ဝင့်ပြုံးမြင့် မြန်မာပြန်တဲ့ တိမ်ယံသစ္စာ အပိုင်း ( ၃၆ )

alinsettJuly 29, 20121min77120

ထိုတာလီဘန်သည်

လက်နှစ်ဖက်ကိုဆန့်ကားလိုက်ကာ ကိုယ်ကိုတစ်ပတ်ပြည့်

အောင်ဖြည်းဖြည်းချင်းလှည့်၍ လူအုပ်ကြီးကိုနှုတ်ဆက်သည်။ ကျွန်တော်တို့ရှိရာ

ဘက်ကိုလှည့်လာချိန်တွင် ထိုတာလီဘန် နေကာမျက်မှန်ဝိုင်းတပ်ထားသည်ကို

တွေ့လိုက်ရတော့၏။ ဂျွန်လင်နွန်တပ်သည့်နေကာမျက်မှန်နှင့် တစ်ထေရာတည်းတူ

သောမျက်မှန်။

”ဒီလူဖြစ်ရမယ်” ဟု ဖာရစ်ဒ်ဆိုသည်။

________________

 

”ဒီလူဖြစ်ရမယ်” ဟု ဖာရစ်ဒ်ဆိုသည်။
တတိယပစ်ကပ်ကားပေါ်မှချထားသော ကျောက်ခဲပုံဆီ နေကာမျက်မှန်
တာလီဘန်လျှောက်လာသည်။ ကျောက်ခဲတစ်လုံးကောက်ယူကာ ပရိသတ်ကိုပြသည်။
အသံများငြိမ်ကျသွားသည်။ တာလီဘန်ကောင်သည် ဘေ့စ်ဘောပစ်သူလို မတော်မတ
ရားကြည့်ပြီး ကျင်းထဲမှ မျက်လုံးစည်းထားသူကို ကျောက်ခဲဖြင့်အားကုန်လွှဲ
ပေါက်သည်။ ဂျိုစောင်းကိုထိသွားပြီ။ ကျင်းထဲမှအမျိုးသမီး၏အသံ ဝက်ဝက်ကွဲ
သွားသည်။ လူအုပ်ကြီးလန့်ဖြန့်ပြီး အားခနဲအော်သည်။ ကျွန်တော်မျက်လုံးစုံ
ပိတ်ကာ မျက်နှာကိုလက်ဝါးအုပ်ထားသည်။ ကျောက်ခဲတစ်လုံးပစ်တိုင်း ပွဲကြည့်
ပရိသတ်ထံမှ အားခနဲအော်သံထွက်ပေါ်လာသည်။ အသံများရပ်သွားသော် ပြီး
သွားပြီလားဟု ဖာရစ်ဒ်ကို ကျွန်တော်မေးသည်။ မပြီးသေးဟုသူဖြေသည်။ လူတွေ
လည်ချောင်းကွဲသွားပုံရသည်။ မျက်နှာကိုလက်ဝါးအုပ်ပြီး ကျွန်တော်ဘယ်လောက်
ကြာကြာနေမိမှန်းမသိ။
ကျွန်တော်မျက်လုံးပြန်ဖွင့်ကြည့်ချိန်တွင် ကျင်းထဲမှလူသည် သွေးနှင့်
အသားအပိုင်းအစများဖြစ်နေသည်။ ဂျွန်လင်နွန်မျက်မှန်နှင့် တာလီဘန်ကောင်သည်
ကျောက်ခဲကို လက်ထဲပစ်မြှောက်ဆော့ကစားရင်း ကျင်းအနီးဆောင့်ကြောင့်ထိုင်
နေသောလူကို ငုံ့ကြည့်နေသည်။ ဆောင့်ကြောင့်ထိုင်နေသူက ကျင်းထဲမှလူကို
နားကြပ်ဖြင့်ထောက်စမ်းသပ်ပြီး နေကာမျက်မှန်တာလီဘန်ကောင်ကို ခေါင်းရမ်းပြ
သည်။ လူအုပ်ကြီးခမျာ ညည်းတွားရုံသာ။
ဂျွန်လင်နွန် နဂိုနေရာဆီပြန်လျှောက်သွားသည်။
အားလုံးပြီးစီးသွားသောအခါ သွေးရွှဲနေသောအလောင်းနှစ်လောင်းကို
ပစ်ကပ်ကားနှစ်စီးပေါ် တစ်လောင်းစီပစ်တင်ကြသည်။ လူအချို့ ဂေါ်ပြားယူလာပြီး
ကျင်းကိုပြန်ဖို့၊ တစ်ယောက်က သွေးစီးကြောင်းကြီးပေါ် ဖုန်များကန်ထုတ်၍ဖို့
ပစ်လိုက်သည်။
မိနစ်အနည်းငယ်အကြာတွင် ဘောလုံးသင်းနှစ်သင်း ကွင်းထဲပြန်ရောက် လာသည်။
ဒုတိယပိုင်းအချိန်လွန်သွားခြဲ့ပီ။
ယနေ့ နေ့လည်သုံးနာရီတွင် ဂျွန်လင်နွန်နှင့်တွေ့ကြရန် စီစဉ်ပြီးဖြစ်နေ
သည့် မြန်ဆန်လွန်းသောချိန်းဆိုမှုကို ကျွန်တော်အံ့အားကြီးသင့်နေရပြီ။
ဖင့်နွဲမှု များကြုံရမည်။ မေးခွန်းများတသီတတန်းကြီး မေးမြန်းခံရမည်။
စာရွက်စာတမ်း စစ်ဆေးမှုပါလာမည်ဟု ကျွန်တော်မျှော်လင့်ထားခဲ့သော်လည်း
အာဖဂန်နစ္စတန်တွင် တရားဝင်လုပ်ရမည့်ကိစ္စများကိုပင်
တရားမဝင်အလွတ်သဘောလုပ်နေကြသည်ဆို သောအချက်က ကျွန်တော့်ခေါင်းထဲဝင်လာသည်။
ဖာရစ်ဒ်လုပ်ရသမျှအကုန်မှာ ကြာပွတ်ကိုင်တာလီဘန်တစ်ယောက်အား
အကျႌအဖြူဝတ်ထားသောလူနှင့် ကျွန်တော်တို့ပုဂ္ဂိုလ်ရေးကိစ္စ
ဆွေးနွေးစရာရှိသည်ဟု ပြောလိုက်ရုံသာဖြစ်သည်။ ကြာပွတ်ကိုင်တာလီဘန်
ခေါင်းညိတ်ပြပြီး ကွင်းထဲမှ တာလီဘန်ကို ပက်ရှ်ထန်ဘာသာဖြင့်လှမ်းအော်သည်
ထိုတာလီဘန်က ဘာသာရေး ဆရာနှင့်စကားပြောနေသော ဂျွန်လင်နွန်တာလီဘန်ဆီပြေး၍
သုံးဦးသားစကားပြော ကြသည်။ ဂျွန်လင်နွန်တာလီဘန် မော့ကြည့်ခေါင်းညိတ်ကာ
တစ်ခုခုပြောလိုက်သည် ကို ကျွန်တော်မြင်သည်။ ထို့နောက်ကျွန်တော်တို့ထံ
ကွင်းထဲမှတာလီဘန် သတင်း လာပို့သည်။
သုံးနာရီတွေ့မည်ဟု အတည်ပြုလိုက်ပြီ။

