Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဟိံသာနှင့် အဟိံသာ

ko speakerJuly 3, 20121min34514

တစ်လောက ရိုက်တာသတင်းတစ်ပုဒ် ဖတ်လိုက်ရသည်။ သေလုမြောပါး ဝေဒနာ ခံစားနေရသော ရစ်ငှက်တစ်ကောင်ကို ဗြိတိန်ဘုရင်မကြီး အဲလစ်ဇဘက်က လည်မျိုညှစ်သတ်သောသတင်း ဖြစ်သည်။ ယင်းသတင်းကို ဆန်းဒေးမိရာသတင်းစာ၌ ဓာတ်ပုံများဖြင့် ဖော်ပြထားသည်။ သေအံ့မူးမူး ဖြစ်နေသော ရစ်ငှက်တစ်ကောင်ကို ဘုရင်မကြီးက လည်မျိုညှစ်သတ်သော သတင်းသည် အင်္ဂလန်နိုင်ငံ၌ အတော်ကလေး ဂယက်ရိုက်ခတ် သွားစေခဲ့သည်။ အင်္ဂလန်နိုင်ငံ နော့ဖို့ရှိ ဆန်ဒရင်ဟမ…်ဘုရင့် နန်းတော်ဝင်း၌ ဖြစ်ပျက်သည့် အဖြစ်အပျက် ဖြစ်သည်။ ဝေဒနာခံစားနေရသော ရစ်ငှက်ကို ဘုရင်မကြီးက လည်မျိုညှစ်သတ်နေစဉ် မင်းသား ဖိလစ်နှင့် ဧည့်သည်တော်များလည်း ကြည့်ရှုနေကြသည်ဟု ဆန်းဒေးမိရာ သတင်းစာက ဖော်ပြထားသည်။

ဆန်းဒေးမိရာ သတင်းစာ၌ ယင်းသတင်း ပါလာသောအခါ တိရစာ္ဆန်များကို ညှင်းပန်းသတ်ဖြတ်ခြင်း ဆန့်ကျင်ရေးလှုပ်ရှားမှု အသင်းဝင်များက ဘုရင်မကြီး၏ လုပ်ရပ်ကို ဆန့်ကျင် ကန့်ကွက်ကြသည်။ ဘုရင်မကြီးက မည်သို့မျှ တုန့်ပြန်ပြောဆိုခြင်း မရှိဘဲ နောက်တစ်နေ့ တနင်္ဂနွေနေ့ ချာ့ချ်သို့ သွားသောအခါ သူ၏ ဦးထုပ်တွင် ရစ်ငှက်၏ အတောင်ပံများကို ထိုးစိုက်သွားသည်ဟု ဆိုသည်။

ဘုရင်မကြီး ယခုကဲ့သို့ ရစ်ငှက်ကို လည်မျိုညှစ်သတ်ခြင်းသည် တိရစာ္ဆန်တစ်ကောင်ကို ရက်ရက်စက်စက် သတ်ဖြတ်ခြင်းမျိုး မဟုတ်ဘဲ ဝေဒနာခံစားနေရသည်ကို မကြည့်ရက်သောကြောင့် ကိစ္စတုံး လုပ်ပစ်လိုက်ခြင်း ဖြစ်သည်ဟု ဘုရင်မကြီးဘက်က ရှေ့နေလိုက်သူများလည်း ရှိသည်။ သို့သော်လည်း ရစ်ငှက်ကို ဘုရင်မကြီး လည်မျိုညှစ်သတ်ခြင်းသည် ရစ်ငှက် ဝေဒနာခံစားနေရသည်ကို အဆုံးသတ်သွားအောင် ပြုလုပ်ခြင်းဖြစ်သည်ဟု အကြောင်းပြစေကာမူ ပတ်ဝန်းကျင် အနေအထားကို လေ့လာသုံးသပ်ကြည့်သောအခါ ဘုရင်မကြီး၏ ညှာတာမှုဝန်းကျင်၌ ရက်စက်မှု၊ ကြင်နာကင်းမှုများ လွှမ်းနေသည်ကို တွေ့ရသည်။ ဘုရင်မကြီး အပိုင်ဖြစ်သော အင်္ဂလန်နိုင်ငံ အရှေ့ပိုင်း နော့ဖို့ရှိ ဆန်ဒရင်ဟမ် နန်းတော်ဝင်းအတွင်း၌ သားကောင်များကို အပျော်ပစ်ခတ်ကြစဉ် ဘုရင်မကြီး၏ ခွေးတစ်ကောင်က ရစ်ငှက်ကို ကိုက်လိုက်ခြင်း ဖြစ်သည်။ ယခုဖြစ်ရပ်၌ ဘုရင်မကြီးဘက်က ခုခံကာကွယ် ပြောသူများ ရှိကြသော်လည်း ဆန့်ကျင်သူများကမူ ဘုရင်မကြီးသည် ရစ်ကိုပစ်သတ်ရာ၌ ပါဝင်နေသည်ဖြစ်၍ ရက်စက်သူတစ်ဦး ဖြစ်သည်ဟု စွပ်စွဲထားသည်။

