Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ပျားမြီးရွက်အပင် ကုသိုလ်

minn_annawarJuly 3, 20121min70519
သူရဇ္ဇမဂ္ဂဇင်းမှာ  ဆရာစောငုဝါ(ပျဉ်းမနား)ရဲ့   ဆီးချို၊သွေးချို ရောဂါဝေဒနာရှင်များအတွက် ပျားမြီးရွက်အပင် များလိုအပ်လို့   ဆရာရှိရာ ပျဉ်းမနားအထိ ခက်ခက်ခဲခဲ သွားရောက်ယူနေကြရသူတွေထဲမှာ ရန်ကုန်မြို့ နဲ့ အနီးအနားက လူများလည်းပါနေတာကို ဖတ်မိပြီး လွယ်ကူစေချင်တဲ့ အတွက်၎င်း၊ မိမိအိမ်မှာလည်း ပျားမြီးရွက်အပင် များ အောင်မြင်ဖြစ်ထွန်းနေတာဖြစ်လို့   ကုသိုလ်ယူလိုတာကြောင့် လာရောက်ယူဆောင်နိုင်ပါကြောင်း ဖိတ်ခေါ်အပ်ပါတယ်၊
လိပ်စာက- Captain Minn Aung,
အမှတ်(၁)အသောကလမ်း၊ ပြည်ထောင်စုရိပ်မွန်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့   ုဖြစ်ပါတယ်။
(တောင်ဒဂုံ၊မြောက်ဒဂုံဘက်သွားတဲ့ ငမိုးရိပ်တံတားထိပ် ညာဘက်၊ လေးထောင့်ကန်လမ်းနဲ့  အပြိုင်၊ အသောကလမ်း၊  ချောင်းမရောက်ခင် ၃ခြံမြောက်)

19 comments

  • water-melon

    July 3, 2012 at 11:29 am

    ဟုတ်ကျေးဇူးပါချင့်
    အနီးကပ်လေးဆို ပိုကောင်းမယ်ထင်တယ်
    အောက်ပင်စည်လေးလဲကြည့်ချင်တယ်
    အိမ်ကအပင်နဲ့တူသလားလို့
    အရွက်အသားက ခပ်ချောချော ဗြုတ်ရှဗြုတ်လေးလား
    အစိမ်းလိုက်စားရတာဆို
    တခါစား ၂ ရွက် ၃ရွက်လားမသိ

    • Khaing Khaing

      July 3, 2012 at 4:00 pm

      ဟဲ့တောင်မ ညည်းဆီးချိုဖြစ်ရင်သောက်ပေါ့အေ ……. ညည်းအပင်နဲ့တူလားမတူလား ငါလာကြည့်ပေးမယ် မန်းလေးရောက်ရင် ……….နာတောင် အဲဒီအိမ်ကတောင်းပီး ပွားထားတာ အခုဆို ချုံတောင်ဖြစ်ပေ့ါအေ ….. နာ့အဖေအတွက်ပေ့ါ ………

  • မောင်ပေ

    July 3, 2012 at 12:14 pm

    ပျားမြီးအရွက် တို ့၊ သိကြားမကိဋ်အရွက်တို ့ဟာ တော်တော်လေး အစွမ်းထက်ပြီး နာမည်လဲ ကြီးနေပါတယ် ။
    “လွန်ဘေး” ဆိုတာ မဖြစ်ရအောင် ၊ မည်သို ့မည်ပုံ ဆေးအဖြစ် သုံးသင့်သလဲ ဆိုတာလေးပါ ရေးပြပေးပါလား။

  • mamanoyar

    July 3, 2012 at 12:18 pm

    ဆီးချိုရောဂါပျောက်တာလားဟင်
    အခုလိုပြောပြပေးတာ
    ကျေးဇူးတင်ပါတယ်

  • စိန်ဗိုက်ဗိုက်

    July 3, 2012 at 12:24 pm

    သင်္ဘောရွက်လဲ ကင်ဆာရောဂါကို ပျောက်စေတယ် ပြောတယ်ဗျာ..
    ပြုတ်ပြီးတော့ သောက်ရတယ် ပြောတယ်..
    အနာတွေကိုတောင် သင်္ဘောရွက် မီးကင်ပြီး အုပ်ထားရင် သက်သာပြီး ပြည်တွေစုတ်ပေးတယ်ဆိုတော့..
    ဟုတ်ဖို ့များတယ်…
    သင်္ဘောပင်လေးတွေ စို်က်ထားကြ..

