Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

သရဲ တစ္ဆေ ဘယ်လိုမြင်

snow whiteJuly 11, 20121min85627

သရဲဆိုတာလည်း ဘာဆိုတာမသိဘူး တစ္ဆေဆိုတာလည်းဘာဆိုတာမသိ ဘူး    မြင်လည်းမမြင်ဖူးဘူးကြားဘဲကြားဖူးတယ်    သရဲဆိုတာ ဘယ်လိုလူတွေမှ ပြတာလည်းခြောက်တာလည်းပေါ့   တကယ်ကိုမသိဘူးသူများ  ပြောတာတော့ ကံနိမ့်တဲ့သူမှ မြင်ရတာတဲ့ ဟုတ်လားမဟုတ်လားလည်းမသိဘူး
ဒါပေမယ့်သရဲကိုမြင်လည်းမြင်ဖူးချင်တယ် ကြောက်တဲ့စိတ်ကတော့ ဖြောင့်လို့ဘယ်ရမလဲ  သရဲလို့အသံကြားတာနဲ့  တင် ဘုရားစာလည်း ဘယ်တွေရောက်လို့ရောက်မှန်းမသိဘူး ရွတ်တာလည်းတောင်ရောက်  မြောက်ရောက်တွေ ဖြစ်ကုန်ရော     အိမ်တိုင်းအသုဘဆိုတာ ကြုံဖူးရရင် ကြုံဖူးမယ်  တစ်နည်းအားဖြင့်   သချိုင်းသုသာန် ကိုတစ်ခေါက် တော့ အသုဘလိုက်ပို့ဖူးလိမ့်မယ်လို့ထင်မိတယ်
စနိုးဆို အသုဘလိုက်ပို့လို့ပြန်လာပြီးတိုင်း    ကြောက်တဲ့စိတ်ကပါပါလာတယ်  ဘာကြောင့်လည်းဆိုတော့အသုဘပို့တော့ပို့တယ်   အလောင်းတွေကိုလိုက်ကြည့်တယ် ပြီးရင် အဲ့သေသူတွေ မျက်နှာကိုမျက်လုံးမှာစွဲလို့ ညရောက်ရင်   ကြောက်တယ် အိမ်သာတောင် မသွားရဲလောက်အောင်ကြောက်တယ်    သရဲကိုအဲ့လောက်ထိကြောက်တယ်     တစ္ဆေဆို အသက်ပါ ထွက် မလားမသိဘူး
တစ်နေ့စနိုးတို့နားကအန်တီက    တရားရိပ်သာတစ်ခုကို လိုက်ဖို့ စနိုးအမေကိုလာပြောတယ်  စနိုးအမေကလည်း လိုက်သွားပေါ့ အကျင့်ရအောင် ရိပ်သာ ဆိုတာလည်း ကောင်းသောနေရာ ကောင်းမှုပြုသည့်နေရာမို့ ထည့်လိုက်လေရဲ့ ရိပ်သာ မှာစနိုးတို့ကလုပ်အားပေးအနေနဲ့ လိုက်သွားခြင်းဖြစ်သည်    လုပ်အားပေးအင်အားနည်းတယ်  ဒါကြောင့်ရိပ်သာမဝင်ဘဲ လုပ်အားပေးအနေဲ့လိုက်သွားတာပါ..

စနိုးတို့အိမ်က စထွက်တာ ၁း၃၀   လူမစုံသေးလို့စောင့်လိုက်ရတာ  ၂း၃ဝ မှလူစုံတယ်   လူစုံတော့ကားကထွက်တော့မယ်  အဲ့ကျမှ အန်တီကြီးနှစ်ယောက်ရောက်လာတယ်   ကားအပြည့်ဘဲ လူတွေ    ကားအပြည့်မှာ   ရိပ်သာဝင်မယ့်သူကနည်းတယ်    လုပ်အားပေးကများတယ်  လူငယ်တွေများတယ် လုပ်အားပေးအင်အားနည်းတယ်ဆိုလို့  လုပ်အားလိုက်ပေးကျတာ ဖြစ်တယ်   စနိုးအမေကတော့ မလိုက်ဖြစ်ဘူး   ဘာကြောင့်လည်းဆိုတော့ စနိုးအဖေကိုဘယ်သူ ကထမင်းဟင်းချက်ကျွေးမလည်း   ဒါကြောင့်မေမေကနေခဲ့လေရဲ့ စနိုးကိုဘဲ အန်တီကြီးတွေ နဲ့အပ်ပေးလိုက်လေတယ်လေ

