***အတွေးလွန်***
လွတ်လပ်ခြင်း ကိုလက်လွှတ်ရင်း
ကြီးပြင်းလာတဲ့ကောင် ဆိုတော့ ..
အမြင်တွေ .. ဘောင်ကျဉ်းသွားရင်
ရှောင်ရင်း သာ …. ကျော်သွားကြတော့ ….
ငါ့အမှန် တရား နဲ ့ငါ …
ဘယ်သူ ့ဘယ်သူ မှ … မနာစေချင်ဘူး ပ
လိပ်တစ်ကောင်ရဲ့ … ဇွဲမျိုး နဲ ့ …
ပန်းတိုင်ဟာ ….ဆုံမှတ်ဖြစ်စေရမယ် ….
ခွေးဟောင်တိုင်း ထထမကြည့်တတ်တော့ …
ခက်သွားလား …..
ကိုယ့်ဝါသနာ နဲ ့ကိုယ်ပေါ့ …
မွေးရာပါ … ဦးဏှောက် နဲ ့
ဆင်ခြင် တုံ တရားကို မော့မော့သောက်
တစ်ခါတစ်လေ …ဘဝဆိုတာ
နားရွက်နဲ ့လည်း …. လမ်းလျှောက်တတ်ရသတဲ့ ….
ကျုပ်ကို … ထားခဲ့ပါ့
ခင်ဗျားတို ့ သွားနှင့် ….
ခင်ဗျားတို ့ ခြေရာတွေ ….ပြန်စစ်ပြီး
သန် ့ရှင်းရေး လုပ်သင့် လုပ်ရအောင် …
ကျုပ် ကျန်ရစ်ခဲ့ မှာ ပ ….
အဲလိုဘဲ …ကျုပ်ကျင့်ချင်ရဲ့ ….
တတ်နိုင်သလောက် တော့ …
ပြောင်အောင် တိုက်ချွတ်လိုက်ပါ့မယ်
နို ့ …ခင်ဗျားတို ့စိတ်တွေတော့ ….
ကျုပ်မညှစ် ပေးနိုင်တာ …ခွင့်လွှတ်ပါ
ကျုပ်ချစ်တာ နဲ ့ …. ကျုပ်သိသလောက်
ကဗျာ နဲ ့ပဲ … ရဲရဲတောက်ချင်တော့ …
ထင်သလောက်မပေါက် တဲ ့….ခရီး
ခင်ဗျား တို ့လဲ … စုစည်းထားပေါ့နော …
အစိမ်းရောင် ဆို နှလုံးနာနေရတဲ ့ … အထဲ
အမှောင်ကောင် တွေက … တောကြောင် ဇာတိတွေ ….
ထုတ်ထုတ်ပြ …… သနားလွန်း သဗျ …
စကောလောက်မှ …စောက်မနက်ရင်
အနက်နဲ ့ … အဖြူကြား..မှာ
ကျုပ်တို ့လည်း ….ခြစားလို ့ကုန်လောက်ရောပေါ့ …
အသိ ကို သတိ ချွန်းနဲ ့အုပ် ..
ကျုပ်တို ့ကိုယ့်အလုပ်ကိုယ် …ဆက်လုပ်ကြတာပ
ဒုက္ခ ကိုကြိုဆိုတယ် ….
အနတ္တ ကိုကိုင်ဆုပ်တယ် …
အတ္တ တော့ … အနည်းငယ် ပေါ့
အတတ်လမ်း ဆိုတော့ …
အဖျက်ကြမ်းချင် ကြမ်းမယ် ….
ရှက်ရမ်းတော့ လာမရမ်းနဲ ့ ….
ဝက်ဖမ်းပွဲ … ကျင်းပပေးလိုက်မယ် … ။။။။
7 comments
မောင်ပေ
July 24, 2012 at 1:40 pm
ဝက်ဖမ်းပွဲ
လက်သရမ်းကဲ
တက်စမ်းအထဲ
မမြတ်ဝမ်းနဲ
mamanoyar
July 24, 2012 at 1:41 pm
အားပေးသွားပါတယ်နော်
ဇောက် ထိုး
July 24, 2012 at 2:24 pm
မိုက်လှပါလား………………..
ခပ်မိုက်မိုက် ကောင်မလေး
July 24, 2012 at 4:06 pm
ဒါလေးကူးသွားတယ်နော်…:)
———–
(ဒုက္ခ ကိုကြိုဆိုတယ် ….
အနတ္တ ကိုကိုင်ဆုပ်တယ် …
အတ္တတော့ အနည်းငယ် ပေါ့..)
————
အဲ့စာသားလေး အရမ်းကြိုက်တယ်ဗျာ…
မိုက်လေး ဖတ်ကြည့်သမျှ…
ခင်ဗျားရဲ့ စာတွေ အရမ်းကောင်းပါတယ်…
အားပေးသွားပါတယ်ဗျို့….။
maung khinmin
July 24, 2012 at 5:45 pm
ကျေးဇူးပါ…..မိုက်လေးရေ…
မိုက်သွေးကြွနေတဲ့…ကဗျာဆရာတစ်ယောက်တော့မဟုတ်ပါဘူးဗျာ ….
မနေနိုင်မထိုင်နိုင် …. လို ့ရေးတဲ့ကဗျာ..ဘယ်သူ ့ဘယ်သူကိုမှ
နာအောင်မပုတ်ခတ်ရိုးအမှန်ပါ …
ရိုဟင်ဂျာကဗျာမှာ … စော်ကားခြင်း ၊ဘာသာရေးသွေးထိုးခြင်း ၊
အဲလိုစေတနာတွေန ဲ့…ရေးခဲ့ခြင်းမဟုတ်ပါ…
ခင်မင် သည်… လူမိုက်မဟုတ်ပါ..
သန်းထွဋ်ဦး
July 24, 2012 at 10:23 pm
ကိုခင်မင်ရေ နားရွက်နဲ ့လမ်းလျှောက်တယ် ဆိုတဲ့အပိုင်းလေးရှင်းပြ
ပါလားဗျ
maung khinmin
July 25, 2012 at 9:10 am
ရှင်းပြရင်…အရသာပျက်တယ်ခင်ဗျ…
ကိုသန်းထွဋ်ဦး … နားလည်သလို ယုံကြည်လိုက်ပါခင်ဗျ…