Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဂေဇက်ရွာမှ …ကျွန်တော်နဲ့သူ့အကြောင်း

ကျွန်တော် ဒီရက်ပိုင်းအတွင်း မျက်စိနှစ်ကွင်းနဲ့ဖတ်လိုက်ရတဲ့စာတွေ မြင်လိုက်ရတဲ့ ပုံတွေတော်တော်များများ စိတ်မချမ်းသာစရာတွေပဲ ဖတ်ရ ကြားရ မြင်ရပါတယ်။ ကွန့်မန့်လေးပေးဖို့ကို ကြိုးစားလို့မရသလိုပါပဲ။ သူတို့ကိုပြောရင် ရမယ့်ပုံမရှိပါဘူး။ ဘာကြောင့်လဲဆိုရင် အများအားဖြင့် ဒေါသ…တွေ..မာနတွေ.. အာဃာတတွေ ဝင်ပူးခံနေကြရသူတွေများလို့ ပါ။
မြတ်စွာဘုရားလက်ထက်တုန်းက အိမ်သာထဲမှာ ရေခွက်လေး လှန်ထားခဲ့ တဲ့ကိစ္စနဲ့ ရဟန်းအချင်းချင်းစကားများကြရာကနေ.. ဘုရားပြောလို့ကို မရတဲ့ အနေအထားဖြစ်လာခဲ့တယ်။ ဒီတော့ ဘုရားက ဘာမှ မပြောတော့ပဲ တောထဲကြွသွားခဲ့ပါတယ်။ ကျွန်တော်လဲ ဘာမှကို မပြောချင်ပဲ ခံစားလိုက်ရတယ်။ ဒီရက်ပိုင်းမှာ ခေတ်သစ် ဟင်္သာကိုးသောင်း ပုံပြင်စာအုပ်ကိုလဲ ဖတ်လိုက်မိတယ်။ ဒီတော့လဲ ကျွန်တော် စိတ်တော်တော်မကောင်း ဖြစ်သွားတယ်။
ဒီတော့ ကျွန်တော် စိတ်ပြေလက်ပျောက် လေးပဲ ရေးလိုက်ပါရစေ…
ကျွန်တော်နဲ့သူနဲ့အကြောင်းလေးပေါ့။ ဟဲဟဲ..
တစ်နေ့… ကျွန်တော်မြို့ထဲကိုသွားရင်းနဲ့ သူ့ကိုစတွေ့ခဲ့ပါတယ်။ သူက တောက မဟုတ်ပါဘူး။ မြို့ကပါ။ အသားဖြူဖြူ ပိန်ပိန်ပါးပါးလေးနဲ့ သိပ်ပြီး ခေတ်မှီတဲ့သူလေးပါ။
သူ့ကို တွေ့ခဲ့တဲ့နေရာက ကွမ်းယာဆိုင်မှာပါ။ ကျွန်တော် သူ့ကိုတွေ့တွေ့ချင်းပဲ ပြောရမလား မသိဘူး။ မရှက်နိုင်ပါဘူး။ သူ့ကို ကျွန်တော် ပါးစပ်နဲ့ ဆွဲကစ်လိုက်ပါတယ်။ သူ့မျက်နှာလေး ရဲတက်သွားပါတယ်။ ရှက်ရှာမှာပါပဲ။ ကျွန်တော်လဲ အကြိမ်ကြိမ်ကို ပါးစပ်နဲ့ နမ်းမိခဲ့ပါတယ်။ သူကလဲ ကျွန်တော် နမ်းတိုင်းနမ်းတိုင်း မျက်နှာလေးရဲရဲ နီနီလေးနဲ့ သွေးရောင်လေးသမ်းပါတယ်။
