“အခြေခံယဉ်ကျေးမှုများရှိကြပါ့မလား”
အခြေခံယဉ်ကျေးမှုများမှာ….
(က) ခြေနင်းသံပြင်းထန်ခြင်း
တစ်ချို ့တွေ ခြေနင်းအတော်ကြမ်းကြတယ်။ ခပ်ကြမ်းကြမ်းနင်းနေကျမို့လို့ မိမိကိုယ်ကို
ခြေနင်းကြမ်းနေမိမှန်းမသိတတ်ကြပါဘူး။ ခြေသံကြောင့် ကြမ်းပြင် တုန်လှုပ်ခြင်းကြောင့်
သူတစ်ပါးကို အနှောက်အယှက်ဖြစ်တာ၊ ရိုင်းစိုင်းတာ၊ မလေးမခန့်ပြုသလို ဖြစ်နေတာ၊
တွေကြောင့် ဆင်ခြင်သင့်ကြပါတယ်။
ပြီးတော့ ခြေဆောင့်နင်းတတ်သူတွေ သတိထားစရာလေးရှိပါတယ်။ဦးနှောက်ကို ကြာရင်
ထိခိုက်နှိုင်တယ် ဆိုတာပါပဲ။
(ခ) ဆူညံခြင်း
အော်ဟစ်ပြောရမှအားရသူတွေ တွေ့ဖူးမှာပါ။ တကယ်တော့ ကိုယ့် အိမ်အတွင်းမှာပဲဖြစ်စေ
တတ်နှိုင်သမျှ သိမ်မွေ့စွာပြောသင့်ကြပါတယ်။ ကျယ်ကျယ်လောင်လောင် အော်စရာမလိုဘဲ
ကြားနှို်င်နဲ့ အကွာအဝေးကနေ သွားပြောနှိုင်ရင် အကောင်းဆုံးပေါ့နော်။
စကားသံတင်မဟုတ်ပါဘူး၊ တံခါးပိတ်သံ၊ဖွင့်သံ၊ စားပွဲ ကုလားထိုင် အိုးခွက်ပန်းကန်
ရွှေ ့ပြောင်းသံ ဆေးကြောသံ တို့ကိုလည်း အသံ သိပ်မကျယ်လောင်သင့်ပါ။ တေးဂီတ
သံတွေဆိုရင်လည်းမိမိ ကြားသာရုံသာဖွင့်သင့်ပါတယ်။ ကိုယ်တိုင်က ဒီသီချင်းကို သိပ်ကြိုက်
လို့ အသံကုန်ဖွင့်ပေမဲ့ သူတစ်ပါးနားမခံသာတာဖြစ်သွားရင် အားနာသင့်တာပါ။
ကျမအိမ်အရှေ ့ဘက်မှာ ပန်းပုရုပ်တွေထုတဲ့လုပ်ငန်းတစ်ခုလုပ်ဖို့ အငှားတွေရောက်လာတာ
သိပ်မကြာသေးပါ။ ပန်းပုမထုခင် သစ်တုံးအကြီးကြီးတွေ ကို လက်ဆွဲလွှနဲ့ အနေတော်စိတ်ပိုင်း
ပါတယ်။ ကျမ နားတွေအူလာတဲ့ အထိခံစားရပါတယ်။
အိမ်ဘက်ကိုလည်း သစ်စသစ်မှုန်တွေ အများကြီးလွင့်လာပါတယ်။ တိုင်တောတဲ့ အလုပ်ကို စိတ်မပါတာမို့ ငြိမ်ခံနေရတာမျိုးပါ။ သူတို့ အားမနာတတ်တာကို ကျမမှာ(ငါ့ဝဋ် ပဲ၊
အရင်ဘဝတုန်းက သူတစ်ပါးနားဆူအောင် တစ်ခုခု လုပ်ခဲ့မိတာလား) လို့ ဖြေသိမ့်နေရပါတယ်။
ကျမ ကျောင်းသားတွေကို Pollution (ညစ်ညမ်းမှု) အကြောင်းသင်ပေးတဲ့အခါမှာ
(1) Air pollution
(2) Water pollution
(3) Noise pollution
(4) Light pollution
စသဖြင့် ခွဲခြားပြလေ့ရှိပါတယ်။ Light pollution ကတော့ ဒီမှာမရှိတာသေချာပါတယ်။
အခုကျမအဖြစ်ကတော့ အပေါ်(၃)ခုလုံးပါပဲရှင်။
(ဂ) နှုတ်ဆက်ခြင်း
အိမ်သားအချင်းချင်းနှုတ်ဆက်တာကစ ပြီးလေ့လာကြရအောင်နော်။
ငယ်ငယ်တုန်းကသူငယ်ချင်းတစ်ယောက်ကိုအားကျ ခဲ့ဖူးတယ်။ ပြည်နားက မှော်ဇာ
ဆိုတဲ့ မြို ့ငယ်လေးတစ်မြို ့မှာပေါ့။
သူကလေ ကျောင်းသွားခါနီးတိုင်း၊ သူ့မိဘကို ရိုရိုသေသေထိုင်ကန်တော့ပြီးမှသွားတယ်။
ကျောင်းကပြန်လာတဲ့ အခါတိုင်း သူ့မိဘကို ရိုရိုသေသေထိုင်ကန်တော့ပြီးနှုတ်ဆက်တယ်။ ကျမလည်းအားကျပြီးသူ့လိုလိုက်လုပ်ကြည့်တာ အမေမအားတာနဲ့ အဖေမအားတာနဲ့ ကြာတော့ မလုပ်ဖြစ်တော့ဘူး။
“သမီးကျောင်းသွားတော့မယ်”
“သား အလုပ်သွားတော့မယ်”
“သမီးပြန်လာပြီ”
“သားအလုပ်ကပြန်လာပြီ”
“ထမင်းစားကောင်းရဲ ့လား အမေ/ အဖေ”
“ညကအိပ်လို့ပျော်ရဲ ့လား အမေ/အဖေ”
စသဖြင့် ပြောကြတဲ့ အကျင့်လေးတွေ အိမ်တွင်းဆက်ဆံရေးမှာရှိသင့်တယ်။ တစ်အိမ်တည်း
နေပြီး တစ်ယောက်ကိုတစ်ယောက် နှုတ်ဆက်စကားလေးတောင်မှ မပြောကြရင် ရင်းနှီးချစ်ခင်
မှုမရှိသလိုပါပဲ။
ကိုရီးယားကားတွေကြည့်ပြီးကျမတို့ ကလေးတွေ အတုခိုးမှားကြတယ်လို့ ပြောကြပါတယ်။
သို့သော် သူတို့ မိသားစုအတွင်း ပြောဆိုနှုတ်ဆက်ကြပုံကိုတော့ ကျမ နှစ်ခြိုက်မိပါတယ်။
ဘယ်သူမှ မရှိတာတောင်မှ “ ပြန်ရောက်ပါပြီ” လို့ ပြောတာတွေရပါတယ်။
ဗုဒ္ဓဘာသာဝင်တွေဖြစ်ရက်နဲ့ ကျမတို့ ကလေးတွေ ညအိပ်ရာဝင်ရင် ခေါင်းအုံးကိုပဲ ရှိခိုးအိပ်
တတ်ကြပါတယ်။ ဘုရားခန်းကိုဝင် သောက်တော်ရေ၊ ဆီမီးကပ်၊ ဦးချရှိခိုး၊ မိဘကိုကန်တော့ပြီးမှ
အိပ်ရာဝင်ဖို့ အကျင့်လေးတွေ မွေးပေးရပါမယ်။အချို ့မိဘတွေလည်း လေ့ကျင့်ပေးပါတယ်။
အချို ့မိဘ တွေ ကတော့ ကိုယ်တိုင်ကိုက ခေါင်းအုံးကိုပဲ ဦးချအိပ်ကြတာပါ။
ဒီလိုမိဘကိုကန်တော့အိပ်ခြင်းဟာ “Good Night Dad” “Good Night Mum”
“Sweet Dream.” လို့ ဘိုဆန်ဆန်နှုတ်ဆက်တာထက် အနှစ်သာရပိုလေးနက်တယ်လို့
ကျမခံစားမိပါတယ်။ ဒါကြောင့် “ သားအိပ်တော့မယ်” ၊ “ သမီးအိပ်တော့မယ်”၊
“ကန်တော့ပါတယ်၊ ဖေဖေနဲ့မေမေ” စသဖြင့် နှုတ်ဆက်ပြီး သုံးကြိမ်တိတိရိုသေစွာ
ဦးညွတ်ရှိခိုး ၍ အိပ်ရာဝင်သင့်ပါတယ်။
(ဃ) နားဝင်ချိုစကား
စကားလုံးလေးတွေထဲမှာလည်း (ပါ) ဆိုတဲ့ စကားလုံးလေးထည့်သုံးပြီး နားဝင်ချိုစေ
ရပါမယ်။ တစ်ခါတစ်လေ စကားလုံးထောင့်ထောင့်ကြီးတွေ သုံးပြီး လေသံတွေ တင်းနေခြင်း
အားဖြင့် မိသားစုအတွင်း ချစ်ခင်ရင်နှီး ယဉ်ကျေးပြောဆိုမှုတွေ ကို အဟန့်အတားဖြစ်စေ
ပါတယ်။
ဒါကြောင့်ဒီလိုလေးတွေပြောသင့်ပါတယ်။
“ဟုတ်ပါတယ်”
“လုပ်ပေးပါမယ်”
“ကျွန်တော်သွားချင်ပါတယ်”
“ကျွန်မ ကြည့်ချင်ပါတယ်”
“ရှိပါတယ်၊ သမီးယူပေးပါမယ်”
“သားကြိုးစားပါမယ်”
စသဖြင့် နားဝင်ချိုစေမဲ့စကားလေးတွေနဲ့ မိမိတို့ ရဲ ့မိသားစုအတွင်း သုံးစွဲလေ့ကျင့်လာရာမှ
ပတ်ဝန်းကျင်နဲ့ ပြောဆိုဆက်ဆံကြရာမှာ ယဉ်ကျေးမှုရှိသော လူမျိုးတစ်ရပ်အဖြစ် ထင်ရှားလာ
ရမှာဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။
46 comments
TTNU
June 25, 2012 at 10:38 pm
