်းခံထားရသော ၄ယောက်မှာ
ထိုးကျွေးခံ ဘာအဆင့်မှ မရှိသော သူများဖြစ်ပြီး ထို မာဖီးယားဂိုဏ်းတွင်
အမှန်တကယ် ထိပ်ပိုင်းမှ လူများမှာ ထိုင်းနိုင်ငံရှိ
ထိုဒေသရှိထိပ်တန်းအာဏာပိုင် များ ဖြစ်နေပြီး ထိုဂိုဏ်းသည် အတော်ကို
အင်အားကြီးမား သည်ကို တွေ့ရလေသည်။ ထိုမျှမကသေး ဘဲ မိန်းကလေးတစ်ဦး
ထွက်ပြေး လွတ်မြောက် ခဲ့ရာ တိုက်ခန်းတွင် ကျန်ရစ်ခဲ့သူ မိန်းကလေး ၂၀
ယောက် မှာ လုံးဝ ပျောက်ဆုံးသွားခဲ့ပြီး ကျန် မာဖီးယားဂိုဏ်း သားများ
ကိုလည်း ရှာမတွေ့တော့ပေ။ ဖမ်းမိသူ ၄ယောက်မှလည်း သူတို့လေးယောက်သာ
ထိုမိန်းကလေးကို ဖမ်းသည်ဟု ဝန်ခံပြီး အမှုမှန် ကို ကွယ်ဝှက်
သေးသိမ်စေခဲ့သည်။ လာမည့် ဇူလိုင် ၁၄ရက်နေ့တွင် အဆိုပါ လေးယောက်ကို
ရုံးထုတ်မည် ဖြစ်ရာ ထိုင်းများ၏ ကူညီမှုသည် နိုင်ငံရေး အမြတ်ထုတ်ရန်
သက်သက်သာ ဖြစ်ပြီး အမှုမှန်ကို သေးသိမ် ကွယ်ဝှက် သလို ဖြစ်နေခဲ့လေသည်။

ပင်လယ်စာ လုပ်ငန်းသည် ထိုင်း နိုင်ငံ၏ အဓိက နိုင်ငံခြားပို့ကုန် ဖြစ်ပြီး
ထိုင်းနိုင်ငံ၏ ပြည်တွင်း ထုတ်ကုန်ကို ဒေါ်လာ သန်းထောင်ချီ ထောက်ပံ့နေသော
လုပ်ငန်းဖြစ်ရာ ထို လုပ်ငန်းအတွက် မြန်မာမိန်းကလေးများကို သည်လို လူမဆန်
လွန်းစွာ အသုံးချပြီး လှေသမားများကို ပျော်တော် ဆက်စေပြီး သက်ဆိုင်ရာ
အစိုးရ ကိုယ်တိုင်က တိုင်ကြားမှုကို ဂရုမပြုဘဲ သည်လို မသိချင် ဟန်ဆောင်ကာ
ဖုံးဖိမှုကို ကန့်ကွက်သည့် အနေဖြင့် ထိုင်းနိုင်ငံမှ တာဝန်ရှိသူများကို
တွန်းအား ပေးရန် အတွက် သက်ဆိုင်ရာ လူ့အခွင့်အရေး လှုပ်ရှားသူ များ၊
အဖွဲ့အစည်းများမှ လည်းကောင်း မြန်မာ့လူမျိုးရေးကို စိတ်ဝင်စား စာနာသော
ပြည်ပရောက် မြန်မာများမှလည်းကောင်း online petition များကို
ပြင်ဆင်ကန့်ကွက် တွန်းအားပေး တောင်းဆို ပေးကြပါရန် ပန်ကြားအပ်ပါသည် ။

စာကြွင်း။ ။ ဒီလို လူမဆန်မှုမျိုးကို မြန်မာ အမျိုးသား တစ်ယောက်အနေ
နဲ့သာမက ဘယ်ရှုထောင့် ကပဲကြည့်ကြည့် အရမ်းကို စက်ဆုပ်ရွံရှာ
ဖို့ကောင်းပါတယ် ထိုင်းလူမျိုးတွေက မြန်မာဆိုရင်သူတို့ရင်ထဲမှာ
ညှိုးရမှာလို့တရားသေတွက်ထားတာဟာ မကောင်းပါဘူး ထိုင်းအာဏာပိုင် တွေရဲ့
မူးစိမတ်စိ လောက် မက်မောမှုကြောင့် ကြားထဲက ဓားစာခံ ဖြစ်တဲ့
တို့မြန်မာလူမျိုးတွေကို ကိုယ်ချင်းစာပါတယ် မိမိတတ်နိုင်တဲ့
ဘက်ကတတ်အားသမျှ ကူညီပေးပါ……..။

