Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မန္တလေးကမြီးရှည်………………….(ကိုလတ်ကြီးအတွက် သတိတရ)

2က မုန့်ဖတ်ကို ယူပြီး ပျော့အောင် ဟင်းရည်နဲ့ဖျောဘို့ပြင်
2ခ တကယ့်ကိုအကျအနလုပ်ပေးတာပါ
2 မုန့်ဖတ်ကို သေချာ ဟင်းရည်နဲ့အရင်ဖျောရပါတယ်
4အသားတွေညှပ်ထည့်
5 ထည့်စရာအဆာပလာ
5ခ အဆာပလာတွေက သပ်သပ်ရပ်ရပ်
6 စားဘို့အဆင်သင့်ပါဘဲခင်ဗျာ
7 ကဲ အချဉ်အစပ် ကြိုက်သလောက်ထည့်စား
8 ဟင်းရည်လဲရောက်ပြီ အမုန်းဆွဲပေတော့
9 အမုန်းဆွဲနော်……………………

“မန္တလေးက မြီးရှည်(ကိုလတ်ကြီးအတွက် သတိတရ)”

 

 

ဒီရီစရာလေးကပြောတော့ပြောဘူးပါတယ်။

ကျနော်တို့အိမ်ကို ဧည့်သည်လာတော့ သူတို့ကိုမနက်စာမုန့်လို်က်ကြွေးပါတယ်။

သူတို့ပြန်လာတော့ ဧည့်သည်ကို ဘာတွေကျွေးခဲ့လဲလို့ မေးရော။

သူတို့ထဲက ခပ်သွက်သွက် ကလေးတစ်ယောက်က

“ဝက်သားနဲ့သုပ်တဲ့မုန့်တီစားခဲ့တယ်……အရမ်းကောင်းတယ်”လို့ဖြေပါတယ်။

သူပြောတာ အစက သဘောမပေါက်။

ပေါက်လဲပေါက်ရော တစ်အိမ်လုံးရီလိုက်ကြရတာ ဝက်ဝက်ကွဲ။

မျက်ရည်များတောင်ထွက်အောင်ရီကြရတာပေါ့။

သူစားခဲ့တာ “မြီးရှည်”ပါ။

မသိတော့မုန့်တီကိုဝက်သားနဲ့သုတ်တယ်လိုထင်သွားတာကိုး။

ထင်လဲထင်စရာ ပုံစံခြင်းကတူတာကိုး။

မြီးရှည်ထဲ ထည့်စားတဲ့မုန့်ဖတ်က မုန့်တီနန်းလတ်နဲ့အရွယ်အစားဆင်ပါတယ်။

ဒါပေမယ့် မတူပါဘူး။

မြီးရှည်မုန့်ဖတ်က နည်းနည်းလေးအလုံးပိုသေးပါတယ်။

 

မြီးရှည်မှာပါဝင်တဲ့ပစ္စည်းတွေကတော

1.မုန့်ဖတ်

2.ကော်

3.ပဲငပိ

4.တိုရ(ခ)ပဲပင်ပေါက်

5.ကြက်သွန်ဖြူထောင်းအရည်နဲ့တရုပ်နံနံ

6.ဂျုံလုံးအကျွတ်ကြော်

7.ဝက်ဆီဖတ်ကြော်

8.ငရုတ်သီးနဲ့ဆီသတ်ထားတဲ့ ငရုတ်ဆီ

9.ကြက်သွန်ဖြူနဲ့ဆီသတ်ထားတဲ့ဆီဝါ

10.ကြက်သားအသား(သို့မဟုတ်)ဝက်သားအသားနှင့်ဝက်အဆီအခေါက်ပြုတ်ထားတာ

11.မုန်ညှင်းချဉ်(သို့မဟုတ်)မုန်လာဥချဉ် တွေပါဝင်ပြီးတော့

ဝက်သားပြုတ်ရည်ကို ဟင်းချိုအဖြစ်ချပေးပါတယ်။

မြီးရှည်ဆရာများရဲ့ အပြောကတော့ မြီးရှည်မှာ ကော်ရယ်၊ပဲငပိရယ်က အခရာဘဲဖြစ်ပါသတဲ့။

ကျနော်ငယ်ငယ်က မြီးရှည်သွားစားခဲ့ခါ မြီးရှည်သည်ကြီးမုန့်ပွဲပြင်တာကိုကြည့်ရတာအမော။

ဗန်းလေးထဲမှထည့်ပြီး အဝတ်ဖြူလေးနဲ့အုပ်ထားတဲ့ မုန့်ဖတ်ကို မုန့်တစ်ပွဲစာလောက်ယူမယ်။

ပြီး ဘယ်လောက်မှမရှိတဲ့ မုန့်ဖတ်လေး နှစ်ဖတ်သုံးဖတ်ကို  ထည့်ပြီးသားပုဂံထဲကနှုတ်တဲ့အခါနုတ်၊