အဲဒီကနေ သူ့ကိုကျွန်တော် အိမ်ခေါ်လာခဲ့ပါတယ်။ ကျွန်တော်အိမ်ရောက်တော့လဲ.. ကျွန်တော် အိပ်ယာဘေးမှာ သူ့ကိုထားခဲ့ပါတယ်။ မကြာမကြား ခဏခဏလဲ နမ်းပါတယ်။ တစ်ခါတစ်ခါကိုဆိုရင်.. ကျွန်တော်နှာခေါင်းကြီးနဲ့ အားရပါရနမ်းပြီးမှ ပါးစပ်နဲ့ ကစ်လိုက်ပါတယ်။ သူ့ကတော့လဲ ပုံမှန်ပါဘဲ။ ကျွန်တော်ကစ်လိုက်တိုင်း ကစ်လိုက်တိုင်း သူ့မျက်နှာလေးဟာ အနီရောင်လေး သန်မြဲပါပဲ။ တခါတလေ..ကျွန်တော် သူ့ကိုမလွတ်တမ်းကို အကြာကြီး တစ်ထားလိုက်ပါတယ်။ ကျွန်တော့်ရင်ထဲ အဆုပ်ထဲအထိကို သူရဲ့ရနံ့တွေ… ရောက်ရှိသွားတယ်လို့ ခံစားလိုက်ရပါတယ်။ ကျွန်တော်အိပ်ယာဘေးမှာ ထားသိပ်တဲ့သူ့ကို ညမှာလဲ နိုးတိုင်းလို သူ့ကိုနမ်းဖြစ်တာ များပါတယ်။ ကျွန်တော် သူ့ကိုသိပ်စွဲနေပါပြီ။ သူ့ကိုခွဲရမှာ.. သူ့နဲ့ကင်းရမှာဆို အရမ်းစိုးရိမ်မိပါတယ်။
တစ်ခါတစ်ခါ မနက်အိပ်ယာထပြီး လမ်းလျှောက်သွားခဲ့ရင်လဲ သူပါလာတတ်ပါတယ်။
ဒီလိုနဲ့ သူနဲ့ကျွန်တော် မကွဲမကွာ အတူနေလာခဲ့ရင်းနဲ့ တစ်နေ့မှာတော့ ကျွန်တော် ကျန်းမာရေး ဖောက်ပြန်လာပါတယ်။ ချောင်းတွေလဲ ဆိုးလာပါတယ်။ ဒါနဲ့ ကျွန်တော် ဆရာဝန်ကို သွားပြတော့ ဆရာဝန်က ကျွန်တော့်ကို မေးပြန်စစ်ဆေးမှုတွေပြုပါတော့တယ်။ သူနဲ့ပေါင်းသေးလားတဲ့… သူ့ကို မပေါင်းစေချင်တော့ဘူးတဲ့။ သူ့နဲ့သာ ဆက်ပေါင်းနေရင်.. သက်တမ်းစေ့အောင် နေရလိမ့်မယ် မထင်ဘူးတဲ့။ ဒါကြောင့် သူ့ကိုစွန့်လိုက်ပါ။ သူ့ကိုကွာလိုက်ပါတယ်။
ရက်စက်လိုက်တဲ့ ကံကြမ္မာဗျာ။ ကျွန်တော် သူ့ကိုချစ်လို့မှ မဝသေး။ အိုဘယ်တော့မှလဲ ဝမှာမဟုတ်ပါဘူး။ ကျွန်တော် သူ့ကို ခွဲနိုင်ပါ့မလား။ အိုမစဉ်းစားရဲ့ဘူး။ မစဉ်းစားချင်ဘူး။ လူဆိုတာ သေမျိုးပဲ။ သေတာ ဘာဆန်းလဲ.. ကျွန်တော်သေရင်လဲ သူနဲ့အတူပဲသေချင်တယ်။ သူ့ကို မခွဲချင်ဘူး။ ဆရာဝန်က နောက်တစ်ပတ်လာပြလှည့်အုံးဆိုလို့ သွားပြသေး တယ်။ အဲဒီတော့လဲ သူ့ပြန်သွားကြပြီလား… ကျွန်တော် ဘယ်လိုပြောလိုက် ရမလဲ.. စဉ်းစားကြည့်ပေးစမ်းပါ ဦးပေတို့ရာ။ ကျွန်တော် ဆရာဝန်ကို မလိမ်ချင်ပါဘူး။ ဒါကြောင့် ….. ကျွန်တော် ကျိုးစားနေပါတယ်လို့…. ပြောလိုက်တယ်။ ဒါပဲ။ ဒီလိုနဲ့ ကျွန်တော့်ရောဂါဟာ ဆိုးသထက်ဆိုးလာခဲ့ ပါတယ်။ ဆရာဝန်ဆီသွားပြတိုင်းလဲ ပြတ်သွားပြီလားလို့မေးပါတယ်။ ကျွန်တော်ကလဲ ကြိုးစားနေပါတယ်လို့ပဲ ပြောပါတယ်။ နောက်တော့ ဆရာဝန်က ခင်ဗျာသေမှာ မကြောက် ဆက်ပေါင်းပေါ့တဲ့။