မင်္ဂလာပါ
ကောင်းမှုမြတ်နိုးပို့စ်လေးရေးပြီး အခု မြန်မာ့ယဉ်ကျေးမှုတွေအကြောင်း
ဆက်ရေးလိုက်တာပါ။ လုပ်ယူလို့မရပေမဲ့ လေ့ကျင့်ရင်းနဲ့ လူငယ်တွေများ(ပို)ယဉ်ကျေး
လာမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ ရေးလိုက်ပါတယ်။
ဖတ်ရတာပျင်းရင် ကျမ အရေးအသားညံ့လို့သာဖြစ်မှာပါ။ ကျမတို့ ယဉ်ကျေးမှု မညံ့ဘူးဆိုတာ
ထောက်ခံပေးပါနော်။
မေတ္တာဖြင့်
တီချာနု
Aung
June 25, 2012 at 11:22 pm
တီချာနု
တော်တော်ကောင်းပါတယ်
ကျွန်တော်တို့ ယဉ်ကျေးမှု မညံ့ပါဘူး ဒါပေမဲ့ ဝမ်းနည်းစရာကောင်းတာက
တော်တဲ့ ယဉ်ကျေးမှုက အတိတ်မှာ ကျန်ခဲ့ပါပြီ..ကျွန်တော်အပါအဝင် ကျွန်တော်
တို့နိုင်ငံသူ နိုင်ငံသား တော်တော်များများဟာ ဝမ်းစာရေး ကိုအားစိုက်ကြိုးပမ်းနေ
ရတာနဲ့ ကျန်တဲ့အရေးတွေ လစ်ဟင်းနေခဲ့ရတာ ကြာပါပြီ…ကြုံတုံးတစ်ခုလောက်
အကူအညီတောင်း ပါရစေ၊ တီချာ့ တပည့်လေး တွေကို ပြည်သူ့နီတိ လေးပါ ညှပ်
သင်ပေးစေချင် ပါတယ်ခင်ဗျာ့၊ ကျွန်တော်လည်း သားသမီးတွေတော့ မသင်ခဲ့ရဘူး
မြေးတွေကိုတော့ စသင်နေပါတယ်။
ပို့စ် ဖတ်ရတဲ့ အတွက်လည်း ကျေးဇူးတင် ပါတယ်
TTNU
June 26, 2012 at 9:16 am
ကိုအောင်ရေ…
ကနဦးဆုံး ဒီပို့စ်ကိုလာဖတ်သူအဖြစ် ကျေးဇူးတင်ပါရစေ။
ဟုတ်ပါတယ်၊ ဒီအတိတ်မှာကျန်ခဲ့တဲ့ မြန်မာ့ယဉ်ကျေးမှုအတွက်
ကျမတို့ အားလုံး အာရုံစိုက်ကြရမယ်နော်။ ကိုအောင်ပြောတဲ့ ဝမ်းစာနဲ့
ယှဉ်တွဲရင်းပေါ့လေ။
ကလေးတွေကလေ ကျမ တို့သင်ပေးတဲ့ပြည်သူ့နီတိကို မြိန်မြိန်ရှက်ရှက်
လက်ခံစားသုံးကြဖို့ အားအတော်ယူရတယ်ကိုအောင်ရေ။ 🙁
pooch
June 26, 2012 at 12:16 am
၁။ကိုယ့်ဟာကို ခြေသံမပြင်းဘူးလို့တော့ ထင်တာပဲ တီချယ် ။ ( အထင်- ခရက်ဒစ်တူ မာမီပု)
ဒါပေမဲ့ ဒေါက်စီးရင်တော့ တခွပ်ခွပ်နဲ့ တခါတခါ။
၂။ ဆူညံသံကတော့ သတိထားတယ်။ အမေက ဆူရင်မကြိုက်ဖူး။ သူကိုယ်တိုင်ကတော့ စိတ်မထင်ရင်မထင်သလို အော်တာ အနော့်ကို ။ 😥
၃။နှုတ်ဆက်တယ်ရယ်လို့တော့ မဟုတ်ပေမဲ့ ခုထိ ဘယ်သွားမယ် ဆိုတာ ပြောပြီးမှ သွားရတယ်။
ပြန်လာရင်လည်း အမေ့လို့ ခေါ်ရတယ်။
မပြောပဲ သွားရင်ဖုန်းဆက် လှမ်းပြီး ဗျောက်ဖောက်တယ်။ 🙁
၄။နားဝင်ချိုစကားကတော့ အချိန်တိုင်းတော့ မပြောဖြစ်ဘူးတီချယ်။ စိတ်အခြေအနေပေါ် မူတည်ပြီး ပြောတတ်တယ်။
ခြုံကြည့်လိုက်တော့ အနော်လည်း ကောင်းတာ တခုမှမရှိပါဘူး တီချယ်ရယ်။
ဒါပေမဲ့ တီချယ် စကားကို နားထောင်ဖို့ ကြိုးစားကြည့်ပါ့မယ်။
အနော့်မလည်း ခုထိ အရာရာကို ကြိုးစားနေရတုန်း။ ကိုယ့်ကိုယ်တောင် စိတ်ပျက်တယ်။
TTNU
June 26, 2012 at 9:24 am
Pooch ရေ…
ဒေါက်ဖိနပ်ဆိုတာကလည်း အသံတဒေါက်ဒေါက်မြည်မှ ဟန်ကျသကိုး။
အမေဆူရင် ပြေးစရာအိမ်မရှာရသေးဘူးကိုး။ 😆
အမေတွေဆိုတာစိတ်ပူတတ်တဲ့ မျိုးနွယ်စုများရဲ ့အရှင်သခင်မတွေပဲကွယ်။
နှုတ်မဆက်နဲ့ ငိုချင်တယ် လို့ ပြောမှာမဟုတ်ပါဘူး။
နားဝင်ချိုစရာစကားလေးတွေကတော့ လူမှုဆက်ဆံရေးအတွက်ပြောရတာကိုး။
ဒါပေမဲ့ မလိုအပ်ဘဲ Sugar-coated တွေသုံးလွန်းရင် တီချာလည်း.. ဝေါ့ တယ်။ 😈
မောင်ပေ
June 26, 2012 at 1:37 am
မြန်မာနိုင်ငံက လူတွေအာလုံးအတွက် အကျိုးအများကြီး ရှိစေမယ့် စာတစ်ပုဒ်ပါ။
ရှဲရှဲ တီချယ်
အရီး Khin Latt
June 26, 2012 at 3:19 am
တီချယ်ကြီး
မိမိကိုယ်ကို စီစစ် ဝေဖန် ကြည့်ရရင်
(က) ခြေနင်းသံပြင်းထန်ခြင်း
ခြေနင်း မပြင်း ဘူး ထင်ပါတယ်ရှင့်။
(ခ) ဆူညံခြင်း
မလတ် ကို များ တိုက်ရိုက် ပြောလိုက်လေသလား တီတီကြီး ရယ်။
အသံကျယ်တယ်။
လုပ်တာကိုင်တာ မညင်သာပါ။
ငယ်တုန်းက သီချင်း ကို အကျယ်ကြီး ဖွင့်ပါ၏။
(အခု တော့ အဲဒါတွေ ကို ဆင်ခြင်နေရပါပြီ။)
(ဂ) နှုတ်ဆက်ခြင်း
အဲဒါကတော့ မလတ် ရဲ့ မိဘများ က အကျင့်လုပ် ပေးထားပါတယ်။
အပြင်သွား/ ပြန် နှုတ်ဆက်ရပါတယ်။
ညတိုင်း ဘုရားစင်ရှေ့မှာ မိသားစုလိုက် ကန်တော့ ရပါတယ်။ (ဆယ်ကျော်သက် လောက် အထိပေါ့)
နောက်ပိုင်း တော့ အဆင်ပြေသလို တကွဲစီ။
မိဘ ကို တော့ညတိုင်း ကန်တော့တာ အခု အထိပါဘဲ။
အဲဒီ အကျင့်ကို ကိုယ့်သားသမီး ဆီလဲ လက်ဆင့်ကမ်း ထားပါတယ်ရှင့်။
(ဃ) နားဝင်ချိုစကား
ငယ်တုန်းက စကားပြောတာ အပိုးမကျိုး ခဲ့တာ သေချာပါတယ်။
အခု မှာတော့ သူများနိုင်ငံ မှာ ဖြစ်နိုင်သ၍ ယဉ်ကျေးအောင် ကြိုးစားနေ ပါတယ်။
တီချယ်ကြီး ရှင့်
ဒီလို အခြေခံယဉ်ကျေးမှု လေးတွေကို မလတ် လဲ ကြိုးစားပြီး တစ်ဆင့် လက်ဆင့် ကမ်း ပေးပါ့မယ်။
ကမ္ဘာမှာ မြန်မာလူမျိုးဆိုတာ မညံ့ကြောင်း၊ ယဉ်ကျေးကြောင်း ပြနိုင်ဖို့ ကိုလဲ ကြိုးစားနေပါတယ်။
ဒီလို မျိုး အကျိုးရှိရှိ စာလေး တွေ နဲ့ ကျွန်မ တို့ ကို အချိန်ပေးပြီး အမြဲ သတိပေးနေလို့ ကျေးဇူးပါရှင့်။
ချစ်ခင်လေးစားစွာဖြင့် 🙂
ဦးဦးပါလေရာ
June 26, 2012 at 5:40 am
တီချာတော့ တရုတ်တွေနဲ့ အိမ်နီးချင်းဖြစ်နေရတယ်ထင်တယ်….. 😀
သိပ်ကောင်းတဲ့ အဆုံးအမလေးတွေပါတီချယ်ရေ
ကျွန်တော်တို့ မြန်မာ့ယဉ်ကျေးမှု့က
သူများဘက်ကလဲ လှည့်ကြည့်တဲ့
သူများဘက်ကလဲ စာနာတဲ့
နှစ်ကြောင်းသွား ဓလေ့မျိုးပါ။
ကျွန်တော့အဘွားက အညာသူဆိုတော့ အဲဒါမျိုးတွေ ငယ်စဉ်ကတည်းက သင်ပေးပါတယ်။
ကျွန်တော်ကလဲ တဆင့် ပြန် လက်ကမ်းနေတုန်းပါပဲ….