ထပ်ဖြည့်တဲ့အခါဖြည့်ပေါ့။

(မပိုကြေးမလိုကြေး တိကျတဲ့သဘောဆောင်သပေါ့)

ပြီးရင်မုန့်ဖတ်ထည့်ထားတဲ့ပုဂံထဲကို ဝက်သားပြုတ်ဟင်းရည်ထည့်။

မုန့်အိသွားလောက်ပြီဆိုရင်ဟင်းရည်ကိုပြန်သွန်။

သာကူကိုကျိုထားတဲ့ကော်ထည့်မယ်။

ပြီးရင် ပဲငပိ အနေတော်ထည့်မယ်။

ကြက်သွန်ဖြူထောင်းပြီး တရုတ်နံနံထည့်ထားတဲ့အရည်ထည့်မယ်။

မုန်ညင်းချဉ်ထည့်မယ်။

အချိုမူန့်ထည့်မယ်(မကြိုက်ရင် ရှောင်တယ်ဆိုရင် မထည့်ဘူးပေါံ)

ပြီးရင် အစပ်စားနိုင်သူအတွက် ငရုတ်သီးဆီသတ်ထားတာထည့်ပြီး အစပ်မစားနိုင်သူတို့

ကလေးစားဘို့ဆိုရင် ကြက်သွန်ဆီသတ်ထားတဲ့ဆီဝါထည့်မယ်။

ပြီးမှ ဝက်သားသုံးထပ်သားရယ် အဆီအခေါက်ရယ်၊အသားရယ်ကို ကပ်ကြေးလေးတချပ်ချပ်နဲ့

ညှပ်လို့ထည့်မယ်။

ဂျုံလုံးကို မကြွတ်တကြွတ်ကြော်ထားတာလေးတွေကို အနေတော်ညှပ်ထည့်မယ်။

အပေါ်ကနေ ဝက်ဆီဖတ်ကြော်လေးဖြူးပေးလိုက်မယ်။

(သူ့ပစ္စည်းနဲ့သူအဆင့်လိုက်လေးကို ဇယ်ဆက်သလို သူ့အချိ်န်အဆနဲ့သူထည့်သွားတာ

ကိုက ကြည့်လို့ လှတာပါ)

ဒါဆိုစားလို့ရတဲ့အဆင့်ရောက်သွားပါပြီ။

ဝက်သားတွေဝက်ခေါက်တွေထဲကို ဇစုသီးထည့်ပြုတ်ထားထဲ့ ဟင်းရည်ပူပူလေးထဲကို ပဲငပိလေးနည်းနည်းထည့်ပြီး အစပ်ပြေ အအီပြေ တွဲသောက်ရုံပါဘဲ.။

(အခုခေတ်မှာတော ့ ဂျုံလုံးကြော်အစား အလွယ်ရတဲ့အီကြာကွေးကိုညှပ်ထဲ့သလို

ဝက်ကလီစာဖြစ်တဲ့ ကျောက်ကပ်၊အသဲ၊အူ၊အူနုတို့ နှာနုတို့ အမြီးတို့ထည့်သုတ်တဲ့

ထူးထူးဆန်းဆန်းဆိုင်လေးတွေလဲရှိလာပါတယ်)

မြီးရှည်သယ်တိုင်းမှာ တူညီတဲ့အချက်ကတော့ “ကော်”ရယ် ပဲငပိရယ်ကို

အကောင်းဆုံးဖြစ်အောင်ဖန်တီးကြတာပါဘဲ။

မြီးရှည်ကလဲဒီ  “ ကော်  “မကောင်းရင်လုံးစားမကောင်းပါဘူး။

ပဲငပိက ငံလွန်းရင်လဲမကောင်း ပေါ့လွန်းရင်လဲမကောင်း။

ဒီတော့ ပဲငပိကိုလည်းအတော်လေးဂရုတစ်စိုက်နဲ့ကိုယ်တိုင်သေချာပြုပြင်ပြီးမှသုံးကြပါတယ်။