ရက်စက်လိုက်တာ ဆရာဝန်ရယ်။ ဖြစ်နိုင်ရင် ကျွန်တော့်ရင်ကိုခွဲပြလိုက် ချင်ပါတယ်။ ကျွန်တော် ယောက်ျားကြီးတန်မဲ့ နွဲ့မပြချင်တော့ပါဘူး။ ကျွန်တော် သူ့ကိုမခွဲနိုင်ပါဘူး။ ဒီလိုနဲ့ ကျွန်တော် အိပ်ယာထဲမှာ လဲပါတော့ တယ်။ အစကတော့ ကျွန်တော့ဘေးမှာ သူအမြဲရှိပေးနေပါတယ်။ ဆရာဝန်လာတဲ့အခါမှာတော့ ဆရာဝန်က သူ့ကိုမျက်စောင်းခဲခဲ သွားပါတယ်။ ကျွန်တော်ကလဲ ဆရာဝန်ကို တောင်းပန်တဲ့မျက်လုံးနဲ့ကြည့်ပြီး တောင်းပန်ခဲ့ရပါတယ်။
နောက်ဆုံးတော့ ကျွန်တော် ရောဂါဆိုးသထက်ဆိုးလာခဲ့ပါတော့တယ်။ ဒါနဲ့ ဘယ်လိုမှ မဖြစ်နိုင်တော့လို့ ကျွန်တော် သူ့ကို ရက်ရက်စက်စက်နဲ့ အဆက်ဖြတ်လိုက်ရပါတော့တယ်။
အခုတော့ လဲ ကျွန်တော်ကျန်းမာရေးဟာ အလွန်ကောင်းလာခဲ့ပါပြီ။ သူ့ကိုလဲ ကျွန်တော်မေ့သွားပါပြီ။ သူ့ကိုစဖြတ်တဲ့နေကတော့ ကျွန်တော် မနေတတ် မထိုင်တတ်နဲ့ အတော်ကျိုးစားခဲ့ရပါတယ်။ ကျွန်တော့်လို အချစ်ဒုက္ခများမှ ကင်းဝေးနိုင်ကြပါစေလို့ ဆန္ဒပြုရင် တင်ပြအပ်ပါကြောင်း။
မှတ်ချက်…… ကျွန်တော် ကွမ်းယာဆိုင်မှာ သူ့ကိုတွေ့ခဲ့တယ်ဆိုတာ .. ဆေးလိပ်ကို ပြောတာဖြစ်ပါတယ်ခင်ဗျာ။
ဖြူဖြူသွယ်သွယ်နဲ့ပိန်ပိန်ပါးပါး မြို့သူလေးဆိုတာ စီကရက်ဖြစ်ပါတယ်။ အကြမ်းဆေးလိပ်မဟုတ်ပါကြောင်း။
သူ့ကို ပါးစပ်နဲ့ကစ်လိုက်တယ်ဆိုတာ ဆေးလိပ်သောက်ခြင်းကိုပြောတာပါ။
သူ့မျက်နှာလေး ရဲသွားတယ်ဆိုတာ ဆေးလိပ်မီးတို့ထားလို့ဖြစ်ပါတယ်။
ကျွန်တော် အိမ်ခေါ်လာခဲ့တယ်ဆိုတာ ဆေးလိပ်ကို ကာတွန်းလိုက်ဝယ်လာခဲ့ပါတယ်။
အိမ်ရောက်တော့လဲ ခဏခဏ ပါးစပ်နဲ့ကစ်ပါတယ်ဆိုတာ…မတော်တရော် တွေ မတွေးကြစေလိုပါခင်ဗျာ။
နောက် ရောဂါရတယ်ဆိုတာ ဆေးလိပ်သောက်လို့ ချောင်းဆိုတာကိုပြောပါ ကြောင်း။
ဆရာဝန်က သူ့ကိုကွာဖို့ပြောတယ်ဆိုတာ ဆေးလိပ်ဖြတ်ဖို့ပြောကြောင်း။
သူ့ကိုကျွန်တော်ဖြတ်လိုက်တာ အခုကျန်းမာရေးများ ပြန်ကောင်းနေပါကြောင်း။ စာဖတ်သူများ အထင်တော်မမှားဖို့… တင်ပြအပ်ပါ ကြောင်း….
ကျွန်တော်စာကို အချိန်ကုန်လူပမ်း မျက်လုံးညောင်းပြီး အကျိုးမပြုခဲ့ရင် ခွတ်လွတ်ကြပါ…