ယင်းအဖြစ်မျိုး အိန္ဒိယနိုင်ငံ၌ တစ်ခါတုန်းက ဖြစ်ခဲ့ဖူးသည်။
မဟတ္တမဂန္ဓီသည် ဆန့်ငင်ဆန့်ငင် ဖြစ်နေသော ဆိတ်ကလေးကို မကြည့်ရက်သောကြောင့် ဆိတ်ကလေး ဝေဒနာခံစားနေရသည်ကို အဆုံးသတ်သွားအောင် ကိစ္စတုံး အလုပ်ခိုင်းလိုက်သည်။ ဤတွင် “အဟိံသာ” တရားကို ဘက်စုံရုပ်လုံးဖော်နေသူ မဟတ္တမဂန္ဓီလို ပုဂ္ဂိုလ်တစ်ဦးက ဆိတ်ကလေးကို အသတ်ခိုင်းခြင်းသည် “အဟိံသာ” တရားကို ရုပ်လုံးဖော်နေသူ၏ “ဟိံသာ” အကွက်တစ်ကွက်ဟု စွပ်စွဲကြသည်။ သို့ရာတွင် ယင်းဝေဖန်သံ စွပ်စွဲသံသည် ကျယ်လောင်ခြင်း မရှိဘဲ တိုးတိုး ညင်းညင်းသာ ထွက်ပေါ်လာပြီး ပျောက်ကွယ်သွားသည်။ အကြောင်းမူကား ဘုရင်မကြိး အဲလစ်ဇဘက်လို မဟုတ်ဘဲ မဟတ္တမဂန္ဓီ၏ ကရုဏာတရား၌ ရက်စက်ခြင်း၊ အညှာအတာကင်းမဲ့ခြင်း အရိပ်အယောင်များ လုံးဝ စိတ်သုဉ်းနေသည့် အတွက်ကြောင့် ဖြစ်သည်။

မဟတ္တမဂန္ဓီသည် ဆိတ်ကလေး ဝေဒနာခံစားနေရသည်ကို မကြည့်ရက်သည့် အတွက်ကြောင့်သာ အပြီးသတ်သွားအောင် အလုပ်ခိုင်းခြင်း ဖြစ်သည်။ မဟတ္တမဂန္ဓီ၏ လုပ်ရပ်အတွက် သူစွဲကိုင်ထားသော “အဟိံသ” လမ်းစဉ်ကို ညှိုးမှိန်သွားအောင် မပြုလုပ်ကြသည့်အပြင် ပိုပြီး ဝင်းလက် တောက်ပြောင်လာအောင်ပင် ပြုလုပ်ကြသည်ကို တွေ့ရသည်။ မဟတ္တမဂန္ဓီ၏ အဟိံသာ တရားသည် “နိဂေးတစ်” သဘောတရားမျှသာမက “ပိုစစ်တစ်” သဘောတရားလည်း အပြည့်အဝ ရှိနေသည်ဟု ပြောဆိုကြသည်။

