Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

တာလော့ဈေးသို ့အလည်ရောက်ခြင်း…

aye.kkJune 13, 20123min44126

မြန် မာ နိုင် ငံ နယ် စပ် မြို ့ လေး ဖြစ် သော ၊ တာ ချီ လိတ် မြို ့ရှိ ၊ တာ လော့ ဈေး က ထင် ရှား လှ သော ဈေး က လေး ဖြစ် ပါ သည် ။

ထိုင်း နိုင် ငံ နှင့် ထိ စပ် နေ သော ၊ နယ် စပ် မြို ့လေး ဖြစ် ၍ နိုင် ငံ ခြား သား များ အား ၊ စိတ် ဝင် စား ဖွယ် ရာ ဆွဲ ဆောင် ထား နိုင် လှ ပါ သည် ။
တာ လော့ ရပ် ကွက် ၊ တာလော့ ဈေး က မြို ့ ခံ ပြည် သူ အ များ နှင့် ထိုင်း ငံ သား များ ၊ နိုင် ငံ ခြား သား များ အ မြဲ လာ ရောက် လည် ပတ် ခြင်း ၊ ဈေး ဝယ် ခြင်း တို ့ဖြင့် အ မြဲ စည် ကား နေ ပါ သည်။

အား လပ် ရက် က လေး များ မှာ တော့ ၊ တာ လော့ ဈေး တန်း လေး သို ့လည် ပတ် တတ် ပါ သည်။
လည် ပတ် ရင်း ရိုက် ထား သော ရှူ ခင်း ပုံ လေး များ အား ၊ အ ပျင်း စေ ရန် ဂေ ဇက် မိတ် ဆွေ များ အ တွက်
အ မှတ် တ ရ အ ဖြစ် တင် ပေး လိုက် ပါ သည်။

ဒါ က တော့ တံ တား ထိတ် က ဂစ် တာ အ ရောင်း ဆိုင် က လေး ။

ဂစ် တာ ဆိုင် လေး ပေါ် က နေ အောက် ကို ကြည့် ပြီး ဆီး ရိုက် ထား တာ ပါ ။

ကျောက် ဘီ ဒို အ ရောင်း ဆိုင် ။

ကို ရင် လေး လည်း ဈေး တန်း ထဲ မှာ ဆွမ်း ခံ ကြွ ။

ဝယ် ချင် ပါ သည် အ ရောင်း ဆိုင် က ပ စ္စည်း များ။

ဈေး ဆိုင် တန်း လေး များ။

လျှပ် စစ် သုံး ပစ္စည်း အ ရောင်း ဆိုင် ။

နာ ရီ ရောင်း တဲ့ ဆိုင် က လေး ။

ဆိုင် ကယ် ဖြင့် လည်း ဝင် ၍ ရ သည့် ဈေး တန်း လေး ။

တံ တား အ နီး က လှေ ခါး အ ဆင်း ၊ လှမ်း မြင် ရ တဲ့ ဈေး တန်း လမ်း ။

အေး ချမ်း တဲ့ ဈေး တန်း လမ်း တ လျှောက် မြင် ကွင်း ။

လမ်း လျှောက် ဈေး သည် ခြင်း လွယ် ရောင်း သူ များ ။

ဒါ က တံ တား ပေါ် က အ ရောင်း ဆိုင် ။

အ ရောင်း ဆိုင် ပြ ခန်း အ ရှေ ့မျက် နှာ စာ ။

အား လုံး အ တွက် အ ပန်း ပြေ မည် ဟု ယူ ဆ မိ ပါ သည်။။

26 comments

  • z-Z

    June 13, 2012 at 11:05 pm

    ဝင်ရောက်လှည့်လည် ကြည့်ရှုသွားပါကြောင်း …
    ဈေးထဲမှာရောင်းတဲ့ နာရီတွေ branded လက်ကိုင်အိတ်တွေ ပစ္စည်းတွေအားလုံး အတုဖြစ်ပါကြောင်း …. 🙂
    ခြင်းလွယ်ရောင်းဈေးသည်တွေ အလွန်အမြင်ကပ်စရာကောင်းပါကြောင်း …..
    မှိုတက်နေသော ဆေးလိပ်များအား အတင်းအဓမ္မ လိုက်ရောင်းပါကြောင်း …. 🙂
    တာလော့ဈေးထဲမှာရောင်းတဲ့ ဒေသစာတွေကိုတော့ အရမ်းအရမ်းကို လွမ်းမိပါတယ် …
    ပြောရင်းနဲ့တောင်စားချင်လာပီ … 😀