__________

 

အခန်း(၂၂)

ဝဇီရာအက္ခဘာခန်ရပ်ကွက်ထဲမှ အိမ်ကြီးတစ်လုံး၏ ယာဉ်ဝင်လမ်းအတိုင်း ဖာရစ်ဒ်
သည် လင်းခရူဆာကားကိုဖြည်းဖြည်းမောင်

းဝင်လာပြီး မိုးမခပင်ရိပ်အောက်တွင်
စက်သတ်သည်။ ၁၅ လမ်း၊ သို့မဟုတ် ဧည့်လမ်း။ ကားအင်ဂျင်အေးကျသွား သော
တတက်တက်အသံကိုနားထောင်ကာ ကျွန်တော်တို့ခဏထိုင်စောင့်ေနသည်။
နှစ်ဦးလုံးစကားမဆိုဖြစ်ကြ။ သော့ပေါက်ထဲရှိနေဆဲကားသော့ကို ဖာရစ်ဒ်ဆော့နေ
သည်။ ကျွန်တော့်အား တစ်ခုခုပြောဖို့ကြိုးစားနေမှန်း ကျွန်တော်တပ်အပ်ပြော
နိုင်သည်။
”ကျွန်တော် ကားထဲမှာထိုင်စောင့်နေရင် ပိုကောင်းမယ်ထင်တယ်။ ဒါဆပ်ရဲ့
ကိစ္စဆိုတော့-”
ဖာရစ်ဒ်၏အသံထဲ တောင်းပန်သံစွက်နေသည်။ သူကျွန်တော့်ကိုမကြည့်။
သူ့လက်မောင်းကို ကျွန်တော်ပုတ်ပေးလိုက်သည်။
”ကျွန်တော်ပေးတဲ့ပိုက်ဆံထက် ခင်ဗျားပိုလုပ်ပေးခဲ့တာပါ။ ကျွန်တော်နဲ့အ
တူမလိုက်လဲရပါတယ်”
အမှန်မှာ ကျွန်တော်တစ်ယောက်ထဲဝင်မသွားလို။ ဘာဘာ့ထံမှ ကျွန်တော်
များစွာသင်ကြားပြီးဖြစ်ခဲ့သော်လည်း ဖာရစ်ဒ်ကို
ကျွန်တော့်အနီးရှိစေချင်သည်။ ဘာဘာသာဆိုလျှင်
အိမ်ရှေ့တံခါးဒိုင်းခနဲဖွင့်ပြီး သူတွေ့ချင်သူကို ချက်ချင်းတောင်း
ဆိုမည်မုချ။ ကျွန်တော် ကားပေါ်မှဆင်းပြီး မြင့်မားသောအိမ်ရှေ့ဂိတ်တံခါးဆီ
လှမ်းရပြီ။ လူခေါ်ဘဲလ်နှိပ်သော်လည်း အသံမကြားရ။ လျှပ်စစ်မီးပြတ်တောက်နေ
ဆဲ။ ဤသို့ဖြင့် တံခါးကိုထုရသည်။ သိပ်မကြာခင် တံခါးဟိုဘက်မှ ပြတ်တောင်း
သောအသံကိုကြားရသည်။
ကားထဲထိုင်နေသောဖာရစ်ဒ်ကို ‘ပြန်လာမယ်’ ဟုကျွန်တော် ပါးစပ်လှုပ် ပြသည်။
သိပ်တော့မသေချာ။
လက်နက်ပါသော တာလီဘန်နှစ်ယောက် ကျွန်တော့်ကို ခေါင်းဆုံးခြေ
ဖျားစမ်း၍ရှာသည်။ ကျွန်တော့်ခြေထောက်ကိုပုတ်၍ ပေါင်ခြံကိုစမ်းသည်။ တစ်
ယောက်က ပက်ရှ်ထန်ဘာသာဖြင့်ပြောလိုက်၍ နှစ်ယောက်လုံးကျိတ်ရယ်ကြသည်။
ကျွန်တော်တို့ အိမ်ရှေ့ဂိတ်တံခါးမှဝင်လာကြသည်။ အစောင့်နှစ်ယောက်ခြံရံကာ
အသေအချာကိုက်ညှိထားသောမြက်ခင်းကို ဖြတ်လာကြသည်။ ဘေးနံရံတစ်လျှောက် တွင်
ေြ<ွကပန်းပင်နှင့်ခြုံပင်ပုပုေလးများ။ ခြံအစွန်တွင်လက်ဖြင့်ချူရသော
ရေတွင်းတစ် တွင်း။
လှေကားထစ်နည်းနည်းတက်၍ အိမ်ကြီးထဲဝင်လာကြသည်။ အိမ်အလှ ပြင်ဆင်မှု
မည်ကာမတ္တလောက်သာရှိသည်။ ခန်းမနံရံပေါ်တွင် အရွယ်အစားကြီး လှသော
အာဖဂန်နစ္စတန်အလံကိုတွေ့ရသည်။ အစောင့်နှစ်ယောက်က ကျွန်တော့်ကို
အပေါ်ထပ်အခန်းတစ်ခန်းထဲခေါ်လာခဲ့သည်။ အခန်းထဲတွင် အစိမ်းရောင်ဆိုဖာနှစ်လုံး
နှင့် ဖန်သားပြင်ကြီးသောတီဗွီတစ်လုံးရှိသည်။ နံရံပေါ်တွင်
ဆုတောင်းခင်းကော် ဇောတစ်ချပ်။ ကျွန်တော့်အား ဆိုဖာပေါ်ထိုင်ရန်
အစောင့်နှစ်ယောက်က သေနတ် ပြောင်းဖြင့်အချက်ပြသဖြင့်
ကျွန်တော်ထိုင်ချလိုက်သည်။ အစောင့်များ အခန်းထဲမှ ထွက်ခွာသွားသည်။
ကျွန်တော်ခြေချိတ်ထိုင်သည်။ ခြေထောက်ပြန်ချသည်။ ချွေးပြန်လက်ဖဝါး
များကို ဒူးပေါ်တင်၍ထိုင်သည်။ ထိုပုံစံကစိတ်မအေးပုံများ ပေါ်နေမလား။
လက်နှစ် ဖက်ကိုဆုပ်သည်။ ထိုပုံစံပိုဆိုးသည်ဟုတွေးမိပြီး
လက်သာပိုက်ထားလိုက်သည်။ နားသယ်တွင် သွေးများတဒုန်းဒုန်းတိုးနေသည်။
ခေါင်းထဲ အတွေးများပလူပျံလျက်။ ကျွန်တော်ဆက်မတွေးချင်တော့။
