Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

သစ်သီးအချို့ နှင့် ကျန်းမာရေး

ခင္ခJuly 14, 20121min74627

စားသောက်ဆိုင်တွေမှာ ထမင်းစားပြီး အချိုတည်းဖို့တည်ခင်းတတ်တဲ့ သစ်သီးအချို့ဟာ ကျန်းမာရေးကို ဘာတွေအထောက်အကူပြုသလဲ သိစေချင်လို့ ဖတ်ခဲ့ဖူးတဲ့ တိုလီမိုလီစာပေတွေက ကောက်နုတ်ပြီးတင်ပြပါရစေ။

သရက်သီး – ဗီတာမင်အေ ကြွယ်ဝစွာပါတာမို့ အန်တာ၊ ခေါင်းမူးတာ ပျောက်စေတယ်၊ ကင်ဆာခုခံ ကာကွယ်ခြင်း အစွမ်းများရှိတယ်၊ ကာရိုတင်းဓါတ်များစွာ ပါတာကြောင့် အမြင်ကြည်လင်အားကောင်းတယ်၊ အသားအရေစိုပြေ ပြောင်လက်စေတယ်၊ ဗီတာမင်စီနဲ့ သတ္တုဓာတ်တွေလည်းပါလို့ ကိုလက်စထရော ချပေးတယ်၊ သွေးလွှတ်ကြောမာတာကို သာမက နှလုံးသွေးကြောရောဂါနဲ့ သွေးတိုးကိုလည်း ကာကွယ်ပေးပါတယ်၊ အမျှင်ဓာတ်ပါဝင်လို့လည်း ဝမ်းမှန် စေတယ်။ သွားဖုံးရောင်တာ ချောင်းဆိုးသလိပ်များတာဖြစ်ရင်လည်း သရက်သီးစားပါက သက်သာကောင်းမွန်နိုင်ပါတယ်။

သဘောင်္သီး – ဗီတာမင်ပါဝင်မှု့ဟာ သာမန်အသီးတွေနဲ့စာရင်အများကြီးပိုတယ် ဒါပေမဲ့ ကယ်လိုရီကျတော့ နိမ့်တာတွေ့ရတယ်၊ သင်္ဘောသီးမှာပါတဲ့ ပါပိန်းဓာတ်ဟာ အစာအိမ်ထဲရောက်တဲ့အခါ ပရိုတင်းဖြိုခွဲပေးနိုင်တဲ့ အင်ဇိုင်းကိုပေါ်ပေါက်စေလို့ အစာခြေမှုကို အားပေးပါတယ်၊ လူကိုအလှတိုးစေတယ်၊ မျက်နှာအရစ်အကြောင်းများ နည်းစေတယ်၊ ပြင်ပဒါဏ်ရာကို သက်သာပျောက်ကင်းစေတယ်၊ သင်္ဘောသီးအခွံကပ်အသားကို မျက်နှာကိုသုတ်လိမ်းပေးရင် အသားအရေကိုနုညက်ပြောင်လက်စေတယ်၊ အကျိတ်အဖုထွက်တာ ကာကွယ်ပေးတယ်၊ သွေးထဲအဆီဓာတ်ကို ထိန်းပေးတယ်၊ သွေးပြွန်ကိုပျော့စေတယ်၊ အရောင်းအရမ်းကျစေပြီး ရောဂါပိုး ခုခံနှိမ်နင်းပေးတယ်၊

ဖရဲသီး – ဆီးရွှင်စေတဲ့ စွမ်းအားကောင်းပါတယ်၊ကျောက်ကပ်ရောဂါ နှလုံးရောဂါ ကိုယ်ဝန်ဆောင်မှုနဲ့ သွေးတိုးရောဂါတွေကြောင့်ဖြစ်တတ်တဲ့ ရေဖောဖော တာကို သက်သာပျောက်စေတယ်၊ အရက်နာကျတာပြေစေတယ်၊ အမျိုးသမီးများ ဆီးလမ်းကြောင်းရောင်ရမ်းနာနဲ့ ဆီးအိတ်ရောင်ရမ်းနာတွေဖြစ်ရင် ဖရဲသီးစားပါက သက်သာနိုင်ပါသည်၊ နွေရာသီပူပြင်းလို့ ရေငတ်တဲ့အခါ ဖရဲသီးစားရင်ကိုယ်တွင်းက အရည်ဓာတ်ကိုတိုးပွားပြီး ရေငတ်ပြေစေပါတယ်၊