    • aye.kk

      June 14, 2012 at 7:23 am

      တန်ဘိုးကြီးမြင့်လွန်းလှသည့်ပစ္စည်းများနှင့်..
      ပုံစံတူတထပ်တည်းကျနေသည့်ပစ္စည်းများ
      ကိုတန်ဘိုးနည်းပါးစွာဖြင့်လွယ်လွယ်
      ကူကူဝယ်ယူသုံးစွဲနိုင်ကြသဖြင့်…
      သဘောကျနှစ်ခြိုက်စရာဖြစ်တာလို ့ထင်မြင်မိပါတယ်..။
      ခြင်းလွယ်များရဲ ့အချို ့တနပ်စားအကြံနဲ ့ရှာဖွေလုပ်ကိုင်စားသူများကြောင့်…
      ကောင်းသူများကသနားစရာပါ…။
      ဒေသအစားစာများဖြစ်တဲ့..
      ထမင်းထုတ်,ဟင်းထုတ်,ကြက်ဥမီးကင်,သဘောင်္သီးထောင်းများက
      နှစ်သက်ဖွယ်ရာလူမျိုးဘာသာမရွေးကြိုက်နှစ်သက်ကာသုံးဆောင်ကြပါတယ်..။
      ထမင်းထုပ်လို ့ခေါ်တဲ့(ဝက်သားထမင်းနယ်,အာလူးထမင်းနယ်,ငါးထမင်းနယ်)များ..။
      ဟင်းထုတ်လို ့ခေါ်တဲ့..
      မျှစ်နဲ ့ဆန်နှစ်မှုန် ့ရည်ကိုအချိုအငံအရသာရှိအောင်စီမံပြီး
      နှစ်မျိုးရောစပ်ပါဝင်ကာငှက်ပျောဖက်နဲ ့ထုတ်ပြီးပေါင်းထားတဲ့
      အသက်သတ်လွတ်,ဟင်းထုတ်များ..။
      ဝက်,ကြက်(နှစ်သက်ရာ)အသားကိုတောက်တောက်စင်းပြီးတော့..
      ကြက်သွန်ဖြူ,ကြက်သွန်နီ,ဂျင်းတို ့ထောင်းပြီးဆီသတ်ပြီးထားပြီးသားကို
      ကြက်သွန်မိတ်,ဆန်နှစ်မှုန် ့ရည်တို ့ကို
      အရသာရှိအောင်စီမံရောစပ်ပြီးငှက်ပျောဖက်နဲ ့ထုတ်ပြီးပေါင်းထားတဲ့,ဟင်းထုတ်များ…။
      ထိုင်း,မြန်မာနှစ်နိုင်ငံနယ်စပ်မှာသာမြင်ရပြီးရောင်းလေ့ရောင်းထရှိတဲ့..
      ကြက်ဥမီးကင်များ…။
      ကြက်ဥထဲကိုအချိုအငံအရသာရှိအောင်ပြုလုပ်စီမံထားတဲ့
      အရည်ကိုဆေးထိုးပိုက်အပ်နဲ ့ထိတ်ကနေ..
      အပေါက်ဖောက်ပြီးအချိုရည်ထိုးသွင်းထားတဲ့ကြက်ဥကိုပေါင်းပြီးမှမီးနဲ ့ပြန်ကင်စားတဲ့..
      ဒေသအခေါ်ကြက်ဥမီးကင်,ကနိုင်ငံခြားသားများပါကြိုက်နှစ်သက်လွန်းကြပါတယ်..။
      ဂျစ်နဲ ့အရံသင့်ခြစ်ထားပြီးသားဖြစ်တဲ့သင်္ဘောသီးစိမ်း,မုန်လာဥနီ,ဂေါ်ဖီထုတ်(ခရမ်းရောင်)
      ယိုးဒယားကထွက်တဲ့မျှင်ငပိ,ငံပြာရည်,ပုဇွန်ခြောက်(အကောင်လတ်)
      လယ်ဂဏန်းကောင်,(ချဉ်ဖတ်လိုမျိုးအချဉ်တည်ထားတာ),
      သကြားရည်,သံပုရာသီး,မိုးမျှော်ငရုတ်စပ်သီး,(အသေးတောင့်),တို ့ကို
      သစ်သားဆုံမှာသစ်သားကျည်ပွေ ့ကိုင်ပြီးတော့…
      အမြင်ကို်ကြည့်ပြီးလက်ဆနဲ ့ထောင်းရတဲ့သင်္ဘောသီးထောင်းကို,
      ကဇွန်းရွက်နီ,ရိုးရိုးဂေါ်ဖီထုတ်,ဆလပ်ထုတ်တို ့နဲ ့တွဲဖက်စားသုံးကြပါတယ်…။။