TTNU
June 26, 2012 at 9:23 pm
မောင်ပေရေ…မြန်မာနိုင်ငံကလူတွေအတွက်အကျိုးရှိမှာဆိုပြီး
ရှဲရှဲ လုပ်သွားတာ ဘာလို့လဲဟင်။ 😛
မလတ်ရေ… မအားတဲ့ကြားက စာလေးတွေလာဖတ်ပေးတာကျေးဇူးပါနော်။
ကိုယ့်ယဉ်ကျေးမှုကို မြတ်နိုးသူမို့ သမီးလေးကိုလည်း လက်ဆင့်ကမ်းပေးမှာ
ယုံကြည်ပါတယ်။
ဦးပါရေ… တရုပ်ဆိုရင် ဘာညာသွားရှင်းဖို့ အားမနာရဘူး။ အခုဟာက ဗမာ၊
ရွာကလာတဲ့ ဗမာဗျား။ ပြောပြန်ရင်လည်း ကိုယ်အလွန်ဖြစ်မှာစိုး။ 🙁
တဆင့် ပြန် လက်ကမ်းနေတုန်းပါပဲ ဆိုလို့ ဝမ်းသာမိပါတယ်။
မောင်ပေ
June 26, 2012 at 9:37 pm
မြန်မာနိုင်ငံကလူတွေ အကျိုးရှိမှာ ဆိုတာ က
တီချယ်ပြောတဲ့အကြောင်းအရာနဲ ့ကျုပ်တို ့နိုင်ငံမှာ ဖြစ်နေတဲ့ ဟာတွေနဲ ့က ကွက်တိတွေမို ့ပါဘဲ ခင်ဗျား ။
နိုင်ငံခြားမှာ အခြေချနေတဲ့သူတွေအတွက်ကျ ၊ ကျုပ်တို ့ဆီ က ယဉ်ကျေးမှုတွေဟာ… အင်း…တော်ပါဘီဗျာ ၊ ကြောက်လာဘီ ၊ တီချယ်ကြီး သိပါတယ် ။
MaMa
June 26, 2012 at 7:09 am
ခုခေတ်မှာတော့ နွေရာသီဆိုရင် ဘုန်းတော်ကြီးကျောင်းတွေမှာ ယဉ်ကျေးလိမ္မာ သင်တန်းတွေ သင်နေတာ ကလေးတွေအတွက် အလွန်ကောင်းပါတယ်။
မကောင်းကျောင်းပို့ဆိုသလို ကလေးတွေကို (ကိုယ်ဆိုဆုံးမလို့ မနိုင်တိုင်း) ဘုန်းကြီးကျောင်းလွှတ်ပြီး သင်တန်းတက်ခိုင်းဖို့ တိုက်တွန်းပါတယ်။
သင်တန်းရောက်တဲ့အခါ စာမေးပွဲစစ်ပြီး တော်တဲ့လူကို ဆုပေးတဲ့အခါ ကြိုးစားသင်ယူချင်တဲ့ စိတ်ကို ဖြစ်စေပါတယ်။
နောက်ပြီး လူအများနဲ့ စုပေါင်းပြီး နေရတဲ့အခါကျတော့ တံငါနားနီး တံငါ၊ မုဆိုးနားနီး မုဆိုး ဆိုသလို ကလေးတွေအတွက် ကောင်းတဲ့ အစဉ်အလာ အကျင့်စရိုက်ကလေးတွေ အနည်းနဲ့ အများတော့ ရသွားနိုင်ပါတယ်။
🙂
TTNU
June 27, 2012 at 9:19 am
မမရေ…
မနေ့ညကတည်းက စာပြန်ဖို့ကို ဝင်မရလိုက်၊ နှေးနေလိုက်နဲ့ လက်လျှော့လိုက်
ရတာ။ တီချာလည်း ဒီယဉ်ကျေးလိမ္မာသင်တန်းတွေကို သဘောကျတယ်။
ငယ်ငယ်တုန်းက ဘုန်းကြီးကျောင်းမှာ စာသွားသင်အံရတာ အမှတ်ရမိတယ်။
htoosan
June 26, 2012 at 7:36 am
စာမေးပွဲ ကျပါကြောင်း ဆရာမကြီး ခင်ဗျ။ 😳 😥
doe doe
June 26, 2012 at 8:46 am
ဆရာ၊ဆရာမများ၏ဆုံးမမှုကြောင့်နည်းပါးလာပါပြီ။
ကြည်ဆောင်း
June 26, 2012 at 8:58 am
ကလေးတိုင်းအတွက် လိုအပ်တဲ့ အခြေခံ ယဉ်ကျေးမှုလေးတွေပါ။
မှတ်သားနာယူပြီး တကယ်လဲ လက်တွေ့ သုံးရမဲ့ ယဉ်ကျေးမှုတွေပါ။
ကျေးဇူးတင်စွာနဲ့ မှတ်သားနာယူသွားပါတယ် ဆရာမကြီးရှင့်။
TTNU
June 27, 2012 at 9:27 am
ထူးဆန်း၊ ဒိုးဒိုး၊ ကြည်ဆောင်းတို့ရေ…
စာလာဖတ်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်နော်။
အရင် သိပ်မတွေ့ဖူးဘူးနော်။
amatmin
June 26, 2012 at 9:17 am
မင်္ဂလာပါ တီချယ်ရေ..
တီချယ့်အချက်တွေနဲ့ ဆန်းစစ်မိလိုက်တာ..
ကျနော်လည်း စာမေးပွဲကျကြောင်းပါခင်ဗျာ..
သာမန်အချိန်မှာ ပြောစေချင်တာဆိုရင်တော့ အောင်ပေမဲ့
တခါတလေ.စိတ်အချဉ်ပေါက်နေရင်..
နားခါးစေမဲ့စကားကိုရွေးပြောမိတတ်သေး..
တဖက်က မိဘဖြစ်နေရင်တောင် ကိုယ့်ဘက်ကခိုင်လုံတဲ့ကျိုးကြောင်းရှိနေရင်
ဖင်ပိတ်ငြင်းတတ်တာလည်းပြင်မရ..
သေချာတာကတော့ ပြောလိုက်မိပြီးတိုင်းမှားသွားမိမှန်း..
ခံစားလိုက်မိတတ်တာက ခပ်များများမို့…
ဂလိုပို့စ်တွေ များများဖတ်.နှလုံးသွင်းကြည့်ပါ့မယ်ဆိုတာလေး နဲ့…
ယဉ်ကျေးချင်ယောင်ဆောင်တတ်တာလည်း..