ကျွန်တော့်ကိုယ်ထဲမှ ဆင်ခြင်တတ်သောအပိုင်း လေးက ဤလုပ်ရပ်သည်
စိတ်မမှန်ခြင်းဖြစ်ကြောင်းသိေနသည်။
ကျွန်တော့်ဇနီးနှင့် မိုင်ပေါင်းထောင်ချီဝေးသော ဤအခန်းထဲထိုင်နေရသည် က
မြေတိုက်ခန်းထဲရောက်နေရသည့်နှယ်။ ယနေ့မနက်တင် လူနှစ်ယောက်ကိုသတ်
ခဲ့သောလူသတ်သမားကို ကျွန်တော်စောင့်နေရသည့်အဖြစ်။ စိတ်ဖောက်ပြန်ခြင်း
သက်သက်။ အသက်သုံးဆယ့်ခြောက်အရွယ် စိုးရာယာ မုဆိုးမဖြစ်သွားဖို့ လက်တွေ့
ကျလွန်းသော ဖြစ်နိုင်ချေ။
ဆိုဖာဘေးတွင် ကော်ဖီစားပွဲရှိသည်။ ခုံခြေထောက်ကြက်ခြေခတ်ပုံ။
ကြက်ခြေခတ်နေရာတွင် သစ်ကြားသီးအရွယ် ကြေးဝါဘောစေ့မြှုပ်ထားသည်။
ထိုစားပွဲမျိုး ယခင်ကကျွန်တော်မြင်ခဲ့ဖူးသည်။ ဘယ်မှာများပါလိမ့်။ ဪ
… ပက်ရှ်ဝါလက်ဖက်ရည်ဆိုင်ကလေးကိုး။ စားပွဲပေါ်တွင်
နီမြန်းသောစပျစ်သီးတစ် ဇလုံ။ စပျစ်သီးတစ်လုံးဖြုတ်ပြီး
ပါးစပ်ထဲပစ်သွင်းလိုက်သည်။ ခေါင်းထဲက အသံတွေရပ်တန်းကရပ်ဖို့
ကိစ္စတစ်ခုခုထဲ နစ်မြုပ်သွားမှဖြစ်မည်။ စပျစ်သီးချို သား။
နောက်တစ်လုံးထပ်ဖြုတ်သည်။ နောင်ရက်ပေါင်းများစွာအတွက် ယခုစပျစ် သီးသည်
နောက်ဆုံးအဖတ်အစာဖြစ်ကြောင်း ကျွန်တော်မသိ။
အခန်းတံခါးပွင့်လာပြီး စောစောကအစောင့်တာလီဘန်နှစ်ဦး အဖြူရောင်
အရပ်မြင့်မြင့်တာလီဘန်ကိုခြံရံ၍ အခန်းထဲဝင်လာကြသည်။ အရပ်မြင့်တာလီဘန် သည်
ဂျွန်လင်နွန်နေကာမျက်မှန်တပ်ထားဆဲ။ သူ့ကြည့်ရသည်မှာ ခေတ်သစ်
ဂမ္ဘီရဂုရုကြီးတစ်ပါးအလား။
ကျွန်တော်နှင့်မျက်နှာချင်းဆိုင်တွင် သူနေရာဝင်ယူပြီး အတော်ကြီးကြာ
သည်အထိ သူစကားမပြော။ ဆိုဖာပေါ်လက်များဒရမ်ခေါက်၍ ကျွန်တော့်ကိုထိုင်
ကြည့်နေသည်။ အခြားလက်တစ်ဖက်တွင် စိမ်းပြာရောင်စိပ်ပုတီး။ အဖြူရောင်
ရှပ်အကျႌပေါ်တွင် အနက်ရောင်ခါးပြတ်အကျႌ ဝတ်ဆင်ထားပြီး ရွှေနာရီပတ်ထား သည်။
အကျႌလက်စတွင် သွေးကွက်။
အားနေသောလက်တစ်ဖက်ကို လေထဲမြှောက်ကာ လေထဲလက်လှုပ်ရှားနေ ပုံသည်
မမြင်ရသောအိမ်မွေးတိရစ္ဆာန်ကို ပွတ်သပ်ပေးသည်နှင့်တူနေသည်။ ရှပ်
အကျႌလက်စများလန်သွား၍ လက်ဖျံပေါ်မှအမှတ်အသားများကို တွေ့လိုက်ရသည်။
ဂျွန်လင်နွန်တာလီဘန်သည် အခြားတာလီဘန်နှစ်ယောက်ထက် အသား ပိုဖြူသည်။
ရင်ဘတ်ထိရောက်အောင်ရှည်သော မုတ်ဆိတ်မွေးများသည်လည်း
အခြားတာလီလန်နှစ်ယောက်ထက်ပိုဖျော့သည်။ ဗောင်းထုပ်အနက်အောက်မှနဖူးပေါ်
ချွေးသီးလေးများစိုလက်နေသည်။
”ဆာလမ် အလီခန်” ဟုသူနှုတ်ဆက်သည်။
”ဆာလမ်”
”ဒါကြီးဖြုတ်လို့ရပါပြီ”
”ခင်ဗျာ”
လက်နက်ကိုင်တာလီဘန်တစ်ယောက်အား ဂျွန်လင်နွန်လက်ယပ်ပြလိုက် သည်။
ရုတ်တရက်ကျွန်တော့်ပါးပြင် ဖျဉ်းခနဲဖြစ်ပြီး အစောင့်တာလီဘန်သည်
တခစ်ခစ်ရယ်ကာ ကျွန်တော့်မုတ်ဆိတ်တုကို မြှောက်ဆော့နေသည်။ ဂျွန်လင်နွန်
တာလီဘန်သွားဖြီးကာ ”ခုတလောငါမြင်ဖူးသမျှထဲမှာ အကောင်းဆုံးပဲ။ ဒါပေမယ့်
အခုလိုဖြုတ်လိုက်တဲ့နည်းလမ်းက ပိုကောင်းတယ်မဟုတ်လား။ ဒီတော့ …
ဒီကနေ့ပွဲ ကြည့်ကောင်းရဲ့လားဗျ” ဟုမေးသည်။
ကျွန်တော့်ကိုယ်တွင်းဝယ် အကြောက်တရားပေါက်ကွဲထွက်လာသည်။
ပါးပြင်နာနာပွတ်ပြီး ”ပွဲဆိုတာဒါပေါ့” ဟုပြောလိုက်စဉ် ကိုယ့်အသံက
ကိုယ့်ကိုသစ္စာ မဖောက်ပါစေနှင့်မျှော်လင့်ရသည်။
”လူထုတရားစီရင်မှုဆိုတာ အကြီးကျယ်ဆုံးပွဲပဲ၊ ငါ့ညီ။ ပြဇာတ်ဆန်တယ်။
