Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

G-talk နဲ့Mobile ဖုန်းခေါ်မယ် …….

kalinkJuly 6, 20122min63220

 

 

 

 

 

 

 

 

နိုင်ငံ ၃ဝ ကို gtalk ကနေ အခမဲ့ အကန့်အသတ်မရှိ ဆက်သွယ်နိုင်တဲ့ နည်းလမ်းလေးပါ…
အသုံးပြုနည်းကတော့ ….

1. Google Talk ကိုဖွင့်ပါ။

2. ကိုယ်ဆက်ချင်တဲ့ ဖုန်းနံပါတ်ကို ပုံမှန် gtalk address တွေကို Add သလိုပဲ add လုပ်ပါ။

3. အဲလိုရိုက်တဲ့နေရာမှာ နိုင်ငံကုဒ်၊ ဒေသကုဒ်တွေကို ပါထည့်ပေးရပါမယ်။ gmail.com နေရာမှာ talkster.gtalk2voip.com ကို ပြင်ဆင်ရိုက်ထည့်ပေးပါ။

(phonenumber@talkster.gtalk2voip.com)
ဥပမာ: for UK, use 442071234567@talkster.gtalk2voip.com or for USA , use 12125551212@talkster.gtalk2voip.com

4.Talkster မှ ပေးပို့တဲ့ confirmation ကို instructions တွေနဲ့ အတူ မြင်ရပါလိမ့်မယ်။
တဘက်မှ သင်ဆက်သွယ်ချင်တဲ့သူသုံးဖို့ local Talkster number တစ်ခုကို ရရှိလာမှာ ဖြစ်ပါတယ်။
သူ့အနေနဲ့ အဲဒီနံပါတ်ကို ဖုန်းပြန်ခေါ်ဆိုရမှာ ဖြစ်ပါတယ်။

ဒီနေရာမှာ မရှင်းတဲ့ သူတော်တော်များများရှိလို့ ထပ်ပြောပြပါမယ်။
အဲဒီ နံပါတ်က ကိုယ့် ဂျီတော့အိုင်ဒီကို အဲဒီသူက အဲဒီနိုင်ငံကနေ ဖုန်းပြန်ခေါ်လို့ ရအောင် စီစဉ်ထားတာပါ။
Call back system သုံးဘူးတဲ့သူဆို သိပါတယ်။

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ကိုယ်က ဒီကနေ ခေါ်လိုက်တာနဲ့ သူ့ဖုန်းမှာ အဲဒီ နံပါတ်ပေါ်ပါတယ်။
ဆယ်စက္ကန့်ပြီးလို့ ကျသွားတာနဲ့ သူက အဲဒီ နံပါတ်ကို ပြန်ခေါ်လိုက်ရုံပါပဲ။
လွယ်ပါတယ်။ တကယ်လို့ သူ့ဖုန်းမှာ နံပါတ်မပေါ်ရင် ကို်ယ်က တနည်းနည်းနဲ့ ပို့ပေးပေါ့ဗျာ။ ဂျီမေးလ် ကိုတော့ အမြဲ အွန်ထားဖို့ လိုပါမယ်။

5. တကယ်လို့ mobile phone ကိုဆက်တာဖြစ်ခဲ့မယ်ဆိုရင်, သူ့အနေနဲ့ SMS ကတစ်ဆင့် သင့်ကိုပြန်လည်ဆက်သွယ်ရန် Talkster call-in number တစ်ခုကိုရရှိမှာဖြစ်ပါတယ်။
မရသေးဘူးဆိုရင် Talkster number ကို IM ဒါမှမဟုတ် email နဲ့ပေးပို့နိုင်ပါတယ်။
Make calls from your Google Talk

1. Google Talk Contact List က ကိုယ်ဆက်ချင်တဲ့ နံပါတ်ကို select လုပ်ပါ

2. Call button ကို Click လုပ်ပြီး စတင်ခေါ်ဆိုပါ။

3. Talkster က သင်ဆက်သွယ်လိုတဲ့ နံပါတ်ကို gtalk ကတဆင့် ဆက်သွယ်ပေးပါလိမ့်မယ်။

4. တကယ်လို့ တဘက်လူက ဖုန်းကိုင်ခဲ့မယ်ဆိုရင် သူစကားပြောဖို့ အားရဲ့လား ဆိုတာကို စစ်ဆေးဖို့ 10 secondsအချိန်ရမှာဖြစ်ပါတယ်။ သူ့ကို ဖုန်းချပြီး သင့်အတွက် ရထားတဲ့ Talkster local phone number ကို ပြန်ခေါ်ခိုင်းပါ။