ကောင်းမွန်သောယဉ်ကျေးမှုတရပ်လို့ ထင်ပါကြောင်း.. 🙂
ပြောရရင်ကိုယ်တိုင်ကတော့အပိုးမကျိုးနေလို့ကောင်းဆဲဖြစ်ပေမဲ့..
တီချယ့်ပို့စ်ကို..လက်မထောင်ရင်း နားထောင်သွားပါ၏.။
နားထောင်ဖို့ဝန်မလေးတဲ့
အမတ်မင်း
TTNU
June 27, 2012 at 9:32 am
အမတ်မင်းရေ…
အေးလေ၊ အမတ်ဆိုတော့လည်းဒီလိုဖြစ်မှဖြစ်မှာကိုး။ 😛
အမတ်မင်းရေ.. (ယဉ်ကျေးချင်ယောင်ဆောင်တတ်တာလည်း..
ကောင်းမွန်သောယဉ်ကျေးမှုတရပ်လို့ ထင်ပါကြောင်း) ဆိုပေမဲ့
ကိုယ်ပိုင်ဟန်လေးပဲကောင်းပါတယ်။ အပိုးလေးရအောင်ကျိုးကြည့်ပေါ့ကွယ်။
နားထောင်ဖို့ဝန်မလေးတာတော့ကောင်ပါရဲ ့၊ သင့်တော်တယ်၊ မှန်နေတယ်ဆိုရင်တော့
နားထောင်ပြီး လိုက်နာလိုက်ပါနော်။
မေတ္တာဖြင့်
တီချာနု
manawphyulay
June 26, 2012 at 9:48 am
တီချယ်ရေ မနောတို့ ငယ်ငယ်တုန်းက အဘွားသင်ပေးထားတဲ့ နည်းနာတွေအတိုင်း ခုချိန်ထိလိုက်နာလာလို့လား မပြောတတ်ဘူး။ စကားနည်းနည်းရိုင်းရင် အဲလိုလူကို အမြင်မကြည်လင်ဘူး။နောက် ခုခေတ်ကလေးတွေ ဖိနပ်ရှပ်တိုက်သွားရင်လည်း ဆူလိုက်မိတာပါပဲ။ ခြေသံပြင်းရင် ငယ်ငယ်တုန်းကတော့ အဘွားက ပြောတယ် ဟဲ့ ကြမ်းဆူးမတွေလား ဆိုပြီး ဆူခံထိတော့ ခြေသံပြင်းနဲ့သွားရင်လည်း မကြိုက်ပြန်ပါဘူး။ ဒါတွေက နောင်လာနောင်သားတွေကော မိဘတွေက ပြောဆိုသင့်တယ်လို့ မြင်မိပါတယ်ရှင်။ မှတ်သားထားပါ့မယ်နော်။
TTNU
June 27, 2012 at 10:01 am
မနောရေ…
ဖိနပ်ရှပ်တိုက်တဲ့ ကလေးတစ်ယောက်ကို တီချာဆူဖူးတယ်။
ပိုတိုက်တောင်သွားလိုက်သေးတယ်။
တီချာတို့ ငယ်ငယ်တုန်းက ခြေသံပြင်းရင် ဆင်းရဲဇာတာရှည်တယ်လို့
အမေပြောခဲ့ဖူးတာကြောင့် ဆင်းရဲမှားစိုးပြီး ခြေသံဖွဖွ နင်းခဲ့ကြတယ်။
အမေက အထောက်အထားမရှိဘဲနဲ့ ပြောခဲ့တာကို အမေကိုချစ်ပြီးယုံခဲ့ကြတာ။
အကျိုးရှိခဲ့တာပါပဲ။
ရဲစည်
June 26, 2012 at 10:10 am
တီချာနုခင်ဗျ
ကိုယ်တိုင်လည်း လိုက်နာနိူင်အောင် ကြိုးစားပါ့မယ်……..။
စကား အော်ပြောတာကတော့ ဆိုက်ကို တမျိ်ုးဝင်နေလို့ပါ။ ညာဘက်နားကလဲ အယ်ရာနည်းနည်း ပြနေလို့ ကိုယ်က သာမာန်ပြောတယ် ထင်တောင် အများအမြင်မှာ အတော်ကျယ်လောင် နေပါတယ်။ သတိချပ်မိအောင် ကြိုးစားနေပါတယ်။
ခုတော့ အချိန်ရရင် ရသလို ပုံမှန်လေသံ ရအောင် အီးရ်ဖုံးတပ်ပီး စကားပြောကြည့်နေပါတယ်။
တံခါးပိတ်တာကတော့ မကြမ်းပါ(ကားတံခါးကလွဲရင်) သူများ ခပ်ကြမ်းကြမ်း ပိတ်ရင်လဲ မကြိုက်ပါ
အခန်းမှာက ဘုရားစင်မရှိလို့ အိပ်ရာဝင်ခါနီး ဘုရားနဲ့ မိဘပုံတွေကိုတော့ အိပ်ရာပေါ်ကဘဲ ကန်တော့ပီး အိပ်နိူင်ပါတယ်။
မူးနေရင်တောင် နည်းနည်းတော့ ပြူးပြဲကြည့်ပီး ကန်တော့ဖြစ်အောင် ကြိုးစားလျှက်ပါ ဒီနေ့ထိတော့ အဆင်ပြေနေပါတယ် 🙂
ချိုသာယဉ်ကျေးမှုကတော့ အပြစ်ပြောစရာ မရှိပါ မနက်မိုးလင်း ကတည်းက သွားဖြဲလေးနဲ့ လူတကာကို နှုတ်ဆက်တတ်ပါတယ်
ပြီးမှ ပြောချင်တာပြောပြီး လုပ်ချင်တာ လုပ်တတ်ပါတယ်။ အဖေပြောဖူးတဲ့ စကားတခွန်းတော့ ရှိပါတယ် “ချိုချိုသာသာ အများနားဝင်အောင်လဲပြော နေလဲနေ စိတ်ထဲကလည်း ပါပါစေတဲ့” ကျနော့် အလုပ်ထဲမှာ ကျနော် အော်လို့ ဆူလို့မရပါ အကောင်သေးလို့
လူမရှိန်တာလဲ ပါပါတယ် ရွဲ့ပြောရအောင်လဲ လူမျိုးခြားတွေဖြစ်နေလို့ စကားလုံး သီးသန့်မရှာနိူင်တော့ ငါဒေါသထွက်နေပီလို့
ပြောယုံမှတပါး အခြားမတတ်နိူင်ပါ 🙁
ကလေးတွေကို လက်ဆင့် ကမ်းပေးဖို့ အတွက်ကတော့ ကြိုးစားဆဲပါ။
လောလော ဆယ်တော့ ကျနော့် သက်တမ်းက တဝက်ကျိုးပီမို့ နည်းနည်းကြောက်တတ်လာပါတယ် အဲဒါလဲ ပြင်ချင်ပါတယ် ကြုံရင်
အကြံပေးပါအုံး ခင်ဗျ….
TTNU
June 27, 2012 at 10:26 am
ကိုရဲစည်ရေ…
အပြင်ရောက်နေတာလား။
တစ်နယ်သားတွေနဲ့ ဆက်ဆံတာတော့ (လိုအပ်ရင်) ရောမရောက်တော့
ရောမသားလိုကျင့်ပါ။ ကိုယ့်ယဉ်ကျေးမှုကို သူတို့ နားမလည်လက်မခံရင်
ကိုယ်ပဲမောရမှာပါ။
တီချာ ဆရာမ တစ်ယောက်ကို စာအုပ်ထုပ်ကူသယ်ဖူးတယ်။ ဒီဘိုမက ဘာတွေ
အံ့ဩောရတယ်မသိပါဘူး။ “I can manage.” အခေါက်ခေါက်ပြောပြီး
တီချာကို ဂြိုသ်သားတစ်ကောင်ကို ကြည့်သလိုမျိုးကြည့်တာဗျ။ အဲဒီနောက်တော့
သူတို့လိုပဲ ဖာသိဖာသာလေးနေဖို့ ကြိုးစားရတော့တယ်။ တီချာတို့ခေတ်တုန်းက
ဗမာလူမျိုးစာလာသင်သူ မရှိလှဘူးဆိုတော့ ….. 😕
blackchaw
June 26, 2012 at 10:19 am
တီချယ်ကြီးခင်ဗျား
ဘလက်ချောဆိုတဲ့ တပည့်လူမိုက်ကြီးတစ်ယောက်လည်း
ဝင်ဖတ်သွားပါပြီ ဆိုတဲ့အကြောင်း…။
၁။ ခြေနင်းသံပြင်းထန်ခြင်း (အောင်မှတ်ရတယ်လို့ ထင်)
၂။ ဆူညံခြင်း (အမှတ်ပေးလို့ မရတဲ့ အခြေအနေမျိုးမို့ ဇီးရိုး)
အထူးသဖြင့် သီချင်းနားထောင်ရင် ဆူညံကျယ်လောင်စွာဖွင့်နားထောင်တတ်ပြီး
အာပြဲကြီးနှင့် လိုက်ဆိုတတ်တဲ့ အကျင့်ဆိုးကြီး ရှိ။
၃။ နှုတ်ဆက်ခြင်း (အောင်မှတ်ရတယ်လို့ ထင်)
၄။ နားဝင်ချိုစကား (အောင်မှတ်မရပါ)
လေးစားခင်မင်စွာ
ဘလက်။
TTNU
June 27, 2012 at 10:32 am
ကိုချောရေ…
မတွေ့တာကြာလို့ လွမ်းပါတယ်။
ရှင့်လောက်စကားပြောကောင်းသူက ၄။ နားဝင်ချိုစကား (အောင်မှတ်မရပါ)
ဆိုတော့ 🙄
ကိုချောရေ.. တကယ်တော့ လူကြီးပိုင်းအနေနဲ့ကတော့ လိုအပ်သလို
အတိုးအလျှော့နဲ့ ဆင်ခြင်ကြရတာမို့ လေသံ အတင်းအလျော့ ကတော့
ရှိနေမှာပါ။ တီချာတို့ ကျောင်းသူကျောင်းသားကလေးတွေက ဒီလိုလည်း
ညှိမပြေတတ် မပြုတတ်သေးလေတော့ ရိုင်းလာကြတာပါ။
မေတ္တာဖြင့်
တီချာနု
Moe Z
June 26, 2012 at 11:25 am
တီချာရေ..
