Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ကြားရတဲ့ သတင်း၂ပုဒ် အပေါ်စဉ်းစားနေတယ်။

ခင္ခJune 25, 20121min72125

ဟိုနေ့ကဘဲ ရွာသား Kalink ရဲ့ တန်ဖိုးနည်းဖုန်းတွေကို မြန်မာ့ဆက်သွယ်ရေးက အရစ်ကျနဲ့ ရောင်းမှာမို့ ဟန်ကျတာဘဲ ၅ရစ်ဆိုတော့ ဘယ်လိုငွေသွင်းရမလဲ စိတ်ကူးနေရင်း ဒီနေ့သတင်းတစ်ခု ထပ်ဖတ်လိုက်တော့ ဘယ်လိုလုပ်မှန်းကို မသိတော့ဘူး၊ အရစ်ကျနဲ့ဘဲ ဝယ်လိုက်ရမလား၊ မဝယ်သေးဘဲစောင့်နေရမလား လုပ်ကြပါအုံး အကြံလေးဘာလေး၊ ခေတ်လူငယ်သတင်းကိုသိရှိအောင်ဖော်ပြပေးလိုက်ပါတယ်။

အခုကြားရတဲ့သတင်း

၂၀၁၂ ခုနှစ်မကုန်မီ ကျပ် (၂) သိန်းထက် တန်ဖိုးနည်းသည့်ဖုန်းများ ချထားပေးနိုင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း နေပြည်တော်ရှိ မြန်မာ့ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန၏ တာဝန်ရှိသူတစ်ဦးက ဇွန် ၁၅ ရက်တွင် ပြောကြားခဲ့သည်။ ယင်းတာဝန်ရှိသူမှ ‘တန်ဖိုးဘယ်လောက်နည်းမယ် ဆိုတာတော့ အတိအကျ မပြောနိုင်သေးဘူး။ ကိုးလပိုင်းလောက်မှာ ပေါ်နိုင်အောင်တော့ ကြိုးစားနေတယ်” ဟု ပြောကြားခဲ့သည်။ ယင်းကဲ့သို့ ၉ လပိုင်းတွင် စချထားပေးနိုင်ရန် စီစဉ်နေသည့် တန်ဖိုးနည်းဖုန်း ဆောင်ရွက်နေမှုကြောင့် လက်ရှိ ချထားပေးနေသော ကျပ် ၂ သိန်းတန် ဆင်းကတ်ရောင်းချနေမှုအား ဈေးကွက်အတွင်း လိုသလောက် ချထားပေးနိုင်ခြင်းမရှိဘဲ လျှော့၍ ချထားပေးနေကြောင်း ပြောပြခဲ့သည်။ ယင်းကဲ့သို့ ကျပ် ၂ သိန်းတန် ဆင်းကတ်များ ဈေးကွက်အတွင်း လျှော့၍ ချထားမှုကြောင့် ဆင်းကတ်အရောင်းဆိုင်များ အနေဖြင့် ပစ္စည်းများ ပြတ်လပ်နေပြီး Elitch ကဲ့သို့သော ဆိုင်များပင်လျှင် ဆင်းကတ်ပြတ်လပ်မှု ကြုံတွေ့နေခဲ့ရသည်။ ဆင်းကတ် ပြတ်လပ်မှုကြောင့် နယ်ဈေးကွက်မှ ဆင်းကတ်များကို ရောင်းချနေရပြီး အများဆုံး ကျပ် ၂ သိန်းသုံးသောင်းထိ ရောင်းချသည့် ဆိုင်များပင်ရှိပြီး အနည်းဆုံး ကျပ်၂ သိန်းရှစ်ထောငြ်ဖင့် ရောင်းချကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရသည်။ ၉ လပိုင်းအတွင်း ချထားပေးမည့် တန်ဖိုးနည်းဖုန်း အနေဖြင့် GSM ဖုန်းအမျိုးအစား အများဆုံး ချထားပေးမည်ဖြစ်ပြီး တန်ဖိုးနည်းကိုမူ မပြောပြနိုင်သေးကြောင်း သိရသည်။ “တန်ဖိုးက ပြောဖို့ခက်တယ်။ တာဝန်ရှိသူတွေကပြောမှ သိရမှာပါ။ အရင်က ချထားပေးတဲ့ ဖုန်းတွေတုန်းကလည်း ကြိုမသိရဘူး။ မနက်ဖြန် ချမယ်ဆိုရင် ဒီလိုညကျမှ သိရတာပါ။ ဒါပေမယ့် ၉ လပိုင်းမှာ ချထားပေးမယ်လို့ သိရတယ်” ဟု ပြောကြားခဲ့ကြောင်း သိရှိရသည်။(ခေတ်လူငယ်သတင်း)

 

25 comments

  • Azzurri

    June 25, 2012 at 2:56 pm

    တနေ့သေကြရမည်…. မသေခင် လုပ်ချင်တာလုပ်ကြ…
    :mrgreen:
    လာထား တစ်ဆယ်

  • ဒိုးစနစ်

    June 25, 2012 at 3:00 pm

    အင်း … စဉ်းစားစရာပဲနော်..