ဌက်ပျောသီး – ကိုယ်တွင်းအပူကြီးတာ၊ ရေခဏခဏငတ်တာ၊ ဝမ်းချုပ်တာ၊ လိပ်ခေါင်းကြောင့် သွေးထွက်တာတွေကို သက်သာပျောက်ကင်းစေတယ်၊ ဌက်ပျောသီးမှာ သကြားဓာတ်ပါတာကြောင့် ကိုယ်ထဲရောက်ရင် ကယ်လိုရီအင်အားဓာတ် အဖြစ်ပြောင်းပြီး ခန္ဓာကိုယ်ခွန်အားရစေတယ်၊ ဗီတာမင်အေ ကြွယ်ဝစွာပါလို့ အစာအိမ်နဲ့အူရဲ့ အမြှေးပါးကို ကောင်းမွန်စေလို့ ဝမ်းသွားစေပြီး ဝမ်းချုပ်သက်သာစေနိုင်ပါတယ်၊ ပိုတက်စီယမ်လည်း ကြွယ်ဝသေးလို့ သင့်တင့်စွာစားသုံးခြင်းဖြင့် စိတ်လေလံထိုင်းမှိုင်းတာ သက်သာနိုင်ပါတယ်၊

သခွားမွေး – အသည်းနှင့်အစာအိမ်ကို အားပေးတယ်၊ ဝမ်းမှန်စေလို့ ကိုယ်တွင်းအပူအပုပ်ကင်းစေပြီး အဆုတ်ကိုရွှမ်းစေတယ်၊ ဆီးရွှင်စေတယ်၊ သွေးသန့် စေပါတယ်၊ ပါးစပ်နံတာ ဆီးသွားရခက်တာ မျက်စိနီရဲရောင်ကိုင်းတာ တွေအတွက်သခွားမွှေးစာပေးရင် သက်သာနိုင်ပါတယ်၊ သွေးမတိုးအောင်လည်း ကာကွယ်ပေးပါတယ်။

စပျစ်သီး – သတ္တုဓာတ်မျိုးစုံပါတာကြောင့် ဆီးရွှင်ခြင်း ကိုယ်ဝင်ထိန်းပေးခြင်း ကိုလက်စထရော ကျစေခြင်း အိုးမင်းရင့်ရော်မှု့ကို တုန့်နှေးစေခြင်းအကျိုးဖြစ် စေတတ်ပါတယ်၊ ကင်ဆာဆလ်တွေကို မပြန့်အောင်လည်းတားပေးတယ်၊ ဆံပင်ကိုလည်းနက်မှောင်စေတယ်၊ သွေးထွက်ဝေဒနာသည်တွေ နာလန်ထစမှာ ကိုယ်ခွန်အား ဖြည့်တင်းပေးဖို့ စပျစ်သီးဟာအထူးသင့်လျော်ပါတယ်၊

နာနတ်သီး – အမျှင်ဓာတ်များစွာပါလို့ ဝမ်းသွားခြင်းကိုအားပေးပါတယ်၊ ဆီးရွှင်မှု့ကြောင့် ရောင်ရမ်းတာ၊ ရေဖောတာ၊ သွေးအောင်းစုတာတွေကို သက်သာစေပါတယ်၊ သွေးကြောပိတ်လို့ဖြစ်တဲ့ နှလုံးရောဂါကို ကာကွယ်ပေးနိုင်တယ်၊ ဗီတာမင်ဘီဝမ်းပါလို့ ဇီဝကမ္မဖြစ်စဉ်အားကောင်းစေတယ် နာနတ်သီးဟာ မောပန်းနွမ်းနယ်မှု့ပြေပျောက်စေတယ်။