overall 7.5 လောက်ရမယ်ထင်ပါတယ်
(ဃ) နားဝင်ချိုစကား ….
ဟုတ် .. အတတ်နိုင်ဆုံးကြိုးစားနေပါတယ်
ကိုယ့်ကိုအရင်လာပြီး ရန်စရင်တော့ သိပ်မသေချာဘူးတီချာ
ငယ်ကတည်းကအခုထိ မိန်းမရပြီး အိမ်ခွဲနေတာတောင် အွန်လိုင်းကတစ်မျိုး
ဖုန်းနဲ့တစ်မျိုးရန်စတတ်တဲ့ အလွန်အစသန်တဲ့အစ်ကိုတစ်ယောက်နဲ့တော့
မကြာခဏဆိုသလို ရန်ဖြစ်နေရလို့ပါ …
ငပွကြီး
June 26, 2012 at 11:49 am
(က) အောင်မှတ်မက ဂုဏ်ထူးမှတ်လောက်တောင်ရနှိင်ပါတယ်..:mrgreen:
(ခ) အောင်မှတ်လောက်တော့ရလောက်ပါတယ် ၄၀-၅ဝ လောက်ပေါ့ 🙂
(ဂ) လုံးဝ ဝ မှတ် ဘဲရမယ် 🙁
(ဃ) အလွန်ဆုံးရ ၁ဝ မှတ်လောက်ပေါ့ 😥
အချုပ်ပြောရရင်တော့ ကျွှန်တော်လည်း မအောင်နှိင်ပါဘူး..:oops: 😥
Shwe Tike Soe
June 26, 2012 at 11:55 am
ခြေနင်းသံပြင်းတာကိုတော့ ကျွန်တော်ရှောင်တယ်….
ဆူညံခြင်းကတော့ မရဘူး…သီချင်းနားထောင်ရင် ဘောက်စ်နဲ. အကျယ်ကြီး နားထောင်မှအားရတာ
တပတ်တခါလေး ရပ်ကွက်ကိုဒုက္ခပေးတာပါနော်…..
နှုတ်ဆက်ခြင်း ဒါကတော့ စိတ်ချရပါ…..အိမ်မှာဆို တအိမ်လုံးကိုရီးယားရူးရူးနေတော့ အဝင် အညာဆယ်ရော အထွက် အညာဆယ်ရော ပဲခင်ဗျ…
နားဝင်ချိုတာက ဆယ်တန်းအောင်ပြီးကတည်းကခင်ဗျ… စကားလေးကို သိမ်သိမ်မွေ.မွေ. လေးနဲ. ချွဲချွဲပစ်ပစ်လေး ပြောမှ မုန်.ဖိုးရတော့ ဟိဟိဟိ… အခုလဲတောင်းနေဆဲပါ…
TTNU
June 27, 2012 at 10:42 am
မိုးစက်ရေ…နေကောင်းလား၊ စွာတဲ့ မိန်းကလေးတွေ ရုပ်ချောသတဲ့။ 😀
ငပွကြီးရေ… နာမည်လှလှလေးများရွေးပါရော့။ ခေါ်ရတာ အားနာလိုက်တာ။
စာဝင်ဖတ်ပေးတာကျေးဇူးပါနော်။
ကိုရွှေတိုက်စိုးရေ… သီချင်းနားထောင်ပြီးဆူတာက အဆင်ပြေပါတယ်နော။
တံခါးဆောင့်ပိတ်၊ ကုလားထိုင်တွေစားပွဲတွေ ကန်ချိုးကစ်၊ မူးပြီးရမ်း
ဒါမျိုးတွေက အရုပ်ဆိုးတာပါ။(စကားလေးကို သိမ်သိမ်မွေ.မွေ. လေးနဲ.
ချွဲချွဲပစ်ပစ်လေး ပြောမှ မုန်.ဖိုးရတော့ ဟိဟိဟိ… အခုလဲတောင်းနေဆဲပါ)
ဆိုတော့ ကလေးအရွယ်ပဲရှိသေးတာကိုး။ တီချာကရွှေတိုက်စိုးဆိုတဲ့နာမည်ကြောင့်
ဘိုးတော်ကြီးမှတ်နေတာ။ 😀
မွန်မွန်
June 26, 2012 at 11:58 am
ဆရာမရေ…
(က) ကိုယ့်ကိုကိုယ်တော့ ခြေနင်းမကြမ်းဘူးထင်ပေမယ့် အမေပြောတာကတော့ နင့်ခြေသံကို လျှော့စမ်းတဲ့…ဆိုတော့ကာ…(ခရက်ဒစ်တူ မိုးဒီ)…အောင်မှတ် အခြေအနေ သိပ်မကောင်းပါ…
(ခ) ဒါကတော့ အမှန်အကန်အောင်တယ် ထင်တာပဲ..သီချင်းဆိုရင်လည်း တိုးတိုးနားထောင်ရတာပဲ ကြိုက်ပါတယ်…ဘယ်လောက်ဒေါသထွက်ထွက် ဝုန်းဒိုင်းလည်း သိပ်မကြဲတတ်ဘူး…တစ်ခုရှိတာက သူငယ်ချင်းတွေဆုံလို့ ရှေးဟောင်းနှောင်းဖြစ်ပြောရင်တော့ ၁ဝ ပေပတ်လည် မုန်တိုင်းဝင်နေတာလေးပဲ ခွင့်လွှတ်ပေးပါ…
(ဂ) အပြင်သွားရင်လည်း “သွားပြီနော်..သွားတော့မယ်နော်..” စသဖြင့် နှုတ်ဆက်ပါတယ်…ပြန်လာရင်လည်း “အမေ” လို့ အကျယ်ကြီး အော်ခေါ်တတ်ပါတယ်…ညအိပ်ကာနီးကတော့… … … “ဘုရားဆိုတာ ရှိခိုးနေမှမဟုတ်ဘူး…နှလုံးသားထဲမှာ ဘုရားတည်ထားတယ်” ဆိုတဲ့ လက်သုံးစကားနဲ့…ဆိုတော့ကာ…အောင်မှတ်ရဖို့ကတော့ ၅၀-၅ဝ များဖြစ်နေမလားပဲ…
(ဃ) စကားပြောတာ အချိုးမပြေတာတော့ ထိပ်ဆုံးမှာ ရှိပါတယ်ရှင့်…အလုပ်ဝင်သော သုုံးနှစ်အတွင်းမှာတော့ တိုးတက်လာတယ်လို့ ခံစားမိပါတယ်…ဒါပေမယ့် သမီးတို့ နယ်ဘက်မှာက စကားပြောရင် “စမ်း” ဆိုတာကို ထည့်ပြောတတ်ကြပါတယ်။ “ပေတံလေး ခဏပေးလိုက်စမ်းပါ”..”ဒီဘက်ကို ခဏလောက် လှည့်လိုက်စမ်းပါ”…အမှန်အတိုင်းပြောရင် သမီးတစ်သက် (ဆယ်တန်းပြီးလို့ ရန်ကုန်ကို ကျောင်းလာမတက်ခင်အထိ) အဲဒီအတိုင်း အဆင်ပြေနေခဲ့ပါတယ်။ အမေနဲ့ စကားပြောရင်တောင် “စမ်း” ထည့်ပြောတာ ဘာမှမဖြစ်ခဲ့ပါဘူး။ ဘယ်သူကမှလည်း သတိမထားခဲ့ကြပါဘူး။ ရန်ကုန်မှာ ကျောင်းလာတက်တော့မှပဲ ပြဿနာ တက်တာပဲ…နင်စကားပြောတာ ရိုင်းတယ်နော် တဲ့။ သမီးလည်း သူတို့ပြောမှပဲ သတိထားမိတော့တယ်။ အခုတော့ တတ်နိုင်သလောက် သတိထားပြီး ပြောဖြစ်ပါတယ်။ တစ်နယ်တည်းသား သူငယ်ချင်းတွေနဲ့ဆိုရင်တော့ ထိန်းမနေတော့ဘဲ ပြောဖြစ်ပါတယ်။ သေချာစဉ်းစားကြည့်မှပဲ အဲဒီ “စမ်း” တစ်လုံးက တော်တော်ရိုင်းတယ်ဆိုတာ သတိထားမိတယ်။ တစ်ခါတစ်လေတော့လည်း ဒေသနိယ စကားတွေက ချွင်းချက်တွေ ဖြစ်နေတတ်တယ်ထင်တယ်နော်..ဆရာမ..