14 comments

  • ကိုငြိမ်းအေး

    July 3, 2012 at 10:40 pm

    ယနေ့ခေတ်မှာလည်း
    သေခါနီး ဝေဒနာ အသည်းအသန် မခံမရပ်နိုင်အောင် ခံစားနေရသူများကို . . .
    တချို့ဆရာဝန်များက ညှင်သာစွာ သေဆုံးရအောင် ဆေးထိုးပြီး ကူညီပေးကြတယ်။
    တချိုကတော့ လုံးဝကန့်ကွက်ပြီး သူ့အရှိန်နဲ့ ဝေဒနာခံစားနေရပြီး သေတဲ့ဆီအထိစောင့်တယ်။
    ဘယ်ဟာက “ဟိံသာ”
    ဘယ်ဟာက “အဟိံသာ”ဆိုတာ စဉ်းစားဖို့ပါ။

  • kai

    July 4, 2012 at 4:17 am

    ဘုရင်မငှက်လယ်ပင်းညစ်သတ်တဲ့.. သတင်းကအမှန်ပါ…

    http://abcnews.go.com/International/story?id=82100&page=1#.T_NnNlL09aU
    Queen Under Fire for Killing Bird

    L O N D O N, Nov. 20

    Britain’s Queen Elizabeth has delivered a silent rebuke to animal rights activists who objected to her killing a wounded game bird with her bare hands.

    A day after she was criticized for wringing the neck of a pheasant that had been peppered with shot, the queen went to church on Sunday wearing pheasant feathers in her hat.

    The wounded pheasant had been retrieved by one of the queen’s dogs during a shooting trip at her estate at Sandringham in Norfolk, eastern England, on Saturday.

    The League Against Cruel Sports was quick to accuse the queen of promoting cruelty by taking part in pheasant shoots.

    By tradition, the queen does not speak out in response to media criticism, but royal aides made it clear that her feather-trimmed hat was a pointed gesture.

    “The queen would never enter into a public debate about whether she should be involved in country sports, but by displaying the feathers she has made her feelings plain without saying anything,” a royal aide said.
    ..

    The Associated Press and Reuters contributed to this report.
    ==
    ပိုပြီးဆွေးနွေးလို့ကောင်းအောင်.. အောက်ကသတင်းကူးတင်ပေးလိုက်တယ်..
    ဒီနေ့ပဲတက်လာတာ..

    ‘God particle’ does exist, scientists say

    San Francisco Chronicle – 16 hours ago
    The focus of the excitement is the Higgs boson, a subatomic particle that, if its existence is confirmed, could help explain why matter has mass, .

  • အရီးခင်လတ်

    July 4, 2012 at 4:38 am

    နှစ် ၂၀၀ဝ တုန်းကသတင်းပါ။
    http://news.bbc.co.uk/1/hi/uk/1031343.stm
    ဒီနေ့ ခေတ် ဘုရင်မကြီး က ဦးလေး ကိုသတ်ခဲ့တဲ့ အိုင်ယာလန် တော်လှန် ရေးခေါင်းဆောင် ကိုတောင် သွားတွေ့ပြီး လက်ဆွဲ နှုတ်ဆက် နိုင်အောင် သဘောထား ကြီးပါတယ်။

    လူတစ်ယောက် မှာ ပြောင်းလဲလို စိတ်ရှိခဲ့ရင် ၁၂ နှစ် အတွင်းမှာ အများကြီး ပြောင်းနိုင်ခဲ့ပါတယ်။
    မကောင်းတဲ့ အဟောင်း ကို ချီးခြောက်ရေနူး အချိန်ကုန်ခံ ပြန်ဖော်မလား။
    ကောင်းတဲ့ လက်ရှိ အနေအထား ကို အမှန်အတိုင်း ရှုမြင် ဝေဖန်သင့်သလား။
    ကိုယ့်သဘောပါဘဲ၊

  • Ko out of...