နဂါးမောက်သီး – စိတ်ပူပင်သောကကို လျှော့စေတယ်၊ စိတ်ငြိမ်မှု့ဖြစ်စေတယ်၊ ကိုလက်စရောကျစေတယ်၊ မျက်စိအမြင် ကြည်လင်အားကောင်းစေတယ်၊ ကိုယ်တွင်းအပူအပုပ် ရှင်းထုတ်ပေးတယ်၊ ဝမ်းမှန်ပြီး ဆီးရွှင်စေတယ်၊ အထူးသဖြင့် ကယ်လိုရီဓာတ်ပါဝင်မှု့သိပ်နိမ့်လို့ ဝဖိုင့်သူနဲ့ ဆီးချိ်ုဝေဒနာသည်တွေ အတွက် အထူးသင့်လျော်ပြီး၊ နဂါးမောက်သီးဟာ  အစာအိမ်နဲ့အူတွေရဲ့ အစာခြေဖျက်မှုကိုလည်း အားပေးပါတယ်။

ရွာသူရွာသားအပေါင်း ကျန်းမာသုခနှင့် ပြည့်ဝကြပါစေ။

ဖတ်ရှု့အားပေးသူအပေါင်း ကျေးဇူးပါ။

27 comments

  • စိန်ဗိုက်ဗိုက်

    July 14, 2012 at 4:49 pm

    အထက်ပါ အသီးတွေနှင့် ဆန် ့ကျင်ဘက် အသီးကတော့ ဓညင်းသီးပဲ ဖြစ်ပါတယ်ချင်
    ဂိန်..ဂိန်..

    • ဂန္ဒာရီဆြာအုပ်

      July 15, 2012 at 12:32 am

      အမရေးဂျာ ကြောရက်ရိုက်တာ. အနော်အကြိုက်ချုံးကိုမှ

  • may flowers

    July 14, 2012 at 5:34 pm

    အားပေးဖတ်ရှု သွားပါတယ်…ဗဟုသုတရစရာလေးတွေမို့ ကူးလည်းကူးယူခွင့်ပြုပါလို့။

    • water-melon

      July 14, 2012 at 5:48 pm

      ဟဲ့တောင်မ ညည်းနော်လိုက်ခွတ်မနေနဲ့ သူများပို့စ်မှာ တော်ကြာ အပြောခံနေရမယ်

  • မောင်ပေ

    July 14, 2012 at 7:57 pm

    ကျုပ်ကတော့ ညရနာရီလောက်ဆိုရင် ငှက်ပျောသီးဖီးကြမ်း မှည့်မှည့် တစ်လုံးလောက် အမြဲကစ်တယ်
    ဘာကောင်းသလဲ မမေးပါနဲ ့၊ အရမ်းကို ကောင်းလွန်းလို ့…
    ကျန်းမာရေးအတွက်
    ဟီဟိ

  • the best

    July 14, 2012 at 10:19 pm

    ဖရဲသီး
    အနီရောင် ဖရဲသီးတွေဟာ များသောအားဖြင့် အဝါရောင်နဲ့စာရင် အချိုပေါ့တယ်။ အနီရောင် ဖရဲသီးမှာ ပါဝင်တဲ့ အင်တီအောက်ဆီးဒင့်က ကင်ဆာရောဂါ ဘေးဥပါဒ်ကို လျှော့ချပေးနိုင်ပါတယ်။

    အဝါရောင် ဖရဲသီးမှာ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးတဲ့ ဗီတာမင်စီ ပိုမိုပါဝင်ပြီး တုပ်ကွေး၊ ဖျားနာမှုကနေ ကင်းဝေးစေပါတယ်။