Nyein Nyein
June 26, 2012 at 12:20 pm
တီချယ်ကြီးပြောတာတွေက ဘွားဘွားကြီးနဲ့ မေမေတို့ ပြောတာတွေနဲ့ တူတူပဲနော်။ တစ်ချို့အချက်တွေကိုတော့ လုပ်နိုင်ပေမယ့် တစ်ချို့ကိုတော့ ကြိုးစားဆဲပါ။ စကားကိုတော့ အတတ်နိုင်ဆုံးချိုချိုသာသာ ပြောပါတယ်။ စိတ်ဆိုးပြီးဒေါသထွက်လာရင်တော့ မအော်ဟစ်တတ်ပေမယ့် ခြေဆောင့်တတ်ပါတယ်။ အဲဒီ့အကျင့်လည်း ပျောက်ခါနီးပါပြီ။ ( ခြေဆောင့်ရင် မေမေကရိုက်တတ်လို့ပါ။ :cry:) ပုံမှန်ဆိုလျှင်တော့ ခြေနင်းမကြမ်းပါဘူး။ တီချယ်ကြီးပြောတဲ့ အချက်တွေထဲမှာ လက်ရှိလိုက်နာကျင့်သုံးနေပြီးသားဖြစ်တာရှိသလို ကြိုးစားနေဆဲတွေလည်းရှိပါတယ်။ အတတ်နိုင်ဆုံးကြိုးစားသွားပါမယ် တီချယ်ကြီးရှင့်။
နေဝန်းနီ
June 26, 2012 at 12:29 pm
လက်ဦးဆရာ မြည်ထိုက်စွာ ပုဗ္ဗာ စရိယ မိနဲ့ ဖ ဆိုလားပဲ ဆရာမကြီးရေ့…။ မိဘပြီးရင် တာဝန်အရှိဆုံးက တော့ ကျောင်းက ဆရာ ဆရာမတွေလို့ ထင်ပါတယ်…။ ဒါပေမဲ့ ဆရာ ဆရာမ တွေ ကိုယ်၌ က ………….. အင်း ပြောတော့ပါဘူးလေ…။ ဂိုဏ်းသင့်မှာကြောက်တယ်………။
မဂွတ် ထော်
June 26, 2012 at 12:51 pm
အော်ဟစ်ပြောရမှအားရသူတွေ တွေ့ဖူးမှာပါ။ တကယ်တော့ ကိုယ့် အိမ်အတွင်းမှာပဲဖြစ်စေ
တတ်နှိုင်သမျှ သိမ်မွေ့စွာပြောသင့်ကြပါတယ်။ ကျယ်ကျယ်လောင်လောင် အော်စရာမလိုဘဲ
ကြားနှို်င်နဲ့ အကွာအဝေးကနေ သွားပြောနှိုင်ရင် အကောင်းဆုံးပေါ့နော်။
ကောင်းပါတယ်အဒီစာသားလေး
mocho
June 26, 2012 at 1:19 pm
တီချယ်ကြီးရေ
အဖိုးတို့ ၊အဖွားတို့ ရှိတုန်းက အမြဲ ပြောခဲ့ တာတွေနဲ့ တထပ်တည်းပါပဲလား။ အမြဲ ပြော ခံရတယ် ဆိုတည်းက ကျမတို့ မောင် နှမတွေ အကျင့် ကို မှန်းကြည့် လို့ရနေပါပြီ။ အဖိုး၊အဖွားတွေ မရှိတဲ့ နောက်ပိုင်းတော့ ခြေနင်း မကြမ်းတာနဲ့ ၊ အပြင် သွားရင် နှုတ် ဆက် တာက လွဲ လို့ ကျန်တာတွေတော့ ………။
စကားပြောရင် ကျယ်ကျယ် ပြောတတ် ၊ သိပ်မကြည် တဲ့ သူဆို တမင် တကာ မာတောင့် တောင့်ပဲ ပြောတတ် ၊စိတ်မထင်ရင် ဝုန်းဒိုင်ကြဲတတ်၊ သူများကို အမြင်ကက်ရင် သီချင်း အကျယ် ကြီး ဖွင့်တတ်…..။
၁ဝတန်းအာင် ပြီး လောက်ကတည်းက အမေ့ကို ငွေကြေးအားဖြင့် တတ်နိုင် သလောက် ကူညီ ပေးခဲ့ ရာကနေ အလုံးစုံ ထောက်ပံ့ ပေး နေ တဲ့ ခုချိန်ထိ လိုလေသေး မရှိအောင် စီစဉ် ပေး ပေမယ့် ၊တနှစ်တခါ မွေးနေ့ ၁ ရက် ကလွဲလို့ ကိုယ်ထိလက်ရောက် မကန်တော့ ဖြစ်၊ ..အခုတော့ ရန်ကုန် ပြန်တဲ့ အချိန် ရောက် ရောက်ချင်း ၁ခါ၊ ပြန် မယ့် ရက် ၁ခါ ကန်တော့ ဖြစ်….။
ဘုရားကို အကြာ ကြီး ရှိခိုးတတ် လို့ ဘုရားစင် ရှိ တဲ့ အပြင် ဘက် မှာ မရှိခိုးပဲ အိပ်ရာ ထဲ မှာပဲ ရှိခိုး ဖြစ်တာလည်း နှစ်တော်တော် ကြာခဲ့ပါပြီ။ .
…….အောင်မှတ် တောင်မရလောက်ဘူးထင်ပါရဲ့ ……။
TTNU
June 27, 2012 at 11:01 am
မွန်မွန်ရေ… “ဘုရားဆိုတာ ရှိခိုးနေမှမဟုတ်ဘူး…နှလုံးသားထဲမှာ
ဘုရားတည်ထားတယ်” ဆိုတာလေးတော့ ဆွေးနွေးပါရစေ။ နှလုံးသားထဲမှာရှိ
နေရုံနဲ့တောင် မလုံလောက်ပါ။ မိမိကိုယ်တိုင်ကျင့်ကြံအားထုတ်ရတဲ့ ဘာသာယုံကြည်
မှုကြောင့်ပါ။
(သမီးတို့ နယ်ဘက်မှာက စကားပြောရင် “စမ်း” ဆိုတာကို ထည့်ပြောတတ်ကြပါတယ်။)
ဆိုတော့ ဘယ်နယ်ကလဲဟင်။ လေသံ (Tone) တော့ ကွာမယ်ထင်ပါတယ်ကွယ်။
ဘာသာစကားတစ်ခုမှာ (Tone) (Accent) တို့ပေါ်မူတည်ပြီး ရိုင်းတယ် မရိုင်းဘူး
သိသာမှာပါ။
Nyein Nyein ရေ…
(တီချယ်ကြီးပြောတာတွေက ဘွားဘွားကြီးနဲ့ မေမေတို့ ပြောတာတွေနဲ့ တူတူပဲနော်။)
ဟုတ်ပါ့။ တီချာကလည်း သမီးတို့ ဘွားဘွားကြီးအရွယ်ပါပဲကွယ်။
ဆရာနေရေ…
(မိဘပြီးရင် တာဝန်အရှိဆုံးက ကျောင်းက ဆရာဆရာမတွေလို့ထင်ပါတယ်…။
ဒါပေမဲ့ဆရာဆရာမ တွေကိုယ်၌ က) ဆိုတဲ့ အတွေးလေးကို ကန့်ကွက်စရာမရှိပါ။
ဒီလိုနဲ့ မိဘကမအား၊ ဆရာဆရာမက ကိုနေပြောသလို …… ဆိုရင် ဒီအရိုင်းစိုင်း
ဖြစ်လာမဲ့ ကျမတို့ရဲ ့ အနာဂတ်ကောင်တွေကို ဘယ်သူဘာလုပ်ပေးမှာလဲဟင် ❓
ကောင်းပါတယ်အဒီစာသားလေးလို့ မန်းပေးတဲ့ မဂွတ်ထော်ရေ…
မကောင်းတာရှိရင်လည်းသင်ကြားပေးပါဦးနော်။