    July 4, 2012 at 7:50 am

    ဘုရားတရားမှာ ကိုယ်သိသလောက်လေးပြောရ မယ်ဆိုရင်…

    ရဟန်းတွေ အတွက် အပင်တပင် ကိုသတ်တဲ့ အပြစ်နဲ့ အကောင် ပလောင်ကို သတ်တဲ့ အပြစ်တူနေတာ

    တွေ့ရတယ်… ဘာလဲ ပါစိတ်ဆိုလား?…ဒါဆို ရဟန်းတွေဖြစ်ပြီး အ ကောင်ပလောင်သတ်တာ တောင်မှ ပုံကြီးမချဲ့ဘဲ လူတွေသတ်ကျတော့ ဘာဖြစ်လို့ ပုံကြီးချဲ့နေရလဲ?..

    နောက်ရှည်လိုက်ဦးမယ်… ရဟန်းတွေ အတွက်ကျတော့ အကောင်သတ်တာ အပြစ်ကပါစိတ်တဲ့

    လူတွေသတ်တာကျတော့ သတ်တဲ့အကောင်ရဲ့ အမွေးပမာဏ အတိုင်းပြန်ခံရမယ်၊ အဝီစိငရဲမှာ ခံရမယ်

    ဆိုတာ တွေလည်း ယနေ့အချိန်မှာ စဉ်းစားစရာတွေဘဲ?…

    ရဟန်းဝိနည်းမှာ… စားလို့ မအပ်စပ်တဲ့ ဥပမာအပင် ပြန်ပေါက်နိုင်တဲ့ အသီးအစေ့ မျိုးဆိုရင် ရဟန်းတွေ

    အတွက်ဘုန်းပေးရင် မအပ်စပ်လို့ စားလို့ရအောင်…” ကပိယံ ကရောဟိ” လို့ ရဟန်းက ဆိုရင် ကပိယက

    ” ကပိယံ ဘန္တေ”လို့ပြန်ဆိုရတယ်… ရဟန်းစား လို့ရပြီ.လို့ပြောတာဘဲ..

    ဒါဆို စကားလုံးခပ်ရိုင်းရိုင်းနဲ့သုံးရရင် “ငါစားလို့ ရအောင် ငါ့ကို သတ်ပေး “လို့ပြောတာနဲ့ အတူတူဘဲ မဟုတ်လား?…

    အခုလည်း ဘုရင်မ၊ မဟတ္တမဂန္ဓီတို့ကို အပြစ်တခု လို့လိုက်မြင်နေမည့် အစား ..လူတွေ လက်တွေ့လောကဘဝမှာ အသုံးချလို့ရတဲ့ တရားဟုတ်မဟုတ် စဉ်းစားရမှာ..
    လက်တွေ့လောကမှာ အသုံးချလို့ မရတဲ့ စာတွေ့ဟာ ဘာလုပ်မလဲ? သုံးလို့ မရရင် လွင့် ပစ်ယုံဘဲပေါ့..

    ယနေ့လူ့လောကမှ လူတွေရဲ့ စားဝတ်နေရေး အတွက် .အကောင်ပလောင်တွေရဲ့ အသွေးအသားမပါဘဲ ရပ်တည်လို့ရော ဖြစ်နိုင်လား?..နောက်ဆုံး ကိုယ်ကမစားတာရင်တောင်မှ လူ့ အသုံးအဆောင်တွေမှာ သူ
    တို့ သွယ်ဝိုက်တဲ့ နည်းနဲ့ ပါနေတယ်..

    .ဘုရားတရားဟာ လူတွေအတွက်ဟောပေးတာလား? လူစကားနာ မလည်တဲ့ တခြား အကောင်
    တွေ အတွက်ရော ဟောပေးတာလားဆိုတာ စဉ်းစားစရာတွေဘဲ?..