12 comments

  • htoosan

    June 9, 2012 at 12:45 am

    ယနေ့ အလှည့်ကျသည်ကတော့ ဆေးလိပ်ဖြတ်ခြင်းပါလား ။
    အန်ကယ်လေးကလည်း ဆေးလိပ်နဲ့ ဝေးဝေးနေပါတဲ့ ..
    ဒေါသတွေ မာနတွေ ဖတ်ရမောရတာထက်တော့ တော်သေးတာပေါ့နော်…

  • မောင်ပေ

    June 9, 2012 at 12:46 am

    အူူဘဇင်း ဖလာ့
    ကျုပ်လဲ ကြိုးစားနေကြောင်းပါ ဖလာ့
    ဒီစာစု အတွက်
    သာဓု သာဓု သာဓု ပါ

  • kai

    June 9, 2012 at 4:53 am

    အရက်နဲ့စာရင် ဆေးလိပ်က.. လုံးဝဆိုးတာသေချာတယ်..
    ကောင်းကွက်တခုမှမရှိဘူး..
    Secondhand Smok ဆိုပြီး.. ဘေးလူပါဆွဲထည့်ဒုက္ခပေးသေး..

    ဆေးလိပ်..ဆေးပေါ့လိပ်ထုတ်တဲ့စက်ရုံတွေ… အမြန်ခွန် ၉၀%ချစေလိုကြောင်း.. 🙂
    =
    Secondhand Smoke – American Cancer Society
    http://www.cancer.org/Cancer/CancerCauses/…/secondhand-smoke
    Nov 14, 2011 – Non-smokers who breathe in secondhand smoke take in nicotine and other toxic chemicals just like smokers do. The more secondhand smoke …

    • သားဦး၊မြေးဦး

      June 9, 2012 at 11:11 am

      သူကြီးရေ. Passive smokerပေါ့ဗျာ။
      @ကိုဇောက်ထိုးရေ. သူ သူနဲ ့ရေးနေတော့ အစပိုင်းက
      ကြောင်လား၊ခွေးလားလို ့ထင်နေမိတာ။ဟီးးးးး

  • MaMa

    June 9, 2012 at 7:10 am

    သဂျီးအဆိုအမိန့်အရဆိုရင် ဆေးလိပ်စက်ရုံ မထောင်ပဲ
    အရက်ချက်မှပဲ 😛

  • ဇောက် ထိုး

    June 9, 2012 at 9:16 am

    မမ…သူကြီးက အရက်နဲ့ ..စာရင်…လို့ပြောတာပါ။ အရက်ကောင်းတယ်လို့ မပြောပါဘူး။ အရက်နဲ့စာရင် ဘီယာစက်ရုံက ပိုအဆင်ပြေမယ်ထင်တယ်။ သူက ကျားမစွယ်စုံ ခေတ်စားလာ တယ်ထင်တယ်။