&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&

မြီးရှည်ဆိုတဲ့အစားအစာက မန်းလေးသားမဟုတ်တာတော့သေချာပါတယ်။

ဘယ်ခေတ်ဘယ်ကာလက ဘယ်သူတွေက စဆင်ခဲ့တယ်ဆိုတာတွေတော့ကျနော်မသိပါဘူး၊

မန်းလေးမြို့ရဲ့မြီးရှည်စတင်ရာဒေသကတော့ 38-38ကြား81-82ကြားကရပ်ကွက်ဘက်က မြီးရှည်သည်တွေထွက်လာတာကို သိရပါတယ်။

နောက်ဒီလုပ်ငန်းကို လက်ဆင့်ကမ်းလို့ ဆွေစဉ်မျုးိဆက်လုပ်ကြတာများပါတယ်။

ဒီမြီးရှည်မှာ မရှိမဖြစ်ပါဝင်တဲ့ တိုရ ခေါ်တဲ့ ပဲပင်ပေါက်လုပ်ငန်းကလည်း ဒီမြီးရှည်သမားများကိုအမှီပြုလို့

ဖြစ်ထွန်းတဲ့လုပ်ငန်းတစ်ခုပါဘဲ။

ဟိုအရင်ကတော့ မြီးရှည်သည်လေးတွေက ဆိုင်းထမ်းလေးနဲ့မြို့လှည့်လို့ရောင်းပါတယ်။

အခုခေတ်လိုပြောရရင်တော့ သူ့မာကက်ဧရိယာအတိုင်း သူ့စကက်ဂျူးတိုင်းပုံမှန်သွားပြီး

ဒိုးတူဒိုးစစ်စတမ်နဲ့အိမ်တိုင်ယာရောက် ရောင်းခဲ့ကြတာပေါ့။

သူ့လက်ရာကြိုက်တဲ့လူကသူလာတဲအချိန်ကို စောင့်ပြီးစားပေါ့။

ကျနော်တစ်တွေကလဲ အထမ်းသည်ကို နာမယ်တွေပေးလို့မှတ်ထားလိုက်တာပါဘဲ။

“ကိုဆွေမြီးရှည်””ဦးပြားကြီးမြီးရှည်” အစသဖြင့်ပေါ့။

ကျနော်စားဘူးသလောက်ကတော့ မန်းလေးမှာတော့ဘယ်အထမ်းသည်ဆီမှာဘဲစားစား

အရသာ သိပ်မကွာလှဘူးလို့ထင်ပါတယ်။

အခုတော့လူကြိုက်များတဲ့ နာမည်ရှိတဲ့မြီးရှည်သည်တွေက ဒိုးတူဒိုးစစ်စတမ်မဟုတ်ဘဲ

နေရာတစ်ခုထဲမှာအတည်တကျထိုင်လို့ရောင်းပါတော့တယ်။

စားချင်တဲ့သူ ဒီကိုလာပေါ့။

နောက်ပိုင်းပြောင်းလဲလာတဲ့မန်းလေးလက်ဖက်ရည်ဆိုင်များရဲ့စနစ်အရ

လက်ဖက်ရည်သောက်ရင်း မြီးရှည်စားလို့ရလာပါတယ်။

တစ်ချို့နာမယ်ရပြီးသား မြီးရှည်သည်ကလဲ ကို်ယ်နဲ့အဆင်ပြေတဲ့လက်ဖက်ရည်ဆိုင်မှာ

နေ့တွက် ဒါမှမဟုတ် လခပေးပြီးဖွင့်ပါတယ်။

အဲတော့လဲ ဒီအသယ်ရဲ့မြီးရှည်မှစားချင်ပါတယ်ဆိုရင်သူရှိတဲ့နေရာကိုလိုက်စားရုံပါဘဲ။

 

မြီးရှည်က မန်းလေးမြို့ရဲ့ မနက်ခင်း အစားအစာပါ။

(ထူးထူးခြားခြားပြောရရင်တော့ ဘုရားပွဲညဈေးတန်းမှာတော့ “ဘဲသားမြီးရှည်”ဆိုတာကလေးဘဝက စားရတာ တမက်တမောပါဘဲ)