သည်းထိတ်ရင်ဖိုလေး …။အကောင်းဆုံးကတော့ အုပ်လိုက်သင်းလိုက်ပညာပေးမှု
ဖြစ်နေတယ်” ဂျွန်လင်နွန်တာလီဘန်သည် လက်ချောင်းများကိုဖျတ်ခနဲရိုက်လိုက်၍
အစောင့်တစ်ယောက်က သူ့အတွက်စီးကရက်တစ်လိပ်မီးညှိေပးသည်။ ဂျွန်လင်နွန်
ရယ်သည်။ လက်များလှုပ်နေ၍ စီးကရက်ပြုတ်ကျတော့မလိုပင်ဖြစ်သည်။
”ဒါပေမယ့်ငါ့ညီက တကယ့်ပွဲမှကြည့်ချင်တယ်ပေါ့။ ၁၉၉၈ ခု၊ဩဂုတ်လ တုန်းကသာ
မာဇာကို အတူပါလာရင်ကြည့်ရပြီ။ အဲဒါကမှပွဲ”
”ခင်ဗျာ”
ဂျွန်လင်နွန်တာလီဘန်ထရပ်ပြီး ဆိုဖာကိုပတ်လျှောက်သည်။ တစ်ပတ်၊ နှစ်ပတ်၊
ပြန်ထိုင်သည်။
”တစ်အိမ်တက်ဆင်းပဲ။ ကြီးကြီးငယ်ငယ်ယောက်ျားမှန်သမျှ အကုန်ထွက်။
သူတို့မိသားစုရှေ့မှာတင် အကုန်ပစ်ချတယ်။ ကြည့်ကြစမ်းပါစေ။
ကိယ့်ကိုယ်ကိုယ် ဘာလဲဆိုတာ မှတ်မိသွားအောင်။ ကိုယ်နဲ့ဆိုင်တဲ့နေရာ
ဘယ်နေရာလဲဆိုတာ မှတ်မိသွားအောင်” တာလီဘန်အမောပင်ဆို့လာသည်။
”တစ်ခါတလေတော့လည်း တံခါးဖျက်ပြီးဝင်ရတယ်။ ငါ … ငါကတော့
စက်သေနတ်နဲ့တရကြမ်းဆွဲပစ်တာပဲ။ ငါ့ရှေ့မှာမီးခိုးတွေမွှန်ပြီး
ဘာမှမမြင်ရတော့တဲ့အထိကို ဆွဲတယ်ကွာ။” ဧရာမလျှို့
ဝှက်ချက်ကြီးကိုပြောထုတ်မည့်လူလို ကျွန်တော့်ရှေ့သူကိုင်းလာသည်။
”ခန်းလုံးပြည့် ပစ်မှတ်တွေအလယ်မှာ ခင်ဗျားရပ်နေဖူးမှ ‘လွတ်မြောက်မှု’
ဆိုတဲ့စကားလုံးကို ခင်ဗျားနားလည်မယ်။ ကျည်ဆံတွေပျံချင်သလို ပျံစမ်းပါစေ၊
အပြစ်မရှိဘူး၊ နောင်တမရဘူး၊ ခင်ဗျားကိုယ်ခင်ဗျား ကောင်းမှန်း၊
သန့်စင်မှန်း၊ သိက္ခာရှိမှန်း သိနေတယ်။ ဘုရားရဲ့အမှုတော်ကိုထမ်းနေတယ်ဆိုတာ
သိနေတယ်၊ ဒါတကယ် ရင်ခုန်စရာကောင်းတာဗျ”
တာလီဘန်သည် စိပ်ပုတီးကိုမွှေးမွှေးပေးသည်။ မာဇာရီရှာရဖ်တွင် ဟာဇာ ရာများကို
အစုလိုက်အပြုံလိုက်သုတ်သင်ခဲ့ေြကာင်း သတင်းစာထဲ စိုးရာယာပြ၍
ကျွန်တော်ဖတ်ခဲ့ဖူးသည်။
”တစ်အိမ်တက်ဆင်းပေါ့ဗျာ။ ထမင်းစားချိန်နဲ့ ဘုရားရှိခိုးချိန်ပဲနားတယ်”
ဟု တက်ခဲ့ဖူးသော ဧရာမပါတီပွဲကြီးအကြောင်းပြောသလို တာလီဘန်သည် ထို
စကားကိုမြိန်ရည်ယှက်ရည်ပြောသည်။ ”အလောင်းတွေကိုလမ်းပေါ်မှာထားတယ်။
သူတို့မိသားစုတွေ တိတ်တိတ်ထွက်ဆွဲရင် သူတို့ကိုပါပစ်ရတယ်။ လမ်းပေါ်မှာ
အလောင်းဒီအတိုင်းထားတာဟာ ခွေးစားဖို့။ ခွေးဆိုတာ ခွေးသားပဲစားတယ်”
တာလီဘန်သည် စီးကရက်ကိုချေပြီး မျက်လုံးပွတ်သည်။
”ငါ့ညီက အမေရိကားကလာခဲ့တာပေါ့”
”ဟုတ်ပါတယ်”
”အဲဒီဖာတိုင်းပြည် ဘယ်လိုနေလဲ”
ကျွန်တော် ရုတ်တရက်အပေါ့သွားချင်လာသည်။ ထိုကိစ္စကျော်လွန်ပါစေ ဆုတောင်းသည်။
”ကျွန်တော် ကောင်လေးတစ်ယောက်လာရှာတာပါ”
”လူတိုင်းဒီလိုပဲ မဟုတ်လား” ဟုတာလီဘန်ပြောသည်။ လက်နက်ကိုင်
အစောင့်များရယ်ကြသည်။
”သူက ဒီမှာ … ခင်ဗျားဆီမှာရှိတယ်လို့ ကျွန်တော်နားလည်ထားလို့ပါ။
သူ့နာမည်က စိုးရက်ပ်”
”မေးပရစေဦး … ငါ့ညီ အဲဒီဖာတိုင်းပြည်မှာ ဘာတွေလုပ်နေသလဲ။
မွတ်စလင်ညီအစ်ကိုတွေနဲ့အတူ ဒီမှာဘာကြောင့်မနေတာလဲ။ ဘာကြောင့်တိုင်းပြည်
ကို အလုပ်အကျွေးမပြုတာလဲ”
”ကျွန်တော် အဝေးရောက်နေတာကြာလှပါပြီ”
ကျွန်တော့်ခေါင်းပူထွက်နေသည်။ ကျွန်တော်စဉ်းစား၍ရသမျှမှာ ထိုစကား
သာဖြစ်သည်။ တာလီဘန်သည် အစောင့်နှစ်ယောက်ထံလှည့်မေးသည်။
”ဒါအဖြေလား”
”မဟုတ်ပါဘူး၊ ဆပ်” ဟုနှစ်ယောက်လုံးပြုံး၍ ပြိုင်တူဖြေသည်။