    ပုရိသတို့စားသုံးသင့်တဲ့ ဖရဲသီး
    ဖရဲသီးဟာ ယောက်ျားကာမအားတိုးစေတယ်လို့ သိပ္ပံပညာရှင်များစွာက သက်သေထူနိုင်ခဲ့ ကြပါတယ်။ ယောက်ျားအယောက် ၅ဝ ကို လေ့လာဆန်းစစ်တဲ့အခါမှာ ကာမအား သိသိသာသာ
    တိုးလာကြောင်း တွေ့ရှိရပါတယ်။ ဖရဲသီးမှာ Citrulline ဓာတ်တွေ
    အများကြီးရှိပါတယ်။ လေ့လာတွေ့ရှိချက်များအရ လုံလောက်တဲ့ Crtrulline ရရှိရန်
    ဖရဲသီးခြောက်စိတ် (သို့) ခုနှစ်စိတ်ကို နေ့စဉ်စားသုံးပေးရန် လိုအပ်ကြောင်း
    သိရှိရပါတယ်။

    မှတ်ဉာဏ်ကောင်းစေတယ်
    မြင်းခွာရွက်မှ မှတ်ဉာဏ်ကောင်းတာ မဟုတ်ဘူးနော်။ ဖရဲသီးဟာလည်း လူကို မှတ်ဉာဏ်ကောင်း စေတယ်။ ဖရဲသီးအစေ့ကို အခွံခွာပြီး လေး၊ ငါးလုံးလောက် မနက် ဘာမှမစားရသေးခင်
    စားပေးပါ။ ကျောင်းသူ ကျောင်းသားတွေ စားသုံးပေးသင့်ပါတယ်။
    မှတ်ဉာဏ်ကောင်းစေပါတယ်။ ဖရဲသီးအစေ့မှာ ပရိုတင်း၊ အက်မီနိုအက်ဆစ်၊
    ဗီတာမင်ဘီ၊ သံဓာတ်၊ ဇင့်ဓာတ်နဲ့ တခြားဓာတ်တွေ ပါဝင်ပါတယ်။ ဒါ့အပြင်
    ညဘက်အိပ်မပျော်ခြင်း၊ လွယ်ကူစွာ အိပ်မရခြင်း၊ ခဏ ခဏ
    သတိမေ့လျော့ခြင်းများအတွက် ဖရဲသီးဟာ အကောင်းဆုံး မှတ်ဉာဏ်တိုးဆေးပဲ
    ဖြစ်ပါတယ်။

    ဝမ်းချုပ်တာကာကွယ်
    ဖရဲသီးကို နေ့လယ်စာနဲ့ ညစာစားပြီးအချိန် စားသုံးပေးရင် ဝမ်းချုပ်ခြင်းမှ ကာကွယ် ပေးပါတယ်။ ဖျားနေရင် ဖရဲသီးကို ဒီအတိုင်းသော်လည်းကောင်း၊ အရည်သော် လည်းကောင်း
    သောက်သုံးပေးပါ။ ချောင်းခြောက်ဆိုးနေရင် ဆားခပ်ပြီး သောက်ပေးပါ။

    ခေါင်းကိုက်၊ ကျောက်ကပ်
    ခေါင်းကိုက်နေရင် ဖရဲသီးဖျော်ရည်ကို မနက်ပိုင်း ဘာမှမစားရသေးခင် သောက်ပေးပါ။ သကြားတစ်ဇွန်း (လက်ဖက်ရည်ဇွန်း) နဲ့ ခပ်ပြီး သောက်ပေးပါ။ ဖရဲသီးကို အရည်ပဲဖြစ်ဖြစ်၊
    ဒီအတိုင်းပဲဖြစ်ဖြစ် စားသုံးပေးပါက ကျောက်ကပ်ကို သန့်စင်စေပါတယ်။
    ဂျိုးတွေကျစေ ပါတယ်။ ကွမ်းစားလို့ ကျောက်ကပ်မှာ ထုံးတွေတည်နေတာတွေ
    ကျစေပါတယ်။