ကျနော်ကိုယ်တိုင်ကလဲမြီးရှည်ကို အတော်လေးနှစ်သက်ပါတယ်။

1984-5 တရုပ်တန်းဈေးကြီးမဖျက်ခင်ကတော့ မြီးရှည်စားချင်တယ်ဆိုရင် 29လမ်း79-80လမ်းကြားက

ဈေးတောင်ဘက်ပေါက်ဝမှာဖွင့်ထားတဲ့မြီးရှည်ကိုမှန်မှန်သွားစားခဲ့ပါတယ်။

ဈေးဖျက်သွားတော့သူတို့လဲနေရာပြောင်းကိုယ် ကိုယ်တိုင်ကလဲအိမ်ပြောင်းဆိုတော့မရောက်ဖြစ်တော့ပါဘူး။

ကျနော်စိတ်အမှတ်သာမမှားဘူးဆိုရင် အခုလမ်း80ပေါ်က အမှတ်14အထက်တန်းကျောင်းနားလေးမှာဖွင့်တဲ့

ဆိုင်က သူ့တို့မျိုးဆက်ဆိုင်လေးဘဲထင်ပါတယ်။

ကျနာ်ကတော့ အဲဒီဆိုင်လေးကို ဝင်မစားဖြစ်တော့လို့ မမေးမိပါဘူး။

နောက်တော့ကျနော်19လမ်းဘက်မှာနေဖြစ်တော့ ညောင်ပင်ဈေးထိပ်ကမြီးရှည်ကိုစားဖြစ်ပါတယ်။

သူကတော့ အစက မီးခြစ်စက်ရုံကဝန်ထမ်းလို့ပြောပါတယ်။

နောက်တော့ကျန်းမာရေးသိပ်မကောင်းလို့ထွက်လိုက်ပြီးမြီးရှည်ဆိုင်လေးဖွင့်လိုက်တာပါ။

19လမ်း83လမ်းဒေါင့်ညောင်ပင်ဈေးအရှေ့ဖက်မှာ တွန်းလှည်းလေးနဲ့နေရာင်းနေတဲ့မြီးရှည်အခု

သွားချင်ရင်စားလို့ရပါသေးတယ်။

မောင်အေးရဲ့ရွှေအိမ်စံလက်ဖက်ရည်ဆိုင်နဲ့အတူကျော်ကြားလာတာကတော့ စိန်မြင့်မြီးရှည်.

ရွှေအိမ်စံပြောင်းတဲ့နောက်ကို လိုက်လို့ မခွဲစတမ်းဖွင့်ခဲ့ပါတယ်။

နောက်တော့ 84-85ကြား 34လမ်း စိန်ဝင်းဝင်းလက်ဖက်ရည်ဆိုင်အရှေ့ဘက်နားမှာဖွင့်လိုက်ပါသေးတယ်။

အခုတော့ သူလဲ လေးဖြူသီချင်းလို “ဘယ်ဆီကို မင်းရောက်နေတယ်”ဖြစ်လို့ကျနော်နဲ့မဆုံဖြစ်ပြန်ပါဘူး။

ကျနော်တို့သူငယ်ချင်းတွေနဲ့အမြဲစားခဲ့တဲ့ဆိုင်လေးတစ်ဆိုင်ရှိပါသေးတယ်။

ငွေသွားလေးပေါ်အောင်အမြဲပြုံးနေတတ်တဲ့သူရဲ့ “မန်ကျီးရိပ်”ပါဘဲ။

အရင်ကတော့ 32-33ကြား82လမ်းပေါ် လမ်းအရှေ့ဖက်တန်းက မန်းကျီးပင်ကြီးအောက်မှဖွင့်တာပါ။

အဲဒီကနေ သိပ်မဝေးတဲ့ 33လမ်းတောင်ဘက် ကယ်လီချပ်ရဲအနောက်ဖက်တန်းမှာဖွင့်လိုက်ပါသေးတယ်။

အခုတော့နေရာပြောင်းသွားပြန်ပါပြီ။

 