  • may flowers

    June 25, 2012 at 3:01 pm

    တို့တော့ ၅၀၀ဝ တန်စောင့်အုံးမယ် လကွယ်…ခုဝယ်သေးဘူး။

  • အရင့်ရောင်

    June 25, 2012 at 3:04 pm

    နေဝင်ရာအရပ်ကို အနောက်ဟုတ်ခေါ်သည်…………
    ဘယ်တော့မှာ အရှေ့ အရပ်မှာနေဝင်သည်ဟုမရှိပါ
    အာဟိ

  • မမ အညာသူ

    June 25, 2012 at 3:10 pm

    ၅၀၀ဝတန်ဆင့်ကဒ်ပဲစောင့်တော့မယ်

  • mamanoyar

    June 25, 2012 at 3:26 pm

    ဟုတ်တယ်နော် နောက်ဆိုရင် ဈေးနည်းမယ်ထင်ပါတယ်

  • the best

    June 25, 2012 at 3:32 pm

    “ဆက်တွယ်ရေး” လေ တစ်နိုင်ငံလုံး တွယ်ချင်သလို တွယ်မှာဘဲ။

  • ster

    June 25, 2012 at 3:35 pm

    ဖွံ.ဖြိုးဆဲ နဲ. ဖွံ.ဖြိုးပြီး နိုင်ငံများနည်းတူ လုပ်မယ်ဆိုရင် ချက်ချင်းမဟုတ်တောင် တဖြေးဖြေးကျလာမှာပေါ.၊ အခုလိုအပ်နေရင်တော. ဘယ်တတ်နိုင်မလဲ။

  • Phaung Phaung

    June 25, 2012 at 3:58 pm

    ခုချိန်မှာ ဖုန်းနဲ့ကားဝယ်လိုက်လို့ကတော့ ဘယ်လောက်ရှုံးမလဲဘဲတွက်ရမယ်။ ရှုံးပြီးရင်း ရှုံးရင်းပဲ။
    ဒါကြောင့် ဆက်ပြီးစောင့်လိုက်ဦးမယ်။ အလကားနီးနီးဖြစ်တော့မှပဲ ဝယ်တော့မယ်.. ။ ဟဲ… ဟဲ။ 😀

  • အာ ချောင်

    June 25, 2012 at 4:06 pm

    ၈ သောင်းတန်းဖုန်း Proposal တင်ထားတယ်လို့ကြားထားတာ ကောလဟာလဖြစ်မှာစိုးလို့ဘူမှကြောဘူး။ ခုသတင်းနဲ့ပေါင်းရင်တော့ မှန်လောက်တယ်နော်

  • ko khin kha

    June 25, 2012 at 4:09 pm

    ကိုအာချောင်ကလည်း ပြောဘူးပြောဘူးနဲ့ မပြောဘူးနော်။
    ကျေးဇူးပါ စဉ်းစားလို့ရတာပေါ့။

  • water-melon

    June 25, 2012 at 4:11 pm

    ဝယ်မယ်အေ့
    ချစ်ချစ်ကို တလုံးဝယ်ပေးမယ် 😀

  • etone

    June 25, 2012 at 4:31 pm

    Elitch ဆိုတာ ဘယ်ဆိုင်ပါလိမ့် … 🙄

    အခုလေ .. ဖုန်းကဒ်တွေ သာ တန်ဖိုးနည်းလာတာ .. ဖုန်းကဒ်တွေ … ခဏခဏပျက်တဲ့ သတင်းကြားကြားနေရတယ် … ။ ကျွန်မ ညီမလေး ပြီးခဲ့တဲ့ လူက နှစ်သိန်းဖုန်းဝယ်လိုက်ပါတယ် … တလတောင် မကြာသေးဘူး …. ကဒ်ပျက်ပါရောလား … ။ ဒါနဲ့ Elite မှာ ကဒ်ပျက်ဝန်ဆောင်မှုပေးတယ်ဆိုလို့ သွားတာ … အလကားတော့ လဲပေးတယ် …. သုံးရက်စောင့်ရမယ်ဆိုပဲ … ။
    ကဒ်တွေပျက်တော့… pre-paidသွင်းထားတဲ့ ပိုက်ဆံပါ … အော်တိုပါသွားတယ် … ဟိဟိ 😀

    အရင်တုန်းက … ကဒ်တွေပျက်လျှင် တသိန်းပေးပြီးမှ လဲလို့ ရတာ ..ပြီးလျှင် တပတ်စောင့်ရတယ် .. ။ အ ခုတော့ သုံးရက်နဲ့ လဲလို့ ရပြီး … အလကားဆိုတော့ ..ဆိုးတော့ မဆိုးပေမယ့် …. လုပ်ငန်းလုပ်သူတွေအတွက် … ခဏတာတော့ အ ဆင်မပြေဖြစ်ကြရတာပေါ့ … ။