  • ster

    June 9, 2012 at 9:37 am

    ဖြတ်ရတာ ဘယ်လောက်ခက်မှန်း ကိုယ်သာအသိဆုံးမို. ဘယ်သူကိုမှ မစစေချင်ပါဘူး။ ကိုဇောက်ထိုး ပြောသလို အခုတလော မိန်းကလေးတွေ ဘီယာသောက်တာ အတွေ.များနေသလားလို.။ ကြေးအိုးဆိုင်လိုနေရာမျိုးတွေမှာတောင် တွေ.နေရတယ်။ မြင်ရတာ တမျိုးဖြစ်နေပေမယ်. သူတို.ကတော. normal ပါပဲ။

  • ahnyartamar

    June 9, 2012 at 10:50 am

    တော်သေးတာပေါ့ ဆေးလိပ်ဖြစ်နေလို့ စဖတ် ဖတ်ချင်းတော့ နာမည်လေးလုံးရောဂါထင်လို့။

  • စိန်ဗိုက်ဗိုက်

    June 9, 2012 at 10:58 am

    ဖြတ်ချင်နေပါတယ်ဆိုမှ
    မာဘိုရိုဗူးတစ်ဝက်က ကျန်သေးတယ်..
    အင်း.
    ဒီတစ်ဝက်ကုန်ရင် သူ ့ကို အဆက်ဖြတ်ဖို ့ကြိုးစားကြည့်ပါဦးမယ် အူးဘဇင်း ကိုကိုဇောက်ရေ

  • koko thant

    June 10, 2012 at 3:00 pm

    အော်ဘာလဲလို့ ကျနော်က အေကိုက်နေတဲ့ကောင်မလေးအကြောင်းပြောတာမှတ်လို့
    အမှန်တော့ဆေးလိပ်အကြောင်းဖြစ်နေတာကိုး အရေးအသားကောင်းတဲ့အတွက်လေးစားပါတယ်ဗျာ
    thank you

  • မမ အညာသူ

    June 18, 2012 at 11:09 am

    အရေးအသားကတော့လန်ထွက်နေတာပဲ…….
    အန်ကယ်ဇောက်ရေ…..ညာအားပေးနေပါတယ်………

  • ဦးဦးပါလေရာ

    June 18, 2012 at 12:10 pm

    တကယ်တော့ ဆေးလိပ်မှာ ဒုက္ခပေးတာက ဆေးရွက်ကြီးနဲ့ လုပ်တာမို့လို့ပဲ…။

    ဆေးရွက်ကြီးမပါတဲ့ ဆေးလိပ်အတုလေးများ ထုတ်လုပ်နို်င်ရင်ကောင်းမယ်။

    အရင်ရှေးတုန်းကတော့ ဆေးရွက်ကြီးမပါတဲ့ ဆေးပေါ့လိပ်တွေ ရှိတယ်။ အရမ်းပေါ့တယ်။ အဲဒါဆိုးကျိုးလဲ (ဆေးရွက်ကြီးနဲ့စာရင်တော့) တော်တော်နည်းပုံရတယ်။

    ဘာကြောင့်ဒီလိုပြောရသလဲဆိုတော့ အခုဒီမှာ အများစုသောက်နေတဲ့ စီးကရက်တွေက တော်တော်အဝင်ဆိုးပြီး ညံ့တယ်။

    ကျုပ်ဆို အရသာအားဖြင့် လုံးဝမကြိုက်တော့ပေမယ့်-

    စိတ်က မပြတ်လို့ ဒုက္ခခံသောက်နေရတာ…။

    အရသာမကောင်းတာချင်းတူရင် ဆေးရွက်ကြီးမပါတာသောက်ရရင် ပိုကောင်းတာပေါ့..။

Leave a Reply