  • etone

    July 3, 2012 at 12:50 pm

    အခုလို ကုသိုလ်ယူစိုက်ပျိုးပေးတာ … အလွန်ကောင်းပါတယ် .. သာဓုလည်းခေါ်ပါတယ် …ဒါပေမယ့် ..
    ပျားမြီးရွက်အပင် ရလျှင်တောင် ဘယ်လို လုပ်ပြီး အသုံးပြုရမလဲဆိုတာ … သေချာ မသိသေးဘူးဆိုတော့ … ။

    လှူတဲ့ လူက စေတနာနဲ့ လှူတာကို ပရဆေးဆရာတွေ ၊ လာခူးပြီး စီးပွားဖြစ်ဆေးပြန်လုပ်ရောင်းမယ်ဆိုလျှင်တော့ .. … အို .. သူများတွေလှူနေတဲ့ အချိန် ငါဘာတွေလျှောက်တွေးနေမိပါလိမ့် 🙄

  • မမ အညာသူ

    July 3, 2012 at 12:55 pm

    ခုလိုပြောပြပေးတဲ့အတွက်
    အထုူးကျေးဇူးတင်မိပါတယ်

  • minnannawar

    July 3, 2012 at 1:15 pm

    ကုသနည်းအနေနဲ့ ပြောပေးရမယ်ဆိုရင်..
    ဦးစွာ သွေးချို၊ ဆီးချိုကိုစစ်ဆေးတိုင်းတာရပါသည်။
    (၁) ပုံမှန်ထက်အနည်းငယ်တက်နေပါက တစ်နေ့လျှင်ပျားမြီးရွက် တစ်ရွက်အားရေသန့်သန့်နှင့်ဆေးပြီး ဝါးစားရန်ဖြစ်ပါသည်။
    ဆီးချို၊ သွေးချိုသည်(၂၀၀)နှင့်(၃၀၀)ကြားရှိပါက နေ့စဉ်ပျားမြီးရွက် (၃)ရွက် စားရန်။
    အကယ်၍ (၄၆၀)ကျော်ထိဖြစ်နေပါက ပျားမြီးရွက် (၆) ရွက်မှ (၉)ရွက်အထိစားရန်။
    (၂) နောက်တစ်နေ့တွင် ဆီးချို၊ သွေးချို ကိုပြန်တိုင်းကြည့်ပါ။ ပုံမှန်ဖြစ်က ဆက်မစားပဲနေနိုင်ပါသည်။
    (၃) အကယ်၍ ဆီးချို၊ သွေးချို သည် ပျားမြီးရွက်အစားများပြီး တအားကျဆင်းသွားလျှင် ကော်ဖီ၊ လက်ဘက်ရည်၊ အချိုစသည့် စားစရာ ဖျော်ရည်တို့အား စားသုံးပါ၊ မူလအခြေအနေသို့ရောက်သွားသော အခါ အချိုရည် အစာကို ခေတ္တရပ်ထားပါ။

    အားလုံး ဆီးချို၊ သွေးချို ရောဂါ သက်သာနိုင်ကြပါစေ။

  • weiwei

    July 3, 2012 at 1:56 pm

    အိမ်မှာလဲ အဖေက ဆီးချိုဖြစ်နေလို့ အဲဒီအပင်ကို စိုက်ထားပါတယ် …
    ဆီးချိုအတွက် အလွန်ဆေးဖက်ဝင်တဲ့ အရွက်ဖြစ်ပါတယ် …

  • etone

    July 3, 2012 at 2:07 pm

    ကျေးဇူးပါနော် …. ကိုယ့်အမျိုးထဲမှာတော့ ဆီးချို သွေးချိုဖြစ်တဲ့ လူမရှိပေမယ့်.. သူများတွေကို လက်လှမ်းမှီသလောက်ပြောပြပါဦးမယ် .. ဆီးချို ၊ သွေးချိုက တကယ်ကြောက်ဖို့ကောင်းတယ် … အတက်အကျဆို လူကို မူးပြီး ချွေးစေးတွေ ထွက်လာတာ ရှော့ရတဲ့ အထိကို ဖြစ်တတ်တယ် ။ အတက်အကျမြန်လို့ ဆီးချို၊သွေးချို ရှိသူက .. သတိထားပြီး ကိုယ့်ကျန်းမာရေးကိုယ်ဂရုစိုက်ရမယ် … ။