တာလီဘန်၏မျက်လုံး ကျွန်တော့်ထံပြန်ရောက်လာသည်။ ပခုံးတွန့်ပြ သည်။
”သူတို့ပြောတော့ အဖြေမဟုတ်ဘူးတဲ့။ အမိမြေက ကိုယ့်ကိုအလိုအပ်ဆုံး
အချိန်မှာ ကိုယ်ကအမိမြေကိုစွန့်ခွာခဲ့တယ်။
ဒါဟာနိုင်ငံတော်သစ္စာဖောက်မှုလို့ ငါတို့အသိုင်းအဝိုင်းမှာ
ယုံထားတဲ့လူတွေရှိတယ်။ နိုင်ငံတော်သစ္စာဖောက်မှုနဲ့တင်
ခင်ဗျားကိုထောင်ချလို့ရတယ်။ ဒီအဖြစ်ကို ခင်ဗျားကြောက်သလား”
”ကျွန်တော်ဒီရောက်နေတာ ကောင်လေးကိစ္စပါ”
”ဒီအဖြစ်ကို ခင်ဗျားကြောက်သလား”
”ဟုတ်ကဲ့”
”ဒီလိုပဲဖြစ်ရမှာပေါ့” ဟုဆိုကာ တာလီဘန်သည် ဆိုဖာပေါ်ကျောမှီထိုင်
ချလိုက်သည်။ စီးကရက်ချေပြန်သည်။
ကျွန်တော် စိုးရာယာအကြောင်းတွေးနေသည်။ ထိုအတွေးက ကျွန်တော့်ကို
ငြိမ်သက်စေသည်။ တာလီဘန် ဘာမှန်းမသိပြောသည်။
”ခင်ဗျာ”
”ဒီကောင်လေးကို ကြည့်ချင်လားလို့မေးတာပါ။ ကြည့်မယ်မဟုတ်လား၊
ငါ့ကောင်လေးကို” နောက်ဆုံးစကားလုံးကိုပြောထုတ်စဉ် တာလီဘန်၏အပေါ်နှုတ်
ခမ်းများ သရော်ဟန်ဖြင့်ကွေးတက်သွားသည်။
”ဟုတ်ကဲ့”
ကျွီခနဲတံခါးဖွင့်သံနှင့်အတူ အစောင့်တစ်ယောက် အခန်းထဲမှထွက်သွား သည်။
ပက်ရှ်ထန်ဘာသာဖြင့် မာရေကြောရေပြောသံကြားရသည်။ ထို့နောက် ခြေသံများနှင့်
ခြေချတိုင်းမြည်သည့်ခြူသံ။ ရှာရီနောရပ်ကွက်မှ ဟက်ဆန်နှင့် ကျွန်တော်
သွားသွားကြည့်သည့် မျောက်လူကြီးကို အမှတ်ရမိသည်။ မျောက်ကြီး
လည်ပင်းတွင်ဆွဲထားသောခြူသံနှင့် ယခုကြားရသောခြူသံတူသည်။
တံခါးပွင့်လာပြီး စောစောကအစောင့်တာလီဘန် စတီရီယိုအသံချဲ့စက်ကို
ပခုံးထမ်း၍ အခန်းထဲဝင်လာသည်။ ထိုလူ့နောက်ပါလာသူကား ကြည်ပြာရောင်
အဝတ်အစားဝတ်ထားသော ကောင်ကလေးတစ်ဦး။
ဆင်တူဖြစ်နိုင်စွမ်းကား သွက်သွက်လည်လုမတတ် …။ ရာဟင်ခန့်
ပိုလာရွိုက်ဓာတ်ပုံသည် မတရားလွန်းခဲ့။
ကောင်ကလေး၏မျက်နှာသည် သူ့အဖေမျက်နှာကဲ့သို့ပင် လမင်းကြီးလို
ဝိုင်းစက်နေသည်။ မေးစေ့ငုတ်တိုလေး၊ ခရုခွံနှင့်တူသော နားရွက်ကုပ်ကုပ်လေး
တစ်စုံ၊ ကိုယ်ဟန်ပါးလျ၊ ကျွန်တော့်ငယ်ဘဝက ပေါက်ဖော်ရုပ်ကလေး။ ဆောင်းတွင်း
ဆိုလျှင် ဖဲချပ်များနောက်မှပေါ်လာတတ်သော မျက်နှာကလေး။ နွေဆိုလျှင် အဖေ့
အိမ်ခေါင်မိုးပေါ် ခြင်ထောင်ထဲအတူတွေ့ရသော မျက်နှာကလေး။
ကောင်ကလေးကို ဂတုံးအပြောင်တုံးထားသည်။ မျက်တောင်ခြယ်ဆေး ဆိုးထား၍
မျက်လုံးများနက်မှောင်နေသည်။ ပါးပြင်သည် သဘာဝထက်လွန်သော
အနီစွေးစွေးအရောင်။ အခန်းအလယ်တွင် ကောင်ကလေးရပ်လိုက်သောအခါ ခြေ
ချင်းဝတ်မှခြူများ အသံတိတ်သွားသည်။ ကောင်ကလေး၏မျက်လုံးများ ကျွန်တော့်
ထံကျလာပြီးမှ အကြည့်လွှဲကာ သူ၏ဗလာခြေထောက်လေးများကို ကြည့်နေရှာ သည်။
အစောင့်တစ်ဦး ခလုတ်နှိပ်လိုက်၍ အခန်းထဲတေးသံလွှမ်းသွားသည်။ တာဘလာ၊
ဟာမိုနီယမ်တို့၏ ခိုညည်းသံ။ တာလီဘန်တို့၏သောတာရုံအတွက်ကမူ
ယုတ်မာရာမကျသောတေးသံ … တာလီဘန်သုံးဦး လက်ခုပ်ပင်တီးနေပြီ။
စိုးရက်ပ်သည် လက်မောင်းကိုမြှောက်၍ ကိုယ်ကိုဖြည်းဖြည်းချင်းလှည့် သည်။
ခြေဖျားထောက်၍ ခန္ဓာကိုယ်ကိုလှည့်လိုက်၊ ဒူးကိုခေါက်ချပြီး
ဝပ်ယူလိုက်နှင့် တစ်ပတ်ပြီးတစ်ပတ်လှည့်သည်။
လက်ကောက်ဝတ်မှလှည့်နေသောလက်ကလေးများ၊ နာရီချိန်သီးလို
ယိမ်းနေသောဦးခေါင်း၊ ကြမ်းပေါ်ဆောင့်ဆောင့်ချနေသော ခြေထောက်၊