5. သူပြန်ခေါ်တာကို စောင့်စားနေပါ။ (တကယ်လို့ သူပြန်ခေါ်ရမယ့် သင့်နံပါတ်ကို မသိသေးဘူးဆိုရင် တစ်နည်းနည်းနဲ့ ဆက်သွယ်ပေးပို့ပါ)

6. သူပြန်ခေါ်တဲ့ အချိန်ကစပြီး သင့်အနေနဲ့ ကြိုက်သလောက် စကားပြောဆိုလို့ ရပြီဖြစ်ပါတယ်။

7. ပြီးသွားရင် ဖုန်းချလိုက်ရုံပဲပေါ့။

8. တဘက်လူကို အဲဒီ Talkster call-in number လေးကို သိမ်းထားဖို့ သတိပေးပါ။ သူက သင့် Google Talk ကို ဖုန်းနဲ့ခေါ်ဆိုလိုတိုင်း အဲဒီ နံပါတ်ကို အသုံးပြု ဆက်သွယ်နိုင်ပါပြီ။

no catches, no limits, and no conditions! လို့ သူတို့က ဆိုထားပါကြောင်း။စိတ်မကောင်းစွာဖြင့် ဒီlist ထဲမှာစင်ကာပူနှင့် မြန်မာနိုင်ငံပါမလာပါဘူး …

ဆက်သွယ်လို့ ရတဲ့ နိုင်ငံ ၃၀ ဖော်ပြပေးလိုက်ပါတယ်။
Country name Country code Dialing code
Argentina AR +54
Australia AU +61
Austria AT +43
Belgium BE +32
Canada CA +1
Chile CL +56
China CN +86
Czech Republic CZ +420
Denmark DK +45
El Salvador SV +503
Finland FI +358
France FR +33
Germany DE +49
Hong Kong HK +852
Hungary HU +36
Ireland IE +353
Israel IL +972
Italy IT +39
Latvia LV +371
Lithuania LT +370
Luxembourg LU +352
Mexico MX +52
Netherlands NL +31
Norway NO +47
Peru PE +51
Poland PL +48
Romania RO +40
Slovakia SK +421
Slovenia SI +386
Spain ES +34
Sweden SE +46
Switzerland CH +41
United Kingdom GB +44
United States US +1
Helpful Hints
ဒီ service လေးကို သုံးဖို့ တဘက်လူမှ Caller ID ကိုဖွင့်ထားပေးဖို့လိုပါမယ်။
ဒီနည်းလမ်းနဲ့ တဘက်ကလူကို အဲဒီ service မှ မှတ်မိသိရှိပြီး ဆက်သွယ်ပေးနေတာ ဖြစ်လို့ပါပဲ။
login တွေ password တွေမလိုတဲ့ လွယ်ကူစွာ ဆက်သွယ်နိုင်တဲ့ နည်းလမ်းတစ်ခုဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါရစေ။

အသေးစိတ် သိလိုသေးရင်တော့ www.talkster.com ကို သွားရောက် ဖတ်ရှုနိုင်ပါတယ်။

ZEALOT မှကူးယူပါတယ်။

20 comments

  • etone

    July 6, 2012 at 1:39 pm

    နည်းပညာမျှဝေတဲ့ အတွက်ကျေးဇူးပါ … ။ ဒါပေမယ့်လည်း နိုင်ငံသုံးဆယ်ထဲ မြန်မာနိုင်ငံ မပါသေးဘူးပဲ …. ။
    ပြည်တွင်းဖုန်း အခေါ်များလို့ပါ …. ။
    အခု ဗိုဒ်ပါနဲ ့ခေါ်တာတွေ ခေတ်စားနေတယ် … ။ ဖုန်းခေါ်ခ အရမ်းသက်သာတယ် .. အင်တာနက်သုံးခပဲ ပေးရတာ … ။

    • Moe Z

      July 6, 2012 at 2:09 pm

      ဟုတ်ကဲ့ ဝိုင်ဖိုင်ရတဲ့နေရာဆို တစ်ပြားမှပေးစရာမလိုပါဘူး 😛

      • etone

        July 6, 2012 at 3:27 pm

        မေ့နေတာ မိုးဇက်ရေ .. အဟိ … အတော်ပဲ … ဟဲဟဲ 😉
        သတိပေးတာ ကျေးဇူး ။

  • ခေတ် လုလင်

    July 6, 2012 at 1:40 pm

    မြန်မာနိုင်ငံမပါဘူး ဆိုတော့ ဟူး……………..

