´´မြေဇာပင်များ……..´´
* သွေးပျက်သွားတဲ့ နှလုံးသား….၊
ဆေးပျက်သွားတဲ့ ပန်ချီကား…..၊
လမ်းလွဲသွားတဲ့ ဓာတ်ရထား….၊
စစ်ချက်မှားတဲ့ ဆေးသမား…..၊
နှုတ်ဖျားက တမိပါရဲ့…ဘုရား…ဘုရား…
*ခြောက်ခြားဖွယ်ရာအတိပြီးတဲ့
မှောက်မှားမှု အလီလီထဲမှာ
မသတီစရာတွေလဲ ရှိ….၊
မယုံကြည်နိုင်ဖွယ်ရာတွေလဲ ရှိခဲ့ပေါ့…။
* အထက်ပါ ဖြစ်အပျက်ကို
သေအချာ စစ်တွက်ကြည့်ရင်……
*ခံစားချက် ဆန်းသစ်စေတာ
နှလုံးသားက ဖြစ်ပေမယ့်
သွေးပျက်သွားတဲ့ နှလုံးသားဟာ
ခံစားချက်တွေ သစ်နိုင်မှာတဲ့လား…….။
*စိတ်ပုံရိပ်မှန် ထင်ဟပ်စေဖို့
ပန်းချီဆေး ချယ်သကြပေမယ့်
ဆေးပျယ်သွားတဲ့ ပန်းချီးကားကရော
ပုံရိပ်မှန်တွေ တင်ပြနိုင်မှာတဲ့လား…..။
*ခရီးမှန် အမြန်ရောက်စေဖို့
ဓာတ်ရထားတွေ တည်ဆောက်ကြပေမယ့်
လမ်းလွဲရောက်သွားတဲ့ ဓာတ်ရထားကရော
လမ်းမှန် အမြန်ရောက်နိုင်မှာတဲ့လား……။
*အဖိုးတန် အသက်တစ်ချောင်းကို
ပြန်ကောင်းဖို့ စေတနာနဲ့
ဆေးကောင်းတစ်ခွက် ကျွေးပေမယ့်
လွဲခဲ့တဲ့ ဆေးစစ်ချက်ကရော
အသက်ကို ပြန်ပေးနိုင်မှာတဲ့လား…..။
*အမေးနက် အဖြေခက်တဲ့
ဒီအဖြစ်ပျက်တွေကြောင့်
-သေပြီး အသက်မဲ့သွားတဲ့သူတွေ
-ရှင်လျက်နဲ့ အသက်မဲ့နေရတဲ့သူတွေ…..။
ပြီးတော့တစ်ခါ….
-လမ်းမှန်ရောက်ပေမယ့်
ဆက်လျှောက်ခွင့် မရတဲ့သူတွေ…..၊
-ဆက်လျှောက်နေရပေမယ့်
လမ်းမှန်ပေါ် ရောက်မလာနိုင်သေးတဲ့သူတွေ…..။
ပြီးတော့လဲ
-သောက်စရာ ဆေးမရှိလို့
အသက် ပျောက်ပျောက်သွားခဲ့ရတဲ့သူတွေ….၊
-ဆေးသောက်ရင်းနဲ့ပဲ
အသက်တွေ ပျောက်သွားကြရတဲ့သူတွေ…..။
ဒီအဖြစ် သနစ်တွေကို
သေချာ တွက်စစ်ကြည့်ရင်…….
*သွေးပျက်သွားတဲ့ နှလုံးသားပိုင်ရှင်တွေ….၊
*ဆေးပျယ်သွားတဲ့ ပန်းချီကားချပ်တွေ….၊
*လမ်းလွဲသွားတဲ့ ဓာတ်ရထားတွေနဲ့
*စစ်ချက်မှားတဲ့ ဆေးသမားတွေရဲ့
ကြောင်တောင်တောင် ရူးနမ်းမှုတွေကြောင့်ပါပဲ….။
5 comments
etone
July 25, 2012 at 9:52 am
– မင်န်ဘာတဦးသည် တရက်လျှင်ပို့စ် ၂ခုထက်ပိုမတင်ရ
ဧရာ လှိုင်း
July 27, 2012 at 7:29 am
ကျေးဇူးတင်ပါသည်… ဆိုက်ကို အခုမှ အသုံးပြုတာဖြစ်သည့်အတွက် လိုင်းကောင်းလို့ လောဘကြီးပြီး ပိုတင်မိသွားသည်။
shwe kyi
July 25, 2012 at 11:52 am
(-သောက်စရာ ဆေးမရှိလို့
အသက် ပျောက်ပျောက်သွားခဲ့ရတဲ့သူတွေ….၊
-ဆေးသောက်ရင်းနဲ့ပဲ
အသက်တွေ ပျောက်သွားကြရတဲ့သူတွေ…..။) ကောင်းလိုက်လေခြင်း။
အားပေးဖတ်ရှုသွားပါတယ်။
မောင်ပေ
July 26, 2012 at 1:33 pm
မြေဇာပင်များ
ပေတစ်ရာတင်သွား
ငွေမပါကြင်မရ
TTNU
July 26, 2012 at 8:50 pm
မြေဇာပင်ဘဝရောက်ကြသူတွေကိုသနားရင်း
ကိုယ်လည်းဘယ်နေ့မြေဇာပင်ဖြစ်မလဲ တွေးပူရင်း
ဆေးစစ်ရမှာ ဆေးကုရမှာကြောက်နေတဲ့သူပါ။
😥