စနိုးလည်း       ရိပ်သာကိုတစ်ခါမှမရောက်ဖူးလေတော့  ရိပ်သာဆိုတာ ဘယ်လိုမျိုးလည်း  တရားထိုင်တာ တရားကျင့်တာ ဘယ်လိုမျိုးလည်း  ပေါ့ စူးစမ်းချင်တယ်  ကိုယ့်ကိုယ်တိုင်ကော   တရားထိုင်တာ ဘယ်လောက် ထိထိုင်နိုင်နေပြီလည်း တရားကိုဘယ်လိုမှတ်မလည်းဘယ်လို  မြင်မလဲ ဘုန်းဘုန်းနဲ့လည်း ဆွေးနွေးခွင့်ပေးတယ်   ဗုဒ္ဓ အကြောင်းလည်း   သေချာ မှတ်သားခွင့်ရပါတယ်
ဒါပေမယ့် အဲ့ရိပ်သာမှာ က  ဘုန်းဘုန်း တွေလည်းရှိတယ်  မယ်သီလရှင်လည်းရှိတယ် အရိယာလိုခေါ်တဲ့ပုဂ္ဂိုတွေ     လည်း ရှိတယ်
ရိပ်သာဝင်တဲ့သူကလည်း ၃၀ဝကျော်ရှိတယ်   လုပ်အားပေးကလည်း  ၅ဝကျော်လောက်ရှိတယ်    ကျောင်းမှာ ကပ္ပိယတွေလည်း များကြီးရှိတယ်  ဘာပြောပြော ရေတွက်တော့မကြည့်မိဘူး  ခန့်မှန်းခြေ ကျောင်းထဲမှာ လူပေါင်း      ၅၀ဝကျော်လောက် တော့ရှိတယ်   စနိုးတို့လုပ်အားပေးတွေက မနက်  ၃နာရီဆို အိပ်ရာကထပြီး   အာရုံဆွမ်းအတွက်  ဝိုင်းလုပ်ပေးရတယ်  ပထမတစ်ရက်ရောက်ခါစတော့ မသိသေးဘူးမူးတာလည်းမဖြစ်သေးဘူးအိပ်ရေးပျက်ပေမယ့်    လုပ်အားပေးရတာကို ပျော်တယ် ပင်ပန်းမှန်းလည်းမသိဘူး    ရိပ်သာမှာကအဆောင်လေးတွေ လုပ်ပေးထားတယ်   အဆောင် တစ်ဆောင် မှာ ၂ဝလောက်နေလို့ရတယ် နည်းနည်းတော့ကျပ်တယ် နေရတာ   လူများတော့သည်းခံပြီးနေကျတယ်
ဘုန်းဘုန်းလည်း  တကယ့်ကိုတရားဟောကောင်းတယ်   တရားနည်းလမ်းလေးတွေ ပြောပြတယ်   နှိုင်းယှဉ်ပြီးတော့လည်း ဟောပြတယ်   သူကိုယ်တိုင်လည်းကျင့်ကြံအားထုတ်တယ်
ထိုရိပ်သာမှာထူးခြားတာက စံပင်ပန်း ဘဲ  မနက် အာရုံတက်ချိန်ဆို စံပယ်ရံနံ့ကို ရူရ တဲ့လေကတကယ့်စိတ်ကိုကြည်လင်စေတယ်
အဲစံပယ်ခင်းက     စံပင်ပန်းလေးကလည်းပိုက်ဆံရှာပေးတယ် တစ်နေ့ကို ၆၀၀ဝလောက်ရတယ်  အဲ့ပိုက်ဆံကို ကျောင်းဝေယျာဝစ္စအတွက်ဘဲ သုံးတယ် ဘုရားပန်းအတွက်သုံးတာများပါတယ်
စနိုးတို့ ၂ရက်မြောက် တဲ့နေမှာ      တရားပွဲ  စတယ်     ဆရာတော် တစ်ပါးစီ နေ့တိုင်း တရားဟောတယ်  တရားပွဲပြီးတိုင်းအအေးတိုက်လေ့ရှိတယ်  လုပ်အားပေးသမားတွေ  ကအအေးဖျော်တဲ့သူကဖျော်ပေါ့   ခွက်ဆေးတဲ့သူကဆေး  ထိုချိန်မှာ ခွက်မလောက်လို့ဆိုပြီ စနိုးတို့အဖွဲ့ထဲက တစ်ယောက်ကို အနောက်ကျောင်းမှာခွက်သွားယူခိုင်းတယ်   သူကလည်းသွားယူပါတယ်  ဘုန်းကြီးကျောင်းမှာသရဲမရှိဘူးလို့ထင်တာကို    ဘုရားအရိပ်တရားအရိပ်မှာ  သရဲဆိုတာ မနေလောက်ဘူးလို့ထင်တာကို      အဲ့မှာသူနောက်ကနေ လူတစ်ယောက်အရိပ်လည်းတွေ့လိုက်တယ်   ညှီနံ့ ကလည်းရလိုက်သေးတယ်       ဆိုတော့ ဘာပုတ်နေလည်းမသိဘူးဆိုပြီးနောက်  လှည့်ကြည့်တော  အကျီင်္မပါဘူး    ရွံ့တွေနဲ့လို့သူကပြောပြီးပြေးလာတယ် ငိုလည်းငိုလာတယ်  ဒါပေမယ့် တရားပွဲပျက်လောက်သည်အထိမဖြစ်သွားဘူး