မိုချိုရေ…
ဘုရားဝတ်တက်တာကိုဘုရားခန်းမှာဆယ်မိနစ်ဆယ်ငါးမိနစ်လောက်ကစပြီး
သတ်မှတ်ကြည့်ပါလား။ အကြာကြီးအိပ်ရာထဲကရှိခိုးတာကတစ်ပိုင်းပေါ့။
ရေချမ်းဆီမီးကပ်ပြီး ဘုရားဂုဏ်တော်ပုံဖော်အာရုံပြုရတာ စိတ်ပိုကြည်လင်စေပါတယ်ကွယ်။
မွန်မွန်
June 28, 2012 at 11:31 am
ဟုတ်ကဲ့ ဆရာမ…အိပ်ချင်စိတ်နဲ့ ဘုရားမရှိခိုးချင်တဲ့ သမီးရဲ့ ဆင်ခြေပေါ့နော်… 🙂
“စမ်း” ထည့်ပြောတာကတာ့ ဘယ်လို tone လို့ပြောရမလဲမသိဘူး…ဒီအတိုင်း လေသံနဲ့တစ်ဆက်တည်း ထည့်ပြောလိုက်တာ… အခုတော့ ကိုယ့်ထက်ငယ်တဲ့ သူတွေက သမီးကို စမ်း ထည့်ပြောရင် နားထဲမှာ ကန့်လန့်တော့ ဖြစ်မိတယ်။ 🙂
ခုမှ သိတာပေါ့ ဆရာမရယ်…။
သမီးက ဒေးဒရဲမြို့ကပါ။ သမီးတို့မြို့က တစ်ချို့စကားလုံးတွေကို ဟထိုးသံထည့်ပြောကြတယ်။ ည ကို ညှ၊ မုန်တိုင်းကို မှုန်တိုင်း၊ နေ့ခင်း ကို နှေ့ခင်း.. သမီးလည်း ရန်ကုန်ကို ကျောင်းလာတက်မှပဲ သူငယ်ချင်းတွေပြောလို့ သတိထားမိတာ။ ပြင်ပြောဖို့ စဉ်းစားပေမယ့်လည်း ဒေသိယစကားလေးကိုပဲ ပြောချင်လု့ိ မပြင်တော့ဘူး။ တစ်ချို့သူငယ်ချင်းတွေကတော့ ပြင်ကြတယ်။
မိုက်ကယ်ဂျော်နီအောင်ပု
June 26, 2012 at 2:44 pm
ဟုတ်ပါတယ်တီချယ်ခင်ဗျာ
စာပေထဲအဝင်ပါဖြစ်တဲ့ မြတ်စွာဘုရားရှင်တော်မြတ်ကို အမြင်ဖြင့်ကြည့်ညိုဖွယ်ရာအကြောင်းမှာ
ငြိမ်သက်သော ကိုယ်အိန္ဒြေသည်လည်း တစ်ပါး အပါဝင်ဖြစ်သည်လို့ ပါရှိတာကို ထောက်ရှု့ခြင်းအားဖြင့်
(က) ခြေနင်းသံပြင်းထန်ခြင်း အကြောင်းတွေကို ထောက်ခံပါတယ် တီချယ်
ရံအခါ သဘာဝ ( ကံ ) ကြောင့် ကိုယ်အိန္ဒြေမညင်သာခြင်းကို
မမေ့မလျှော့သော ပညာ ( သတိ ) ဖြင့်ဆင်ခြင်ရပါတယ်တီချယ်
လောကနိတိကို ဗေဒင်ကျမ်းဖြင့် ရောသမပြုသောအခါ
ခြေဖျားကို အထူးအားပြု၍ သွားသူသည် လောဘကြီးသောသဘောကိုစောင်ပါသည် ဟူ၍လဂေါင်း
ခြေဖနောင့်ဖြင့် အထူးအားပြု၍ သွားသူသည် ဒေါသကြီးသောသဘောကိုစောင်ပါသည် ဟူ၍လဂေါင်း
အဓိပ္ပါယ်ရရှိပါသည်တီချယ်
ဒါတွေကတော့ စာအုပ်ထဲပါတဲ့အကြောင်းတွေပါတီချယ်
တစ်ခါ ရုပ်ရှင်ကြည့်နေတုန်း ပေါ်တာ ဆိုပြီးထွက်ပြေးခဲ့ရတုန်းကတော့
ခြေဖဝါးနဲ့ပြေးသလား ခြေဖနောင့်နှင့်ပြေးသလား သတိမထားမိခဲ့ပါဘူးတီချယ်
ကိန်ကိန်
laypai
June 26, 2012 at 3:41 pm
ဆောက်လုပ်ရေး လုပ်ငန်းခွင်၊ လူနေရပ်ကွက် ထဲ က အသေးစား စက်မှု လုပ်ငန်းခွင် ကနေ ထွက်လာ တဲ့ welding light ကရော Light population ထဲ မှာ ပါ ပါ သလား ဆရာမ။
Light population က ဒီမှာ မရှိ တာ သေချာ တယ် ဆို တော့ ဘယ် လို light မျိုး က Light population လဲဆို တာ ဗဟုသုတ နည်း သော ကျနော် အား ပြော ပြပေး ပါ ဆရာ မ။
mamanoyar
June 26, 2012 at 3:44 pm
နိုရာလဲ အသံအကျယ်ကြီးပြောတတ်တဲ့ အကျင့်ရှိတယ်
တိုးတိုးပြောတတ်အောင် ကျင့်ပါ့မယ်ရှင်
may flowers
June 26, 2012 at 4:28 pm
ခြေသံကတော့ ငယ်ငယ်ကအဘိုးအဖွားတွေနဲ့နေခဲ့ ရတော့ဖြေးဖြေးနင်းမှကြိုက်တော့ဖြေးဖြေးနင်းရင်း
အကျင့်ပါသွားပြီး အပြင်းတော့ဘူး…အဲဒီတုန်းကထင်းခဲ့တယ် အဖွားကသူ့အိမ်ပြိုမှာစိုးလို့ပြင်းပြင်းမနင်း
ခိုင်းတာလားလို့ပေါ့……..။
အသံကတော့ အတင်းပြောရင်တိုးပြီး ကျန်အချိန်မှာသိပ်သတိမထားမိဘူး…ကျယ်မယ်ထင်ပါတယ်။
နှုတ်ဆက်ခြင်းတော့ သိပ်မလုပ်ဖူးပေမဲ့ အဖွားသင်ထားလို့အပြင်ဘယ်သွားသွား (ကျောင်းသွားတာကအစ)
ဘုရားရှစ်ခိုးသွားတတ်တဲ့ အကျင့်ကိုရခဲ့ပါတယ်..ခုထိအပြင်ဘယ်သွားသွား အရမ်းလောနေရင်တောင်
မတ်တပ်ရပ်ပြီး ဘုရားကိုအာရုံပြုတတ်တဲ့ အကျင့်လေးတော့စွဲနေပြီ။
စကားကိုအရမ်းကြီးချိုချိုသာသာမပြောဖြစ်ပေမဲ့ ကြမ်းကြမ်းတမ်းတမ်းတော့(ဒေါသထွက်ချိန်မှတစ်ပါး)
မပြောတာ သေချာပါတယ်။
သားဦး၊မြေးဦး
June 26, 2012 at 7:52 pm
တီချယ်နုရေ ကာလံ ဒေသံလို ့လဲ ပြောရမယ်ဗျာ။
ကျနော်တို ့နယ်ဖက်က လူတွေက စကားဆိုအကျယ်ကျယ်
ပြောမှ၊အဆဲလေးနဲ ့နှုတ်ဆက်မှပါ။ယဉ်ကျေးမှုလို ့ဖြစ်နေတ
ယ်လေဗျာ။
TTNU
June 27, 2012 at 11:27 am
ကိုပုရေ..