      • စိန်ဗိုက်ဗိုက်

        June 14, 2012 at 11:24 am

        သရေတောင် ကျလာဘီ..ရှလွတ်

        • Moe Z

          June 14, 2012 at 12:30 pm

          ရော့.. ရော့ တစ်ရှူး သုတ်လိုက်ဦး

        • စိန်ဗိုက်ဗိုက်

          June 14, 2012 at 12:38 pm

          အူးလေးက..တစ်ရှူး မာကတ်တာ လားဗျ..
          ကျုပ်ဂဒေါ့ အပိုကုန် မခံနိုင်လို ့ ဂလိုပဲ ပုဆိုးနဲ ့ သုတ်ထလိုက်တာဘဲ..

        • Azzurri

          June 14, 2012 at 12:42 pm

          ဟာ …
          ဟေ့ဟေ့ ..မာကတ္တာ မပါဂျေး…။ မာကတ္တာမပါဂျေး။
          :mrgreen:
          လာထား ၁၀..

        • Moe Z

          June 14, 2012 at 12:42 pm

          ပေါ်တင်မလိမ်နဲ့ သုတ်စရာပုဆိုးတောင်မပါပဲနဲ့
          ဘောင်းဘီတိုကြီးနဲ့ကို ..

        • စိန်ဗိုက်ဗိုက်

          June 14, 2012 at 12:44 pm

          သဂျီး ပွိုင့်စစ်စတမ် ပြောင်းလိုက်လို ့ပေါ့ကွာ
          နို ့မို ့ဆို ဒေါ်အေးကေ ပို ့စ်မှာတင် ငါးဆယ်လောက် ခိုင်ဦးမှာ..
          ခုတော့..
          ဗျစ်.ဗျစ်..ဗျစ်..

  • ရဲစည်

    June 14, 2012 at 1:21 am

    မရောက်ဖူးတဲ့ ဒေသမို့ ဓာတ်ပုံလေးတွေ ကြည့်ရင်း အကြိုလည်ပတ်သွားပါကြောင်း
    နံပါတ်(၂) ပုံလေးက ပြပွဲဝင်တဲ့ ပုံလေးဖြစ်မယ်နော်
    အခြားပုံတွေလည်း အရမ်းလှပါတယ်…… အားပေးသွားပါတယ် ခင်ဗျ

  • Mလုလင်

    June 14, 2012 at 1:31 am

    ဈေးလမ်းလေးက သန့်နေတာပဲ ..ဗျ …. အားကျ အတုယူ ဖွယ်။

  • အရီး Khin Latt

    June 14, 2012 at 4:52 am

    အစ်မအေး ရေ
    ကျွန်မ မိဘတွေ တာချီလိတ်မှာ ၂နှစ် လောက် နေဘူးတယ်။
    အဲဒီ တုန်းက တာလော့ဈေး ဆိုတာ ကြားဘူးတာပေါ့။
    အခုမှ မြင်ဘူးတယ်။
    အဲဒီ တုန်းက ဘီဘဲလ်တွေ ရောင်စုံ ရဘူးတယ်။ 🙂
    ပုံလေးတွေ အတွက် ကျေးဇူးပါရှင်။

  • MaMa

    June 14, 2012 at 6:23 am

    ပစ္စည်းတွေ စုံနေတာပဲ။
    အိတ်ဖောင်းဖောင်းနဲ့ သွားလည်ရရင်တော့ အတော်ပျော်ဖို့ကောင်းမယ်။ 🙂

