Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ကြက်အူချောင်းပေါင်မုန့်လေးပါ ( home made )

မြသဲ ( 17082011 )June 22, 20121min48632

မုန့်နယ်ပြီးပုံလုပ်ရန်အသင့်

 

ပုံလုပ်ပြီးမီးမဖုတ်မှီ ၁ နာရီခန့်နှပ်ထား

 

ကျက်ပြီကွယ်

 

ကော်ဖီလေးပါဖျော်လိုက်မယ်

 

အားနေတာရယ်။ အခုတလောကွန်နက်ရှင်မကောင်းတာရယ်နဲ့ ပျင်းပျင်းရှိတာနဲ့မုန့်လုပ်စားဖြစ်တာပါ။ ရွာထဲကလူတွေလဲ သတိရတာနဲ့ ကျွေးလိုက်ပါတယ်။ အိမ်မှာလုပ်စားတော့ ကုန်ကျစရိတ်သက်သာစွာနဲ့ အဝစားရတာမို့ ကျွန်မကတော့ မုန့်တော်တော်များများကိုအိမ်မှာပဲ လုပ်စားလေ့ရှိပါတယ်။ ဒီကြက်အူချောင်းပေါင်မုန့်လေးဆိုလဲ အပြင်မှာဝယ်စားရင် တခု ၆၀ဝ ကျပ်ပေးရပါတယ်။ အခုကတော ၁၂ ခုလုပ်တာမှ ၂၅၀ဝ ကျပ်လောက်ပဲကျတာမို့ အိမ်မှာပဲလုပ်စားဖြစ်ပါတယ်။ မုန့်လုပ်နည်းစိတ်ဝင်စားတယ်ဆိုရင်တော့ ပေးပါ့မယ်။ သိပ်မခက်လှပါဘူး။ ပူပူနွေးနွေးလေးမို့ ဖြည်းဖြည်းစားကြပါနော်။

32 comments

  • မောင်ပေ

    June 22, 2012 at 12:21 pm

    သဲလေးလက်ရာ ကိုပေ အကုန်သိမ်းသွားပြီနော..
    နောက်ထပ်လဲ များကြီးလုပ်ကျွေးရမယ်နော..
    ကျေးကျေးဘာ

    • Thel Nu Aye

      June 22, 2012 at 12:27 pm

      မြန်တာပါလားကိုပေရဲ့။ အကုန်စားတွားဘီလား။ [:))]

  • မိုက်ကယ်ဂျော်နီအောင်ပု

    June 22, 2012 at 12:25 pm

    ပျင်းရင် ဘဒီဒစိပ် တရားထိုင်လေ အဒေါ်

    • Thel Nu Aye

      June 22, 2012 at 12:31 pm

      မီးကငယ်သေးတယ်

  • Ma Ei

    June 22, 2012 at 12:28 pm

    သဲနုရေ…
    မုန့်ကလေးလှသလို စားကောင်းမယ့်ပုံဘဲ…
    မုန့်လုပ်နည်းကလေး စိတ်ဝင်စားပါတယ်…
    တင်ပေးပါ…

    • Thel Nu Aye

      June 22, 2012 at 12:37 pm

      ဟုတ်ကဲ့မအိရေ။ တင်ပေးပါ့မယ်။ အခုကလဲလုပ်နည်းပါတင်မလို့ဟာ ကွန်နက်ရှင်မကောင်းတာနဲ့ ပုံတောင် ၅ ခါလောက်ပြန်တင်လိုက်ရတော့ စာမရေးချင်တော့တာနဲ့ ပုံအရင်တင်လိုက်တာပါ။

    • Nyein Nyein

      June 22, 2012 at 12:52 pm

      မအိကော မုန့်လုပ်မလို့လားဟင်။ လုပ်ပြီးရင်ပြောနော်။ ငြိမ်းလာမြည်းပေးမယ်။ 😉

  • water-melon

    June 22, 2012 at 12:37 pm

    ဟာ ဟာ ဗိုက်ဆာနေတာနဲ့ အကုန်စားပြီနော့
    ဆော့စ်လေးနဲ့ဆို ပိုကောင်းမယ်ထင်တယ်
    အန်တီသဲရေ ပါဆယ်ပါယူသွားပြီ