နောက်တစ်ဆိုင်ကတော့ ကောင်းပေမယ့် အမြဲမရောက်တဲ့ဆိုင်လေးရှိပါသေးတယ်။

ဗထူးကွင်းနားလေးက ညနေခင်းမှဖွင့်တဲ့ဆိုင်လေးပါ။

ဗထူးကွင်းအနောက်ဘက်လမ်းနံဘေးမှာဖွင့်တဲ့ဆိုင်လေးပါ။

ကျနော်ဘုရားကြီးဘက်နေတော့ 82လမ်း 38လမ်းပါတ်ဝန်းကျင်မှာဖွင့်တဲ့ ကိုဆွေတို့ ကိုစည်တို့ညီအကိုဆီမှာ

သာစားဖြစ်ပါတော့တယ်။

ကိုဆွေက တော့ 37-38ကြား 82လမ်းပေါ်က လမ်းအရှေ့ဘက်မှာရှိတဲ့ ဘတ်စ်ကားရပ်တဲ့နေရာလေးမှာဖွင့်ပါတယ်.

သူ့ညီ ကိုစည်ကတော့ ပေါင်းလဲတို်က်အရှေ့ပေါက်……….38-39လမ်းကြား82လမ်းပေါ်က

ဓမ္မာရုံလေးရှေ့မှာဖွင့်ပါတယ်။

အခုထိကျနော်စားနေတဲ့ဆိုင်လေးဆိုရင်လဲမမှားပါဘူး။

နောက်ထပ်စားကောင်းတဲ့ဆိုင်လေးကတော့ 37-38လမ်းကြား 85လမ်းပေါ်

မန်းမြို့ဈေး(ယခင် ရွာဟိုင်းဈေး)ရဲ့တောင်ဘက်မှာရှိတဲ့ဆိုင်းဘုတ်တပ်မထားတဲ့ဆိုင်လေးပါ။

ဈေးချိုထဲရောက်ရင်တော့ 28-29လမ်းကြား 85လမ်းသံဖြူတန်းက ကုက္ကိုပင်အောက်မှာဖွင့်တဲ့

ဦးကျောက်မြီးရှည်စားမယ်။

ထူးထူးဆန်းဆန်းလေးမှာစားချင်တယ်ဆိုရင်ဖြင့်16လမ်း-81လမ်းမှာရှိတဲ့

ကလီစာတွေ အသဲတွေနဲ့ ဒိန်ညင်းသီးတွေနဲ့ရောသုတ်ပေးတတ်တဲ့ဆိုင်လေးမှာသွားစားလိုက်ပါ။

စိတ်ရှည်ဘို့တော့လိုမယ် စောင့်ရလွန်းလို့ပါ။

မန်းလေးလာရင် စားလို့ရအောင်ညွှန်းပေးလိုက်ပါတယ်။

ကျနော်မရောက်ဘူး မစားဘူးပေမယ့်ကောင်းတဲ့ဆိုင်လေးတွေရှိအုံးမှာပါ။

သိသူများက ဆက်ညွှန်းပေးလိုက်ပါအုံးနော်။

 

ကဲကိုလတ်ကြီးရေ မန္တလေးမြီးရှည်တော့ လက်ဆောင်ပို့ပေးလိုက်ပြီ

အမုန်းဆွဲပေတော့………………………………

 

 

ကိုပေါက်လမ်းသလားနေသည်

(7-7-2012)

 

 

 

 

 

 

 

33 comments

  • mamanoyar

    July 9, 2012 at 9:19 am

    အဲဒါနဲ့ ပထမဆုံးပုံထဲက စားဖို့ ထိုင်စောင့်နေတဲ့သူက
    လေးပေါက်လားဟင်
    မသိလို့မေးတာနော်………

  • အဝေးမှာနေတဲ့ အရီးလတ်ကို သတိတရ ခေါင်းစဉ်တပ်ပေမယ့်
    တစ်ရွာလုံးရှိတဲ့ရွာသူားအားလုံးစားလို့ရတယ်နော်။

  • မောင်ပေ

    July 9, 2012 at 9:31 am

    ကွမ်းစားထွေးပစ် မောင်ပေကတော့
    ၁၆လမ်းမြီးရှည် တစ်လ တစ်ပွဲလောက်တော့ အနဲဆုံး စားလိုက်ရမှ နေသာရှိတာကလား