ကျေးဇူးအထူးတင်ပါသည်။ fordward mail နှင့် ရရှိ ခဲ့ ပါ တယ်…။

4 comments

  • kai

    June 19, 2010 at 11:56 pm

    ပုံမှန်အတိုင်းစဉ်စားရင် တော်တော်ဆိုးဝါးတာမြင်ရပါတယ်။
    ဒါပေမဲ့ ဒီလောက်ဆိုးဝါးထဲအခြအနေရှိမှန်းသိရက်နဲ့ သူတို့တွေအဲဒီအမှောင်ထဲဘာဖြစ်လို့တိုးဝင်ကြသလဲ။
    အစွဲကင်းကင်းနဲ့တွေးကြည့်တောင်မှ တွေ့ရတာဟာ …အဲဒီယိူးဒယားရဲ့အမှောင်ဆိုတာက မိခင်နိုင်ငံရဲ့ အလင်းထက် ပိုလင်းနေလို့ပါပဲ။
    ဟုတ်ပါတယ်နော…။
    ဒါကြောင့် လူ့အခွင့်အရေးအပါအဝင် ကမ္ဘာပေါ်က ရှိသမျှအဖွဲ ့အစည်းတွေအားလုံးလိုလို အရေးကြီးထဲဖက်ဦးစားပေးအော်နေကြတာဖြစ်ပါတယ်။
    မြန်မာမိန်းကလေးများ။ အမျိုးသမီးများ အမှောင်ဘဝများမှ အမြန်ဆုံးလွတ်မြောက်ကြပါစေ။

  • intro

    June 20, 2010 at 2:32 am

    အဓိကက စား၊ ဝတ်၊ နေ ရေးလေဗျာ… သူတို့တစ်တွေလည်း မသွားခင်ကိုယ့်နိုင်ငံမှာလောက် စိတ်မချရဘူးဆိုတာ သူတို့လေးတွေလည်း သိမှာပါ… တစ်ချို့ကလည်း ဝင်ငွေကောင်းတယ်ဆိုပြီး စွန့်စားကြတယ်။ အဓိကကတော့ နိုင်ငံရဲ့ဆင်းရဲမွဲတေမှုပေါ့ဗျာ… ဟိုဘက်မှာရတဲ့ လုပ်အားခနဲ့၊ ဒီကပေးတဲ့ လုပ်အားခတွေ မတူတာ၊ အလုပ်ရှားပါးတာ၊ လူမှုဘဝ နိမ့်ကျတာတွေကြောင့် ထွက်ကြတာပါ… အချို့ အဆင်ပြေတဲ့သူတွေရှိသလို၊ အချို့ကျတော့လဲ အကြမ်းဖက်မှုတွေရဲ့ တန်ဆာခံတွေ ဖြစ်သွားကြတာပဲ။ ဘာပဲဖြစ်ဖြစ် ကိုယ့်လူမျိုးတွေ တိုင်းတပါးမှာ ဒုက္ခရောက်နေတာမြင်ရတော့ အရမ်းပဲ ဝမ်းနည်းမိပါတယ်…

  • cobra

    June 20, 2010 at 11:39 am

    အင်းအဓိကကတော့သူများနိုင်ငံကိုအထင်ကြီးတာလေ။အင်းလေကိုယ့်နိုင်ငံကလည်းဆုတ်ပြတ်နေတာကိုသူတို့စားဝတ်နေရေးပြေလည်မယ်ထင်လို့သွားလုပ်နေကြတာဆိုတော့ဘာမှလည်းပြောလို့မရဘူး။
    ကျွန်တော်တို့နိုင်ငံသာဖွံ ့ဖြိုးတိုးတက်သောနို်ငံဖြစ်နေမယ်ဆိုရင်ဒါမျိုးတွေဖြစ်လာနိုင်စရာအကြောင်းမရှိပါဘူး။

  • sauthtalawe

    June 22, 2010 at 3:42 pm

    fuck back all the THAI girl and woman. take revenge !!!

Leave a Reply