သူကတော့တော်တော်လေးကြောက်နေတယ်   ခြောက်ခံလိုက်ရတာ ကို လုပ်အားပေးခေါင်းဆောင်အန်တီကြီးက    ဘာမှမဖြစ်ဘူးသမီး  တရားအရိပ်မှာသရဲ နာနာဘဝ တစ္ဆေ ဆိုတာ မရှိဘူး  အဲ့ကောင်မလေးအဲ့ထဲကနေ  တစ်ယောက်ထဲခိုင်းလို့မရတော့ဘူး  ကြောက်တာကို      စနိုးတို့အဆောင်ကိုပြန်လာကျတယ်   လူများကြီးဆိုတော့ ဘယ်သူမှမကြောက်ဘူး
ရေချိုးရင်လည်း  လူများကြီး ချိုးကျတော့ ရေချိုးချိန်လည်းကြောက်စရာမလို ဘူး စနိုးတို့လုပ်အားပေးအဖွဲ့ထဲက မမတစ်ယောက် က ညပိုင်းရေချိုးချင်တယ်လို့ပြောတယ် စနိုးတို့အဆောင်ပြန်ရောက်နေတော့ မမချိုးချင်လည်းချိုးပေါ့လို့ ပြောတော့ အဲ့မမကသွားချိုးလေးရဲ့    သူက  ရေချိုးတဲ့နေရာကိုသွားမချိုးတော့ဘဲ    အန်တီကိုပြောပြီးတော့ ရေချိုးခန်းမှာသွားချိုးမယ်လို့ပြောတယ် အန်တီကလည်းအေးသမီးရေချိုးခန်းမှာချိုးတော့လည်း ကောင်းတာပေါ့အေးအေး ရော့သော့  ယူသွားသွားချိုး     စနိုးတို့လည်းလိုက်ပေးရတာပေါ့  အဲ့မမကရတယ် ငါမကြောက်တက်ဘူး  နင်တို့သွားအိပ်သွားအိပ်လို့ ပြောတယ် ဒါနဲ့ဘဲစနိုးတို့လည်း သွားအိပ်တာပေါ့ သူ ခဏနေတော့    ပြေးလာပါလေရော  မမပြောတော့မကြောက်တက်ဘူးဆို ဘာလို့ပြေးလာတာလည်းလို့မေးတော့ ငါအမှားလုပ်မိလိုက်ပြီ ရေချိုးခန်းမှာ ငါက ကိုယ်တုံး
လုံးချွတ်ချိုးလိုက်တာ  ငါ့ကို မှားနေတယ် ကောင်မလေးလို့အသက်နက်နက်နဲ့ပြောတဲ့အသံကြားလိုက်လို့    လန့်ပြီးပြေးလာတာ လို့မမကပြောတယ်      စနိုးတို့စိတ်ထဲကတော့အဲ့မမကိုပြောလိုက်ကျတယ် နည်းတောင်နည်းသေးတယ်  ဘုရားအရိပ်တရားအရိပ်မှာသူက   ရေချိုးတာတောင် naked  လိုက်သေးတယ်
တစ်ယောက်တစ်ပေါက်နဲ့ ခြောက်ခံရပြန်ပြီ   ဘယ်အပင်ကခြောက်ပြန် ပြီ  အဲ့လိုတွေ ပြောသံကိုဘုန်းဘုန်းကြီးသိသွားပါလေရော    ခြောက်ခံရလည်းစနိုးတို့အဖွဲ့ထဲကဘဲခြောက်ခံနေရတာ  ကို အာချောင်တာကလည်းစနိုးတို့အဖွဲ့ဘဲလေ     ဘုန်းဘုန်းကြီးကစနိုးတို့အဖွဲ့ကို ကျောင်းပေါ်ကိုခေါ်ပြီး တော့  ပရိတ်ကြိုးလေးတွေ   လည်ပင်းမှာဆွဲပေးလိုက်တယ်      အဲ့ထဲကခြောက်ခံရသံမကြားတော့ပေမယ့်    ကျောင်းပစ္စည်းတစ်ခုခုယူတော့မယ်လို့ပြောရင်တော့ ညပိုင်းကျရင်အိပ်မက်မက်နေသလို ခြောက်နေသလိုခံစားရတယ်  စနိုးတို့အဆောင်ရှေ့ရှေ့တည့်တည့်မှာ  သရက်ပင်ကြီးရှိတယ်အဲ့သရက်ပင်က  မချစ်စုပင်လေး  စနိုးတို့နေလည်ခင်းထဲကကျိန်းထားတယ်  ညကျရင်ခိုးမယ်လို့ မွှေးနေတာကိုသရက်သီးကလည်း     မှည့်နေတာမှ ပြောမနေနဲ့ အလုံးတွေကလည်းများတော့ တစ်လုံးခိုးလည်းမသိလောက်ဘူးပေါ့ လူ၁ဝယောက်ဆိုတော့    ၄လုံးခိုးရင်တော့လောက်တယ်ပေါ့    ဒါပေမယ့် အပင်နားရောက်လိုက်  နီနီလေးတွေ ့လိုက်ဘာလည်းမသိဘူး  ကြည့်လိုက်    