(ခြေဖျားကို အထူးအားပြု၍ သွားသူသည် လောဘကြီးသောသဘောကိုဆောင်ပါသည်
ခြေဖနောင့်ဖြင့် အထူးအားပြု၍ သွားသူသည် ဒေါသကြီးသောသဘောကိုဆောင်ပါသည် )
ဆိုတော့ မောဟကြီးသူတွေ ဘယ်လိုများ လျှောက်မလဲဆိုတာ သိချင်မိပါတယ်။ 😛
laypai ရေ.. Light population မဟုတ်ပါ။ Light Pollution ဖြစ်ပါတယ်။
အချို ့တိုင်းပြည်တွေမှာ ည အလင်းရောင်တွေ လင်းလွန်းလို့ နက္ခတ်တာရာတွေ၊
ကြယ်တွေ ကြည့်တဲ့သူတွေမှာ အလင်းတွေပြန်ပြီးဘာမှမမြင်ရလို့ စောဒကတက်ကြပါသတဲ့။
ဒါကို Light Pollution လို့ခေါ်ပါတယ်။ လေထုညစ်ညမ်းတာ Air Pollution ဖြစ်ပြီး
ဒါကတော့ အလင်းတွေများလွန်း၊ နှောက်ရှက်လွန်းတဲ့ သဘော ရေးကြတာပါ။
နိုရာရေ… စာဖတ်ပြီးတစ်ခုခု အကျိုးရှိရင် တီချာ ဝမ်းသာပါတယ်။
may flowers ရေ.. ပန်းတွေအများကြီးပါလား။ သိမ်မွေ့သူလေးဖြစ်မယ်ထင်ပါတယ်။
သားဦးမြေးဦးရေ…အဲတော်။ ရှင်လည်းအဲဒီအတိုင်းပဲလား။ မန္တလေးလာရင် ဆဲပြောရင်
ရိုက်မှာနော်။
မေတ္တာဖြင့်
တီချာနု
ကိုပေါက်(မန္တလေး)
June 26, 2012 at 11:01 pm
1 ခြေအနင်းကြမ်းလို့ အသံမြည်လို့ အဖွား ကဆူရင် ဒါလေးများ လို့ ပြန်ပြောခဲ့မိပါတယ်။
(အခုအောက်ထပ်မှနေရတော့ အပေါ်က တဒုန်းဒုန်းနဲ့လမ်းလျောက်သံကြားရင် အဖွားကို သတိရမိပါ၏)
2အစကတော့ တိုးတိုးပါဘဲ နောက် အရှိန်မြင့်လာတဲ့အခါ လေသံလဲမြင့်လာတော့
ဆူညံသံအဆင့်ရောက်သွားတာ သတိမထားမိတော့ပါ
3 အခုလင်မယားနှစ်ယောက်ထဲနေတော့ နုတ်မဆက်လို့ မရ ဘူးလေ
4 စိတ်မတိုသမျှကာလ ပါတ်လုံးချိုအောင်ပြောဘု့ိလေ့ကျင့်ထားပါတယ်။
ကိုယ့်ဘာသာကိုယ်အမှတ်မပေးတော့ဘူး ကြိုက်သလောက်သာပေး ပေတော့ ။
စာမေးပွဲကျရင်လဲ ပြန်ဖြေလို့ မရနိုင်တော့ဘူး ထင်ပါတယ်
နုပ်ခမ်းကို တစ်ဖက်နင်းထားတဲ့အရွယ်ရောက်နေပြီလေ
ရှမ်းပြည်သား (တောင်ပိုင်း)
June 27, 2012 at 9:00 am
တီချယ်ရေ…..
ခြေနင်းသံပြင်းထန်ရင်….သူ့ကိုခုံဖိနပ်ပေးစီးလိုက်ပါ…အိမ်တွင်းမှာပါစီးခိုင်းလိုက်….
အဲဒါဆိုရင်သူ့အကြောင်းသူသိသွားပါလိမ့်မယ်…..
ဆူဆူညံညံလုပ်တတ်တဲ့သူတွေကိုတော့………
ကျွန်တော်တို့ရှမ်းပြည်ကအနက်ရောင်နယ်မြေတွေဆီလွှတ်လိုက်ပါ…..
အသံတစ်ချက်ထွက်ရင်ကျည်တစ်တောင့်ဝင်မှာမို့သင်ခန်းစာပေးပြီးသားဖြစ်သွားပါလိမ့်မယ်…
နှုတ်ဆက်တယ်ဆိုတာကတော့ကျွန်တော့်ရဲ့မိသားစုမှာ……
အမြဲလိုကျင့်သုံးရပါတယ်….နေကောင်းလား…..အလုပ်အဆင်ပြေတယ်မလား…..
နှုတ်ဆက်တယ်ဆိုတာထက်….ခွင့်တောင်းတာ…မေးမြန်းတာမျိုးဖြစ်တဲ့….
သားဒီနေရာသွားလိုက်ဦးမယ်….ကျွန်တော်ကပြောရင်…အေးသားသွားဘယ်အချိန်ပြန်လာမှာလဲ….
ညကိုးနာရီမထိုးခင်ပြန်လာပါမယ်အစရှိသဖြင့်ပေါ့….ပြောတဲ့အတိုင်းပဲကိုးနာရီမထိုးခင်ပြန်ပါတယ်….
မိဘတွေကိုကြောက်တယ်ဆိုတာထက်…..မိဘတွေကကိုယ့်အပေါ်မှာထားတဲ့ယုံကြည့်မှုကို
ပြန်လေးစားသမှုပြုတာဖြစ်ပါတယ်……မိသားစုစိတ်ဓါတ်ဆိုတာမျိုးပေါ့……
နားဝင်ချိုစကားကတော့ပြောကိုပြောရပါတယ်….
ကျွန်တော်တို့လျှာနှစ်ခွလူတွေဂီတို့လိုမာကတ်တာတွေအတွက်ကတော့
နှုတ်ချိုခြင်းဟာကျွန်တော်တို့ရဲ့ထမင်းရှင်ပဲဗျ………….
နောက်ဆုံးတစ်ခုကတော့တီချယ်ရေ…..
မိသားစုတစ်စုမှာ…..အဖေ့ကိုသတ်သတ်အရင်ထမင်းစားစေတယ်ဆိုတာ….
မိသားစုအချင်းချင်းရင်းနှီးမှုနဲနေတယ်ဆိုတာကိုပြတာပဲဗျ…..အဲဒါကမြန်မာ့ဓလေ့ထုံးစံမှာမရှိဘူး….
မြန်မာတွေမှာလက်ရည်တစ်ပြင်တည်းဆိုတဲ့စကားအတိုင်းပဲရှိတယ်…..
အိမ်တစ်အိမ်မှာမိသားစုထမင်းဝိုင်းဟာ …အဲဒီအိမ်ကမိသားစုအားလုံးရဲ့အရည်အချင်း
ဘယ်လောက်ရှိသလဲဆိုတာကိုပြတာဗျ……မိသားစုထမင်းဝိုင်းမှာပြောတဲ့….
ကိုယ့်ထက်အကြီးတွေရဲ့စကားဟာဘယ်လောက်တန်ဖိုးရှိသလဲဆိုတာ…မိသားစုနဲ့မိဘတွေနဲ့
ခွဲခွာဖူးတဲ့သူတွေအကုန်နားလည်နိုင်ပါတယ်……
တစ်ယောက်တည်းထမင်းစားဖူးတဲ့သူတွေပိုသိပါတယ်……..
mayjuly
June 27, 2012 at 11:30 am
(က) ခြေနင်းပြင်းတာကတော့ ငယ်ငယ်ကပါ..ခု အသက်အရွယ်က စကားပြောလာတော့ အလိုလိုပြင်လာနိုင်ပါပြီ …
(ခ) ဆူညံခြင်းကို မကြိုက်သလို ကိုယ်ကလဲ ဆူညံခြင်း မပြု လုပ်ခဲ့ပါ …
(ဂ) နှုတ်ဆက်ခြင်းကတော့ ..ကိုယ်တိုင်က စကားနည်းသူဖြစ်နေတော့ ချိုသာစွာ ပြောတတ်ခြင်း မရှိ..ဟိဟိ
(ဃ) နဝင်ချိုအောင် မပြောတတ်တာကတော့ ခုထိပဲ …. ကိုယ်ပြောတဲ့အသံကိုက ခပ်မာမာဖြစ်နေတော့ … 😀
တီချယ်ပြောသလို အားလုံးကို လိုက်နာနိုင်အောင် စိတ်ကတော့ ပြုပြင်နေတာကြာပါပြီ.. ဒါပေမယ့် အပြုအမူက အကျင့်ဖြစ်နေတော့ ..
စိတ်သွားတိုင်းကိုယ်မပါဘူးဖြစ်နေတယ်ဗျ .. အဲတော့ စကားနည်း.. ရန်ဆဲဆိုသလိုပဲ တိတ်တိတ်လေးပဲ နေမိတော့တယ် …
TTNU
June 27, 2012 at 2:28 pm
ကိုပေါက်ရေ..
(ကိုယ့်ဘာသာကိုယ်အမှတ်မပေးတော့ဘူး ကြိုက်သလောက်သာပေး ပေတော့)ဆိုရင်A+ပါ။
ရှမ်းပြည်သား (တောင်ပိုင်း)ရေ…
(ကျွန်တော်တို့လျှာနှစ်ခွလူတွေဂီတို့လိုမာကတ်တာတွေအတွက်ကတော့
နှုတ်ချိုခြင်းဟာကျွန်တော်တို့ရဲ့ထမင်းရှင်ပဲဗျ) Sugar-coated တွေပေမဲ့ ဆေးစွမ်းရင်တော့
မဆိုးပါဘူးရှင်။
mayjulyရေ…
(စကားနည်း.. ရန်စဲဆိုသလိုပဲ တိတ်တိတ်လေးပဲ နေမိတော့တယ်) ဆိုပေမဲ့
“ဆိုရေးရှိကဆိုအပ်လှ၏” ဆိုတာလေးတော့ မေ့ထားလို့မဖြစ်ဘူးနော်။
မေတ္တာဖြင့်
တီချာနု
အလင်းဆက်
August 8, 2012 at 9:02 pm
တီတီနုရေ….
အားနေတုန်းလေး… တီတီနုရဲ ့စာတွေက်ု ပြန် ဖတ်နေမိတယ် ။