  • ဦးဦးပါလေရာ

    July 4, 2012 at 8:04 am

    မိုးပြာတွေရဲ့ ဆိုးရွားချက်က
    ထေရဝါဒဗုဒ္ဓဘာသာကို ထေရဝါဒဗုဒ္ဓတရားတော်တွေကို
    ဘာမှလဲ သေသေချာချာ မသိပဲနဲ့
    နားစွန်နားဖျား လောက်နဲ့၊
    စာတပိုဒ် သုတ္တန် တခုလောက် ကိုအရကောက်ပြီး
    ကိုယ်လိုရာဆွဲအဓိပ္ပါယ်ဖွင့်ပြီး
    မျက်စိမှိတ် ပစ်စလက်ခတ် ရှုတ်ချတော့တာပဲ…။

    ထေရဝါဒဗုဒ္ဓအဆုံးအမအရ-
    ၁-အပင်တပင်ကိုဖျက်ဆီးတဲ့ အပြစ်နဲ့ သက်ရှိသတ္တဝါကို သတ်တဲ့အပြစ် လုံးဝမတူပါ။
    ၂-အခြားသက်ရှိသတ္တဝါကို သတ်တဲ့အပြစ်နဲ့ လူကိုသတ်တဲ့အပြစ်လဲ မတူပါ။
    ၃-သတ္တဝါကိုသတ်ရင် သတ်တဲ့အကောင်ရဲ့ အမွေးပမာဏ အတိုင်းပြန်ခံရမယ်၊ အဝီစိငရဲမှာ ခံရမယ် ဆိုတာ မဟုတ်ပါ။
    ၄-” ကပိယံ ကရောဟိ” ဆိုတာ “ငါစားလို့ ရအောင် ငါ့ကို သတ်ပေး “လို့ပြောတာနဲ့ အတူတူ မဟုတ်ပါ။

    • me dain

      July 4, 2012 at 1:22 pm

      ဦးပါလေရာ..

      မိုးပြာ မိုးပြာလို့ ပြောနေမည့် အစား..

      စဉ်းစားလို့ရအောင်ပါ.. လူကိုသတ်ရင် ပါရာဇိက အာပတ်သင့်တယ်…အာပတ်သင့်ရင် ဘုန်းကြီး

      ဘောင်ကနေ နေခွင့်မရှိတော့ဘူး.. သင်္ကန်းချွတ်တာ မချွတ်တာ ရဟန်း အလုပ်မဟုတ်ဘူး..

      သူ့အပြစ်ကို သူသိတဲ့ အတွက် သင်္ကန်းဝတ်ပေမဲ့ ဒါရဟန်းဘဝ သူမရတော့ဘူး..

      အကောင်ပလောင် ရေပိုးမွှား သစ်ပင်မြေကြီး တွေကိုဖျက်စီးအောင်လုပ်ရင် ပါစိတ်အာပါတ်သင့်တယ်..

      ပါစိတ်အာပတ်က ဝန်ခံရင် အပြစ်လွတ်တယ် အပြစ် အင်မတန်ကွားခြားတယ်…

      လူနဲ့အ ကောင်တွေဟာ အသက်ခြင်းအတူတူဘဲ…ဒါဆိုသတ်တဲ့ အပြစ်းခြင်းသာ တူရင် ဘုရားကဘာဖြစ်လို့ အကောင်သတ်တာကို ပါရာဇိက ထဲမှာ မထည့်သလဲ? …
      လို့မေးစရာရှိပါတယ်..ဒါဆို သတ်တဲ့ အပြစ်ခြင်းက တူရတော့မလို ဖြစ်နေတယ်..

      ဒါဟိန္ဒူဘာသာမှာ အပြစ်တူတယ်လို့ယူဆတယ်… ဘုရားကတော့ ဒီလိုမယူဘူး…ဒီတော့ ဘုရားရဲ့အပြစ်သတ်မှတ်မှုဟာ အသက်နဲ့ သတ်မှတ်တာ မဟုတ်ဘူး…