  • aye.kk

    June 14, 2012 at 8:16 am

    ရဲစည်ရေ..
    ကျေးဇူးပဲနော်။။
    ————————
    Mလုလင်…
    ဈေးလမ်းလေးကသန် ့ပါတယ်..။
    တံငါနားနီးတံငါ…
    ပြောရမလားလေ..။။
    ————————-
    အရီး….
    ကွန်မင့်လေး..
    ချီးမြှင့်ပေးတဲ့အတွက်..
    ဝမ်းသာမိပါတယ်..။
    ဥိးပိန်ဆိုင်ကဘီဘဲလ်ရောင်စုံရောင်းတဲ့ဆိုင်ပါ…။
    လှေခါးကနေဆင်းရင်မြင်ရတဲ့ဈေးတန်းလမ်းထဲမှာရှိပါတယ်..။။
    ——————————————————————–
    မမရေ..
    အိပ်ဖောင်းဖောင်းနဲ ့
    ဆိုရင်တော့အရမ်းကောင်းမှာပါပဲ..။
    ကျမတို ့ငယ်ငယ်က…
    စကော့ဈေးကြီးဝယ်ပေးပါနော်…
    ဆိုတဲ့သီချင်းစာသားကိုအမှတ်ရနေမိပါတယ်..။။

  • Shwe Tike Soe

    June 14, 2012 at 11:16 am

    အစ်မရေ. လိုက်လည်သွားတယ်နော်…. တာချီလိတ်ကိုတစ်ခါမှမရောက်ဖူးဘူး…… ဈေးတန်းလေးနဲ. အေးချမ်းတဲ့ အရိပ်လေးတွေကို ကြည့်ရှုလည်ပတ်သွားပါတယ်….

  • မမအေးရေ စကော့ဈေးတင်ဘယ်ကမလဲ လေဟာပြင်ဈေးပါ အဆစ်ဝယ်ပေးလိုက်မယ်။
    (သူကြီးပေးတဲ့ တစ်သိန်းက မြန်မာငွေမဟုတ်ဘဲ ဒေါ်လှပေးခဲ့ရင်ပြောပါတယ်။)

  • ဆူး

    June 14, 2012 at 12:17 pm

    တခါမှ အဲဒီ ဘက်ကို မရောက်ဘူးသေးဘူး။
    ပစ္စည်းတွေကတော့ စုံနေတာပဲ။ ဈေးတန်းက လှေကားထစ်တွေ အနိမ့်အမြင့် နဲ့ ဆိုတော့ ဈေးတန်းက ရှည်တယ် ထင်တယ်။
    နယ်စပ်ဆိုတော့ အတုတော့ပေါမယ် ထင်တယ်။
    ကိုရင်ကလေး ဆွမ်းခံ ကြွ နေတာ ရိုက်ခဲ့တော့ မနက်ပိုင်း ဖြစ်ရမယ်။ ဟိဟိ..

  • aye.kk

    June 14, 2012 at 1:03 pm

    ရွှေတိုက်စိုးရေ..
    thank you.ပါ။
    ———————-
    ကိုပေါက်ရေ…
    အတော်ကောင်းမှာပဲနော်..
    ဒေါ်လှအကြောင်းစဉ်းစားမိရင်စိတ်ကူးနဲ ့တင်ပျော်ရတယ်။
    ———————————————————–
    ဆူး….
    ဈေးထဲဆင်းတဲ့လှေခါးကတခုထဲပါ..
    ပြထားတဲ့ပုံလေးလေ..။
    နယ်စပ်ကတော့…
    သိတဲ့အတိုင်းပေါ့နော်အတုကတော့ပေါသလားမမေးနဲ ့…
    အလျှင်းသင့်စိတ်ကူးလေးရတဲ့အခါရိုက်ထားတဲ့ပုံတွေပါ..။

  • amatmin

    June 14, 2012 at 1:15 pm

    အန်တီအေးရေ..
    ပုံတွေမြင်တာနဲ့တင် ပြေးဝယ်ချင်လာပါ၏..
    အပန်းလည်းပြေသလို ရောက်ဖူးချင်စိတ်လည်း တိုးလာပါ၏..
    ပိုက်ပိုက်စုပြီး အဲ့ဘက်တွေ သွားအုန်းမဗျာ… 🙂
    ဒါနဲ့ ဒုတိယမြောက်ပုံလေးက မြင်ဖူးသလိုလို 😛

    • aye.kk

      June 14, 2012 at 5:39 pm

      အမတ်မင်း…
      လာလယ်မယ်ဆို..
      မရောက်ဖူးတဲ့နေရာများလိုက်ပို ့ပေးမှာပါ..။
      ဒုတိယမြောက်ပုံလေးက..
      ဈေးသည်မှာတင်လိုက်တဲ့ပုံနဲ ့နည်းနည်းတော့ကွဲပါတယ်..
      ဒါကြောင့်တွေ ့မြင်ဖူးသလိုဖြစ်နေတာနေမှာပါ..။။