    များသောအားဖြင့် သွေးတိုးတတ်တဲ့ အသက်လေးဆယ်ကျော်အရွယ်တွေမှာ အဖြစ်များပေမယ့် သွေးမတိုးပဲ … အသက်လည်း လေးဆယ်မကျော်တဲ့ လူတစ်ချို့မှာလည်း ဖြစ်ပွားတာ မြင်ဖူးပါတယ် … ဆယ့်ရှစ်နှစ်ကောင်မလေးတစ်ယောက် ဆီးချို ၊ သွေးချို ရုတ်တရက်ကျတာ မြင်ဖူးပါတယ် ။ လူတိုင်း လူတိုင်း ဆီးချို သွေးချိုတော့ ရှိမရှိဖောက်စစ်ထားသင့်တယ် … ရှိတဲ့ လူကလည်း ဆင်ခြင်ပြီးစားသောက်လို့ ရသလို ၊ မရှိတဲ့ လူကတော့ ခြောက်လ တကြိမ်လောက်မှ ပြန်ဖောက်စစ်လို့ ရတယ် .. ။

    ဆီး ချို သွေးချိုက ထိန်းနေလို့ရပေမယ့် သူ့ကြောင့်ဖြစ်တဲ့ နောက်ဆက်တွဲရောဂါတွေက ကြောက်ဖို့ကောင်းတယ် … ။
    %%%%%%%%%%%%%%%%%%%%%%

    ဆီးချိုရောဂါသည်များအတွက် အစားအစာ

    ဆီးချိုရောဂါသည် သွေးတွင် အချိုဓါတ်များသောကြောင့် ဖြစ်သည်။ ၎င်းရောဂါကို အစားအစာ၊ ဆီးချိုထိန်းသောက်ဆေးများ၊ အင်ဆူလင်ထိုးဆေးဖြင့်ကုသရသည်။ စနစ်တကျမကုပါက မျက်စေ့မှုန် ခြင်း၊ ကွယ်ခြင်း၊ ကျောက်ကပ်ဝေဒနာ၊ နှလုံးသွေးကြောကျဉ်းဝေဒနာများ ဆင့်ပါွး ဖြစ်လာလိမ့်မည်။ အစားအသောက်ကို စနစ်တကျ အထူးရှောင်ကျဉ်ရန် လိုအပ်ပါသည်။ ဝသော ပုတ်ဂိုများနှင့် အသက် ကြီးမှ ရောဂါ ပေါ်သော ပုတ်ဂိုများသည် အစားအစာထိန်းရုံမျှနှင့် ပုံမှန်ကျန်းမာရေးကောင်းမွန်လာနိုင် မည်ဖြစ်သည်။ ဆီးချိုသောက်ဆေးများမှာ နည်းလွန်းလျှင်လည်း အကျိုးမရှိဘဲ ပိုမိုသောက်ပါကလည်း သွေးထဲတွင် သကြားဓါတ်လျော့နည်းပြီး အသက်အန်တရာယ်ဖြစ်နိုင်သည်။ထို ့ကြောင့် ဆရာဝန်၏ ညွှန်ကြားချက်အတိုင်း မိမိအတွက် အသင့်တော်ဆုံး ဆီးချိုထိန်းဆေးကို အသင့်တော်ဆုံး ပမာဏအ တိုင်းမှီဝဲရမည်။ မိမိကိုယ်တိုင် ဆီးချိုစစ်ခြင်းနှင့် စိတ်ချရသော ဓါတ်ခွဲခန်းတွင် သွေးချိုစစ်ခြင်းများကို မကြာခဏဆောင်ရွက်ရမည်။ ကြားဖူးနားဝရှိသောအရွက်များကို ပြုတ်မသောက်ပါနှင့်။

    ၁။ လုံးဝရှောင်ရမည့် အစားအစာများ။ ။

    အချိုကဲသောအစာများ – ဥပမာ – သကြား၊ ထန်းလျှက်၊ ကြံသကာ၊ ချောကလက်၊ ရေခဲမုန် ့၊ ယိုအမျိုးမျိုး၊ အချိုရည်အမျိုးမျိုး၊ သရက်သီးနှင့် အခြားသောအသီးများ၊ ပျားရည်၊ ဟောလစ်၊ အိုဗာတင်း၊ အရက်နှင့်ဘီယာ။