    • ရဲစည်

      June 26, 2012 at 2:03 am

      အန်တီ အီးတုံးရေ….
      မှတ်မှတ်ရရ တလောက ကျနော်တို့နေတဲ့ မြို့မှာ မြန်မာ ၃ဦး သွားတွေ့ပါတယ် ကြွားတာလား တကယ်လားတော့ မသိပါ မြန်မာပြည် အတွက် ဆင်မ်ကဒ်တွေ သွင်းပေးနေတာတဲ့….
      ဒီမှာက ဖုန်းကဒ်ပျက်ရင် ဖုံးလိုင်းသုံးတဲ့ ကုမ္ပဏီရဲ့ဆားဗစ်စင်တာမှာ ချက်ချင်းသွားလုပ်လို့ရတယ် မြန်မာငွေနဲ့ဆို ၂၆၀ဝ လောက်ဘဲကျတယ်။ အပြင်က ဖုံးဆိုင်တွေမှာတော့ ဆင်မ်ကဒ် အလွတ် (ကွာမကောင်းတကောင်းကို) ၁၆၀ဝ လောက်နဲ့ဝယ်လို့ရတယ်ဗျို့
      တောက်..စ်စ်စ်
      ဘဝပေး ကုသိုလ်ကံ မကောင်းတော့ ဆက်သွယ်ရေးမှာ အလုပ်မရဘူး
      နမို့ဆို ခုချိန် ချမ်းသာနေပီ…

  • သားဦး၊မြေးဦး

    June 25, 2012 at 5:46 pm

    ကိုခင်ခရေ. ဒီနယ်ဖက်မှာတော့ (၇)လပိုင်း လဆန်းပိုင်းမှာကို တစ်သိန်းနဲ ့ရောင်းချပေးမယ်
    သတင်းထွက်နေပါကြောင်း။

  • stellen phyo

    June 25, 2012 at 6:09 pm

    ဟုတ်ပါ့ဗျာ

  • မောင်ပေ

    June 25, 2012 at 7:22 pm

    ဈေးကျလာတာကို ဈေးလျှော့ရောင်းပေးတာ အားလုံးဟာ ပြည်သူားတွေအတွက် အရမ်းကောင်းမွန်တဲ့ လုပ်ရပ်ပါ ။
    သို ့သော်
    ““ နတ်ဝေါ့ဘီးစီး ””
    ““ ကွန်နက်ရှင်း အယ်ရာ ””
    အဆိုပါကိတ်စများကို အရင် ပပျောက်အောင် လုပ်နိုင်ပြီးမှသာ ရောင်းချမည် ဆိုလျှင်…..
    စိတ်ကူးယဉ်မိပါသည်။

  • Aung

    June 25, 2012 at 9:12 pm

    အဆင့်လိုက် ဈေးလျှော့ပေးမယ် ကြေငြာပြီးသားဘဲလေ
    လက်ရှိတော့ မဖြစ်မနေ လိုအပ်မှဝယ်စေချင်ပါတယ်
    အိမ်နီးခြင်း နိုင်ငံထဲက မချမ်းသာတဲ့ ကမော္ဘဒီးယားတောင်မှ
    ဆင်းကတ် တကတ် ကျပ်ငါးထောင် မကျော်ပါ
    ငါးထောင်ကိုဘဲ စောင့်ကြပါ

  • ahnyartamar

    June 25, 2012 at 9:52 pm

    မြန်မာပြည်မှာက သတင်းထွက်ရင် မှန်တာများတယ်။

  • TNA

    June 26, 2012 at 7:55 am

    ဝယ်သေးဘူး။ စောင့်အုံးမယ်။ နောက်ဆုံးတော့ ၅၀၀ဝ ရောက်ရမည်တနေ့ဧကံမလွဲတည်း။ [:-bd]

  • ဖိုးထောင်

    June 26, 2012 at 9:02 am

    ဖုန်းတစ်လုံးက ၅၀၀ဝ ပါဂျဲရိုးကားက သိန်း၂ဝ တို့ကတော့ တို့ကတော့ ——– ဒီကစောင့်နေသူ အိုး–ဟိုး—- ဒီကစောင့်နေ—-သူ

  • hein latt

    June 26, 2012 at 9:05 am

    တစ်သိန်းကျော်လို.လဲကြားတယ် ငါးသောင်းလို.လဲကြားတယ် ရှစ်သောင်းလဲကြားတယ် ငါးထောင်လို.လဲကြားတယ် မူးလာပီ…ဂစ်ဂစ်ဂစ်….

  • Gipsy

    June 26, 2012 at 12:13 pm

    လှေခါးထစ်အောက်သို့ ဆင်း၍ စောင့်နေပါသည်
    ဆင်းကဒ် ၅၀၀ဝ ဖြစ်၍ ပါဂျဲရိုး သိန်း၁၀ဝ ဖြစ်ခြင်းသို့ မျှော်နေမည် …။

  • ဘဲဥ

    June 26, 2012 at 12:29 pm

    စားနိုင်တဲ့သူတွေ ……….. စားကြပါ စားဂျဘာ
    စားနိုင်ဒဲ့ဒူဒွေ ………….. ဇဘိုးနင့်အောင်စားဂျဘာ

Leave a Reply