ခူးမယ်လုပ်လိုက် နီနီကပေါ်လာလိုက်နဲ့  ဘာမှန်းကိုခုထိလည်းမသိခဲ့ရပါဘူး     ဒါပေမယ့်အဲ့နီနီကြောင်းစနိုးတို့ သရက်သီးလည်းမခိုးခဲ့ရပါဘူး      အဲ့နီနီကိုကြောက်ပြီး ထွက်ပြေးကျလေရောလေ     ညပိုင်းအိပ်လည်းအိပ်ရော   အိပ်မက်လိုလို တကယ်အပြင်မှာလာပြောသလိုမျိုး  အသံတစ်ခုကြားလိုက်ရတယ်  စားချင်ရင် ဘုရားဆွမ်းတော်အရင်ကပ်လိုက်ပါအုံးတဲ့လေ         စနုးိတော့ အဲ့ခါ တော့ခြောက်ခံလိုက်ရတယ်ထင်တာပါဘဲ သရဲ တကယ်တော့မမြင်ခဲ့ရဘူးပေါ့နော် နီနီလေးကသရဲလားဆိုတာတော့ခုချိန်ထိမသိခဲ့ရပါဘူး ဘယ်သူမှလည်းစနိုးတို့ကိုအဖြေမှန်လည်းမပြောပြသလို  သရဲလို့လည်းတိတိကျကျ မပြောပြတက်ပါဘူး
စနိုးတို့ အဲ့ရိပ်သာရဲ့ထူးခြားချက်လေးပြောပြချင်ပါတယ်   အဲ့ရိပ်သာနောက်ဆုံးတရားသိမ်းပွဲကျရင်    တကယ်ကိုထူးဆန်းတဲ့အဖြစ်ပျက်လေးပါဘဲ    ကိုယ့်ကိုယ်တိုင်လည်းကြုံခဲ့ဖူးလို့ပါ   စံပယ်ပန်း က ခူးလေမကုန်လေ ဖြစ်တာပါဘဲ      တရားသိမ်းပွဲရက်ရောက် တော့ တစ်ကျောင်းလုံးလုပ်အားပေးအဖွဲ့တွေ  စံပယ်ပန်းကိုခူးခဲ့ရပါတယ်  ဒါပေမယ့်ခူးလေမကုန်လေပါဘဲ  ခူးတဲ့သူများလာလေ ပွင့်တာကလှိုင်လာလေပါဘဲ     စနိုးတို့နေလည်    ၁၂နာရီထဲ က    စခူးတာပါ     ခူးတဲ့သူကခူး  သီတဲ့ သူကလည်းနိုင်အောင်သီတယ်     ဆရာတော်က အကုံးလေးဆယ်လောက်လိုချင်တယ်    ပလ္လင် မှာတင် အကုံး၄၀  အကုံးကလည်းရှည်ရမယ်      တရားလမ်းမှာလည်းကျဲအုံးမယ်      မိုက်တွေမှာလည်း   စံပယ်ပန်းပတ်ထားရမယ်    တရား ခန်းတစ်ခန်းလုံးမှာလည်း ချိတ်ထားမယ် စံပယ်နံ့နဲ့ တရားပွဲသိမ်းချင်တယ်   စံပယ်ပန်းရောင်းနေကျကလည်းရောင်းသေးတယ်   စဉ်းစားကြည့်စံပယ် ခြံ က နှစ်ခြံထဲရယ် ကျောင်းနောက်နဲ့ကျောင်းဘေးမှာ စိုက်ထားတာ
ခူးတဲ့သူလည်းနို်င်တယ် စနိုးတို့စရောက်ထဲကကြည့်နေတာ   တစ်နေ့ကို စံပယ်ကနည်းနည်းဘဲပွင့်တယ်  ရောင်းရသလောက်ဘဲထွက်တယ်  စံပယ်ပန်းရောင်းတဲ့သူလာခူးပြီးရင်  စံပယ် ပန်းအနံ့တောင်ပျောက်သည်ထိ နဂိုနေ့တွေ စံပယ်ခင်းကအဲ့လိုဖြစ်နေတာ  ခူးနေရင်းနဲ့ စဉ်းစားမိတာပေါ့  နဂိုနေ့တောင် အဲ့လောက်ဘဲထွက်တဲ့ စံပယ် က  ဒီနေ့ဘာလို့ ဆရာတော် အများကြီး တောင်းနေတာလည်း စဉ်းစားမိတာကသူများခြံက သွားဝယ်မယ်ထင်တာပေါ့နော်  တကယ်ကမဟုတ်ဘူး   ဒီကျောင်းကဘဲ အရှေ့ကခူးလိုက် အနောက်ကပြန်ပွင့်လာလိုက်ခူးလိုက်ပြန်ပွင့်လာလိုက်    စနိုးလည်းမနေနိုင်တာနဲ့ ဘာကြောင့်ပန်းတွေ ကခူးသလောက်ပြန်ပွင့်နေတာလည်းပေါ့
အန်တီကြီးကပြောပြတယ် နှစ်တိုင်းအဲ့လိုဘဲတဲ့ တရားပွဲသိမ်းတဲ့နေ့ဆို စံပယ် ပန်း တွေက ပွင့်လိုမကုန်တော့ဘူးတဲ့လေ  အဲ့ဒါလေးကတော့ စနိုးဘဝ မှာအမှတ် တရာပါဘဲ   တကယ်ထူးဆန်းချက်လေးတစ်ခုပါဘဲ