တာဘလာ၏စည်းချက်နှင့်အညီ ချွင်ချွင်မြည်သွားသောခြူသံ … ကောင်ကလေး
မျက်လုံးများကိုမဖွင့်။
”ကောင်းတယ်ဟေ့”
အစောင့်နှစ်ဦး လက်ခေါက်မှုတ်၍ရယ်မောနေကြသည်။ အဖြူရောင်တာ လီဘန်သည်
ရာဂပြုံးပြုံး၍ တေးသွားအတိုင်း ဦးခေါင်းကို ရှေ့တိုးနောက်ငင်လှုပ် နေသည်။
တေးသီချင်း၏စည်းချက်အဆုံးတွင် စိုးရက်ပ်သည်ခြေကိုကြမ်းပေါ်နောက်
ဆုံးတစ်ချက်ဆောင့်ချ၍ မွတ်နေသောခန္ဓာကိုယ်လည်း ဖြုန်းခနဲရပ်သွားတော့၏။
”ဟား ဟား … ဒါမှငါ့ကောင်လေး” ဟုတာလီဘန်ဆိုကာ စိုးရက်ပ်ကို
သူ့အနားလာရန်ခေါ်သည်။ စိုးရက်ပ်သည်ခေါင်းငုံ့၍ တာလီဘန်၏ပေါင်နှစ်ဖက်
ကြားတွင် မတ်တတ်ရပ်နေသည်။ တာလီဘန်က ကောင်ကလေးကိုသိုင်းဖက်ထားကာ
”တော်လိုက်တဲ့ ငါ့ရဲ့ဟာဇာရာကောင်လေး” ဟုဆိုသည်။ စိုးရက်ပ်၏နောက်ကျော
ကို ထက်အောက်စုန်ဆန်သပ်နေသည်။ ချိုင်းကြားထဲကိုစမ်းသည်။ အစောင့်တစ်
ယောက်က နောက်တစ်ယောက်ကို တံတောင်တွတ်၍ကျိတ်ရယ်နေသည်။ တာလီဘန် က
အစောင့်များအား ထွက်သွားရန်ပြောလိုက်သည်။
တာလီဘန်သည် ကောင်လေးကိုလှည့်လိုက်၍ ကောင်လေးနှင့်ကျွန်တော်
မျက်နှာချင်းဆိုင်ဖြစ်သွားသည်။ စိုးရက်ပ်၏ဝမ်းဗိုက်ကိုသိုင်းဖက်ထားပြီး
စိုးရက်ပ် ပခုံးပေါ်သူ့မေးစေ့တင်ထားသည်။ စိုးရက်ပ်သည်
ခေါင်းငုံ့ချထားသော်လည်း ကျွန်တော့်အား
ခိုးကြောင်ခိုးဝှက်လှမ်းလှမ်းြကည့်သည်။
”ငါအံ့ဩနေတာ …” ဟုတာလီဘန်စကားစသည်။ တာလီဘန်၏နီရဲ သောမျက်လုံးများ
စိုးရက်ပ်၏ပခုံးပေါ်မှကျော်၍ ကျွန်တော့်ကိုစူးစူးရဲရဲကြည့်ေနသည်။
”ဒါနဲ့ ဘာဘာလူကြီး ဘာဖြစ်သွားလဲ”
ကျွန်တော့်မျက်လုံးနှစ်လုံးကြားထဲ တူနှင့်ထုလိုက်သောသူ့မေးခွန်း။ ကျွန်
တော့်မျက်နှာသွေးဆုတ်သွားပြီကို ကိုယ်တိုင်ခံစားလိုက်ရသည်။
ကျွန်တော့်ခြေထောက် များ အေးစက်ထုံထိုင်းသွားသည်။
သူရယ်သည်။ ”မင်းဘယ်လိုထင်လဲ။ မုတ်ဆိတ်တုတပ်လိုက်ရုံနဲ့ ငါက
မင်းကိုမမှတ်မိတော့ဘူးပေါ့။ ငါ့အကြောင်းမင်းဘယ်တော့မှ
မသိနိုင်တဲ့ကိစ္စငါပြော မယ်။ ငါကမျက်နှာတစ်ခုကို ဘယ်တော့မှမမေ့ဘူးကွ”
သူ့နှုတ်ခမ်းကို စိုးရက်ပ် ၏နားရွက်ပေါ်ပွတ်နေသည်။ မျက်လုံးများကတော့
ကျွန်တော့်ထံမှမခွာ။ ”မင်းအဖေ သေပြီလို့ကြားတယ် … ကျွတ် … ကျွတ် …
ငါကသူနဲ့အမြဲပြိုင်ချင်ခဲ့တာကွ။ ကြည့်ရတာ သူ့သားပျော့ညံ့ကလေးနဲ့ပဲ
ပြိုင်ရတော့မယ်ထင်တယ်”
တာလီဘန် နေကာမျက်မှန်ချွတ်လိုက်ပြီ။ ကျွန်တော့်မျက်လုံးများကို
သူ့မျက်လုံးများနှင့်ဆိုင်ထားသည်။ ကျွန်တော်ကြိုးစားပမ်းစား
အသက်ရှူကြည့်သော် မရ။ ကြိုးစားပမ်းစား မျက်တောင်ခတ်ကြည့်သော် မရ။
ယခုအခိုက်အတန့်သည် သဘာဝလွန်နေသည်။ မဟုတ်သေး။ သဘာဝလွန်ခြင်းမဟုတ်။
အဓိပ္ပါယ်မဲ့ခြင်း မည်၏။ ကျွန်တော်၏ဝင်သက်ထွက်သက်ကို ထိုးနှက်ပစ်လိုက်သည်။
ကျွန်တော့် မျက်နှာပူထွက်နေသည်။
သူ့အမည်သည် အနက်ရှိုင်းဆုံးနေရာမှ တဖြည်းဖြည်းြ<ွကတက်လာသည်။ ထိုအမည်ကို
ကျွန်တော်ထုတ်ဖော်မပြောလို။ ထုတ်ဖော်ပြောမိပါက ပဉ္စလက်ပြလိုက် သလို
သူပေါ်လာမည်စိုးသည်။ သို့သော်သူရောက်နေပြီ။ ကိုယ်တိုင်ကိုယ်ကျရောက် နေပြီ။
နှစ်တွေသည်လောက်ကြာပြီးမှ ယခုကျွန်တော်နှင့်ဆယ်ပေမကွာသော နေရာ တွင်
သူအမြိန့်သားထိုင်နေသည်။ ကျွန်တော့်နှုတ်ဖျားမှ သူ့အမည်လွတ်ထွက်သွား သည်။