    သွေးတိုးအတွက်
    သွေးတိုးသမားတွေအတွက် ဖရဲသီးအစေ့ကို ဖျော်ရည်လုပ်ပြီး သောက်ပေးရပါမယ်။ ဖရဲသီးအစေ့ကို နေလှန်းပြီး တစ်ရက်ထားပါ။ ပြီးရင် လက်ဖက်ရည်ဇွန်း (၂)ဇွန်းစာ အစေ့တွေကိုယူပြီး ရေနွေးနဲ့
    တစ်နာရီလောက် ပြုတ်ပေးပါ။ သုံးပုံတစ်ပုံကျန်မှ အရည်နဲ့စစ်ပြီး အဲဒီ့အရည်ကို
    မနက်တိုင်း ဘာအစာမှ မစားရသေးခင် သောက်သုံးပေး ရပါမယ်။ ကျန်တဲ့
    နေ့ခင်းဘက်အချိန်တွေ သောက်ရင်လည်း ရပါတယ်။ မနက်ပိုင်း ဘာအစာမှ မစားရသေးခင်
    သောက်တာဟာ အကောင်းဆုံး အကျိုးသက်ရောက်မှု ရှိစေပါတယ်။

    ဖရဲသီး Diet လုပ်နည်း
    ဖရဲသီးဟာ ဝိတ်ကျစေတဲ့ သစ်သီးတစ်မျိုး ဖြစ်ပါတယ်။ ဖရဲသီးတစ်ခွက်မှာ ကယ်လိုရီ ၄၆ ရှိပါတယ်။ ဖရဲသီးဖျော်ရည်ကို များများသောက်ပြီး ရေများများသောက်ပေးရင် သိသိသာသာ
    ဝိတ်ကျလာစေပါတယ်။ တခြား ဘေးထွက်ဆိုးကျိုးများ မရှိတဲ့အတွက် စိတ်ချလက်ချ
    စားသုံးနိုင်ပါတယ်။ ဖရဲသီးကို ဘယ်လောက်စားသုံးပေးရမလဲဆိုတော့ ကိုယ်ဘယ်လောက်
    ဝိတ်မြန်မြန်ချချင်တယ်ဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။ သာမန်အား ဖြင့်တော့
    ကယ်လိုရီ ၁၅ဝ စားသုံးပေးရမှာ ဖြစ်ပါတယ်။ ဖရဲသီးကို မနက်စာ မစားခင် အချိန်၊
    နေ့လယ်စာမစားခင် တစ်ခွက်နဲ့ ညနေစာမစားခင် တစ်ခွက် သောက်ပေးပါ။
    သွားရည်စာအဖြစ်လည်း စားသုံးပေးပါ။ ဖရဲသီးထဲမှာပါတဲ့ သကြားဓာတ်ဟာ
    ဘေးဘယာမဖြစ်စေပါဘူး။

    အကောင်းဆုံး Toner
    ဖရဲသီးဟာ သဘာဝအကောင်းဆုံး Toner တစ်ခုပဲဖြစ်ပါတယ်။ ဖရဲသီးအရည်ကို ပျားရည်နဲ့ရောပြီး ခြောက်သွေ့တဲ့ အသားအရေပိုင်ရှင်တွေအတွက် လိမ်းပေးနိုင်ပါတယ်။ အဆီပြန်တဲ့အသားအရေအတွက်
    ဖရဲသီးအရည်နဲ့တင် လိမ်းပေးနိုင်ပါတယ်။ သဘာဝ Toner ဖြစ်ပြီး
    မျက်နှာအရေပြားအတွက်လည်း လိမ်းပေးနိုင်ပါသေးတယ်။ လိမ်းမည် ဆိုပါက အရင်ဆုံး
    ပိတ်ဖြူသန့်တစ်စအပေါ် ဖရဲသီးအရည်ဆွတ်ပြီး မျက်နှာကို လိမ်းပေးပါ။
    လည်ပင်းနေရာတွေကိုပါ လိမ်းပေးရမှာ ဖြစ်ပါတယ်။ အသားအရေကို တင်းရင်းစေတယ်။
    စိုပြည်စေပါတယ်။ ဗီတာမင်စီ၊ ဗီတာမင်အေတို့ ပါဝင်တဲ့အတွက် အသားအရေကို
    တောက်ပရွှန်းလဲ့စေပါတယ်။ အရေပြားပေါ်က ပျက်စီးနေတဲ့ဆဲလ်တွေကို ပြုပြင်ပေးပြီး
    အသစ်ပြန်လည် ဖြည့်ဆည်းပေးပါတယ်။