27 comments

  • water-melon

    July 11, 2012 at 2:49 pm

    ငယ်ငယ်တုန်းကကြားဖူးတာကတော့ ခွေးမျက်ချီးကို မျက်လုံးမှာသုတ်ရင်မြင်ရတယ်တဲ့
    ပြီးတော့ သိမ်ဝင်ထားတဲ့ သပိတ်ကို မျက်လုံးမှာသွေးလိမ်းရင်လည်းမြင်ရတယ်
    အမလေး သရဲတော့ကြောက်တယ်

    • snow white

      July 11, 2012 at 3:35 pm

      မလုပ်ကြည့်ရဲဘူးကြောက်တယ် သရဲတွေ့ရင် သေလောက်အောင်ကြောက်ပြီးသေသွားလိမ့်မယ် မလုပ်ရဲဘူး အကိုရယ်

      • မစ္စတာ တောက်တဲ့

        July 11, 2012 at 6:17 pm

        ဖရဲသီး ပြောတဲ့ထဲက
        အောက်က နည်းအတိုင်း ကျုပ် စမ်းကြည့်ခဲ့ဖူးပါတယ်
        အမလေးဗျာ … များလိုက်တဲ့ သရဲတွေ ..
        သူတို့ဘဝ တကယ်တော့ သနားစရာရယ်ပါ …
        ( ဟုတ်တာ၊ မဟုတ်တာ အပထား၊ ခပ်တည်တည်နဲ့ ဆက်ဖောလိုက်ဦးမှ … )
        😀

        လူတွေက ရုပ်ဆိုးတာမြင်ရင် ကြောက်တတ်ကြတော့
        သူတို့ ခမျာမှာ အတိတ်က အကုသိုလ်ကြောင့်
        ရုပ်ရည် ကြမ်းတမ်းနေတော့ သူတို့ကို မြင်တာနဲ့
        လူတွေက လန့်ပြေးရောဗျာ …
        တကယ်တော့ သူတို့က အမျှအတမ်းလေးများ ရနိုင်မလားလို့ ..
        ကျွတ်ချင်၊ လွတ်ချင်လို့ ကိုယ်ထင်ပြကြတာပါ …
        (ကြားဖူးနားဝနဲ့ ပြောလိုက်တာ)
        😀

  • Phaung Phaung

    July 11, 2012 at 3:06 pm

    အဲဒီစပယ်ခင်းလေးပဲလိုချင်လိုက်တာ…. ဟီ ဟီ
    တော်ကြာ ပြောမိလို့ ညကျအိမ်မက်မက်ပြီး လာခြောက်နေဦးမယ်နော်

    • snow white

      July 11, 2012 at 3:40 pm

      သွားဝင်ကြည့်ပါလားအဲ့ရိပ်သာ ကို အနားနီးရင် ခေါ်မယ်လိုက်မလား အဲ့ရိပ်သာ ကိုခေါ်သွားပေးမယ် ခုဘာပြောင်းလဲသွားလည်းတော့မပြောတက်ဘူး

