ရခိုင်အလှူနောက်ဆက်တွဲ မော်လူးအလှူ ငွေစာရင်းရှင်းတမ်း(ကိုထွန်းဝင်းလတ်)
ကိုထူးဆန်းရဲ့ရခိုင်အလှူနောက်ဆက်တွဲကတော့ ကိုထွန်းဝင်းလတ်မော်လူး က စာသင်ကျောင်းဆောင်လှူဒါန်းရေးဖြစ်သွားပါတယ်။
ဒုတိယအလှူအတွက်ပေးငွေ 1061800ကျပ်ကို ကမ္ဘောဇဘဏ်ကနေကျနော်ဆီလွဲပေးလိုက်ပါတယ်။
အလှူအတွက်လိုအပ်တဲ့စာရင်းလဲပါလာပါတယ်။
ကိုပေက သွတ်ပြားဈေးတွေစုံစမ်းပါတယ်။
နောက်တော့ကိုပေနဲ့ကျနော်နှစ်ယောက်သွားဝယ်ပြီးမော်လူးလှည်းခေါင်းဆီပို့ပေးလိုက်ပါတယ်။
(27-7-2012)နေ့မှာကိုထွန်းဝင်းလတ်ဆီရောက်သွားပါတယ်.။
ဒီနေ့ ထိုင်ခုံဆယ်လုံးဝယ်ပြီး မော်လူးလှည်းခေါင်ထံအပ်ပေးလိုက်ပါတယ်။
ပိုငွေအားလုံးကို ကိုထွန်းဝင်းလတ်ထံလွှဲလိုက်ပါတယ်။
စာရင်းအသေးစိတ်ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
မော်လူး နောက်ဆက်တွဲအလှူငွေစာရင်းရှင်းတမ်း | ||
ကျပ် | ||
ကိုထူးဆန်းမှ ကမ္ဘောဇဘဏ်မှလွှဲငွေ | 1,061,800 | |
သွပ်ပြား+သွပ်မိူဝယ် | 888,000 | |
သွပ်ပြား တန်ဆာခ | 85,000 | |
ထိုင်ခုံဆယ်လုံး | 42,000 | |
တန်ဆာခ | 6,000 | |
စုစုပေါင်းကုန်ကျစားရိတ် | 1,021,000 | |
ကိုထွန်းဝင်းလတ်ထဲလွှဲပေးငွေ | 40,800 | |
7 comments
ကိုပေါက်(မန္တလေး)
July 28, 2012 at 1:50 pm
ကိုထွန်းဝင်းလတ် ငွေလွှဲပေးလိုက်ပါပြီ။
နက်ဖြန်ဆိုထုတ်လို့ရပြီ ။
ခင်ဗျားပြောတဲ့နေရာက လွှဲပေးလိုက်တာပါ။
ထုတ်မရရင်ပြောပါနော်။
shwe kyi
July 28, 2012 at 1:53 pm
ဝမ်းသာပီတိဖြစ်ရပါတယ်
ကိုရင်မောင်
July 28, 2012 at 4:36 pm
အောင်မြင်သွားတဲ့နောက်ဆက်တွဲအလှူအတွက်ဝမ်းမြောက်ဝမ်းသာသာဓုခေါ်လိုက်ပါတယ်….
အကူအညီးပေးကြတဲ့ ကိုပေါက် နဲ့ ကိုပေ တို့ကိုလဲကျေးဇူးတင်ပါတယ်ဗျာ……..
mayjuly
July 28, 2012 at 4:41 pm
ရခိုင်အလှူ နောက်ဆက်တွဲဆိုတော့ ….
မန်းဂေဇက်ရဲ့ သုံးကြိမ်မြောက်အလှူပဲလား …ဒါမမဟုတ် လေးကြိမ်မြောက်ဖြစ်သွားပြီးလား လေးပေါက် …
မှတ်တမ်းလေးအနေနဲ့ သိထားချင်လို့ပါ နော် …
htoosan
July 29, 2012 at 9:55 am
ကြွားလို့ကောင်းအောင် လေးကြီမ်လို့ သတ်မှတ်လို်က်ရအောင်လေ …
ဒါမှမဟုတ် မော်လမြိုင်ဘက်က စကားလို အလှုသားလေး လို့ ပြောကြရအောင် … 😀
TTNU
July 28, 2012 at 9:43 pm
ကိုပေါက်၊ မောင်ပေတို့ရေ…
တာဝန်ကျေပါပေတယ်ကွယ်။
သာဓုပါနော်။
မောင်ပေ
July 29, 2012 at 9:40 am
ကျွန်တော့်အတွက် ဘာမှ အပမ်းမကြီးခဲ့လို့ ကျေးဇူးစကားများ ကို အားနာမိပါတယ်
တစ်ကယ်တမ်း မန်းတလေးမှာ ကိုပေါက် တော်တော်လေး ပင်ပန်းခံပြီး အလှူငွေ လိုက်စုပေးခဲ့တာပါ
ထို့အတူ သွားရေးလာရေး ပိုခက်တဲ့ ရန်ကုန်က အစ်ကိုတွေ အဖွဲ့ ဆိုရင်လဲ တော်တော်ကြီး အချိန်ပေး လူပင်ပန်း ကားခကုန်ခံ ခဲ့ကြတာပါ
ဘာပဲဖြစ်ဖြစ် အမြန်ဆုံး အကောင်ထည်ဖော်နိုင်လို့
ဝမ်းသာကြည်နူးရပါတယ်