    ဖရဲသီးနဲ့ မျက်နှာပေါင်းတင်မယ်
    ဖရဲသီးကို ညှစ်ပြီး အဖတ်ကို မျက်နှာနဲ့ လည်ပင်းနေရာတွေကို လိမ်းပေးပါ။ ၁၅ မိနစ်လောက်ထားပြီး မျက်နှာကို ပြန်ဆေးပေးပါ။ ဒါက ရိုးရိုးနည်းဖြစ်ပါတယ်။ မျက်နှာမှာ
    နေလောင်ဒဏ်တွေ၊ နေပူထဲ ခဏ ခဏသွားရတဲ့ မျက်နှာမည်းညစ်နေတဲ့သူဆိုရင်တော့
    ဖရဲသီးနဲ့ သခွားသီးကို အချိုးကျညှစ်ပြီး အဖတ်နဲ့လိမ်းပေးရမှာ ဖြစ်ပါတယ်။
    မိနစ် ၂ဝ လောက်ထားပြီးမှ ရေနဲ့ပြန်ဆေးပေးပါ။ သာမန်အသားအရေအတွက် ဖရဲသီး
    ပေါင်းတင် နည်းဟာ အရေပြားကို နူးညံ့ရွှန်းစိုလာစေပြီး နေလောင်ဒဏ်
    အသားအရေများအတွက် မည်းညစ်နေတာတွေ ပျောက်ကင်းပြီး ရှင်းသန့်လာစေပါတယ်။

    နွေဦးအစားအစာ
    ပူအိုက်တဲ့ရာသီမှာ စားသုံးသင့်တဲ့ အသီးတစ်မျိုးပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဖရဲသီးမှာ ရေဓာတ်အများကြီး ပါပါတယ်။ ၉၂ ရာခိုင်နှုန်း ပါဝင်ပါတယ်။ ရေကိုဒီအတိုင်းကြီး သောက်တာထက် ဖရဲသီးကို
    စားပေးတာဟာ အရသာလည်းရှိ၊ ရေငတ်လည်းပြေပါတယ်။ ကိုယ်အတွင်းရှိ
    အဆိပ်ဖြစ်စေမယ့် အရာတွေကို ရှင်းပေးပါတယ်။

    • ဂန္ဒာရီဆြာအုပ်

      July 15, 2012 at 12:39 am

      ဟိုင်ချားပါး.. ကြိုက်တွားပီ အဟိ.. ချားမယ်.. ချားမယ် တစ်နေ့တစ်လုံးကို ချားမယ်

  • TTNU

    July 14, 2012 at 10:45 pm

    အကျိုးရှိသောစာကိုရေးသွားကြတာမို့
    ကျေးဇူးတင်လိုက်တာ။
    ဖရဲသီးသိပ်ကြိုက်တာမို့
    ဖရဲသီးစားခြင်းအာနိသင်တွေဖတ်ပြီး
    ကျေနပ်နေပါတယ်။