    • Thel Nu Aye

      June 22, 2012 at 12:48 pm

      ကြက်ဥရော နွားနို့ပါပါတာမို့ ဆောစ့်မပေးတော့တာပါ။ စိမ့်စိမ့်လေးပဲစားနော်ဖြဲဒီးမ လိမ်မာတယ်။

  • laypai

    June 22, 2012 at 12:40 pm

    သားသား စာကြည့် စားပွဲ ကို စားစရာ တွေ တင်ထားတယ်။
    သားသား စာ တင် ဖတ်စရာ မရှိ တော့ ဘူး။
    ပြီးတဲ့ အထိ ဆို တစ်နာရီတောင် စောင့် ရမှာ။
    တော်ပြီ ဂိမ်းဘဲ နှိပ်တော့ မယ်။
    ဂိမ်း နှိပ်ပြီး ဆာဆာ နှင့် စားသွားပါသည်။ ကော်ဖီ ကိုတော့ ကော်ဖီမစ် မကြိုက်လို့ လ္ဘက်ရည်ဆိုင် ပြေး ပြီ။

  • Nyein Nyein

    June 22, 2012 at 12:49 pm

    မမသဲနုရေ………….ထမင်းစားပြီးကာစဆိုတော့ တစ်ခုလောက်ပဲစားပြီး ကျန်တာပါဆယ်လေးပဲသယ်သွားလိုက်ပါတယ်။ နောက်လည်း မုန့်တွေအများကြီးကျွေးဦးနော်.

  • Khaing Khaing

    June 22, 2012 at 1:01 pm

    မသဲ လုပ်ပုံလေးတစ်ဆင့်လိုနေသလားလို့ပဲ ……..မုန့်ခွေပုံလေးတွေပေ့ါ …….
    မမသဲလက်ရာကကောင်းမယ့်ပုံပဲ အပေါ်ကလူတွေနှိုက်မြည်းပြီးကျန်တာလေးကို စားသွားပါတယ်

    • Thel Nu Aye

      June 22, 2012 at 1:12 pm

      တယောက်ထဲလုပ်လိုက်ဓာတ်ပုံရိုက်လိုက်ဆိုတော့ ထောပတ်တွေ ဂျုံတွေနဲ့ဆိုတော့ ကင်မလာကိုင်ရတာအဆင်မပြေတာနဲ့ ပုံမစုံတော့တာ။ မုန့်လုပ်နည်းရေးရင်တော့ပုံဖော်နည်းပါ ထည့်ပေးပါ့မယ်။

  • နွယ်ပင်

    June 22, 2012 at 1:31 pm

    အစ်မရေ မုန့်လေးကစားကောင်းမယ့်ပုံ
    ထမင်းစားပြီးပင်မယ့် စားချင်စရာကောင်းလို့
    တစ်ခုလောက် စားသွားပါတယ်နော် ..
    မုန့်လုပ်နည်းလေးကိုလည်း စိတ်ဝင်စားလို့ ဖော်ပြပေးပါဦး ……….

  • weiwei

    June 22, 2012 at 1:47 pm

    ဂျုံနဲ့လုပ်တဲ့မုန့်တွေဆို အကုန်ကြိုက်တယ် … လုပ်ကြည့်ချင်လှပြီ … လုပ်နည်းမြန်မြန်ပြောပြပါ …

    • Thel Nu Aye

      June 22, 2012 at 2:42 pm

      အမဝေရေ တင်လိုက်ပြီနော်။ လုပ်ပြီးလဲခေါ်ကျွေးအုံးနော့။ လာစားမယ်။

  • marblecommet

    June 22, 2012 at 1:58 pm

    လုပ်ရတာ တော်တော်လက်ဝင်မယ့်မုန့်ပဲ
    သူများလုပ်ပြီးသားပဲ ရယ်ဒလီစားချင်တယ်ဗျ
    ဒုက္ခပဲ အိပ်ရာထထချင်း ရွာထဲဝင်လိုက်တာ.
    အန်တီသဲ ကော်ဖီနဲ့ မုန့်နဲ့ လာတိုးတယ်….
    ဂွီဂွီ…..