  • may flowers

    July 11, 2012 at 3:20 pm

    စနိုးရေ အဲဒါသရဲတော့အဖြစ်နိုင်ဘူးထင်တယ်နော် ရိပ်သာမှာစောင့်နေတဲ့သူတော်ကောင်း

    ရုက္ခစိုးတွေများ ဖြစ်နေမလားနော်…အထင်ကိုပြောတာပါ။

    အားပေးသွားပါတယ် စနိုးရေ။

    • snow white

      July 11, 2012 at 3:42 pm

      မမမေညီမလေးလည်းခုထိအဖြေမှန်ကို မသိသေးဘူး တကယ်တော့ကြောက်မိတယ် သရဲဘဲဖြစ်ဖြစ်ဘာဖြစ်ဖြစ် ကြောက်တာတော့ကြောက်တယ်။။

    • Pye Kun Zaw

      July 11, 2012 at 10:33 pm

      ကျွန်တော်လည်းအဲဒီလိုဘဲထင်မိပါတယ်။ စာရေးသူရေးထားတဲ့အတိုင်းဆိုရင် ကျောင်ကပစ္စည်းယူဖို့ကြံလိုက်တာနှင့် မယူနိုင်အောင်ခြောက်လှန့်ဟန့်တားတာကြောင့် တရားစောင့်တဲ့သူတော်ကောင်းနတ်တွေဖြစ်နိုင်ပါတယ်။

  • သံယောဇဉ်ညီညီ

    July 11, 2012 at 3:35 pm

    သရဲဆိုတာတစ်ကယ်ရှိလို့လား
    မြင်ဘူးသေးဘူးနော် လမ်းသရဲတော့မြင်ဘူးတယ်

  • shwe kyi

    July 11, 2012 at 3:43 pm

    သရဲကိုအကောင်လိုက်သာမြင်လို့ကတော့ ငုတ်တုတ်မေ့သွားလောက်တယ် အသံတောင်ထွက်နိုင်မှာမဟုတ်ဘူး။ တွေးပြီးတော့လည်းမကြောက်တတ်ဘူး။ သူလဲသူ့ဘာသာနေကိုယ်လည်းကိုယ့်ဘာသာနေအဲလိုပဲတွေးထားတယ်။
    နှင်းဖြူလေး ရိပ်သာလုပ်အားပေးလုပ်တာသာဓုခေါ်ပါတယ်။

  • မဂွတ် ထော်

    July 11, 2012 at 3:48 pm

    ဒို့လဲသရဲဆိုလို့ကတော့
    ပြေးပီးသား
    အသံတောင်မကြားရဲဘူး
    အလေက်သတ္တိရှိတာ

  • Ma Ei

    July 11, 2012 at 4:04 pm

    ခူးမကုန်တဲ့ စပယ်ပန်းခင်းလေး ထူးဆန်းလိုက်တာ…
    ဆရာတော်ရဲ့ မေတ္တာစွမ်းကြောင့် ဖြစ်မယ်နော်…

  • အရင့်ရောင်

    July 11, 2012 at 4:06 pm

    တစေ ္ဆလည်းတွေ့ဖူးပါ၏
    သရဲကိုလည်းမြင်းဖူးပါ၏
    သို့သော်………..
    မြင်ဖူးချင်လား ကြည့်ချင်ကြတယ်လား
    ကျွန်တော် ဟြေတဲ့နေရာကိုသွား
    ဧကန်မုချ တွေ့ရမြင်ရမည်
    အရင့်ရောင်

  • ဘဲဥ

    July 11, 2012 at 4:37 pm

    ရေချိုးတုံး အသံနက်ကြီးနဲ့ပြောတာ ဘူထင်လို့ဒုံးအေ့
    အဲ့ဒါ ရွာထဲက အံချာဒုံးပေါ့တော် အာဟိဟိ
    လစ်ပီနော်……….. ဝှီးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

  • snow white

    July 11, 2012 at 4:52 pm

    ပြောပြန်ပြီ ကိုဘဲဥ မမွှေနဲ့နော် တော်ကြာ ကိုအံစာတုံးစနိုးလေးကို ပြသနာလာရှာနေမယ် သူကို ပို့စ် ထဲမှာထည့်ပြောပါတယ်ဆိုပြီး အေးဆေးလေးနေပါရစေ ဟုတ်ပြီလား။။။