  • မိုက်ကယ်ဂျော်နီအောင်ပု

    July 15, 2012 at 2:42 am

    ဒီနေရာမှာ ကျုပ်က ဘယ်သူနဲ့မှမတူအောင်ဗျောင်းဗျန်ပြောကြည့်မယ်ဗျာ
    သဘာဝဆိုတဲ့ လောကကြီးက သဘာဝပေါက်ပင်တွေကို သဘာဝတရားအရ သူ့အချိန်နဲ့သူ
    သီးအောင်ပွင့်အောင် ဖြစ်နေစေတယ်ပြောမလား
    ဒါကိုလူတွေက ဆန့်ကျင်ပြီး ဆယ့်နှစ်ရာသီ သီးနှံတွေ ဖြစ်အောင်လုပ်ကြတယ်
    သဘောအရ သရက်သီး သီးချိန်မဟုတ်ဘဲ သရက်သီးသီးတယ် သရက်သီးကို စားရတယ်
    ဘာညာကွိကွ ဒီလိုဘဲ
    ဥပမာဗျာ
    မျှစ်လို့ ဆိုပါစို့ ကျုပ်တို့မြန်မာနိုင်ငံမှာ မျှစ်ဆိုတာ မိုးရာသီမှာမှ စားရတာ
    ထိုင်းနိုင်ငံမှာ ဆယ့်နှစ်ရာသီရတယ်
    ဒါက သဘော
    ကျုပ်အမြင်ကတော့ လောကသဘာဝအရ ရာသီစာကိုစားတာမှ အဟာရဖြစ်မလားဘဲ
    ကဲ ဗျာ
    အထက်မှာဆိုထားတဲ့ သီးနှံတွေ
    ဥပမာဗျာ သင်္ဘောသီး
    မြန်မာပြည်အောက်ပိုင်း ငှက်ဖျားပေါ့တဲ့ ဒေသတွေ ရောဂါရှိသူတွက် သင်္ဘောသီးဆိုတာ
    သေဆေးဘဲ
    ဘယ်လိုမှတော့ သဘောမထားနဲ့ပေါ့ဗျာ
    ဗျောင်းဗျန်ပြောရတာ လွယ်တဲ့အလုပ်တော့မဟုတ်ဘူး
    ပြေးဘီ
    ဂိန်ဂိန်ဂိန်

    • water-melon

      July 15, 2012 at 1:29 pm

      ဌက်ဖျားပိုးက သင်္ဘောသီးနဲ့ဆိုင်လို့လား
      ခြင်ကိုက်လိုဖြစ်တာမဟုတ်ဘူးလား
      သိတဲ့များ ပြောကြပါအုန်း
      ခိန် ခိန် ခိန်

      • surmi

        July 15, 2012 at 3:52 pm

        ဒီနေရာမှာ ဒို ့ဘပုကြီး ကွန်ဆာဗေးတစ်ဖြစ်သွားပြီ
        ငှက်ဖျားနဲ ့ သစ်သီင်္ီးမတည် ့ဘူးဆိုတာ ရှေးလူကြီးတွေပြောတတ်တာ
        တိန် တိန် တိန်

        • မိုက်ကယ်ဂျော်နီအောင်ပု

          July 15, 2012 at 11:42 pm

          ဟုတ်ဒယ်
          ငှက်ဗျား ဖြစ်တဲ့လူဟာ သင်္ဘောသီးနဲ့ မတည့်ဘူး
          ကြာအင်းဆိပ်ကြီး ( ကရင်ပြည်နယ် ) လောက်သွားမေးကြည့်ပါလား
          မယုံမရှိနဲ့
          ( တစ်ခုရှိတာက အဲ့ဒါက အတိုက်ခံဖက်ကနေပြောဒါ )

    • ကြောင်ကြီး

      July 16, 2012 at 6:45 am

      ဘပု ခင်ဗျားနဲ့ဖြိုး သိပ်ကြိုက်တယ်ဆိုတဲ့ ဟိုအသီး ဘာအသီးလည်း နေပါအုံး ပြောခါနီးဆိုတယ်မေ့ 🙄 🙄 🙄 🙄 🙄 🙄 ဟားသတိရပီ ဂွေးသီး…အဲဒီအကြောင်းပြောပါအုံး…။ 😀

  • ko khin kha

    July 15, 2012 at 8:40 am

    ဖတ်ရှုတဲ့သူများကိုလည်းကျေးဇူးတင်သလို၊ ကူးယူလိုသူများလည်းခွင့်တောင်းဖို့မလိုပါ ပိုစ့်တင်ပြီးမှတော့ စိတ်ကြိုက်လုပ်နိုင်ပါတယ်။

  • Ko out of...