  • char too lan

    July 6, 2012 at 2:12 pm

    စင်ကာပူမပါဘူး
    ရုရှားမပါဘူး
    ဘရူနိုင်းမပါဘူး
    ဘန်ကောက်မပါဘူး
    နယူဇီလန်မပါဘူး
    ………………..မပါဘူး
    …………မပါဘူး
    ငါအတွက်မဟုတ်တော့ဘူးပေါ့..
    ဝမ်းနဲလိုက်ဒါ 🙁

  • ဇောက် ထိုး

    July 6, 2012 at 3:09 pm

    ဒိဗ္ဗသောတ… ရအောင် မကျင့်တော့ဘူး…. ဒါလောက်ရှိ အလုပ်ဖြစ်တယ်။ ဒါက ကိုယ်ပြောချင်ပြောလိုက်..မပြောချင် ပိတ်ထားလိုက်… ဟို သောတ ဆိုတာကြီးက အမြဲများကြားနေရင် အခက်…

  • ခပ်မိုက်မိုက် ကောင်မလေး

    July 6, 2012 at 3:47 pm

    ကျေးဇူးတင်ပါတယ်နော်…
    မှတ်သွားပါတယ်…
    ဟီးးးးးးးးးးးးးးး

  • ခပ်မိုက်မိုက် ကောင်မလေး

    July 6, 2012 at 3:51 pm

    မြန်မာနိုင်ငံမပါသေးရင်…
    မဆက်နဲ့ပေါ့….
    ရှင်းနေတာပဲ……..
    နော်………။။။။

  • ဖိုးထောင်

    July 6, 2012 at 4:26 pm

    အနော်တို့တိုင်းပြည်မပါရင် မှတ်တော့ပါဘူး ဒါပေသိ ကျေးဇူးတင်ပါတယ်

  • snow white

    July 6, 2012 at 4:49 pm

    ရှင်းရှင်းလင်းလင်းရေးသားတင်ပြပေးတယ် နည်းပညာလေးတွေသိခွင့်ရလို့ကျေးဇူးတင်ပါတယ် တကယ်ကိုမှတ်သားသွားပါတယ် ။။

  • Phaung Phaung

    July 6, 2012 at 5:30 pm

    မလေးရှားလည်း မပါဘူးနော်… ကိုယ်ပဲမျက်စိရှမ်းလို့လား …

  • AKKO

    July 6, 2012 at 8:09 pm

    အိုဗာစီးကောခေါ်ခတော့ သက်သာသွားပေမယ့် နိုင်ငံစုံမပါတော့ မြန်မာနိုင်ငံကလူတွေ သိပ်သုံးရမတွင်ကျယ်လောက်ဘူးထင်တယ် ။
    တဖြည်းဖြည်းတော့ ဆားဗစ်ပေးနိုင်တဲ့ နိုင်ငံတွေများလာမယ်တော့ထင်ပါတယ် အချိန်အတိုင်းတာ တစ်ခုတော့စောင့်ရမှာပေါ့လေ ။

  • မောင်ပေ

    July 6, 2012 at 9:22 pm

    အဲဒီနိုင်ငံသုံးဆယ်ထဲက စကီအလန်းတွေကို ဖေ့ဘုတ်မှာ ရှာပြီး ၊ ဂျီတော့ဖုန်းနဲ ့ကြူတော့မယ်ဗျား..
    ပြန်လည်ဝေမျှပေးလို ့ကျေးဇူးတင်ပါတယ်။

  • ko win

    July 6, 2012 at 10:48 pm

    ကျေးးကျူးပါခင်ည။

  • P chogyi

    July 7, 2012 at 9:37 am

    ဲမြန်မာနိုင်ငံမပါဘူးဆိုလို့
    မဖတ်တော့ဘူး

  • ရှင်းသန့် နွယ်

    July 7, 2012 at 11:07 am

    ကျေးဇူးတင်ပါတယ်
    မှတ်သွားပါတယ်….

  • Aung Man

    September 20, 2012 at 12:05 am

    အခုလိုပြောပေးတာကောင်းတော့ကောင်းတယ်။
    ဒါပေမဲ့ applied မဖြစ်တာပဲ…just in formation ပေါ.။
    နောက်တခုက ဟိုဘက်ကပြန်ခေါ်ရင်…ပိုက်ဆံကုန်မကုန်မရေးထားဘူး။
    no catches ဆိုတာပဲတွေ့ရတယ်…
    ဘယ်လိုလဲမသိ…ဘာပဲဖြစ်ဖြစ်ကျေးဇူး….ပါ…

  • myanmar oscar

    September 20, 2012 at 1:42 am

    ဘာပဲဖြစ်ဖြစ်အသိပညာတစ်ခုရတာပေါ့…
    ကျေးဇူးပါ။

  • khant naing

    September 20, 2012 at 3:49 am

    ok, thank you very much. good luck.

Leave a Reply