    • ကြောင်လေး

      July 11, 2012 at 9:20 pm

      သရက်ပင်မှာရဲရဲကြီးတွေ့တာ ကြောင်လေး ပုဆိုးခြုံပြီးဆေးလိပ်ဖွာနေတာပါကွယ်၊

      ကြောက်ပါနဲ့ကွယ်၊
      နောက်တစ်ခါ ရဲရဲသာခူး၊
      တကယ့်ကို ကြာက်တယ်ဆိုရင်ဖြင့်၊
      အရှုပ်ကောင် ဟောဒီမောင်ကြောင်က
      စနို်းလေးရှူရှူထွက်အောင်၊နောက်တော့ပါဘူး။

  • နှင်းဆီ ငုံ

    July 11, 2012 at 4:56 pm

    သရဲ တစ္ဆေ ကို မမြင်ဖူးပေမယ့်ကြောက်တယ် … ငုံတို့ရွာမှာက မနက် 4:30 နာရီလောက်ဆို ဘုန်းကြီးကျောင်းကို ဆွမ်းသွားသွားပို့ရတာ … ဘုန်းကြီးကျောင်းဝန်းရှိတဲ့ လမ်းထိပ်မှာ ညောင်ပင်ကြီးရှိတယ် … မနက် မနက် ဆွမ်းသွားပို့လို့ အဲ့ညောင်ပင်ကြီးနားဖြတ်ရင် ခလုတ်တိုက်တိုက် ဘာတိုက်တိုက် မျက်လုံးမှိတ်ပြီးဖြတ်ပြေးတာလေ ခုအရွယ်အထိပဲ … ဟီးးး

  • Victory

    July 11, 2012 at 5:08 pm

    သူမောင်းသောမြင်းလှည်း..သူနေထိုင်ရာမြို့နှင့်မဝေးလှသော
    နယ်ဖက်အော်ဒါညနေစောင်းမှရ၍ လိုက်ပို့ပြီးပြန်လာတော့ ည ၁၁ နာရီကျော်ပြီ။
    နယ်ဖက်အဝေးပြေးလမ်းမ ပေါ်မှာဖြစ်လို့ ည ၁၁ နာရီဆိုတာတော်တော်ကို
    မှောင်နဲ့မဲမဲ ညနက်ပမာ။
    မြင်းလှည်းကိုခပ်သွက်သွက်မောင်းလာရင်းသီချင်းတငြီးငြီးလေးနဲ့ပေါ့။
    ထိုစဉ်….
    မြင်းလှည်းရဲ့ရှေ့နားဆီက သစ်ပင်တပင်အောက်မှာ လူရိပ်တခုတွေ့ရသဖြင့် ကြည့်လိုက်ရာ မြင်းလှည်းကို
    လှမ်းတားနေတာတွေ့သဖြင့်ရပ်လိုက်တော့ မိန်းမတဦး။
    ပုဆိုး ခေါင်းပေါင်းထားသော တောသူမ တဦး။
    လက်တွင်တောင်းတတောင်းကို ခါးထစ်ခွင်လျှက်။
    ဤတောသူမ နား မြင်းလှည်းကိုရပ်လိုက်တော့ ပြန်မည့်မြို့နားကိုလိုက်ပါရစေလို့ဆိုသဖြင့်
    “နောက်ကတက်” ဟုပြောပြီး ခဏစောင့်၊ မြင်းလှည်းကို မောင်းထွက်လိုက်သည်။
    ဆင်းရဲပုံလဲရ၊ ကိုယ်လဲလမ်းကြုံဖြစ်နေ၍ မြင်းလှည်းခလည်းမတောင်းတော့ဟုစဉ်းစားပြီး
    အိမ်ပြန်ရောက်ရေး သွက်သွက်ကလေး မောင်းနေမိသည်။
    မြို့နှင့်နီးလာပြီ။
    ထိုစဉ် နောက်မှ “ဆင်းမယ်” ဟု ပြောသံကြားသဖြင့် မြင်းလှည်းကို ရပ်ပေးလိုက်သည်။
    လှည်းပေါ်က အဆင်းကို စောင့်နေရင်း ငြိမ့်ကနဲ ငြိမ့်ကနဲ ဆင်းနေသည်မှာ မပြီးသေးပါလားဟု
    လှည်ကြည့်လိုက်ရာ ဆင်းနေသည်မှာ မိန်းမတွေ၊ကလေးတွေ၊ ယောက်ျားကြီးတွေအစုံနှင့် လူတွေ
    လူတွေ အများကြီး။ ဆင်းလို့ကိုမပြီးနိုင်။
    တက်လာတာက ဟိုမိန်းမကြီးတယောက်ထဲ ဆင်းနေတာက အများကြီး။
    ဒါဆို
    “အမလေးဗျ” တခွန်းသာအော်နိုင်ပြီး မြင်းလှည်းကိုအပြင်းမောင်းထွက်တော့တာပေါ့။
    အရှိန်နှင့် တခဏအတွင်းတွင် မြင်းလှည်းက တော်တော်ကြီး ဝေးဝေးကိုရောက်သွားသည်။
    ထိုစဉ် အဝေးမှကျန်ခဲ့သောလူအုပ်ထဲမှ မိန်းမကြီးရဲ့လက်ကြီးက အရမ်းကြီးရှည်ထွက်လာပြီး
    မြင်းလှည်းဆရာမျက်နှာနားရောက်လာပြီးတော့
    “ပိုက်ဆံ ယူသွားအုန်းလေ” တဲ့။
    (ရွှင်လန်းပါစေဗျာ)