……………………

………………………..

………………………….

……………………
……………………..
………………………

_____________________________

ဆက်ပါဦးမည်..။
____________________________
မူရင်းစာအုပ်အမည်…..THE KITE RUNNER

မူရင်းစာရေးဆရာ…….KHALED HOSSEINI
______________________________
မြန်မာပြန်ဆိုသူ …… ဝင့်ပြုံးမြင့်

မြန်မာပြန် စာအုပ်အမည်……..တိမ်ယံသစ္စာ

2009 / ဇွန် ၊ ပထမ အကြီမ် ။

စာမျက်နှာ စုစုပေါင်း…350

13 x 21 စင်တီဆိုဒ်

စာအုပ်တန်ဖိုး … 3000 ကျပ်
______________________________

လေးစားစွာဖြင့်..

……………………………

20 comments

  • အလင်းဆက်

    July 29, 2012 at 6:54 pm

    အဲ.။ စက်ရဲ ့ချို့ယွင့်မှုကြောင့်ပဲ..လား။ လိုင်းကြောင့်ပဲ.လားမသိ ။
    ဘာစာမှ ကို ပေါ်မလာပါဘူး။
    ခဏလေးစောင့်ကြပါဗျို ့ ။
    တင်လိုက်တာ နှစ်ခါရှိပြီ။
    ဘာမှ ကို ပေါ်မလာပါလား။ ကယ်ကြပါဦး ။

    • စိန်ဗိုက်ဗိုက်

      July 29, 2012 at 7:15 pm

      နော်လဲ ဘာမှ မကြားရဘူး.အဲလေ..မမြင်ရဘူးခင်ည

      • မောင်ပေ

        July 29, 2012 at 7:21 pm

        ကျုပ်လဲ ဘာသားနဲ ့ထုထားတာမို ့
        မြင်ရမှာလဲ လို ့

        • စိန်ဗိုက်ဗိုက်

          July 29, 2012 at 7:23 pm

          အူးဆတ်ကိုမေးကြည့်လေ…
          ဘာလို ့လှျို ့ဝှက်စာတွေ တင်တာလဲလို ့
          🙂

  • အလင်းဆက်

    July 29, 2012 at 7:33 pm

    ကိုးကြိမ်မြောက် ….ကြိုးစား.အပြီးမှာ..
    လက်လျှော့ လိုက်ရပါပြီ .။
    စာတွေကို… ကော်ပီ ဆွဲထားတာကနေ..paste လုပ်လိုက် ပြီး…
    pub;…လုပ်လိုက်တိုင်း… ( edit ) လုပ်လိုက်တိုင်းမှာ…

    ရှိနေတဲ ့စာတွေ..အားလုံး..တစ်လုံးမကျန်…ပျောက်ကုန်ပါတယ် ။
    ကိုးကြိမ်…လုပ်ကြည့်ပြီးပါပြီ..။

    သူကြိးရေ… တားတားလည်း…. မတိတော့ဘူး။ ဘယ်လို လုပ်ရပါ့ ။
    ဗိုက်ဗိုက်နဲ ့…..ဦးပေ..ရေ.. ဘယ်ယို လုပ်ရမယဲ…ဟင်..။

    တားတားလည်း..လျှို ့ဝှက်စာ..တွေ..တင်တဲ ့သူ..ဖြစ်နေပြီ..နော် ။ အဟိ ။

    ကဲ.. လက်လျှော့ လိုက်ပါပြီ..ခညာ..။

    နောက်များမှ ပဲ..ထပ်..တင်ပါတော့မယ်….လို ့။
    အခုတော့………………
    တောင်းပန်ပါတယ် ။ တစ်လောကလုံး…ဗြောင်းဆန် နေတာပဲ.. ။
    အဟိ ။

    • စိန်ဗိုက်ဗိုက်

      July 29, 2012 at 7:41 pm

      စာတွေကို ကွန်း မန် ့မှာ ဖြည့်ပေးကြည့်ပါ
      သဂျီးလာရင် ဖြည့်ပြီး ပြင်ပေး ပါလိမ့်မယ်.. ဆတ်ဆတ်ရေ

  • အလင်းဆက်

    July 29, 2012 at 7:47 pm

    သူကြီးရေ… ကြည့်လို ့လည်း..မမြင်နိုင်မယ့် အတူတူ…ဒီ ပိုစ့် နှစ်ခု ကို ဖျက်လိုက်ပါတော့နော် ။
    ကျွန်တော်…မဖျက်တတ်လို့ပါ ။
    ပြီးတော့….ကျွန်တော့်… မကျွမ်းကျင်မှုကြောင့်…ဆိုရင်..တောင်းပန်ပါတယ်..လို ့ ။

    ရွာသူရွာသားများ..ခညာ..။
    တိမ်ယံ…. အပိုင်း 36 ကို..မနက်ဖြန်.မှ တင်ပြ ပါတော့မယ်..လို ့…

    တောင်းပန်ရင်း….

