ဦးဦးကြီးမိုက်အတွက် မွေးနေ့ဆုမွန်
လက်တို့သူက လက်တို့တာတောင် တကယ်လှုပ်မရတဲ့အနေအထားမို့
ညနေပိုင်းဆုတောင်းလေးဖြစ်သွားတာကို ခွင့်လွှတ်စေချင်ပါတယ်
လေးမိုက်ခ်ရဲ့ စိန်ရတုသုံးပုံနှစ်ပုံအလွန်နှစ်နှစ်မွေးနေ့မှသည် နှစ်ပေါင်းသိန်းသောင်းမက
တွယ်တာသောမိသားစု၊ ချစ်ခင်သောသူငယ်ချင်းများနှင့် နှစ်သက်သော စကာ့တလန်စမ်းရည်လေး အားမှီဝဲရင်း စော်ကြည်သောဘဝ၊ ထီပေါက်သောချမ်းသာ၊ နိဗ္ဗာန်ရောက်နိုင်သော လောကုတ္တရာ အကျိုးများ သယ်ပိုးနိုင်သောသူဖြစ်ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်
ခင်မင်လေးစားလျက်
ကြောင်ဝတုတ်
45 comments
နေဝန်းနီ
July 30, 2012 at 7:05 pm
ကိုကြီးရေ့….။ နောက်ကျသွားတယ်ဗျာ…။ ကျွန်တော့်ထက် ကိုးနှစ်တောင်ကြီးတာ ဆိုတော့ ကိုကြီးပေါ့…။ ဟက်ပီး ဘတ်ဒေး နော်…။
ဖိုးထောင်
July 30, 2012 at 11:11 pm
ဦးဦးကြီးမိုက် ရေ မွေးနေ့မင်္ဂလာပါ အသက် ၁၂ဝ ဒိထက်အဆ ၁၂ဝ ပိုပြီးမိုက်နိုင်ပါစေ ညွှတ်ညွှတ်ညွှတ်
ကိုပေါက်(မန္တလေး)
July 31, 2012 at 9:40 am
မနေ့ညက 11နာရီ တောင်ကြီးကပြန်ရောက်။
ဒီနေ့မနက် အခုဖွင့်ကြည့်တော့ ကိုမိုက်မွေးနေ့။.
အပိုတွေမပြောတော့ဘူးနော်.
နှစ်ပေါင်းများစွာ အသက်ရှည် အဆင်ပြေသောသတင်းများကြားချင်ပါ၏.