    • htoosan

      July 11, 2012 at 5:58 pm

      လူတွေ အဲ ဟုတ်ဘူး သရဲတွေ အများကြီးဆိုတော့ ပိုက်ဆံ အများကြီးပေးရဲ့လားဟင် ..

  • ဇောက် ထိုး

    July 11, 2012 at 7:26 pm

    လူတွေက လွယ်လွယ်လေးပြောတတ်ကြတယ်။ သစ်ပင်ကိုသစ်ပင်လို့မြင်ဖို့ခက်တယ်လို့….
    တကယ်တော့ သစ်ပင်က သစ်ပင်ပါပဲ။

  • ဇောက်ထိုး မိုးမျှော် သခင် ကိုယ်တော်

    July 11, 2012 at 7:55 pm

    ဒူဝေဝေ ဒူဝေဝေ ဒူဝေဝေ
    အို မလွတ်မကျွတ်သူ အပေါင်းတို့
    လက်လှမ်းမှီသလောက် သာဓု ပြုရင်း
    ကျွတ်တန်း ဝင်နိုင်ကြပါစေ
    ( ကျနော်လဲ ကြောက်တတ်ပါတယ်ခင်ဗျ )

  • ဝေးလွင့်တိမ်

    July 11, 2012 at 8:07 pm

    အမရေး နာတော့ကြောက်တယ် ကြည့်ရဲပေါင် ဘယ်လိုရုပ်ကြီးတွေမြင်ရမယ်မှန်းလဲသိဝူး … အမရေး စာရေးရင်းကျောချမ်းလိုက်တာ .. ။ ဖုရား ဖုရား

  • မောင်ပေ

    July 11, 2012 at 9:40 pm

    စနိုးလေးရေ
    ကိုပေ က တော့ အရမ်းအသဲနုလို ့
    မကြည့်ရပါဘူးကွယ်
    စနိုးလေး ကိုပဲ ဂျစ်မယ်ကွယ်
    နော…

  • pooch

    July 12, 2012 at 1:05 am

    တခါက အိမ်မှာ အလုပ်လုပ်တဲ့ အလုပ်သမားတယောက် သွေးတိုးတဲ့ဒဏ်ကြောင့် ဦးနှောက်သွေးကြောပြတ်ပြီး ရုတ်တရက်ဆုံးသွားဖူးတယ်။ သူရက်လည်တဲ့နေ့မှာ အလုပ်ရုံ တံခါးကို တဒုန်းဒုန်းနဲ့ လာထုတာကို အဲ့ဒီမှာ စောင့်အိပ်တဲ့ အလုပ်သမားက ကြားလိုက်ရတယ်။( သူ့အပြောအရ)

    တိုက်ဆိုင်တာနေမှာပါလို့ ပြောလည်း မရဘူး။ နောက်နေ့ ဘယ်လိုမှ စောင့်ခိုင်းလို့ မရလို့ ဘုန်းကြီးပင့် ပရိတ်ရွတ်ပြီး အမိန့်စာပြန်ပေးလိုက်ရတယ်။ အဲ့နောက်ပိုင်းတော့ မကြားရတော့ဘူးပြောတာပဲ။ တယောက်ထဲ မအိပ်ရဲတော့လို့ သူလည်း အလုပ်သမားတန်းလျားက လူတွေနဲ့ပဲ ပေါင်းအိပ်တော့တယ်။

  • kai

    July 12, 2012 at 3:37 am

    အဲဒီစပယ်ပင်… ဒေါ်လာ၁ထောင်လောက်ရနိုင်တယ်..
    တကယ်ဆိုရင်ပေါ့..

    ရှေ့ကခူး… နောက်ကပွင့်တာ တကယ်ဆိုရင်တော့…
    အဟမ်း..
    ၁သောင်းအသာလေးပဲ..
    ကွိကွိ.. :mrgreen:

  • အလင်းဆက်

    July 12, 2012 at 7:45 am

    စနိုးရေ.. စာရေးသားတာ အင်မတန်.ကောင်းလာကြောင်းပါ…

Leave a Reply