    ၂။ တော်ရုံစားနိုင်သော အစားအစာများ။ ။

    ထမင်း၊ ကောက်ညှင်း၊ ခေါက်ဆွဲ၊ ပေါင်မုန် ့၊ ဘီစကစ်၊ အာလူး၊ သစ်သီး(အစို ၊အခြောက်)၊ ဥအမျု်ိးမျိုး၊ ကန်စွန်းဥ၊ နွားနို ့၊ သာကူ၊ ဒိန်ခဲ၊ ထောပတ်၊ အချိုမှုန် ့။

    ၃။ စားလိုသလောက်စားနိုင်သော အစားအစာများ။ ။

    ဟင်းရွက်အမျိုးမျိုး၊ ခရမ်းချဉ်သီး၊ ရှောက်သီး၊ အသားအမျိုးမျိုး (အဆီထုတ်ပြီး) ၊ ငါး၊ ပုဇွန်၊ ခါးသောအစာများ (ဥပမာ- ကြက်ဟင်းခါးသီး)၊ ဟင်းချိုရည်၊ ကော်ဖီ/လဖက်ရည် (သကြားမပါ၊ ဆက် ခရင်နှင့်ဖျော်) ၊ ပဲအမျိုးမျိုး၊ ကွေကာအုပ်၊ ငရုတ်ကောင်း၊ ဂေါ်ဖီထုပ်၊ မုန်လာဥ(အနီ၊အဖြူ)၊ မှို၊ ကြက် သွန်၊ ကန်စွန်းရွက်၊ ဟင်းနုနွယ်၊ သခွားသီး၊ ခရမ်းသီး၊ မာဂျရင်း။

    နမူနာအစားအစာများ

    နံနက်စာ- မုန် ့ဟင်းခါးအကြမ်းပန်ကန်၂လုံး(အရည်နှင့်) အကြော်ပါလျှင် မုန် ့ဖတ်လျှော့ (သို ့) နံပြား တချပ်၊ ပဲပြုတ်(၅) ကျပ်သား (သို ့) ပေါင်မုန် ့(လက်တလုံးအထူ) ၂ချပ်/ ဘီစကစ် ၆ချပ် (သို ့) ဆန်ပြုတ်အကြမ်းပန်ကန် ၂လုံး နှင့် ကော်ဖီ၊ လဖက်ရည်ကိုနို ့၊ ဆက်ခရင်တို ့နှင့် ဖျော်သောက်ပါ။

    နံနက်စာထမင်း- ထမင်း(ဇီးဘရားဇွန်း ၁ဝဇွန်း)

    အသားဟင်း (၅)ကျပ်သား(သို ့) ငါး (သို ့) ပုဇွန်။

    ကြက်ဥ (၂)လုံး

    ဟင်းရွက်ကြိုက်သလောက်၊ကြာဇံ၊ အားလူး(သို ့) ခေါက်ဆွဲပါလျှင်ထမင်းက်ိုလျှော့။

    နေ ့လည်စာ- ၎င်းငှက်ပျောသီးတလုံး(သို ့) နို ့တခွက် (သို ့) ဘီစကစ် ၂ချပ် (သို ့) ကန်စွန်းဥတလုံး (အလတ်)

    မှတ်ချက်။

    *အချို၏ကုန်ကြမ်းဖြစ်သောဆန်၊ ကောက်ညှင်းနှင့် ဂျုံတို ့မှလုပ်သော အစာများနှင့် မြေမှဥ သော အာလူးကဲ့သို ့သော အစာများကို တကြိမ်လျှင်တမျိုးစီသာ အလှည့်ကျ စားရျ် တွဲစားပါက တစ်ခုကို လျှော့ရန်။

    *ပိန်သောသူများနှင့် ပင်ပန်းစွာ အလုပ်လုပ်ရသောသူများသည် နမုူနာပြထာသော အစား အချိုးထက် အနည်ငယ်ပိုစားနိုင်သည်။