    July 15, 2012 at 2:56 pm

    ုုko khin kha ရေ..

    နောက်လည်းဒီလို ကျန်းမာရေးနဲ့ပတ်သက်တဲ့ ဗဟုသုတတွေ အချိန်ရရင် ထပ်တင်ပေးပါဦး..

    ကော်ပီ လုပ်သွားပါတယ်….ကျေးဇူးဘဲ…

  • ကြည်ဆောင်း

    July 16, 2012 at 9:27 am

    Post တင်တဲ့ ကိုခင်ခ ရော၊ ဖရဲသီးအသုံးဝင်ပုံကိုစုံလင်စွာပြောပေးတဲ့ the best ကိုရောကျေးဇူးအထူး …
    မကြိုက်ဆုံးအသီးတွေထဲမှာ ဖရဲသီးပါပေမဲ့ ဒီလောက်ကောင်းနေမှတော့ မကြိုက်မဖြစ်ကြိုက်ရတော့မှာပေါ့

  • mamanoyar

    July 16, 2012 at 9:33 am

    ဟဲဟဲ မကြိုက်တဲ့အသီး တစ်သီးမှပါဘူး
    ကျန်းမာရေးနဲ့လဲ ညီညွှတ်တယ်ဆိုတော့
    ပိုပြီးတော့ စားအုန်းမယ် လာထားးးးးးးးးး

  • etone

    July 16, 2012 at 12:50 pm

    ဟေးးးးးးးးးးးးးး တွေ့ပြီကွ …

    ခုနက အဆက်မှာသွားရှာတာ မတွေ့လို့ … အရေးစောသွားတယ် …
    သရက်သီးဆို သိပ်သိပ်ကြိုက် ….. ဟီး 😀

  • ko khin kha

    July 16, 2012 at 2:43 pm

    ကျွန်တော်လည်း သရက်သီးကြိုက်သူမို့ ပထမဆုံးအသီးနေရာမှာ တင်ပြီးရေးထားတာပါ။
    သရက်သီးထဲမှာ စိန်တလုံးနဲ့ ပတ္တမြားငမောက် ကိုပိုကြိုက်တယ်။

    • etone

      July 16, 2012 at 3:32 pm

      ကိုခင်ခရေ .. ကျွန်မကတော့ သရက်သီးဖြစ်လျှင်ကိုပဲ .. ဘာအမျိုးစားသီးဖြစ်ဖြစ် အကုန်ကြိုက်တယ် .. အဟီး ။ ဒါပေမယ့် .. အမှည့်ပဲ ကြိုက်တာ .. အစိမ်းကို ဒီလောက်ကြီးမကြိုက်ဘူး … ။ သူများတွေကြိုက်ကြတဲ့ ငံပြာရည်နဲ့ ငရုပ်သီးမှုန် ့လေးဖြူးပြီး သရက်သီးစိမ်းတွေစားတာ ….အဲ့ဒါမျိုးမကြိုက်ဘူး …. သရက်ဆိုမှည့်မှ … ။ ဟီး 😛

  • ko khin kha

    July 16, 2012 at 2:54 pm

    ကိုပေါက်ခင်ဗျား ကျွန်တော်လည်းဆုံချင်ပါတယ်၊
    ဖုန်းဆက်လိုက်ပါမယ့်။

  • မဟာရာဇာ အံစာတုံး

    July 16, 2012 at 3:11 pm

    အော် ..
    ဖရဲသီးက အရက်နာကျတာ
    ပြေစေနိုင်တယ်တဲ့လား ခင်ဗျ ….
    ဒါဆို ဘီအီးနာကျတာကော ပြေနိုင်လားဟင် .. 😀

Leave a Reply