      လူသားတွေရဲ့ ငြိမ်းချမ်းမှု မငြိမ်း
      ချမ်းမှုနဲဘဲ ကြည့်တယ်.. ဥပမာ ယနေ့ သဘာဝ ပတ်ဝန်ကျင်ကြောင့် ရာသီဥတု ဖေါက်ပြန်တာ
      ဒါလူတွေ မငြိမ်းချမ်းဘူး..ဘုရားက လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ထောင့် ငါး ရာကျော် ကတည်းက ဘုရားပညတ်ထားတယ်… ချွေချွေတာတာ သုံးစွဲဖို့ ရဟန်းတွေဆို သင်္ကန်း ၂စုံ ထက်မပိုရ စသည်တွေကို နားထောင် လိုက်ရင်လည်း သဘာဝဒီလောက်ပျက်စီးမှာ မဟုတ်ဘူး…ဒါထားလိုက်ပါ..

      တခုကြားဖူတာကတော့…အကောင်တွေသတ်ဖြတ်တာ အပြစ်မတူပုံ ကိုသူတို့ ဘယ်လို သတ်
      မှတ်လဲဆိုတော့?… အကောင်အကြီး အသေးပေါ်မူတည်တယ်တဲ့…ဥပမာ..ခြင်တစ်ကောင်ကို သတ်ရင် စေတနာ အဖြစ်နည်းတဲ့ အတွက် အပြစ်သေးတယ်လို့ပြောတယ်…နွားတကောင်ကို
      သတ်ရင် ချက်ချင်း မသေဘူး..စေတနာတွေ အကြိမ်ကြိမ် ဖြစ်တဲ့ အတွက်အကုသိုလ် စေတနာများရင် များ သလောက် အပြစ် အကြီးအသေးလိုက်ဖြစ်တယ်တဲ့…

      ဒါဆိုကျွန်တော်မေးမယ်ဗျာ.. အခု ဆင်လိုကြီးမှားတဲ့ အကောင်ကို စေတနာ နည်းနည်းနဲ့ တချက်တည်းနဲ့ သေအောင် သတ်လို့ရတဲ့ လက်နက်တွေလည်းရှိတယ်..ဒါဆို အပြစ်သေးတယ် လို့ပြောမလား? …

      • နွေဦး

        July 4, 2012 at 3:37 pm

        နဲနဲတော့ ဝင်ပြောပရစေ..
        သတ်တယ်ဆိုတာမှာ..အကောင် ကြီးကြီးသေးသေး..သူ့ အသက် သေတာပါ..
        သေတဲ့အသက် တခုချင်း ကတူတူပါဘဲ..။
        အသက်သေတဲ့အခါမှ အပြစ် ရှိတာ မဟုတ်ပါဘူး ။
        မသေမရှင်ဖြစ်ရင်လဲ အပြစ်ရှိတာပါဘဲ ။
        အပြစ်ရှိရင် ဒီအပြစ်ကို ခံရမှာပါ ။
        သတ်တဲ့ လူ က အပြစ်ကို ခံရမယ်လို့ အားလုံးက သတ်မှတ်ကြပါတယ် ။
        အဲ.. ဒီနေရာမှာ အပြစ်ခံရမဲ့ သူနေရာက ကြည့်ရအောင်ပါ ..။
        လူကိုသတ်မိ တဲ့အခါ သူခံစား ရမဲ့ ခံစားချက် နဲ့ ခြင်တကောင်ကို သတ်မိတဲ့အခါ ခံစားရတဲ့ ခံစားချက်
        ဘယ်ဟာက ပိုမယ်ထင်ပါသလဲ..။ ဒီခံစားချက် တွေ ဘယ်အချိန်မှ သူ့ရင်ထဲက ပျောက်မလဲ..။
        အကောင်သေးရင် လွယ်လွယ်နဲ့ မေ့နိုင် တယ်ဆိုပေမဲ့ အကောင်ကြီးလာလေ မေ့ဘို့ ခက်လာလေပါဘဲ ။
        လူတယောက်ကို သတ်မိတယ်ဆို သာမန်လူတယောက် (မရူးဘူးဆိုရင်) ဆိုရင် တသက်လုံး ဖြေနိုင်မှာမဟုတ်ဘူး ။
        ဒါကို အခြေခံပြီးမှ တရားအားထုတ်မဲ့ ပုဂ္ဂိုလ် တွေမှာ ဖြစ်လာမဲ့ အကျိုးသက်ရောက်မှု အပြစ် ကို အခြေခံပြီး
        ဗုဒ္ဓဘာသာ မှာ သတ္တဝါတွေကို သတ်တဲ့ အခါ ရရှိမဲ့ အပြစ် အတိမ်အနက် ကို သတ်မှတ် တယ်လို့ ယူဆနိုင်ပါတယ်..။
        တရားမကျင့် တရားမသိတဲ့ သူတွေအတွက်ကတော့ ဘယ်သတ္တဝါ သတ်သတ် အပြစ်ရှိတယ် မရှိဘူး ယူချင်သလို
        ယူကြ တာပါဘဲ..။
        သတ္တဝါတို့ သည် မိမိတို့ ပြုလုပ်သော စေတနာ (ကံ) သည် မိမိ အား အကျိုးဖြစ်၏ ။