  • မောင်ပေ

    June 14, 2012 at 1:55 pm

    အဲဒီဘက်ရောက်ရင်တော့
    အမအေး ကို ဈေးလိုက်ပို ့ဖို ့ကူညီတောင်းမယ်ဗျာ
    အမေအေး က ယိုးဒယားစကား ကောင်း၂တတ်နေလောက်ဘီ ။

  • aye.kk

    June 14, 2012 at 6:00 pm

    မောင်ပေရေ..
    ကူညီပါ့မယ်၊ကူညီပါရစေ..ရှင့်
    ယိုးဒယားလိုတတ်ချင်ရင်သင်ပေးပါရစေရှင့်..။။

  • pooch

    June 14, 2012 at 8:17 pm

    အဲ့ဒီက သခွားသီးထောင်းရယ် ရှမ်းတို့ဖူးနွေးရယ် စားခဲ့တာ တသက်မမေ့ချင်စရာပါ။ ဆလပ်ရွက်ကစလို့ ရှိသမျှ အရွက်စုံကလည်း နုဖတ်နေတာပါပဲ။ ခုဒီမှာ စားတဲ့ အရွက်တွေ ကြမ်းတယ်ဆိုတာ အဲ့ဒီက အသီးအနှံတွေ စားဖူးမှ သဘောပေါက်သွားတာပါ။
    ပြောရင်းနဲ့တောင် ကောက်ညှင်းပေါင်းလေး လွမ်းလာပြီ။

    • aye.kk

      June 15, 2012 at 7:57 am

      pooch,…ရေ
      ဒီတခေါက်လာရင်..
      ရှမ်းတို ့ဖူးနွေးရယ်..
      ကောင်ညှင်းပေါင်းနဲ ့ကြက်ကြော်လေးရယ်…
      စားရအောင်နော်..။။

  • Wunna Aung

    June 14, 2012 at 8:31 pm

    အန်တီအေးရေ ခုလိုတာလော့ဈေးကို ပြန်တွေ့လိုက်ရတဲ့ အတွက် တာချီလိတ်ကိုလဲ သတိရသွားပါတယ် ဗျာ…… တာချီလိတ်က ရွှေတိဂုံစေတီနဲ့ မြို့ရှုခင်း……. ရေချောင်းပေါ်မှာရှိတဲ့ စားသောက်ဆိုင်…….. ဘူဖေးဟော့ပေါ့တွေကိုလဲ သတိရမိတယ်ဗျာ……. ညဈေးတန်းမှာ အကင်နဲ့ ယိုးဒယားအစားအစာတွေ ဘောလုံးကွင်းထဲမှာကျင်းပတဲ့ ဈေးရောင်းပွဲ၊ တရားပွဲတွေကိုလဲ သတိရမိတယ်ဗျာ…….ဟိုဘက်က တရုုတ်ဈေး….ဂိုးလ်ဒင်းထရို်င်ဂယ်နဲ့ ……ချင်းရိုင်မြို့မှာရှိတဲ့ ငွေကျောင်းဆောင် ဓမ္မာရုံကြီးကလဲ တာချီလိတ်ရောက်အမှတ်တရတွေပေါ့ဗျာ…….လွမ်းမိပါတယ် တာချီလိတ်ရေ…..

  • တညင်သား

    June 14, 2012 at 8:37 pm

    ကြီးကြီးရေ တားတားကို ဂစ်တာတလက်လောက်ဝယ်ပေးပါလား……:(

    • aye.kk

      June 15, 2012 at 8:07 am

      Wunna Aung,…..ရေ
      ရွှေတိဂုံနဲ ့မြို ့ရှူခင်းလေး..
      အလွမ်းပြေတင်ပေးပါဦးမယ်…။
      ဒေသရဲ ့စွဲမက်စရာရှူခင်းများနဲ ့..
      အစားအသောက်များကလွမ်းမယ်ဆို..
      လွမ်းလောက်စရာပါပဲ..။
      လာပြန်လည်ဖို ့ကြိုးစားပါဦးနော်..။။
      ——————————————-
      တညင်သား…
      ဂစ်တာဝယ်ပေးမယ်…
      လေယာဉ်ခကမတတ်နိုင်တော့…
      တာချီလိတ်မှာကိုယ်တိုင်လာယူမှရမှာနော်..။။

Leave a Reply