    *ဝသောသူများသည် ကိုယ်လေးချိန်လျှော့ချခြင်းဖြင့် မည်သည့် ဆေးဝါးမှမလိုဘဲ ဆီးချို ကိုထိန်းနိုင်ပါသည်။

    *အစာများကိုချေဖျက်ရျ် ချက်ပြုတ်ခြင်းထက် ချွေရျ်ချက်ပြုတ်ခြင်း၊ ကြော်လှော်ခြင်းထက် ပြုတ်ရျ်စားသုံးခြင်းကပိုရျ်သင့်တော်သည်။

    *အမျှင်များသောအစာများကို ရွေးရျ်စားပါ။

    • Khaing Khaing

      July 3, 2012 at 4:04 pm

      ဟုတ်ကဲ့ပါ မမတုံ အဲဒါကို အိမ်မှာကပ်ထားပါတယ် အဖေ့အတွက်ပါ ဒါပေသည့် အဖေက ကပ်ထား တဲ့နေရာမှာပဲ ထားပါတယ် သူစားချင်တာကို အသားကုန်စားပါသည် ……. လုံးဝမလိုက် နာပါ …….. ဒူးရင်းသီးကို အရမ်းစားချင်လို့ ၂မွှာ ၃မွှာစားပါသည် ပီးရင်တော့ ပျားမြီးဆွဲလေးကို ၂ရွက်စားလိုက်ပါသည် ……. အဖေကဆီချိုကို ၄၀ဝလောက်အထိတက်ဖူးပါသည် ညနေဆိုဆီးချိုကျတတ်ပါသည် ကျလျှင်အချိုကိုအမြန်စားရ ပါသည် ……..

      • etone

        July 3, 2012 at 4:47 pm

        မခိုင်ရေ .. ဆီးချို ၊သွေးချိုသမားတွေ …. စားချင်ရာစားတာလည်း ကြားဖူး မြင်ဖူးပါတယ်… ။
        အသည်းသန်ဖြစ်တော့မှ ချွေးစေးတွေထွက် တကိုယ်လုံးအေးစက်ပြီး .. မူးလာလိုလာနဲ့ .. နှုတ်ခမ်းတွေပါ ပြာလာတာမျိုး
        အသက်ဉာဏ်စောင့်ပေါ့ အစ်ရေ … ။ ဘေးကလူတွေက သတိထားပေးလိုက်ပါ … ။

  • ခပ်မိုက်မိုက် ကောင်မလေး

    July 3, 2012 at 3:53 pm

    အခုလို ပြောပြပေးထားတာ..
    ကျေးဇူးတင်ပါတယ်နော်…
    ပျားမြီးရွက်အပင်က…
    ဘယ်လိုနေရာ ဒေသမျိုးမှာမှ…
    ရှိနိုင်တာလဲ ဆိုတာပြောပြပေးပါလား..။

  • htoosan

    July 3, 2012 at 10:07 pm

    ကျေးဇူးတင်ပါတယ်ဗျ ဦးminnannawar နှင့် etone ။ ဆီးချိုသွေးချို ရှိသူများကိုပြန်ညွှန်းပါ့မယ်။
    လိုအပ်သူရှိလျှင်လည်း ညွှန်လို်က်ပ့ါမယ် ။
    ကျွန်တော်လည်းကြုံတဲ့ တစ်နေ့တော့လာယူပြီးစိုက်ထားချင်ပါသည် ။

  • တေလေငှက်

    July 4, 2012 at 10:13 am

    ဆီးချိုရောဂါဆိုတာထိန်းလို့ပဲရမယ်၊ကုလို့မပျောက်ပါဘူး။ Only treatable, not curable. ဆရာဝန်နဲ့သေခြာပြသပြီးကုသရပါမယ်။

    You can take a look at the Scientific Paper which was published on Singapore Medical Journal on the following link.
    http://www.sma.org.sg/smj/4101/articles/4101a2.htm