  • လတ်လတ်

    July 9, 2012 at 9:44 am

    ကျနော်တို.အိမ်နားကတော့ ဂျုံလုံးအကျွတ်ကော အပျော့ကြာ်ပါ ပါသဗျ။ မြှီးရှည်ကဂျုံလုံးကြော်မပါရင်စားမကောင်းဘူး…။အသားမပါရင်သုံးရာ အသားပါရင်ငါးရာ….။
    လက်ဖက်ရည်ဆိုင်တွေမှာစားရင် မကောင်းဘူး မြှီးရှည်ဆိုင်လေးပါတဲ့ ဆိုင်သာစားလို.ရတာ….။
    ကျနော်ကတော့ ဂျုံလုံးကြော်တွေမပါရင်မြှီးရှည်လို.ကိုမထင်တာ….။အချည်က မုန်ညှင်းချည်လေးနဲ.ဆို လွှတ်ကောင်း…………….။

  • မဂွတ် ထော်

    July 9, 2012 at 9:46 am

    စားချင်တယ် ဗိုက်စာနေတာ
    ဂလု…ဂလု

    • Par Lay Yar Ko

      July 14, 2012 at 2:55 am

      ma gwat htor yay. bar ngone mi lo lel … ga lu ga lu so dar

  • kyeemite

    July 9, 2012 at 9:51 am

    ဗိုက်ဆာနေတာနဲ့ နှစ်ပွဲဆွဲသွားတယ် ကိုပေါက်ရေ..

  • မမ အညာသူ

    July 9, 2012 at 10:37 am

    မန်းလေးမှာမြီးရှည်ကတကယ်ကောင်းတယ်နော်
    ပြောရင်းနှင့်ခုတောင်စားချင်လာပြီ………

  • ကြောင်ကြီး

    July 9, 2012 at 10:43 am

    အကြိုက်ဆုံးထဲမှာ မြီးရှည်ပါတယ်၊ အလှဆုံးထဲမှာ ရှမ်းမလေးဟုတ်တယ်၊ သို့ပေသိ အခြစ်ဆုံးကတော့ ကြေးမုံဂျီးဗဲ…ခွီး ဂရား…. 👿

  • Shwe Ei

    July 9, 2012 at 1:26 pm

    ကြိုက်ဒယ် ကြိုက်ဒယ် ရမ်းကြိုက်ဒယ် ဂလု 🙂

  • ဘဲဥ

    July 9, 2012 at 3:58 pm

    ဗိုက်တောင်ဆာလာဘီဗျာ ……….
    မြီးရှည်ဆို လွှတ်ကြိုက်တာကလား…..
    ပြောရင်းနဲ့ သရေတောင်ကျလာဘီ ပလောက်

    • ဘဲဥ

      July 9, 2012 at 4:28 pm

      လာဘီ လာဘီ မာမီပေါက်ရေ့ အနည်းဆုံးတော့ နှစ်ပွဲပဲနော် ဟိဟိ

  • snow white

    July 9, 2012 at 4:50 pm

    ကြည့်ကြည့်သာတကမယ်မစားရတဲ့အဖြစ်ပါလားနော်…

  • snow white

    July 9, 2012 at 5:01 pm

    ကြည့်ရုံသာကြည့်ရ မစားရတဲ့ တို့အဖြစ်တွေ တကယ်စားရမယ်ဆို သိပ်ကောင်းမှာဘဲနော် ….

  • အရီးခင်လတ်

    July 9, 2012 at 5:48 pm

    ကပေါက်

    ထမင်းစားချိန်ပါ။
    အရသာရှိရှိ စားဖြစ်ခဲ့ပါ၏။
    ဓာတ်ပုံ သာမ က စာလေးတွေပါ စီပြထားလို့ လုပ်စားကြည့်ဖို့ နည်းရသွားပါတယ်။
    ဒီလို ကြင်နာစွာ သတိတရ မျှဝေမှု လေးအတွက် ပီတိဖြစ်ရပါတယ်။
    ကျေးဇူးလဲ တင်ပါတယ်ဗျား။

    လက် ၁ဝချောင်း လုံး ထောင်ပြသွားပါတယ်။ 😀

  • ဦးဦးပါလေရာ

    July 9, 2012 at 6:30 pm

    ကိုပေါက်ရေ-
    ကျွန်တော်ကတော့ မြီးရှည်ဟာ ရှမ်းအစားအစာ လို့ ထင်တာပဲ..။
    မန္တလေး နေခဲ့တုန်းကတော့ မုန့်တီက ဆီများလို့ မြီးရှည်ကို ပိုစားဖြစ်ခဲ့တယ်…။
    ရန်ကုန်လဲရောက်ရော မြီးရှည်လို့ ရေးထားတိုင်း အဟုတ်မှတ်လို့ ဝင်စားကြည့်ရင်းနဲ့
    အခုတော့ မြီးရှည် ပြတ် ပါပြီ… 🙁