    • ashinariya

      July 4, 2012 at 2:44 pm

      ဦးဦးပါလေရာ ထေရဝါဒအယူအဆနဲ့ မတူတာနဲ့ပဲ မိုးပြာဟု စွပ်စွဲခြင်းဟာ မသင့်တော်ပါဘူး။
      ဗုဒ္ဓမြတ်စွာ၏ အရိယသစ္စာကို ပြန်လည်ဖော်ထုတ်နိုင်ခဲ့ ဓမ္မဝိဟာရီဆရာတော်ဟာ
      ထေရဝါဒတရားတွေကို ကျမ်းကုန်အောင် လေ့လာအားထုတ်ပြီးသူတစ်ဦးဖြစ်ခဲ့တယ်ဆိုတာ
      http://www.ariyathitsa.org/html/ebooks.html မှာ ရှိတဲ့
      ဆရာတော်ကိုယ်တိုင် ရေးထားတဲ “ဉာဏကထာ” စာအုပ်မှာ လေ့လာကြည့်ပါ။

      • ဦးဦးပါလေရာ

        July 5, 2012 at 8:18 am

        (((ထေရဝါဒအယူအဆနဲ့ မတူတာနဲ့ပဲ မိုးပြာဟု စွပ်စွဲခြင်းဟာ မသင့်တော်ပါဘူး။)))

        ဆိုတာ မှန်ပါတယ်..။

      • ဦးဦးပါလေရာ

        July 5, 2012 at 8:20 am

        မိုးပြာ အယူအဆတွေကိုလဲ လေ့လာနေပါတယ်။
        ခက်တာက စာအုပ်အနေနဲ့ မရနိုင်တာပဲ။
        E book တွေ ဒေါင်းရတာ အဆင်မပြေလှသေးဘူး..။

  • Shwe Yi

    July 4, 2012 at 3:42 pm

    ရစ်ငှက်ခံစားနေရတာကို မကြည့်ရက်လို့သေအောင်သတ်လိုက်တာဆိုပေမဲ့ သူသတ်တဲ့သဘောသက်ရောက်သွားပါပြီ။

  • ဝမ်းတွင်းရူး

    July 4, 2012 at 6:50 pm

    ကမ္ဘာပေါ်မှာ ဥပဒေကခွင့်ပြုထားပြီး မိမိကိုယ်တိုင်
    သတ်သေပိုင်ခွင့်ရှိတဲ့နိုင်ငံရှိပါတယ်။မေ့နေလို ့ပါ။
    သိတဲ့သူများ ကူပါအုံး။

  • မိုက်ကယ်ဂျော်နီအောင်ပု

    July 5, 2012 at 2:22 pm

    လောကီသဘောနှင့် လောကုတ္တရာသဘောကို အတင်းဆွေမျိုးလိုက်စပ်နေဂျဒယ်လား
    ကျွတ်ကျွတ်ကျွတ်
    သနားစရာသတ္တဝါတွေ

Leave a Reply