  • minnannawar

    July 4, 2012 at 10:19 am

    ခပ်မိုက်မိုက်ကောင်မလေးရေ..
    ပျားမြီးရွက်အပင် က (၁) မူရင်းတရုတ်ပြည်မှဖြစ်ပြီး မလေးရှားနိုင်ငံမှတဆင့် မြန်မာပြည်သို့ (၂၀၀၁-၂၀၀၂)မှာ ရောက်ရှိလာတယ်လို့ ပြောကြပါတယ်။ (၂)တိုင်းရင်းဆေးဌာနမှ သုတေသနပြုလုပ်ချက်အရ
    စားသုံးသူများအားထိရောက် အကျိုးရှိကြောင်းတွေ့ရသဖြင့် နိုင်ငံအနှံ့ဖြန့်ဝေခဲ့သည်။ စိုက်ပျိုးလွယ်၊ မျိုးပွားလွယ်သည်။ (၃)ဆီးချို၊ သွေးချိုကြောင့် ခွဲစိတ်ရန်ခက်ခဲနေသူများပင် ပျားမြီးရွက်အားသုံးစွဲခြင်းဖြင့် အဆင်ပြေသွားကြောင်းသိရှိရပါတယ်။ ဒါ စာတမ်းငယ်မှာပါတဲ့အတိုင်းရေးပြတာပါ။
    ဘယ်လိုနေရာဒေသမျိုးမှာမှ ရှိနိုင်တာလဲဆိုတာ အသေအခြာ မပြောနိုင်ပေမဲ့ ပေါက်လွယ် ဖြစ်ထွန်းလွယ်တာကတော့ လက်တွေ့ပါပဲ။ အညွန့် တစ်ခက်ကိုချိုးပြီး ရေစိမ်ထားရင်တောင် သုံးလေးရက်ဆို အမြစ်တွေထွက်လာတာတွေ့ရပါတယ်။ ဒီအတိုင်းထိုးထားရင်လဲ လွယ်လွယ်ကူကူ အပင်ဖြစ်လာတာတွေ့ရပါတယ်။ ရေငွေ့များတဲ့မိုးကာလဆို အတော်ပင်သန်စွမ်းပွားများလာကြောင်းတွေ့ရှိရပါတယ်။

  • minnannawar

    July 4, 2012 at 10:39 am

    တေလေငှက်ရေ..
    ဆီးချို၊ သွေးချိုရောဂါဆိုတာထိမ်းလို့ပဲရမယ်။ ကုလို့မပြောက်ပါဘူး။ ဆိုတာမှန်ပါတယ်။ ဒီရောဂါရှိမှန်းသိသိကြီးနဲ့ မဆင်မခြင်နေကြလို့ လက်ဖြတ်ရ၊ ခြေဖြတ်ရ နောက်ဆုံး အသက်ပါ ဆုံးရသူတွေတွေ့ဘူးလို့ ထိမ်းထားနိုင်ရင်ပဲ သက်တမ်းစေ့နေလို့ရအောင် ကုသိုလ်ပြုချင်တာပါ။ ကိုယ့်မှာ ဆီးချို၊ သွေးချိုရောဂါရှိမှန်း သိထားတဲ့သူဟာ အနေအထိုင် အစားအသောက် ဆင်ခြင်ခြင်းဖြင့်၎င်း၊ ပျားမြီးရွက် မှီဝဲပေးခြင်းဖြင့်၎င်း ကျန်းမာရေးစောင့်ရှောက်နိုင်ပါကြောင်း အသိပေးလိုခြင်း၊ ကုသိုလ်ပြုလိုခြင်းသာ ဖြစ်ပါတယ်။

  • snow white

    July 4, 2012 at 10:39 am

    လက်တွေ့စနိုးအဒေါ်လည်း ပျားမြီးဆွဲအရွက်ကို ညနေ စောင်းဆို စနိုးအဒေါ် ၃ရွက်စားတယ် ဆီးချို များလာရင်မနက် ၃ရွက်ညနေ၃ရွက်စားတယ် လက်တွေ့သက်သာပျောက်ကင်းပါတယ်။

    • ပစ်စလက်ခတ် မျက်ရည်

      July 4, 2012 at 10:46 am

      ကိုမိုးဇက် တွေ့ရင် စိတ်ထိခိယက်တော့မှာဘဲ ..ကျေးဇူးတင်ဇဂါး ပြောတုန်းကပြောပြီး …
      မှတ်ထားပါ သမီးရယ်… သမီးရဲ့ ….[- ့ ] ထွက်အောင် Shift + Y နဲ့ ရိုက်ရပါတယ်ဆို ..
      ပြောရင်း ..မျက်ရည် ဝဲလာပြန်ပါဘီလေ…
      🙁

Leave a Reply