  • ညလေး

    June 22, 2012 at 1:59 pm

    တစ်ရွှာလုံးစာစားလောက်တယ်နော်………မမသဲနု…
    မုန်.လုပ်စားတာတောင်.ရွှာသားတွေကို သတိရတဲ.မမသဲနုကို……
    ကျေးဇူးအများကြီးတင်ပါတယ်နော်…..
    အဝဆွဲသွားပါေဂျာင်း…..

  • စိန်ဗိုက်ဗိုက်

    June 22, 2012 at 2:13 pm

    အဲဒါကို နပိရေနဲ ့ တို ့ရှားရို ့ရရားဟင်

    • Thel Nu Aye

      June 22, 2012 at 2:43 pm

      တို့ကတော့ ငပိကြော်နဲ့ညှပ်စားလိုက်တာပါပဲကွယ်။ ငြုပ်သီးလေးကိုက်လို့။

  • Crystalline

    June 22, 2012 at 2:28 pm

    လုပ်ရတာနည်းနည်းတော့လက်ဝင်မယ်ထင်တယ်နော…မုန့်လုပ်နည်းလေးလည်း ရှယ်ပါအုန်းမမသဲနု.. oven တော့လိုမယ်နော်..

  • ဆူး

    June 22, 2012 at 3:01 pm

    ပေါင်မုန့် လုပ်နည်းလေး မျှဝေ ပါအုန်း။
    အချိန် ဘယ်လောက် ကြာကြာ နှပ်ရလဲ..ပွအောင် ဘာထည့်သေးလဲ။ ဂျုံ ဘယ်လောက် နှုန်းနဲ့ ဘယ်လောက် အချိုးသုံးပါလဲ မျှဝေ ပေးနော်။
    နည်းပညာခိုးပြီး ပေါင်မုန့် လုပ်ရောင်းမလို့ အမြတ် ကို သဘောကျလို့.. ခစ် ခစ်.. ၂ဝက် မရှိပေမဲ့ ၁ ဝက်ကျော် မြတ်တယ်လေ.. ဟိဟိ

    • Thel Nu Aye

      June 22, 2012 at 3:12 pm

      ့မြတ်တာကတော့ ပေါင်မုန့်ကိတ်မုန့်အားလုံးမြတ်တယ် ဆူးရေ။ အမလဲလုပ်စားကြည့်တော့မှ အရင်းဘယ်လောက်မှမရှိတာသိတာ။ ခေါက်ချိုးပဲ။ အဲဒါကြောင့်လဲ ဆိုင်အပြင်အဆင်ကိုထည့်နိုင် ကြတာပေါ့။ လုပ်နည်းတင်ထားပြီနော်။

  • etone

    June 22, 2012 at 3:13 pm

    မသဲနုအေးရေ ..
    အလိုက်သိပ်သိတာပဲ .. ပေါင်မုန့်နဲ့ အတူ တွဲဖက်စားဖို့ .. ကော်ဖီလေးပါ ဖျောထားတယ် … ဟီး ။
    ပိုစ်ဖတ်နေရင်းတောင် ကော်ဖီနံ ့ပြင်းပြင်း ပြပြရတယ်မှတ်တာ……… သောက်လက်စကော်ဖီခွက်ကီးဘုတ်နဲ့ ရိုက်မိပြီး ဘယ်အချိန်က မှောက်နေသလဲမသိဘူး … ဟိဟိ :mrgreen:

    Seasonဆိုင်က မုန့်တွေလည်း အဲ့လို လုပ်တာဖြစ်မယ်ထင်တယ်နော် … ။
    မုန့်ဒီဇိုင်းလေးတွေက ချစ်စရာလေး 🙂