    လစ်ပြီ…

  • အလင်းဆက်

    July 29, 2012 at 7:57 pm

    ဗိုက်ဗိုက်ရေ.. ဗိုက်ဗိုက် ပေးတဲ ့အကျန်..အတိုင်း

    ကွန်မန့်ထဲမှာ..ရေးပြီး…. တင်လိုက်တာ.. မြင်တဲ ့အတိုင်းပါပဲ..။
    လုံးဝ ပေါ်မလာပါဘူး..ဂျာ.။
    တားတား..စာတွေက ကိုယ်ပျောက်စာ..တွေလားမတိ…ဘူး။

    သူကြီး.ရေ..
    ဘယ်လို လုပ်ရမလဲ..။
    ငိုချင်လာပြီ..ဂျာ..။

  • kai

    July 30, 2012 at 2:23 am

    MS Notepad မှာကော်ပီကူးပြီးမှ.. အဲဒီကော်ပီကို.. ကော်ပီပြန်ယူ… ဒီထဲ.ပေ့စ်လုပ်ကြည့်ပါလား..
    မရရင်တော့.. ကျုပ်ဆီအီးမေးလ်ပို့လိုက်ပါနော..

    ဒီပို့စ်အထဲပြန်ကူးတင်ပေးပါ့မယ်..။

  • အလင်းဆက်

    July 30, 2012 at 7:46 am

    သူကြီးရေ…
    ကျေးကျေးပါ..ခညာ..။

    တားတားလည်း..ကြံရာမရတဲ့အဆုံး..သူကြီး.ဆီ.ပို့လိုက်ပါပြီ။

    စာဖတ်သူများခညာ… တိမ်ယံသစ္စာ အပိုင်း ( ၃၆ ) ကို
    သူကြီးမင်း… ရဲ ့လက်ထဲ……
    ဝ ကလေးပင် မကွက် ပဲ… အပ် လိုက်ပါပြီ..လို ့..။

    စောင့်မျှော် ဖတ်ရှုကြပါကုန်..လော ့…။

    လေးစားစွာခင်မင်လျက်
    alinsett.art@gmail.com

    • kai

      July 30, 2012 at 1:00 pm

      တင်ထားလိုက်ပါပြီ..
      ဖတ်ကြ..ဆွေးနွေးကြနိုင်ပါကြောင်း…

      ကိုရင်အလင်းဆက်..တင်မရတာ.. Tag ကသိပ်ရှည်နေလို့..လို့ထင်တာပါပဲ..
      နောက်တခါ.. တိုတိုနဲ့..စမ်းကြည့်ပါခင်ဗျား…။

  • ကြောင်ကြီး

    July 30, 2012 at 7:54 am

    သဂျီးရေ တာလီဘန်တွေ ရွာထဲဝင်လာဗီ….။ သဂျီးကဒေါ်လက်ဆွဲလို့ အမြန်ဆုံးသာ ပြေးပေတော့။ သမီးဒေါ်လေးကို ကြောင်ကြီးလက် အပ်ထားခဲ့၊ သူ့ရှေ့ရေး တာဝန်ယူသည်…..။ :mrgreen:
    ဂေဇက်ဗလီဆြာ မူလာကြောင်ကြီး

  • အလင်းဆက်

    July 30, 2012 at 8:02 am

    ဦးကြောင်… ရေ
    အဲလောက်လည်း.အနစ်နာမခံပါနဲ ့ဂျ..။
    သူဂျီးက တာလီဘန်တွေ..ထက် ဦးကြောင်ကို ပိုကြောက်နေပါဦးမယ် ။

    တားတားလည်း… သူဂျီးရဲ ့တမီးဒေါ်လေးကို စောင်…မ ကြည့်..ရှု..ချင်တာပေါ့ ။
    အဟိ ။
    တဂျိီးရေ..
    ချစ်ယို ့ စတာ နော် ။
    ချိတ် မချိုးနဲ ့ဂျ ။

  • shwe kyi

    July 30, 2012 at 10:13 am

    အပိုင်း(36)ကို စောင့်မျှော်လျှက်ရှိကြောင်းပါ..။

  • shwe kyi

    July 30, 2012 at 5:02 pm

    ဟက်ဆန်အပေါ်မှာလူမဆန်ခဲ့တဲ့ကောင်မို့လား မုန်းစရာကောင်းလိုက်တာ။
    ဖတ်ရင်းနဲ့ ဒေါသတွေထွက်လာတယ်။ အခုထိလူမဆန်တုန်းပဲ။

  • အလင်းဆက်

    July 30, 2012 at 6:12 pm

    သူကြီးမင်းခညာ… တင်ပေးထားလို့ကျေးကျေးပါ ။

    နောက်တစ်ခါ..တင်ရင်…tag စာသားကို တိုတိုတုတ်တုတ်..ရေးပါ့မယ်..ခညာ့ ။
    ကျေးကျေးဘာ….နော် ။
    သူကြီးကို ကျေးဇူးတင်တဲ ့အနေနဲ ့
    တားတား…. လက်ရှိစားနေတဲ ့ ဂျယ်လီ ထဲ.က နေ..တစ်ဝက်ခွဲပြီး… ကျွေးချင်ပါတယ် ။
    သူကြီးမင်း..ဂျယ်လီ ကြိုက်လား..ဟင် ။ ပြိးတော့ တားတားကြိုက်တဲ ့ ပါဝါရိန်းဂျား..ဇာတ်ကားတွေရော.ကြိုက်လား..ဟင် ။ တိချင် လို ့ပါ ။
    ___________________
    ရွှေကြည်..ရေ..။
    ဇာတ်လမ်းအပေါ် ဘယ်လောက် စိတ်ဝင်စား..နေလဲ..ဆိုတာ. သိသာ..နေပါပြီ..။
    ဟက်ဆန်…ကို ယုတ်မာ ခဲ့သူ မှန်း..တန်းသ်ိနေပြီ..ဆိုတော့လေ…။

    ဇာတ်လမ်းရှည်ကြီးတစ်ခုကိူ…. အခု ချိန်ထိ..တစ်ပိုင်းမကျန်… အားပေး ဖတ်ရှုလာကြတဲ့
    ဥှီးပေ..တို ့ ရွှေကြည်တို ့…. နဲ အခြား စာဖတ်သူများ..
    အားလုံ့းကို..ကျေးဇူးပါ..လို ့ ။

  • မောင်ပေ

    July 30, 2012 at 9:50 pm

    ဂလားဒီးရေးတား ဇါတ်ကားထဲကအတိုင်း ကို သတ်ကြတာကလား

Leave a Reply