  • ကိုပါရေ
    ရှမ်းသို့မဟုတ်တရုပ်နွယ်တဲ့အစားအစာမို့ ပဲငပိရယ် စဇုသီးရယ်ပါတာနေမှာပါ.
    သေချာအောင် ရှာမေးပါဦးမည်။

  • weiwei

    July 9, 2012 at 11:21 pm

    မန်းလေးက မြီးရှေကို အရမ်းကြိုက်တယ် …
    ရန်ကုန်က မြီးရှေက မတူဘူး …
    ကိုပေါက်ပေးတဲ့နည်းမှတ်ထားပြီး တစ်ခါလောက် လုပ်စားကြည့်အုန်းမှပဲ ….

    • Par Lay Yar Ko

      July 14, 2012 at 2:57 am

      wei wei ka myee shay shay kyite dal pot

  • မဝေရေ
    ကော်နဲ့ ပဲငပိ ဘယ်လိုစပ်တယ်ဆိုတာလေး မေးပေးမယ်နော်။
    အဲဒီနှစ်ခုက အဓိကလို့ပြောတယ်။.

  • Crystalline

    July 10, 2012 at 9:14 am

    ဈေးသည်ကြီးကိုကြည့်ပြီးတော့ ခိုက်သွားတယ်.. ဗိုက်အိုးကြီးက ဘယ်လောက်ဝါးထားလဲမသိ.. 🙂

  • etone

    July 10, 2012 at 11:16 am

    လေးပေါက်ရေ .. ဒီလိုမြင်ရတော့လည်း … စားချင်စိတ်တွေ တဖွားဖွားပေါ်လာပြီ … အဟိး … ရှလွှတ် .. ရှလွှတ် … 🙄
    ရှမ်းစာတွေကိုတော့ ကြိုက်ပါတယ် .. ဒါပေမယ့် … ပြီးခဲ့တဲ့တခေါက်က … ရှမ်းချဉ်ကြာနေတာ စားမိလို့ … ၊ အိမ်သာ အကြိမ်ကြိမ်ပြေးပြီးကတည်းက … ရှောင်ထားခဲ့တာ … အခုလို မြင်ရတော့လည်း … စားချင်စိတ်ပြန်ဖြစ်လာတယ် … အဟိ … ရှလွှတ် .. ရှလွှတ် … 😛

  • ကိုလတ်တို့မဝေတို့ရေ

    မြီးရှည်ထဲ ထည့်တဲ့ကော်က ဆန်မူံကို ပျစ်နေအောင်ကြိုထားတာပါတဲ့။
    နောက်ဒီမှာသုံးတဲ့ပဲငပိထဲကိုအချိိုမူံ့သို့ဟုတ်သကြားလေးနည်းနည်းထည့်ဖျော်ပါတဲ့။

  • pooch

    July 13, 2012 at 11:20 pm

    ဝယ်ကျွေးပါ လေးပေါက်။ ပုံပဲ တင်လို့ မရပါ။

  • စိန်ဗိုက်ဗိုက်

    July 13, 2012 at 11:28 pm

    ဟိုက်..
    ရှာလပတ်ရည်..
    အနီတွေ ဝေဆာလို ့ပါကလား..
    သွပ်.သွပ်..သွပ်..

    ၄ပေါက်က မြီးရှည်လဲ လုပ်ရောင်းတတ်တာပဲ..နော်..
    ဂိန်.ဂိန်..

  • water-melon

    July 14, 2012 at 7:55 am

    ဟာ မြီးရှည် အခု စိန်မြင့်မှာ စားလားတာ ၂ ပွဲ
    အဟီ
    အိမ်မှာ လုပ်စားရင်လွယ်ပါတယ်
    ကော်မထည့်ဘဲစားလည်း ကောင်းတယ်

  • မေ့နေလို့
    စိန်မြင့်မြီးရှည်က အခု 34လမ်း 84-85ကြား လမ်းမြောက်ဘက်တန်းမှာဖွင့်ထားပါတယ်။
    စားချင်သူများအတွက်သတင်းကောင်းပေးပါ၏။

Leave a Reply