    • Thel Nu Aye

      June 22, 2012 at 3:24 pm

      ဟုတ်တယ်။ သူက မုန့်သားတောင်ခိုးထားသေးတယ်။ အမလုပ်စားတာထက်ပါးတယ် သူတို့ဆီက။ ကြည့်ရတာ ၁၂ ခုကို ၁၅ ခုလောက်ထွက်အောင်လုပ်ထားပုံရတယ်။

      အင်းမော်နီတာထဲကနေ ကော်ဖီတွေမုန့်တွေထွက်လာတယ်ထင်နေတာလား။ ကံကောင်းလို့။ လူပေါ်မှောက်ကျရင်တော့ ဘယ်လိုပြန်မတုန်း။

  • ဖိုးထောင်

    June 22, 2012 at 4:18 pm

    ဟာ တီတီမုန့်လေးကစားကောင်းမယ့်ပုံလေး အဟိ စားချင်လိုက်တာ အချဉ်လေးလိုသေးတယ် ဖရဲမပြောသလို ကော်ဖီကဘာကော်ဖီလဲဟင်

  • ဒိုးစနစ်

    June 22, 2012 at 4:21 pm

    ညနေစောင်း ဗိုက်ဆာနေတဲ့ အချိန်မှာ ဝင်ကြည့်လိုက်တယ်။

  • pooch

    June 22, 2012 at 6:43 pm

    စွယ်စုံရတာပဲ အမသဲနုက ။ စားချင်စရာလေး။ ဟိုဘက်မှာ လုပ်နည်းပဲပေးပြီး မုန့်ပုံမပါလို့ ဒီကို အပြေးအလွှားလာပြီး အညှော်ခံတာ။ 😀
    မုန့်တွေက အများကြီးပဲ ။ အိမ်နီးချင်းတွေရော မျှတာထင်ပါရဲ့။

    • Thel Nu Aye

      June 22, 2012 at 10:12 pm

      အိမ်နီးချင်း အောင်မယ်လေး အမပုချ်ရယ်။ အဲမုန့်တွေအားလုံးနီးပါးကျွန်မသားတယောက်ထဲနဲ့ ကုန် တာပါ။ မယုံမရှိနဲ့။ တခါစား ၃ ခုနဲ့ မနက်လုပ်ညနေဆိုပြောင်ရောပဲ။ ကျွန်မတောင်တခုမနဲ စားရတာ။[:))]

      _________________________
      I added cool smileys to this message… if you don’t see them go to: http://s.exps.me

  • MaMa

    June 22, 2012 at 6:55 pm

    ကြည့်ရတာ ပရိုလက်ရာပဲ။
    လှလည်းလှတယ် စားလည်းကောင်းမယ့်ပုံ။
    လက်ရာတွေကြည့်ပြီး အားကျလိုက်တာ။
    ကိုယ်လက်ရာအကြောင်းကိုယ်သိတော့ ကိုယ်တိုင်လုပ်ရင် စားချင်စိတ်တောင် ပျောက်သွားလောက်မယ်။
    လုပ်နည်းတင်ရင် တဆင့်ချင်း မုန့်ပုံစံလေး ပေါ်တဲ့အထိ တင်ပေးနော် 🙂

    • Thel Nu Aye

      June 22, 2012 at 10:15 pm

      ဟုတ်ကဲ့ပါ နောက်တခါဆိုရင် တဆင့်ချင်းတင်ပေးပါ့မယ်။ အခုက ဆီတွေနဲ့မို့ ကင်မရာမကိုင် ချင်တာရယ်။ မုန့်လုပ်ရင်းဇန်ဝင်သွားတော့ အဆင့်တွေရိုက်ဖို့မေ့သွားတာရယ်ကြောင့်ပါ။ မကြာ မကြာလုပ်စားတာမို့ နောက်တခါပုံချည်းပဲသီးသန့်တင်ပေးပါ့မယ်။

  • surmi

    June 23, 2012 at 12:09 am

    လုပ်နည်းသွားဖတ်လိုက်ဦးမယ်
    လောလောဆယ်ဆယ် ၁၀

Leave a Reply